YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Zombies.3.2022.1080p.WEB-DL.AC3.5.1CH.mp4

2.34 GB N/A video/mp4 1214 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kondraal Paavam

Kondraal Paavm(2023) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့ ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစား အဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။ ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။ ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကို ကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာ တကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။ လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်း ဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.97GB / 735MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Had Sub) Encoder….YK Translated by Aditi ~ Chiclon3~ Thaik San~BpL~Yunni

Drama • Romance
0 2023 108 mins
Kondraal Paavam
Wild Men
5.9

" လူတွေနဲ့ဝေးဝေး ဝေးတဲ့နယ်မြေ အတူတူ သွား သွား သွားကြမယ်လေ " ဆိုတဲ့ သီချင်းစာသားလေးအတိုင်းပဲ မာတင်ဆိုတဲ့ လူတစ်ဦးဟာ မြို့ပြမှာ မိသားစုနဲ့ အလုပ်အကိုင်နဲ့ အဆင်ပြေနေပေမယ့် မြို့ပြလူနေမှုဘ၀ရဲ့ မွန်းကျပ်မှုကို ခံစားနေရပြီး ငြိမ်းချမ်းမှုကိုရှာဖွေဖို့ တောထဲတောင်ထဲ ထွက်ပြေးလာသူတစ်ဦးပါ မာတင်ဟာ မြို့ပြက သူ့မိသားစုလေးကို စွန့်ပစ်ပြီးတစ်ကိုယ်တည်း တောင်စခန်းတစ်ခုတည် ကိုယ်တိုင် လေးမြှားနဲ့အမဲလိုက် ချက်ပြုတ်ပြီး ဗိုက်ကင်းတစ်ယောက်လို နေထိုင်လာတာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပါပြီ ဒီလိုနဲ့ ဗိုက်ကင်းကြီးမာတင်ဆီကို အမှုပတ်ဖို့အကြောင်းဖန်လာတာကတော့ မူဆာဆိုတဲ့ မူးယစ်ဆေးမှောင်ခိုသမားပါပဲ မှောင်ခိုသွင်းဖို့ မူဆာနဲ့ သူ့သူငယ်ချင်းနှစ်ယောက် ကားနဲ့လာရင်းမှာ မာတင်နေတဲ့နေရာနားမှ ကားမတော်တဆဖြစ်ပြီး ဗိုက်ကင်းကြီး မာတင်နဲ့ မူးယစ်‌မှောင်ခို မူဆာ‌တို့ တွေ့ဆုံခဲ့ကြပါတယ် တစ်ဖက်မှာလည်း ရဲတွေနဲ့ မိသားစုက လိုက်ရှာနေတဲ့ မာတင်... တစ်ဖက်မှာတော့ သူငယ်ချင်းနှစ်ယောက်က ပြန်လိုက်ရှာနေတဲ့ မူးယစ်ဆေးတစ်အိတ်နဲ့ မူ ဆာ.... သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုရင်း တောကြီးမျက်မည်းထဲမှာ မတောက်တခေါက်အသိဉာဏ်လေးတွေနဲ့ ဖြတ်ကျော်ရင်း ပြဿနာတွေတက်ခဲ့ရပုံကို တင်ဆက်ထားတဲ့ comedy thriller ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.72GB)/(908MB)/(577MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Chuck

Action • Adventure • Drama
5.9 2022 101 mins
Wild Men
The Ledge
6.5

The Ledge ဆိုတဲ့ Thriller ကားသစ်လေးက ဒါရိုက်တာ Matthew Chapman ရိုက်ကူးထားပြီး မင်းသမီး Brittany Ashworth က အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်။ Kelly (Brittany Ashworth) ဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့သူငယ်ချင်း ကောင်မလေးနဲ့အတူ အီတလီက ဒိုလိုမိုက်‌​ကျောက် တောင်ကိုတက်ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ အဲ့ဒီမှာ သူတို့လို အလည်လာတဲ့ ယောင်္ကျားလေး ၄ ယောက်အဖွဲ့နဲ့ ဆုံမိလိုက်တဲ့အခါ ၆ ယောက်သား အတူတူ ဘယ်လို‌ေပျာ်ပျော်ရွှင်ရွှင် အပန်းဖြေကြမလဲ၊ တက်ရခက်လောက်အောင် မတ်စောက်တဲ့ အပြင် ရေခဲတွေပါ ဖုံးလွှမ်းနေတဲ့အတွက် ဒေသခံတွေက တောင်မတက်ဖို့ တားခဲ့ကြပါတယ်။ ဒါပေမယ့်... ကျောက်တောင်တက်ဖို့လာတာကို လက်လွတ်မခံဘဲ တက်ကြမယ့် သူတို့အုပ်စု... သူတို့ ပျော်ရွှင်မှုကိုရော ရရှိပါ့မလား... ဘယ်လိုမျိုး အပြောင်းအလဲတွေ ဖြစ်လာမလဲ Kelly တို့ ယုံကြည်ထားသလို ယောင်္ကျားလေးအုပ်စုကရော ယံုကြည်ရပါ့မလား "cliffhanger" ဆိုတဲ့စကားလုံးအတိုင်း Thrill vibes အပြည့်နဲ့ ‌ ကြည့်ရမှာပါ။ ဒီကားထဲမှာ မင်းသမီး Brittany Ashworth ရဲ့ တစ်ကိုယ်တော် တောင်တတ်ပြီး စွန့်စားခန်းကို စိတ်ဝင်တစားရင်တထိပ်ထိပ် ကြည့်ရမှာမို့ အားလုံးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်။) File Size -(1.07 GB) / (545 MB) / (237 MB) Quality – WebRip -(1080p) /  (720p) / (480p) Duration - 1hr 26min Subtitle – Myanmar Hardsub Format – MP4 Genre :  Thriller Translator – Khaing Khin Encoder – San Win Maung

Drama • Romance
6.5 2022 86 mins
The Ledge
Red Sparrow
6.5

ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမျိုးသမီးသူလျှိုတွေကို ရုရှားအစိုးရက ဘယ်လိုလေ့ကျင့်သလဲ၊ ရုရှားရဲ့နိုင်ငံရေးမူဝါဒက ဘာလဲ၊ ဘယ်လိုအမှုတွေကို စုံစမ်းထောက်လှမ်းရမလဲဆိုတာ ဆက်ပြီးကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားကို ဘာသာမပြန်ခင်အထိ သာမန် Spy အက်ရှင်ကားတစ်ကားလို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် သေချာဂရုစိုက်ကြည့်တဲ့အခါ ကိုယ့်တူမကို အစိုးရသူလျှိုလောကထဲ လွှတ်ရဲတဲ့ဦးလေးတစ်ယောက်ရဲ့ လုပ်ရပ်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်အရဆိုတဲ့ စကားတစ်ခွန်းနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာသာသာဖြစ်အောင် ရက်ရက်စက်စက် လေ့ကျင့်ပေးတဲ့ အစိုးရသင်တန်းကျောင်း၊ စစ်အေးကာလမှာ အင်အားအကြီးဆုံးနဲ့ ရန်ငြိုးရန်စအများဆုံး အမေရိကန်နဲ့ ရုရှားတို့ရဲ့ သူလျှိုထောက်လှမ်းရေးအစီအစဉ်တွေအကြောင်းတွေ အများကြီး ပါဝင်သလို ရုရှားသူလျှိုတစ်ယောက်နဲ့ အမေရိကန်သူလျှိုတစ်ယောက်ရဲ့ အတွေးအမြင်မတူပုံကိုလဲ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားက အက်ရှင်ဝုန်းဒိုင်းကြဲ ဂျက်မ ဇာတ်ကားတစ်ကားမဟုတ်ပဲ ပညာသားပါပါလှည့်ကွက်တွေ၊ နိုင်ငံရေးလောကရဲ့ အမည်းစက်တွေ၊ သူလျှိုလောကရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သေချာ ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုကို မမှီရင်တောင်မှ ဝတ္ထုကပေးချင်တဲ့ အနှစ်သာရကိုတော့ ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထပ်ပြီး အသိပေးချင်တာကတော့ ဒီဇာတ်ကားဟာ ဂျနီဖာလောရင့်စ်ရဲ့ nude scene တွေပဲ လိုက်ကြည့်ရင် တော်တော်အဓိပ္ပါယ်မဲ့တဲ့ကားတစ်ကားဖြစ်မှာပါ။ သူ ဒီဘဝကိုဘယ်လိုရောက်လာတယ်၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို ကြည့်မှသာ ဒီရုပ်ရှင်ကြည့်ရကျိုးနပ်မှာဖြစ်ပါတယ်။ (ဘာသာပြန်တဲ့နေရာမှာ ဇာတ်ဝင်ခန်းတော်တော်များများကို Listening နဲ့ပြန်ထားရတာဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာပါခဲ့ရင် ရုရှားတွေရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားကို သေချာမကျွမ်းဝင်သေးတဲ့ ဘာသာပြန် ကျွန်တော့်ရဲ့အမှားသာဖြစ်ပါတယ်ခင်ဗျ။) (အညွှန်းနဲ့ဘာသာပြန်ကို Arkar Phyo မှတင်ဆက်ထားတာပါ။) File size…(3 GB)/ (1.1 GB)/ (810 MB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:20:14 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Arkar Phyo

Crime • Drama
6.5 2018 140 mins
Red Sparrow
Gangster’s Paradise: Jerusalema
7.3

ဒီ​ဇာတ်ကားက ၂၀၀၈ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ တောင်​အာဖရိက​ရုပ်ရှင်​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အမျိုးအစားက​ မှုခင်းဒရာမာအမျိုးအစားဖြစ်ပြီး​ တောင်​အာဖရိက​နိုင်​ငံ​ ဂျို​ဟန်​နက်​စ​ဘတ်​မြို့​မှာအခြေပြုထားပါတယ်။ ဒီရုပ်ရှင်​ကို​ ဘာလင်​ရုပ်ရှင်​ပွဲတော်မှာ စတင်​ပြသခဲ့ပြီး ဝေဖန်​သူတွေနဲ့ပရိသတ်တွေ အကြိုက်​တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ လပ်ကီးကူနီးနီက ဆိုဝီတိုမြို့လေးမှာနေထိုင်တဲ့ ဆင်းရဲ​သား​တစ်ဦး​ဖြစ်ပါတယ်။ တက္ကသိုလ်​တက်​ဖို့ကျောင်းစရိတ်မရှိတာကြောင့်​ သူငယ်ချင်း​ဖြစ်​သူ​ ဇိတ်​ နဲ့အတူ ဒုစရိုက်​နယ်​ပယ်ထဲကိုခြေချမိရာကနေ နယ်ကျွံ​ပြီး​ ရာ​ဇဝတ်သားလုံးလုံးဖြစ်သွားပါတယ်။ ရဲလက်ကနေတိမ်းရှောင်ရင်း ဂျို​ဟန်​နက်စဘတ်မြို့ကိုရောက်ရှိခဲ့ပြီး မြို့​မှာရှင်သန်ဖို့ရုန်းကန်ရင်းနဲ့ နာမည်​ကျော်​ဂိုဏ်း​ခေါင်း​ဆောင်တစ်ဦး ဖြစ်​လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစမှာ လပ်ကီး​ကူနီးနီ​က​ ပစ်ခတ်​မှုတစ်ခုမှာ​ ဒဏ်ရာရ​ပြီးလဲနေချိန်​ ရဲတွေ​ဖမ်းဆီး​သွားတဲ့အခန်းက​ အစပြု​ထားပါတယ်။ အဲဒီ​နောက်​မှာ​ သတင်း​ထောက်​ထံမှာ သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြတဲ့ပုံစံမျိုး​ တင်ဆက်​ထားတာ ဖြစ်ပါတယ်။ ငယ်စဥ်က ပညာ​ထူးချွန်​ပေမဲ့​ ဆင်းရဲ​မွဲတေမှုကြောင့် ဒုစရိုက်​လောကထဲရောက်ခဲ့တဲ့ လပ်ကီး​တစ်ယောက်​ အဆုံးသတ်​မှာ​ ရဲလက်ကလွတ်မြောက်နိုင်ပါ့မလားဆိုတာကို​ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​က​ တောင်​အာဖရိက​မှာ​ Apartheid စနစ်ပြိုလဲပြီး နယ်လ်ဆင်မင်ဒဲလားတို့ အာဏာရလာတဲ့​ ၁၉၉၄ နှောင်း​ပိုင်းမှာအခြေတည်ထားတာဖြစ်ပြီး လူဖြူ၊လူမည်း​ ပဋိပက္ခ​တွေ၊ လူမျိုး​ရေးခွဲခြားမှုတွေ၊ လက်နက်​ကိုင်​အရေးအခင်းတွေနဲ့အတူ တောင်​အာဖရိက​မြို့ကြီးတွေမှာ​ ဆင်းရဲ​ချမ်းသာကွာဟမှု၊ မူးယစ်​ဆေးနဲ့ ပြည့်တန်ဆာ​လုပ်ငန်းတွေကြီးစိုးနေမှုမြင်ကွင်းတွေကို ဒီရုပ်ရှင်​မှာတွေ့မြင်ရမှာပါ။ အကောင်း​ဆုံး​ရုပ်ရှင်​တွေထဲကတစ်ခုဖြစ်တဲ့ Slumdog Millionaire နဲ့​ theme ချင်း​တူပြီး အဆိုပါ​ရုပ်ရှင်မျိုးကို ကြိုက်​နှစ်သက်သူများအနေနဲ့ ဒီဇာတ်ကားကိုလည်းကြည့်ရှုသင့်ပါတယ်။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.3 2008
Gangster’s Paradise: Jerusalema
The Constant Gardener
7.4

အခုတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို The Constant Gardener ဆိုတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးမှာတော့ Harry Potter ထဲက ဗိုဒါမော့ကြီးနဲ့အတူ The Mummy ထဲက မင်းသမီးလေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးက Drama Mystery လေးပါ IMDB rating လည်း 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ကန်ယာမြောက်ပိုင်းကဝေးလံလှတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူ တက်ဆာနဲ့သူမရဲ့သူငယ်ချင်း ဒေါက်တာအာနိုးဘလွန်းတို့အသတ်ခံခဲ့ရပါတယ် အဲ့နောက်မှာ တက်ဆာရဲ့ခင်ပွန်းဖြစ်သူ ဂျင်စတင်ဟာသူ့ဇနီးသည်သေဆုံးမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ တက်ဆာဟာ အာဖရိကမှာ ဘေးဖြစ်စေတဲ့ဆေးတွေကိုစမ်းသပ်နေတဲ့အတွက် ​ဆေးကုမ္ပဏီတွေကို တိုင်ကြားစာရေးခဲ့တာကိုသိခဲ့ရပါတယ် သူ့ဇနီးရဲ့သေဆုံးမှုဟာ အဲ့ဆေးကုမ္ပဏီတွေနဲ့ပက်သက်နေမလားဆိုတာကို ဂျက်စတင်တစ်ယောက် အန္တရာယ်တွေကြားကနေ မရပ်မနားစုံစမ်းပါတော့တယ် ဂျက်စတင်တစ်ယောက်အမှုမှန်ကိုရှာဖွေနိုင်မလား ရှာမဖွေနိုင်ခင်မှာပဲ သုတ်သင်ခံလိုက်ရမလားဆိုတာကိုဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်မှာပါ ဒီဇာတ်ကားလေးမှာ ဂျက်စတင်နဲ့တက်ဆာရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆေးဖြန့်ချီရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရဖို့ဘာကိုမှမငဲ့ကြည့်တာတွေ အာဖရိကလူမည်းတွေအပေါ်မှာ ဘယ်လိုရက်စက်ကြလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.9 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre…Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7.4 2005 129 mins
The Constant Gardener
Close Your Eyes
7.4

ဒီတစ်ခါမှာတော့ IMDb 7.4 ရရှိထားတဲ့ Spain Drama ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်. ဂျူလီယိုဆိုတဲ့ နာမည်ကြီးမင်းသားကြီးဟာ ရုပ်ရှင်ဇာတ်ကား ရိုက်နေရင်းကနေ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ရဲတွေကတော့ သူဟာ မတော်တဆမှုတစ်ခု ကြုံခဲ့ရပြီး ကမ်းပါးပေါ်ကပြုတ်ကျသွားတာ ဖြစ်နိုင်တယ်လို့ ထွက်ဆိုခဲ့ကြပေမဲ့ သူ့ရဲ့ အလောင်းကို ဘယ်သူမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ အနှစ် ၂၀ကျော်ကြာတဲ့အချိန် ဖြစ်ရပ်ဆန်းတွေအကြောင်း ရိုက်ကူးတင်ဆက်တဲ့ အစီအစဉ်တစ်ခုဟာ မင်းသားကြီး ဂျူလီယိုရဲ့ သူငယ်ချင်းဖြစ်သူ မီဂဲကို အင်တာဗျူးပြီး ဂျူလီယိုပျောက်ဆုံးသွားတဲ့ အကြောင်းကို ပြန်လည်ပြောဆိုရာကနေ မင်းသားကြီး ပျောက်ဆုံးနေမှုဟာ တစ်ဖန်ပြန်လည်နိုးထလာပါတော့တယ်။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:49:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

7.4 2023
Close Your Eyes
Onde Mande / The Prize
6.9

Onde Mande / The Prize (2023) Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။ ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေက မိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။ ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။ အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊ အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။ ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။ အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။ မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီး ကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။ မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့ ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။ ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။ တစ်ယောက်တည်း ပီတိဖြာရင်း အစီအစဉ်တွေအကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားချိန်မှာ အန်ကူဝမ်တစ်ယောက် ဆုကြေးမထုတ်ရခင် သူသိပ်လုပ်ချင်ခဲ့တဲ့ ရွာပြုပြင်ပြောင်းလဲရေး မန်နင်ဂျောရေကန်ကိုမမှီခိုရတဲ့ စီးပွားရေးလုပ်ငန်းတည်ထောင်ရေးကို လုပ်ခွင့်မကြုံလိုက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီတော့ အန်ကူဝမ်ကို အဖေလိုသဘောထားတဲ့အမ်က ဦးဆောင်လို့ အန်ကူဝမ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.7GB | 733MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6.9 2023
Onde Mande / The Prize
The Core

ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့‌လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။ အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ရုတ်တရက် ရပ်တန့်သွားပြီး ကမ္ဘာကိုလွှမ်းခြုံထားတဲ့ သံလိုက်စက်ကွင်းကြီး ပျက်ပြယ်သွားပါတယ်။ အဲဒီမှာတင် ပရမ်းပတာအဖြစ်တွေ ဆက်တိုက်ဖြစ်ပေါ်လာပြီး ကမ္ဘာပျက်တော့မယ့် အရိပ်အယောင်တွေ ထွက်ပေါ်လာတာပေါ့။ အဲဒီမှာတင် သက်ဆိုင်ရာ သိပ္ပံပညာရပ်နယ်ပယ်မှာ အတော်ဆုံးပညာရှင်တွေနဲ့ ယာဉ်ထိန်းချုပ်မောင်းနှင်ရေး အတော်ဆုံးပိုင်းလော့များ၊ စုစုပေါင်း လူခြောက်ယောက်က ကမ္ဘာ့အူတိုင်ကို သွားနိုင်မယ့် ယာဉ်တစ်ခုကို စီးနင်းလို့ အူတိုင်အထိ အရောက်သွားကြရမယ်။ ပြီးရင် ရပ်တန့်နေတဲ့ ချော်ရည်စီးကြောင်းကို ပြန်လည်ပတ်အောင် လုပ်ကြရမယ်။ သူတို့တွေ ဘယ်လိုလုပ်ဆောင်မှာလဲ? သူတို့တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေက ဘာဖြစ်မလဲ? ဒီဂရီ ၉၀၀၀ ရှိတဲ့ ကမ္ဘာ့အူတိုင်မှာ သူတို့ အသက်ရှင်နိုင်မှာလား? ချော်ရည်စီးကြောင်းကြီးကရော ပြန်လည်ပတ်ပြီး သံလိုက်စက်ကွင်းကို ပြန်ရယူနိုင်မှာလား? လူကြီးမင်းတို့အတွက် ဟောင်းပေမဲ့ ကောင်းနေသေးတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်းပါဗျာ။ File size…(2.2 GB )/(1.2 GB ) Quality….Webrip 1080p / 720p Format…mp4 Duration….02:15:00 Genre…Action, Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

Action • Adventure • Drama • Romance • War
0 2003
The Core
The Details
6.1

The Details (2011) ================== ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2011
The Details
Pompeii
5.5

Pompeii (2014) Genre – Action, Adventure, Romance, History 79 CE လောက်မှာ အီတလီနိုင်ငံက ရိုမန်အင်ပါယာလက်အောက် မြို့တော် Pompeii ဟာ အနားမှာ တည်ရှိတဲ့ မီးတောင် Mount Visuvius ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ၁၆ ရာစုနှောင်းပိုင်း ပြန်လည်ရှာဖွေဖော်ထုတ်ထားခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းတစ်ခုပါ။ ဒီဇာတ်ကားလေးကတော့ Resident Evil ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Paul WS Anderson တစ်ယောက် ဒီ ဖြစ်ရပ်မှန်ကို ကိုးကားထည့်သွင်းပြီး ပြည်သူ့အချစ်တော် GOT က Jon Snow သရုပ်ဆောင်ဖြစ်တဲ့ Kit Harington ကို ခေါင်းဆောင်တင်ကာ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ် စွန့်စားခန်း ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပျက်စီးခြစားမှုတွေနဲ့ ရိုမန်လက်အောက်ခံခေတ် Pompeii မြို့က Gladiator လေး Milo ဟာ မျိုးရိုးမြင့်မိသားစုက ကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေက ရိုမန်အမတ်ဆိုးတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ စီစဉ်နေတဲ့အချိန် အနားက မီးတောင်ကြီးကလည်း ရုတ်တရက် ထပေါက်ကွဲတဲ့အချိန် Milo တစ်ယောက် ချစ်သူလေးကို သူစိမ်းလက်မရောက်အောင် မီးတောင်ပေါက်တဲ့ကြားကနေ စွန့်စားမှုတွေ ပြုလုပ်သွားရမှာကို စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ Sucker Punch ရုပ်ရှင်ထဲက ချစ်စရာလည်းကောင်း သောက်ရမ်းလည်း ကြမ်းတဲ့ Baby Doll မင်းသမီးလေး Emily Browning လေးပဲ ပါဝင်ထားပါသေးတယ်။ File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

5.5 2014
Pompeii
Steve Jobs
7.2

၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာ မပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး ၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့ Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာ ပျင်းစရာကောင်းပါပါတယ်။ ၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားက Universal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲ Michael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။ သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။ IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိ ရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။ အရင်က apple productတွေ ကို သဘောမကျပေမဲ့ Steve Jobs Biography ဖတ်ပြီးကတည်းက သူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့် ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။ သူကြောင့်ပဲ Apple Productရဲ့ အရသာတွေကို ခံစားတတ်လာတာပါ။ သူရဲ့ ဘ၀ ဇာတ်ကြောင်းကလဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ သူရဲ့ စိတ်သဘောထားက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ သူ့ရဲ့ မသိစိတ်ထဲမှာတော့ လူသားဆန်မှူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ သူရဲ့ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကလဲ အခုအချိန်ထိ မှန်ကုန်နေတုန်းပဲ ဆိုတာ သေချာပါတယ်။ သူကို တီထွင်သူလို့ ပြောတာထက် တီထွင်မှူတွေဖြစ်ပေါ်လာအောင် Motivation အကောင်းဆုံးပေးနိူင်သူလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ် သူရဲ့ အပေအတေ နေထိုင်မှူတွေကြောင့် အစောကြီး သေသွားခဲ့ရတာကလဲ စိတ်မကောင်းစရာပါ။ File size… 2.3 GB / 948 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Drama / Biography Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Romance • Comedy • Drama
7.2 2015
Steve Jobs
Don’t Look Back… I Know Your Origins
4.6

Don’t Look Back… I Know Your Origins (2024) IMDb Rating (4.6) Don’t Look Back 2 ခေါ် Jangan Pandang Belakang 2 ဟာ မလေးရှားသရဲကားဖြစ်ပြီး ပထမကားအပြီး ၁၆နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတယ်။ ဇာတ်ကတော့ မိသားစုတစ်စုကို သူတို့ရဲ့ကျိန်စာသင့်ဘိုးဘေးဝိညာဉ်က ကာကွယ်သလိုလိုနဲ့ ဖျက်ဆီးနေတဲ့အကြောင်းပါပဲ။ ပထမကားမှာကတည်းလည်း ဒီဝိညာဉ်နဲ့ပဲ တိုင်ပတ်နေခဲ့သလို ဒီကားလည်း ဒီဝိညာဉ်နဲ့ပဲ တိုင်ပတ်နေခဲ့တယ်။ ဒီဇာတ်ကြောမှာ ဒါတွေကိုမယုံတဲ့ဆရာဝန်နဲ့ မျက်မြင်ကြုံတွေနေရတဲ့ နစ်နာသူနဲ့ အီမမ်လို့ခေါ်တဲ့ နတ်ဆရာတွေကြားက ယုံကြည်သူ မယုံကြည်သူအားပြိုင်ကြတာတွေကို အပနှင်တာနဲ့ အပြိုင် ထည့်သွင်းထားတယ်။ လက်ရှိနာမည်ကြီးတဲ့ The Priests ရဲ့ spin-off Dark Nuns လို စတိုင်မျိုးပေါ့။ အပနှင်တဲ့ကားတွေ ကြိုက်တဲ့သူတွေတော့ ကြိုက်ကြလောက်မယ့် မလေးရှားအပနှင်ကားပါပဲ။ ဇာတ်က ဒီမှာလည်းပြီးသေးပုံမပေါ်ဘဲ ဆက်ထွက်မယ့်ပုံပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.3 GB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:39:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

4.6 2024 104 mins
Don’t Look Back… I Know Your Origins
N.E.S.T.

N.E.S.T (2025) “အသိုက်အမြုံ” မှုခင်း စုံထောက် ပရိသတ်တို့အတွက် ဆန်းကြယ်တဲ့ဇာတ်မြှုပ်ကွက်တွေနဲ့ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဗစ်ရှဝပ်က အဖြစ်မှန်မပေါ်‌ သေးတဲ့ အမှုတစ်ခုကို လိုက်ဖို့ကြုံလာပါတယ် ဒီအမှုရဲ့သဲလွန်စတွေက မသေချာမရေရာသလို သဘာဝလွန်ဆန်သလိုနဲ့ ဖြစ်ခဲ့စဉ်အချိန်ကလည်း ကောက်ချက်မချနိုင်ခဲ့ကြပါဘူး ဖြစ်စဉ်ကို နစ်နာသူဆတ်တယာရဲ့ ဇနီးဖြစ်သူ ဆာဗီက ပြောပြထားပါတယ်အဖြစ်ကဒီလိုပါ တစ်ည သူ့‌ခင်ပွန်းဖြစ်သူဆတ်တယာက အိမ်ပြန်နောက်ကျပါတယ် သူဖုန်းခေါ်တော့လည်း မကိုင်ပြန်ပါဘူးပြန်ရောက်လာချိန်မှ သူ့ကိုပြောတာက သူ့ကား လမ်းမှာပျက်လို့ အနီးနားက အိမ်တစ်အိမ်မှာ အကူအညီတောင်းရင်း ပြင်ဆင်ရင်း စကားစမြည်ပြောဆိုရင်း နောက်ကျသွားတာပါတဲ့ ဒီနေ့ခေတ်မှာ လူကောင်းတွေဟာ ရှားပါးလာ‌ပေမဲ့သဘောမနောကောင်းသူ သက်လတ်ပိုင်းအရွယ် လိုကီဆိုတဲ့သူက သူ့ကိုကူညီခဲ့ကြောင်း ဆတ်တယာက တစ်ညလုံးတစ်ဖွဖွပြောနေပါတယ် သူ့မိန်းမကတော့ သူကဆေးစွဲဖူးသူတစ်ဦးမို့ တစ်နေရာမှာ မူးယစ်ဆေးသုံးနေတယ်ပဲထင်တာပါတဲ့ သူ့ကိုမယုံရင် မနက်ဖြန် သူတို့ပျိူးခင်းက အပင်လေးတစ်ပင်ကိုသွားပေးရင်း လိုကီနဲ့မိတ်ဆက်ပေးပါမယ်ဆိုပြီး နောက်နေ့မနက်ကျ နှစ်ယောက်သား ထွက်လာပါတော့တယ် ရောက်မှသိလိုက်ရတာက အဲဒီနေရာမှာ ဘာအိမ်မှရှိမနေတာပါ အနီးနားကသူတွေကလည်း သူတို့တစ်သက်လုံး ဒီနေရာမှာ ဘာအိမ်မှမရှိခဲ့ပါလို့ပဲ ပြောနေကြပါတယ် သူတို့တွေ့ခဲ့တာဆိုလို့ အဲဒီညက အိမ်ထဲမှာ ဆတ်တယာတွေ့ခဲ့တဲ့ လိပ်ပြာပုံရှိတဲ့ ရင်ထိုးအရွယ် ပစ္စည်းလေးတစ်ခုပါပဲ အဲဒီညမှာ ဆာဗီက အသံတစ်သံကိုကြားလိုက်ပါတယ် အဲဒီညကစလို့ ဆတ်တယာအိမ်ပြန်မရောက်လာတာ သုံးရက်ရှိပါပြီ သူ့ဘာသာထွက်သွားတာလား တစ်ယောက်ယောက် သူ့ကိုပြန်ပေးဆွဲသွားတာလားဆိုတာလည်း ဆာဗီကမသိပါဘူး အဲဒီလိုနဲ့ စုံထောက်ဗစ်ရှဝပ်နဲ့သူ့ပါတနာစုံထောက်ဆီ ရောက်ရှိလာတာပါ အဲဒီတော့ ဆတ်တယာကပဲထင်ယောင်ထင်မှားဖြစ်တာလား သူတို့အိမ်ထောင်ရေးကပဲမပြေလည်မှုရှိနေခဲ့တာလား လိုကီဆိုတဲ့သူနဲ့ သူ့အိမ်ကရောဘယ်လိုလဲ……..…………………………………… စတဲ့မေးခွန်းတွေရဲ့အဖြေကိုသိရဖို့ ဒီဇာတ်လမ်းလေးထဲမှာ အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Cym~Alexia~KKKZ~STAR တို့ပဲဖြစ်ပါတယ် )

0 2025
N.E.S.T.