The Discloser (2017) *********************** “The Discloser” (ကိုရီးယားနာမည်: 1급기밀 ) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ပြသထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ် ဒါရိုက်တာ Hong Ki-seon ရဲ့ နောက်ဆုံးလက်ရာဖြစ်ပြီး သူဟာ ဒီကားပြီးပြီး သိပ်မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ကတော့ Kim Sang-kyung, Kim Ok-vin ,Choi Moo-sung နဲ့ Choi Gwi-hwa တို့ပါဝင်ရိုက်ကူးထားပြီးတော့ ဒီအဓိကသရုပ်ဆောင်တွေအပြင် Jung Il-woo, Shin Seung-hwan, Seo Hyun-woo နဲ့ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ် ******************* ဇာတ်လမ်းက ဒုတိယဗိုလ်မှူးကြီး Park Dae-ik ကို ဗဟိုပြုထားပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ထောက်ပံ့ပစ္စည်းဌာန လေယာဉ်အပိုပစ္စည်းဝယ်ယူရေး ဌာနခွဲကို ပြောင်းရွှေ့ခံရပြီး စစ်လေယာဉ်သုံးပစ္စည်းဝယ်ယူမှုတွေမှာ ကြီးမားတဲ့ ပုံမှန်မဟုတ်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့အထက်အရာရှိ ဗိုလ်ချုပ် Cheon Hyeon-seok က ဒီအကျင့်ပျက်ခြစားမှုတွေကို ခွင့်ပြုရုံမက အားပေးနေတာကို တဖြည်းဖြည်း တွေ့လာရပါတယ် ဗိုလ်ချုပ်ရဲ့ ဖိအားပေးမှုနဲ့ ရာထူးတိုးပေးမယ်ဆိုတဲ့ ကတိတွေကြားမှာ Park Dae-ik ဟာ အဖြစ်မှန်ကို သိလျက်နဲ့ ဆိတ်ဆိတ်နေဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ ချွတ်ယွင်းနေတဲ့ စက်ပစ္စည်းကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးသွားတဲ့အခါ သူ့ရဲ့ ကိုယ်ကျင့်တရားက ဆိတ်ဆိတ်မနေဖို့ တွန်းအားပေးလာပါတော့တယ်။ အဲဒီနောက်မှာ Park Dae-ik ဟာ လျှို့ဝှက်စုံစမ်းမှုတွေ ပြုလုပ်ပြီး စစ်တပ်နဲ့ အမေရိကန် Air Star ကုမ္မဏီတို့ကြားက လျှို့ဝှက်သဘောတူညီမှုတွေကို သိရှိသွားပါတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် သတင်းထောက် Kim Jung-sook နဲ့ ပူးပေါင်းပြီး ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်ကားလေးဟာ စစ်တပ်အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ဖော်ထုတ်သူတစ်ဦးရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်) File Size – 1.1 GB/ 514 MB Quality – WEB-DL 1080p/ 720p Duration – 1h 40m Format – mp4 Genre – Action, Thriller Subtitle – Myanmar Subtitle (Hard Sub) Translated by – Miri Encoded by – Treasure Htet
Romance • Drama
6.5
2017
100 mins