YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Countdown (2025) S01 E13 1080p WEB-DL 5.1 [RMC] End.mp4

873.69 MB 1080p video/mp4 13 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beau Is Afraid
6.9

Beau Is Afraid (2023) ~ IMDb - 7.1/10, Rotten Tomatoes - 67% ~ မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ဖြစ်အောင် ချုံ့လိုက်ရတာပါ။ မူရင်း ၄ နာရီများ ရှိရင် ကြည့်ချင်စရာပါပဲ။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကို အရှုံးသမား ဆန်ကုန်မြေလေးတစ်ယောက်ရဲ့ နေရာကနေ ခံစားမိအောင် ပြချင်တာပါလို့ ဒါရိုက်တာက ပြောခဲ့ပါသေးတယ်။ ဝါကင်းဖီးနစ်ဟာ သရုပ်ဆောင်တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ ဒါပေမဲ့ ပိုပီပြင်သွားအောင် သူထပ်ကြိုးစားခဲ့တာတွေရှိပါသေးတယ်။ သူရဲ့လက်ပတ်တီးထဲကို အပ်အချွန်တွေစိုက်ထားပြီး အဲဒီလက်ကို သုံးလိုက်တိုင်းနာကျင်သွားတဲ့ပုံကို သဘာဝကျအောင်လုပ်ခဲ့တာပါ။ ဗိုက်မှာလည်း စက္ကူညှပ်တွေ ညှပ်ထားပြီး လမ်းလျှောက်လိုက်တိုင်း ဗိုက်သားနာနေတာကို ဟန်မဆောင်ဘဲ တကယ်တူအောင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီတော့ ရုပ်ရှင်ကြည့်မယ်ဆိုရင် ရုပ်ရှင်က ဘာအကြောင်းလဲ မေ့မသွားအောင် သေချာတာလေးကို မှတ်ထားလိုက်ပါ။ သားတစ်ယောက်က သူ့အမေရဲ့ဈာပနကို အမီ အိမ်ပြန်တယ်။ ဒါပါပဲ။ ဇာတ်လမ်းနာမည်က "ဘိုး ကြောက်တယ်" တဲ့။ ဘိုးဘာကိုကြောက်လဲဆိုတာ ခေါင်းစဉ်မှာမပါပါဘူး။ ဘိုးကလည်း အများကြီးကိုကြောက်ပါတယ်။ လူသတ်သမားတွေ၊ မိစ္ဆာတွေ၊ လိပ်ပြာမလုံတာတွေ၊ ဘာမှန်းမသိတာတွေ အကုန်ကြောက်ပါတယ်။ ဇာတ်လမ်းထဲမှာ ခွဲထွက်သွားတဲ့ ဇာတ်လမ်းတွေ၊ ပြောင်းသွားတဲ့ Theme တွေ၊ သဲလွန်စတွေလိုလိုတွေအများကြီးပါပါတယ်။ အကောင်းဆုံးအကြံပေးချင်တာက ပြသမျှကို ထိုင်ကြည့်နေဖို့ပါပဲ။ လိုက်စဉ်းစားဖို့လည်းမကြိုးစားပါနဲ့၊ နားလည်ဖို့လည်းမကြိုးစားပါနဲ့၊ သင်ခန်းစာယူဖို့လည်းမကြိုးစားပါနဲ့။ အေး ပြချင်တာပြကွာဆိုပြီး ထိုင်ကြည့်လိုက်ပါ။ ဒါဆိုအရသာရှိပါလိမ့်မယ်။ ကြည့်ပြီးသွားလို့ အတွေးအမြင်တွေ ရဗြူးတွေ တင်ချင်ရင် ချန်နယ်မြန်မာဂရုကနေ ဖိတ်ခေါ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.55GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 59Min Genre - Comedy, Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Crime • Drama
6.9 2023 179 mins
Beau Is Afraid
Miracle in Cell No. 7
8.8

Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။ အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ သမီးဖြစ်သူ ကာသီကာနဲ့အတူ အဖေတစ်ခု သမီးတစ်ခု နေထိုင်ကြတာပါ။ တစ်နေ့မှာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဖြစ်သူသေဆုံးမှုထဲ ဒိုဒိုတစ်ယောက် ဝင်ပတ်သက်မိရာကနေ မုဒိမ်းမှုနဲ့ လူသတ်မှုပါအဆစ်ရကုန်ပြီး ထောင်ထဲ‌တန်းရောက်ကာ ‌သမီးဖြစ်သူနဲ့ မတွေ့ရတော့တာပါပဲ။ ကိုယ့်သမီးသေသွားတဲ့အတွက် မဲမဲမြင် ထောင်ထဲထည့်ချင်တဲ့ နိုင်ငံရေးသမား၊ မတရားစွပ်စွဲခံရပြီး သမီးနဲ့ရှင်ကွဲကွဲရတဲ့ ဉာဏ်ရည်မမှီတဲ့ လက်လုပ်လက်စားလေး ဒိုဒို၊ သမီးဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာပြီး ဒိုဒိုကိုကူညီပေးတဲ့ ထောင်ပိုင်တို့ရဲ့ မတူညီတဲ့ ခံစားချက်တွေနဲ့ ဖခင်သုံးမျိုးသုံးစားကို မြင်တွေ့ရမယ့်အပြင် ထောင်သားတွေရဲ့ဒိုဒို့အ‌ပေါ်ထားတဲ့ အကြင်နာတရားကိုကြည့်ပြီး ကိုယ်ပါ သူတို့နဲ့အတူ ဝိုင်းကူချင်စိတ်ပေါက်သွားစေမယ့် ဇာတ်ကားလေးပါ။ မူရင်းဇာတ်လမ်းသွားကိုမှ အင်ဒိုနီးရှား အငွေ့အသက်တွေနဲ့ဆိုတော့ remake လို့တောင် မခံစားရစေမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဒီကားဟာ အရင်ကားတွေလိုမျိုးပဲ ရင်ထဲနင့်စေမယ့်ဇာတ်ကားမျိုးဖြစ်တာကြောင့် တစ်ရှူးလိပ်လေးဆောင်ရင်းကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1GB | 515MB Format… mp4 Duration…. 2h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Thriller
8.8 2022 145 mins
Miracle in Cell No. 7
Terror Train
5.1

ဒီဇာတ်ကားဟာ Terror Train (1980) ကို Remake လုပ်ထားတဲ့ဇာတ်ကားပါ။ ရိုးရှင်းတဲ့ Plot တွေကနေ ဖောက်ထွက်ချင်ရင်၊ ပြီးခါနီးထိ ရင်ခုန်ချင်ရင် ဒီဇာတ်ကားဟာ သင်တို့အတွက် Underrated ထဲမှာ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ လူငယ်ကျောင်းသားအဖွဲ့အစည်းတစ်ခုဟာ သူတို့ထဲကို အသစ်ဝင်လာတဲ့ ကျောင်းသားသစ်တွေကို Prank တွေ Challenge တွေကိုဖြတ်ကျော်ပြီးမှ ဝင်စေတာပါ။ ဒီလိုပဲ နှစ်အတော်ကြာ ဒီလိုလုပ်ရပ်တွေနဲ့ ပျော်ခဲ့ပါးခဲ့ကြတာပါပဲ။ ဒါပေမယ့် တစ်နှစ်မှာ Kenny ဆိုတဲ့ကျောင်းသားသစ်လေးတစ်ယောက်နဲ့ Alana ဆိုတဲ့ လှပတဲ့ကျောင်းသူသစ်လေးကို အဖွဲ့ထဲထည့်ဖို့ အပြောင်အပျက်တွေလုပ်ရင်းကနေ အမှားတစ်ခုကြောင့် Kenny ဟာ စိတ္တ‌ဇဆေးရုံကိုရောက်ရတဲ့အထိပါဖြစ်သွားပါတယ်။ Alana ဟာ သူ့ကြောင့် Kenny ဒီလိုဖြစ်သွားရတာကို စိတ်မကောင်းပေမယ့် အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ Doc နဲ့ တခြား Senior တွေကြောင့် လက်ပိုက်ကြည့်ရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်နဲ့ပဲ နောက်သုံးနှစ်အကြာမှာတော့ သူတို့ကျောင်းသားကျောင်းသူတွေဟာ Halloween ညတစ်ညမှာ အပျော်စီးရထားခရီးစဉ်တစ်ခုကို စီစဉ်ပြီး ခရီးထွက်ကြပါတယ်။ ဒီအပျော်ကနေ အပျက်ဖြစ်အောင် ဘယ်အရာကလုပ်ခဲ့တာလဲ ဘယ်က ဘယ်သူ ဘာကြောင့်မှန်းမသိတဲ့ အသက်ဘေးအန္တရာယ်ကို ကျရောက်စေသူဟာ ဘယ်သူလဲ... အတိတ်က Kenny လားဆိုတာကို ရင်တထိတ်ထိတ်နဲ့ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်... Everyone is suspect ဆိုတဲ့ Theme ကို ကြည့်ရှုသူကိုယ်တိုင်ပါ ခံစားနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Crime • Drama
5.1 2022 90 mins
Terror Train
Gretel & Hansel
6

၂၀၂၀ ခုနစ်ထွက် Fantasy/ Horror ဇာတ်ကားလေးဖြစ်ပါတယ်... ဂရင်းစ်ညီအစ်ကိုတွေရဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ တောအုပ်ထဲက လူသားစားတဲ့ စုန်းမကြီးအိမ်ကို ရောက်ရှိသွားတဲ့ ဟန်ဆယ်နဲ့ ဂရက်တယ်တို့မောင်နှမနှစ်ယောက်အကြောင်းကို အားလုံးကြားဖူးကြမယ်ထင်ပါတယ်... ဒီဇာတ်ကားလေးကလည်း အဲဒါကို အခြေတည်ပြီးရိုက်ကူးထားတာပါ... ဟန်ဆယ်နဲ့ ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာ မုဆိုးမ အမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေထိုင်ကြရပါတယ်... တစ်နေ့မှာတော့ သူတို့အမေက ကိုယ့်ဝမ်းကိုယ့်ကျောင်းဖို့ သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ စိတ်မနောကောင်းတဲ့ မုဆိုးတစ်ယောက်က တောထိန်းတွေဆီ သွားခိုလှုံဖို့ လမ်းညွှန်လိုက်ပါတယ်... ဒီလိုနဲ့ သွားရင်းနဲ့ တောထဲမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတဲ့ တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပါတော့တယ်... အိမ်ပိုင်ရှင်ကတော့ သဘောကောင်းပုံရတဲ့ အဖွားအိုတစ်ယောက်ပဲ... အဲဒီအဖွားအိုဟာ ပုံပြင်ထဲကအတိုင်း စုန်းမကြီးများလား... ဒီဇာတ်ကားမှာ မတူခြားနားတဲ့ မြှုပ်ကွက်တွေပါတာကြောင့် ဘာတွေလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး... IMDB 5.3/10 ရရှိထားပါတယ် File Size : ( 817 MB , 240 MB) Quality : WEB-DL 720p Running Time : 1 hr 27 min Format : Mp4 Genre : Fantasy , Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Moe Myint Lwin

Drama • Mystery
6 2020 87 mins
Gretel & Hansel
Saltburn
7.5

Saltburn (2023) ~ IMDb – 7.5/10, RT – 72%, Meta – 60% ~ ပွဲဦးထွက်အနေနဲ့ Promising Young Woman (2020) ကို ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ရိုက်ပြီး ပွဲဦးထွက်ကားနဲ့တင် Academy Award for Best Original Screenplay ဆုရသွားတဲ့ Emerald Fennell ထပ်ရိုက်လိုက်တဲ့ ရုပ်ရှင်ပေါ့။ ပွဲဦးထွက်ကားမှာလည်း ဇာတ်ညွှန်းရေးပြီး အော်စကာရထားသလို ဒီဒုတိယကားမှာလည်း သူ့ဘာသာဇာတ်ညွှန်းရေးပြီး ရိုက်ထားပြန်တာပါပဲ။ သုံးထားတဲ့ သရုပ်ဆောင်တွေကလည်း အော်စကာဆန်ခါတင် ဝင်ခဲ့တဲ့သူတွေအများသားပါ။ The Banshees of Inisherin နဲ့ မနှစ်က ဆန်ခါတင်ဝင်ခဲ့တဲ့ Barry Keoghan, ဖန်နဲလ်ရိုက်ခဲ့တဲ့ Promising Young Woman နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့တဲ့ Carey Mulligan, Gone Girl နဲ့ ဆန်ခါတင်ဝင်ဖူးတဲ့ Rosamund Pike, Best Supporting Actor ဆန်ခါတင်ဝင်ဖူးတဲ့ Richard E. Grant စတဲ့ အော်စကာတန်းဝင်ဖူးတဲ့ သရုပ်ဆောင်တွေချည်း။ တစ်ယောက်မှတော့ မရကြသေးဘူးပေါ့။ ဒီကားနဲ့လည်း Rosamund Pike နဲ့ Barry Keoghan တို့ ဆန်ခါတင်ဝင်ကောင်းဝင်လောက်တယ်။ နောက် The Kissing Booth နဲ့ လူသိများတဲ့ Jacob Elordi လည်း အဆစ်ပါထားတယ်။ ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်တစ်ကောင်ကိုပဲ ဦးတည်ထားတဲ့ဇာတ်ဖြစ်သလို အဲဒီဇာတ်ကောင်ကလည်း Barry Keoghan ဖြစ်နေတော့ စစချင်းကြည့်ရင် သူရိုက်နေကျပုံစံကနေ ကွဲထွက်သွားပြီလို့ထင်ရတယ်။ အောက်စ်ဖို့က ရိုးရိုအေးအေး စာကြမ်းပိုးကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လိုလိုပဲ။ အပေါင်းအသင်းမဲ့နေတဲ့ စာကြမ်းပိုးလေးက ကျောင်းက မင်းသားလေးနဲ့ တွေ့ရာက ဇာတ်လမ်းစတယ်ပေါ့။ သနားစရာကောင်းတဲ့ သူ့ဘဝအကြောင်းသိသွားတော့ မင်းသားလေးက သူ့အိမ်မှာ နွေပိတ်ရက်လိုက်နေဖို့ခေါ်တယ်။ မင်းသားလေးအိမ်ကလည်း တကယ့်နန်းတော်ကြီးပဲ။ ဒီလိုနဲ့ စာကြမ်းပိုးကျောင်းသားလေးဟာ အထက်တန်းလွှာလူတွေရဲ့ မျက်နှာဖုံးတွေနဲ့ ရင်ဆိုင်ရမယ့် နွေရာသီတစ်ခု ဆိုက်ရောက်လာခဲ့တယ်။ တချို့ကတော့ ဘယ်ရီက ဒီဇာတ်ကောင်အတွက် အသက်ကြီးလွန်းနေသလို Rosamund ကို အမေဇာတ်နေရာ ပို့ထားတာက သူ့အလှကို စော်ကားရာရောက်တယ်လို့ ဝေဖန်ကြတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ရဲ့အချိုးအကွေ့ကို ဘယ်ရီလို သရုပ်ဆောင်မျိုးကပဲ သရုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် သူ့ထက်အငယ်တန်းမှာလည်း ဒီလိုမျိုးမမြင်မိတော့ မှားတော့မမှားဘူး ထင်တာပဲ။ ဒါပေမဲ့ ပြောကြတာလည်း မှားတော့မှားမနေဘူး။ Barry Keoghan ရဲ့ အပြည့်အဝကွဲထွက်လာတဲ့သရုပ်ဆောင်ပုံကိုတော့ မြင်ရဦးမှာမဟုတ်ပေမဲ့ ကွဲထွက်စပြုလာတဲ့ ပုံစံကိုတော့ မြင်ရလိမ့်မယ်။ ဒီနှစ်ထဲ ထွက်ထားတဲ့ ထွက်တော့မယ့် ကားကောင်းတွေ တော်တော်များပါတယ်။ ဒီထဲမှာမှ Saltburn ဟာ ၁ကနေ ၂၀အထိစာရင်းလုပ်ရင် တစ်နေရာရာမှာ ပါနေလောက်တဲ့ ကားကောင်းတစ်ကားဖြစ်တယ်။ ဇာတ်လမ်းကတော့ တခြားအော်စကာဆန်ခါတင်ဝင်နိုင်တဲ့ ကားအများစုလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်အိမ်သွက်သွက်နဲ့ပဲ သွားထားတယ်။ ဘာဖြစ်ဖြစ် ဒီနှစ်ရဲ့ မဖြစ်မနေကြည့်ရမယ့်စာရင်းထဲတော့ ဝင်နေတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 9.04GB, 2.25GB, 1.1GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 11Min Genre – Comedy, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

Comedy • Romance
7.5 2023 131 mins
Saltburn
Yaariyan 2
5.3

Yaariyan 2 (2023) “အချစ်များ လွှမ်းခြုံ၍” မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါ လာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ “အမေ့နို့ဖိုး” ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ် အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ် သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို… တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

5.3 2024
Yaariyan 2
Chef Chidambara
7.8

Chef Chidambara (2024) ==================== ဒီနေ့မှာတော့ ကျွန်တော်တို့ ဘောလိဝုဒ်ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating လည်း တော်တော်လေးကောင်းတဲ့ကားမို့ အားလပ်ချိန်မှာကြည့်ရှူဖို့အတွက် သင့်လျော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျား။ ဇာတ်လမ်းအကျဉ်း ချီဒူးဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဘိုးဘွားပိုင် ကမ်းခြေဘေးက ဟိုတယ်တစ်ခုကို ပေါင်ထားရပြီး ပြန်ရွေးနိုင်ဖို့အတွက် အတော်လေးရုန်းကန်ကြိုးစားနေရပါတယ်။ သတ်မှတ်ထားတဲ့အချိန် ငွေမပေးနိုင်လို့ တစ်လလောက်အချိန်ထပ်ပေးဖို့ သွားပြောရင်း သူဌေးဖြစ်သူရဲ့ အမျိုးသမီးနဲ့ခေတ္တတွေ့ခဲ့ပြီး သူဌေးကိုပေးနိုင်ဖို့ ပိုက်ဆံရှာဖို့ ခေါင်းစားနေတုန်းမှာပဲ ခုနက သူဌေးကတော်ဖြစ်သူက လူအများသိလို့မရတဲ့ အရာတစ်ခုကို ကူညီပေးဖို့ပြောလာပါတယ်။ ဖြစ်ပုံက သူဌေးကတော်ရဲ့ လက်ရှိအိမ်ထောင်မတိုင်ခင်မှာ တွဲခဲ့တဲ့ ဗစ်ကီဆိုတဲ့ ဘဲတစ်ဗွေက သူတို့အတူနေထားတဲ့ပုံတွေ ဗီဒီယိုတွေကို ရိုက်ထားပြီး သူ့ကိုလာပြီး ငွေညှစ်နေတာကို ချီဒူးကိုအဲ့ဒီဖိုင်တွေ သွားယူပြီး သူတောင်းတဲ့ပိုက်ဆံ ၁၀သိန်းကိုပေးခိုင်းဖို့လုပ်ပါတယ်။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ချီဒူးတိုက်ခန်းဆီ ဗစ်ကီရောက်သွားတဲ့အချိန်မှာ မတော်တဆ အဲ့ဒီလူကသေသွားပါတယ်။ ဒါပေမဲ့ဇာတ်လမ်းက အဲ့ဒီမှစတာပါ။ ပုံတွေ ဗီဒီယိုတွေ ပါတဲ့ဖုန်းက ဗစ်ကီဝရံတာမှာ ဖုန်းထွက်ပြောတုန်း ကားတစ်စီးပေါ်ပြုတ်ကျပြီး ပါသွားတာပါ။ အဲ့ဒါကိုသူလည်းမသိလိုက်ပါဘူး။ ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲ ဖုန်းကို ဘယ်သူကတွေ့ပြီး ချီဒူးတစ်ယောက် အလောင်းကို ဘယ်လိုရှင်း ဘယ်လိုဆက် ၂ပါးသွားမလဲဆိုတာကတော့ ဇာတ်လမ်းလေးကို အခုပဲဒေါင်းလုပ်ဒ် လုပ်ပြီးကြည့်ရှူနိုင်ပါပြီ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ခင်ဗျ။

7.8 2024
Chef Chidambara
Once Upon a Time
7

Once Upon a Time (2008) ************************* ကိုရီးယားက ဂျပန်လက်အောက်ကို ကျရောက်နေတဲ့အချိန်ဖြစ်တဲ့ 1940 ခုနှစ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး စိန်ခိုးကြမယ့် ဒီရုပ်ရှင်ကားမှာတော့ “Hide, Agency”စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Lee Bo Young, “Priest, Tracer” ဇာတ်ကားထဲက မင်းသား Park Yong Woo, “Reply 1988, Hospital Playlist”တို့လို နာမည်ကြီးဇာတ်ကားအများစုမှာ ပါဝင်ခဲ့တဲ့ ဇာတ်ပို့မင်းသားကြီး Sung Dong-il တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- ကာနယ်မူရာ (Park Yong Woo) ဆိုတဲ့ ကိုရီးယားသူခိုးဟာ ဆိုးလ်မြို့တစ်ခွင်လျှောက်သွားပြီး ဂျပန်အာဏာပိုင်တွေဆီက တန်ဖိုးကြီးရတနာပစ္စည်းတွေကို ခိုးယူနေတဲ့သူပါ။ ဟာရူကို (Lee Bo Young) ကတော့ ကာနယ်မူရာ ပုံမှန်သွားနေကျ ဘားတစ်ခုရဲ့ ဂျက်ဇ်အဆိုတော်မ‌လေးပေါ့။ ဒါပေမဲ့ သူမကလည်း သာမန်အဆိုတော်မလေး မဟုတ်ဘဲ နာမည်တုနဲ့လှုပ်ရှားနေတဲ့ အကျော်ဇေယျ သူခိုးတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ ဂျပန်အာဏာပိုင်တွေက ပွဲအခမ်းအနားကျင်းပပြီး အလွန်ရှားပါးတဲ့ “အရှေ့ဘက်ရဲ့ အလင်းရောင်”လို့ခေါ်တဲ့ ၃၀၀၀ ကာရက်တန် စိန်တုံးတစ်တုံးကို ကိုရီးယားကနေ ဂျပန်ကို တင်ပို့သွားမဲ့ သတင်းကို ရသွားတဲ့အချိန်မှာတော့.. ငတက်ပြားတွေ အဲဒီစိန်တုံးကိုရဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမယ့် action, comedy ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်။) File size…1.75GB / 810MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, Adventure, Historical, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Toe Toe Aung

7 2008 110 mins
Once Upon a Time
Never to Lose
6

Never to Lose (2005) ********************** အက်ရှင် ဖိုက်တင် စုံထောက်ဇာတ်လမ်းတွေကိုမှ ခုံမင်တတ်တဲ့ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနစ်ကထွက်ခဲ့တဲ့ နာမည်ကြီး ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Noryang: Deadly Sea မှ Heo Joon Ho၊ Exhuma, Tazza ထဲမှာ Kim Min-Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့.. စုံထောက်ဂင်ဟုံးဂျူဟာ လူသတ်မှုစုံစမ်းစစ်ဆေးရဲဌာနမှာ တာဝန်ထမ်းဆောင်နေပြီး စုံထောက်ဂင်ပါဝင်တဲ့အဖွဲ့ဟာ စွမ်းရည်ဆောင်လျော့ပါးမှုကြောင့် ဌာနတွင်းမှာ မျက်နှာပန်းမလှတဲ့အဖွဲ့ဖြစ်သလို စုံထောက်ဂင်ကိုယ်တိုင်ဟာလည်း အချစ်ရေးမပြေလည်တဲ့အတွက် စုံထောက်အလုပ်ကနေ နှုတ်ထွက်ချင်နေသူပါ။ အဖွဲ့ခေါင်းဆောင်ကလည်း ဌာနတွင်း သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်ရမှတ်ပြည့်မှ အလုပ်ပေးထွက်မယ်ဆိုတဲ့ စကားကြောင့် စုံထောက်ဂင်ခမျာ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အချိန် ကံအကြောင်းထောက်မပြီး မူးယစ်ဆေး အရောင်းအဝယ်သမားတစ်ယောက်ကို ဖမ်းမိရင်း မူးယစ်ဆေး အကြီးအကျယ်ဖြန့် တဲ့ ဂေါင်ကြီးအကြောင်းကို သိလိုက်ရချိန်မှာတော့ စုံထောက်ဂင်တစ်ယောက် လုပ်ဆောင်ချက်ရမှတ်ပြည့်ဖို့ အားသွန်ခွန်စိုက် အမှုလိုက်ပါတော့တယ်။ စုံထောက်ဂင်ရဲ့ ကြိုးစားမှုအရာထင်သွားမလား..။ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အခုပဲ ဇာတ်ကားထဲမှာ ခံစားကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။) File size…2.65GB / 1.01GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Action, Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn

6 2005
Never to Lose
Cellar Door

IMDb – 5.4 Thriller ကားကောင်းတွေ သဘောကျတဲ့ cm ပရိသတ်တွေအတွက် 2024 ထွက် thriller ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဂျွန်နဲ့ ဆာရာတို့ကတော့ သူတို့ရဲ့ပထမဆုံးကိုယ်ဝန်ပျက်ကျပြီးနောက်မှာ အရာအားလုံးကိုပြန်စတင်ဖို့ အိမ်အသစ်လေးတစ်လုံးကို လိုက်ရှာဖွေနေခဲ့ကြ‌တာပါ။ သူတို့နေချင်တဲ့မြို့မှာ အိမ်တွေလိုက်ရှာခဲ့ပေမဲ့လည်း ဈေးမတတ်နိုင်တဲ့အိမ်တွေနဲ့ ပျက်စီးနေတဲ့အိမ်ဟောင်းတွေပဲတွေ့နေရလို့ လက်လျော့ခါနီးဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိမ်ခြံမြေပွဲစားက သူ့ရဲ့မိတ်ဆွေကတော့ ကူညီပေးနိုင်လောက်တယ်ဆိုပြီးအကြံပေးမှုကြောင့် အိမ်ကြီးပိုင်ရှင် အမ်းမက်ဆီ ရောက်သွားခဲ့ကြရာကနေ အခြေအနေတစ်ခုကို လက်ခံနိုင်ရင် အိမ်ကြီးတစ်အိမ်လုံးကို အပိုင်ရမယ်ဆိုပြီးအမ်းမက်က ကမ်းလှမ်းလာခဲ့ပါတယ်။ ဒီအခြေအနေကတော့ မြေအောက်ခန်းတံခါးကို ဘယ်တော့မှဖွင့်မကြည့်ဖို့ပါ။ ဂျွန်နဲ့ ဆာရာတို့လည်း ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး သူတို့အိပ်မက်ထဲကအတိုင်း အိမ်ကြီးမှာ ဘဝသစ်ကိုစကြရတော့မယ်ဆိုပေမဲ့ တဖြည်းဖြည်းနဲ့ အိမ်ကြီးရဲ့ လျို့ဝှက်ချက်တွေပေါ်ပေါက်လာတဲ့အခါမှာ‌ ဂျွန်နဲ့ဆာရာရော သူတို့သဘောတူထားတဲ့ အချက်ကို ဆက်ပြီး လိုက်နာနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(786 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:37:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by TMMT

Drama
0 2024
Cellar Door
Sunny Sisters
5.8

ဒီတစ်​ခါမှာ CMကနေ ထပ်မံပြီးတော့ ကိုရီးယားကား ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းလေးကတော့…. ကျန်းလီကျွင်းဟာ လက်ထပ်ပြီးသမီးတစ်ယောက်နဲ့ အိမ်ထောင်မှုတွေကြားမှာ ပိတ်မိနေတဲ့ မိန်းမတစ်ယောက်ပါ တစ်နေ့ သူ့အမေဆေးရုံတတ်ရတာကို သွားကြည့်ရင်း အထက်တန်းဘဝက ညီအစ်မတွေလို ရင်းနှီးတဲ့ လင်ချင်တစ်ယောက် ကင်ဆာဖြစ်ပြီးဆေးရုံတတ်နေရတာကို သိလိုက်ရပါတယ် လင်ချင်ဟာ အထက်တန်းတုန်းက sunny sisters အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျန်းလီကျွင်းအပါအဝင်အဖွဲ့သားခြောက်ယောက်နဲ့ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ ဒါပေမဲ့ သူတို့တွေ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားပြီး နှစ်လပဲ အသက်ရှင်ရတော့မယ့် လင်ချင်အတွက် အဖွဲ့ဝင်ငါးယောက်ကို ကျန်းလီကျွင်းတစ်ယောက် ရှာပုံတော်ဖွင့်မဲ့ ပုံစံလေးနဲ့ ဇာတ်လမ်းလေးကို အစချီထားတာပါ သူတို့ရဲ့ ငယ်ဘဝတွေကိုလည်း တဖြည်းဖြည်းချင်းပြန်လည်ပြသထားတာဖြစ်တဲ့အတွက် ဒီကားလေးထဲမှာ ငယ်စဉ်အထက်တန်းဘဝက သူတို့တစ်တွေ အရူးထခဲ့ ပျော်ရွှင်ခဲ့ရတာတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခဲ့တာတွေ စတဲ့ သူတို့ကြားက ဖြူစင်တဲ့ သံယောဇဉ်လေးတွေကို ကြည်နူး နွေးထွေးဖွယ် ဆက်လက် ကြည့်ရှုကြကြရမှာဖြစ်ပါတယ်

Romance • Drama • Action
5.8 2021
Sunny Sisters
Small Things Like These
7.2

Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန် သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ် Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီ မက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားက အမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့ အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊ ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေက ခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက် ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန် ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကို စောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်း ဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့ စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့် နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။ နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါ ပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့ သူဖြစ်သလို သမီးငါးယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ မက်ဒလင်း ဂေဟာတွေကို ထင်းမီးသွေးသွားပို့ရင်းနဲ့ ကလေးမလေးတွေ မတရား ခံနေရတာကို မကြာခဏတွေ့ရတတ်တဲ့သူပါ။ ဒါပေမဲ့ အဲဒီခေတ်က မက်ဒလင်း သီလရှင်တွေနဲ့ ပြဿနာတက်မိရင် တစ်မြို့လုံးက အကျဉ် ခံရနိုင်သလို သူ့သမီးတွေလည်း ကျောင်းတက်ခွင့်တောင် မရမှာ စိတ်ပူ ရလို့ အစွမ်းကုန် ရေငုံနှုတ်ပိတ်နေရတဲ့သူလည်းဖြစ်နေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူရဲကောင်းကြီးလို ဖိုက်တာကြီးလို ဇာတ်ရုပ် မဟုတ်ဘဲ ရိုးသားတဲ့ အိမ်ထောင်ရှင်တစ်ယောက်က သူ့သမီးတွေအကျိုးနဲ့ သနားစရာ မိန်းကလေးတွေကိုကယ်ချင်တဲ့စိတ်တွေကြားမှာ လွန်ဆွဲ နေပြီး နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတဲ့ အခြေအနေကို ရိုက်ပြထားတာပါဖြစ်ပါတယ်။ မင်းသားရဲ့ဖန်ပဲဖြစ်ဖြစ် သမိုင်းနောက်ခံကားတွေကြိုက်တဲ့သူတွေပဲ ဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းပါပဲ။ File size… (4.90GB) / (1.96GB) / (593MB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 38m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.2 2024 99 mins
Small Things Like These
Stealing Beauty
6.5

Stealing Beauty (1996) IMDb Rating (6.5) / Rotten Tomatoes (49%) မင်းသမီးချော Liv Tyler နုနုထွတ်ထွတ်အရွယ် ၁၉၉၆ တုန်းက ကားဟောင်းလေးပါ။ ၁၉ နှစ်အရွယ် အမေရိကန်သူလေး လူစီတစ်ယောက် မိခင်ဖြစ်သူဆုံးတော့ ဖခင်ရဲ့တိုက်တွန်းမှုနဲ့ အီတလီက မိခင်ရဲ့မိတ်ဆွေတွေရှိရာ သာယာလှပတဲ့ နယ်လေးတစ်နယ်ကို ရောက်လာပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က လူစီဟာ အီတလီကို တစ်ခေါက်လာဖူးပြီး အီတလီသားတစ်ယောက်နဲ့ ပထမဆုံးအကြိမ် နမ်းခဲ့ပါတယ်။ အဲဒီအီတလီကောင်ချောလေး ပြန်အလာကိုစောင့်ရင်း အမေ့မိတ်ဆွေတွေရှိတဲ့ အိမ်မှာတည်းကာ သူတစ်ခါမှ မခံစားဖူးသေးတဲ့ လိင်အတွေ့အကြုံနဲ့ အချစ်ကို ရှာဖွေခြင်းနဲ့အတူသေဆုံးသူ အမေရဲ့ ကဗျာစာသားတွေအရ သူ့ရဲ့အဖေအရင်းကိုပါ ရှာဖွေရာမှာတော့ ….. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike tan ဖြစ်ပါတယ်။) File size…(2.9 GB) / (1.3 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:58:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Sike tan

Drama • Science Fiction • War
6.5 1996 116 mins
Stealing Beauty
Motherhood
6.4

Motherhood (2022) ******************* IMDb… 6.4 ဒီ Motherhood ဆိုတဲ့ ဇာတ်လမ်းကတော့ Kanae Minato ရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ “Bosei” ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ စိတ်ပိုင်းဆိုင်ရာဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ ဆာယာကဆိုတဲ့ ကျောင်းသူလေးရဲ့ မိခင်ဖြစ်သူ ရူမီကို.. ရူမီကိုဟာ ဆာယာက ငယ်စဉ်အချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် မသင်ပေးဘဲ ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူကြီးတွေ စိတ်ချမ်းသာအောင်၊ လူကြီးတွေ ကျေနပ်အောင်နေထိုင်တတ်ဖို့ပဲ သင်ကြားပေးခဲ့ပါတယ်။ တစ်ဖက်လူကို ဘယ်လိုချစ်ပေးရမှန်းမသိသလို ချစ်ပုံချစ်နည်း မှားယွင်းခဲ့တာပေါ့။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဆာယာကဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သူ ဘာလို့သတ်သေရလဲဆိုတာကိုတော့ ဘယ်သူမှ မသိသလို ဖော်လည်း မဖော်ထုတ်နိုင်ခဲ့ပါဘူး… မချစ်တတ်တဲ့ မိခင်ဖြစ်သူနဲ့ အချစ်ငတ်နေတဲ့ သမီးဖြစ်သူတို့ရဲ့ကြားက ချစ်ခြင်းမေတ္တာတွေ၊ ပဋိပက္ခတွေ၊ နာကျင်မှုတွေကို နောက်ကြောင်းပြန် Flashback ပုံစံမျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး အတွေးတွေများစေမဲ့ ဇာတ်ကားလေးမို့လို့ ကြည့်ကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ CharOu ပဲ ဖြစ်ပါတယ်။) File Size : 1.25GB/ 570MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:56:45 Genre : Mystery, Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by CharOu Encoded by Tiff

Comedy • Thriller • Crime
6.4 2022 116 mins
Motherhood