YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Cosmopolis.2012.720p.(CM).mp4

793.67 MB 720p video/mp4 228 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Pianist
8.4

The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The Pianist နဲ့အတူ ပြန်လာခဲ့ပြီဘဲဖြစ်ပါတယ်။ဒီဇာတ်ကားက တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပီးရိုက်ထားတာပါ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Wladyslaw Szpilman ကလဲ ဒီရုပ်ရှင်မထွက်ခင် ၂ နှစ်အလိုကဘဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ~~~~~~~~~~~~~~~ The Pianist ဟာ ဒုတိယကမ္ဘာစစ်တွင်းက ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒရားပညာရှင် Szpilman တယောက် ဂျာမန်လက်ထဲကနေ လွတ်မြောက်ပီး ဝါဆောမြို့မှာ ပုန်းအောင်းရင်းအသက်ရှင်ဖို့ ခက်ခက်ခဲခဲ Survival လုပ်ခဲ့ရတဲ့အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့အစမှာတော့ Szpliman တစ်ယောက် ဝါဆောမြို့ရေဒီယိုစခန်းတခုမှာ piano တီးနေခဲ့တယ်။အဲ့အချိန်မှာဘဲ ပထမဆုံးဂျာမန်ဗုံးတွေ ပိုလန်မြို့ပေါ် ကြဲကျတော့ အဆောက်အအုံထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ဘေးလွတ်ရာပြေးကြတယ်။ စစ်ရဲ့အစပေါ့... အင်္ဂလန်နဲ့ ပြင်သစ်တို့ စစ်ကြေညာကြောင်းထုတ်ပြန်တော့ မြို့ကနေ ထွက်ခွါတဲ့သူတွေက ထွက်ကြတယ်။ဒါပေမဲ့ Szpilman တို့မိသားစုကတော့ ဝါဆောမြို့ကနေထွက်မပြေးခဲ့ဘဲ အခြေအနေကောင်းဖြစ်လာမှာကိုဘဲ စောင့်မျှော်နေခဲ့ကြတယ်။ ဒါပေမဲ့ ရလာဒ်ကထင်ထားသလိုဖြစ်မလာဘဲ ဂျာမန်တွေ ပိုအာဏာရ အင်အားကြီးလာပြီး ပိုလန်နိုင်ငံကို ဝါးမြိုလာပါတော့တယ်။ မြို့ထဲမှာရှိတဲ့ဂျူးမှန်သမျှ Ghetto ထဲကိုပြောင်းရွှေ့နေခိုင်းတယ်။ဂျာမန်တွေဟာ ဂျူးတွေကို လူလိုမသတ်မှတ်ဘဲ ညှင်းပန်းနှိပ်စက်ကြတယ်။အဲ့ဒါပြီး ကမ္ဘာ့သမိုင်းမှာအရက်စက်ဆုံးဖြစ်တဲ့ဂျူးအားလုံးကိုအမြစ်ပြတ်သတ်ဖြတ်မဲ့ Auschwitz ကိုရထားတွေနဲ့ ပို့ပါတော့တယ်။ အဲ့ထဲမှာလဲ ဂျူးမိသားစုဖြစ်တဲ့ Szpilman တို့မိသားစုကလဲ အပါအဝင်ပေါ့။ ကံကောင်းချင်တော့ ဂျူးထိန်းသိမ်းရေးအဖွဲ့က လူတယောက်က Szpilman ကိုကယ်လိုက်တယ်။ ဒီလိုနဲ့ဘဲ Szpilman တစ်ယောက် သေကံမရောက် သက်မပျောက်ဘဲ ဝါဆောမြို့မှာ တစ်ယောက်ထဲ အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။ ဒါပေမဲ့ အဲ့လိုရှင်သန်ရတာလဲ မလွယ်ကူပါဘူး။အသက်မသေရုံတမယ်ပါဘဲ။သူချစ်တဲ့သူ့မိသားစုကိုလဲ ဆုံးရှုံးခဲ့ရတယ်၊ သူသိပ်ဝါသနာပါတဲ့ Pianist အလုပ်ကိုလဲစွန့်လွှတ်ရတယ်၊သူနေတဲ့ တမြို့လုံးလဲ အနိဋ္ဌာရုံဖြစ်သွားခဲ့ရတယ်။ ဒီရုပ်ရှင်ဟာ ဂျာမန်တို့ဝါဆောကို စသိမ်းတဲ့ ၁၉၃၉လောက်ကနေ ဆိုဗီယက်တပ်နီတော်ကြီး ပိုလန်ကိုပြန်သိမ်းယူတဲ့ ၁၉၄၅ လောက်အထိအတွင်းမှာ ယိုယွင်းပျက်စီးပြီး လူသူမဲ့နေတဲ့ ဝါဆောမြို့လယ်ထဲမှာ Pianist Szpilman တစ်ယောက် ဘယ်လိုအသက်ရှင်ဖို့ကြိုးစားခဲ့ရပုံကို ရင်တလှပ်လှပ်နဲ့ကြည့်ရှူရမာဘဲ ဖြစ်ပါတယ်။ Szpilman နေရာကသရုပ်ဆောင်တဲ့ Adrien Brody ကလဲ သူ့ဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်သွားနိုင်ခဲ့တယ်။ ဒီဇာတ်ကားနဲ့ဘဲ သူ့အသက်၂၉ မှာ ပထမဆုံး Oscar ရခဲ့တယ်။ (ဒါတင်မက Szpilman ဟာ နာဇီဗိုလ်ချုပ်ကြီးကို Piano တီးပြတဲ့ ဇာတ်ဝင်ခန်းဟာ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးဇာတ်ဝင်ခန်းတွေထဲ က တစ်ခုပါတဲ့လေ) အဲ့တော့ဒါဟာ ကမ္ဘာ့ rating အများဆုံး ဇာတ်ကားတွေထဲမှာ အဆင့် ၃၅ နေရာကနေ ရပ်တည်နေတဲ့ Polanski ရဲ့ The Pianist ဘဲဖြစ်ပါတယ်။Oscar Nomi 7 ဆုမှာ 3 ဆုထိရရှိထားပြီး တခြားဆုပေါင်းများစွာလဲရရှိထားပါသေးတယ်။ အကယ်၍ခများဟာ ရသမျိုးစုံပေးနိုင်တဲ့ စစ်ကားကောင်းကောင်းတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ The Pianist ကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (Review Crd ) File size…(3.5 GB)/(850 MB) Quality….BluRay HEVC 1080p/720p Format…mkv/mp4 Duration….02:28:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Phyo Pyae Translated by Ariel

Horror
8.4 2002 150 mins
The Pianist
DOA: Dead or Alive
5.2

၂၀၀၆ခုနှစ် အင်တာနက်တွေ သိပ်ခေတ်မထခင်တည်းက ကျွန်တော်တို့ စီဒီတွေ ဒီဗီဒီခွေတွေနဲ့ ကြည့်ခဲ့တဲ့ရတဲ့ ဖိုက်တာဇာတ်လမ်းလေးပါပဲ. အတော်များများလဲ မှတ်မိကြမယ်ထင်ပါတယ်.. မင်းသမီးဖိုက်တာဆိုတာ ဒါမျိုးလို့ဆိုရလောက်အောင် အသေဖိုက် အသေလန်းခဲ့တာပေါ့ဗျာ... ဒီကားထဲမှာ မင်းသမီးကို ရဲတွေဝင်ဖမ်းတော့ ပင်တီဝတ်ပြရင်း လျှပ်တပြက်ဖိုက်ပြလိုက်တာ နောက်ဆုံး သေနတ်နဲ့ပေါင်ကြားချိန်ပြီး ဘော်လီဇစ်တပ်ခိုင်းလိုက်တဲ့ အက်ရှင်ခန်းဆို မျက်လုံးထဲက မထွက်တော့တာမျိုးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့.. တကမ္ဘာလုံးက အတော်ဆုံးကိုယ်ခံပညာရှင်တွေကို DOAလို့အမည်ရတဲ့ သိုင်းပြိုင်ပွဲတခုကနေ ဖိတ်ခေါ်ခဲ့ပါတယ်. တကမ္ဘာလုံးကို ကိုယ်ခံပညာရှင်ပေါင်းစုံကလဲ ဒီပြိုင်ပွဲကို စိတ်ဝင်စားကြတယ်. အဲ့ဒီတော့ လာရောက် ယှဉ်ပြိုင်ကြတာပေါ့. ဒါပေမယ့် အဲ့ဒီပြိုင်ပွဲရဲ့ မူမမှန်မှုတွေကိုတော့ လာရောက်ယှဉ်ပြိုင်တဲ့ထဲက အချောအလှဖိုက်တာမလေး လေးယောက်က သတိထားမိပြီး ဖော်ထုတ်လိုက်တဲ့အခါမှာတော့...........။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Blake

Comedy • Drama • Romance
5.2 2006 87 mins
DOA: Dead or Alive
Runaway Jury
7.1

Runaway Jury(2003) အညွှန်း ************************* IMDb – 7.1 / Rotten ? – 75% Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲ အပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်း ပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့ သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ.. မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာ အဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကို အလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက် တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့် သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလို ငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ် ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့် သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။ သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာ ရှေ့နေဖြစ်သူဝမ်‌ဒေါလ်ရိုဟာနဲ့ပေါင်းပြီး တိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကို ဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့.. John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင် Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ကြီးတွေရဲ့ သရုပ်ဆောင်ချက်၊ Plot twistအစုံနဲ့ ခန့်မှန်းမရအောင် ဆွဲခေါ်သွားမယ့် ဇာတ်လမ်းကောင်းဖြစ်တာမလို့ မကြည့်ရသေးဘူးဆိုရင်တော့ ခုပဲကြည့်ရှုခံစားကြည့်ဖို့ လက်တို့လိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်.. File Size :(1.9GB) (897MB) and (375MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…02:07:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Crime
7.1 2003 127 mins
Runaway Jury
Beneath the Green
4.8

Beneath the Green (2022) =================== ဇာတ်လမ်းလေးကတော့ ကေလတ်ဟာသစ်တောထဲက တစ်နေရာမှာနိုးထတယ်၊ ဘယ်နေရာကို ဘာကြောင့်ရောက် နေမှန်းလဲမသိဘူး၊ အဲ့အချိန်မှာ ဟန်တာကသူ့ကိုလာခေါ်တယ်၊ ဟန်တာ ကေလတ်ကို သူတို့ဟာ ဒီဂြိုလ်တဲ့အတိတ်ကာလမှာ ရောက်နေတာဖြစ်ပြီး လွတ်လမ်းမရှိဘဲ ထပ်ခါထပ်ခါဒီနေရာ မှာပဲနေနေရတဲ့အကြောင်းကိုပြောပြပြီးတော့ အခြားသူတွေရှိတဲ့ နေရာကိုခေါ်သွားတယ်၊ အခြားသူတွေက ထွက်လမ်းဝင်လမ်း မရှိတဲ့ဒီနေရာကိုရောက်လာတဲ့ ကေလတ်ကို ကယ်တင်ဖို့လာတယ် လို့ထင်နေကြတာပေါ့။ အဖွဲ့သားတွေအကုန်လုံးကလည်းဖြစ်ရပ်တွေအကုန်လုံးကို ဘာမှ မမှတ်မိပဲ စူးစမ်းစုံစမ်းရင်းရလာတဲ့အချက်အလက်တွေကိုမှီခိုပြီး လွတ်လမ်းကိုရှာဖွေနေကြပါတယ်။အကုန်လုံးကလွတ်လမ်းအတွက် တံခါးတစ်ချပ်ရှိမယ်လို့ယုံကြည်ထားပြီးတံခါးကိုရှာဖွေနိုင်မှသာ လွတ်မြောက်မယ်လို့ယုံကြည်ထားကြပါတယ်။ အရင်ကအဖွဲ့ဝင် ဗစ်တာဆိုတဲ့တစ်ယောက်က သူတို့ထဲကပျောက်သွားပြီးလွတ်သွား တယ်လို့ထင်နေကြပါတယ်။ အဲ့ဒါကြောင့်ကေလတ်ကိုသူတို့အတွက် လွတ်လမ်းရှာဖွေပေးနိုင်မယ့်သူလို့ ယုံကြည်ကြတာပေါ့။ ဒါကြောင့် ကေလတ်တစ်ယောက်အဖွဲ့သားတွေကို တကယ်ပဲကယ်တင်နိုင်မလား ဒါမှမဟုတ် အတိတ်မှာပဲပိတ်မိနေမလားဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(1.2 GB) / (473 MB) / (340 MB) Quality…………WEB-Rip 1080p / 720p / 480p Duration………1Hr 20Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Mystery, Sci-Fi Translator…….Tin Myo Lwin Encoder……….SWM

4.8 2022 81 mins
Beneath the Green
Il Boemo
6.5

Il Boemo (2022) ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။ မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ လက်ရာတွေမှာ သူလွှမ်းမိုးမှုရှိပြီး ငယ်စဉ်ကတည်းက အကြံပေးခဲ့ဖူးသူဆိုတာကတော့ အမှန်တရားပါပဲ။ ဘာလို့ဆို သူနဲ့ပတ်သက်ပြီး မိုးဇက်တို့ မိသားစုက မကြာခဏထုတ်ပြောဖူးခဲ့ကြတာကြောင့်ပါ။ နောက်တစ်ခုက ဒီကားထဲမှာ သူ့နာမည် ဂျိုးဆက်ဖ်ကို အီတလီအသံထွက်နဲ့မို့ထင်ပါတယ်… ဂီဆက်ဖ်လို့ပဲ ခေါ်ကြပါတယ်။ ဒီကားကို လက်ရှိမှာ ချက်နိုင်ငံက အကယ်ဒမီအတွက် အမည်စာရင်းသွင်းထားပါတယ်။ ၁၈ရာစုခေတ်ရဲ့ ဥရောပကို ပီပီပြင်ပြင် ရှုစားရမှာဖြစ်ပြီး ဂန္ထဝင်ဂီတတွေကိုပါ တစ်ပါတည်း အခမဲ့ နားဆင်ရဦးမှာဆိုတော့ မလိုင်အပြည့်နဲ့ နို့တစ်ခွက်လိုပဲနေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 10Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.5 2022 141 mins
Il Boemo
The Ritual Killer
4.1

The Ritual Killer (2023) ================= မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ် ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။ ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာ တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက် ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ် ရာနဲ့ဖခင်တစ်ယောက်ပါ။ တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့ တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။ ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့် လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size……….(1.45 GB) / (575 MB) / (335 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….CM Team Encoder……….SWM

Drama
4.1 2023
The Ritual Killer
[18+] La Maison
5.7

La Maison (2022) La Maison ခေါ် စံအိမ်တော်လို့ခေါ်တဲ့ ဆောင်ကြာမြိုင်လေးတစ်ခုရဲ့ ဇာတ်လမ်းပါ။ အဓိက ဇာတ်ဆောင် မင်းသမီးက စာရေးဆရာ။ သူက သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ရင်း ဆောင်ကြာမြိုင်ကို ရောက်သွားတယ်။ ရောက်သွားပြီးတဲ့နောက်မှာ ဆောင်ကြာမြိုင်ကို စိတ်ဝင်စားသွားပြီး ကိုယ်တိုင်အလုပ်လုပ်ရင်း နောက်ရေးမယ့်စာအုပ်အတွက် ကုန်ကြမ်းရှာပါတော့တယ်။ စာအုပ်အသစ်မရေးနိုင်သေးလို့ ကြပ်တည်းနေတဲ့အချိန်မှာ ဒီအလုပ်က ငွေရတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရတာပေါ့။ ဒါပေမဲ့ သူက စာရေးဖို့ ကြိုးစားနေရင်းနဲ့ပဲ ဒီအလုပ်ကို ခင်တွယ်လာတယ်။ ဒီစံအိမ်ကို ခင်တွယ်လာတယ်။ အဲဒီက အမျိုးသမီးလေးတွေကို ခင်တွယ်လာတယ်။ လိင်ကိစ္စကို နဂိုကတည်းက ဝါသနာလို့ လုပ်ဖြစ်တယ်ဆိုပေမဲ့ တကယ်လုပ်ကြည့်တော့မှ ဒီလောကအကြောင်း ဒီလောကကလူတွေအကြောင်း သိလာပြီး ချစ်စိတ်ဝင်သွားတဲ့ အဖြစ်လေးပါ။ အက်ရှင်ခန်းတွေမှာတော့ ကွင်းကွင်းကွက်ကွက်ပြမထားပေမဲ့ ဘုရားသခင်ရဲ့ အနုစိတ်ဖန်တီးထားတဲ့ အလှအပတွေကိုတော့ အပြည့်အဝခံစားနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 710MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 29Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

5.7 2022
[18+] La Maison
Detective Dee And Ghost Soldier Borrowed
5.9

စုံထောက်ကြီးဒီးရဲ့ ပြောမဆုံးပေါင်တောသုံးတောင် အမှုတွေထဲက ထူးဆန်းတဲ့အမှုနောက်တစ်မှုလာပါပြီ…… ဘုရင်မကြီးဝူကျယ်ထျန်းဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ပင်းကျိုးကိုပြန်လာပြီး ဘိုးဘေးကန်တော့်ဖို့ရောက်လာတဲ့အချိန်မှာ တစ်မိသားစုလုံးသတ်ခဲ့ရတဲ့ ထူးဆန်းတဲ့လူသတ်မှုဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပင်းကျိုးက အားထားရတဲ့စုံထောက်ကြီးဖြစ်တဲ့ ဒီးရန်ကျယ်က ဒီအမှုကိုတာဝန်ယူပြီးစုံစမ်းတော့တာပေါ့။ ဒီးရန်ကျယ်ဟာ မီးခိုးကြွက်လျှောက် အမှုကိုလိုက်ရင်း တစ်နေ့မှာတော့ တစ္ဆေလိုလိုနတ်လိုလိုပေါ်လာပြီး မရဏနန်းတော်က အမှောင်စစ်သည်ပါဆိုပြီး ဒီအမှုကိုဆက်ပြီးမစုံစမ်းဖို့ ခြိမ်းခြောက်တာပေါ့။ ဒါမျိုးခြိမ်းခြောက်တာမျိုးတော့ စုံထောက်ကြီးဒီးတို့ကဘယ်မှုမလဲ…… ကဲ……စုံထောက်ကြီးဒီးကအမှုကိုဘယ်လိုဆက်ဖော်သွားလဲ အမှန်တရားကဘယ်လိုလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦးနော်……

Thriller • Drama
5.9 2023
Detective Dee And Ghost Soldier Borrowed
May December
7.4

May December (2023) ~ IMDb – 7.4/10, Rotten Tomatoes – 92% ~ May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။ ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။ အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။ စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။ မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။ ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။ May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ့ဆန္ဒကြားက ကျွန်တော်တို့နားမလည်နိုင်တဲ့ အကျိုးအကြောင်းတရားတွေကို တစေ့တစောင်းပြထားတဲ့ ရုပ်ရှင်သက်သက်လို့ ဆိုရမှာပဲ။ သူတို့ရဲ့အကြောင်းတရားတွေကိုတော့ ဇာတ်လမ်းမှာ လုံးစေ့ပတ်စေ့မရှင်းသွားသလို ဒါရိုက်တာအနေနဲ့ အဖြေတစ်ခုခုလည်း မပေးသွားပါဘူး။ Todd Haynes ဟာ ဒီတိုင်း သူတင်ပြချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် တင်ပြသွားခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2023
May December
Valiant

ဒုတိယကမ္ဘာစစ်အတွင်း တိရစ္ဆာန်လေးတွေက လူ့အသက်ပေါင်းများစွာကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် အမြင့်ဆုံးဆုတံဆိပ်ကတော့ Dickin Medal ဖြစ်ပြီး စစ်ပွဲအတွက် ယင်းဆုတံဆိပ်ပေါင်း ၅၄ ဆုချီးမြှင့်ခံရတဲ့အထဲမှာ ၁၈ ဆုကို တော့ ခွေးလေးတွေကရရှိခဲ့ပြီး၊ မြင်းလေးတွေက ၃ ဆု၊ ကြောင်လေးတစ်ကောင်က ၁ ဆုနှင့် ခိုလေးတွေက ဆုပေါင်း ၃၂ ဆု ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အတွင်း စစ်သားတွေကို ကူညီပေးခဲ့တဲ့ ရာနဲ့ချီတဲ့ ခိုလေးတွေရဲ့အကြောင်းကို Inspire ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်ကာလကို အခြေတည်ထားပြီး ဇာတ်လမ်းအစပိုင်းတွင် Royal Homing Pigeon Service က ခိုလေး ၃ ကောင်ဟာ အလွန်အရေးပါတဲ့စာတစ်စောင်ကို သယ်ကာ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပျံရင်း ဗြိတိန်နိုင်ငံထံသို့ အရောက်ပြန်နေကြပါတယ်။ ညဖက်အချိန် ဆိုးဝါးလှသည့်ရာသီဥတုကြားမှ အားတင်းကာ ပျံသန်းကြရင်း ဒိုဗာ အဖြူရောင်ကမ်းပါးကိုမြင်နေရပြီဖြစ်တဲ့အတွက် သူတို့ရဲ့ ဦးတည်သည့်နေရာ သို့မဟုတ် သူတို့ရဲ့ အိမ်ကိုရောက်ရှိတော့မှာဖြစ် ပါတယ်။ သို့သော် ရုတ်တရတ် နာဇီဂျာမန်များဘက်မှ ရန်သူသိမ်းငှက်ကြီးတစ်ကောင်က သူတို့ကို ခြုံခိုတိုက်ခိုက်ပါတော့တယ်။ ခိုလေးနှစ်ကောင်မှာ ထိုနေရာတွင်ပင်သတ်ဖြတ်ခံလိုက်ရပြီး ကျန်တစ်ကောင်ကိုတော့သိမ်းငှက်ကြီးက ဖမ်းခေါ်သွားပါတော့တယ်။ အခြားတစ်နေရာမှာတော့ ဗားလီယန့်လို့ခေါ်တဲ့ သေးငယ်ပြီးရဲရင့်တဲ့ ခိုငှက်ငယ်လေးက မဟာမိတ်တပ်များဘက်မှ ပါဝင်ပြီး တိုက်ပွဲဝင်ပေးချင်သည့်အတွက် သူ့အမေတားနေတဲ့ကြားက စာပို့ခိုလေးအဖြစ် တာဝန်ထမ်းဆောင်ရန်စာရင်းပေးလိုက်ပါတော့ တယ်။ စစ်ပွဲအတွင်းစာပို့ခိုတစ်ကောင် ဖြစ်လာနိုင်ရန် လေ့ကျင့်နေစဉ်ပင် စာပို့ခိုတပ်စုများတစ်ခုပြီးတစ်ခု သုတ်သင်ရှင်းလင်းခံ နေရတဲ့အတွက် သူတို့အဖွဲ့ကအရေးကြီးပြီးအန္တရာယ်များတဲ့စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဗားလီယန့်နဲ့သူတို့အဖွဲ့ စစ်ဆင်ရေးကို အောင်မြင်သည်အထိဖော်ဆောင်နိုင်ပါ့မလား? နာဇီဘက်က သိမ်းငှက်ကြီးကရော သူတို့ကို ဘယ်လိုမျိုးတိုက်ခိုက်မှာလဲ? ဒါတွေကိုကြည့်ရှုရမှာပဲဖြစ်တယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.4 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre…Animation, Adventure, Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2005
Valiant
The Caregiver

နောက်ပိုင်း Entertainment ဇာတ်လမ်းတွေများလာတဲ့အချိန် အရင်လို Horror/Thriller ဆန်ဆန်ဇာတ်လမ်းတွေကြည့်ချင်တဲ့သူတွေအတွက် ၂၀၂၃ ခုနှစ်ထွက် The Care Giver ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်အေးကာလအကုန်ပိုင်းလောက်မှာ ဇတ်လမ်းဆင်ထားပြီးတော့ အမေရိကန်တိုင်းက ကွန်မြူနစ်တွေကိုမုန်းနေတဲ့ကာလမှာပေါ့ Special Nurse အဖြစ်လုပ်ကိုင်နေတဲ့ အမ်မာတစ်ယောက် အလုပ်ကလဲမရှိ အိမ်နဲ့လဲအဆင်မပြေတော့ အလုပ်ကိုအသဲအသန်ရှာနေတဲ့အချိန်မှာ ရုရှားကနေ ဆိုဗီယက်ခေတ်ကတည်းကနေ ပြောင်းရွှေ့နေထိုင်လာတဲ့ မိသားစုက အဘွားကြီးတစ်ယောက်ကို Special Nurse အဖြစ်အလုပ်ကမ်းလှမ်းလာတော့ အမ်မာတစ်ယောက် ဘာမှစဉ်းစားမနေတော့ပဲ အလုပ်လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ အဲ့အိမ်ကအဘွားကြီးကို ပြုစုပေးတဲ့ Nurse တွေအကုန် ဘာကြောင့်မှန်းမသိပဲ အလုပ်တွေထွက်ကုန်ကြပြီး အမြဲ Nurse တွေတစ်ယောက်ပြီးတစ်ယောက် ပြောင်းနေခဲ့တာကို အမ်မာတစ်ယောက် တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှသိလာရတဲ့အခါမှာတော့ ဘာကြောင့် Nurse တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားလဲဆိုတာကိုတော့ စောင်ခြုံကွေး ကျေခြမ်းရင်းနဲ့ တစိမ့်စိမ့် ကြည့်ရှုလိုက်ကြပါဦး …. အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ် Genre….. Horror, Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 526MB | 265MB Format… mp4 Duration….1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
The Caregiver
Demonte Colony
7

Demonte Colony (2015) “ဒီမွန့်စံအိမ်ကြီး” IMDb 7.0 တမီးလ် horror ရုံတင်ကားဟောင်းလေးကို တောင်းဆိုမှုလေးတွေရှိနေတာဖြစ်တဲ့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် မကြာသေးခင်ကမှ ဒုတိယကားထွက်ထားတာဖြစ်ပြီး အဲဒီကားကိုလည်း တင်ဆက်ပေးခဲ့ပြီးပါပြီ ဇာတ်လမ်းအကျဥ်းကတော့ ရုပ်ရှင်ရိုက်ချင်ပေမယ့် ပရိုဂျူဆာရှာမရတဲ့ ရာဂါဗာ၊ အလုပ်မှာအဆင်မပြေတဲ့ စက်ပြင်သမားဆာဂျစ်၊ အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဗီမယ်နဲ့ ကြုံရာကျပန်းလုပ်တဲ့ ဆရီနီတို့ … သူငယ်ချင်းလေးယောက်သား တစ်ညမှာ စိတ်ပြေလက်ပျောက် အရက်သွားသောက်ကြပြီး အိမ်ကိုတန်းမပြန်ဘဲ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီမွန့်စံအိမ်ကြီးကို ရောက်သွားပါတယ် အကောင်းပကတိအိမ်ပြန်ရောက်ခဲ့ပေမယ့် မကောင်းဆိုးဝါးဝိညာဥ်ပါ ကပ်ပါလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ CM ပရိသတ်ကြီး ဆက်လက်ခံစားလိုက်ကြပါဦး ဒါပြီးလို့ရှိရင် ဇာတ်အိမ်လည်းပိုကျယ်ပြီး ပိုအောင်မြင်ခဲ့တဲ့ ဒုတိယကားပါ ဆက်လက်အားပေးကြပါဦးခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ ToMo ~ Alex ~ Bluri တို့ပဲ ဖြစ်ပါတယ်

7 2015 116 mins
Demonte Colony
Rule Breakers
7.1

( အဖွင့်ရက်သတ္တပတ်မှာတင် ရုံတင်ဝင်ငွေ ၁.၅ သန်းရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်ပါတယ်။) အမျိုးသမီးတွေရဲ့ပညာသင်ကြားခွင့်ကိုဖိနှိပ်ထားတဲ့ အာဖဂန် နစ္စတန်နိုင်ငံမှာ ထက်မြက်တဲ့ရိုယာဆိုတဲ့မိန်းကလေးဟာ ပညာရေးမှာထူးချွန်ရုံတင်မကဘဲ မိန်းကလေးတွေကိုင်ခွင့် မရှိတဲ့ကွန်ပျူတာကိုမှကိုင်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ပထမဆုံး အမျိုးသမီးဆော့ဖ်ဝဲလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရိုယာဟာ အာဖဂန်အမျိုးသမီးတွေရဲ့ပညာရေးကို မြေတောင်မြှောက်ပေးချင်တာကြောင့် တစ်ရက်မှာတော့ ပထမဆုံးသောအာဖဂန်အမျိုးသမီးစက်ရုပ်အသင်းကိုဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ပညာရေးကိုအားမပေးတဲ့အပြင် အရွယ်ရောက် လာတာနဲ့ မိသားစုဝင်တွေက အိမ်ထောင်ချပေးချင်ကြတဲ့ ရှေးရိုးစွဲအသိုင်းအဝိုင်းကြီးထဲမှာ အမျိုးသမီးကျောင်းသူ လေးယောက်ကို ခဲရာခဲဆစ်ရှာဖွေသိမ်းသွင်းနိုင်ခဲ့ပေမယ့် ရိုယာနဲ့အသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာသွားရောက် ယှဉ်ပြိုင်ဖို့ တာလီဘန်တွေရဲ့ခြိမ်းခြောက်မှု၊ ငွေကြေးအခက်အခဲ အစရှိသဖြင့် အတားအဆီးတွေအများကြီးကိုကျော်ဖြတ်ကြရပုံကို ရိုက်ကူးတင်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ File size… (1.78 GB) / (1.05 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Animation • Comedy • Adventure • Family • Fantasy
7.1 2025 120 mins
Rule Breakers