YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Cold Eyes (Gam-Si-Ja-Deul) [2013] (MM Sub).mp4

900.76 MB 720p video/mp4 3556 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
White Boy Rick
6.3

White Boy ဆိုတဲ့အသံကြားလိုက်တာနဲ့ အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက ဇာတ်လိုက်ဖြစ်သူ Rick ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။ Rick ဆိုတာက Richard Wershe Jr. လို့ခေါ်တဲ့ ၁၄ နှစ်သားကောင်လေးတစ်ယောက်။ မိဘဖြစ်သူတွေက တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက် အဖေ့စောင့်ရှောက်မှုအောက်မှာ အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။ သူတို့နေထိုင်တဲ့နေရာက Detroit လို့ခေါ်တဲ့ နယ်စပ်မြို့၊ လူမည်းအများစုနေထိုင်ပြီး ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။ Rick Jr. ရဲ့အဖေဖြစ်သူက လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့် ဗီဒီယိုစတိုးလေးဖွင့်ပြီး မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။ တစ်ရက်မှာ Rick Jr. တစ်ယောက် သူ့အဖေသေနတ်ပြပွဲကနေ အောက်ကြေးနှိုက်လာတဲ့ AK47 နှစ်လက်ကို Johnny လို့ခေါ်တဲ့ လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး ဘော်ဒါတွေဖြစ်သွားကြတယ်။ Johnny တို့အဖွဲ့က အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက် သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့ Rick Jr. တစ်ယောက် White Boy Rick ဆိုတဲ့ နာမည်ပြောင်ရပြီး အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။ အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့ Rick Jr. ရဲ့အဖေ လိုင်စင်မရှိပဲ Silencer ( သေနတ်နဲ့တွဲသုံးတဲ့ အသံတိတ်ပြောင်း ) ထုတ်လုပ်ရောင်းချပါတယ်ဆိုပြီး ပြဿနာတက်တယ်။ ဒါတင်မကသေးဘူး ပစ်ခတ်မှုတစ်ခုမှာသုံးတဲ့သေနတ်က သူသေနတ်အရောင်းပြပွဲတုန်းက ဝယ်သွားတဲ့သေနတ်ဖြစ်နေတယ်ဆိုတဲ့ ပြဿနာပါထက်တက်ရော။ ဒါပေမယ့် မူးယစ်ဆေးဝါးဖြန့်ချိမှုကြီးတွေကိုသာ နှိမ်နှင်းချင်တာကြောင့် သူတို့အတွက် Informant ( သတင်းပေး ) လုပ်ပေးမယ်ဆိုရင် အဖေဖြစ်သူရဲ့အမှုတွေကိုလျှော်ပေးမယ်ဆိုပြီး FBI အေးဂျင့်တွေက Rick Jr. ကိုညှိတယ်ပေါ့ဗျာ။ အဲဒီမှာပဲ ၁၄နှစ်သား Rick Jr. တစ်ယောက် ဒုစရိုက်ဂိုဏ်းဝင်အဖြစ်ကနေ ရဲဘက်သတင်းပေးဘဝကိုရောက်သွားပြီး အဖေဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရတော့တယ်။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင် Rick Wershe Jr. အဖြစ် တက်သစ်စမင်းသား Richie Merritt အဖြစ်သရုပ်ဆောင်ထားပြီး အဖေဖြစ်သူရဲ့နေရာမှာ မင်းသားကြီး Matthew McConaughey ကပါဝင်သရုပ်ဆောင်ထားပါတယ်။ Sony ကဖြန့်ချိပြီး ဒါရိုက်တာ Yann Demange ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဟာ 1980 ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့တကယ့်အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတဲ့ Biological, Crime, Drama အမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်တာကြောင့် Crime Drama ရုပ်ရှင်တွေကိုကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ရုပ်ရှင်တစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပါ) File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Myo Thant Kyaw Encoded by Thanhtike Zaw

Comedy
6.3 2018 111 mins
White Boy Rick
The Good Liar
6.7

လူလိမ်အဘိုးကြီးတစ်ယောက်ဖြစ်တဲ့ Roy Courtney က သူ့ရဲ့နောက်ဆုံးပစ်မှတ်အနေနဲ့ သန်းချီချမ်းသာတဲ့ ပူပူနွေးနွေးမုဆိုးမ Betty McLeish ဆီကို ချဉ်းကပ်လာခဲ့ပါတယ်။ အရမ်းပီရိတဲ့ လူလိမ်အဘိုးကြီးက အဘွားကြီးဆီက သန်းချီတဲ့ ပိုက်ဆံတွေကို ဘယ်လိုနည်းတွေနဲ့ လိမ်လည်ယူမလဲ။ အဘိုးကြီးရဲ့ အတိတ်ကပြစ်မှုတွေက ဘယ်လိုတွေ လာအနှောင့်အယှက်ဖြစ်နေမလဲ။ နောက်ဆုံးမှာ သန်းချီတဲ့ပိုက်ဆံတွေကို အဘွားကြီးဆီက လိမ်လို့ရသွားမလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ မထင်ထားတဲ့လှည့်ကွက်ပေါင်းများစွာပါတဲ့အတွက် အညွှန်းအရှည်ကြီးရေးရင် spoiler ဖြစ်မှာစိုးလို့ တိုတိုနဲ့ လိုရင်းပဲ ညွှန်းလိုက်ပါတယ်။ File Size : ( 1 GB , 330 MB ) Quality : BluRay 720p Running Time : 1 hr 49min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encoded by Moe Myint Lwin

Action & Adventure • Drama
6.7 2019 109 mins
The Good Liar
L’uomo sulla strada
6.2

L’uomo sulla strada (2022) ~ IMDb rating – 6.2/10 ~ ဒီကားက‌တော့ 2022 ကထွက်ရှိထားတဲ့ အီတလီ သည်းထိတ်ရင်ဖို အချစ်ကား​တစ်ကားပါ။ အသက်ရှစ်နှစ်အရွယ်တုန်းက အီရန်နာတစ်​ယောက် အ​ဖေနဲ့ ကစား​နေတုန်း မျက်စိ​ရှေ့မှာတင် သူ့အဖေ ကားနဲ့တိုက်ခံလိုက်ရတာကို ​တွေ့ကြုံလိုက်ရပါတယ်။ အမှုရဲ့တစ်ခုတည်း​သော မျက်မြင်သက်​သေ ဖြစ်တဲ့ အီရန်နာတစ်​ယောက် တရားခံဖြစ်သူရဲ့ မျက်နှာကို မမှတ်မိလို့ အမှုမှန်မ​ပေါ်​ပေါက်ခဲ့တာကို အရွယ်​ရောက်ခါတဲ့အထိ စိတ်ထဲတာဝန်မကင်းဖြစ်​နေခဲ့ရပါတယ်။ အဲဒီစိတ်​ကြောင့်ပဲ ​ကျောင်းမှာ အဆင်မ​ပြေဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ် ဝင်လုပ်ပါ​တော့တယ်။ တစ်ဖက်မှာလည်း တစ်ရက် သူငယ်ချင်း​တွေနဲ့ ​​သောက်စား​ပျော်ပါးပြီးအပြန် ​ကောင်မ​လေးတစ်​ယောက်ကို ဖွန်​ကြောင်ဖို့ကြိုးစားရင်း မထင်မှတ်ပဲ အီရန်နာ့အ​ဖေကို သတ်မိသွားတဲ့ မီခဲတစ်​ယောက် ​နောင်တ​တွေများစွာနဲ့ အ​ဖေ့စက်ရုံမှာ လုပ်​နေရင်း တစ်​နေ့ အီရန်နာ စက်ရုံကို​ရောက်လာတဲ့အခါ မီခဲတစ်​ယောက် ဘယ်လို​တွေတုံ့ပြန်ခဲ့လဲ… တုံ့ပြန်ရာကနေ အချစ်ဆိုတဲ့ခံစားချက်​တွေ​ ဘယ်လို ပြောင်းလဲသွားလဲ… ဆိုတာ​တွေကို ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​ကောင်း​​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 875MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 50Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.2 2022
L’uomo sulla strada
Róise & Frank
6.6

Róise & Frank (2022) ================ IMDb Rating – 6.6/10 ဒီကားလေးကတော့ အိုင်ယာလန်ရဲ့ နိုင်ငံအားကစားနည်းတစ်ခုဖြစ်တဲ့ ဟာလင်းဆိုတဲ့ ကစားနည်းလေးနဲ့၊ ခွေးလေးတစ်ကောင်ရယ် သူ့ရဲ့ ပိုင် ရှင်မိသားစုလေးရယ်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဟာလင်းဆိုတာ က တင်းနစ်ဘောလုံးအရွယ်အစားဘောလုံးကို ရိုက်တံနဲ့ ဟိုဘက်ဒီဘက် ၁၅ယောက်စီ ဂိုးသွင်းအမှတ်ယူရတဲ့ ကစားနည်းပါ။ အိုင်ယာလန်မှာ တော့ နိုင်ငံအားကစားနည်းတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ အရင်က ကြည့်ဖူးတဲ့ တိရစ္ဆာန်ကားတွေလိုပဲ ခွေးလေးက ဟာလင်းမှာ ပါရမီပါတဲ့ ကောင်လေးနဲ့အတူတူ ပွဲကစားတာမျိုးပါပဲ။ ထူးခြားတာက ခွေးလေးဖရန့်နဲ့ပိုင်ရှင်ဖြစ်သူ ရို့စ်စီကြားက ဆက်ဆံရေးပဲဖြစ်ပါတယ်။ ဖရန့်နဲ့ ရို့စ်စီကြားက ဆက်ဆံရေးကဘယ်လိုမျိုးထူးခြားနေလဲ၊ ဖရန့်နဲ့ ကောင်လေးတို့ ဘယ်လိုမျိုး ဟာလင်းဆော့ကြမလဲ၊ ဘယ်လိုအခက် အခဲတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.25 GB) / (535 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thetti Tun Encoder……….SWM

Comedy • Science Fiction • Romance
6.6 2022 88 mins
Róise & Frank
Christmas Island
7

ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားလေးဖြစ်တဲ့ Christmas Island ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ကိတ်ဂါဘရီယယ်ဆိုတဲ့ လေယာဉ်မှူးမလေးတစ်ယောက် သူဌေးမိသားစု​ဖြစ်တဲ့ ရှာ့ဘ်မိသားစုရဲ့ အားလပ်ရက်ခရီးကို တာဝန်ယူပို့ဆောင်ပေးရတဲ့အချိန်မှာအတ္တလန်တစ်သမုဒ္ဒရာမှာ မုန်တိုင်းပြင်းထန်စွာတိုက်ခတ်နေတာကြောင့် ဘယ်လိုမှ ပျံသန်းလို့မရဘဲ နီးစပ်ရာနေရာကို အရေးပေါ်ဆင်းသက်ရပါ​တော့တယ်။ ဆင်းသက်လိုက်တဲ့မြို့နာမည်က ခရစ္စမတ်ကျွန်းတဲ့ ခရစ္စမတ်ကျွန်းမှာ ရှိနေတဲ့အချိန်မှာ မြို့တော်ဝန်တို့အိမ်မှာတည်းခိုရပြီး အဲ့မှာနေရင်း ခရစ္စမတ်ကျွန်းမှာရှိတဲ့ ခရစ္စမတ်ကာလအတွက်ပြင်ဆင်ထားတဲ့အပြင်အဆင်တွေ အခမ်းအနားတွေကို တက်ရောက်ရင်း အဲ့မှာနေရင်း အဲ့ကမိသားစုနဲ့လည်း ခင်မင်ရင်းနှီးအသားကျသွားပါတယ် မြို့တော်ဝန်ရဲ့မောင်ဖြစ်သူ အိုလီဗာနဲ့ကိတ်ဟာလည်း ရက်တိုတိုအတွင်းမှာပဲ အနေနီးပြီး ရင်ခုန်သံတွေနိုးကြားလာတဲ့အခါ… ဒီဇာတ်ကားလေးဟာ ခရစ္စမတ်အားလပ်ရက်မိသားစုခရီးစဥ်အကြောင်းကိုပျော်ပျော်ပါးပါးရိုက်ကူးထားတာမလို့ အိမ်ကမိသားစုတွေနဲ့အတူ အပျင်းပြေကြည့်လို့ကောင်းမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်….. File size…(1.6 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7 2023
Christmas Island
Shivrayancha Chhava
7

Shivrayancha Chhava (2024)”ဧကရာဇ်ဆမ်ဘာဂျီ” ======================================= ရုံတင်စဉ်က ဒုတိယဝင်ငွေအကောင်းဆုံး မာရသီစကားပြောရုပ်ရှင်ဖြစ်ခဲ့တဲ့ ဒီသမိုင်းနောက်ခံရုပ်ရှင်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် မာရသာအင်ပါယာကို တည်ထောင်ခဲ့တဲ့ မင်းကြီးရှီဗာဂျီရဲ့အကြီးဆုံးသား မင်းကြီး ဆမ်ဘာဂျီရဲ့ဘဝကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ မင်းကြီးရှီဗာဂျီ နတ်ရွာစံသွားတဲ့အတွက် မာရသာအင်ပါယာပြိုကွဲပြီလို့ထင်နေတဲ့ မိုဂူလ်ဧကရာဇ် အာရန်ဇက်ဟာ ဘူဟန်ပူရ်မြို့ကို အိန္ဒိယတောင်ပိုင်းရဲ့ မြို့တော်အဖြစ်ပြောင်းလဲဖို့ သူ့ရဲ့တပ်မှူး ဗဟာဒူးရ်ကို တာဝန်ပေးခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ တပ်မှူးဗဟာဒူးရ်ဟာ ဘူဟန်ပူရ်မြို့ကို မတရားသဖြင့်အုပ်ချုပ်နေတဲ့အတွက် အသက်ငယ်ရွယ်ပေမဲ့ ပညာဉာဏ်ပြည့်ဝတဲ့ မင်းကြီးဆမ်ဘာဂျီက ဗဟာဒူးရ်လက်ထဲကနေ ဘူဟန်ပူရ်မြို့ကို ကယ်တင်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်ထဲမှာ အဓိကမြင်တွေ့ရမှာ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7 2024 145 mins
Shivrayancha Chhava
Ghost World
7.3

Ghost World (2001) ~ IMDb – 7.3/10, RT – 93%, Meta – 90% ~ Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ နာမည်ကြီးသွားတာတို့ပေါ့။ ဒီရုပ်ရှင်မှာက ကျောင်းသားပြဿနာတွေကိုကျော်ပြီး အထက်တန်းပြီးပြီးချင်း ဘဝကြီးထဲရောက်လာတဲ့ ကောင်မလေး ၂ ယောက်ရဲ့ ရှုထောင့်တွေကိုပြောထားတယ်။ ဒဿနပိုင်းအရလည်း တော်တော်ကိုပြည့်ဝတဲ့ Coming-of-Age ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ လူငယ်ဘဝကိုဖြတ်သန်းဖူးတဲ့လူတိုင်း ကြုံခဲ့ရမယ့် -ism တွေပေါ့။ ဒါကို ဟာသဆန်ဆန် ပြောပြသွားတာ လက်ဖျားခါဖို့ကောင်းတယ်။ ဒီရုပ်ရှင်က ရုပ်ပြစာအုပ်ကနေ ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ကား။ ရုပ်ပြအကြောင်းတော့ တကူးတက သိပ်ပြောဖို့မလိုပါဘူး။ ဘာလို့ဆို ဒီရုပ်ရှင်က ရုပ်ပြနဲ့ တော်တော်လေးကို နီးစပ်အောင် ရိုက်ထားနိုင်လို့ပါပဲ။ ရုပ်ရှင်ကိုကြည့်ရုံနဲ့ ရုပ်ပြဘယ်လောက်ကောင်းသလဲ မြင်သာပါတယ်။ ပြီးတော့ ဒီရုပ်ရှင်က Adaptive Screenplay အော်စကာဆုအတွက်တောင် ဆန်ကာတင်ပါခဲ့ပါသေးတယ်။ ဒါရိုက်တာ Terry Zwigoff ဆိုတာကလည်း ကားနည်းနည်းပဲရိုက်ပေမဲ့ ဒီလို “စည်းအပြင်ကလူ” အထာ ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့ဘဲမျိုးဆိုတော့ တော်တော်ကို အံကိုက်ဖြစ်သွားတယ်ပြောရမယ်။ သူကိုယ်တိုင်ကိုကလည်း အဲဒီလို ဘုကန့်လန့်ကိုး။ သူ့မိတ်ဆွေတစ်ယောက် ကြားမကောင်းတဲ့အမှုတစ်ခုနဲ့ ထောင်ကျတာကိုတောင် ပြန်လွှတ်ဘာညာ လှော်ခဲ့သေးတာ။ ဒီရုပ်ရှင် Iconic ဖြစ်ရတဲ့ အကြောင်းပြချက်ထဲမှာ သရုပ်ဆောင်တွေကောင်းတာကြောင့်လည်း ပါတယ်။ Thora Birch က လောကကြီးကို အမြင်ကပ်ပြီး လူတွေကို စိတ်ကုန်နေတဲ့ ကောင်မလေးဇာတ်ရုပ်နဲ့ သိပ်ကိုက်တယ်။ ဇာတ်လမ်းထဲတင်မဟုတ်ပါဘူး။ အပြင်မှာလည်း ရိုက်ကူးရေးအဖွဲ့ကို ဂဂျီဂဂျောင်ကျလွန်းလို့ အကုန်လုံးစိတ်ဒုက္ခရောက်ရတယ်ဆိုပဲ။ ဒုက္ခအိုးဇာတ်ရုပ်ကို အပြင်ထိသယ်သွားနိုင်တယ်ပဲပြောရမလား၊ လက်တွေ့ဘဝကဇာတ်ရုပ်ကို ရုပ်ရှင်ထဲထိ သယ်လာတယ်ပြောရမလားတော့မသိဘူး။ နောက်ထပ် ချီးကျူးရမှာက Steve Buscemi ပေါ့။ ဒီဘဲကတော့ သိတဲ့အတိုင်း အုန်းဆီကောက်လိမ်း၊ ခေါင်းဆွဲဖြီးပေးပြီး ရှပ်အင်္ကျီကို ခါးကြားညှပ်ခိုင်းလိုက်ရင် အရှုံးသမားလိုလို Geek လိုလိုရုပ်ပေါက်သွားတာမျိုး။ ဒီထဲမှာလည်း သူက အဲဒီလိုပဲလုပ်ထားတယ်။ အံ့ဩဖို့ကောင်းတာက သူ့ရဲ့ အဲဒီလို အူကြောင်ကြားပုံစံက Creepy ဖြစ်မယ့်အစား ကြည့်နေတဲ့လူတွေအတွက်ပါ တစ်မျိုးလေး ခင်ချင်စရာကောင်းသွားတာပဲ။ နောက်အဓိကတစ်ယောက်ကတော့ မမ Scarlett Johansson ပေါ့လေ။ မမကတော့ မမ ဖြစ်နေလို့ အရမ်းကောင်းတဲ့အပြင် လှချက်ကလည်း လက်ဖျားခါဖို့ကောင်းတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်ရင် သဘာဝကျလွန်းနေတာက သဘောကျဖို့ကောင်းတယ်။ အပြင်လက်တွေ့ဘဝက ကောင်မလေးတွေ စကားပြောနေသလိုကို သဘာဝကျတာ။ အတင်းတုပ်တာကစလို့ ရန်ဖြစ်ကြတဲ့အထိ။ ဇာတ်လမ်းအကြောင်းကတော့ အထက်တန်း ပြီးခါစ ကောင်မလေး ၂ ယောက်ကစတယ်။ အီနစ် (Thora Birch) နဲ့ ရေဗက္ကာ (Scarlett Johansson)။ အထက်တန်းပြီးတော့ အားလုံးကိုယ်စီ ဘဝလမ်းကြောင်းရွေးရမယ့်အချိန်ပေါ့။ ဒီအချိန်ကို လူတိုင်းနီးပါးကြုံဖူးလိမ့်မယ်။ ကိုယ့်ဘဝကိုယ် ဘာလုပ်ရမှန်းမသိဖြစ်တဲ့အချိန်မျိုးပေါ့။ ကျောင်းစာတွေကနေ ဝေးပြီး လူ့လောကထဲ အတည်ပေါက်ရောက်လာတော့ လူတွေအကြောင်းပိုပိုသိလာလေလေ လူတွေကို အမြင်ကပ်လာလေလေနဲ့ တစ်လောကလုံးကို ဆန့်ကျင်ချင်စိတ်ပေါက်လာတဲ့ကာလမျိုး။ ဒီအချိန်မျိုးမှာ သူတို့ ၂ ယောက်ကလည်း ‌လျှောက်မွှေတာပေါ့လေ။ တစ်နေ့ကျတော့ သတင်းစာထဲမှာ လူရှာ‌တဲ့ကြော်ငြာတစ်ခုတွေ့လိုက်တယ်။ အဲဒီလူက လေဆိပ်ထဲမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ရှာနေတာ။ အဲဒါနဲ့ သူတို့ကလည်း စသလိုနောက်သလိုနဲ့ ဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင်ကို ချိန်းလိုက်တယ်။ ပြီးတော့ အဲဒီလူ ထိုင်စောင့်နေတာကို ထိုင်ကြည့်ပြီး ဟားကြတာပေါ့။ ဟားရုံနဲ့တင်မပြီးဘဲ အဲဒီလူနေတဲ့နေရာကို နောက်ယောင်ခံလိုက်မယ် ဆိုပြီး Stalk ကြပါလေရော။ ဖြစ်ချင်တော့ အဲဒီလူက သူတို့နဲ့ တစ်ရပ်ကွက်ထဲမှာ နေတဲ့လူဖြစ်နေတယ်။ သူက ရှေးဟောင်းပစ္စည်းတွေစုတာ၊ အထူးသဖြင့်ဓာတ်ပြားပေါ့။ သူ့နာမည်က ဆီးမောလို့ခေါ်တယ်။ သူက ဓာတ်ပြားဟောင်းတွေလည်း ပြန်ထုတ်ရောင်းတတ်တယ်။ ဒါနဲ့ သူတို့သူငယ်ချင်း နှစ်ယောက်က အဲဒီလူ ဓာတ်ပြားထုတ်ရောင်းတဲ့နေရာကို ဟိုလိုလို ဒီလိုလိုနဲ့ ဝင်ပြီး မိတ်‌ဖွဲ့တာပေါ့။ အဲဒီမှာ ယောက်ျားတွေကို ငတုံးတွေ၊ မုန်းဖို့ကောင်းတဲ့ကောင်တွေလို့ ယူဆထားတဲ့ အီနစ်က ဆီးမောကို မြင်တော့ သနားသွားတယ်။ သူတို့ အဲဒီလို ဓာတ်ပြားငှားလိုက်ပေးလိုက်နဲ့ ပိုပိုခင်လာတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အသက်အရွယ်ကွာပေမဲ့ လူတွေကို စိတ်ပျက်တာချင်း တူတာကြောင့် ပေါင်းလို့သင်းလို့အဆင်ပြေနေတာပေါ့။ အီနစ်က အလုပ်ရှာဖို့ ဝေလေလေ လုပ်နေတဲ့အချိန် ရေဗက္ကာကတော့ အိမ်ခွဲနေဖို့ စိုင်းပြင်းနေတယ်။ အဲဒီမှာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝလားရာက ကွာလာတယ်။ အီနစ်က လူတွေကိုစိတ်ပျက်တယ်။ သူလုပ်ချင်တာကို လွတ်လွတ်လပ်လပ် မလုပ်ရလို့ စိတ်ညစ်နေတယ်။ ပြီးတော့ လူတွေရဲ့ စံနှုန်းကို အချိန်ပြည့်မေးခွန်းထုတ်နေတယ်။ ရေဗက္ကာကကျ ဘဝကို သာမန်အတိုင်း လိုက်လျောညီထွေနေသွားချင်နေတယ်။ သူ့အဖေကလည်း အီနစ်ကြည့်မရတဲ့ မိန်းမတစ်ယောက်နဲ့ပြန်တွဲနေတယ်။ ‌အီနစ်အနေနဲ့ ရေဗက္ကာရဲ့လုပ်ရပ်တွေ၊ သူ့အဖေရဲ့လုပ်ရပ်တွေကို နားမလည်နိုင်ဖြစ်လာတယ်။ မလာတော့မယ့်ဘတ်စ်ကားကို နေ့တိုင်း လာထိုင်စောင့်နေတဲ့ နော်မန်ဆိုတဲ့လူကို သူနားလည်လာတယ်။ ဒီလိုနဲ့ ရုပ်ရှင်တစ်ခုလုံးကို ပေါ့ပေါ့ပါးပါးဆွဲခေါ်ပြီး နောက်ဆုံးမှာ တွေးစရာတစ်ခုနဲ့ ဇာတ်သိမ်းပေးလိုက်တယ်။ ဇာတ်သိမ်းကတော့ တွေးကြည့်ရုံပေါ့။ ပုံမှန် Coming-of-Age ကားတွေမှာ မြင်ရတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ ဒဿန Philosophy ပိုင်းမှာလည်း ဒီရုပ်ရှင်က တော်တော် ခြုံမိတယ်ပြောရမယ်။ ဒီလို လူ့စရိုက်ကို သိသိသာသာပြနိုင်တဲ့ High School Rom-Com မျိုး တော်တော်ရှားတယ်။ အဓိကကတော့ Nihilism နတ္ထိက ဝါဒ နဲ့ Absurdism ဘဝအနက်မဲ့ဝါဒ ပေါ့။ အီနစ်ရဲ့ ဘဝကိုရှုမြင်ပုံက အဲဒီနှစ်မျိုးကို ရောထားတာပဲ။ နီးချာရဲ့ Nihilist ပုံစံနဲ့ ကမူးရဲ့ Absurdist ပုံစံမျိုး။ အီနစ်ဆီမှာ လူမှုစံနှုန်းတွေကို မေးခွန်းထုတ်ပြီး သူ့ကိုယ်သူ သင်းကွဲတစ်ယောက်လို ခံစားလာရတာကို အထင်းသားမြင်နေရတယ်။ အဲဒီ ဝါဒနှစ်ခု ယှဉ်တွဲ‌တယ်ဆိုတဲ့နေရာမှာ အီနစ်ရဲ့ လူ့လောကကိုရှုမြင်ပုံက Nihilist ဆန်ပြီး လောကကြီးကို သူတုံ့ပြန်တဲ့ပုံစံက Absurdist ဆန်နေတယ်။ လောကကြီးက အဓိပ္ပာယ်မရှိဘူး၊ မရှိလို့ လောကကြီးရဲ့ အပိုဆာဒါးစံနှုန်းတွေကို ဆန့်ကျင်ပြီး ငါ့လမ်းငါဖောက်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်တော်တို့လည်း တစ်ချိန်မဟုတ် တစ်ချိန်တော့ လောကကြီးရဲ့ အဓိပ္ပာယ်မဲ့မှုတွေကို စိတ်ကုန်လာမိလိမ့်မယ်။ ဘဝရဲ့အဓိပ္ပာယ်ကို လိုက်မရှာနေရင်တောင် ငါတို့က ဘာကြောင့် ဆိုတဲ့ မေးခွန်းလေးတစ်ခုကို ကိုယ့်ကိုယ်မေးဖူးကြလိမ့်မယ်။ အဲဒီအတွက်လည်း အဖြေတွေ အမျိုးမျိုးရှိနေလိမ့်ဦးမယ်။ ကမူးစကားအရဆိုရင်တော့ “ပျော်ရွှင်မှုကို ဘာနဲ့ဖွဲ့စည်းထားလဲလိုက်ရှာနေရင် ပျော်ရမှာမဟုတ်ဘူး။ ဘဝရဲ့ အဓိပ္ပာယ်ကိုလိုက်ရှာနေရင် ဘယ်တော့မှ ဘဝကို တကယ်နေထိုင်ရမှာမဟုတ်ဘူး” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.4GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.3 2001 111 mins
Ghost World
Hello Ghost!
6

Hello Ghost (2010) ကိုရီးယားကားကို တချို့ ကာရိုက်တာ ပလော့တွေပြောင်းထားပြီး ထိုင်ဝမ်ဗားရှင်းနဲ့ 2023 ခုနှစ်မှာ ရိုက်ကူးတင်ဆက်ထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်… ဒီလူ့ဘဝကြီးမှာ အသက်ရှင်ဖို့ အကြောင်းပြချက် လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်… ဘာပဲပြောပြော မွေးနေ့မှာ ဟက်ပီးဘတ်ဒေး ပြောတဲ့သူရှိသင့်တယ်မလား… တစ်ခုခုပင်ပန်းတဲ့အခါ မှီဖို့အနားမှာလူရှိသင့်တယ်လေ… ဘာကြောင့် ဘယ်သူ့အတွက် ဒီလောကမှာ နေပေးရမယ်ဆိုတဲ့ အဖြေကို ရှာမတွေ့တဲ့ ရွှီချန်ဝေတစ်ယောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့… အကြိမ်ကြိမ် ကြိုးစားပြီး အကြိမ်ကြိမ် ထူးထူးဆန်းဆန်း သတ်သေတာ မအောင်မြင်ခဲ့ရာကနေ.. ၂၂ ကြိမ်မြောက် ကြိုးစားရာမှာ ခဏတာ နှလုံးရပ်သွားခဲ့ပါတယ်… ပြန်နိုးလာချိန်မှာတော့ ထူးထူးဆန်းဆန်း သူ့ဘဝထဲကို သရဲ ၄ ကောင်ပေါ်လာပါတယ်… ဆေးလိပ်သောက်ကြိုက်တဲ့ အစ်ကိုကြီး… အမြဲ ငိုငိုနေတတ်တဲ့ အစ်မကြီး…. အားနေ ကစားကွင်းသွားချင် ကိတ်မုန့်စားချင်နေတဲ့ ကောင်လေး…. နောက်ပြီး အကကချင်ပါတယ်.. အောင်သွယ်ပေးချင်ပါတယ်ဆိုတဲ့ အဖွားကြီး… တို့ပေါ့… ဒီသရဲလေးကောင်နဲ့ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုဆက်လက်ကြည့်ရှုရမှာပါ ရယ်မောစရာတွေပါသလို ငိုချင်စရာအခိုက်အတန့်လေးတွေလဲပါတာဆိုတော့ ရသစုံတဲ့ရုပ်ရှင်လေးတကားပဲဖြစ်ပါတယ်

6 2023
Hello Ghost!
Shinda Shinda No Papa
5.8

Shinda Shinda No Papa (2024) “ဖအေထက် သားတစ်လကြီး” ဂိုပီဆိုတာ ငယ်စဉ်ကတည်းက သူတို့ ပန်ချာပီရိုးရာအတိုင်း လူကြီးတွေက ရိုက်နှက်ဆုံးမတာခံယူပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်။ ဒါပေမဲ့ အသက်ကြီးလာတော့ ကနေဒါမှာ အိမ်ထောင်ကျပြီး သားတစ်ယောက် ထွန်းကားခဲ့တာပေါ့။ အဲဒီမှာ သူ ငယ်ငယ်တုန်းကလိုပဲ ပန်ချာပီရိုးရာ အဆုံးအမတွေနဲ့ သွန်သင်ချင်ပေမဲ့လည်း သူ ရောက်နေတာက ကနေဒါဆိုတော့ မိဘက သားသမီးကို ခက်ခက်ထန်ထန် ကြည့်ရုံနဲ့ ဖအေခမျာ အချုပ်အောင်းရတဲ့ထိ ကလေးတွေကို ဦးစားပေးထားတဲ့ ဥပဒေတွေရှိနေတော့ ဂိုပီတစ်ယောက် သားဖြစ်သူက ဘာတွေပဲလုပ်လုပ် ပြန်မလုပ်နိုင်ပဲ ခြေချုပ်မိနေခဲ့တာပေါ့။ သူကိုယ်တိုင်လည်း အချုပ်ထဲ ခဏခဏဝင်ရပြီး ငွေကုန်ရပေါင်းလည်း မနည်းတော့ဘူး။ ဒီလိုနဲ့ တစ်စထက်တစ်စ ဆိုးသွမ်းလာတဲ့ သားတော်မောင်ကို အိန္ဒိယကို အလည်ပြန်ခေါ်ရင်း ဆုံးမမယ်ဆိုတဲ့ အကြံဆိုးနဲ့ ဂိုပီတို့ မိသားစုတစ်သိုက် အမိမြေ ပြန်လာခဲ့ကြတဲ့အခါမှာ ဘယ်လိုတွေ ကြုံရဆုံရ ဖြစ်ပျက်ကြဦးမယ်ဆိုတာကို ဟာသလေးနှောပြီး သားသမီး ပြုစုပျိုးထောင်နည်းကို ပညာပေးသွားတဲ့ အိန္ဒိယ ပန်ချာပီကားလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Thriller • Crime
5.8 2024 133 mins
Shinda Shinda No Papa
Winnie the Pooh: Springtime with Roo

Winnie The Pooh ဆိုရင် ဝက်ဝံဝါဝါလေးနဲ့ သူ့သူငယ်ချင်း Tiggers တို့ Piglet တို့ကို 90′ born တွေနဲ့2000 born တွေတော်တော်များများသိကြမှာပါ။ Heart Warming ဖြစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ ကလေးတွေအတွက် Life Lesson လေးတွေပါပြီး ကလေးတွေသာမကပဲ ငယ်ငယ်တုန်းက Winnie The Pooh ကိုပြန်ကြည့်ချင်တဲ့ လူကြီးတွေရော Nostalgia Feeling လေးပြန်ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးတွေကိုလည်း အဆင်သင့်သလို ဘာသာပြန်ပေးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ ရက်ဘစ်က အီစတာမှာ အီစတာမလုပ်တော့တဲ့အခါ ရူး နဲ့ ကျန်တဲ့ သူငယ်ချင်းတွေက အီစတာ ဖြစ်ဖို့အတွက် ဝိုင်းဝန်းကြိူးစားကြတာကို ရိုက်ပြပေးထားပါတယ်။ File size… 1.5 GB, 677 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 5m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

Comedy • Romance • Music
0 2004 65 mins
Winnie the Pooh: Springtime with Roo
Dragon Sword : Outlander
6

တနေ့ကတင်ဆက်ထားတဲ့ To Be Immortal ဇာတ်ကားလေးရဲ့ အဆက်သဘောလေးပဲဖြစ်ပါတယ် ဒီကားလေးက သိုင်းပညာနဲ့အဂ္ဂိရတ်ပညာကို ရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါပဲ ကျင့်ကြံသူတွေဒုက္ခရောက်ပြီး အားလုံးသေဆုံးတော့မဲ့အချိန်မှာ ဖုယန်နဲ့သူ့သူငယ်ချင်းတစ်စုဟာ ပြသနာကိုဖြေရှင်းဖိုလိုက်ရှာရင်း တောအုပ်တစ်ခုထဲရောက်သွားခဲ့ပါတယ်တကယ်တော့ အဲ့တောအုပ်ဟာ သာမန်တောအုပ်တစ်ခုမဟုတ်ပါဘူး လောကကြီးနဲ့အဆက်ဖြတ်ပြီး တသီးတခြားတည်ရှိနေတဲ့ ဝင်္ကပါတောအုပ်တစ်ခုပါ သာမန်သူတွေလည်းမဝင်နိုင်သလို ဝင်ချင်လည်း သားရဲမိစ္ဆာကောင်တွေကြောင့် အသက်မရှင်နိုင်ပါဘူး ဒါပေမဲ့ဖုယန်ဟာ ထိုတောအုပ်ထဲကိုရောက်ရှိသွားခဲ့ပါတယ် တောအုပ်ထဲက ကိုယ်ပိုင်ကမ္ဘာမှာနေထိုင်တဲ့ဂိုဏ်းမှ အကြီးအကဲအမတမျိုးနွယ်ကလည်း ဖုယန်ကုသတိထားမိပြီး သူ့တပည့်ကိုလိုက်ချဥ်းကပ်ခိုင်းပါတော့တယ် တစ်ဖက်မှာလည်း အဂ္ဂိရတ်ပညာရှင် တန်းကျွင်းကလည်း သူ့ပညာတွေအမွေပေးရန် ဖုယန်ကုအတင်းချဥ်းကပ်အကျပ်ကိုင်ပြီး သင်ပေးပါတော့တယ် ကဲ ဖုယန်တစ်ယောက်လွတ်မြောက်နိုင်မလား? အဂ္ဂိရတ်ပညာကိုလည် တစ်ဖက်ကမ်းခပ်တက်မြောက်နိုင်မလား? သူဘာတွေကြုံတွေ့နေရမလဲ? ဇာတ်လမ်းလေးထဲ စောင့်ကြည့်ပေးပါနော်

Drama
6 2021
Dragon Sword : Outlander
Cherry Bomb
5

ဒီကားလေးကတော့ Camille ဆိုတဲ့ကောင်မလေးတစ်ယောက်က သူဘဝအကြောင်းကိုပြောပြတဲ့ပုံစံနဲ့ရိုက်ကူးဖော်ပြထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Camille ဟာ သူ့ရဲ့အကိုလိုရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့မိန်းမကို သတ်တဲ့အမှုနဲ့ထောင်ချခံခဲ့ရပါတယ်။ Camilleဟာသူအပြစ်မရှိကြောင်းကိုကြိုးစားဖော်ပြ ပြီး ထောင်ထဲကထွက်ဖို့ သူမရှေ့နေနဲ့အတူကြိုးစားခဲ့ပါတယ်။ သို့သော်လည်း သက်သေတွေအားလုံးဟာ သူ့ကိုပဲညွှန်ပြနေခဲ့ပါတယ်။ သူဟာတကယ်ပဲ လူသတ်မှုကိုကျူးလွန်ခဲ့တာလား။ စွပ်စွဲခံခဲ့ရတာလား။ သူထောင်ကလွတ်ဖို့ဘယ်လိုဆက်လုပ်မလဲ။ သူ့ကိုယ်သူရော သိမြင်လာမှာလားကို စိတ်ဝင်တစား ခန့်မှန်းရင်း ကြည့်ရှူနိုင်မဲ့ကားလေးဖြစ်ပါတယ်။ Cherryboom 2024 က စိတ်လှုပ်ရှားစရာ ကောင်းသော ရုပ်ရှင် တစ်ပုဒ်ဖြစ်ပြီး၊ ချစ်ခြင်း၊ ဆုံးဖြတ်ချက်များနှင့် ကိုယ်ပိုင်ခွင့်ကို ရှာဖွေရန် ကြိုးစားမှုတို့ကကြည့်ရှူသူတွေကို ပိုမိုစိတ်ဝင်စားစေမှာပါ။ File size… (1.84 GB) / (861 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Comedy • Crime • Thriller
5 2024 97 mins
Cherry Bomb
L2: Empuraan
6.4

L2: Empuraan (2025) “နတ်ဆိုး” IMDb – 6.4/10 နာမည်ကျော် တောင်ပိုင်းမင်းသားကြီးမိုဟန်လာလ် ပါဝင်ထားပြီး မလေယာလမ်ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်နေတဲ့အပြင် 2025ခုနှစ် အိန္ဒိယရုပ်ရှင်တွေထဲမှာ ကမ္ဘာတလွှားရုံတင်တင်ချင်း ဝင်ငွေအများဆုံးရခဲ့တဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၉ကထွက်ရှိထားပြီး လူကြိုက်များခဲ့တဲ့ Lucifer(2019)ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ နိုင်ငံရေးအရှုပ်၊ နိုင်ငံရေးမသမာမှုတွေကြားက လူမျိုးရေးရန်ပွဲတွေ အာဏာလုယူမှုတွေနဲ့ စခဲ့တဲ့ဇာတ်လမ်း။ ရုပ်ရှင်ထဲက အဘွားအိုရဲ့စကားအတိုင်းဆို ငါတို့နိုင်ငံရဲ့ နိုင်ငံရေးဆိုတာက စီးပွားရေးခွင်တစ်ခု၊ အဲဒီနိုင်ငံရေးက ဟိန္ဒူလဲမသိဘူး မွတ်ဆလင်လည်းမသိဘူး၊ ယောကျ်ားမိန်းမတွေ စိတ်ဓာတ်တွေကိုယ်ကျင့်သိက္ခာတွေ မသိဘူးတဲ့။ နိုင်ငံရေးဆိုတာ ကစားပွဲတစ်ခု၊ အရာရာတိုင်းကိုရောင်းစားပစ်တဲ့ အရာတစ်ခုပဲတဲ့။ နိုင်ငံရေးကို ဘာသာတရားနဲ့တွဲလိုက်ရင် ယမ်းပုံပေါ် မီးချလိုက်သလိုပဲ၊ မီးတောက်က အကုန်ဝါးမျိုသွားတော့တာတဲ့။ ဒီရုပ်ရှင်မှာလည်း ၂၀၀၂ခုနှစ် ဂူဂျာရတ်မှာဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းကို အခြေခံထားခဲ့ပါသေးတယ်။ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေး၊ အုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းတွေကြားမှာ စတီဖန်တစ်ယောက် ဘယ်လိုဆက်ပြီး အကွက်ရွှေ့မလဲဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

6.4 2025 179 mins
L2: Empuraan