YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Crackdown.S01.EP02.2020.1080p.Voot.WEB-DL.AAC.2.0.H264(CM).mp4

646.07 MB 1080p video/mp4 229 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
8MM
6.4

အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်... မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစား ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့် ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာ မကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာ မီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။ သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါ ကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့ အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကို ရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ် စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာ သိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီး ဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့ အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာ အစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲ… သူ့စုံစမ်းမှုကြောင့် ရုပ်ရှင်ရဲ့ဇာစ်မြစ်ကိုပဲ ဖော်ထုတ်နိုင်မလား၊ သူကိုယ်တိုင်ပဲ ဒုက္ခရောက်မလား… ဒီအရှုပ်ထုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲ ဆိုတာတွေကတော့ ပရိသတ်များစောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်။ ဟောလိဝုဒ်မြေအောက်လောကရဲ့ ညစ်ညမ်းရုပ်ရှင်လောကအကြောင်း ပေါ်လွင်အောင်ရိုက်ပြထားတာဖြစ်တဲ့အတွက်ကြောင့် ကလေးသူငယ်များမကြည့်သင့်ပါဘူး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Ninja ပဲဖြစ်ပါတယ်.. File Size :(2.3GB) (823 MB) and (281MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…02:03:00 Genre : Crime,Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Ninja Encoded by Phyo Pyae

Action • Comedy
6.4 1999 123 mins
8MM
Stay
6.6

Ryan Gosling Ewan McGregor တို့လိုဝါရင့် သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့Thriller Mystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေ ဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။ တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့ အနုပညာကျောင်းသားလေးတယောက်က သူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာက ဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေက တခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကို ကြိုပြောနိုင်တာမျိုး‌တွေလည်းရှိသလို ဆမ်နဲ့တခြား လူ‌တွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲ သိနေတာတွေကအစရှိနေတယ်။ ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင် တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက် ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေ ကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကို အစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့ အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲ ဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာက ကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ? ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကို stay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။ File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Action • Crime
6.6 2005 99 mins
Stay
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
Happening
7.2

ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။ 1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ... အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး မှားမိခဲ့တာဟာ အန်း ဘဝကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တယ်။ ဟုတ်ပါတယ် အန်းတစ်ယောက် ကိုယ်ဝန်ရသွားခဲ့တယ်။ အန်းက ဘဝရှေ့ရေး ရှိသေးတာမို့ ကလေးယူဖို့ တာဝန်မယူနိုင်သေးတဲ့အတွက် ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ဆရာဝန်မှ မကူညီပေးခဲ့ဘူး။ ဥပဒေကလည်း လက်မခံခဲ့ဘူး။ မိဘတွေကိုလည်း ဖွင့်မပြောရဲ၊ သူငယ်ချင်းတွေကိုလည်း ဖွင့်မပြောရဲတဲ့ အန်းတစ်ယောက် ဒီအခက်အခဲကို တစ်ယောက်တည်း ဘယ်လို ကျော်လွှားနိုင်မလဲ? ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်၊ ရင်နင့်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 2.2GB, 1.1GB, 463MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr & 40mins Genre : Drama Translated by Kit Encoded by Kinnov

Action • Mystery • Thriller
7.2 2021 100 mins
Happening
Coco
8.2

ဂီတကို ရူးသွပ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆိုတဲ့(၁၂)နှစ်အရွယ်ကောင်လေးတစ်ယောက် ဂီတနဲ့ပတ်သက်လို့မိသားစုရဲ့ တားမြစ်ချက်ကို ဆန့်ကျင်ပြီး ဝါသနာပါရာ ဂီတအတွက်စွန့်စားတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက် ဂီတကို ရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။ အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ်ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက် ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးကသူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။မစ်ဂဲလ်ဟာ ဟိုးတုန်းက နာမည်ကျော်ဂီတပညာရှင် အာနက်စ်တိုဒီလာခရုဇ်ကို လေးစား အားကျပြီးသူ့လိုမျိုးဖြစ်ဖို့ စိတ် ကူးအိပ်မက်တွေနဲ့ပါ။ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့ သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာ ဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့်သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။ အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့ သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး အာနက်စ်တိုရဲ့ဂူမှာ ဂီတာသွား ယူပါတော့တယ်။ သူ့အဘိုးရဲ့ ဂီတာကို တီးလိုက်ပြီးနောက်မှာ တော့မစ်ဂဲလ်ဟာ သက်ရှိလူသား တွေကို မတွေ့ရတော့ဘဲသေပြီး သားလူတွေကိုပဲ တွေ့ရတဲ့ပုံစံမျိုး ဖြစ်သွားခဲ့ပါတယ်။ သေသူတွေနေတဲ့မြို့ (Land of Dead) မှာမစ်ဂဲလ်တစ်ယောက်ကွယ်လွန်သွားပြီဖြစ်တဲ့သူ့မိသား စုဝင်တွေနဲ့ ဆုံခဲ့သလို ဒန်တီဆိုတဲ့ ခွေးကလေးနဲ့အတူ သူ့အဘိုးအာ နက်စ်တိုကိုလိုက်ရှာပြီး သက်ရှိ လူသားတစ်ယောက်ပြန်ဖြစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။မစ်ဂဲလ်တစ်ယောက် သေ သူတွေနေတဲ့မြို့မှာ ဘာတွေရင် ဆိုင်ရမှာလဲ။ သူအားကျနေရတဲ့ အဘိုးရဲ့လျှို့ဝှက်ချက်ကို သိသွားပြီးနောက်မှာဘာတွေဆက်ဖြစ် မလဲဆိုတာတော့.... ။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) Translated by Little Neo Encoded by Thit San Khant

Crime • Drama
8.2 2017 105 mins
Coco
Silence
7.1

Liam Neeson နဲ့ Andrew Garfield ပါဝင်တဲ့ ဒီဇာတ်ကားလေးဟာဆိုရင် မိမိတို့ဘာသာ တရားအတွက် မိမိရဲ့ ယုံကြည်မှု့အတွက် အသက် ကိုစွန့်လွှတ် ခဲ့တဲ့ ခရစ်ယာန် ဘာသာဝင်တွေ နဲ့ ခရစ်ယာန် ဘုန်းတော် ကြီးတွေ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Rating 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေး ဟာဆိုရင် ကြည့်ရတာ တော်တော့်ကိုကောင်းမွန် တဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ တော်တော် ကို အော့နှလုံးနာစရာ အခန်းတွေ ပါဝင်ပေမဲ့ ရက်စက်ကြမ်းကြုတ်တက်တဲ့ လူသားတွေရဲ့ သဘောသဘာဝ ကို ပုံဖော်ပြထားတာကိုပဲခံစားကြည့် ရှု့ဖို့ တောင်းဆိုပါရစေ။ ဇာတ်လမ်း အကျဉ်းကတော့ ၁၇ ရာစု အစပိုင်းမှာ ဂျပန်ကို သာသနာပြုဖို့ အတွက် ဘုန်းတော်ကြီး Ferreira (Liam Neeson) တို့ဟာစေလွှတ်ခြင်းခံခဲ့ရပါတယ်။အစပိုင်းမှာတော့ သူတို့ခရီးစဉ် အောင်မြင် ခဲ့ပြီး နောက်ပိုင်းမှာတော့ ရက်စက်တဲ့ Shogun တွေက သာသနာပြုလုပ်ငန်းတွေကို ဖျက်စီး ဘာသာဝင်တွေကို ဖမ်းဆီး နှိပ်စက် ကာ သာသနာ ပြု ဘုန်းတော်ကြီးတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ သို့သော် မကြာခင်မှာရရှိတဲ့ သတင်းအရ ဘုန်းတော်ကြီး ဖာရာရီဟာ ခရစ်ယာန် သာသနာ ကို စွန့်လွတ် သွားပြီတဲ့လေ။ ဒါကို မယုံနိုင်တဲ့ သူ့ တပည့် နှစ်ယောက် ဖြစ်တဲ့ Andrew Garfield နဲ့ Adam Driver တို့နှစ်ယောက်ဟာ သူ့တို့ ဆရာကို ရှာဖွေဖို့ ဂျပန်ကို တိတ်တဆိတ် ဝင်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ မကြာခင်မှာပဲ Shogun တွေက သိရှိသွားတဲ့အခါမှာတော့ သူ့ကို အတင်း အကျပ်ကိုင် ပြီး ဘာသာကိုစွန့်လွှတ်ခိုင်းပါတော့တယ် သူ ဘာသာကို မစွန့်လွတ်ဘူးဆိုရင် သူ့ရှေ့တင် မှာပဲ ခရစ်ယာန်ဘာသာဝင်ရွာသားတွေကို သတ်ဖြတ်ပြပါတယ် အန်ဒရူး အနေနဲ့ မိမိရဲ့ ယုံကြည် သက်ဝင်မှု့ကို စွန့်လွတ်ပြီး တစ်ခြား သူတွေရဲ့ အသက်ကို ကယ်တင်မလား မိမိ ရဲ့ ယုံကြည်မှု့ကို ပဲ ခိုင်မြဲစွာဆုပ်ကိုင်ထားမလားဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပါ။ <Tariq L Walker> File Size : 1.3 GB Quality :  Bluray 720P Running Time : 2hr 41minutes Format : Mp4 Genre :   Drama, History Encoder : Tariq L Walker

Crime • Drama • Romance
7.1 2016 161 mins
Silence
Drown

Drown (2022) ဒီတစ်ခေါက်တင်ဆက်ပေးမှာတော့ horror, thriller ကိုမှစိတ္တဇဆန်ဆန် ရုပ်ရှင်ပဲဖြစ်ပါတယ် မိဘတွေရဲ့အမွေကိုဆက်ခံပြီး မိုတယ်ဖွင့်ထားတဲ့ဒိုအူဟာ သူငယ်ပြန်နေတဲ့အမေကြီးကို စောင့်ရှောက်နေတဲ့သူဖြစ်ပါတယ် တစ်ရက်မှာအမေဖြစ်သူဟာ ရုတ်တရက်ပျောက်ဆုံးပြီးတော့ ရက်အတော်ကြာတဲ့အထိ ရှာမရဖြစ်နေပါတယ် ရပ်ကွက်ထဲမှာလည်း သူ့အမေကို သူသတ်တာပါဆိုပြီး သတင်းတွေပြန့်နေပါတယ် ရပ်ကွက်မှား လူသတ်မှုတစ်ခုဖြစ်ပေါ်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့မိုတယ်ကို ပဟေဠိဆန်တဲ့ လူငယ်တစ်ယောက်လာတည်းပါတယ် အဲလူငယ်ဟာ လူသတ်မှုနဲ့ပတ်သက်နေမလား ဒိုအူရဲ့အမေပျောက်ဆုံးတာနဲ့ ပတ်သက်နေမလား ဒိုအူကရော တကယ်ပဲ အမေဖြစ်သူကိုသတ်လိုက်တာလား၊ သူ့စိတ်ကိုရော သူနားလည်သွားမလားဆိုတာကို ဒီရုပ်ရှင်မှာကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 459MB | 235MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. August

Comedy • Drama
0 2022
Drown
Parastree
6.1

Parastree (2023) IMDb 6.1/10 (Adult scene တချို့နှင့် သတ်ခန်းဖြတ်ခန်းများအားပီပြင်စွာရိုက်ကူးထားသည့်အတွက် မိသားစုနှင့်အတူကြည့်ရန် မသင့်တော်ပါ) သူများပိုင်တဲ့ပိုက်ဆံ ဇနီးမယားကိုပစ်မှားစိတ်နဲ့ကြည့်တာက အိပ်ရာပေါ်သေခါနီးဆဲဆဲကို မီးရှို့သတ်သေတာနဲ့တူပါတယ်တဲ့ သူများပိုင်ဆိုင်မှုကိုမှသဘောကျတတ်သူတွေ ရှိတာနဲ့ရောင်ရဲမတင်းတိမ်နိုင်ဘဲလိုက်ပွဲလိုချင်တဲ့လူတွေကိုဘယ်လိုမျိုးပညာတွေပြမလဲဆိုတာအားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ် အာဗယာဆိုတာက ရေဒီယိုအသံလွှင့်ဌာနက ချိုသာလွန်းတဲ့အသံကြောင့်အမာခံပရိသတ်များစွာရရှိထားသူတစ်ယောက်ပါ သူ့မှာအမျိုးသားက ငယ်စဉ်ကတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့် တချို့ကိစ္စတွေမှာစိတ္တဇဆန်ဆန်ဖြစ်နေသူတစ်ဦးပေါ့ ဒီအချက်ကိုအာဗယာကမကြိုက်ပါဘူး ဒီလိုနဲ့တစ်နေ့ အာဗယာ့အမျိုးသားကအလုပ်ကိစ္စနဲ့ပြည်ပခရီးရှည်တစ်ခုထွက်သွားတယ် တစ်ဖက်မှာလည်း အာဗယာဆော့နေကျ Gym ရုံမှာ လူသစ်တစ်ယောက်ရောက်လာပြီးအာဗယာ့ကိုမြင်မြင်ချင်းသဘောကျသွားလေတော့ အဖော်မဲ့နေတဲ့အာဗယာ့ကိုယောကျာ်းမာယာနဲ့နည်းလမ်းကုန်ထုတ်သုံးပြီးတော့ပိုးပန်းပါတော့တယ် ယောကျာ်းဖြစ်သူကိုစိတ်ကုန်နေတဲ့သူမအတွက် အချစ်သစ်တွေပြန်လန်ပွင့်လန်းလာချိန်မှာ ယောကျာ်းဖြစ်သူပြန်ရောက်လာတာနဲ့တိုးလေတော့ အရင်ကမှစိတ္တဇဖြစ်နေတဲ့အမျိုးသားတစ်ယောက်က အချစ်ရဆုံးမိန်းမဖောက်ပြန်ခံလိုက်ရတဲ့ခံစားချက်ပါထပ်တိုးလေတော့ သူတို့ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဥာဏ်ပညာကပဲအနိုင်ရမလား ဥပဒေကပဲအနိုင်ရမလား.. (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~ BpL တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.1 2023
Parastree
Other People’s Children
6.8

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People’s Children ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 91 ရာခိုင်နှုန်းအထိရရှိထားပါတယ်။ ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲ လာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေး တစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာ ကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကို မိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင် ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခု လိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ် ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်… File size…1.54 GB/ 711 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.8 2022
Other People’s Children
[18+] Hypnotique
4.2

Hypnotique (2023) အိမ်ထောင်ရေးရဲ့ ညရေးညတာ ကိစ္စမှာ ပြဿနာဖြစ်နေကြတဲ့ စုံတွဲနှစ်ယောက် စုံတွဲကုထုံးဆရာမဆီသွားရင်း ပြဿနာတက်ကြတဲ့အကြောင်းလေးပါ။ ဒွန်နဲ့ ဂျိန်းက လက်ထပ်ထားတာ ကြာပြီဖြစ်ပြီး မိန်းမက ညစာမကျွေးချင်တဲ့ ကိစ္စကို ကြုံနေရပါတယ်။ ဒွန်ရဲ့သူငယ်ချင်း ဂျွန်က စိတ်ကုဆရာမဆီသွားပြီး သူတို့အတွဲအခြေအနေတိုးတက်လာတယ်တဲ့အကြောင်း ပြောပြီး ဆရာမဆီညွန်းလိုက်ပါတယ်။ ဆရာမက ကုထုံးအဆန်းတွေနဲ့ ကုပေးပါလေရော။ နောက်ကျတော့ ဂျွန်ကို သူ့မိန်းမက သတ်လိုက်တယ်။ အဲဒီမှာ ဆရာမက ကုပေးနေတာမဟုတ်ဘဲ တခြား အကြံတွေရှိတာကိုသိလာရပါတယ်။ မင်းသမီးတွေကတော့ အသက်ပြည့်ပြီးမှ ကြည့်လို့ရတဲ့ဇာတ်ကားရိုက်တဲ့ မင်းသမီးတွေချည်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 675MB Quality – 1080p, 720p Format – mp4 Duration – 42Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

4.2 2023 43 mins
[18+] Hypnotique
Uprising

Uprising (2024) ********************** The Priest, The Plot, Dr.Cheon and Lost Talisman ဇာတ်ကားထဲက မင်းသားကြီး Gang Dong Won၊ Smugglers, The 8 Show ထဲက Park Jeong Minနဲ့ The Childe, A Korean Odysseyထဲက Cha Seung Won တို့ အဓိက ပါဝင်ထားတဲ့ Uprising ဆိုတဲ့ ဇာတ်ကား ထွက်ရှိလို့လာပါပြီ။ ဂျိုဆွန်းရဲ့ မျိုးရိုးမြင့် စစ်သည်တော် မိသားစုရဲ့ သားဖြစ်သူ ဂျုံလျော (Park Jeong Min) နဲ့ သူတို့အိမ်က အစေခံဖြစ်တဲ့ ချွန်းယောင်း (Gang Dong Won) တို့ နှစ်ဦးဟာ ရန်သူတွေအဖြစ် ဆုံတွေ့ဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။ ဓားရေးမှာ ဘယ်သူမှ လိုက်မမီအောင် အထူးကျွမ်းကျင်တဲ့ ချွန်းယောင်းဟာ အစေခံဘဝကနေ လွတ်မြောက်ဖို့အတွက် အားကုတ်အားခဲ ကြိုးစားနေပြီး ဂျုံလျောကတော့ အစိုးရအမှုထမ်း စာမေးပွဲ အောင်မြင်ပြီးနောက်မှာ ဆွန်းဂျိုဘုရင်ရဲ့ သက်တော်စောင့်ဖြစ်လာခဲ့ပါတယ်။ အဆင့်အတန်းမတူညီတဲ့ ကျွန်တွေနဲ့ တရင်းတနှီး နေလေ့ရှိတဲ့ ဂျုံလျောဟာ တစ်ခါတလေမှာ ဒီအချက်ကြောင့် အခက်ကြုံရတာမျိုးတွေ ရှိပါတယ်။ ငယ်စဉ်က ခင်မင်ခဲ့ကြတဲ့ သူတို့ နှစ်ဦးဟာ ကိုရီးယား-ဂျပန် စစ်ပွဲအတွင်းမှာတော့ တစ်ယောက်က ဆွန်းဂျိုဘုရင်ရဲ့ စစ်သည်တော် အဖြစ် နောက်တစ်ယောက်ကတော့ သစ္စာခံ စစ်သည်တော်အဖြစ်နဲ့ ဓားချင်းယှဉ်တိုက်ဖို့ ဖြစ်လာခဲ့တဲ့အခါမှာတော့.. ဂျိုဆွန်းခေတ် အင်ဂျင်းစစ်ပွဲအတွင်းက အားချင်းယှဉ်ကြမဲ့ တိုက်ကွက်တွေကို နာမည်ကြီး သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) File size…2.55GB / 930MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 08m Genre ….. Action, Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by CM Team

0 2024 126 mins
Uprising
Nine Divine

မိဘမဲ့ဂေဟာတစ်ခုက စိတ်ဒဏ်ရာတွေနဲ့ ကျောင်းသူလေး နိုင်း။ စိတ်ထွက်ပေါက်အနေနဲ့ မောင်ဖြစ်သူနဲ့အတူ ယူကျုမှာ ဗီဒီယိုလေးတွေရိုက်တင်လေ့ရှိပါတယ်။ သူတို့ပတ်ဝန်းကျင်ကကလေးတွေပျောက်နေတဲ့ကိစ္စနဲ့အတူ သူစိတ်ကူးဖန်တီးထားတဲ့ဇာတ်လမ်းက ဝိညာဉ်လောကက အမှန်တရားတစ်ခုကို ဖော်ထုတ်မိတဲ့အခါ။ ဂေဟာက သူ ချစ်ခင်ရတဲ့အုပ်ထိန်းသူ ပြောင်းသွားရပြီး ဆိုးရွားလှတဲ့ အုပ်ထိန်းသူအသစ် ရောက်လာပြီးတဲ့နောက်မှာ သူ့မောင်ဖြစ်သူပါ ပျောက်သွားတဲ့အခါမှာတော့ နိုင်းတစ်ယောက် မောင်ရှာပုံတော်ဖွင့်ရင်း ထူးဆန်းမှုတွေ ကြုံလာခဲ့ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။) File size…(1,2 GB)/(692 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo

TV Movie
0 2023
Nine Divine
Novo Land : Floating Heart
6

Novoland (ကျိုကျိုး) ဆိုတာဒဏ္ဍာရီလာ အလွန်လှပတဲ့လောကတစ်ခု ။ အတောင်ပံပါတဲ့မျိုးနွယ်စု ၊ ရေသူမျိုးနွယ်စု၊ ဝိဉာဉ်မျိုးနွယ်စုနဲ့ လူပုလေးမျိုးနွယ်စုတို့ဟာ ကျိုကျိုးမှာနေထိုင်ကြပါတယ်။ ဇာတ်လမ်းကတော့ မင်းဆရာကြီးရဲ့သမီးဖြစ်သူ နန်ရှင်းဟာ မင်္ဂလာပွဲမတိုင်ခင် တစ်ညအလိုမှာထူးဆန်းစွာသေဆုံးသွားတာကနေစပါတယ် ။ မင်းဆရာကြီးကတော်ကလည်းအရူးတစ်ပိုင်းဖြစ်သွားပြီး အိမ်တော်တစ်ခုလုံး အရှုပ်အထွေးနဲ့ကြုံတွေ့နေရချိန်မှာ… မျိုးနွယ်စုအသီးသီးကလူတွေ၊ ကျောင်းတော်အသီးသီးက လူတွေဟာလည်း နန်ရှင်းရဲ့သေဆုံးမှုကိုစုံစမ်းဖို့ပါဝင်လာတဲ့အခါ… နန်ရှင်းရဲ့သေဆုံးမှုမှာဘာလျို့ဝှက်ချက်တွေရှိနေမလဲ။ ဘာလို့မျိုးနွယ်စုအသီးသီးကလူတွေရောပါဝင်လာတာလဲ။ နန်ရှင်းဟာ တကယ်ပဲသေသွားတာရေဟုတ်ရဲ့လား။ ဒီလိုဇာတ်လမ်းမျိုးကတဖြည်းဖြည်းချင်းကြည့်ပြီးမှ ရုပ်လုံးပေါ်လာတာမျိုးမို့ spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်လမ်းကိုအများကြီးမပြောပြတော့ပါဘူး။ Novo land စီးရီး တွေရဲ့ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းထဲကလျို့ဝှက်ချက်တွေကို ကိုယ်တိုင်ကြည့်ရှုပြီးရှာဖွေဖော်ထုတ်ကြည့်ကြရအောင်။

Horror
6 2022
Novo Land : Floating Heart
Wanted
5.9

ဝရမ်းပြေးတစ်ယောက်…… တစ်မိသားစုလုံးသတ်ခံလိုက်ရတဲ့အစ်ကိုကြီးရဲ့ တစ်ဦးတည်းသောသမီးလေးကိုကယ်ခဲ့မိတဲ့အတွက် ဝရမ်းပြေးဖြစ်သွားတဲ့ သိုင်းလောကရဲ့သူရဲကောင်းတစ်ယောက်အကြောင်းဇာတ်လမ်းပဲဖြစ်ပါတယ်။ ဟွေ့ထုံးစံအိမ်ကြီးရဲ့အရှင်သခင်ဟာ သူ့ရဲ့စံအိမ်သခင်ရာထူးကိုလုယူချင်တဲ့အတွက် သူ့ရဲ့အရင်းနီးဆုံးသွေးသောက်ညီလေးတစ်ယောက်ကပဲ သတ်တာကိုခံလိုက်ရပါတယ်။ သူ့သမီးလေးကိုသတ်မလို့လုပ်နေတဲ့အချိန်မှာပဲ သူ့ရဲ့သွေးသောက်ညီလေးအငယ်ဆုံး ယဲ့လျန်ကရောက်လာပြီးတော့ ကလေးမလေးကိုကယ်ထုတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ယဲ့လျန်ဟာ သိုင်းလောကမှာ ရွှေတစ်သောင်းဆုကြေး ထုတ်ခံရတဲ့ ဝရမ်းပြေးတစ်ယောက်ဖြစ်သွားပါတယ်။ အမှားနဲ့အမှန်စည်းတစ်ခုသာခြားတဲ့လောကကြီးမှာ ယဲ့လျန်ဟာ အသက်ဘေးကဘယ်လိုလွတ်မြောက်အောင်ပြေးပြီးတော့ ဘယ်လိုလက်စားချေသွားမလဲဆိုတာ စိတ်ဝင်းစားစရာပဲဖြစ်ပါတယ်…..

Comedy • Crime • Thriller
5.9 2025
Wanted