YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Cracow.Monsters.S01E06.1080p.[CM].mp4

795.69 MB N/A video/mp4 205 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
One True Loves
6.3

စစ်မှန်တဲ့အချစ်နဲ့ ဘဝမှာဘယ်နှစ်ကြိမ်ကြုံတွေ့နိုင်သလဲ။ အမ်မာဘလဲရ်ဆိုတဲ့မိန်းကလေးအတွက်တော့ ကံကြမ္မာက နှစ်ကြိမ်တောင်ယူဆောင်လာပေးခဲ့တယ်။ ဘဝမှာဒုတိယအကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ ထာဝရဆုံးရှူံးလိုက်ရပြီထင်တဲ့သူကပြန်ရောက်လာတဲ့အခါ.... main castတွေအကုန် သရုပ်ဆောင်အဆင်ပြေကြပြီး ဇာတ်ဝင်တေးတွေလည်းသူ့နေရာနဲ့သူအံဝင်ခွင်ကျထည့်ထားပြီး ကြည့်ရတာcringeမဖြစ်ဘဲအဆင်ပြေတယ်လို့ထင်ပါတယ်။ Hacksaw Ridge, Interceptorတို့မှာsupporting rolesတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့Luke Braceyနဲ့ Shang-Chi and the Legend of the Ten RingsထဲကShang-Chiနေရာမှာသရုပ်ဆောင်ခဲ့တဲ့Simu Liuတို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း အမ်မာက သူ့ဘဝရဲ့ငယ်ရွယ်တဲ့အချိန်မှာပဲ စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ကိုရခဲ့တယ်။ documentaryတွေရိုက်ရတာသဘောကျတဲ့ဂျက်စီရယ် ခရီးသွားဘလော့ဂ်တွေရေးရတာနှစ်သက်တဲ့ အမ်မာရယ် စိတ်တူကိုယ်တူဝါသနာတူစုံတွဲလေးဖြစ်ခဲ့တယ်။ ဆမ်လီကတော့ အမ်မာရဲ့ကျောင်းနေဖက်အခင်ဆုံးသူငယ်ချင်း အမ်မာကိုအရင်တွေ့ပြီး အရင်စကြိုက်ခဲ့တဲ့သူပေမယ့် ဖွင့်မပြောဖြစ်ခဲ့ဘဲ တစ်ဖက်သတ်အချစ်နဲ့အဆုံးသတ်သွားခဲ့တယ်။ ဒါ​​ပေမဲ့ကံကြမ္မာက ဆမ်နဲ့အမ်မာကိုပြန်ဆုံစေခဲ့တယ်။ အမ်မာလည်း ဂျက်စီမရှိတော့တာ ၃ နှစ်အကြာမှာတော့အမှန်တရားကိုလက်ခံလိုက်ပြီး နောက်တစ်ကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ဂျက်စီကမသေခဲ့ဘဲ လူသူမရှိတဲ့ကျွန်းတစ်ကျွန်းမှာသောင်တင်နေခဲ့တာပါ။(မင်းသားကြီးTom Hanks)ရဲ့Castawayကိုတောင်သတိရသွား)အမ်မာကိုပြန်တွေ့ရဖို့မျှော်လင့်ချက်နဲ့ လေးနှစ်လုံးကျွန်းပေါ်မှာမသေအောင်နေခဲ့ပေမယ့် ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်ဇနီးမှာ နောက်ထပ်စေ့စပ်ထားတဲ့သူရှိနေခဲ့ပြီ။ ဒါတွေသာဖြစ်မလာခဲ့ရင် ဂျက်စီလည်းအမ်မာနဲ့ထာဝရပျော်ရွှင်သွားရမှာ။ ဆမ်လီကလည်းကြိုးစားခွင့် မျှော်လင့်ခွင့်ရှိတယ်။ ဒီဆုံးဖြတ်ရခက်တဲ့အခြေအနေကို အမ်မာဘယ်လိုဖြေရှင်းမလဲ။ ပရိသတ်ကြီးသာဆိုရင်ရော ဘယ်သူ့ကိုရွေးချယ်မလဲ.... (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Ei Pai ပါ) File Size__(1.8GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:40:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Naing Aung Latt

Drama • Romance • Thriller
6.3 2023 100 mins
One True Loves
Fifty Shades of Grey
5.9

Fifty Shades of Grey ဟာ ၂၀၁၅ ခုနှစ်ရဲ့ လတ်တလော လူပြောအများဆုံး ဇာတ်ကားဖြစ်နေပါတယ်။ ရုံမတင်ခင်ကတည်းက စောင့်ကြည့်ဖို့ အားတင်းထားကြသူတွေ များပြားလှတဲ့ဒီဇာတ်ကားဟာ တကယ်တမ်း ရုံတင်ခဲ့တဲ့အခါမှာလည်း အောင်မြင်ခဲ့ပါတယ်။ စံချိန်ပေါင်းမြောက်များစွာကို ချိုးဖျက်နိုင်ခဲ့ပြီး တဟုန်ထိုးအောင်မြင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ မှိုချိုးမျှစ်ချိုးပြောနေပေမယ့် သူ့ရဲ့ဝင်ငွေက သန်း ၅၀၀ ကျော်သွားပါပြီ။ နောက်ဆက်တွဲဇာတ်ကားကို ၂၀၁၆ မှာ ထပ်မံဖြန့်ချိပါမယ်။ ဒီဇာတ်ကားဟာ လိင်အသားပေးဇာတ်ကားဖြစ်ပြီး ဗြိတိသျှစာရေးဆရာ E. L. James ရဲ့ Fifty Shades Of Grey ဆိုတဲ့ စာအုပ်ကို ဇာတ်လမ်းချုံ့ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ စာအုပ်ဟာ လိင်အသားပေးစာအုပ်ဖြစ်ပြီး မထွက်ခင်ကတည်းက အတိုက်အခံတွေ များခဲ့တာပါ။ ပုံနှိပ်ထုတ်ဝေဖို့ ဝေဖန်မှုတွေ ပြင်းထန်တာကြောင့် e-book အနေနဲ့ စတင်ဖြန့်ချိခဲ့ပါတယ်။ လူကြိုက်များကာ ဖတ်ရှုသူများပြားလွန်းတာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပုံနှိပ်ဖို့ ကြိုးစားကြပါတယ်။ ပရိသတ်က စာအုပ်အဖြစ်ထုတ်ဖို့ ဝိုင်းတောင်းဆိုကြပါပြီ။ (သူတို့တွေတောင်မှ e-book ဖတ်ရတာထက် စာအုပ်နဲ့ဖတ်ရတာကိုသာ ပိုနှစ်သက်ကြတာပါ။) စာအုပ်တွေရိုက်ရလွန်းလို့ စာရွက်ထုတ်ပေးတဲ့ ဒေဝါလီခံခါနီး စက္ကူစက်ရုံတစ်ရုံဟာ အဲဒိစာအုပ်ကြောင့် ပြန်လည်လည်ပတ်သွားကာ ပိုင်ရှင်တောင် သန်းကြွယ်သူဌေးဖြစ်သွားပါတယ်။ အဲဒီနောက် Volume II နဲ့ III ကို ဆက်လက်ထုတ်ဝေပါတယ်။ အခုဆိုရင် စီးရီးတစ်ခုလုံးကို ဘာသာပေါင်း ၅၂ ဘာသာကို ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီးပါပြီ။ အုပ်ရေပေါင်း သန်း ၁၀၀ ကျော် ရောင်းချခဲ့ပြီးပါပြီ။ အမေရိကန်နဲ့အင်္ဂလန်မှာ အရောင်းရဆုံး Best-Seller စာရင်းကို အမြန်ဆုံးတက်လှမ်းနိုင်ခဲ့ပါတယ်။ သို့ပေမယ့် လိင်အသားပေးဖြစ်ကာ ဖတ်ရင်းဖတ်ရင်း တလှိမ့်လှိမ့်ကြွတက်လာအောင် ရေးသားထားတာဖြစ်လို့ ဝိုင်းပြီးတော့ ဝေဖန်ခံနေရဆဲပါပဲ။ အမေရိကန်နိုင်ငံက စုံတွဲတစ်တွဲမှာဆိုရင် ကောင်လေးဖြစ်သူက ကောင်မလေးကို အဲဒိစာအုပ်ထဲက ပုံစံတွေအတိုင်း လိင်ဆက်ဆံကြရအောင် ပူဆာပါတယ်။ ကောင်မလေးက ငြင်းလိုက်တာကြောင့် ကောင်လေးက ကောင်မလေးကို သတ်ပစ်လိုက်ပါတယ်။ စာအုပ်က အဲသလောက်ထိတောင် လွှမ်းမိုးသွားပါပြီ။ ဗြိတိသျှက လင်မယားနှစ်ယောက်မှာလည်း အဲသလိုလုပ်ကြဖို့ မိန်းမကတောင်းဆိုတာကို ယောက်ျားဖြစ်သူက ငြင်းလို့ မိန်းမက ကွာရှင်းလိုက်ပါတယ်။ လိင်စိတ်မူမမှန်ဘူးလို့တောင် သူ့မိန်းမက စွပ်စွဲခဲ့ပါသေးတယ်။ ငယ်ရွယ်တဲ့လင်မယားနှစ်ဦးမှာ ကောင်လေးဖြစ်သူက ဒီစာအုပ်ကို အခြေခံထားတဲ့ လိင်ဂိမ်းကို ဆော့ကစားနေရင်း စိတ်ပြောင်းလဲကာ မိန်းမဖြစ်သူကို သတ်ပစ်လိုက်ပါတယ်။ ကောင်မလေးကို နိုင်လွန်ကြိုးတွေနဲ့ တုပ်ပြီး ကျောက်သင်ပုန်းညွှန်တံနဲ့ ၁၂၃ ချက် ရိုက်ထားတာ တွေ့ရပါတယ်။ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို အဲဒီစာအုပ်ဖတ်နေတာတွေ့လို့ မျက်နှာကို အချဉ်ရည်နဲ့ ပက်ပစ်ပါတယ်။ အမျိုးသမီးကလည်း စာအုပ်ဖတ်ကာ ကောင်းကောင်းမဖတ်ဘဲ လိင်ဆက်ဆံတဲ့အခန်းတွေ၊ စာပိုဒ်တွေကို အသံအကျယ်ကြီးထွက်ဖတ်ခဲ့တာပါ။ အဲဒီအတွက် အဲဒီအမျိုးသား အဖမ်းခံလိုက်ရပါတယ်။ Geisha Ball လို့ခေါ်တဲ့ စအိုထဲထည့် ဘောလုံးကြိုးလေးတွေဟာ စာအုပ်ဖြန့်ချိပြီးတဲ့နောက်မှာ အဆ ၄၀၀ ကျော် ရောင်းအားခုန်တက်သွားပါတယ်။ နယူးယောက်မြို့ကဆိုင်တစ်ဆိုင်မှာ အရင်ကထက် အဲဒီဘောလုံးကြိုးတွေ ရောင်းအား ၁၀ ဆ တက်သွားပါတယ်။ဗဟုသုတအနေနဲ့ ပြောပြရရင် အဲဒီ Geisha Ball လေးတွေကို Burmese bells (မြန်မာခေါင်းလောင်းလေး)တွေလို့ ခေါ်ပါသေးတယ်။ စာကြည့်တိုက်တွေမှာရှိတဲ့ Fifty Shades Of Grey စာအုပ်တွေမှာ လိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ ရောဂါပိုးတွေ တွေ့ရပါတယ်။ (ဖတ်တဲ့သူတွေက ဖတ်ရင်း သူတို့အင်္ဂါနဲ့ စာအုပ်ကို ထိပေးလိုက်လို့လား မသိပါဘူး)။ နောက်ပြီး စာရွက်တွေကြားထဲမှာ ကိုကင်းတွေလည်း တွေ့ရပါတယ်။ တိုက်ခိုက်တဲ့အဖွဲ့အစည်းတွေကလည်း စာအုပ်တွေကို စုပုံမီးရှို့ရအောင် သူတို့ဆီ လာလှူကြဖို့ မေတ္တာရပ်ခံပါတယ်။ ပထမဆုံးရလာတဲ့ စာအုပ် ၂၄ အုပ်ကို recycle လုပ်ကာ အိမ်သာသုံးစက္ကူလုပ်ပစ်ပါတယ်။ ဒီလောက်ထိ လူပြောများတဲ့ စာအုပ်ကို ဇာတ်ကားအဖြစ်ရိုက်ကူးရာမှာလည်း ပီပြင်ပြောင်မြောက်ခဲ့ပါတယ်။ မင်းသားက ဇာတ်လမ်းအတွက် ပြင်ဆင်တဲ့အနေနဲ့ စင်ပေါ်မှာ ယောက်ျားနဲ့မိန်းမဆက်ဆံတာကို စင်အောက်ကနေ ဘီယာလေးသောက်ပြီး အရသာခံကြည့်ရတဲ့ ကလပ်မျိုးကို ညတိုင်းသွားပြီး လေ့လာခဲ့ပါတယ်။ ချစ်ခန်းကြိုက်ခန်းရိုက်ရာမှာ မင်းသမီးနဲ့မင်းသား အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် ရိုက်ကူးရေးအဖွဲ့သားတွေက အဝေးမှာနေကာ zoom ဆွဲပြီး ရိုက်ကူးခဲ့ပါတယ်။ (Fifty Shades of Grey အကြောင်းကို Movie Locos’s FB Page မှ ကူးယူဖော်ပြသည်။) အားလုံးသိကြတဲ့အတိုင်းပါပဲ....Fifty Shades of Grey တဖြစ်လဲ မောင်ဂရေးရဲ့အကွက်ငါးဆယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ ဖိုမသဘာဝချစ်ကြကြိုက်ကြရာမှာ တခါတလေ ဘာတွေလိုအပ်လဲဆိုတာ မကွယ်မဝှက် ချပြထားတဲ့ ဇာတ်ကားပါ။ ပိုက်ဆံရှိယုံနဲ့လဲ အချစ်ကိုကျေနပ်စေမှာမျိုးမဟုတ်... ရုပ်ချော ရုပ်ဖြောင့်နေယုံနဲ့လဲ အချစ်က တင်းတိမ်နေမှာမျိုးမဟုတ်... အလိုလိုက်အကြိုက်ဆောင်တိုင်းလဲ အချစ်က တည်မြဲနေမှာမျိုးမဟုတ်... အချစ်ဆိုတာ တစ်ယောက်စိတ်ရူးပေါက်တာကို တစ်ယောက်ကနားလည်ပေးနိုင်ပြီး နှစ်ယောက်တူတူစခန်းသွားရတာမျိုးပါ။ ကဲ...မောင်ဂရေးနဲ့ မစတီးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။ Fifty Shades ဇာတ်ကားက ၃ ကားထွက်ရှိခဲ့ပြီး ၃ ကားလုံးကို https://channelmyanmar.org/?s=fifty+shades+of+grey  မှာကြည့်ရှုနိုင်ပါတယ်။ 4K BluRay Unrated Version နဲ့ တင်ဆက်ထားတာမို့ ရုံတင်ဗားရှင်းထက် ပိုပြည့်ပြည့်စုံစုံရှုစားရမှာဖြစ်ပါတယ်။ File size…(2.7 GB)/(970 MB) Quality….Unrated BluRay 4K HEVC/1080p Format…mkv/mp4 Duration….02:08:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Myint Oo

Comedy
5.9 2015 125 mins
Fifty Shades of Grey
Awake

၂၀၂၀ ခုနှစ်ကထွက်ရှိလာထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂိမ်းတွေ၊ ပရိုဂရမ်တွေနဲ့ အဓိကဇာတ်ကောင်ကိုပဲဦးတည်ရိုက်ကူးထားတာကြောင့် ဇာတ်ကားရဲ့ Genre ကိုတော့ အတိအကျမသတ်မှတ်နိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် Shogi ကစားနည်းမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့ အိပ်မက်တစ်ခုရှိနေတဲ့ Eiichi ဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျပန် Shogi အသင်းအဖွဲ့ရဲ့ အတတ်သင် ကျောင်းမှာ သွားရောက်လေ့ကျင့်နေခဲ့ပါတယ်။ Shogi ဆိုတာကတော့ ဂျပန်ရိုးရာစစ်တုရင်ကစားနည်းတစ်မျိုးပါ။ သူအမြဲကြိုးစားသင်ယူနေပေမယ့်လည်း ကျောင်းရဲ့ဆရာတစ်ဆူဖြစ်နေတဲ့ Riku ဆိုတဲ့ကစားသမားကိုတော့ ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ Eiichi တစ်ယောက်စိတ်ကုန်လာပြီး သူ့ရဲ့ Shogi ကစားသမားဖြစ်ချင်တဲ့အိပ်မက်ကလည်း တဖြည်းဖြည်းဝေဝါးလာခဲ့ပါတော့တယ်။ အဲဒီနောက် သူဟာတက္ကသိုလ်တစ်ခုကိုဝင်လျှောက်ပြီး သာမန်ဘဝနဲ့နေဖို့ဆုံးဖြတ်လိုက်ပေမယ့် သူ့ဘဝတစ်လျှောက်လုံးနီးပါး Shogi အပေါ်မှာပဲစိတ်နှစ်ထားခဲ့တာကြောင့် ပေါင်းသင်းဆက်ဆံမှုလည်းအားနည်းတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေမရှိလာခဲ့ပါဘူး။ တစ်နေ့မှာတော့ Eiichi တစ်ယောက် မထင်မှတ်ပဲ AI ကို အခြေခံထားတဲ့ Shogi ကွန်ပျူတာပရိုဂရမ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အဲဒီပရိုဂရမ်ဟာသူထင်ထားတာထက်ကို အဆင့်မြင့်နေခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ Eiichi လည်းကွန်ပျူတာပရိုဂရမ်တွေ အထူးသဖြင့် Shogi နဲ့ပတ်သက်တဲ့ဂိမ်းတွေကို စိတ်ဝင်စားလာပါတော့တယ်။ အဲဒါကြောင့် AI လေ့လာရေးအဖွဲ့ကိုရောက်သွားပြီး စီနီယာကျောင်းသား Isono နဲ့ဆုံခဲ့ပါတယ်။ Isono ဆီကနေ AI ပရိုဂရမ်တွေအ ကြောင်းသင်ကြားရင်း သူ့ဘဝရဲ့အိပ်မက်ကလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတော့တယ်။ ဒီတစ်ခါမှာရော သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား။ အဲဒီအိပ်မက်ကရောဘာဖြစ်မှာလဲ။ သူလက်လျှော့ခဲ့တဲ့ Shogi ထိပ်တန်းကစားသမားဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုရော သူဆက်မက်နိုင်မှာလား။ Shogi ရဲ့စည်းမျဥ်းတွေနဲ့ အခေါ်အဝေါ်တွေဟာ စစ်တုရင်နဲ့အနည်းငယ်ကွဲပြားတဲ့အတွက် တချို့နေရာတွေမှာ နားလည်ရခက်နိုင်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်နဲ့ အကြောင်းအရာကရှင်းလင်းပြီးသားဖြစ်တာကြောင့် ဒီကစားနည်းတွေအကြောင်းနားမလည်ရင်တောင် ရုပ်ရှင်ပရိသတ်တွေအတွက် ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.2GB / 600MB Quality…1080p NF WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Crime • Documentary
null 2020 119 mins
Awake
Reminiscence
6.7

Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲ အတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား? ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ... ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။ File size…(2 GB) / (1.1 GB) / (450MB) Quality….WEB-DL 1080p / 720p / 480p Format…mp4 Duration….01:56:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Sai Thurein Alias

Comedy • Drama • Sci-Fi & Fantasy
6.7 2021 116 mins
Reminiscence
Mack & Rita
5

Mack & Rita ( 2022 ) ” ကျောက်တိုင်း အပြစ်ကလေးတော့ ရှိတယ်။ လူတိုင်း ချို့ယွင်းချက်ရှိမယ်။ သဘာဝရဲ့သဘောတရားတစ်ခုပါပဲ။ ” စိုင်းခမ်းလိတ် သီချင်းစာသားလေးလိုပဲ လူတိုင်းက ခြောက်ပြစ်ကင်းနေမကြဘူး။ ဒီလိုပဲ နေလာရင်းနဲ့ တစ်ဖက်သားအလိုနဲ့ ကိုယ့်ဖြစ်တည်မှုက လွဲချော်နေတဲ့အခါတွေမှာ ကိုယ့်ဖြစ်တည်မှုကိုယ်စိတ်တိုင်းမကျဖြစ် သိမ်ငယ်ရတဲ့အဖြစ်မျိုးတွေ လူတိုင်းနဲံမကင်းတတ်ပါဘူး။ လူတွေဟာ ဒီလိုပဲလို့ သိထားလည်း လက်တွေ့ကျင့်သုံးဖို့ မလွယ်တတ်တဲ့ အခြင်းအရာပေါ့။ ဒီရုပ်ရှင်က ဒီအခြေအနေနဲ့ကြုံနေရတဲ့ အသက်၃၀ကောင်မလေးတစ်ယောက်အကြောင်းပါပဲ။ သူက အသက်တော့၃၀ ဒါပေမဲ့ အကြိုုက်တွေ နေပုံထိုင်ပုံတွေက အဘွားကြီးဆန်တယ်။ သူ့ဘဝမှာဘာဖြစ်လဲဆို သူ့အဘွားလိုဖြစ်ချင်တယ်ပဲပြောတတ်တယ်။ သို့ပေမဲ့ သူငယ်ချင်းတွေကြား လူပေါင်းဆံ့အောင် သူ့ကိုယ်သူဖုံးကွယ်ထားခဲ့တာပေါ့။ တစ်နေ့ကျ ထူးခြားစွာနဲ့ပဲ သူအဘွားကြီး တကယ်ဖြစ်သွားခဲ့တယ်။ အဲဒီကနေမှ သူတကယ်ဖြစ်ချင်တာက အသက်ကြီးတာလား သူ့ဖြစ်တည်မှုအတိုင်းသူနေချင်တာလားဆိုတာကို သူပြန်အဖြေရှာရတဲ့ ဇာတ်လမ်းပေါ့။ မင်းသမီးကတော့ ဝူဒီအယ်လန်ရဲ့ Annie Hallတို့ မန်ဟက်တန်တို့ နောက် ဂေါ့ဖားသားလိုကားမျိုးတွေမှာ သရုပ်ဆောင်ဖူးပြီး အော်စကာပွဲကိန်းပွဲလို နတ်အကြီးဆုံးပွဲတွေကနေ best actressဆုတွေရဖူးခဲ့တဲ့ Diane Keaton မို့ သူ့ acting စကေးနဲ့တင် ကြည့်ရတန်ပါတယ်။ ဒါကိုမှ ဇာတ်ကလည်း မဆိုးတော့ ကြည့်မဆိုးတဲ့ ကားကောင်းတစ်ကားပါပဲ။ သူ့အငယ်ဗားရှင်းနေရာကနေ Elizabeth Laiiလို မင်းသမီးလှလှလေးက သရုပ်ဆောင်ပေးထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:34:00 Type__Comedy, Family, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Crime • Drama
5 2022
Mack & Rita
Joji
7.8

ဒီဇာတ်လမ်းကတော့ စိတ်ဝင်စားရတဲ့ India Murder/ Thirller ကားပါ IMDB မှာ 7.8/10 ရထားပါတယ် မိသားစု family ဇာတ်လမ်းကို ဦးတည်ရိုက်ထားပြီးဇာတ်အိမ်ကို covid အတွင်းတည်ဆောက်ထားပါတယ်.. မြို့တစ်မြို့က မျက်နှာဖုံးသူဌေးမိသားစုတခုရဲ့ဘဝအဖြစ်အပျက်ပေါ့ သန်မာပြီးအာဏာရှိတဲ့ အဖေရယ် သား ၃ ယောက်ရယ် ပထမသားရဲ့သား ဆယ်ကျော်သက်အရွယ်တစ်ယောက်ရယ် ဒုတိယသားရဲ့မိန်းမရယ် တစ်အိမ်တည်း အားလုံး၆ယောက်အတူနေကြတယ် အိမ်ထဲ ခြံထဲမှာတော့ အလုပ်သမားတွေအများကြီးရှိကြတယ်. Joji ကတော့ ၃ယောက်တည်းကအငယ်ဆုံးသားပါ သူက ညီအကိုထဲမှာ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်။ တစ်အိမ်လုံး သားအားလုံးက အဖေကို အရမ်းကြောက်ရတယ် တနေ့တော့ သူတို့အဖေက အလုပ်တခုလုပ်ရင်း ဦးနှောက်သွေးကြောပေါက်သွားပါတယ် covid အတွင်းဆိုတော့ ဆေးကုရခက်ပေမဲ့ ဆေးရုံအမြန်ပို့ပေမဲ့ လေဖြတ်သွားပါတယ် အဖေဒီလိုဖြစ်ချိန်မှာ Jojiက အခွင့်အရေးတွေ ယူလာတယ် အဖေပိုင်တဲ့အရာတွေကို မျက်စိကျပြီး ရအောင်လုပ်ရာက ဘာဖြစ်မလဲ လူသတ်မှုကရော ဘယ်လိုဖြစ်မလဲကို ကြည့်ရမှာပါ.. File size…1.93 GB / 729MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal Ei

Family • Drama • Adventure
7.8 2021
Joji
Nothing But the Truth
7.1

Conjuring ဇာတ်ကားတွေနဲ့လူသိများတဲ့ မင်းသမီးကြီး Vera Farmiga နဲ့ မင်းသမီးချော Kate Beckinsale တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Nothing But Truth ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အစမှာ အမေရိကန်သမ္မတလုပ်ကြံခံရတာနဲ့အစချီထားပါတယ်။ ကံကောင်းတယ်ပဲပြောရမလား ဆိုးတယ်ပဲပြောရမလား လုပ်ကြံခံရတဲ့ သမ္မတမသေဘဲ ဗင်နီဇွဲလားနိုင်ငံက သူ့ကိုလုပ်ကြံတာနဲ့ပတ်သတ်နေပါတယ်ဆိုပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ စစ်တပ်အခြေစိုက်စခန်းတွေကိုဗုံးကြဲလိုက်ပါတော့တယ်။ ဒါပေမယ့်အမှန်တကယ်မှာ ဗင်နီဇွဲလားဟာ သူ့ကိုလုပ်ကြံတာနဲ့ဘာမှဆိုင်မနေဘဲ သမ္မတက CIAထောက်လှမ်းရေး ဘက်ကအစီရင်ခံတာကိုပယ်ချပြီး လုပ်ချင်တာလုပ်လိုက်တာမျိုးပါ။ ဒါကို ရေချယ်အမ်းစထောင်းဆိုတဲ့ သတင်းထောက်က လူထုဆီကို‌ဖော်ထုတ်ချပြလိုက်ပါ တော့တယ်။ နိုင်ငံနဲ့ချီပြီးကြီးတဲ့ ကိစ္စဖြစ်တဲ့အပြင် သေချာလုံခြုံရေးချမှတ်ထားတဲ့ လျှို့ဝှက်အချက်အလက်တွေပေါက်ကြားသွားတာမို့ CIAဘက်က ရေချယ့်ကို သတင်းပေးတဲ့ လူကိုအသည်းအသန်လိုက်ရှာကြပါတော့တယ်။ ရေချယ်တစ်ယောက် ဒီသတင်းကိုရေးမိတဲ့အတွက် ဘာတွေကြုံရမလဲ… CIAဘက်ကရော ဘယ်လိုတွေလှုပ်ရှားကြမလဲ… ဒီသတင်းကိုပေးတဲ့သူကရောဘယ်သူလဲ စတာတွေကိုဇာတ်ကားထဲမှာမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကိုပုံမှန်‌လေးပဲဆွဲခေါ်သွားပြီး plot twist လိုမျိုးလေးလည်းပါတာမို့ နောက်ဆုံးခန်းမှာအံ့ဩသွားကြရမှာပါ။ ဘာများဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…3.85GB / 987MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Crime • Thriller
7.1 2008 108 mins
Nothing But the Truth
North by Northwest
8.3

ဒီတစ်ခါမှာတော့ ၁၉၅၉ ခုနှစ်က စပိုင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller/Mystery အမျိုးအစားဖြစ်ပြီး IMDB 8.3/10, Rt 97% ရရှိထားပြီး မင်းသားကြီး Cary Grant နဲ့ မင်းသမီးကြီး Eva Marie Saint တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရော်ဂျာက နယူးယောက်က ကြော်ငြာအမှုဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုတန်ိဖုးထားကာ ဘဝကို ကြိုးကြိုစားစား ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ကို ကတ်ပ်လန်ဆိုတဲ့လူလို့ အခိုင်အမာ စွပ်စွဲပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူက သူ့ကို ပြန်ပေးဆွဲထားသူတွေကို သူက ရော်ဂျာဖြစ်ကြောင်း၊ ကတ်ပ်လန်မဟုတ်ကြောင်း ဘယ်လောက်ပဲ ရှင်းပြပြောဆိုပေမဲ့ တစ်ဖက်ကလူတွေက လက်မခံဘဲ သူ့အသက်ကို ရန်မူဖို့ ကြိုးစားခဲ့ရာမှာတော့.. သူက တကယ်ပဲ သူတို့ပြောသလို ကတ်ပ်လန်ဆိုတဲ့လူလား၊ အသတ်ခံရမှာစိုးလို့ ဟန်ဆောင်နေတာလား၊ တကယ်လို့ သူက ကတ်ပ်လန်မဟုတ်ဘူးဆိုရင်ရော သူတို့က ဘာလို့ သူ့ကို မယုံတာလဲ။ အဲဒီလူတွေရဲ့ လက်ထဲကနေရော သူ အသက်ရှင်လျက် ထွက်ပြေးနိုင်ပါ့မလား။ ငိုအားထက် ရယ်အားသန်လို့ ဆိုရမလား၊ ရယ်အားထက် ငိုအားသန်လို့ပဲ ခေါ်ရမလား မသိနိုင်ရှာတဲ့ သူ့အဖြစ်က ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (အညွန်းနဲ့ ဘာသာပြန်က Emily ပါ။) File size…(2.3 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:16:00 Genre… Action, Adventure, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror
8.3 1959
North by Northwest
The Merchant of Venice

အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ ‘ဂက်တို’ လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။ နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ ဗင်းနစ်မြို့က ကုန်သည် – The Merchant of the Venice ရုပ်ရှင်က နာမည်ကျော် ဝီလျံရှိတ်ခ်စပီးယားရဲ့ ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၀၄ ခုနှစ်က ရုပ်ရှင်ပါ။ အလယ်ခေတ် ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ကို အခြေတည်ပြီး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းက အန်တိုနီယိုလို့ခေါ်တဲ့ ဗင်းနစ်က နာမည်ကြီး ကုန်သည်တစ်ဦးက သူ့မိတ်ဆွေ ဘာဆန်နီယို အကူအညီတောင်းလို့ ရှိုင်းလော့ခ်လို့ ခေါ်တဲ့ ဂျူးလူမျိုးသူကြွယ်ဆီမှာ ငွေချေးပါတယ်။ ဘာဆန်နီယိုက ပေါ်တီယာလို့ခေါ်တဲ့ မိန်းမလှလေးတစ်ဦးကို တင်တောင်းသွားချင်တာမို့ အဲဒီငွေကို လိုတာပါ။ ဂျူးကြီးကလဲ ငွေကို အတိုးမယူဘဲ ချေးလိုက်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ အဲဒီငွေကို အချိန်မီ မဆပ်နိုင်ခဲ့ရင် အန်တိုနီယို့အသားတစ်ပေါင်ကို လှီးယူမယ်လို့ ကတိကဝတ်တောင်းလိုက်တာပါ။ ဒါပေမဲ့ အန်တိုနီယိုက ပြန်မဆပ်နိုင်ခဲ့ပါဘူး။ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေကို ကာလအဆက်ဆက် ခံလာရတဲ့ ဂျူးကြီးရဲ့ လက်စားချေချင်ဇော အဟုန်တွေက ဘယ်လောက်ပြင်းလဲ၊ ချေးထားတဲ့ ငွေကို အန်တိုနီယို တစ်ယောက် ပြန်မဆပ်နိုင်တော့တဲ့ အခါ ဘာဆက်ဖြစ်မလဲ၊ ဘာဆန်နီယိုနဲ့ ပေါ်တီယာတို့ ကြားက အချစ်ကကြိုးကရော ဘယ်လိုနှစ်ပါးသွားမလဲနဲ့ ဗင်းနစ်မြို့ရဲ့ ဥပဒေက ဂျူးတွေကို ဘယ်လိုဘယ်ပုံနဲ့ ခွဲခြားထားလဲ . . . စတာတွေကို ဥရောပအလယ်ခေတ်ရဲ့ ပြယုဂ်ကို အမိဖမ်းရင်း တစ်စိမ့်စိမ့်နဲ့ အရသာခံကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဂျူးကြီး ရှိုင်းလော့ခ်ကိုတော့ The Godfather ရုပ်ရှင်တွေထဲ မိုက်ကယ်ကော်လီယွန်အဖြစ် မြင်တွေ့နေကျဖြစ်တဲ့ ဂန္ထဝင်မင်းသားကြီး Al Pacino က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အန်တိုနီယိုနေရာမှာတော့ Kingdom of Heaven နဲ့ The Man in the Iron Mask တို့မှာ ပါဝင်ခဲ့တဲ့ Jeremy Irons က အားဖြည့်ပေးထားသလို အချစ်သူရဲကောင်း ဘာဆန်နီယိုဇာတ်ကောင်ကိုတော့ Enemy at the Gate က Joseph Fiennes က ယူထားပါတယ်။ အသက်ရှူမှားအောင်ကို လှပြီး တစ်ကားလုံး မျက်တောင်မခတ်တမ်း ငမ်းရမဲ့ ရှုမငြီး အလှပဂေးလေး ပေါ်တီယာနေရာမှာတော့ X-Men, John Carter နဲ့ Walking Dead တို့မှာ ပါဝင်ဖူးတဲ့ မင်းသမီးချောလေး Lynn Collins ကို တွေ့ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:12:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Thukha Min

Animation • Family • Adventure • Science Fiction
0 2004
The Merchant of Venice
El Sur
7.8

‘ဒက္ခိဏတမ်းချင်း’ ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။ IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။ Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က တစ်ပိုင်းတစ်စကြီးနဲ့ရုံတင်ထားတာပါ။ ရိုက်ကူးချိန် ၈၁ ရက်စာ လျာထားပေမယ့် ၄၁ ရက်နဲ့ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဟာ ဆုပေါင်းများစွာရသည်အထိ ထိုက်တန်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး။ မူရင်းစာအုပ်ကတော့ Victor Erice ရဲ့ My father, the hero ဆိုတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex 666 ပါ။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex 666

7.8 1983 95 mins
El Sur
Even Lambs Have Teeth

ဒီကားက နည်းနည်းတော့စားတယ်ဗျ။ စလုန်း နဲ့ ကေတီဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်။ သူတို့က နွေရာသီပိတ်ရက်မှာ နယ်ဘက်က အော်ဂဲနစ်ခြံလေးမှာ အလုပ်လေးဘာလေးလုပ်ဖို့ ထွက်လာကြတာပေါ့။ အဲဒီလိုနဲ့ လမ်းမှာတွေ့တဲ့ ကောင်လေး နှစ်ယောက်နောက်ကို ပါသွားပြီး သူတို့ဘဝက ဇောက်ထိုးမိုးမျှော်တွေ စဖြစ်တော့တာပါပဲ။ သူတို့ကိုနှိပ်စက်နည်းပေါင်းစုံနဲ့ နှိပ်စက်ပြီး တစ်ရက် နှစ်ယောက်သား ထွက်ပြေးလွတ်မြောက်လာကြတဲ့အခါမှာတော့ သူတို့ကို နှိပ်စက်ခဲ့တဲ့သူတွေ တစ်ယောက်ချင်းကို ဘယ်လိုလက်စားချေကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(765 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

0 2015
Even Lambs Have Teeth
Fear Street: Prom Queen

Fear Street Film Series တွေထဲက လေးကားမြောက်ဖြစ်တဲ့ Fear Street Prom Queen ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ရှေ့သုံးကားမှာတုန်းကလည်း အတော်လေး အောင်မြင်ခဲ့ပြီး horror fan တွေ စိတ်တိုင်းကျခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ လေးကားမြောက် မူဗီမှာတော့ လိုရီဂရန်ဂျာဆိုတဲ့ ကောင်မ‌လေးက အဓိကဇာတ်ဆောင်ဖြစ်ပြီး စီနီယာကပွဲကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။ ဆယ်ကျော်သက် မိန်းကလေးခြောက်ယောက် ကပွဲမှာ ကွင်းအရွေးခံရဖို့အတွက် ပစ်မှတ်ထားကြိုးစားနေချိန်မှာ သူတို့ကိုယ်တိုင် ဘယ်လိုဘယ်ပုံ ပစ်မှတ်ဖြစ်သွားကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 6.2 GB / 2 GB GB / 783 MB Quality… WEB-DL 4K/1080p / 720p Format… mp4 Audio… AAC Duration…. 1h 28m Genre ….. Horror/Thriller/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Act molemy and Thiha Yan Naing

Horror
0 2025 90 mins
Fear Street: Prom Queen
Veeraaraju (2025)

Veeraaraju 1991 (2025) ပင်လယ်ပြာကလဲ့စား နယ်လိုပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က တံငါရွာလေးအတွက်တော့ ပင်လယ်ပြာကြီးဟာ သဘာဝကပေးတဲ့ရွှေတွင်းပါပဲ။ ငါးတွေလှိုင်လှိုင်ပေါတဲ့ ဒီပင်လယ်ရွာလေးမှာ တစ်ရွာလုံး တံငါလုပ်ငန်းနဲ့ အသက်မွေးကြတာပေါ့။ ဒီရွာလေးမှာ တံငါသည်တွေကို အနိုင်ကျင့်နေတဲ့လူကတော့ ဒေဗာရာဂျူဆိုတဲ့သူ ဇာတ်မြင့်တဲ့သူဆိုပီပီ အပေါ်ဖားအောက်ဖိ လူတစ်သိုက်နဲ့ တံငါသည်ရွာသားတွေကို ညှင်းပန်းနေပြီး ဖိနှိပ်ပြီးတော့ သူ့ရဲ့သားဖြစ်သူကလည်း မိန်းမပျိုမြင်ရင် အပျိုအအိုမရှောင် ခြေတော်တင်ချင်တဲ့ ရေပေါ်ဆီပါ။ ဒါပေမဲ့ ဒီရွာလေးမှာ နောက်ထပ်ရာဂျူတစ်ယောက်ရှိပါသေးတယ်။ သူကတော့ ဗယ်ရာရာဂျူပါပဲ။ သူကတော့ ဒေဗာရာဂျူနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး + ရွာသားတွေကို အနိုင်ကျင့်သူတွေကို ကောင်းကောင်းပညာပြတတ်တဲ့ ယမကာလုလင် အမှန်တရားဘက်တော်သားလေးပေါ့။ ဒီလိုနဲ့တစ်နေ့ ဒေဗာရာဂျူရဲ့သားဖြစ်သူက ဗယ်ရာရာဂျူရဲ့ညီမ ဗယ်လီကို ဆွဲလားရမ်းလားလုပ်ရင်းကနေ ဗယ်ရာရာဂျူနဲ့ငြိပြီးတော့ နှုတ်ခမ်းမွေးရိတ်တာခံလိုက်ရပါတော့တယ်။ ဒါကတော့ နှုတ်ခမ်းမွေးဆိုတာ ‌ယောက်ျားမာန ယောက်ျားသိက္ခာလို့ မှတ်ယူထားတဲ့ ဒေဗာရာဂျူကို အကြီးအကျယ်ပေါက်ကွဲသွားစေတော့တာပါပဲ။ ဒီကနေစလိုက်တဲ့ ရာဂျူနှစ်ယောက် အားပြိုင်မှုက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ Cym ~ KKKZ ~ Yunniတို့ပဲဖြစ်ပါတယ်)

Adventure • Drama • Fantasy • Animation
0 1991 120 mins
Veeraaraju (2025)