YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Cold.Blooded.Intern.S01E06.1080p.CM.mp4

579.21 MB N/A video/mp4 82 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Tale of Sorrow and Sadness
5.9

A Tale of Sorrow and Sadness ( 1977 ) ဒီ Erotic ကားကို ရိုက်တဲ့လူက seijun suzuki။ လူတော့သိပ်သိမှာမဟုတ်ပေမဲ့ ဂျပန်ရုပ်ရှင်ကို ဂိတကာဂိနေတဲ့လူတစ်ချို့တော့ သိကြလိမ့်မယ်။ Branded to Killတို့ Tokyo Drifterတို့လို ထိပ်တန်းစာရင်းဝင်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Action Crime ကားတွေကို ရိုက်ခဲ့တဲ့သူ။ ဒါပေမဲ့သူက ၁၉၅၆ လောက်ကတည်းကနေ ၁၉၆၇အထိ B Movies တွေရိုက်လာတဲ့သူဆိုတော့ ဒီကားကို သူပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တာ ဆန်းတော့လည်းမဆန်းဘူး။ ဒါပေမဲ့လည်း သာမန် Erotic ကားတွေနဲ့ နည်းနည်းမှ မတူတဲ့အချက်ကိုတော့ ကျွန်တော်တို့လက်ခံရမှာပဲ။ စတိုရှိခွန်ရဲ့ Perfect Blue တောင် ဒီကားရဲ့ အငွေ့အသက်နည်းနည်းယူထားသလားလို့ပါ မြင်မိတဲ့အထိ Erotic ကားပေမဲ့ တော်တော်လေး ဆိုက်ကိုဆန်ပြီးကြမ်းတယ်။ Perfect Blueကိုယ်တိုင်လည်း တော်တော်လေးကြမ်းနေတာ ဒီအငွေ့အသက်မကင်းခဲ့လို့လားလို့ ထင်ချင်စရာကောင်းတယ်။ ထင်မြင်ချက်သက်သက်ပါပဲ။ ဒီလိုခံစားရတာတော့ ကျွန်တော့်ဘက်ကသေချာတယ်။ ကိုယ့်အထင်နဲ့ ကိုယ်တိုက်ကြည့်ပေါ့။ seijun suzukiဟာ Takeshi Kitanoလို ဂျပန်ဒါရိုက်တာဆရာကြီး, Wong Kar-waiလို ဟောင်ကောင်ဒါရိုက်တာဆရာကြီးနဲ့ Quentin Tarantinoလို ဟောလိဝုဒ်ဆရာကြီတွေကပါ အထင်ကြီးလေးစားရတဲ့သူဆိုလည်း မမှားဘူး။ နူးညံ့တဲ့ကမ္ဘာကြီးကို မြင်ချင်တဲ့လူတွေအတွက်တော့ ကားကောင်းဟုတ်ချင်မှဟုတ်မှာပေမဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်တဲ့ဘက်ခြမ်းကို မြင်ချင်တဲ့လူတွေအတွက်တော့ A Tale of Sorrow and Sadness ဟာ တကယ်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ သူ့ဇာတ်ကတော့ ဂေါက်ရိုက်သမလေးတစ်ယောက်ကို ကုမ္ပဏီတစ်ခုက ဟုန်းဟုန်းတောက်အောင်မြင်အောင်လုပ်ပေးလိုက်ပြီးတဲ့နောက် အဲဒီဂေါက်ရိုက်သမလေး ခံခဲ့ရတဲ့ အောင်မြင်မှုဒဏ်တွေ အတိုက်အခိုက်တွေ လဲပြိုမှုတွေ အတုအယောင်တွေအကြောင်းပါပဲ။ ပြောရရင် Perfect Blue နဲ့ အတိုင်းအတာတစ်ခုအထိ ထပ်တူညီပါတယ်။ မတူတာက စတိုရှိခွန်ဟာ အန်နမဲသမားပီပီသသ သူ့စိတ္တဇကမ္ဘာကို ပိုစိတ္တဇဆန်အောင်ပုံဖော်သွားပြီး ဆူဇူကီးကတော့ သူ့စိတ္တဇကမ္ဘာကို လူတွေကြားမှာပဲ ပီပြင်လာအောင် ပုံဖော်သွားခဲ့ပါတယ်။ အသိရခက်တဲ့ရုပ်ရှင်တစ်ကားမို့ လူတိုင်းတော့ အကြိုက်တွေ့မှာမဟုတ်သလို Erotic Scene တွေလည်းပါလို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Wပါ ) File Size__(1.8GB) / (750MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:30:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Adventure • Drama
5.9 1977 93 mins
A Tale of Sorrow and Sadness
Breakout
3.8

အထူးလျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်း အဲလက်စ်ဟာ ထောင်ကျနေတဲ့သားဖြစ်သူကိုလာတွေ့ရင်း ထောင်ထဲက အကျဉ်းသားတစ်ယောက်က အရာရှိတွေကိုလုပ်ကြံပြီး ထောင်ကိုအပိုင်စီးတဲ့ဖြစ်ရပ်နဲ့ကြုံလို့ သူပါ ထောင်ထဲမှာပိတ်မိခဲ့ပါတယ်။ သူ့သားဖြစ်သူပါ ထောင်ထဲမှာရှိနေတော့ ကယ်ထုတ်ဖို့လုပ်ရင်း အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ရည်ခိုက်ရည်တွေကိုအသုံးချပြီး ထောင်ကျနေလျက်ကနေ လုံခြုံရေးတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ထောင်ကိုစီးနင်းနိုင်တဲ့အထိ ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်သားနဲ့ အားပြိုင်သွားမယ့်ပုံတွေကို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

3.8 2023 85 mins
Breakout
Baby Ruby
5.1

လောကမှာ တစ်ချို့တစ်ချို့သောမိဘတွေဟာ ကလေးမွေးပြီးတဲ့နောက်ပိုင်း စိတ်ဖိစီးမှုဒဏ်တွေ ပြဿနာတွေကို အနည်းနဲ့အများတော့ခံစားကြရတာချည်းပါပဲ...ဒီဇာတ်ကားထဲမှာတော့ မွေးကင်းစကလေးငယ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုဝေဒနာ‌တွေကို တစ်ဦတည်း ခါးစီးခံနေရတဲ့ မိခင်တစ်ဦး၏ အခြေအနေကို ရိုက်ကူးပုံဖော်တင်ဆက်ထားတာပါဖြစ်ပါတယ်... အဲ့လိုအခြေအနေမျိုးမှာ မရှိတာကိုအရှိထင် မကြားတာကို ကြား‌နေရပြီး ကိုယ်ကိုတိုင်က စရိုက်နှစ်ယောက်အသွင်ဖြစ်မှန်းမသိ ဖြစ်လာတာမျိုးပါ... ဇာတ်ဆောင်များလောကမှာ တစ်ချို့တစ်ချို့သောမိဘတွေဟာ ကလေးမွေးပြီးတဲ့နောက်ပိုင်း စိတ်ဖိစီးမှုဒဏ်တွေ ပြဿနာတွေကို အနည်းနဲ့အများတော့ခံစားကြရတာချည်းပါပဲ. ..ဒီဇာတ်ကားထဲမှာတော့ မွေးကင်းစကလေးငယ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုဝေဒနာ‌တွေကို တစ်ဦတည်း ခါးစီးခံနေရတဲ့ မိခင်တစ်ဦး၏ အခြေအနေကို ရိုက်ကူးပုံဖော်တင်ဆက်ထားတာပါဖြစ်ပါတယ်... မင်းသားကတော့ အားလုံးနှင့်ရင်းနှီးပြီးသားဖြစ်သူ ဂျွန်စနိုး လို့သိကြတဲ့ Kit Harington ဖြစ်ပြီး မင်းသမီးကတော့ Noemie Merlant တို့မှအားဖြည့်သရုပ်ဆောင်ထားကြပါ.. ဇာတ်လမ်းအကျဉ်းကတော့ ဘလော့ဂါတစ်ယောက်တဲ့ ဂျိုး ဟာ ကိုယ်ဝန်သည်တစ်ယောက်. ..မကြာခင်အချိန်အတောအတွင်းမှာ ပထမဆုံးအနေနဲ့ မိခင်ဖြစ်တော့မယ့်သူဆိုလည်း မမှားပါဘူး... သူစိတ်ကူးထားတဲ့မိခင်ဘဝနဲ့ တစ်ကယ့်လက်တွေ့မိခင်ဘဝတို့က လုံးဝကို ကွဲပြားနေခဲ့ပါတယ်.. ကလေးမွေးပြီးနောက်ပိုင်းမှာ ဂျိုးတစ်ယောက် ဘယ်လိုမျိုး အခြေအနတွေကို တွေ့ကြုံခံစားသွားရမှာလဲ... File Size :(1.3 GB) and (528 MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…01:33:00 Genre : Thriller,  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae

Crime • Drama • Thriller
5.1 2023 93 mins
Baby Ruby
Men of Plastic
5.6

မင်းသားကြီး မာဒုန်ဆော့ရဲ့ အရင်ဇာတ်ကားတွေနဲ့ မတူတဲ့ ပုံစံကွဲမျိုး ကြည့်ရှုခံစားရမှာပါ။ Drama Comedy အမျိုးအစားဖြစ်လို့ အခွီတွေလည်း ပါဝင်ပြီး ဇာတ်ကားလေးကလည်း တော်တော်ကို စိတ်ဝင်စားစရာ ကောင်းသလို မင်းသားကြီး မာဒုန်ဆော့ရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း ဒီဇာတ်ကား ကြည့်ရှုရတာ တန်တယ်လို့ ခံစားကြရမှာ သေချာပါတယ်။ အဲ့ဒီအပြင် Hospital Playlist မင်းသားကြီး ဂျောင်းဂယောင်းဟို ကလည်း အဓိကဇာတ်ဆောင်အနေနဲ့ တွဲဖက် သရုပ်ဆောင်ထားတာမို့ လက်လွတ်မခံသင့်ဘူးနော်။ ဇာတ်လမ်းအကျဉ်း ... ဒယ်ဂုဆိုတဲ့ လူတစ်ယောက်က ဂန်းနမ်မြို့ရဲ့ ချမ်းသာတဲ့ ရပ်ကွက်ဖြစ်တဲ့ အာ့ဂူဂျောင်းမှာ မွေးဖွား ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပြီး‌တော့ ပလတ်စတစ် ဆာဂျရီဆေးရုံနဲ့ အရေပြားအလှပြုပြင်ရေး ဆေးရုံတွေ ပေါများတဲ့ ဆိုလ်းတောင်ပိုင်းမှာ ပလတ်စတစ် ဆာဂျရီ လုပ်ငန်းကို စတင်ချင်တဲ့ စိတ်ကူးစိတ်သန်း ရှိနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ သူက ပလတ်စတစ် ဆာဂျရီလောကမှာ အရည်အချင်းရှိတဲ့ ခွဲစိတ်ဆရာဝန် ဘတ်ဂျီဝူနဲ့ တွေ့ခဲ့ပေမဲ့ ကံဆိုင်းချင်တော့ ဘတ်ဂျီဝူက ဆေးကုသခွင့် လိုင်စင် ရုတ်သိမ်းခံထားရသူဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ သူတို့ နှစ်ယောက်က ပူးပေါင်းပြီး အာ့ဂူဂျောင်းမှာ ပလတ်စတစ်ဆာဂျရီ လုပ်ငန်းကို အကျိုးတူ လုပ်ဆောင်ကြတဲ့အခါ ... ဘယ်လို အလွဲလေးတွေဖြစ်မလဲ? အတုအယောင်တွေ လုပ်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri ကရေးပေးထားပါတယ်။) File Size          : 2.2GB, 893MB, 444MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 52mins Genre              : Comedy,, Drama Translated by Hnin Win, Miri & Estel Encoded by Kinnov

Crime • Drama • Mystery
5.6 2022 112 mins
Men of Plastic
Blue Velvet
7.6

‘Blue Velvet’ ဆိုတာ တကယ်တော့ တစ်ခေတ်တစ်ခါက အရမ်းကိုနာမည်ကြီးခဲ့တဲ့ Bobby Vintonရဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါရိုက်တာအတွက် ဒီရုပ်ရှင်ရေးဖို့ စိတ်ကူးရချိန်တုန်းက ခံစားရတဲ့ mood တစ်ခုဖြစ်တဲ့အပြင် ရုပ်ရှင်ထဲမှာပါ ဒီသီချင်းကို အဓိက နေရာက ထည့်သုံးထားတာမို့ ရုပ်ရှင်နာမည်ဖြစ်လာခဲ့တာပါ။ Surrealism နဲ့ neo-noir film တို့ရဲ့ ဘိုးအေကြီး David Lynch ရဲ့ လက်ရာတစ်ခုဖြစ်ပြီး ၁၉၈၆ ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ဝေဖန်ရေး ဆရာတွေက သတ်မှတ်ခဲ့ကြပါတယ်။ လင့်ချ်ဘိုးတော်နဲ့ ပတ်သတ်ရင် အဝေးပြေးလမ်းမကြီးပေါ် အခြေခံထားတဲ့ ရုပ်ရှင်ကိုတောင် “Straight Story” လား “Lost Highway” လားဆိုတာမျိုး အရသာက သိသိသာသာကွဲမှာမို့ ဒီကားဟာတော့ ဒုတိယတစ်မျိုးထဲကလို့ ကြိုပြောထားချင်ပါတယ်။ Mulholland Drive ကြိုက်တဲ့သူတွေ အတွက်လည်း အံကိုက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဖခင်ဖြစ်သူ ရုတ်တရက် လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားလေး တစ်ယာက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရပြီးနောက်ပိုင်း သူ့ရဲ့ စူးစမ်း လိုစိတ်ကြောင့် လျှို့ဝှက်နက်နဲမှုတွေထဲ တစ်စတစ်စကျွံဝင်သွားရင်း သူ မမြင်ယောင်ကြည့်ဖူးတဲ့ ကမ္ဘာတစ်ခုစီ ဦးတည်သွားမိသွားတဲ့အကြောင်းပါ…။ တကယ်တမ်းတွေးကြည့်ရင်တော့ 'Blue Velvet' ဆိုတာ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးပါပဲ။ အပြစ်ကင်းသလိုလို အေးချမ်းနေတဲ့ အမေရိကန် မြို့ငယ်လေးရဲ့ အမှောင်ခြမ်းဥပစာပေါ့။ ဒီကားမှာ ယစ်မူးစေတဲ့ ပြင်းပြင်း ထန်ထန် လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကို ပေါ်ပေါ်တင်တင် သရုပ်ဖော်သွားပြီး အမှတ်သင်္ကေတ (Symbolism) တွေလည်း အများကြီး သုံးထားပါတယ်။ Blue Velvet ဟာ အမေရိကန် surrealism ရုပ်ရှင်တွေရဲ့ အကောင်းဆုံး သာဓကအနေနဲ့ရော ၈၀ပြည့်နှစ်တွေရဲ့ ကောင်းဆုံး ရုပ်ရှင်တစ်ခုအနေနဲ့ရော သတ်မှတ်ခံထားရပေမယ့်လည်း တစ်ချိန်တည်းမှာ တစ်ချို့သော အမေရိကန် ဝေဖန်ရေးဆရာတွေကတော့ လိင်ကိစ္စနဲ့ အကြမ်းဖက်မှုတွေကို ခပ်စိပ်စိပ် ချဉ်းကပ်ထားတာမို့ အနုပညာလက်ရာအဖြစ်ကနေ ယုတ်လျော့သွားတယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်လောက်ရယ်ရလဲဆို တစ်ချို့ဆို ညစ်ညမ်းကား လို့တောင် သမုတ်ခဲ့ကြပါသေးတယ် တဲ့။ ကြိုက်/မကြိုက်ကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ့်အရာမို့ ဒေါင်းကြည့်လိုက်ကြပါဦးနော့်.. ဒီထဲမှာ သီချင်း ကောင်းတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါသမို့ လုံးဝတန်မယ်ဆိုတာတော့ လုံးဝ အာမခံပါတယ်။ File size…1.63GB / 678MB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….2h Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Z

Action • Animation • Science Fiction
7.6 1986 120 mins
Blue Velvet
Iratta
6.3

Iratta (2023) IMDb 7.8/10 Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေ ကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယ‌တောင်ပိုင်း ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်း သေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာ လူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။ အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။ အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကို လူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အ လီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ် တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။.. File size…1.54GB  / 724MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~Nyein Aye

Drama • Fantasy • Thriller
6.3 2023 110 mins
Iratta
The First Purge
6

ဒီဇာတ်ကားက The Purge ဇာတ်ကားတွေရဲ့ မူလအစ Prequel ကားတစ်ကားပဲဖြစ်ပါတယ်။ The Purge ကားတွေကိုတော့ မြန်မာပရိသတ်တွေသိပ်ပြီးစိမ်းကြမယ်မထင်လို့ အထူးတလည်မိတ်ဆက်ပေးမနေတော့ပါဘူး။ ဒီဇာတ်ကားမှာတော့ ရှေ့ကထွက်ခဲ့တဲ့ဇာတ်ကားတွေထဲက Purge လို့ခေါ်တဲ့ပွဲကြီး ဘယ်လိုဖြစ်တည်လာလဲဆိုတာကို ပြသထားပါတယ်။ ဒီဇာတ်လမ်းကိုရေးသားသူကတော့ ရှေ့ကားတွေကို ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ရိုက်ခဲ့တဲ့ James Demonaco ဖြစ်ပြီး ကိုယ်တိုင်ရိုက်ကူးလိုစိတ်မရှိတာကြောင့် Gerard McMurray ဆိုတဲ့ဒါရိုက်တာကိုရိုက်ကူးခွင့်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ လူဦးရေအရမ်းကိုအဆမတန်ထူထပ်များပြားလာတာကြောင့် စီးပွားပျက်ကပ်ဆိုက်နေတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။ အာဏာပိုင်တွေအနေနဲ့ ထိုပြဿနာကြီးကို ကိုယ်တွယ်ရာမှာ တိုးတက်ကောင်းမွန်လာတယ်လို့မရှိဘဲ ကြာလာတာနဲ့ ကြွေးမြှီတွေက လည်ပင်းအထိနစ်လာပါတော့တယ်။ အဲဒီလိုကြံရာမရဖြစ်နေတဲ့အဆုံး နောက်ဆုံးနည်းကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်ဆုံးနည်းဆိုတာကတော့ လူဦးရေကိုလျှော့ချပစ်တဲ့နည်းပါ။ Purge လို့လူအများခေါ်တွင်ကြတဲ့နည်းလမ်းကိုသုံးပြီး လူဦးရေကိုလျှော့ချပစ်တာပဲဖြစ်ပါတယ်။ Purge ဆိုတာကတော့ သတ်မှတ်ထားတဲ့ညတစ်ညမှာ ကြိုက်တဲ့ရာဇဝတ်မှုကို ကြိုက်သလိုကျူးလွန်နိုင်တဲ့ပွဲကြီးပါပဲ။ အဲဒီပွဲကြီးကိုအခွင့်ကောင်းယူပြီး လူသတ်ပြီး လုယက်ကြမယ့်လူတွေကလည်း မနည်းပါဘူး။ အာဏာပိုင်တွေကတော့ အဲဒီပွဲကိုကိုယ်တိုင်ဦးစီးပြီး တရားဝင်အဖြစ်ကြေငြာထားပါတယ်။ အဲဒီဒဏ်ကိုပထမဆုံးခံရတာကတော့ Staten Island လို့ခေါ်တဲ့ အခြေခံလူတန်းစားတွေနဲ့ လူမည်းတွေအများစုနေထိုင်တဲ့ မြို့ပါပဲ။ အစိုးရကိုယ်တိုင်က လူဦးရေလျှော့ချချင်တဲ့အကြံကြီးနဲ့ မင်းမဲ့တိုင်းပြည်လို လူကြိုက်သလောက်သတ် ကြိုက်တာလုပ်ခွင့်ပေးထားတဲ့တစ်ညတာကို အဲဒီမြို့လေးရှင်သန်နိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဘာသာပြန်ပေးထားသူတွေကတော့ ကိုမျိုးသန့်နဲ့မေမြတ်သူပါ) File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 38min Format : Mp4 Genre : Action, Horror, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by May Myat Thu and Myo Thant Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
6 2018 97 mins
The First Purge
VII XII (Tujuh-Dua Belas)

ဒီတစ်ခါမှာတော့ Action, Adventure, Crime movie လေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးကဝောာ့ မလေးရှားမှာ ကလေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းဝယ်တဲ့အဖွဲ့ သောင်းကျန်းနေတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်ပါတယ် အဒမ်ဆိုတဲ့ကောင်လေးဟာ အဖေရော အမေရော တစ်ခါတည်း ဆုံးရှုံးလိုက်ရပါတယ် သူ့အဖေရဲ့ သေတမ်းစာအရ သူဟာ အ‌မွေတွေအကုန်လုံးကိုရရှိသွားပြီး သူ 18 နှစ်မပြည့်ခင်အထိ သူ့ဒေါ်လေး ဆာဖီယာရဲ့ အစောင့်အရှောက်အောက်မှာနေရမှာပါ တစ်ရက်မှာတော့ အဒမ်တစ်ယောက် လမ်းမှာ လူဆိုးတွေပြန်ပေးဆွဲခံလိုက်ရတဲ့အပြင် ဆာဖီယာကိုလည်း ရဲတိုင်ရင် အဒမ်သေမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ် သူ့အဒေါ် ဆာဖီယာဟာဆိုရင်လည်း သာမာန်လူတစ်ယောက်တော့မဟုတ်ပါဘူး ကိုယ်ခံပညာရှင် အားကစားသမားတစ်ယောက်ပါ ဒီလိုနဲ့ ဆာဖီယာတစ်ယောက် ပြန်ပေးဆွဲသမားတွေလက်ထဲက တူလေး အဒမ်ကို လိုက်ကယ်ပါတော့တယ် သူ့ရဲ့တူလေးကို ကယ်တင်နိုင်သွားမှာလား ဆာဖီယာတစ်ယောက် ဘယ်လို‌အခက်အခဲတွေကြုံလာရမလဲဆိုတာကတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.3 GB)/(726 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
VII XII (Tujuh-Dua Belas)
Boogeyman 2
5

Boogeyman 2 (2007) ================ 11နှစ်သား ဟင်နရီနဲ့ 8နှစ်သမီး လော်ရာတို့ မောင်နှမနှစ်ယောက် တစ်ညမှာ သူတို့မိဘတွေ ရက်ရက်စက်စက်အသတ်ခံလိုက်ရတာကိုမျက်မြင်ကြုံတွေ့ ခဲ့ရတယ်။ ရဲတွေက တရားခံကို တစ်ခါမှမဖမ်းမိခဲ့ဘူး။ ဟင်နရီနဲ့လော်ရာက သူတို့မိဘတွေကိုသတ်တဲ့တရားခံက ဘိုဂီမန်းလို့ခေါ်တဲ့ သရဲတစ္ဆေလို့ ယုံကြည် စွဲလမ်းပြီး စိတ်ရောဂါရသွားကြတယ်။ ငယ်ငယ်ကတည်းက ဘိုဂီမန်းကို ကြောက်တဲ့ ဟင်နရီကတော့ သူ့ကြောက်ရွံ့မှုကပိုဆိုးလို့ စိတ်ကျန်းမာရေး ဆေးခန်းမှာ နေပြီးကုသလိုက်ရတယ်။ လော်ရာ 18နှစ်ပြည့်တော့ ရောဂါပျောက်ကင်းပြီး အများကြီးသက်သာသွား ပုံရတဲ့ အစ်ကိုဖြစ်သူ ဟင်နရီက အလုပ်အင်တာဗျူးအတွက် ဆန်ဖရန်စ္စကိုကို သွားမယ်ဖြစ်ကြောင်းပြောပြီး သူ့ညီမကို သူနေတဲ့ စိတ်ကျန်းမာရေးဆေးခန်းမှာ ဒေါက်တာရိုင်နဲ့ ကျန်တဲ့phobiaစိတ်ရောဂါသည်သူငယ်ချင်းတွေနဲ့ နှစ်ရက်အပ် ထားခဲ့ပါတယ်။ ပထမနေ့ညမှာပဲ လော်ရာတို့အဖွဲ့ထဲကတစ်ယောက် ကိုယ်တစ် ပိုင်းပြတ် သေသွားတယ်။ နောက်နေ့ညမှာ ကျန်တဲ့လူနာသူငယ်ချင်းတစ်ယောက် ထပ်သေပြီး ဆေးခန်းကကျန်တဲ့လူတွေအကုန် အဆောက်အအုံမှာ ပိတ်မိသွား ကြတယ်။ တစ်ညတာပိတ်မိသွားပေမဲ့ အဲဒီဆေးရုံထဲပိတ်မိသွားတဲ့ညအတွင်း ဘယ်လောက်စိတ်ခြောက်ခြားစရာကိစ္စတွေနဲ့ ကြုံရမလဲဆိုတာတော့ ဒီဇာတ်လမ်း မှာ စိတ်လှုပ်ရှားခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.72 GB) / (632 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator…….Thwal Htoo Zin Encoder……….SWM

Animation • Comedy • Music
5 2007 93 mins
Boogeyman 2
Parundhaaguthu Oor kuruvi
7.6

Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 Thriller IMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်‌ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.6 2023
Parundhaaguthu Oor kuruvi
Fights Break Sphere
5.8

အားလုံးကို ဒီတစ်ခေါက် မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းမှာဆို ရှောင်းယန်ဆိုတဲ့ မွေးရာပါ မီးစွမ်းအား ပါရမီရှင်လေးဟာ သူ့မိခင်ပေးခဲ့တဲ့ နောက်ဆုံးကျန်ရစ်ပစ္စည်းကြောင့် သူ့စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်… ငယ်စဉ်တည်းက ပါရမီရှင်အနေနဲ့ အထင်ကြီးလေးစားခံလာရာကနေ တစ်နေ့မှာတော့ ရုတ်တရက်ကြီး အစွမ်းတွေပျောက်သွားခဲ့ပြီးနောက် ဘဝတစ်ခုလုံး ဇောက်ထိုးပြောင်းလဲသွားခဲ့တယ်လေ… သူအစွမ်းပျောက်သွားခဲ့တာကလည်း သူ့အမေရဲ့အသက်နဲ့အတူ ပြောင်းလဲသွားခဲ့ရတာမို့ အစွမ်းပြန်ရလာအောင် ပိုပြီး အားကောင်းလာအောင် သူနေ့စဉ်ရက်ဆက်ကြိုးစားနေခဲ့တာပေါ့.. ကြိုးစားသူတိုင်းအတွက် ရလဒ်ကောင်းက စောင့်နေတယ် ဆိုတဲ့အတိုင်းပဲ ရှောင်းယန်တစ်ယောက် အစွမ်းတွေ ပြန်ရလာခဲ့တယ်… ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ… ဘာတွေက သူ့ကို တွန်းအားဖြစ်စေခဲ့တာလဲ… အစွမ်းပြန်ရပြီးတော့ရော သူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား… ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

5.8 2023
Fights Break Sphere
A Chef’s Deadly Revenge
4.5

A Chef’s Deadly Revenge (2024) ======================== လူစီ လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ အနိုင်ကျင့်နှိပ်စက် တတ်တဲ့ ယောက်ျားနဲ့ဆက်ဆံရေးဆီကနေ ထွက်ပြေးပြီး မြို့အ သစ်မှာ စားသောက်ဆိုင်ဖွင့်ထားပါတယ်။ အဲဒီနောက်မှာ ဖရန့် ဆိုတဲ့ လူတစ်ယောက်ရဲ့ နောက်ယောင်ခံလိုက်ပြီး နှောက်ယှက် ခြင်းကို ခံရပါတော့တယ်။ အနိုင်ကျင့်နှိပ်စက်တဲ့ ယောက်ျားဆီ ကနေ ‌ထွက်လာတဲ့လူစီဟာ ဒီတစ်ခါမှာတော့ ငြိမ်မခံတော့ဘဲ လိုက်နှောက်ယှက်တဲ့သူကို ပြန်ပြီး လက်စားချေပါတော့တယ်။ စားဖိုမှူးတစ်ယောက်ဖြစ်တဲ့လူစီဟာ ထက်မြတ်ရဲရင့်တဲ့ မိန်းမ‌ တစ်ယောက်ပီပီ လာပြီးနှောက်ယှက်တဲ့သူကို ဘယ်လိုပြန်ပြီး လက်စားချေမလဲ၊ ဖရန့်ကရော ဘာလို့ လူစီကို လိုက်နှောက် ယှက်နေရတာလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.44 GB) / (645 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Katt Encoder……….SWM

Crime • Thriller
4.5 2024 87 mins
A Chef’s Deadly Revenge
Babygirl
6.4

Babygirl (2024) IMDb Rating (6.4) / Rotten Tomatoes (77%) 2024 နှစ်ကုန်ပိုင်းကမှ A24က ထွက်ခဲ့တဲ့ မင်းသမီးကြီး Nicole Kidman ရဲ့ Erotic Thriller ကားကောင်း တစ်ကားဖြစ်ပါတယ်။ Romy Mathis က စက်ရုပ်တွေနဲ့ လည်ပတ်တဲ့ အီလက်ထရောနစ် ကုန်သွယ်ရေး company ရဲ့ CEO တစ်ယောက်ပါ။ သူ့မှာ ယောက်ျားဖြစ်သူ ပြဇာတ် ဒါရိုက်တာ Jacob နဲ့ Isabel နဲ့ Nora ဆိုတဲ့ သမီးလေးနှစ်ယောက်ရှိပါသေးတယ်။ သူ့ ဘဝနဲ့သူ အောင်မြင်ပြီး မိသားစုကောင်း ရှိတဲ့ အမျိုးသမီး တစ်ယောက်ပေမယ့် မပြည့်စုံတဲ့နေရာတော့ ရှိပါသေးတယ်။ သူဟာ ခင်ပွန်းဖြစ်သူနဲ့ လိင်မှုဘဝမှာ မသာယာတော့ပါဘူး။ သူ အဲ့ဒီလို ဖြစ်နေတာကို ခင်ပွန်းဖြစ်သူကလည်း မသိပါဘူး။ Romy က ကာမစိတ် မူပြောင်းပြီး အရှက်သိက္ခာထိခိုက်အောင် ဆက်ဆံခံရတာတွေ နာကျင်မှုကို သာယာတာကို တိတ်တိတ်လေး ခုံမင်နေသူဖြစ်ပါတယ်။ တစ်ရက် သူ့ company ကို အသစ်ရောက်လာတဲ့ အလုပ်သင်တွေထဲက Samuel ကို မျက်မှန်းတန်းမိရင်း Samuelက သူ့ နည်းပြအဖြစ် Romy ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့ ဆက်ဆံရေးဟာ တဖြည်းဖြည်း နယ်ကျွံလာပြီး အလုပ်နဲ့ မိသားစုကို ထိပါးလာခဲ့ပါတယ်။ Castတွေအနေနဲ့လည်း Nicole Kidman; Harris Dickinson; Sophie Wilde; Antonio Banderas တို့ ပါတာမို့လို့ ကြည့် ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မဖွယ်မရာ scene တချို့ပါဝင်တာမို့လို့ မိသားစုနှင့် ကြည့်ရှုရန် မသင့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(13 GB) / (3 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….01:56:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Adventure • Action • Drama
6.4 2024 115 mins
Babygirl
The Malabar Tales
6.6

The Malabar Tales (2025) ဘဝမျိုးစုံရဲ့ ချည်မျှင်ထွေးလေးတွေ မိသားစုရယ်လို့ ဖြစ်လာရင် သံယောဇဉ်၊ ချစ်ခြင်းမေတ္တာ၊ ပေးဆပ် စွန့်လွှတ်အနစ်နာခံမှု၊ ဒဏ်ရာဒဏ်ချက်တွေပါ တစ်ပါတည်း ပါဝင်လို့လာပါတယ်။ ဒီလိုမိသားစု ဒရမ်မာလေးတွေ သဘောကျတဲ့ပရိတ်သတ်တွေအတွက် ဒီဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ မိသားစုတစ်ခုက အဘွားဖြစ်သူ ဆုံးပါးသွားတဲ့ ဇာတ်ဝင်ခန်းလေးနဲ့ အစပြုထားပါတယ်။ အဘွားကသူ မဆုံးပါးခင် အားလုံးကို မှာကြားခဲ့တာက သူ့ကြောင့် ဝမ်းနည်းပူဆွေးမနေကြဖို့နဲ့ ပျော်ရွှင်စည်းလုံးစွာ ကျန်ရစ်ခဲ့ကြဖို့ပါ။ ဒါပေမဲ့ မိသားစုဝင်တစ်ယောက်ကိုတော့ ထူးခြားစွာ မှာကြားခဲ့တာလေး ရှိပါတယ်။ သူတို့ခြံရဲ့ ရေတွင်းဘေးက အပင်သေလေးနားမှ မြေကိုတူးရင် ရတနာတွေ့ပါမယ်၊ အဲဒီရတနာမှာ သူတို့မိသားစုမျိုးရိုးရဲ့ အမှန်တရားတည်ရှိပါတယ်တဲ့။ အဲဒီတော့သူကဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်စွာသွားတူးပါတယ်။ ဒါပေမဲ့သူတွေ့တာက ဘာမှမပါရှိတဲ့ ကြေးအိုးအလွတ်တစ်လုံးဖြစ်လို့နေပါတယ်။ ဒီလိုနဲ့သူလည်း နေ့နေ့ညည စဉ်းစားအဖြေထုတ်ပေမဲ့ ကြံရာမရ မလုပ်တတ်ဖြစ်လို့နေပါတယ်။ သူတို့မိသားစုအပါဝင် အ‌ခြေခံလူတန်းစားကစလို့ လူချမ်းသာအသိုင်းအဝိုင်းအထိ အမျိုးစုံတဲ့ မိသားစုငါးခုရဲ့ မတူညီတဲ့ ဘဝဇာတ်ကြောင်းမျိုးစုံ၊ မိသားစုဝင်ပေါင်းစုံအကြောင်းကို စိတ်နှလုံးနွေးထွေး၊ ဝမ်းနည်းကြေကွဲ၊ မချင့်မရဲဖြစ်ရတဲ့ ခံစားချက်အတက်အကျလေးတွေနဲ့ ကြည့်ရှုအားပေး ခံစားကြည့်ပေးပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

6.6 2025 115 mins
The Malabar Tales
The Descent: Part 2
5.8

The Descent: Part 2 (2009) IMDb Rating (5.8) နာမည်ကြီးခဲ့တဲ့ The Descent (2005) ရဲ့အဆက်အနေနဲ့ထွက်ရှိလာတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အမျိုးသမီး ၆ ဦး ပျောက်ဆုံးနေတာကို အပြန်လေယာဉ်လက်မှတ်ကနေတစ်ဆင့် သိရှိသွားကြပြီး ရဲတွေ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အလုပ်များကြရပါတော့တယ် သူတို့ရှာဖွေကြတဲ့နေရာက ဘိုရာမ်လှိုဏ်ဂူ…အစအနပင် မတွေ့… အမျိုးသမီး ၆ ဦးထဲမှ ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာပါတယ် သူ့ကိုတွေ့တဲ့နေရာက ဘိုရာမ်လှိုဏ်ဂူနဲ့ လားလားမှမဆိုင်… သွေးပျက်ချောက်ချားနေတဲ့ အမျိုးသမီးကို ဘာမှလည်း မေးလို့မရ… ဒီလိုနဲ့ သူမကိုတွေ့ရှိခဲ့တဲ့နေရာအနားက လှိုဏ်ဂူကို ရဲနှစ်ဦး နဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေကြရာမှာတော့… Jump Scare အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ် (သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့်နှလုံးမခိုင်သူများ မကြည့်ရှုသင့်ပါ။)

Comedy • Drama
5.8 2009 94 mins
The Descent: Part 2