YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

code.8.part.ii.2024.720p.web {CM}.mp4

686.74 MB N/A video/mp4 3151 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Ghost and the Darkness
6.8

90 born တွေဆို ငယ်ဘဝတုန်းက လူသားတွေနဲ့ ခြင်္သေ့တွေ အသဲတယားယား ဘတပြန်ကျားတပြန် တိုက်ခိုက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် ဒီဖြစ်ရပ်ကြီးက အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဆိုတာ ပြောပြချင်ပါတယ်... ဇာတ်လမ်းကတော့ လန်ဒန်က တံတားအင်ဂျင်နီယာ ကယ်နယ်တစ်ယောက်ကို အာဖရိကတိုက် ဆာဗိုဆိုတဲ့နေရာမှာ ငါးလအတွင်း တံတားတစ်ခု အပြီးဆောက်ခိုင်းတာပါ။ ဒါပေမဲ့ ကာနယ်ရောက်သွားတဲ့အချိန်မှာ အခက်အခဲပေါင်းစုံ ကြုံတွေ့ရပါတော့တယ် အလုပ်သမားအချင်းချင်း မတည့်တာမျိုး ဆေးရုံကောင်းကောင်းမရှိတာမျိုး စသဖြင့်ပေါ့၊ ဒါပေမဲ့ တကယ်ပြဿနာကြီးကတော့ ခြင်္သေ့တွေ လူလာလာဆွဲတဲ့ကိစ္စပါ။ ပထမပိုင်းတော့ ကာနယ်တစ်ယောက် အပင်ပေါ်ကနေ တစ်ကောင်သတ်ပေးလိုက်တော့ အလုပ်သမားတွေလည်း ပျော်ရွှင်၊ သူလည်း သူရဲကောင်းဖြစ် တံတားထိုးတာလည်း အဆင်ပြေပြေနဲ့ပေါ့၊ နောက်ပိုင်းကျတော့ ခြင်္သေ့တွေက ပိုအတင့်ရဲလာ လူတွေပိုသတ်လာပြီး တံတားလည်းမဆောက်နိုင် ခြင်္သေ့လည်းမသတ်နိုင်နဲ့ ဒုက္ခတွေရောက်လာတဲ့အချိန် အာဖရိကလူမျိုးစုတွေနဲ့အတူ အမဲလိုက်တတ်တဲ့ နာမည်ကျော်မုဆိုးတစ်ယောက် ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ ဆိုးသွမ်းနေတဲ့ခြင်္သေ့တွေကို နှစ်ယောက်သား အောင်မြင်စွာသတ်နိုင်ပြီး ကိုယ်စီအိပ်မက်တွေ ပြည့်ဝကြမလားဆိုတာတော့ ဆက်လက်ရှုစားရမှာပါ...။ မင်းသားနှစ်ပါးကတော့ Top Gun မှာ Iceman အဖြစ်လူသိကြမယ့် Val Kilmer ကြီးရယ် Basic Instinct တို့မှာလည်း ပါဝင်ဖူးတဲ့ မင်းသားကြီး Michael Douglas တို့ အပြိုင်ကြမ်းထားကြတာပါ။ ကျွန်တော်ကတော့ ဒီကားကြည့်နေရင်း မြန်မာစကားပုံဖြစ်တဲ့ "ကုလားသိုက် ကျားဝင်ကိုက်" ဆိုတာကို ပြေးတောင်မြင်မိသေးတယ်ဗျာ...။ File size…(3.7GB)  / (1.5GB) / (1.0B) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:50:00 Genre...Adventure / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thura Aung

Comedy
6.8 1996 109 mins
The Ghost and the Darkness
Anthropoid
7.1

၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့် ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။ အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါက အိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာ အသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။ သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။ နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။ လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။ လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့ မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။ File Size :(3.8GB) and (1.1GB) Quality : WEB-DL1080p, 720p Format…mp4 Duration…02:00:00 Genre : Action ,Biography ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7.1 2016 120 mins
Anthropoid
Conan the Barbarian
5.3

ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက်ရှိထားတဲ့ Conan the Barbarian ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကို ဟိုက်ဘိုရီယန်ခေတ်မှာ အခြေတည်ထားပြီးတော့ ခန့်မှန်းအားဖြင့် BC 14000 ကနေ 9500 ကြားလောက်အချိန်အတွင်းဖြစ်ပါတယ်။ ဟိုက်ဘိုရီယန်ခေတ်မတိုင်ခင် အက်ရှရွန်ခေတ်မှာမှော်ဆရာတွေဟာ သေသူကိုပြန်ဆင့်ခေါ်နိုင်ဖို့ ဘုရင်တွေရဲ့အရိုးတွေကိုသုံးပြီး နတ်ဆိုးတွေစီး၀င်‌နေတဲ့ မျက်နှာဖုံးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ မျက်နှာဖုံးဟာ စွမ်းအားကြီးလွန်းလို့ အက်ရှရွန်တွေဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးသွားနိုင်ခဲ့ပေမယ့် သူတို့ကိုတော်လှန်နိုင်တဲ့ ဘာဘေရီယန်ဆိုတဲ့ မျိုးနွယ်စုတစ်စု ကျန်ရှိနေခဲ့ပါတယ်။ ဘာဘေရီယန်တွေဟာ မျက်နှာဖုံးကိုခွဲပစ်လိုက်နိုင်ပြီး မသမာသူတစ်ယောက်ယောက်က အစိတ်အပိုင်းတွေကိုပြန်မဆက်နိုင်အောင် တစ်ပိုင်းချင်းစီကို မျိုးနွယ်စုအသီးသီးဆီဖြန့်ကျက်ထားလိုက်ပါတယ်။ ဒါပေမယ့် တစ်နေ့တော့ အပိုင်းအစတွေကိုပြန်စုတဲ့လူတစ်ယောက်ပေါ်လာခဲ့တဲ့အခါ ဇာတ်လိုက်ကျော် Jason Momoa တစ်ယောက် ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရင်း တားဆီးဖို့ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက မင်းသားကြီးအာနိုးရဲ့ Conan the Barbarian (1982) နဲ့နာမည်တူ ခေတ်ပုံစံတွေတူပေမယ့် ဇာတ်လမ်းဆက်စပ်မှုတော့ မရှိပါဘူး။ File size…(7.6 GB)/(2.1 GB)/(1.1 GB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:52:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jaka

Horror • Thriller
5.3 2011 113 mins
Conan the Barbarian
Caveman
5.9

အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။

Action • Crime
5.9 2023 101 mins
Caveman
The French Minister
6.4

IMDb – 6.4/10 ဇာတ်လမ်းအညွှန်း ဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက နေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာ နိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလို ဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။ ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီက သူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အ ာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။ ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊ စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါ ပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက် သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကို အာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ အာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲ ဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။ ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင် ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊ စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ Quai d’Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီး နိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာ နာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီး ဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီး award တွေလည်း ရရှိထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့ အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာ ကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 2.2 GB / 957.8 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Thriller • Drama
6.4 2013 113 mins
The French Minister
The Wedding Cottage
7.1

မင်္ဂလာပွဲစီစဉ်သူတစ်‌ ယောက်ဖြစ်တဲ့ ဗန်နက်ဆာ ဒွိုင်းကတော့ မင်္ဂလာပွဲစီစဉ်ပေးရတဲ့ အလုပ်ကိုမလုပ်တော့ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ မင်္ဂလာပွဲနဲ့ပတ်သတ်ရင် အကုန်ဖြည့်ဆည်းပေးနိုင်နဲ့ Tying the Knot ဆိုတဲ့ လုပ်ငန်းကိုစပြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းအသစ်လေး လူသိများဖို့အတွက်ရော၊ သူ့နောက်ဆုံး စီစဉ်ပေးရတဲ့ မင်္ဂလာပွဲလေးပါဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ပြီး ကိုက်ညီတဲ့ စုံတွဲကိုရွေးချယ်ခဲ့ရာမှာ၊ သတို့သားဖြစ်သူက စစ်သားဖြစ်နေတာကြောင့် နိုင်ငံခြားကို နှစ်လအတွင်းသွားရတော့မှာဖြစ်လို့ မင်္ဂလာပွဲကိုလည်း ငါးပတ်အတွင်းအပြီးစီစဉ်ရဖို့ဖြစ်လာခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့စုံတွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း မင်္ဂလာနေရာကို ဗာမွန့်မြို့က မင်္ဂလာဆောင်အိမ်လေးမှာ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာဖြစ်ပေမဲ့ အိမ်လေးကပိတ်သွားခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဗန်နက်ဆာကိုယ်တိုင် ဗာမွန့်ကိုလိုက်သွားပြီး အိမ်ပိုင်ရှင်တစ်ဖြစ်လည်း၊ နာမည်ကြီးပန်းပုပညာရှင် အီဗန် စတန်းဖို့ကို အိမ်လေးပြင်ဆင်ခွင့်ပေးပြီး မင်္ဂလာပွဲလုပ်ခွင့်‌ပေးဖို့ တောင်းဆိုပါတော့တယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ‌မှာ အေးအေးချမ်းချမ်းအလုပ်လာလုပ်တဲ့ အီဗန်ကတော့ အစပိုင်းမှာငြင်းပေမဲ့ ဇွဲအရမ်းကောင်းတဲ့ ဗန်နက်ဆာကြောင့် နောက်ဆုံးမှာ အိမ်ပြင်ခွင့်ပေးလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဗန်နက်ဆာနဲ့ အီဗန်တို့နှစ်ယောက် တဖြည်းဖြည်းနီးစပ်လာခဲ့ကြပြီး မင်္ဂလာပွဲစီစဉိပေးရတဲ့သူနဲ့ အကြံအိုက်နေတဲ့ အနုပညာသမားနှစ်ယောက်တို့ရဲ့ အချစ်လမ်းခရီးလေးကရော ဖြောင့်ဖြူးအဆင်ပြေသွားမလား၊ မင်္ဂလာဆောင်အိမ်လေးမှာလုပ်တဲ့ မင်္ဂလာပွဲ‌ေလးက‌ရောအဆင်ပြေမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.3 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

7.1 2023 84 mins
The Wedding Cottage
Hack Your Health: The Secrets of Your Gut
6.5

Hack Your Health: The Secrets of Your Gut (2024) မိတ်ဆွေတို့ ဘာစားစားမဝတဲ့လူတွေကို မြင်ဖူးကြတယ်မလား အဲဒီလိုပဲ အစားဆင်ခြင်ရဲ့သားနဲ့ ဝိတ်မကျပဲဝနေတဲ့လူတွေရောမြင်ဖူးတယ်မလား။ ဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာချင်ရင်တော့ ဒီ Netflix က တင်ဆက်ပေးထားတဲ့ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ Documentary လေးကိုကြည့်ဖို့ ညွှန်းချင်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ မတူညီမှုတွေကိုဖော်ပြထားပြီး အဲဒီမတူညီမှုတွေရဲ့ မတူညီတဲ့ သက်ရောက်မှုတွေကြောင့် လူတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး‌အပေါ်သက်ရောက်မှုလည်း မတူညီနိုင်ကြောင်းကိုတင်ဆက်ပေးထားပါတယ်။ ကျန်းမာ‌တဲ့ဘဝရဖို့အတွက် ဘယ်အရာတွေက အဓိကကျနေလဲ၊ လူတစ်ယောက်နဲ့တစ်ယောက် အူလမ်းကြောင်းအတွင်းက ပါဝင်နေတဲ့ ဇီပိုးမွှားဖွဲ့စည်းပုံတွေမတူညီတာကြောင့် ရှိလာတဲ့ကွဲပြားမှုတွေကိုသေချာရှင်းလင်းပြောပြထားပြီး ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အူလမ်းကြောင်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ File size… 1.4 GB / 696 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 19m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

6.5 2024 80 mins
Hack Your Health: The Secrets of Your Gut
[18+] Ungol

(18+) Ungol (2024) ဂျင်က မိဘမဲ့မျက်မမြင်ကောင်မလေးတစ်ယောက်ဖြစ်‌ပြီး ရွာစွန်မှာတစ်ယောက်တည်း အိမ်တစ်လုံးနဲ့နေပါတယ်။ သူ့ရဲ့အဓိကစီးပွားရေးကတော့ အိမ်ထဲကအခန်းတစ်ခန်းကို ချိန်းတွေ့ဖို့နေရာမရှိတဲ့ အတွဲတွေဆီ ဆက်ရှင်ကြေးနဲ့ငှားစားတာပါပဲ။ ဒါ့အပြင် သူ့ကိုတစ်ဖက်သတ်ကြီတ်ကြိုက်နေတဲ့ ငယ်သူငယ်ချင်းခါးပိုက်နှိုက်ကောင်လေး အာဘတ်ကနှိုက်ရာပါပစ္စည်းလေးတွေကို သူ့လက်ထဲထည့်လေ့ရှိတော့ သူ့ဘ၀က စုမိဆောင်းမိလို့တောင်ပြောလို့ရပါတယ်။ တစ်နေ့တော့ သူတို့ဆီမှာလာချိန်းတွေ့တဲ့ အတွဲတစ်တွဲရဲ့အမျိုးသားဆီက ညည်းသံတွေကို ဂျင်တစ်ယောက်စွဲလန်းပြီး ရမ္မက်ထန်လာချိန်မှာတော့ တစ်ဖက်သတ်ချစ်ရတဲ့ အာဘတ်၊ ဂျင် နဲ့ ဖောက်သည်အမျိုးသားတို့ကြား ဘယ်လိုစခန်းသွားကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(930 MB) / (400 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:01:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

0 2024 60 mins
[18+] Ungol
The Mercenary
5.2

The Mercenary(2019) IMDb….5.6 The mercenaryဆိုတဲ့အဓိပ္ပာယ်က ကြေးစားစစ်သား… မက်စ်တို့အဖွဲ့က Central Africa တို့ Columbia တို့မှာ သူတို့ကိုခိုင်းတဲ့ လူသတ်မှုတွေကို ကြေးကြီးကြီးယူပြီးလုပ်ကြတယ်…. South Americaမှာ သူတို့ mission လုပ်နေရင်း မက်စ်တစ်ယောက်ကို အကြောင်းတစ်ခုကြောင့်သေပြီဆိုပြီး ထားခဲ့ကြတယ်….. အနီးနားက ဘုရားကျောင်းက ဖာသာက သူ့ကိုကယ်တင်စောင့်ရှောက်ထားခဲ့တယ်.. သူ့ကျန်းမာရေးပြန်ကောင်းလာပြီးနောက် ဘုရားကျောင်းမှာပဲ သူ့ရဲ့ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေရင်းနဲ့မှ ဘာတွေ ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်သာ ခံစားကြည့်ကြပါတော့….. ဒီကားက အက်ရှင်ဆိုတဲ့အတိုင်း အစမှ အဆုံးထိ နင်းကန်ဗျင်းပါတယ်… နင်းကန်ဗျင်းတာကြိုက်တဲ့သူတွေအတွက်တော့ ဒေါင်းကြည့်ကြပါလို့ လက်တို့လိုက်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်… File Size : 2.45GB / 950MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:32:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae

Action • Drama • Thriller
5.2 2019
The Mercenary
Killer Influence
3

Killer Influence (2024) Influencer အရှိန်အဝါကြီးသူ(အင်ဖလူအန်ဇာ)တွေဆိုတာ လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွက်၊ အင်စတာဂရမ်၊ တင်ဒါ၊ တစ်တော့ခ် စတာတွေကနေ ကုန်ပစ္စည်းတွေကို အခကြေးငွေယူပြီး ကြော်ငြာပေးတာ၊ ရောင်းပေးတာတွေ လုပ်ပေးရသူတွေပါ။ အဲဒီလို လုပ်နိုင်ဖို့ကို သူတို့ကိုယ် သူတို့ နာမည်ကြီးလာအောင် ကိုယ်ပိုင်ဇာတ်နဲ့ ကိုယ်ပိုင်အရည်အချင်းတစ်ခုခုနဲ့ အရင်ဆုံး လူသိများလာအောင် လုပ်ရပါသေးတယ်။ ပရိသတ် အားပေးမှု ကျမသွားအောင်လည်း ထိန်းသိမ်းရပါသေးတယ်။ စိတ်ဖိအားအလွန်များသလို အချိန်ပြည့်လဲ အသစ်အသစ်တွေချပြနိုင်အောင် ဖန်တီးနေရပါတယ်။ အဲဒါအပြင် သူတို့ကို အကြောင်းမဲ့ နာမည်လိုက်ဖျက်တတ်သူတွေ၊ စော်ကားချင်သူတွေ Harasser၊ စွဲလမ်းလွန်ပြီး တကောက်ကောက်လိုက် နှောက်ယှက်တတ်သူ stalker တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။ အခု ရုပ်ရှင်မှာတော့ influencer တစ်သိုက် ဖန်တီးမှုအသစ်လုပ်ဖို့ ပြင်သစ်နိုင်ငံ၊ ကျေးလက်ဒေသလေးတစ်ခုကိုသွားပြီး ဗီဒီယိုအသစ်တွေဖန်တီးဖို့သွားခဲ့တာပါ။ ဇာတ်လမ်းပြောဆရာမ အဲလက်စ်က ဦးဆောင်ပြီး သူငယ်ချင်း influencer တွေဖြစ်တဲ့ အကဆရာဆမ် ခေါ် ဆမ်မြူဝယ်၊ နာလာအီးဇီးမိတ်ကပ် ခေါ် နာလာ၊ တကိုယ်တော်မင်းသမီးလေး ၆၉ ခေါ် မာရီတို့အပြင် လူမှုမီဒီယာတောင်မသုံးတတ်တဲ့ သူမရဲ့ချစ်သူ ကာမီးလ်တို့ကို ခေါ်ပြီး သူမပိုင် ကျေးလက်အိမ်လေးတစ်ခုကို သွားခဲ့ပါတယ်။ သူတို့ရိုက်ထားတဲ့ ဗီဒီယိုကို Location ထည့်လိုက်မိရာကနေ အနီးနားက စိတ္တဇ Stalker တစ်ယောက်ကို ဖိတ်ခေါ်မိရက်သားဖြစ်သွားပြီး သူတို့ဖန်တီးနေတဲ့ Horror story ထဲမှာ သူတို့ကိုယ်တိုင် ပါဝင် သရုပ်ဆောင်မိရက်သား ဖြစ်သွားခဲ့ပုံများကို ရှုစားရမှာပါ။ (အမျိုးသမီးချင်း) လိင်ဆက်ဆံခန်း၊ အရက်သေစာ ဆေးဝါးသုံးစွဲမှု၊သတ်ဖြတ်ခန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သေးသူများ ဆင်ခြင်သင့်ပါသည်။ ၂၀၂၀ခုနှစ်ထုတ် The Revolution မင်းသမီး Marilou Aussilloux၊ အစ္စရေး နာမည်ကျော် မင်းသမီး Joy Rieger၊ ပြင်သစ်သရုပ်ဆောင်Ouidad Elma၊Alix Gavoille၊ Lea Julianတို့ ပါဝင်ထားပြီး Abel Dananက ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ထားတာဖြစ်ပါတယ်။ Jury Prize မှာ အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံးဂီတ နဲ့ Joy Rieger က အကောင်းဆုံးသရုပ်ဆောင်ဆုတွေ ရထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1 GB) / (620 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:21:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Action • War
3 2024 84 mins
Killer Influence
Girlfight
6.7

Girlfight (2000) IMDb Rating (6.7) / Rotten Tomatoes (87%) ဒီဇာတ်ကားကတော့ ၂၄နှစ်အတွင်းအကောင်းဆုံး လက်ဝှေ့ဖိုက်တာကားဆိုပြီးသတ်မှတ်ထားတဲ့ဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Karyn Kusama နဲ့အဓိက အမျိုးသမီးသရုပ်ဆောင် Michelle Rodriguezတို့ကိုအနုပညာလမ်းကြောင်းမှာအောင်မြင်ကျော်ကြားလျှောက်လှမ်းနိုင်အောင်စတွန်းတင်ပေးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Karyn Kusama ရဲ့တကယ့်အတွေ့အကြုံတွေကို ထင်ဟပ်ပြသတဲ့ကားလို့လဲဆိုကြပါတယ်။ အမေရိကန်နိုင်ငံကလက်တင်နိုတွေရဲ့ဘဝနဲ့ အလုပ်သမားလူတန်းစားရဲ့ဘဝကို သဘာဝကျကျဖော်ပြပေးနိုင်တယ်လို့လဲဆိုကြပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာဆုရထားတဲ့ ဇာတ်ကားဖြစ်သလို Michelle Rodriguez ကလည်းဒီဇတ်ကားနဲ့ဆုတွေရထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဒိုင်ယာနာဂူးဇ်မန်း(Michelle Rodriguez)ဟာ မိန်းကလေးမဆန်တဲ့မိန်းကလေးဖြစ်ပြီး ကျောင်းစာမှာစိတ်ဝင်စားတာနည်းသလို အတန်းဖော်နဲ့လည်းရန်ဖြစ်လို့ နောက်တစ်ခါဆိုကျောင်းထုတ်ခံရမယ်သတိပေးခံထားရပါတယ်။ သူ့အဖေကလည်း သူ့ကိုပြဿနာအိုးလေးဆိုပြီး မကြည်တဲ့အပြင် သူ့အဖေနဲ့လည်းခဏ ခဏစကားများပါတယ်။သူ့အမေကကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပြီး သူ့မှာတိုင်နီဆိုတဲ့မောင်တစ်ယောက်ရှိပါတယ်။ တိုင်နီ့ကို သူ့အဖေက ဂျင်မ်တစ်ခုမှာလက်ဝှေ့ကျင့်ခိုင်းထားပါတယ်။တစ်ရက်သူ့အဖေက ဒိုင်ယာနာကို တိုင်နီ့အတွက်လက်ဝှေ့နည်းပြကိုပိုက်ဆံသွားပေးခိုင်းပါတယ်။ တိုင့်နီကို အနိုင်ကျင့်တဲ့ ရေးဆိုတဲ့ လက်ဝှေ့လေ့ကျင့်နေတဲ့ကောင်လေးကို ဒိုင်ယာနာက ထိုးပစ်လိုက်ပါတယ်။ ဒိုင်ယာနာက လက်ဝှေ့မှာစိတ်ဝင်စားသွားပြီးသူ့ကို လက်ဝှေ့ကျင့်ပေးဖို့ ဆရာဟက်တာ့ကိုပြောတော့ တစ်ချိန်ကို ၁၀ ဒေါ်လာနဲ့သင်ပေးဖို့ သဘောတူလိုက်ပါတယ်။ သူ့အဖေဆီက ပိုက်ဆံတောင်းမရတာနဲ့ဒိုင်ယာနာက သူ့အဖေဆီက ပိုက်ဆံခိုးပြီး လက်ဝှေ့လေ့ကျင့်ပါတယ်။အပြန်အလှန်ထိုးတာကိုလေ့ကျင့်တဲ့အခါယောကျာ်းလေးတွေနဲ့ကျင့်ရပါတယ်။ အားကစားခန်းမမှာ အေဒရီယမ်ဆိုတဲ့လူငယ်လေးနဲ့ ဒိုင်ယာနာတွေ့ပြီးသူတို့နှစ်ယောက်အချင်းချင်းစိတ်ဝင်စားသွားကြပါတယ်။ ကျားမ မခွဲခြားတဲ့ လက်ဝှေ့ပြိုင်ပွဲတွေစခေတ်စားလာပြီး ထောက်ခံသူတွေမထောက်ခံသူတွေရဲ့ ပွတ်တိုက်မှုကြားကပဲ ဒိုင်ယာနာလည်း ကြိုးဝိုင်းထဲမှာယောကျာ်းလေးတွေနဲ့ ထိုးသတ်ရဖို့ ဖြစ်လာပါတယ်။ ဘယ်သူတွေနဲ့ထိုးသတ်ရမလဲ ဒိုင်ယာနာ အနိုင်ရမလား သူ့ရဲ့ အိမ်တွင်းရေးအချစ်ရေး ကျောင်းပညာရေးတွေမှာဘာတွေဖြစ်လာမလဲဆိုတာကိုတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ဇာတ်လမ်းရဲ့ထူးခြားချက် ဇာတ်လမ်းရဲ့အဓိကတင်ပြချက်ကအားကစားပညာ၊သတ္တိနဲ့ဆုံးဖြတ်ချက်တွေဟာကျားမမခွဲခြားဘူးဆိုတာကိုထင်ဟပ်ပြသပေးနိုင်ပါတယ်။ မိန်းကလေးတစ်ယောက်ကလည်း သူ့အိပ်မက်ကို အကောင်ထည်ဖော်နိုင်တယ်ဆိုတဲ့အကြောင်းကိုချပြထားပါတယ်။ အားကစားဇာတ်ကားတွေကိုကြိုက်တယ်ခံစားမှုပါတဲ့ဇာတ်ကားတွေကိုလည်း ကြိုက်တယ်ဆိုရင် Girlfight ဟာမဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ကျားမစွမ်းရည်မခွဲခြားတဲ့လူ့ဘောင်တစ်ခုအနာဂတ်မှာတည်ရှိနိုင်မလား၊အမျိုးသမီးတွေအတွက်အခွင့်အရေးတွေကိုတကယ်အားပေးနိုင်မလားဆိုတဲ့အတွေးတွေပေါ် လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျားမ မခွဲခြားဘူးဆိုတာပြောနေပေမဲ့တကယ်ဘာတွေဖြစ်နေလဲဆိုတာကြည့်ရင်းသိလာပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(3.6 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khin Sakar Khin

Romance • Comedy
6.7 2000 110 mins
Girlfight
American Wages
6

ဒီတစ်ခေါက်မှာ CM က တင်ဆက်ပေးလိုက်တာကတော့ American Wages လို့ ခေါ်တဲ့ Comedy , Crime အမျိုးအစား ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် ။ မိန်းမလှလေးတစ်ယောက်ဖြစ်တဲ့ အက်ရှလေဟာ ကားဝပ်ရှော့မှာ စက်ပြင်ဆရာလုပ်တဲ့ ဂျက်ခ်နဲ့ ယူထားပြီးတဲ့နောက် ဆန်ကုန် မြေလေးနဲ့ ယူလိုက်လေခြင်းရယ်လို့ အမေဖြစ်သူဆီက နေ့စဥ် ရက်ဆက် အပြောခံနေရသလို တစ်ဖက်မှာလည်း သူတို့ဟာ ကိုယ်ပိုင်အိမ်တောင် မရှိဘဲ Trailer ကားထဲမှာ နေရတာဖြစ်ပြီး မီတာခတွေပေးဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ အခြေအနေပါ ။ ဒီလို အခြေအနေမျိုးမှာ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ဒဏ်ရာရထားတဲ့လူတစ်ယောက်ဟာ ငွေထုပ်ကြီး တင်လာတဲ့ ကားတစ်စီးနဲ့အတူ သူတို့အိမ်ရှေ့ကို ရောက်လာခဲ့ပါတယ် ။ သူတို့ လင်မယားက ဆေးရုံပို့ပေးဖို့ စဥ်းစားခဲ့ပေမဲ့ အဲဒီလူက ဆေးရုံမပို့ဖို့ ဆရာဝန်ကိုလည်း မခေါ်ဖို့ ပြောလာတဲ့အခါ သူတို့ ဘယ်လိုဆုံးဖြတ်ကြမလဲ … အဲဒါအပြင် ငွေထုတ်ကြီးထဲက ပိုက်ဆံပမာဏကို မြင်လိုက်တဲ့ အခါမှာ လောဘတက်လာတဲ့ သူတို့ နှစ်ယောက် ဘာဆက်လုပ် ကြမလဲ ……. လောဘရဲ့ တစ်ခဏစေ့ဆော်မှုနောက်ကို လိုက်မိတဲ့ သူတို့ နှစ်ယောက် အဲဒီပိုက်ဆံတွေကိုရော လူမမိအောင် သေချာ ထိန်းသိမ်းနိုင်မှာလား … နောက်ဆုံးမှာ သူတို့ ထင်ထားသလို သူတို့ နှစ်ယောက် သန်းကြွယ်သူဌေးတွေအတွက် ကောင်းစားသွားမလား ဆိုတာကိုတော့ American Wages ရုပ်ရှင်မှာ အတူတူ ကြည့်ရှုလိုက်ရအောင်နော် ။ File size… (847 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 19m Genre …..Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Thriller • Crime • Mystery
6 2025 80 mins
American Wages
One Piece: Chopper’s Kingdom on the Island of Strange Animals
6.2

One piece : Chopper’s kingdom on the island of strange animals (2002) IMDB – 6.2/10 ဒီကားကတော့ One piece animation movies တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်ပါ။ ထွက်တာကြာပြီဆိုပေမဲ့လို့ အခုတစ်ဖန် One piece ကို စကြည့်နေတဲ့သူတွေအတွက်တော့ ဒီကားလေးကိုကြည့်ဖို့ Recommended ပေးပါတယ်။ ဒီကားလေးက Luffy တို့ ပင်လယ်ကိုခရီးထွက်ခါစ Alabasta ကိုမရောက်ခင် ကြားထဲမှာဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်လေးကတော့ Chopper ဟာ Luffy တို့ရဲ့ သင်္ဘောပေါ်ကို လိုက်ပါခါစအချိန် သူတို့ဟာ ကျွန်းတစ်ကျွန်းကိုတွေ့ခဲ့တယ်။ Namiရဲ့ မြေပုံညွှန်းချက်အရတော့ ဒီကျွန်းဟာသရဖူကျွန်းလို့ခေါ်ကြတယ်တဲ့။ အဲ့ကျွန်းကိုဝင်ခါနီး ရုတ်တရက်ရေအောက်က မီးတောင်ပေါက်ကွဲမှုကြောင့် လှိုင်းလုံးနဲ့သင်္ဘောက လေပေါ်မြှောက်တက်သွားပြီး Chopper ဟာ အဖွဲ့သားတွေနဲ့ကွဲပြီး ကျွန်းပေါ်ကတောထဲကို ရောက်သွားခဲ့ရတယ်။ အဲ့ကျွန်းပေါ်မှာရှိတဲ့ အယူအဆက ကျွန်းဘုရင်အသစ်ဟာ တစ်နေ့ကောင်းကင်ဘုံကနေ ကျလာမယ်လို့ ယူဆကြတယ်။ Chopper လဲ ကွက်တိကျသွားတာနဲ့ ဘုရင်တင်ခံလိုက်ရပြီး ကျွန်းပေါ်မှာနေတဲ့ တစ်ဦးတည်းသောကောင်လေး Momambi နဲ့ သူငယ်ချင်းဖြစ်သွားတော့တယ်။ ဒါပေမဲ့ အဲ့ကောင်လေးကလဲ သူ့ဇာတ်ကြောင်းနဲ့သူ ပင်လယ်ဓားပြတွေကိုမုန်းနေတဲ့ အကြောင်းအရင်းရှိနေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီကျွန်းမှာ Count Butler လို့ခေါ်တဲ့ လူဆိုးနဲ့သူ့အဖွဲ့တစ်သိုက်က တယောတစ်ခုနဲ့ ချိုစားကောင်ကြီး‌တွေကို ထိန်းချုပ်ပြီး ကျွန်းပေါ်ကဘုရင်ကြီးရဲ့ သရဖူရတနာကို ရှာနေကြတယ်။ အဲ့ဒီ သူတို့ကောက်ကျစ်တဲ့အကြံနဲ့ ကျွန်း‌ပေါ်က တိရိစ္ဆာန်‌တွေဒုက္ခပေးပြီး သရဖူရတနာရှာဖွေနေတာကို Luffy တို့တွေဟာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ Momambi ဆိုတဲ့ကောင်လေးရဲ့ ပင်လယ်ဓားပြတွေကို ဘာကြောင့်မုန်းရတယ် ဆိုတာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။ (အညွန်းနဲ့ဘာသာပြန်ကတော့ Alyn ဖြစ်ပါတယ်) File size… 1.4 GB / 640 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 56m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Alyn

Drama • Comedy
6.2 2002 56 mins
One Piece: Chopper’s Kingdom on the Island of Strange Animals
Immortal Demon Slayer Wu Kong
6

Immortal Demon Slayer (Aka) Wu Kong (2017) ကဲနာမည်လေးမြင်လိုက်တာနဲ့သိမှာပါ။ ကျွန်တော်တို့ငယ်ဘဝကတည်းကအသည်းစွဲအားပေးလာတဲ့မျောက်မင်းဝူခုန်းကားလေးဖြစ်ပါတယ်။ မင်းသား Eddie Peng ရဲ့ ဝူခုန်းဇာတ်ကားပေါ့ဗျာ။ Action/Fantacyကားအမျိုးအစားဖြစ်ပြီး ဝူခုန်းကိုအသွင်တမျိုးနဲ့မြင်ရမှာပါ။ ဒီကားကိုအင်တာနက်မှာနာမည်ကြီးတဲ့ဝူခုန်းရဲ့ဝတ္ထုတပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ ရုံဝင်ငွေအနေနဲ့လည်းဒေါ်လာ၁၀၄သန်းအထိရရှိခဲ့တဲ့ကားလေးပါ။ ဇာတ်လမ်းကတော့… ဟိုးရှေးအချိန်က နတ်ဘုရားတိုင်းပြည်ပြိုကွဲလုနီးနီး ကောင်းကင်ကြီးနှစ်ခြမ်းကွဲလုနီးနီးဖြစ်ခဲ့တုန်းက ကယ်‌တင်ရှင် နတ်ဘုရားမ နုဝါက ကောင်းကင်ကြီးကို ပြန်လည်ဖာထေးဖို့ မှော်ဝင်ကျောက်တုံးတွေကို အသုံးပြုခဲ့တယ်။ ဒီမှော်ဝင်ကျောက်တုံးတွေကနေ မကောင်းဆိုးဝါးတစ်ကောင်ပေါက်ဖွားလာပြီး သူ့ကို ကောင်းကင်နတ်မင်းတွေ နှိမ်နင်းလိုက်နိုင်တာတောင် သူ့ရဲ့အမြုတေက ကမ္ဘာမြေဆီရောက်ပြီး နတ်ဘုရားမဟုတ် နတ်ဆိုးမဟုတ် အားလုံးသိကြတဲ့ စွန်းဝူခွန်းကို မွေးဖွားခဲ့တယ်။ ကျောက်ရဲ့အမြု‌တေကို ရှာဖွေနှိမ်နင်းဖို့ ကောင်းကင်ဘုံနတ်ဘုရား‌တွေကြိုးစားရင်း တကယ်ရှာဖွေတွေ့ခဲ့ရတာတွေက အပေါ်ယံထက်ခက်ခဲနက်နဲလှတဲ့ ပုထုဇဉ်ခံစားချက်တွေပါ။ ယုံကြည်ချက်၊ အချစ်နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖန်တီးမယ့်လမ်းမှာ တားဆီးနေတဲ့ ရက်စက်တဲ့ကံကြမ္မာ‌တွေ။ လွယ်လွယ်အညံ့မခံတတ်တဲ့ စွန်းဝူခုန်း၊ ကောင်းကင်ဘုံရဲ့ အားကိုးရတဲ့ စစ်သည်တွေစစ်သည်တွေဖြစ်တဲ့ အားလင်နဲ့ တျန်းပေ၊ ချစ်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မင်းသမီးလေး အားဇီ၊ နတ်ပြည်ကနေ ပြစ္ဒဏ်အပေးခံရပြီး စုတေသွားတဲ့ အားယု၊ သူတို့တွေ ဒီရက်စက်တဲ့ကံကြမ္မာတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ကံကြမ္မာဟာရော အမြဲတမ်းမှန်နေရဲ့လား။ ဒီ Wu Kong ဇာတ်ကားမှာတော့ သာမာန်တွေ့နေကျ အနောက်ရက်သို့ခရီးသွားခန်းဇာတ်လမ်း‌တွေလိုမဟုတ်ဘဲ နတ်ဘုရားနီးနီး အစွမ်းထက်ကြသူတွေကို သာမာန်ဘဝ၊ လူသားတစ်ယောက်ရဲ့ခံစားချက်များနဲ့ တွေ့မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို KZL မှ တင်ဆက်ထားပါတယ်။)

6 2017 130 mins
Immortal Demon Slayer Wu Kong