YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Wild.Card.2015.720p.WEB-DL.mp4

567.5 MB N/A video/mp4 3054 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Riceboy Sleeps
7.2

Riceboy Sleeps (2022) IMDb - 7.6/10, Rotten Tomatoes - 95% ~ 90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။ နိုင်ငံကြီးသားဆိုတာ နိုင်ငံက "ကြီး" နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ "နိုင်ငံကြီး"မှာနေသလောက် "နိုင်ငံကြီးသား" မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။ အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။ ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။ ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 935MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 57Min Genre - Drama, Family, History Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama • History
7.2 2023 117 mins
Riceboy Sleeps
Arbitrage
6.3

Pretty woman ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေသိကြတဲ့ မင်းသား Richard Gere ရဲ့ ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အောင်မြင်ပြီး ကျိကျိတက်ချမ်းသာတဲ့ စီးပွားရေးသမား Robert ဟာ အပေါ်ယံကြည့်ရင်တော့ အိမ်ထောင်ရှင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်ပေါ့။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ဒီလိုမဟုတ်ပါဘူး။ အိမ်ကမိန်းမကို ချစ်ချင်ယောင်ဆောင်ပြပြီး စကီလေးတွေ ထည်လဲတွဲနေတဲ့ Robert မှာ သူ့အိမ်သားတွေကို ဖုံးကွယ်ထားတဲ့ နောက်လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ်။ အဲလျှို့ဝှက်ချက်မပေါက်ကြားခင် သူ့ကုမ္ပဏီကို ရောင်းပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ သူ့စမောလေးနဲ့ ကားပတ်စီးရင်း အက်စီးဒင့်ဖြစ်ပြီး ကောင်မလေးသေသွားပါတယ်။ အဲလိုကံဆိုးမသွားရာ မိုးလိုက်လို့ရွာခြင်းခံနေရတဲ့ Robert တစ်ယောက် ပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ကြည့်ရှုခံစားမှာဖြစ်ပါတယ် File size…(1.7 GB)/(800 MB)/(450 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Drama • Romance
6.3 2012 100 mins
Arbitrage
Olvido y LeĂłn
6

ဇာတ်ကားနာမည်အတိုင်းပဲ အော်ဗီဒို နဲ့ လီယွန်တို့ မောင်နှမ နှစ်ယောက် အကြောင်းကို အဓိက တင်ဆက် ထားပါတယ်။ မွေးဖွားတဲ့နေ့ရက်တူပေမယ့် ကံကြမ္မာမတူတဲ့ သူတို့နှစ်ယောက်မှာ လီယွန်က Down Syndrome ဝေဒနာသည်လေး အဖြစ် မွေးဖွားလာခဲ့ပါတယ်. အဖေရော အမေပါ ဆုံးသွားပြီးတဲ့နောက် သူတို့နှစ်ယောက် တည်း ကျန်ခဲ့တဲ့အချိန်မှာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးတဲ့ လောကဓံတရားကလည်း သူတို့ကို ပြင်းထန်စွာ ရိုက်ခတ် လာပါတော့တယ်။ မိဘမဲ့အနေနဲ့ အစိုးရထောက်ပံ့ကြေး ယူ ထားရင်းနဲ့ပဲ ဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကိုလည်း လက် မလွှတ်နိုင်ဘဲ အောင်မြင်မှုနဲ့ ဝေးကွာရင်း စိတ်ကျန်းမာရေးပါ ထိခိုက်လာတဲ့ အော်ဗီဒို၊ အစ်မဖြစ်သူရဲ့ အခြေအနေကို အဆုံး စွန်ထိ ကာကွယ်ပြောဆိုရင်း ဉာဏ်ရည်မဖွံ့ဖြိုးပေမယ့် မေတ္တာ တရားများ ဖွံ့ဖြိုးကြီးထွားလာသူ လီယွန်တို့နှစ်ယောက် အခက် အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားရလောက်တဲ့အထိ စိတ်ဓာတ် တွေ ကျဆင်းနေသူအတွက် လီယွန်ရဲ့ ရိုးရှင်းစွာအားပေးလိုက်တဲ့ စကားလေးတစ်ခွန်းကိုလည်း ပြောပြချင်ပါတယ်။ “You Can Also Die of Success” (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size..........(1.7 GB) / (650 MB) / (380 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1H 47Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Sai Sumali Encoder..........SWM

Adventure • History
6 2021
Olvido y LeĂłn
Beowulf & Grendel
5.7

ဒီကားကတော့ ၂၀၀၅ ခုနစ်က ထွက်ရှိထားတဲ့ သမိုင်းအခြေပြု ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ ဘေးဝုဖ်နဲ့ ဂရန်ဒယ်ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးကို ဇာတ်အိမ်တည်ရိုက်ထားတဲ့ကားလေးပါ။ နာမည်ကြီး မင်းသား Gerard Butler က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ခေတ်သူ့အခါက ထူးချွန်ဆုကိုပါရရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂရန်ဒယ်ဆိုတဲ့ ဂိ(တ်) သူရဲကောင်းတစ်ဦးက သူ့ရဲ့နေရပ်ဒေသကို ပြန်ရင်း မုန်တိုင်းတွေကြောင့် ကမ်းတစ်ခုပေါ်အတင် သူ့ရဲ့ ဂန္ထဝင်နောက်ကြောင်းတွေကို ပြန်ရှင်းပြရာကနေစတာဖြစ်ပါတယ်။ ထွက်တာကြာပြီဆိုပေမဲ့ ရသမျိုးစုံနဲ့ သုတအနည်းအကျဉ်းပါရရှိနိုင်မယ့် စွန့်စားခန်းသဖွယ် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ အားပေးကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 910MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 43Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Adventure • Animation • Comedy • Family • History
5.7 2005 103 mins
Beowulf & Grendel
Thai Massage
5

Thai Massage (2023) ***************************** IMDb-6.8/10 ဟာသမင်းသားကြီး ဂရားဂ်ျရောဝ် နဲ့ Freddy နဲ့ Ram Settu ထဲက ဘရာဇီးသူအချောလေး ဂျနီဖာပစ်ချီနာတိုတို့ပါ၀င်ထားတဲ့ ဟာသကားလေးပါ။ ဇာတ်လမ်းအညွှန်း မစ္စတာဒူဘေဆိုတာ အသက် ၇၀ ပြည့်တော့မယ့် မုဆိုးဖိုတစ်ဦးပါ။ သားသမီးမြေးချွေးမတစ်တွေနဲ့ နောက်အိမ်ထောင်မပြုပဲနေတဲ့ ပတ်၀န်းကျင်ကလေးစားရတဲ့သူတစ်ဦးပေါ့။ တစ်နေ့မှာ သူအမြတ်တနိုးတန်ဖိုးထားတဲ့ပုံမတော်တဆကျကွဲရာက လွန်ခဲ့တဲ့သုံးနှစ်ကဖုံးကွယ်ထားတာကြီးတစ်ခုပေါ်လာပါတယ် ထိုင်းမှာ သွားပျော်ပါးခဲ့ဖူးတာပါ.... ဒီမြို့လေးကနေ ဝေးဝေးလံလံမသွားဖူးတဲ့ သား‌မြေးတစ်သိုက်နဲ့ ဂုဏ်သိက္ခာရှိရှိနေတဲ့ အငြိမ်းစားလူကြီးလူကောင်းတစ်ယောက်က ဘယ်လိုတွေဖြစ်ပြီး ထိုင်းမာဆတ်ခန်းကိုရောက်သွားရသလဲ... ကြီးမှ၀က်သက်ပေါက်တဲ့အဘိုးကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ နာမည်ကျော်ဟာသမင်းသားကြီးရဲ့စွမ်းရည်တွေနဲ့ ရယ်ပွဲဖွဲ့နိုင်မလားဆိုတာတော့ ခံစားကြည့်ပါဦးလို့... မိဘမောင်ဘွားတွေနဲ့အတူကြည့်ဖို့တော့ အဆင်မပြေတာမို့ တစ်ယောက်တည်းကျိတ်ခွီးဖို့အကြံပေးရင်း ... တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ File size…1.94GB / 962MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ BpL~Yunni

Drama
5 2022 120 mins
Thai Massage
Downton Abbey: A New Era
7.6

ဒေါင်းတန် အက်ဘီဆိုတဲ့ ရုပ်ရှင်ဟာ အင်္ဂလန်သမိုင်းနောက်ခံ ဇာတ်လမ်းတစ်ခုဖြစ်ပြီး နာမည်ကြီးစီးရီးလည်း ရိုက်ကူးထားတာရှိပါတယ်။ မူရင်းထင်ရှားတဲ့သမိုင်းအဖြစ်အပျက်တွေ ခေတ်ပြောင်းခေတ်လဲတွေ သက်ရောက်မှုတွေအကြောင်းကို ဗြိတိန်တော်ဝင်ဆွေကြီးမျိုးကြီး မိသားစုတစ်စုအပေါ် အခြေခံပြီး ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ရုပ်ရှင်အနေနဲ့ ၂၀၁၉ မှာ တစ်ကားထွက်ခဲ့ပြီး အခု ၂၀၂၂ မှာ တစ်ကားထပ်ထွက်လာတာပါ။ ဒီရုပ်ရှင်ကတော့ပျော်စရာတွေနဲ့ ကြည်နူးစရာတွေ ပြည့်နေတာ ထူးခြားတဲ့အချက်ပါ။ ကြည့်ရင်းနဲ့ ဗဟုသုတလည်းရသလို၊ အင်္ဂလိပ်ဆွေကြီးမျိုးကြီးတွေရဲ့ ယဉ်ကျေးတဲ့စကားတွေ၊ စနစ်ကျပုံတွေကိုလည်းလေ့လာရမှာပါ။ နောက်ပြီးဒီမိသားစုရဲ့ ရိုင်းပင်းပုံတွေ အိမ်အကူတွေ အိမ်ထိန်းတွေနဲ့ အပြန်အလှည် လေးစားသမှုတွေ သံယောဇဉ်‌တွေ စေတနာတွေကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါင်းတန်မိသားစုရဲ့ အိမ်တော်ကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်အတွက် သုံးဖို့ ကမ်းလှမ်းလာပါတယ်။ အဲဒါကိုလက်ခံလိုက်ပြီးနောက်မှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ဒေါင်းတန်မိသားစုရဲ့ အဖြစ်အပျက်တွေကို သမိုင်းတစ်ခုနဲ့ တပြေးညီတွေ့ရမှာပါ။ တချိန်တည်းမှာပဲ ဒေါင်းတန်မိသားစုရဲ့ ဘွားဘွား လေဒီဂရေသမ်၊ ဗိုင်အိုလက်ရဲ့ ငယ်ချစ်တစ်ယောက်ဟာ ပြင်သစ်မြို့စားဖြစ်နေပြီး သူကွယ်လွန်ချိန်မှာ ဗိုင်အိုလက်အတွက်ဗီလာအိမ်ကြီးတစ်လုံး ပြင်သစ်တောင်ပိုင်းမှာ အံ့ဩဖွယ် ချန်ထားခဲ့ပါတယ်။ အဲဒီအိမ်ကြီးကိုလည်း ဘယ်လိုဆက်ဖြေရှင်းကြမလဲ အတိတ်က သမိုင်းတွေကတော့ ဘာလျို့ဝှက်ချက်တွေရှိနေမလဲဆိုတာ စိတ်ဝင်စားစရာစောင့်ကြည့်ရမှာပါပဲ… ဒရာမာကောင်း သမိုင်းရုပ်ရှင်ကောင်းကြိုက်သူတွေ ကောင်းကောင်းသဘောကျကြမှာသေချာပါတယ်။ File size…(1.9GB)/(974Mb)/(488 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:04:00 Genre…Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Adventure • Science Fiction
7.6 2022
Downton Abbey: A New Era
Man on the Moon
7.4

Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ “အဆိုအကလူကြီး” လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင်‌ တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။

Action • Comedy
7.4 1999 118 mins
Man on the Moon
The Magician’s Elephant
6.6

The Magician’s Elephant (2023) “ဘောလ်တိစ်” ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။ သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။ စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။ တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။ မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။ မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။ ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊ သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။ ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊ အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက် အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက် ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.35GB | 766MB | 362MB Format… mp4 Duration….1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

6.6 2023 99 mins
The Magician’s Elephant
Semret

ဇာတ်လမ်းအကျဉ်း ဆမ်မရစ်ဆိုတာကတော့ ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ အဲရစ်ထရီယာလူမျိုး Single Mom တစ်ယောက်ပဲဖြစ်တယ်။ အခုကတော့ Zurich မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေရင်း သားဖွားတစ်ယောက်ဖြစ်ချင်နေတဲ့ သူပေါ့။ သမီးရဲ့နာမည်က ဂျူလီ။ အဖေဖြစ်သူက သဘာဝဘေးရှောင်ရင်း ရေနစ်သေဆုံးသွားတယ်လို့ ပြောထားခဲ့ပေမဲ့ သမီးဖြစ်တဲ့ ဂျူလီက ယုံကြည်မယ်လို့ ထင်ပါသလား။ သမီးဖြစ်သူကို အပေါင်းအသင်းတွေတောင်မထားခိုင်းဘဲ ချုပ်ချုယ်ချစ်နဲ့ ချစ်နေတဲ့ အချစ်မျိုးရဲ့နောက်ကွယ်မှာ ဘာအကြောင်းပြချက်တွေရှိမလဲ။ ဒါပေမဲ့ တစ်ရက် ဆမ်မရစ်က ဆေးရုံမှာ မှားယွင်းစွပ်စွဲခံခဲ့ရတယ်။ အဲမှာ သူချစ်ရတဲ့အရာအားလုံးကို ကာကွယ်ဖို့အတွက် သူ့အနေနဲ့ သူ့အခွင့်အရေးအတွက် တိုက်ခိုက်ရမယ်ဆိုတာကို သူသဘောပေါက်သွားခဲ့တယ်။ အဲဒါတွေနဲ့အတူ သူ့ရဲ့အတိတ်ကြောင်းကရော ဘာဖြစ်မလဲ။ File size…(1.1 GB)/(612 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

0 2022
Semret
Troy
7.2

Troy (2004) ရုပ်ရှင်ခံစားမှု Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။ စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော သမိုင်းဆရာတွေကလည်း စစ်ပွဲနှင့်သက်ဆိုင်သော အကြောင်းအရာတွေ။အာချိလိ၏ အကြောင်းတွေကိုလည်း တစ်နည်းတစ်ဖုံဖြင့် ရေးသားခဲ့ကြသည် ။သို့ဖြစ်စေကာမူ ဟိုးမား၏ ကဗျာနှစ်ပုဒ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့သည်ဟု မှတ်ယူရပေမည်)နှောင်းလူတွေကနေ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည်။ ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကလည်း ဇာတ်လမ်းဇာတ်ကွက်အမျိုးမျိုးဖြင့် ထရိုဂျန်စစ်ပွဲများအကြောင်းကို ရိုက်ကူးတင်ဆက်ခဲ့ကြသည်။ ထို့သို့ ထရိုဂျန်မြို့ပုံပြင်အား 2003 ခုနှစ်တွင် ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကနေ ထပ်မံ၍ သရုပ်ဆောင် အကျော်အမော်များ|ကြီးကျယ်ခမ်းနားသော ဆက်တင်များဖြင့်ရိုက်ကူးထုတ်လုပ်ခဲ့ကြတော့သည်။ဘရက်ပစ် |အော်လန်ဒိုဘလွန်း စသည့် သရုပ်ဆောင်များပါဝင်သည်။သန်းပေါင်း၁၈၀ကျော် အကုန်ကျခံ ရိုက်ကူးသည်။လက်ရှိ အကုန်အကျအများဆုံး ရုပ်ရှင်ဇာတ်ကားများစာရင်းထဲတွင် မှတ်တမ်းဝင်ခဲ့သည်။ မူရင်းဇာတ်လမ်းတည်ဆောက်ပုံသည် သဘာဝကျသော ဖြစ်တည်မှုကို ကျော်လွန်၍ ရေးသားထားတာဖြစ်သော်လည်း ဒါရိုက်တာကြီး ဝုဖ်ဂန်းပီတာဆင်ကမူ လက်တွေ့ကျသည့် အနေအထားဆီကို ရောက်ရှိအောင် ပြန်လည်ဖန်တီးခဲ့သည်။ကနဦးဖွဲ့စည်းပုံအရဆိုလျှင် ယခုဇာတ်ကား၏ အဓိက ဇာတ်ဆောင်ဖြစ်သူ အာချိလိမှာ သာမန်လူသားတစ်ယောက်မဟုတ်ချေ ။နတ်ဘုရား ပီလိယပ်နှင့် ပင်လယ်စောင့်နတ်ဘုရားမ သီးထစ်တို့ကနေ မွေးဖွားသန့်စင်ထားသည့် စွမ်းအားတန်ခိုးရှင် တစ်ပါးဖြစ်၏။ထို့အတူ စစ်ပွဲတိုက်ခိုက်ရာတွင်လည်း ကောင်းကင်ပေါ်က နတ်ဘုရားတွေကပါ နှစ်ဘက်စလုံးကနေ ပါဝင်တိုက်ခိုက်ကြကြောင်း ရေးသားထားသော်လည်း ဒါရိုက်တာကြီးကမူ ထိုသို့သော အချက်အလက်တွေကို မျက်ကွယ်ပြုပြီး သာမန်လူသားတွေအဖြစ်သာ ယုတ္တိကျကျ ပြန်လည်ဖန်တီးခဲ့သလို ကိုးနှစ်ကျော်ကြာစစ်ပွဲအားလည်း ရက်သတ္တပတ်မျှသာ ကြာမြင့်သောကာလဆီကို ပြောင်းလဲပစ်ခဲ့ပါသည်။ထို့အတူ အာချိလိမှာလည်း တိုက်ရည်ခိုက်ရည်ပြည့်ဝသည့် စစ်သူရဲတစ်ဦးအဖြစ်သာ မြင်တွေ့ခဲ့ရကာ ဇာတ်သိမ်းပိုင်းတွေကိုလည်း အခြားကဗျာဆရာကျော်တစ်ဦးဖြစ်သည့် ဗစ်ဂျေးလ်၏ အီနီးယပ် လက်တင်ကဗျာရှည်က ဇာတ်ကွက်များဖြင့် ပြုပြင်ပေါင်းစပ်ခဲ့ကြ၏။ ဇာတ်လမ်းအကျဉ်းကို တင်ပြရပါမူ ဟယ်လင်နှင့်ပဲရစ်တို့၏ ချစ်ခြင်းကနေ နှစ်ပြည်ထောင်ခင်းကျင်းသော စစ်ပွဲကြီးတစ်ပွဲစတင်ခဲ့သည်ဟု ဆိုရပေမည်။ပဲရစ်၏အကိုတော် ဟက်တာအနေဖြင့် ညီခိုးယူလာသည့် မိန်းကလေးသည် ဂရိနိုင်ငံက ဘုရင်ကြီးခယ်မမှန်းမသိခဲ့ချေ ။သိရှိချိန်မှာမူ နောက်ကျခဲ့လေပြီ။ အာချိလိအမှူးပြုသော ဂရိအင်ပါယာတပ်မကြီးသည် ထရွိုင်မြို့နိုင်ငံအား သိမ်းပိုက်ဖို့ချီတက်ခဲ့တော့သည်။သို့ဖြစ်စေကာမူ ခံစစ်အားတောင့်တင်းလှသည့် အီလီယွန်မြို့အား သိမ်းပိုက်ဖို့မလွယ်လှချေ ။ ထို့နောက်တွင် စစ်သူရဲ အာချိလိနှင့် ထရွိုင်မြို့မှ မင်းသား ဟက်တာနှင့် ပဲရစ်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြပုံအား ရှုစားရမှာဖြစ်ပါသည်။ ဒါရိုက်တာကြီး ပီတာဆင်အနေဖြင့် အာချိလိ ဇာတ်ရုပ်အား ပိုမိုရုပ်လုံးကြွစေရန်အတွက် သူရဲကောင်း ဇာတ်ရုပ်တိုင်း ပုံစံသေဖွဲ့စည်းလေ့ရှိသည့် ထီမထင်သူ။ရာထူးဂုဏ်သိမ်မမက်မောသူ။ပင်ကို ဖွဲ့စည်းပြီးသား စရိုက်ဖြစ်သည့် ဒေါသခက်ထန်သူတစ်ဦးအဖြစ် အာချိလိဇာတ်ရုပ်ရုပ်လုံးအား ပီပြင်စွာ တင်ဆက်ပေးနိုင်ခဲ့သလို သူနှင့် ဆန့်ကျင်ဘက် ရန်သူဖြစ်သွားရှာတဲ့ ပဲရစ် အကိုတော် ဟက်တာဇာတ်ရုပ်ကိုလည်း လက်ရုံးရည် နှလုံးရည်ပြည့်ဝသူတစ်ဦးအဖြစ်သာမကပဲ စစ်ထက်ငြိမ်းချမ်းရေးသာအလိုရှိသူ။အာဏာဂုဏ်သိမ်အား မမက်မောသူ။မိသားစုအပေါ်ဖခင်ကောင်းပီသရှာသူ။အနိုင်မရနိုင်မှန်းသိသော်လည်း သူရဲကောင်းပီသစွာ နောက်မဆုတ်ပဲ တိုက်ခိုက်သူတစ်ဦးအဖြစ် မင်းသားတော်ဟက်တာကိုလည်း လေးစားဂရုဏာသက်ဖွယ်ခံစားခဲ့ရသည့် စံပြဇာတ်ကောင်အသွင်ဖြင့် ပေါင်းစပ်ပေးနိုင်ခဲ့ပါသည်။ ရာဇဝင်များထဲမှာ အခိုင်အမာထည့်သွင်းထားသည့် နတ်ဘုရားအရှိန်အဝါသရုပ်ဖော်ပုံတွေကိုလည်း မှေးမှိန်ပစ်ရုံသာမက ထိုသို့ယုံကြည်မှု သည် အချည်းနှီးအမြင်သာဖြစ်ကြောင်း (ဆရာချစ်ဦးညို ၏ လင်္ကာဒီပချစ်သူ ဝတ္ထုလိုမျိုး) ကောင်းကင်ကအရာကို မြေကြီးပေါ် ပစ်ချပစ်ခဲ့သည်။အာချိလိ၏ အပိုလိုနတ်ဘုရားရုပ်တုဦးခေါင်းကို ဓါးဖြင့်ခုတ်ချလိုက်မှု ပုံရိပ်ဖြင့် ပြောင်းပြန်လှန်ပစ်လိုက်သည်။ထို့အတူ အာချိလိ၏ အားနည်းချက်တစ်ခုဖြစ်သော ခြေဖနောင့် နေရာကိုလည်း လူသားမှန်လျှင် ဒဏ်ရာသင့်ပါက သေဆုံးရမည်ဆိုသည့် မူလဖန်တီးမှု ကိုလည်း မသွေဖီသလို လက်တွေ့သရုပ်ကျမှု ဖြင့်လည်း အံဝင်ဂွင်ကျဖြစ်အောင် အကောင်းဆုံးပေါင်းစပ်ခဲ့သည်ကိုလည်း ရှု့မြင်ရပါမည်။ သူရဲကောင်းမှန်သူတိုက်ပါက စစ်ပွဲတိုင်း အောင်နိုင်သည် တရားသည်ဟု ဝါဒဖြန့်လေ့ရှိတဲ့ အမြင်ဆာလောင်မှု ကိုလည်း စစ်ပွဲ၏ကြောက်မက်ဖွယ် သွေးသံရဲရဲ ခြေပြတ်လက်ပြတ် သေဆုံးကြရမှုများဖြင့် အားကျဖွယ်ရာ မရှိကြောင်း ။စစ်ပွဲမှန်သမျှသည် နာကျင်ဆုတ်ယုတ်ဖွယ်ရာတွေကိုသာ ခံစားရတာဖြစ်ကြောင်းကို သေကျေနေကြသည့် အလောင်းကောင်တွေ ။ပြိုပျက်လောင်မြိုက်နေကြသည့် အဆောက်အဦမြင်ကွင်းများနှင့် သွေးပျက်ဖွယ်ခံစားမှု ဆီကို ပြောင်းလဲမြင်ယောင်မိမှာ သေချာပါသည်။ ဇာတ်လမ်းအဆုံးသတ်မှာ ပဲရစ်၏ မလျော်ကန်သော အထားအသိုမှားသော ချစ်ခြင်းမေတ္တာအတွက် အော့နှလုံးနာမိသလို အာချိလိနှင့် ဟက်တာတို့၏ ယုံကြည်ရာကောင်းကင်ပြာအောက်မှ တဖွဲဖွဲလွင့်ကြွေကျလာကြတဲ့ ကြက်သွေးရောင် မိုးစက်ပွင့်များ လွင့်ပါးသွားရာနောက်ကိုလည်း နာကျင်ကြေကွဲစွာဖြင့် ငေးရီနေမိခဲ့တာ သေချာသည်။ ထရွိုင်မြို့အောင်ပွဲဟာ ပြုသူရော ဖြစ်သူရော မှန်ကန်တဲ့ရလဒ်တွေကို ပိုက်ထွေးရရှိခဲ့တာ သေချာခဲ့ပါသလား ဆိုတာကိုတော့ ။ IMDb Rating 7.2/10 Rotten Tomatoes 54% (ရုပ်ရှင်အညွှန်းကို Nyi Linn Eain FB မှ ကူးယူဖော်ပြပါသည်။) 4K နဲ့ 1080p Quality ကို www.cmapp.tv မှာ member ဝင်ပြီး လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.2 2004 163 mins
Troy
My Little Brother
6.8

My Little Brother (2017) ************************ ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် The Walt Disney Company ကနေ ပထမဆုံးအနေနဲ့ distribute လုပ်ခဲ့တဲ့ My Little Brotherဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီကားလေးမှာတော့ 49Days ထဲမှ Lee Yo-won, Taxi Driverထဲမှ Esom, Vagabond ထဲမှ Jeong Man-Sikနဲ့ The world of marriageထဲမှ Joon Won Jungတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ************* ဆူဂယောင်း (Lee Yo-won), ဂျူမီ (Esom)နဲ့ ဆောင်းဟို(Jeong Man-Sik)တို့ကတော့ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်မလုပ်ကြတော့တဲ့ မောင်နှမတွေပါ… သူတို့ ၃ယောက်ကို ပြန်ပြီးဆုံတွေ့စေခဲ့တာကတော့ အဖေဖြစ်သူ မတော်တဆမှုနဲ့ဆုံးပါးသွားပြီဆိုတဲ့ သတင်းစကားပါပဲ.. ဒါပေမဲ့ အဲဒီသတင်းနဲ့အတူ ပါလာတာကတော့ ရှိမှန်းတောင် မသိခဲ့တဲ့ နာ့လေး(Joon Won Jung)ဆိုတဲ့ ၁၁နှစ်အရွယ် သူတို့ရဲ့ မောင်နှမအငယ်ဆုံးလေးပါ… ဘယ်ကမှန်းမသိဘဲ ရုတ်တရက်ပေါ်လာတဲ့ နာ့လေးက တကယ်ပဲ သူတို့ရဲ့မောင်နှမအရင်းဟုတ်ရဲ့လား ၁၁နှစ်အရွယ်ကလေးလေးနဲ့ သူတို့မောင်နှမတွေဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားရမဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်) File size…1.33GB / 561MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 46m Genre ….. Comedy, Family, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Htoo Pyae Encoded by AHtet

Comedy • Drama • Family
6.8 2017 106 mins
My Little Brother
Ms. Kanyin
6

စည်းကမ်းတင်းကျပ်တဲ့ ထိပ်တန်းဘော်ဒါကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်အုပ်စုဟာ အရေးကြီးတဲ့နောက်ဆုံးစာမေးပွဲတွေအတွက် အသည်းသန် ပြင်ဆင်နေကြရပါတယ်။ ဒါပေမယ့် ကျောင်းဝန်းထဲမှာ ဆရာမကန်ရင် ဆိုသူ ရုတ်တရက် ဆန်းကျယ်စွာ ပျောက်ဆုံးသွားတဲ့အခါမှာတော့ ထူးဆန်းပြီး ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေ စတင်ဖြစ်ပွားလာပါတော့တယ်။ နိုင်ဂျီးရီးယားကို နောက်ခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာ သူငယ်ချင်းတွေကြား ရင်းနှီးမှု၊ ဝမ်းနည်းပူဆွေးမှုနဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေကို ရောစပ်ထားပါတယ်။ ထူးချွန်တဲ့ လူငယ်သရုပ်ဆောင်တွေနဲ့ မျှော်လင့်မထားတဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုးစုံတို့ဟာ ဘယ်သူ့ကိုယုံကြည်ရမလဲဆိုတာနဲ့ အမှတ်မထင် ကျူးလွန်လိုက်မိတဲ့ လုပ်ရပ်တိုင်းမှာဖြစ်လာမဲ့ အကျိုးဆက်တွေကို စဥ်းစားတွေးခေါ်မိစေမှာလည်းဖြစ်ပါတယ်။ File Size… (1.16 GB) / (644 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 52m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Comedy • Drama • Crime
6 2025
Ms. Kanyin