YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Copy of The.Heirs.EP20.mp4

467.81 MB N/A video/mp4 503 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Eight Mountains
7.7

~ IMDb - 7.8/10, RT - 89%, Meta - 79% ~ တစ်ခုသော နွေရာသီကျောင်းပိတ်ရက်မှာ ကောင်လေး၂ယောက် တောင်တန်းပေါ်က ရွာလေးတစ်ရွာမှာ ဆုံတွေ့ခဲ့ကြတယ်။ မြို့ကြီးပြကြီးမှာ မွန်းမွန်းကြပ်ကြပ်ကြီးလာတဲ့ ပီရဲထရိုနဲ့ တောင်ပေါ်မှာ ပြေးရင်းလွှားရင်း လွတ်လွတ်လပ်လပ်ကြီးလာတဲ့ ဘရူနို... မတူညီတဲ့ နောက်ခံအခြေအနေတွေက သူတို့ရဲ့ ခင်မင်မှုကြားမှာ အနှောင့်အယှက်မဖြစ်ခဲ့။ တစ်ဘဝစာ ရင်းနှီးမှုကို တစ်ယောက်ဆီမှာ တစ်ယောက် ရှာတွေ့ခဲ့ကြသလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လို့ရှာတွေ့ခဲ့ကြ။ အသက်ကြီးလာတာနဲ့အမျှ လျှောက်ကြတဲ့ ဦးတည်ရာတွေမတူဘဲ အတိုင်းအတာတစ်ခု ကွာဝေးခဲ့ကြပြီးနောက် ၂ယောက်ထဲက တစ်ယောက်ရဲ့ အဖေဆုံးသွားတဲ့အချိန်မှာမှ ပြန်လည်ဆုံတွေ့၊ ဘဝရဲ့ တစ်ဆစ်တစ်ကွေ့မှာ ပြန်ရင်းနှီးပြီး အတူတူလုပ်ရမယ့် ကိစ္စတစ်ခုရှိလာခဲ့ပါတယ်... ရေခဲတောင်တွေပေါ်မှာပေါ့။ ဒီကားဟာ နာမည်တူ ဝတ္ထုစာအုပ်ကိုပဲ ပြန်ရိုက်ထားခြင်းဖြစ်ပြီး ၂၀၂၂ ကိန်းရုပ်ရှင်ပွဲတော်မှာ Jury Prize ရရှိခဲ့ပါတယ်။ မှင်သက်လောက်တဲ့ ရေခဲတောင်အလှ‌တွေကို ရှုစားရမှာဖြစ်သလို ကလေးဘဝကတည်းက အစပြုခဲ့တဲ့ ယောက်ျားသား ၂ယောက်ကြားက တစ်သက်စာ ခင်မင်ရင်းနှီးမှုကို ဘဝရဲ့ အပိုင်းအခြားအလိုက် တွေ့ရမှာပဲဖြစ်ပါတယ်။ နောက်ပြီး မတူညီတဲ့အချိန်တစ်ခုမှာသာ တွေ့ခဲ့ရရင် တစ်မျိုးတစ်မည်ပြောင်းသွားနိုင်တဲ့ သားအဖဆက်ဆံရေးလေး တစ်စိတ်တစ်ပိုင်း။ တကယ်ပါ... ဒီကားဟာ လှတယ်လို့ပြောရင် ရှုခင်းသက်သက်မဟုတ်ဘဲ သူငယ်ချင်း၂ယောက်ကြားက ခင်မင်မှုအကြောင်းနဲ့ သူတို့ကိုယ်စီရဲ့ သူတို့ကိုယ်သူတို့ ရှာဖွေမှုခရီးစဉ်အကြောင်းပါ ပါတယ်ဆိုတာ ယုံလိုက်ပါ။ အချင်းချင်း တစ်ပတ်လောက် တစ်လလောက် မမြင်ရ မတွေ့ရရုံနဲ့ အားလျော့မသွားတဲ့ ခိုင်မာမှုမျိုးနဲ့ သူငယ်ချင်း ၂ယောက်ကြားက တစ်သက်တာသံယောဇဉ်။ ကံဆိုးမှုတွေ၊ သဘောထားကွဲလွဲမှုတွေ၊ အထူးသဖြင့်တော့ အချိန်ကာလကိုပါ ကျော်ဖြတ်နိုင်တဲ့ ရှားပါးပြီး ထူးခြားတဲ့ လူတိုင်းတောင့်တတဲ့ ဆက်ဆံရေးတစ်ခုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 1.05GB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 2H 27Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7.7 2022 147 mins
The Eight Mountains
Dracula 2000
5.2

မက်သရူး ဗန်ဟယ်ဆင်းဆိုတဲ့ အဖိုးကြီးက လန်ဒန်မှာ ရှေးဟောင်းပစ္စည်းပြခန်းဖွင့်ထားပြီး အနုပညာပစ္စည်းတွေစုဆောင်း ရောင်းဝယ်ပါတယ်။ နတ်ရွှေသိုးအရေခွံလိုမျိုး ဘာသာရေးနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ပြခန်းအောက်က လျှို့ဝှက်မြေအောက်ခန်းထဲမှာ သိမ်းထားပါတယ်။ တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှုးဖြစ်တဲ့ ဆိုလီနာက အပြင်က သူ့လူနဲ့ပေါင်းပြီး လျှို့ဝှက်ခန်းကိုဖောက်ထွင်းကာ ပစ္စည်းတွေခိုးဖို့လုပ်ကြပါတယ်။ သူတို့လိုချင်တာက ရွှေငွေတွေဖြစ်ပေမဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ ပွက်လောရိုက်ကြပါတယ်။ ဒီလိုနဲ့ အခန်းတစ်ခုထဲကိုရောက်တော့ ငွေခေါင်းတလားတစ်လုံးကိုတွေ့လိုက်ရပါတယ်။ အပြည့်ပိတ်ထားပြီး ဖွင့်စရာနည်းလမ်းရှာမတွေ့တဲ့ အဲဒီအခေါင်းထဲမှာ အဖိုးကြီးရဲ့ ရွှေငွေမှန်သမျှကိုထည့်ထားလိမ့်မယ်လို့ ထင်ပြီး သူခိုးတစ်သိုက်က အခေါင်းကို ဖျောင်ပြီး လေယာဉ်ပေါ်တင်သွားကြပါတယ်။ အခေါင်းကိုဖွင့်ဖို့ကြိုးစားတဲ့သူရဲ့သွေးတွေက အခေါင်းထဲကိုစီးဝင်သွားရင်းနဲ့ အထဲမှာရှိတဲ့ Dracula ကို ပြန်အသက်သွင်းမိသွားပါတယ်။ Dracula က သူခိုးတစ်သိုက်လုံးကို တိုက်ခိုက်လိုက်လို့ လေယာဉ်လည်းပျက်ကျသွားပါတယ်။ တစ်ဖက်မှာတော့ အဖိုးကြီး မက်သရူးက ငွေခေါင်းတလားခိုးခံလိုက်ရတာကိုသိတာနဲ့ အသက်ဝင်လာမယ့် Dracula ကိုလိုက်ရှင်းဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ သူကတကယ်တော့ Dracula ဆီကသွေးတွေကိုယူပြီး သူ့ခန္ဓာကိုယ်ထဲထိုးသွင်းရင်းနဲ့ အသက်ရှည်အောင်နေလာခဲ့တဲ့သူပါ။ ဒါကြောင့် အဖိုးကြီးရဲ့သမီးဖြစ်သူ မယ်ရီမှာလည်း Dracula ရဲ့သွေးပါနေခဲ့တာပါ။ မယ်ရီက Dracula နဲ့ပတ်သက်တဲ့ အိပ်မက်ဆိုးတွေမက်တတ်ပြီး တကယ်မဟုတ်တဲ့အရာတွေလို့ပဲ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါကတော့ Dracula က တကယ်အသက်ပြန်ဝင်လာတဲ့အခါ သူ့ရဲ့သွေးပါနေတဲ့ မယ်ရီကို လိုက်ရှာပါတော့တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.3GB, 673MB Quality - 1080p, 720p, 480p IMDb Rating - 4.9/10 Format - mp4 Duration - 1H 39Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Chuck

Horror • Thriller
5.2 2000 99 mins
Dracula 2000
Epic Tails
6.4

Epic Tails (2022) Yolcos ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့လေးမှာ သူရဲကောင်း Jason ရယ် သူ့ရဲ့နောက်လိုက်အဖွဲ့ Argonauts ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီး နောက်ဆုံးမှာ မြို့ကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ Zeus နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။ အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြို့လေးပါ။ ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့် သူရဲကောင်း Jason ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။ တစ်နေ့မှာတော့ သူတို့မြို့လေးကို Poseidon နတ်ဘုရားက အမျက်ဒေါသထွက်ပြီး တောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင် မြို့ကို ဖျက်ဆီးပစ်တော့မှာမို့ မြို့သူမြို့သားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။ သူရဲကောင်း Jason ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ Argonauts အဖွဲ့သားတွေကလည်း သေဆုံးကုန်ပါပြီ။ အဲဒီအခြေအနေမှာ ပက်တီနဲ့ တိရစ္ဆာန်လေးတွေက ဘယ်လိုဝင်ကူညီပြီး မြို့ကိုကယ်တင်ပေးမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။ IMDb 5.9 ရရှိထားပြီးတော့ Animation ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

Drama • Mystery
6.4 2023 95 mins
Epic Tails
The Drover’s Wife: The Legend of Molly Johnson
6.3

The Drover’s Wife: The Legend of Molly Johnson (2021) ၁၈၉၁ ခုနှစ် ဗြိတိသျှတွေ သြစတြေးလျကို ကိုလိုနီပြုထားချိန်။ မော်လီဂျွန်ဆန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူ ဂျိုး သိုးကျောင်းထွက်နေတဲ့အချိန်မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း လူသူမနီးတဲ့ သူတို့ရဲ့အိမ်မှာ နေထိုင်လျက်ရှိပါတယ်။ တစ်နေ့တော့ သူတို့ရဲ့အိမ်ရှေ့ကို လှည်းလေးတစ်စီးပေါ်မှ လူနှစ်ယောက် ဆင်းလာပါတယ်။ အဲဒီလူနှစ်ယောက်ကတော့ ဆာဂျင် ကလင့်တော့ပ် ဆိုတဲ့ မြို့ကို တာဝန်ကျလို့ ပြောင်းလာရတဲ့ ရဲအရာရှိနဲ့ သူ့အမျိုးသမီးဖြစ်တဲ့ လူဝီဆာ တို့ပဲ ဖြစ်ပါတယ်။ မော်လီလည်း သူတို့နှစ်ယောက်နဲ့ ခင်မင်သွားပြီး ကိုယ်ဝန် မီးဖွားရက်လည်း နီးတာမို့လို့ ကလေးတွေကို စောင့်ရှောက်ပေးသူရှိတဲ့ မြို့ကို ထည့်ပေးလိုက်ပါတယ်။ တစ်ညမှာတော့ သြစတြေးလျဒေသခံတိုင်းရင်းသား ဝရမ်းပြေးတစ်ယောက်ဟာ သူ့အိမ်ကိုရောက် လာပါတော့တယ်….. လူဖြူလူမည်းခွဲခြားမှုတွေ၊ ဒေသခံတိုင်းရင်းသားများအပေါ် လူဖြူတွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပြီး တကယ်ကို စိတ်ဝင်စားနဲ့ ကြည့်ရှု့နိုင်မယ့် သမိုင်းအခြေခံ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Rotten tomatoes 81% နဲ့ IMDb rating 6.4 ရရှိထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre…..Drama, History, Thirller Quality…. 1080p | 720p | 480p File size… 1.4GB | 757MB | 282MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. August

Comedy • Drama • Romance
6.3 2021 109 mins
The Drover’s Wife: The Legend of Molly Johnson
Skinamarink
5.3

Skinamarink (2022) ~ Rotten Tomatoes – 75%, Meta – 68% ~ Horror Streaming Service ဖြစ်တဲ့ Shudder ရဲ့ အသစ်ထွက်ကားလေးပါ။ ဒီရုပ်ရှင်ကိုမရိုက်ခင် ဒါရိုက်တာဟာ Youtube ချန်နယ်တစ်ခုထောင်ပြီး Viewers တွေကို သူတို့ရဲ့အိပ်မက်ဆိုးတွေအကြောင်း မေးမြန်းခဲ့ပါတယ်။ ဒီနောက် သူတို့ပြောတဲ့အိပ်မက်ဆိုးတွေကနေ ဒီရုပ်ရှင်ကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ အဓိကကတော့ အကုန်ဘုံတူနေတယ်ပြောလို့ရတဲ့ အိပ်မက်ကိုပေါ့။ ဒါရိုက်တာဟာ ” ကျွန်တော်ငယ်ငယ်က အိပ်မက်ဆိုးတစ်ခုမက်ခဲ့ဖူးတယ်။ အိပ်မက်ထဲ ကျွန်တော်က မိဘတွေနဲ့အတူအိမ်မှာပေါ့။ ပြီး‌တော့ ကျွန်တော့်မိဘတွေ ပျောက်သွားပြီး အိမ်ထဲမှာ မကောင်းဆိုးရွားတစ်ကောင်ရှိနေခဲ့တယ်။ ဒီလိုအိပ်မက်မျိုး လူတော်တော်များများလည်း မက်ဖူးကြပါတယ် ” လို့ ပြောခဲ့သလို ဒီလိုပုံစံကိုပဲရိုက်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဟော်ရာကားပေမဲ့ Experimental Horror ခေါ် အတွေးအမြင်အသစ်ဟော်ရာကားမျိုးဖြစ်တဲ့အတွက် အမြင်များတဲ့ကားတွေနဲ့တော့မတူပါဘူး။ ဒီကားမှာဆို အိမ်တစ်အိမ်ထဲကပစ္စည်းတွေနဲ့ ဇာတ်ကောင်ဆိုလို့ ကလေး၂ယောက်လောက်ကိုပဲသုံးပြီး အိမ်တစ်လုံးထဲတင်ရိုက်ပြထားပါတယ်။ များသောအားဖြင့်တော့ First Person Point of View ကနေ ပြပြီး အိမ်အနှံ့လိုက်ပတ်ကြည့်ခိုင်းပြီး ကိုယ်တိုင် အဲဒီအိမ်ထဲရောက်သွားရသလို ပုံစံမျိုးရိုက်ထားပါတယ်။ မထင်ရင်မထင်သလို ဘာတွေမြင်ရမလဲမသိတာကိုကလည်း တော်တော်လေးလန့်ဖို့ကောင်းသလို ဇာတ်ကလည်း ခပ်ဆန်းဆန်းအကြောင်းအရာတွေပါ သွတ်သွင်းထားလို့ ဟော်ရာဖန်တွေ မြည်းစမ်းကြည့်သင့်တဲ့ ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 820MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 40Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Family • Fantasy
5.3 2022
Skinamarink
The Werewolf Game: Inferno
6.1

The Werewolf game : Inferno Along the god’s willတို့ Alice in borderlandတို့လိုမျိုး အသက်ကိုလောင်းကြေးထပ်ပြီး ဂိမ်းကစားရတာကို ကြိုက်နှစ်သက်တဲ့ survival ရုပ်ရှင်ချစ်သူတွေအတွက် နောက်ထပ်ကြည့်လို့ရမဲ့ movieအတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ ထူးခြားတာက တခြားmovieတွေလို သတ်မဲ့လူ ကိရိယာတွေ အဆင်သင့်ရှိနေတာမဟုတ်ဘဲ ဂိမ်းကစားသူတွေကိုယ်တိုင် သူတို့အထဲက သမန်းဝံပုလွေကို လိုက်လံ သတ်ဖြတ်ရမှာပါ။ Party gameတစ်ခုဖြစ်တဲ့ The werewolf gameကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။မြန်မာမှာ ခေတ်စားခဲ့တဲ့ Among usလိုမျိုးပဲ အဖွဲ့ထဲက impostor(သမန်းဝံပုလွေ၂ကောင်)ဖြစ်နိုင်တဲ့သူကို မဲပေးပြီး ကိုယ်တိုင်သတ်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ အထက်တန်းကျောင်းသား ကျောင်းသူတွေဟာ ဘာမှမသိလိုက်ဘဲ ထူးဆန်းတဲ့အဆောက်အဦတစ်ခုဆီ ရောက်လာကြပါတယ်။ အဲဒါဟာ တောနက်ထဲမှာ ထီးတည်းတည်ရှိနေတဲ့နေရာကျယ်ကြီးဖြစ်ပြီးတော့ လွတ်ဖို့လမ်းလည်း ရှာလို့မလွယ်ပါဘူး။ လွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ သမန်းဝံပုလွေဂိမ်းကို ကစားရမှာဖြစ်ပါတယ်။ လူတွေအားလုံးထဲမှာမှ သမန်းဝံပုလွေ(jinrou) ၂ကောင်ရှိပြီးတော့ ကျန်တဲ့သူတွေက ရွာသားတွေဖြစ်ပါတယ်။ ညတိုင်း ၈နာရီမှာ အစည်းအဝေးထိုင်ပြီး ဘယ်သူက သမန်းဝံပုလွေဖြစ်နိုင်လဲဆိုတာကို မဲခွဲဆုံးဖြတ်ပါတယ်။ မဲအများဆုံးရတဲ့သူကို အခန်းထဲမှာပေးထားတဲ့ လက်နက်၊အဆိပ် စသဖြင့် သတ်စရာတစ်ခုခုနဲ့ သတ်ပစ်ရပါတယ်။ မဲခွဲတုန်းမှာ ဝံပုလွေကမသေခဲ့ရင် တစ်ညလုံး ရွာသားတွေကို လိုက်သတ်ခွင့်ရမှာဖြစ်ပါတယ်။ ၂ဖက်ထဲမှာ တစ်ဖက်ဖက်ကို အရင်ကုန်အောင် သတ်နိုင်တဲ့အဖွဲ့က နိုင်မှာပါ။ Movie nameအလိုက် “ရွာသားဖက်” “သမန်းဝံပုလွေဖက်” အဖွဲ့တစ်ခုချင်းစီရဲ့ ရှုထောင့်ကနေ လိုက်ကြည့်ရမှာဖြစ်လို့ survival game ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ 2013မှာ ထွက်ခဲ့တဲ့ The villagers sideကနေ စပြီး ကြည့်ရင်တော့ သူထွက်ခဲ့တဲ့အတိုင်း အစဉ်လိုက်ဖြစ်ပြီး ကြည့်လို့ပိုကောင်းမယ်လို့ ထင်မိပါတယ်။သရုပ်ဆောင်တွေ အချင်းချင်း သတ်ပုံသတ်နည်းတွေက မတူတာမို့ တစ်ကားချင်းလည်း ရွေးကြည့်လို့ရပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.3GB) / (600MB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:35:00 Type__Action, Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

6.1 2018 95 mins
The Werewolf Game: Inferno
God’s Time
6.5

God’s Time(2022) **************** ဒက်ဗ်ဟာ ဆေးစွဲသူတွေအတွက် ပြုလုပ်တဲ့ပြန်လည်ထူထောင်ရေးတွေ့ဆုံပွဲတွေ ကို အမြဲမပြတ်တက်ရောက်လေ့ရှိသူဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး တွေ့ဆုံပွဲမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ လူကာ ခေါ် လူဝီနဲ့ လူအများကို လိုက်ကူညီလေ့ရှိပေမယ့် အမြဲတမ်း အလွဲတွေဖြစ်တတ်ပါတယ်။ လူကာကတော့ သရုပ်ဆောင်ဖြစ်ချင်သူ တစ်ဦး ဖြစ်ပြီးလူရွေးပွဲတွေအမြဲဝင်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ တွေ့ဆုံပွဲမှာ ရက်ဟီနာ ဆို တဲ့ကောင်မလေးက သူ့အရင်ရည်းစားကို သတ်ပစ်ချင်ကြောင်း ပြောမိလိုက်ပါတယ်။ ဒါကို ဒက်ဗ်က အဲ့ကောင်မလေး လူမသတ်မိအောင် အတင်းလိုက်တားပါတော့တယ်။ လူကာက တော့ အမြဲတမ်းလွဲတတ်တဲ့ဒက်ဗ်ကို လန့်နေလို့မပါချင်ပေမယ့် နောက်ဆုံးမှာ လိုက်ပါကူ ညီရပါတော့တယ်။ အမြဲလွဲနေကျ ဒက်ဗ် ဘာတွေထပ်လွဲမလဲဆိုတာ တခွီခွီနဲ့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ လူငယ်တွေကြားမှဖြစ်နေကျ စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ အလွဲအမှား တွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ရိုက်ပြထားတာဖြစ်ပါတယ်။ File Size : (2.9GB) and (995MB) Quality : AMZN.WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:23:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

6.5 2022
God’s Time
Shohorer Ushnotomo Din E
6.6

Shohorer Ushnotomo Din E (2023) IMDb-6.6/10 မဆုံစည်းလိုက်ကြတဲ့ ချစ်ခြင်းတွေမှာ ဒုတိယအကြိမ်အခွင့်အရေးရခဲ့ကြရင်….. လန်ဒန်ကို ကျောင်းသွားတက်ဖို့ထောက်ပံ့နိုင်စွမ်းအပြည့်ရှိတဲ့ မိသားစုကမွေးဖွားလာသူနဲ့ ထူးချွန်ပြီး သာမန်ကျောင်းဆရာမမိသားစုကမွေးလာသူတို့ အချစ်တွေနဲ့နှစ်ယောက်တစ်အိမ်မက်အတွက် ပညာတော်သင်သွားကြဖို့ ဆုံးဖြတ်ကြပြီးမှ ကိုယ်ရေးကိုယ်တာ မိသားစုပြဿနာတွေနဲ့ ဝေးကွာသွားခဲ့ရတယ် နှစ်အနည်းငယ်ကြာပြီး အလုပ်ရတဲ့သူ ကျောင်းတက်နေသူနဲ့ အားလုံးအသားကျနေချိန်မှ ချစ်ရသူတွေ ကောလိပ်က သူငယ်ချင်းတွေပြန်ဆုံစည်းလာကြပြီး နီးစပ်ဖို့အခွင့်အရေးထပ်ရလာချိန်မှာ… နီးမလိုနဲ့ ဝေးခဲ့ကြသူတွေ ၊ အချစ်နဲ့ဘဝကို တစ်ထပ်တည်းထပ်တူကျအောင် ပုံသွင်းနိုင်ကြမလားဆိုတာ ရှုထောင့်မျိုးစုံကနေခံစားကြည့်ပါဦး (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်)

Drama • Romance
6.6 2023
Shohorer Ushnotomo Din E
Rockstar
7.7

Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။ သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။ ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။ ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ဝတ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။ ခေတ်စကားအရ ဂေါ်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ လည်ပင်းကြော ထောင်လာသလို မြင်မိတာက ဒီဇာတ်ကားရဲ့ သံစဉ်တေးတစ်ပုဒ်ပါပဲ။ ဒီတစ်ချက်နဲ့ကြည့်ရဖို့ လုံလောက်ပါတယ်။ ဒီကားမှာ Ranbir ဇာတ်ကောင် နာမည်က JJ (Jordan ) ။ သူရဲ့ ကောလိပ်ဘဘဝက ရိုးရှင်းတယ်။ နည်းနည်းအူကြောင်ကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ အိပ်မက်တစ်ခုတော့ရှိတယ် ။ Jim Morrism ဆိုတဲ့ ဘဲကြီးကို Idol ထားပြီး သူ့လို အောင်မြင်ချင်တယ်။ Rock ဂီတ ကို ခပ်နက်နက်တေးသွားစာသားတွေနဲ့ သူ ပျံသန်းချင်နေခဲ့တယ်။ ( Jim Morrison ဆိုတာက Rock ဂီတရဲ့ ရှေ့ပြေးဆရာတစ်ဆူပါပဲ ။ ဆံပင်က အရှည် ဂီတာက တစ်လက် စီးကရက် တစ်ဖွာတရှိုက် နဲ့ သူ့ ပုံစံက ကြည့်ကောင်းနေခဲ့တဲ့ သူ။ Rock ဂီတနဲ့ နီးစပ်တဲ့သူတွေ ပိုသိပါလိမ့်မယ် ) ဒီလိုမျိုး Jim Morrison ကို ကြိုက်နှစ်သက်တဲ့ သူ့ အဖို့ Morrisonလို ဂီတသွေး ကြွနေဖို့လိုပါမယ်။ ကောလိပ်ကန်တင်းပိုင်ရှင်ကတော့ Jordan ကို ပြောရှာတယ်။ ” ကြေကွဲဖို့ကောင်းနေတဲ့ အခြေအနေဟာ အနုပညာသွေးဆာနေတဲ့ ကာလပဲ ” တဲ့။ ဒီတော့ Jordan စဉ်းစားတယ်။ သူ အသည်းကွဲနေမှဖြစ်မယ်လေ။ ဒါမှ သူ့သီချင်းတွေပြောင်မြောက်ရမှာပေါ့။ ဒီလိုနဲ့ ကောလိပ်က အချောဆုံးဆိုတဲ့ ကောင်မလေး ကို လိုက်ရှာတယ်။ တွေ့မှလည်း တွေ့ရော အသည်းကွဲစက် လို့နာမည်ကြီးနေတဲ့ Heer ကိုမှ သွားတွေ့တယ်။ Jordan ကတော့ သူ့စိတ်ကူးနဲ့သူမို့ Heer ကို အသည်းအသန်လိုက်တယ်။ နောက်တော့ အသည်းကွဲတဲ့အထာနဲ့သီချင်းတွေ စွတ်ရေးတယ်။ Heer ကတော့ မကြိုက်တဲ့သဘော ရှိပေမယ့် ခင်မင်အောင်ပေါင်းတယ်။ Jordan က ရိုးရိုးအအ ဆိုတော့ Heer ခိုင်းသမျှပျော်အောင် လျှောက်လုပ်တယ်။ ဒီမှာမသိမသာလေး ခိုးဝင်လာမိတဲ့ သံယောဇဉ်နှောင်ကြိုးလေးတော့ တွယ်မိကြတာပါပဲ။ ” ဘဝဟာ သိပ်ထူးဆန်းတယ်။ တွေ့မှ ကြုံ ဆိုသော်လည်း ဆုံ ချင်မှ ဆုံဦးမှာလေ ” ဒီလိုနဲ့ တစ်နေ့မှာတော့ Heer က ပါရာဂွေး နိုင်ငံဆီ ထွက်ခွာသွားခဲ့တယ်။ အဲ့အချိန်မှာ Jordan က စောက်ရမ်းအသည်းကွဲပြနေပြီလေ။ သီချင်းတွေလည်း ပြောင်မြောက်လာပြီ။ တစ်နေ့မှာ သတင်းတစ်ခုက Jordan ကို နှိုးဆွလိုက်တော့တယ်။ ပါရာဂွေး နိုင်ငံဆီ လွှတ်ဖို့ အနုပညာရှင် ရွေးချယ်ပွဲ ကျင်းပမယ့် သတင်းပါပဲ။ ဒါဟာ သူ့အတွက် မဟာအခွင့်အရေးပါပဲ။ ဒီလိုနဲ့ Jordan တစ်ယောက် စိတ်ကူူးစိတ်သန်းတွေကြားထဲက Heer ကို ပြန်တွေ့ဖို့ ကိုယ့်ကံကြမ္မာကို ပြန်ဖန်တီးခဲ့တဲ့အချိန်မှာတော့ ……………။ ကဲ ……ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ မပြောပြတော့ပါဘူး။ ဒီဇာတ်ကား ရဲ့ တဆစ်ချိုးတွေဟာ အပြင်လောကနဲ့ နီးစပ်စေသလို ချစ်ခြင်းမေတ္တာရဲ့ လွတ်လပ်ခြင်းဆီကိုပါ ချဉ်းကပ်စေမိပါတယ်။ သံယောဇဉ် ရဲ့ နှောင်ကြိုးတွေနဲ့ လူ့လောက ကန့်သတ်မှုတွေကြားက စိတ်ခံစားမှုကိုပါ တရေးရေးမြင်လာမိစေတယ်။ အူတူတူ လေး Jordan နဲ့ နာမည်ကြီး ကာလ Jordan အသွင်အပြင် တွေက ခြားနားလာတယ်။ တစ်ဖက်မှာ အောင်မြင်လာသလို တစ်ဖက်မှာ ကျရှုံးလာတယ်။ ဒါဟာ လောကဓံရောင်ပြန်လေး တစ်ခုလိုပါ။ ဒီဇာတ်ကား ဟာ Ranbir ရဲ့ ခမ်းနားတဲ့ ကာရိုက်တာကြောင့် ကျော်ကြားလာသလို ဇာတ်ဝင်သီချင်းတွေကပါ အဓိပါ္ပယ် ပေါ်လွင်လှပါတယ်။ Drama ကားမို့ ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ နာကျည်းရမယ် ဆိုပေမဲ့ Jordan ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ခွန်အားတွန်းပေးတဲ့ အထောက်အကူပါပဲ။ ဒါ့ကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါရစေဦးတော့။ #linnkhayan ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်သူကတော့ ကိုဇော်ထူး ပါ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2011
Rockstar
Fight Against Evil
6.2

ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက် အက်ရှင်ကားကောင်းလေးတကားတင်ဆက်ပေးလိုက်ပါတယ် ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့ မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မင်းသား လီဟုမ်ချီက‌တော့ ရဲအရာရှိလေးတစ်ယောက်ပါ လီဟုမ်ချီကသူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီး တိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ် လီဟုမ်ချီနဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့က မိန်းကလေးရှင်ဘက်ကအိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကို ခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီ‌အမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လီဟုမ်ချီက ယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူရင်းနဲ့ မထင်မှတ်ပဲ လူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့ အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပါတယ် သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ညီအကို ၃ယောက်က ဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲ လီဟုမ်ချီကရော အမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ ယောက္ခထီးဖြစ်သူကြားမှာ‌ရောပတ်သက်မှုတွေရှိနေလို့ ဘယ်လိုအမှုကိုဖြေရှင်းသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင်

6.2 2021
Fight Against Evil
Give Me A Ride
6

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်ဟာသ အမောပြေဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ရွာမှာကလေးတွေစာဖတ်တတ်ဖို့အတွက် လုပ်အားပေးဆရာမ အနေနဲ့ အမေကိုအတိုက်အခံလုပ်ပြီးဆင်းသွားတဲ့ ယွီရှောင်း၊ အခွေဆိုင်လေးဖွင့်ထားပြီး အသက် (၃၂) ထိမိဘလုပ်စာထိုင်စားနေတဲ့အစ်ကိုဖြစ်သူ ယွီလျန်ရှန်း။ အမေဖြစ်သူက သမီးကိုပြန်ခေါ်လာဖို့အတွက် သားကိုမျိုးစုံခြိမ်းခြောက်တဲ့အခါ သားဖြစ်သူကယွီရှောင်းကိုရှာဖို့ခရီးစထွက်ပါတော့တယ်။ အဲ့အချိန်မှာပဲရှေးဟောင်းပစ္စည်းတွေကိုမှောင်ခိုသွင်းရောင်းချနေတဲ့ ယုခါမိန်းကလေး၊တရုတ်ပြည်မိန်းကလေးတွေကို M နိုင်ငံအထိလူကုန်ကူးရောင်းချနေရာကနေ မှောင်ခိုဂိုဏ်းကို အပြစ်လုပ်မိလို့ တရုတ်ပြည်ဘက်ထွက်ပြေးလာပြီး တရုတ်ပြည်မှာလည်း ဆက်လက်လူကုန်ကူးနေတဲ့ အစ်ကိုဟေး။ ဒီအမှုနှစ်ခုကို ရဲစခန်းမှဖြေရှင်းနေတဲ့အချိန် ယွီလျန်ရှန်းကလည်းညီမဖြစ်သူကိုရှာဖို့ ထွက်လာတဲ့အချိန် လမ်းမှာဓါးပြအဖွဲ့ ကုရှောင်မန့်ကောင်မလေးနဲ့ တွေ့ဆုံခဲ့တာပေါ့။ကုရှောင်မန့်က ယွီလျန်ရှန်းကိုသိမ်းသွင်းပြီ းလုယက်ဖို့ပြင်ဆင်ခဲ့ပေမဲ့ သူရဲ့ကြင်နာမှုကြောင့် မလုယက်နိုင်ခဲ့ဘူးဖြစ်နေခဲ့တယ်။ ဒီအချိန်မှာပဲ ထန်ခေတ်မှာတိဘက်ဘုန်းကြီးကိုင်ဆောင်ရာ ပုတီးကို မှောင်ခိုတင်သွင်းနေတဲ့ ယုခါမိန်းကလေးတို့အဖွဲ့နဲ့တွေ့နေတဲ့အချိန်မှာ ယွီရှောင်းကအစ်ကိုဟေးနဲ့တွေ့ပြီး တျောက်မျိုးနွယ်ညီအစ်ကိုနှစ်ယောက်က ထောင်ထဲကထွက်လာလို့ မိန်းမ မယူနိုင်ဖြစ်နေတာကြောင့် ယွီရှောင်းကိုအတင်းအဓမ္မလက်ထပ်ဝယ်ယူဖို့ အစ်ကိုဟေးနဲ့တွေ့ဆုံရန်ထွက်လာချိန်၊ ယွီလျန်ရှန်းကလည်းညီမဖြစ်သူရှာဖို့ထွက်လာတဲ့အချိန်၊ ကုရှောင်မန့်တို့ကလည်းလုယက်ဖို့ဂွင်ဖမ်းနေတဲ့အချိန် ဒီလိုတွေ တိုက်ဆိုင်သွားတဲ့အချိန်မှာတော့ အလွဲလွဲ အချော်ချော်များနှင့်ဟာသလေးတွေ ရောနှောပြီးတင်ဆက်ပြသထားတာကြောင့် ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်

Drama • Romance • Comedy
6 2024
Give Me A Ride
Ek Chalis Ki Last Local
7.3

Ek Chalis Ki Last Local (2007) “နောက်ဆုံးရထား” IMDb – 7.3/10 Zindagi Na Milegi Dobara (2011)မှာ လက်ပွားမင်းသားရဲ့ သူငယ်ချင်းနေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံးဇာတ်ပို့ဆုရခဲ့တဲ့ မင်းသား Abhay Deolရဲ့ ရုပ်ရှင်ကားဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကတော့ 2002ခုနစ်က အိန္ဒိယမယ်စကြဝဠာဖြစ်ခဲ့တဲ့ Neha Dhupia။ မိနစ်ပိုင်းဆိုတဲ့ အချိန်လေးတစ်ခုက လူတစ်ယောက်ရဲ့ဘ၀ကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့တာ။ တိတိကျကျပြောရရင် နီလက်ရှ်ဆိုတဲ့ ကောလ်စင်တာတစ်ခုက ရုံးဝန်ထမ်းတစ်ယောက်ရဲ့ဘ၀ကိုပေါ့။ ရထားစီးဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ကျသွားပြီး နောက်ဆုံးရထားကို လွတ်သွားခဲ့တဲ့ နီလက်ရှ်နဲ့ မာဒူ။ သူတို့နှစ်ယောက်က ရထားမရှိတော့လို့ သုံးဘီးငှားဖို့လုပ်ရင်း သိသွားရာကစ သွားလိုရာခရီး တူနေတဲ့အတွက် နှစ်ယောက်အတူငှားဖို့ကြိုးစားနေကြချိန်။ မြို့ထဲမှာ သုံးဘီးတစ်စီးဗုံးပေါက်ကွဲရာက သုံးဘီးသမားနဲ့အတူမိသားစုပါ အဖမ်းခံထားရတဲ့အတွက် သုံးဘီးသမားတွေကလည်း ခရီးသည်မပို့ဘဲ သပိတ်မှောက်နေကြချိန်။ ညနှစ်နာရီဝန်းကျင်မှာ ဘူတာကနေထွက်လာပြီး သုံးဘီးငှားဖို့ကြိုးစားကြတဲ့ သူတို့နှစ်ဦး တွေ့ကြုံရမဲ့ အရာတွေကို မြင်တွေ့ခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

War • Animation • Comedy
7.3 2007
Ek Chalis Ki Last Local
The Dangerous Lives of Altar Boys
6.9

The Dangerous Lives of Altar Boys (2002) IMDb Rating (6.9) / Rotten Tomatoes (76%) 2002ခုနှစ်က ထွက်ရှိထားတဲ့ လူငယ်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားထဲမှာဆိုရင် ပြီးရင် Autospy of Jane Doe ဇာတ်ကားထဲက မင်းသား Emile Hirsch နဲ့ The Silence of Lambs ဇာတ်ကားထဲမှ မင်းသမီး Jodie Foster တို့ ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်သလစ်ကျောင်းတတ်နေကြတဲ့ ကောင်လေးအုပ်စုဟာ ညစ်ညမ်းတဲ့ ကာတွန်းစာအုပ်တွေဆွဲတာကို ကျောင်းကမိသွားပါတယ်။ အဲ့တာကို သူတို့က ကျောင်းက စစ္စတာကို prank ပြန်လုပ်ကြမှာကို ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်းသား၊ မင်းသမီးတွေရဲ့ ငယ်ဘ၀ပုံရိပ်လေးတွေကို ဇာတ်ကားကြည့်ရင်း ပြန်လည်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.7 GB) / (970 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:45:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

TV Movie • Adventure • Horror
6.9 2002 104 mins
The Dangerous Lives of Altar Boys
Vanishing on 7th Street

လူစည်ကား ပုံမှန်လည်ပတ်နေတဲ့ မြို့လေးတမြို့မှာ တနေ့ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ။ ဘယ်သူမှ ဖော်ထုတ်လို့မရတဲ့ အကြောင်းအရာ တခုခုကြောင့် မီးတွေပျက် လူတွေ ရုတ်တရက် ထူးဆန်းစွာ ပျောက်ဆုံးသွာပါတယ်။ ကားတွေ အဝတ်တွေ ပိုင်ဆိုင်မှုတွေ စားသောက်ကုန်တွေ ဘယ်အရာမှ မပျောက်ပဲ လူတွေပဲ ပျောက်သွားတာပါ။ အသက်ရှင်ကျန်သူ လူတချို့က အလင်းမရှိတဲ့နေရာမှာ အရိပ်တွေက လူတွေကို ဖမ်းစားနေတယ်ဆိုတာ သိလာတဲ့အခါ ဘယ်လိုဆက်လုပ်ကြမလဲ။ ရှင်ကျန်သူ လူတချို့တည်းကမှ ဂျာနယ်လစ် လုခ်၊ သူနာပြု ရို့စ်မယ်ရီ၊ ၁၂ အရွယ်ကောင်‌လေး ဂျိမ်းစ်နဲ့ ရုပ်ရှင်ဆရာ ပေါလ်တို့ မီးစက်နဲ့ လည်ပတ်နေတဲ့ ဘားလေးတခုမှာ စုံကြတဲ့အခါ။ ဓါတ်ဆီကလဲ ကုန်နေပြီ၊ ဓါတ်ခဲတွေလဲ မရှိတော့ သွားယူဖို့ကလဲ မဖြစ်နိုင် အမှောင်ထုကြီးစိုး လာတဲ့ အနေထားမှာ လူတွေ ဘာလို့ ပျောက်ကုန်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ရှာမှ ရှင်သန်နိုင်ဖို့ ဖြစ်လာပါတော့တယ်။ Mystery/ Thriller အမျိုးစားဖြစ်ပြီးတော့ ဇာတ်ကားတခုလုံး ဇာတ်ရှိန် မြင့်မြင့်နဲ့ ရင်တဖိုဖိုကြည့်ချင်ရင်တော့ ဒီဇာတ်ကားက တကယ်ကို ကောင်းတဲ့ ဇာတ်ကားပါ။ Rating တွေလဲ ကောင်းတာမလို့ ကြည့်ရှုခံစားကြည့်ပါအုံးလို့ပဲ အကြံပေးလိုက်ပါတယ် ခင်ဗျာ။ File size… 1 GB, 470 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Mystery, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Dr. Zac

Drama
0 2010 92 mins
Vanishing on 7th Street
Gangers
6.3

Gangers 2025 (ရာမ်ယာလေးပျောက်ဆုံးမှု၏နောက်ကွယ်) အာဆန်ကိုတိုင်ဆိုတဲ့မြို့လေးမှာ မာလိုင်ရာဆန်နဲ့ ကိုတိုင်ရာဆန်တို့ ညီအစ်ကိုနှစ်ယောက်က တစ်မြို့လုံးကို အုပ်စိုးနေပါတယ်။ အစ်ကိုဖြစ်သူ မာလိုင်ရာဆန်ကတော့ ကျောင်းကအဖွဲ့ဝင်လိုလို လူ့အဖွဲ့အစည်းခေါင်းဆောင်လိုလိုနဲ့ လူရှေ့လူလုံးပြ ကောင်းချင်ယောင်ဆောင်ပြီး ညီဖြစ်သူ ကိုတိုင်ရာဆန်ကတော့ သတ္တုရေကုမ္ပဏီကို ဗန်းပြပြီးနောက်ကွယ်မှာ တရားမဝင်လုပ်ငန်းပေါင်းစုံလုပ်ကိုင်နေသူပေါ့။ သူတို့ဟာ တရားမဝင်လုပ်ငန်းလုပ်ရာမှာ မာလိုင်ရာဆန်ရဲ့ ကျောင်းအဖွဲ့ဝင်ဖြစ်နေတာကို အခွင့်အရေးယူပြီး ကျောင်းအတွင်းမှာ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိပါတယ်။ အာဆန်ကိုတိုင်မြို့ရဲ့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ရာမ်ယာဆိုတဲ့ကောင်မလေး ပျောက်ဆုံးသွားရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။ ရာမ်ယာပျောက်ဆုံးသွားလို့ တိုင်ချက်ဖွင့်ပေမဲ့လည်း ရဲတွေဟာ ဘယ်အမှုကိုမှ မလိုက်ဘဲ မာလိုင်ရာဆန်တို့ ညီအစ်ကိုအတွက်ပဲ အလုပ်လုပ်ခါနေနေတဲ့အတွက် ရာမ်ယာရဲ့ ဆရာမဖြစ်သူ ဆူဂျီသာက အထက် ကော်မရှင်နာရုံးကို တိုင်ချက်ဖွင့်လိုက်တဲ့အခါမှာ အထက်ကနေ အရာရှိဆာရာဗာနန်ကို ကျောင်းမှာ ကာယဆရာတစ်ယောက်အနေနဲ့ အသွင်ယူစုံစမ်းဖို့ စေလွှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ရာမ်ယာရဲ့ ပျောက်ဆုံးမှုတင်မကဘဲ အာဆန်ကိုတိုင်မြို့ရဲ့ အခြေအနေကို စုံစမ်းဖို့ရောက်လာတဲ့ အရာရှိဆာရာဗာနန်နဲ့ ဆရာမလေး ဆူဂျီသာတို့ တွေ့ဆုံကြပြီး ဒီမြို့လေးရဲ့ နောက်ကွယ်က မကောင်းမှုတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲ ……. ရာမ်ယာလေးကိုရော ပြန်ပြီး ရှာဖွေတွေ့ရှိသွားမှာလား …… ရာမ်ယာလေးပျောက်သွားတဲ့ နောက်ကွယ်က အကြောင်းပြချက်ကရော ဘာဖြစ်မလဲ ….. ဆိုတာကို ကြည့်ရှုရမဲ့ ဟာသ အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
6.3 2025 158 mins
Gangers