YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Color Rush 2 (2022)_720p.mp4

931 MB N/A video/mp4 433 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
21 Grams
7.3

Directed by Alejandro G. Iñárritu IMDb Rating - 7.7/10 21 Gramsဟာ Death Trilogyရဲ့ ဒုတိယကားပါ။ Death Trilogy ကတော့ Alejandro ရိုက်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သေခြင်းကို အခြေတည်ရိုက်ပြထားတဲ့ ဇာတ်ကား၃ကားဖြစ်ပြီး ၃ကားလုံးရဲ့စာရေးဆရာကလည်း Guillermo Arriaga ပါ။ Death Trilogyမှာ Amores perros ( 2000 ) , 21 Grams (2003) , Babel (2006) တိုပါဝင်ပြီး ၃ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့သလို ၃ကားလုံးလည်း ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုရခဲ့တဲ့ ရုပ်ရှင်တွေပါ။ Alejandro ဟာ Death Trilogyအပြင် Birdman , The Revenant , biutiful ၃ကားကိုရိုက်ကူးခဲ့ပြီး ၃ကားလုံး ရုပ်ရှင်ကောင်းတွေဖြစ်ပြီး Birdmanနဲ့ The Revenantကတော့ အော်စကာ ၄ဆုနဲ့ ၃ဆုစီ ရခဲ့ပြီး birdman ကတော့ best pictureပါ ရခဲ့ပါတယ်။ ၆ကားပဲ ရိုက်ပြီး ၆ကားလုံး မာစတာပိစ်ဖြစ်နေတဲ့ သူလို ပြောလည်း မမှားပါဘူး။ သရုပ်ဆောင်တွေကလည်း Sean Penn ,ချေဂွေဗားရားမင်းသား Benicio Del Toro , Mulholland Drive နဲ့ ကင်းကောင်မင်းသမီး Naomi Watts တိုလို နာမည်ကြီး သရုပ်ဆောင်တွေပါ။ Del Toroနဲ့ Naomiဟာ ဒီရုပ်ရှင်နဲ့ပဲ အော်စကာsupporting ဆန်ခါတင်တွေ ဝင်ခဲ့ကြပါတယ်။ Del Toroကြီးရဲ့ ပီပြင်ပုံကလည်း ရူးလောက်ပါတယ်။ ၁၉၀၇မှာ Duncan MacDougallဟာ The 21 grams experiment ဆိုတဲ့ စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ သူ့သီဝရီကတော့ လူ့ဝိညာဉ်မှာ ဒြပ်ထုအလေးချိန်ရှိပြီး အဲဒီဒြပ်ထုအလေးချိန်က ၂၁ဂရမ်ပါတဲ့။ ဒါကြောင့် လူတွေသေသွားရင် သေသေပြီးချင်းမှာ အလေးချိန်၂၁ဂရမ် ဆုံးရှုးသွားတယ်တဲ့။ ဒီရုပ်ရှင်ကတော့ အဲဒီ၂၁ဂရမ်ဆိုတဲ့ ဆုံးရှုးမှုမှာ အဆုံးအရှုးတွေ ဘယ်လောက်ပါဝင်နေလဲ။ အဲဒီ၂၁ဂရမ်ကို ဘယ်အချိန်မှာ တကယ်တမ်း ဆုံးရှုးသွားလဲ။ သေသူဆီက ဆုံးရှုးသွားတဲ့ အဲဒီ၂၁ဂရမ်ဟာ ကျန်ရစ်သူတွေဆီ ဘယ်နှဂရမ် ဘယ်နှအသည်းကွဲစာ ရောက်သွားလဲ။ အဲဒီဆုံးရှုးသွားတဲ့ ၂၁ဂရမ်မှာ စိတ်ဝိညာဉ်ပါဝင်မှု ဘယ်လောက်များလဲဆိုတဲ့ အမေးကို မေးပြီး ရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ ဒီထဲမှာ ဇာတ်ကောင်မိသားစု၃ခုပါဝင်ပါတယ်။ မတော်တဆဖြစ်သွားတဲ့မိသားစုရယ် ၊ မတော်တဆမှုတရားခံရယ် ၊ အဲဒီမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားတဲ့လူဆီက နှလုံးကိုရလိုက်တဲ့သူရယ်ပါ။ သေတော့မယ့်လူရယ် ၊ အပြစ်ရှိတဲ့သူရယ် ၊ ကျန်ရစ်သူရယ်ဆီကို သေပြီးတဲ့လူတစ်ယောက်ရဲ့ ၂၁ဂရမ်ရဲ့ လေးလံခြင်း သိပ်သည်းခြင်းတွေအကြောင်း အပြစ်ရှိစိတ်‌တွေအကြောင်း ရိုက်ထားတယ်လို ပြောလိုရပါတယ်။ ဇာတ်လမ်းရဲ့ conceptကိုက ထူးခြားနေတာကို Alejandroက Nonlinearနဲ့ပြထားပါတယ်။ စစချင်းမှာ ကြည့်တဲ့သူကို ဘယ်မိသားစုက ဘယ်သူ့မိသားစုလဲတောင် ရောအောင် ပြထားပြီး ကြာရင်တော့ ရှုပ်မနေဘဲ ဇာတ်ရည်လည်သွားပါတယ်။ ကြည့်တဲ့သူရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ တော်တော်သေသပ်တဲ့ပြသမှုပါပဲ။ သရုပ်ဆောင်တွေ တော်တော်လေး သရုပ်ဆောင်ကောင်းနေတာကလည်း ဒီဇာတ်လမ်းရဲ့ ကြည့်သူကို ဖမ်းစားနိုင်တဲ့ အဓိကအချက်တစ်ချက်ပါပဲ။ ၅ဆင့်တန်အကြွေစေ့ငါးပြားရဲ့ အလေးချိန် ငှက်ပိတုန်းတစ်ကောင်ရဲ့အလေးချိန် ချောကလက်တစ်ချောင်းရဲ့ အလေးချိန် ၂၁ဂရမ်ဟာ ဘယ်လောက်များလေးလံလဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1GB) Quality__Bluray_1080p, 720p IMDb Rating__7.7/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Drama • Romance
7.3 2003 124 mins
21 Grams
Mission: Impossible - Rogue Nation
7.2

IMDb Rating 7.4/10 ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher McQuarrie (Edge of Tomorrow) ကရိုက်ကူးထားပါတယ်။ ဇာတ်ကားအားလုံးကို Tom Cruise က တည်းဖြတ်ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာတွေကိုလည်း သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Mission Impossible က ပထမသုံးကားက ဆင်တူ ယိုးမှားဇာတ်လမ်းတွေပဲဖြစ်ပြီး၊ စတုတ္ထကား Ghost Protocol ကနေစပြီး Spy Action ကားကောင်း တစ်ကား အသွင်ဖြစ်လာပါတယ်။ ပထမသုံးကားက တစ်ကားနဲ့ တစ်ကား အဆက်အစပ်မရှိသလို သုံးကားလုံးမှာ Luther နဲ့ Hunt ကလွဲရင် ပါတဲ့ သရုပ်ဆောင်တွေ လည်း မတူပါဘူး။ ဒါပေမယ့်ဒီကားမှာ တော့ အရင် တုန်းကနဲ့ မတူပဲ Ghost Protocol အဆုံးကနေ ပြန်ဆက်ထားပါတယ်။ Ghost Protocol အဆုံးသတ်မှာ Ethan Hunt က The Syndicate ဆိုတဲ့အဖွဲ့အစည်းကို ခြေရာခံဖို့ တာဝန်ပေးခံရပါတယ်။ ဒီဇာတ်ကားအစမှာ Ethan Hunt က Nerve Gas တွေကို အကြမ်းဖက်သမားတွေ လက်ထဲမရောက်အောင် လုပ်ရင်းက The Syndicate ဆိုတဲ့အဖွဲ့အစည်း အကြောင်းကို စုံစမ်းဖို့ လုပ်ပါတယ်။ ဒီအချိန်မှာပဲ London မှာ သူ့ရဲ့ နောက်ထပ် Mission အကြောင်းအရာကို နားထောင်နေတုန်းမှာပဲ Syndicate ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း IMF အဖွဲကို ဖျက်သိမ်းလိုက်ပြီး CIA ရဲ့ လက်အောက်ကို ပေါင်းထည့်လိုက်ပါတယ်။ IMF Chief Analyst ဖြစ်တဲ့ William Brandt (Jeremy Renner) က လည်း CIA အရာရှိ Alan Hunley (Alec Baldwin) လက်အောက်ကို ရောက်သွားပါတယ်။ ဒါကြောင့် Hunt ကိုလည်းမကူညီနိုင်တော့သလို သူတို့ IMF အဖွဲ့လည်း ပျက်သွားပြီဖြစ်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ Hunt က Syndicate ရဲ့ လက်ထဲကနေ MI6 (British Intelligence) Secret Agent မလေး ရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့ပြီးနောက် Syndicate ရဲ့ အဓိက ခေါင်းဆောင် Solomon Lane ကို ရအောင် ရှာဖွေပြီး သူရဲ့ အကြံအစည်တွေ အထမမြောက်အောင် တားဆီးရမှာဖြစ်ပါတယ်။ The Syndicate ဆိုတာ British တွေ ရဲ့ Black Ops အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ အစီအစဉ်က အခြား နိုင်ငံတွေက Spy တွေကို Recruit လုပ်ပြီး Black Ops Mission တွေလုပ်ခိုင်းမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Prime Minister က အတည်မပြုပေမယ့် သူတို့ က တရားမဝင်လုပ်နေရင်းက Solomon Lane က သစ္စာဖောက်ပြီး သူ့ပါသူ ခွဲထွက်သွားတာဖြစ်ပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး James Bond ဇာတ်ကားတွေ ကြည့်ရသလိုပဲ Spy ကားဆန်ဆန် ရိုက်ကူးထားပါတယ်။ ဒါပေမယ့် James Bond ဇာတ်ကားတော်တော်များများထက်ကောင်းပြီး အက်ရှင် ကောင်းကောင်းတွေလည်းပါပါတယ်။ MI6 Agent အဖြစ် သရုပ်ဆောင်ထားတဲ့ Rebecca Ferguson က သရုပ်ဆောင်ကောင်းပြီး အက်ရှင် စတားတစ်ဦးအဖြစ်လည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ Tom Cruise နဲ့ အတူ Jeremy Renner, Simon Pegg နဲ့ Ving Rhames (Luther Stickell) တို့ကလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Spy ကားကောင်း တစ်ကား ဖြစ်တာနဲ့အညီ ဇာတ်လမ်းကလည်း ပရိတ်သတ်ကို လှည့်စား ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Rebbeca ကို ရေကူးဝတ်စုံနဲ့ တစ်ခန်းတွေ့ရပေမယ့် No Sex, No Nudity ဖြစ်လို့ မိသားစု တူတူကြည့်နိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Movies For Myanmar မှ တင်ဆက်ထားပါတယ်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:11:33 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by Ye Kyaw Htet

Action • Drama
7.2 2015 131 mins
Mission: Impossible - Rogue Nation
Taanakkaran
7.6

IMDb - 8.5/10 Disney+ Hostarကနေ သိပ်မကြာခင်မှထွက်ထားတဲ့ ရသပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတပုဒ်ပါ "အာရီဗူ...ရဲအရာရှိဆိုတာ အရမ်းတန်ဖိုးကြီးတဲ့အလုပ်ပဲ... ပြဿနာ ကြုံလာရင် သူတို့ဆီသွားလိုက်ရင်စိတ်အေးရပြီ...ဒါပေမဲ့ အဖေတို့ပြဿနာကို သေချာစစ်ဆေးပေးပြီး မျှမျှတတဖြေရှင်းပေးတဲ့ရဲ တွေ့ဖူးလား" "ဟုတ်တယ်အဖေ...သားတို့ပြဿနာတွေကို သေချာ နားထောင်ပေးပြီး တရားမျှတစွာဖြေရှင်းပေးတဲ့ ရဲမြင်ဖူးလား" "အာရီဗူ...သားကြီးလာရင် ရဲဖြစ်ပေးပါ" အာရီဗူဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဟိုးငယ်ငယ်လေးတည်းက သူ့အဖေကြောင့်ရော သူ့ကိုယ်ပိုင်ဆန္ဒကြောင့်ပါ ရဲဖြစ်ချင်ခဲ့သူပါ။ ဒီအိမ်မက်အတွက် သူ့ဘဝကိုရင်းထားခဲ့ပြီး တစ်နေ့သူဟာ ရဲအလုပ်ကို ဝင်လျှောက်ခဲ့ပါတယ်။ အရင်ဦးဆုံးတော့ ရဲဖြစ်သင်တန်း ဆင်းရတာပေါ့။ "ငါပြောသလိုလုပ် မေးခွန်းပြန်မထုတ်နဲ့ အတွန့်မတက်နဲ့" ဆိုပြီးအထက်ဖား အောက်ဖိ စနစ်နဲ့ ကျင်လည်နေတဲ့ ဒီလောကထဲမှာ အာရီဗူ တစ်ယောက် သူ့အိမ်မက်ကို ဘယ်လိုဆက်လျှောက်လှမ်းမှာလဲ။ မတရားမှုတွေကို ခေါင်းငုံ့ငြိမ်ခံ မနေတတ်တဲ့ အာရီဗူတစ်ယောက် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မှာလဲဆိုတာကို တလောင်လောင်နဲ့ ကြည့်ရမှာမလို့ အခုပဲ down ပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ် File size…2.35GB / 1.2GB Quality…1080p HQ AAC 5.1CH  / 720p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Poe & Eliza

Action • Adventure • Thriller
7.6 2022 142 mins
Taanakkaran
End of the Road
5

End of the Road ( 2022 ) Fast and Furiousကားတွေနဲ့ လူသိများတဲ့ Ludacrisရဲ့ action , thrillerကားအသစ်ပါ။ အကြွေးတွေပိနေလို့ အိမ်ရောင်းဆပ်ပြီး အဘွားအိမ်ကိုပြောင်းဖို့ နှစ်ညအိပ်သုံးရက်ခရီးရှည်ကြီးကို အိမ်စီးကားလေးနဲ့သွားကြတဲ့ မိသားစုတစ်စုရဲ့ လမ်းတစ်လျှောက်က အခက်အခဲတွေအကြောင်းပါ။ မတည့်မရှု့ဖြစ်နေတဲ့ သူတို့မိသားစုဟာ ဘုနဲ့ဘောက်နဲ့ ခရီးထွက်ကြရင်း လမ်းမှာ မိုတယ်တစ်ခုမှာ တစ်ညဝင်အိပ်ကြပါတယ်။ ဘေးခန်းက အသံတွေကြားလို့ သွားကြည့်တော့ လူတစ်ယောက်သေနတ်မှန်ထားလို့ ကယ်ဖို့လုပ်ရင်း သူထားခဲ့တဲ့ပိုက်ဆံလက်ဆွဲအိတ်လိုက်ကြီးကို တွေ့သွားကြတယ်။ ကယ်ဖို့လုပ်ကြပေမဲ့ မမီတော့ပါဘူး။ ငွေတွေယူပြီးပဲထွက်လာလိုက်ကြတယ်။ လမ်းခုလတ်ကျတော့ ငွေတွေရဲ့ပိုင်ရှင် မူးယစ်ရာဇာကြီးက သူ့ငွေတွေကိုပြန်တောင်းပါတယ်။ မူးယစ်ရာဇာကြီးက သူ့ကလေးတွေကိုပါပြန်ပေးဆွဲပြီးငွေတွေပြန်ရအောင်ကြံပါတယ်။ ဒီလိုနဲ့ အမေနဲ့ဦးလေးဟာ ကလေးနှစ်ယောက်အတွက် အဲဒီနယ်တစ်ခွင်က ဘယ်သူမှမော်မကြည့်ရဲတဲ့လူဆိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့.. File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:29:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Fantasy • Music
5 2022
End of the Road
I’m No Longer Here
7.3

I’m No Longer Here (2019) ~ IMDb – 7.3/10, Rotten Tomatoes – 98% ~ မကြာခဏ မြင်ဖူးမှာပါ… အမေရိကန်ကားတွေကြည့်တဲ့အခါမှာ ဝါကျင့်ကျင့်အရောင်နဲ့ ကိုယ်စားပြု ဖော်ပြလေ့ရှိတဲ့ ဒုစရိုက်နိုင်ငံ၊ မှောင်ခိုနိုင်ငံ၊ အဆိုးတကာ့အဆိုးတို့ရဲ့ မက္ကဆီကို။ “ ကျွန်တော်တို့… မက္ကဆီကန်လူမျိုးတွေအနေနဲ့ ရှင်သန်နေထိုင်ရတဲ့အထဲမှာ ကြေကွဲဖွယ်ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးသုံးစွဲသူလည်းဖြစ် လက်နက်တင်ပို့သူလည်းဖြစ်တဲ့ နိုင်ငံကြီးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါပဲ ” တဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ကတော့ မက္ကစီကိုရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းလေးကို မပြောခင် Cumbia လို့ခေါ်တဲ့ အကပုံစံတစ်မျိုးအကြောင်းကို အရင်ပြောပြရမယ်ထင်တယ်။ တကယ်တမ်းတော့ အဲဒီအကအမျိုးအစားဟာ ကိုလံဘီယာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော်အက (National Dance) ပေါ့။ ဒါပေမဲ့ တခြား လက်တင်အမေရိကနိုင်ငံတွေမှာပါ ခေတ်စားပြီး အခု ဇာတ်လမ်းတည်ရာ မွန်တာရေးမြို့ မြောက်ပိုင်းမှာဆိုလည်း အရမ်းခေတ်စားတဲ့အရာပေါ့။ အဲဒီအကကို ကဖို့ သီချင်းအမျိုးအစားကလည်း သက်သက်ရှိပြီး ဒါကိုပဲ နှစ်ခြိုက်မြတ်နိုးတဲ့ လူတစ်စုဟာလည်း သက်သက်ရှိကြတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့ပေါ်က တာကို (Terkos) လို့ခေါ်တဲ့ လမ်းပေါ် လူငယ်ဂိုဏ်လေးတစ်ခုရှိတယ်ပေါ့။ သူတို့ရဲ့ အဓိက ဇာတ်လိုက်ကတော့ အပေါ်က အကနဲ့ဂီတပါပဲ။ ကမ်ဘီယာ (Cumbia) သာ အက၊ ကမ်ဘီယာသာ ဂီတ၊ ကမ်ဘီယာသာ ဘဝလို့ ယူဆတဲ့ လူငယ်တစ်စုပေါ့။ သူတို့ရဲ့ နေ့ရက်တွေကို အကပွဲတွေ သွားရင်း၊ ပါတီတွေတက်ရင်း ကုန်ဆုံးရင်း သူတို့ယူဆထားတဲ့ ကမ်ဘီယာစတိုင် အဝတ်အစား၊ ဆံပင်ပုံံ စတာတွေကို အချင်းချင်း ကြွားလုံးထုတ် ဂုဏ်ယူရင်း ပျော်ရွှင်ကြတဲ့ သူတွေပေါ့။ တစ်ရက်မှာတော့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ မတော်တဆ သွားငြိမိရာကနေ ၁၇နှစ်အရွယ် ဂိုဏ်းခေါင်းဆောင် အူလိစေးစ်ဟာ သူ့မိသားစုရော သူကိုယ်တိုင်ရော အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိလာတဲ့အတွက် အမေရိကကို ထွက်ပြေးခဲ့ရပါတယ်။ အသားကျဖို့ ကြိုးစားပေမယ့် သူ့ဂိုဏ်းကော သူ့မြတ်နိုးရာ ကမ်ဘီယာယဉ်ကျေးမှုရောနဲ့ အဝေး အမေရိကမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရင်း အိမ်ပြန်နိုင်ဖို့ကိုပဲ တမ်းတရင်းနေရှာသတဲ့။ အမေရိကန်တွေထင်နေသလိုမျိုး အားလုံးက အမေရိကန်အိပ်မက် (American Dream) ရှိကြတာမှမဟုတ်ဘဲ။ ဂိုဏ်းခေါင်းဆောင်လေးရဲ့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အမေရိကန်နေ့စွဲများပေါ့။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာလည်း ဒီကားအတွက် သရုပ်ဆောင်ရွေးတုန်းက ဗီဒီယိုလေးတွေကို Credit Scenes အဖြစ် ထည့်သွင်းပေးထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 895MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.3 2019 112 mins
I’m No Longer Here
Liquor Store Dreams
7.9

Liquor Store Dreams (2022) ===================== ၁၉၉၂ ဧပရယ်တစ်ရက်မှာ ရဲအရာရှိလေးယောက်ဟာ Rodney King ဆိုတဲ့လူမည်းတစ်ယောက်ကိုအကြမ်းဖက် ဖမ်းဆီးရုံမကပြင်းပြင်းထန် ထန် ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကိုအနားမှာရှိတဲ့ လူတစ်ယောက်က ဗီဒီယိုရိုက်ထားပြီး ဖြန့်ဝေရာက သတင်းမီဒီယာတွေ မှာ ပွက်လောရိုက်ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရဲလေးယောက် ကို တရားရုံးကတရားသေလွှတ်ပေးလိုက်ချိန်မှာတော့ လူထုရဲ့မကျေနပ် မှုဟာအုံကြွလာခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်ကိုထပ်ပြီးမီးမွှေးပေးလိုက်တာကတော့ Latasha Harlins ဆိုတဲ့ဆယ်ကျော်သက်မိန်းမငယ်တစ်ယောက်ကို ကိုရီးယားစတိုးဆိုင်ရှင် တစ်ယောက်က အအေးတစ်ဘူးခိုးတယ်လို့စွပ်စွဲပြီး သေနတ်နဲ့ပစ်သတ် လိုက်တဲ့အဖြစ်အပျက်ပါ။ အဲ့ဒီဖြစ်ရပ်နှစ်ခုနောက်ပိုင်းမှာ 1992 Los Angeles riots လို့သိကြတဲ့ဆူပူအုံကြွမှုဖြစ်ပေါ်လာခဲ့ပြီးမဆိုင်တဲ့သူတွေ အတွက်ပါ ဂယက်ရိုက်ခဲ့တဲ့ဖြစ်ရပ်ဆိုးတွေဖြစ်ပေါ်သွားခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အဲ့ဒီဖြစ်ရပ်တွေကြားက ကိုရီးယားယမကာ စတိုးပိုင်ရှင်တွေရဲ့ဘဝ၊ သူတို့မျိုးဆက်တွေနဲ့ အသိုင်းအဝိုင်းတွေအထိ ဘာတွေရင်ဆိုင်တွေ့ကြုံခဲ့ရလဲ၊ ဘယ်လိုသက်ရောက်မှုတွေရှိခဲ့လဲဆိုတာ တွေတင်မကပဲ မျိုးဆက်နှစ်ခုကြားက အတွေးအခေါ်အယူအဆကွာခြား ချက်တွေ၊ လူငယ်တွေရဲ့ပြောင်းလဲလာတဲ့အတွေးအမြင်တွေနဲ့ ကိုရီးယား- လူမည်း နှစ်ဘက်အသိုင်းအဝိုင်းကြားက အာဃာတတွေ ဘယ်လိုသင်ပုန်း ချေပြေလည်ကြမလဲ အစရှိတာတွေကို မျက်မှောက်ခေတ် George Floyd ဖြစ်ရပ်အထိချိတ်ဆက်တင်ပြထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias မှဖြစ်ပါတယ်) File Size……….(2.15 GB) / (665 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator…….Alias Encoder……….SWM

7.9 2022
Liquor Store Dreams
Silent Duel
5.9

ဒီတစ်ခေါက်တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ… မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် ချန်ကျယ်က မူးယစ်ဆေးရောင်းဝယ်သူတွေကို လိုက်လံ ဖမ်းဆီးချိန်မှာ HIV ပိုးရှိတယ်လို့ ထင်ရတဲ့ လောင်မောင်းဆိုသူရဲ့ ကိုက်တာကိုခံခဲ့ရပါတယ်… သို့ပေမယ့် သူရဲ့ ဆေးစစ်မှုရလာဒ်ထွက်မလာခင် စောင့်ဆိုင်းရက် သုံးလအတွင်းမှာ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ မူးယစ်ဆေး ရောင်းဝယ်သူတွေ ကြိုးစားဖမ်းဆီးခဲ့ပါတယ်.. တစ်ဖက်မှာလည်း စိတ်ဓာတ်ကျမသွားအောင်မိသားစုဝင် ချစ်သူ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ဖေးမမှုတွေကို မြင်တွေ့ရမယ့်အပြင်… HIV သံသယရှိသူ ဖြစ်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသူတွေကို အဆုံးထိ ဘယ်လိုနှိမ်နှင်းသွားခဲ့လဲ…. သူ့ရဲ့ နောက်ဆုံး ဆေးစစ်ချက်ရလာဒ်ကရောဘယ်လိုမျိုး အဖြေထွက်လာခဲ့လဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်…

5.9 2023
Silent Duel
Beach Rats
6.4

Beach Rats (2017) ==================== အသက်၁၉နှစ်ရှိပြီဖြစ်တဲ့ ဖရန်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာ ဘရွတ်ကလင်မြို့စွန်လေးမှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အဖေဟာ ကင်ဆာရောဂါနဲ့ အိပ်ရာပေါ်သေလုဆဲဆဲ လဲနေခဲ့တာကြောင့် သူဟာ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါး ဆေးကွဲပြီး အိမ်ကစိတ်ရှုပ်စရာတွေကို စိတ်ထွက်ပေါက်ပေးလေ့ရှိတဲ့သူပါ။ ဒါပေမယ့် ညဘက်တွေမှာတော့ လိုင်းပေါ်က၀က်ဘ်ဆိုဒ်တွေမှာ အသက်ကြီးကြီးယောက်ျားတွေကို ရှာကြည့်ပြီး စကားပြောတာ၊ ချိန်းတွေ့တာတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့လိင်စိတ်ခံယူချက်ကို သူကိုယ်တိုင်လက်မခံနိုင်တာကြောင့် ဒီလိုတွေလုပ်နေတာကို သူငယ်ချင်းတွေကအစ မသိခဲ့ကြပါဘူး။ ဒါတင်မက မီးရှုးပွဲမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ တွဲလိုက်ပါသေးတယ်။ ဒီဇာတ်ကားဟာ ‌ဆေးစွဲပြီး လိင်စိတ်ခံယူချက်မပြတ်သားတဲ့ လူငယ်တစ်ယောက်၊ ဘော်ဒါတွေကြားမှာ၊ ရည်းစားရဲ့အနားမှာ သူ့ပြဿနာတွေကို တစ်ကိုယ်ရည်ဖြေရှင်းဖို့ ကြိုးစားနေတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါး အနားယူရင်း ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းပေးလိုက်ပါတယ်။ မတော်တရော်လေးတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ File size… 2 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

6.4 2017 99 mins
Beach Rats
Chloe and Theo
5.8

Chloe and Theo (2015) ================ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းကရေခဲတောင်တွေအရည်ပျော်ကျ လာမှုနဲ့အတူ အဲ့ဒီဘက်ပိုင်းမှာနေထိုင်တဲ့ အက်စကီးမိုးတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်စပြုလာတဲ့နောက် သူတို့ဆီက အကြီးအကဲတွေဟာ သူတို့ထဲကမှ လူရည်လည်၊အင်္ဂလိပ်စကားတတ်တဲ့ သီယိုကို ရွေးချယ်ပြီး သူတို့ပြောချင်တဲ့ သတင်းစကားပါးဖို့အတွက် နယူးယောက်မြို့ကိုစေလွှတ်ခဲ့ပါတယ်။ မြို့တော်ကြီးမှာ သီယိုတစ်ယောက်တည်းယောင်ချာချာဖြစ်နေတုန်း ကလိုဝီ ဆိုတဲ့ အိမ်ခြေယာမဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနောက် ကလိုဝီရဲ့ အတူနေမိတ်ဆွေတွေရဲ့ ကူညီမှု အားပေးမှုတွေနဲ့ ဝင်ရိုးစွန်းက အမှာစကားကို ကမ္ဘာကုလသမဂ္ဂနဲ့တကွ လူအများဆီကိုသတင်းပါးဖို့ အားထုတ်ကြပုံတွေကို ရှုမြင်ရမှာဖြစ်ပါတယ်။ ကလိုဝီအဖြစ် Dakota Johnson နဲ့ သီယိုအဖြစ်ပါဝင်ထားသူကတော့ ပြင်ပ မှာလည်း ရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး လူတွေ awareness ရအောင် လုပ်ဆောင်နေတဲ့ Theo Ikummaq ကိုယ်တိုင်ပါပဲ။ ဒီရုပ်ရှင်ဟာလည်း သူ့ကြိုး စားမှုတွေ အားထုတ်မှုတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1 GB) / (413 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator……Alias Encoder……….SWM

5.8 2015
Chloe and Theo
The Shortcut

၁၉၄၅ ၀န်းကျင် ဆယ်ကျော်သက်စုံတွဲတစ်တွဲဖြစ်တဲ့ ဒေါ်ဂီနဲ့အိုင်ရင်းန်တို့ဟာ homecoming dance ကနေ အပြန်တောအုပ်တစ်ခုကို ဖြတ်သန်းသွားရတဲ့ဖြတ်လမ်းတစ်ခုကနေ ဖြတ်ပြန်ခဲ့ပါတယ်။ လူရှင်းတဲ့တောထဲမှာ ဒေါ်ဂီကနမ်းရာကနေ တစ်ဆင့်တက်ဖို့ကြိုးစားချိန်မှာ အိုင်းရင်းက လက်မခံတဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း ဒေါ်ဂီက သူ့ကိုတစ်ယောက်တည်းထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာ အနားကိုကလေးလေးတစ်ယောက်ရောက်လာတဲ့အတွက် အိုင်းရင်းက အားကိုးတကြီးအကူအညီတောင်းခဲ့ပေမယ့် အဲ့ဒီကလေးဟာ သူ့မျက်နှာတည့်တည့်ကိုလေးခွနဲ့ပစ်သတ်ပါတော့တယ်။ လက်ရှိခေတ်ကာလမှာတော့ ဒဲရက်ခ်တို့ညီအစ်ကိုဟာ မြို့ငယ်တစ်မြို့ကိုအခုမှပြောင်းရွှေ့လာတာဖြစ်တဲ့အတွက် ကျောင်း၊ ပတ်ဝန်းကျင် အသစ်နဲ့နေသားကျဖို့ကြိုးစားနေဆဲကာလဖြစ်ပါတယ်။တစ်နေ့တော့ ဒဲရက်ခ်ညီတိုဘီကို ကျောင်းက ရွယ်တူချင်း ချောက်ချလိုက်တဲ့အတွက် တိုဘီလေး ဖြတ်လမ်းတစ်ခုကဖြတ်ပြန်တဲ့အချိန်မှာ တောအုပ်ထဲမှာ ခုတ်သတ်ခံထားရတဲ့ ခွေးသေတစ်ကောင်ကို တွေ့ရှိခဲ့သလို အဘိုးကြီးတစ်ယောက်က ခြောက်လှန့်လိုက်တဲ့အတွက် ထွက်ပြေးခဲ့ရပါတယ်။ ဒီအကြောင်းကို ဒဲရတ်ခ်ပြန်သိချိန်မှာ အဲ့ဒီဖြတ်လမ်းအကြောင်းကိုစုံစမ်းရင်း မြို့ခံလူတွေပြောကြတဲ့ ကြောက်စရာဇာတ်လမ်းတွေကိုသိလာရပါတော့တယ်။ သူတို့အတန်းဖော် တေလာကလည်း ခွေးပျောက်ထားတာ ရှိတဲ့အတွက် အဲ့ဒီဖြတ်လမ်းနဲ့အဲ့ဒီထဲကနေထိုင်သူတွေကို သွားပြီးအကဲခတ်မယ့်အချိန်မှာ တစ်ခြားသူငယ်ချင်းတွေပါ ဝင်ပါလာရာကနေ သူတို့အုပ်စုကြမ္မာဆိုးတွေဆီကို တည့်တည့်ဝင်တိုးမိဖို့ဖြစ်လာပါတော့တယ်။ Rated R ဖြစ်သင့်တဲ့ ကားကို pg-13 ယူထားလို့ တစ်ချို့အခန်းတွေနည်းနည်းပေါ့နေတာထက်စာရင် ဇာတ်လမ်းကောင်းလှည့်ကွက်ကောင်း၊ suspense လည်းဖြစ်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ File size…(1.3 GB)/(711 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre…Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Action • Comedy • Romance
0 2009
The Shortcut
Making Family
7

Making Family (2016) ************************ 2000 ပြည့်နှစ်တွေက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂင်ဟာနူး ခေါင်းဆောင်ပါဝင်ထားတဲ့ တရုတ်-ကိုရီးယား မိသားစုဇာတ်လမ်း‌လေး။ ကိုယ့်ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ယောက်ျားဖြစ်သူ သေဆုံးသွားတဲ့အချိန်မှာ မှတ်တမ်းရုပ်ရှင် ပရိုဂျူဆာ ဂန်မီယွန်းဟာ အမည်မသိ သုတ်ပိုးအလှူရှင်တစ်ဦးထံမှ သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့တယ်။ ဒီလိုနဲ့ သူမရဲ့ မိသားစုကမ္ဘာလေးဟာ ဉာဏ်ပြေးတဲ့ သူမသားလေး ဂိုထယ်ဘုံးကြောင့် အနည်းငယ်ပြန်လည် နွေးထွေးလာခဲ့တော့တယ်။ ဒါပေမဲ့ သူမ မထင်ခဲ့တာက ထယ်ဘုံးလေးဟာ အရွယ်လေးမဆိုစလောက် ရောက်လာတဲ့အချိန်မှာ ဖခင်အရင်းကို ရှာတော့တာကိုပဲ။ အရွယ်နဲ့မလိုက်အောင် ဉာဏ်ကောင်းသူဖြစ်တဲ့အလျောက် ထယ်ဘုံးဟာ ရေခြားမြေခြားက ဖခင်အစစ်ကို ရအောင်ရှာဖွေနိုင်ခဲ့ပြီး ထိုသူနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အချိန်မှာ… ဘာသာစကားမတူပေမဲ့ မိသားစုဆိုတာ နေရာတိုင်းမှာ တန်ဖိုးရှိကြောင်း ရင်နင့်ကြည်နူးဖွယ်ကောင်းအောင် ဖော်ကျူးထားတဲ့အပြင် ကိုရီးယားနဲ့ တရုတ် မင်းသား၊ မင်းသမီးတွေရဲ့ အင်အားကိုလည်း ပြသထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါ့အပြင် လူကြီးသရုပ်ဆောင်တွေသာမက ကလေးသရုပ်ဆောင် ထယ်ဘုံး‌လေးရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရသူတွေ ခံစားချက်မျိုးစုံကို ခံစားရစေမယ်လို့ အာမခံတာမို့ ပေါ့ပါးမှုရော၊ လေးနက်မှုရော တစ်ပြိုင်တည်းခံစားချင်တဲ့ ပရိသတ်တွေ အထူးကြည့်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Esth မှ ရေးသားပေးထားပါတယ်။) File size…2.21GB / 960MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Comedy, Romance, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Esth

7 2016
Making Family
The Bar El Bar
6.3

The Bar (Aka) El Bar (2017) IMDb Rating (6.3) / Rotten Tomatoes (100 %) RT 100% Rating ရရှိထားတဲ့ ဒီစပိန်ကားက တကယ်ကို သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားရမယ့် Underrated ရုပ်ရှင်ကားတကားပါပဲ။ အေးချမ်းတဲ့ သာမန်နေ့ရက်တစ်ရက်မှာ စားသောက်ဆိုင်ဘားတခုထဲ‌မှာ လူတစ်စုက အေးအေးချမ်းချမ်း ရှိနေချိန် ကံကြမ္မာဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါကတော့ ဆိုင်အပြင်ဘက်ကို ထွက်သွားတဲ့ လူနှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဆိုသလို စနှိုက်ပါသေနတ်နဲ့ပစ်သတ်ခံလိုက်ရတာကို ဘားထဲက လူအားလုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်… အပြင်ဖက်ကလူတွေအားလုံးလဲ ထွက်ပြေးပျောက်ကွယ်ကုန်ပြီး ဖုန်းလိုင်းတွေပါဆက်မရဖြစ်သွားပါတော့တယ်။ စနှိုက်ပါသေနတ်သမားရှိနေတာကြောင့် ဘယ်သူမှ ဆိုင်အပြင်မထွက်ရဲတော့ချိန်မှာပဲ ထူးဆန်းစွာ ဆိုင်အပြင်ဖက်က အလောင်း၂လောင်းကပါ ထပ်မံပျောက်ဆုံးသွားတဲ့အခါမှာတော့….။ ဘာမဟုတ်တဲ့မနက်ခင်းလေးကနေ သေရေးရှင်ရေးထိ ဆွဲခေါ်ခံသွားရမယ့် ဒီရုပ်ရှင်ကားက အသည်းတယားယားအခန်းတွေနဲ့ ပဟေဠိတွေကို ထိုင်အဖြေရှာရမှာပါ။

Crime • Drama • Thriller
6.3 2017 102 mins
The Bar El Bar
Love Therapy
5.8

ဒီဇာတ်လမ်လေးတော့ အိမ်ထောင်ရေးအကြောင်းကိုဟာသDrama အဖြစ်နဲ့ ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်.. မာတင်နဲ့ ဒါရာတို့ဟာ အိမ်ထောင်ကျခါစမှာတော့ ချစ်ခင်ခင်နဲ့ အစစအရာရာ အဆင်ပြေသာယာနေခဲ့ပါတယ်.. ဒီလိုနဲ့ အိမ်ထောင်သက် ၁၀နှစ်လောက်ကိုရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့ ဆက်ဆံရေးအခြေနေတွေက ညားခါစကလိုမျိုး မဟုတ်တော့ပါဘူး. အိမ်ထောင်ရေးဖောက်ပြန်တာမျိုး တခြားပြဿနာမျိုးတွေရှိနေတာမျိုး မဟုတ်ဘဲပုံမှန်ဆက်ဆံရေးမှာဆိုရင် နွေးနွေးထွေးထွေးနဲ့ အဆင်ပြေနေပေမဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လက်ထပ်ပြီးခါစကလိုမျိုး စိတ်အားထက်သန်မှုတွေမရှိတော့ဘဲနဲ့ တစ်ယောက်အပေါ်တစ်‌ယောက် တပ်မက်မှုမရှိတော့သလို ဖြစ်လာကြတာပါ. ဒါကြောင့်မို့ တစ်အိမ်တည်းနေပြီး အတူတူအိပ်ကြတဲ့ လင်မယားဖြစ်ပေမဲ့လိင်မဆက်ဆံဖြစ်ကြတာ လနဲ့ချီအောင် ကြာလာကြပါတယ်. လိင်ဆက်ဆံတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့လူတော်တော်များများက လက်ခံယူဆထားကြတာပါ.. ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားလာရတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်ပြန်ပြီးတော့ လိုချင်တပ်မက်စိတ်ရှိလာအောင် မျှားနတ်မောင်ဆေးခန်းဆိုတဲ့ စုံတွဲတွေ ပြန်အဆင်ပြေအောင် လုပ်ပေးတဲ့ဆေးခန်းတစ်ခုဆီကို သွားခဲ့ကြပါတယ်.. အပြန်အလှန် ငြီးငွေ့သလိုမျိုး ဖြစ်လာကြတဲ့ မာတင်နဲ့ ဒါရာတို့ စုံတွဲအနေနဲ့အဲဒီဆေးခန်းနဲ့ အတွေ့မှာ အဆင်ပြေသွားကြမလား …. ဆေးခန်းဘက်ကရောသူတို့ကို ဘယ်လိုဝန်ဆောင်မှုမျိုးတွေ လုပ်ပေးမလဲဆိုတာကိုဟာသနှောပြီးတော့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်.. အရမ်းကို ရယ်မောရမဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့်မို့ဟာသရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်.. File Size… (1.23 GB) / ( 702 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 37m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by okka

5.8 2025 97 mins
Love Therapy