YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) War of the Worlds (2005) 720p BluRay x264-Naung.mp4

2.11 GB 720p video/mp4 1597 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella III: A Twist in Time
6.5

စင်ဒရဲလားကာတွန်းတွေရဲ့ တတိယမြောက် နောက်ဆုံး ဇာတ်ကားလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Rating တွေအနေနဲ့ IMDb မှာ 6/10 ရထားပြီးတော့ Rotten Tomatoes မှာ 75% ရရှိထားပါတယ်။ Personal အမြင်အရတော့ No1 လောက်တော့မဟုတ်သေးပေမဲ့ No2ထက်လည်းအများကြီးပိုကြည့်ကောင်းတာမို့ ကြည့်ရှုလို့ နောင်တရမယ့်အထဲမပါတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ စင်ဒရဲလား နဲ့ မင်းသားလေးဟာ ပျော်ရွှင်စွာပေါင်းဖက်နေထိုင် သွားကြလေသတည်းဆိုပြီး ဇာတ်ကသိမ်းပြီးနေပါပြီ ဒါပေမဲ့ ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ နတ်သမီးဖွားဖွားရဲ့မှော်တုတ် တံဟာ မိထွေးကြီးဆီရောက်သွားရာကနေစပြီး ဒီဇာတ်လမ်းလေး ပေါ်ပေါက်လာရပါတယ်။ စွမ်းအားရှိတဲ့အရာတွေဟာ မကောင်းတဲ့ လူတွေရဲ့လက်ထဲမှာဆိုရင် အရမ်းအန္တာရယ်များတယ် ဆိုတဲ့စကား အတိုင်းပဲ မိထွေးကြီးဆီကိုမှော်တုတ်တံရောက်သွားတဲ့အခါ စင်ဒရဲလားတို့ ဘယ်လိုဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရမလဲ ကြွက်ကလေး တွေကဘယ်လိုထပ်ပြီးကူညီပေးကြမလဲ ပြီးတော့ အချစ်စစ်ရဲ့အင်အား ဆိုတာကိုလည်း ဒီဇာတ်လမ်းလေးမှာခံစားကြည့်ရှုရဦးမှာဖြစ်ပါတယ်။ ကဲ ငယ်ဘဝအလွမ်းပြေဖို့ အခုပဲ Download ဆွဲပြီး ခံစားကြည့်ရှု လိုက်ကြပါဦးလို့ CM ပရိတ်သတ်များကိုတိုက်တွန်းလိုက်ရပါတယ်။ File size…1.17GB / 549MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Crime • Documentary
6.5 2007 74 mins
Cinderella III: A Twist in Time
Tell It Like a Woman
4.7

Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comeday, Drama Quality…. 1080p | 720p | 480p File size… 2.8GB | 1GB | 513MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Comedy • Romance
4.7 2022 112 mins
Tell It Like a Woman
The VelociPastor
5

စူပါပါဝါလည်းရှိ၊ ဒိုင်နိုဆောလည်းပါပြီး၊ နင်ဂျာတွေနဲ့ပါချတဲ့ ရုပ်ရှင်မျိုး မရှိဘူးထင်ရင် မှားသွားပါမယ်။ Social mediaတွေမှာတွေ့နေကြ memeရုပ်ရှင်လေးလာပါပြီ။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ သူ့မိဘတွေဆုံးပါးသွားတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဖြစ်အောင် တရုတ်ပြည်ဘက် ခရီးထွက်လာပါတယ်။ တရုတ်ပြည်သွားရာကနေ မထင်မှတ်ပဲ ဒိုင်နိုဆောအဖြစ်ပြောင်းနိုင်တဲ့အစွမ်းတွေရရှိလာပါတော့တယ်။ ဒိုင်နိုဆောအစွမ်းတွေရှိလာတဲ့အချိန် ကာရိုဆိုတဲ့ အပျော်မယ်လေးနဲ့တွေ့ဆုံမိချိန်မှာ သူ့ရဲ့ ဒိုင်နိုဆောပြောင်းနိုင်တဲ့ အစွမ်းတွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာကြည့်ရှု့ရမှာပါ။ File size…(1.63GB)  / (837MB) / (483MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:15:00 Genre...Action / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Comedy
5 2018 75 mins
The VelociPastor
Anukoni Prayanam
7

လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀နိဂုံးအဆုံးသတ်မဲ့နေရာကို ရွေးချယ်လို့ရပါသလား... ။ ဘယ်အချိန်‌ရောက်လာမလဲမသိရတဲ့ဘ၀နေ၀င်ချိန်ကို ကြိုတင်ခန့်မှန်းဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီဇာတ်လမ်းကတော့ မွေးရပ်မြေမှာပဲခေါင်းချချင်တဲ့သူငယ်ချင်းရဲ့ဆန္ဒကို ဖြစ်မြောက်အောင်ဖြည့်ဆည်းပေးမယ့်လူသားဆန်တဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့အတိုင်း တနယ်တကျေးမှာအလုပ်လုပ်နေကြရတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ လုပ်ငန်းခွင်မှာမတော်တဆဆုံးပါးသွားတဲ့ လူတစ်ယောက်ကိုကြည့်ပြီး သူသေရင်တော့မွေးရပ်မြေမှာပဲသေချင်တယ်လို့ သူငယ်ချင်းရာဂျူးကပြောပါတယ်။ အဲဒီနောက် ကိုဗစ်လူနာတွေတိုးလာပြီး အစိုးရကလော့ဒေါင်းချတော့မဲ့အချိန်မှာ သူတို့အလုပ်ခွင်လည်းပိတ်ပြီ း ဇာတိပြန်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ ရာဂျူးဟာ ရွာအပြန်ခရီးမစခင်မှာပဲ ရုတ်တရတ်ဆုံးပါးသွားပါတော့တယ်။ သူငယ်ချင်းရာဂျူးရဲ့ဆန္ဒအတိုင်း သူ့ရဲ့မွေးရပ်မြေဇာတိရွာကလေးမှာသင်္ဂြိုလ်နိုင်ဖို့ သူငယ်ချင်းရဲ့အလောင်းကိုသယ်ကာ တစ်ယောက်ထဲခရီးဆက်ရတဲ့အခါ... ကိုရိုနာ‌လော့ဒေါင်းကန့်သတ်ချက်တွေကြောင့် လမ်းခရီးမှာဘယ်လိုအခက်အခဲတွေကြုံရမလဲ...သူငယ်ချင်းရဲ့ဆန္ဒကို‌ရော ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကတော့..။ File size…2.2GB / 1GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ OeliuJ

7 2022 120 mins
Anukoni Prayanam
Forgetting Sarah Marshall
7.1

Forgetting Sarah Marshall (2008) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့… လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ ဒီအတိုင်းပါပဲ “ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း” ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။ Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kristen Bell အပြင် Black Swan ရုပ်ရှင်မှာ ဇာတ်ပို့မင်းသမီး၊ Friends with Benefits မှာခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးညိုချောလေး Mila Kunis တို့က အဓိကမင်းသမီးနှစ်လက်အနေနဲ့ပါဝင်ထားပါတယ်။ မင်းသားကတော့ မသိပါဘူး။ စတာပါ :3 ပီတာဘရက်ထာအဖြစ် How I Met Your Mother Sit-com ထဲက Marshall တဖြစ်လဲ Jason Segel ကသရုပ်ဆောင်ထားပါတယ်။ ကိုင်း ညွှန်းတာလည်းများပြီဆိုတော့ IMDb – 7.1/10, RT – 83% ရထားတဲ့ ဟာသရိုမန့်စ်ကားလေးကိုကြည့်ရှုခံစားလိုက်ကြပါဦး။ ဪ ဒါနဲ့… ကွက်ကွက်ကွင်းကွင်းအခန်းလေးတွေ အနည်းငယ်ပါတဲ့အပြင် အသုံးအနှုန်းတွေကလည်း နည်းနည်းတော့ကြမ်းပါတယ်လို့ သတိလေးတော့ပေးခဲ့ချင်ပါသေးတယ်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Drama • History • War
7.1 2008 111 mins
Forgetting Sarah Marshall
The Lump in my Heart
7.2

The Lump in my Heart(2022) *************************** ဒီကားကတော့ Alice In Boaderland ထဲမှာ Asahi Kujo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Mizuki Yoshida က ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ဒရမ်မာကားတစ်ကားပဲဖြစ်ပါတယ်။ ချီနားဆုရဲ့အသက်လေးနှစ်တည်းက ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီး သူဟာမိခင်ဖြစ်သူနဲ့ အမေတစ်ခုသမီးတစ်ခုနေထိုင်ရင်း စာရေးဆရာမဖြစ်ဖို့ ကြိုးစားနေတဲ့ဆယ်ကျော်သက်ကောင်မလေးပဲဖြစ်ပါတယ်။ အမေဖြစ်သူကလည်း ဒီသမီးအတွက်ပဲသူ့ရဲ့ဘဝကိုမြှုပ်နှံခဲ့ရင်း သမီးဖြစ်သူကိုအမြဲတမ်း ကလေးတစ်ယောက်လိုမြင်နေခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ ချီနားဆုမှာရင်သားကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလိုက်တဲ့အခါမှာတော့ ဘဝအလှည့်အပြောင်းတွေဆက်တိုက်ကြုံတွေလာရပါတော့တယ်… File Size :(1.2GB) and (680MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:32:00 Genre : Sport Subtitle : Myanmar Subtitle (Hard Sub) Translated by ‌Aung Paing Phyoe Encoded by Phyo Pyae

7.2 2022
The Lump in my Heart
Let’s Get Married
5.8

Let’s Get Married (2023) IMDb-6.3/10 CM ပရိသတ်ကြီးအတွက် ရုံတင်ပြီး ပထမဆုံး၄ ရက်အတွင်း ရုံတင်ငွေ ၈ ကုဋေထိရခဲ့တဲ့ ရိုမန့်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Harish Kalyan နဲ့ Ivana တို့နှစ်ယောက်လုံးက ချောချောလေးနဲ့ လိုက်ဖက်ညီကြတာရော ၊ | ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတာရောကြောင့် ချစ်လိုက်သတ်လိုက် ရယ်လိုက်မောလိုက်နဲ့ ရှုစားရမှာပါ “ချစ်သူတွေအဖြစ်မသတ်မှတ်သေးဘဲ အရင်တွဲကြည့်ကြမယ်” “လက်မထပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်| ခရီးတွေအတူထွက်ကြမယ် အတူနေကြည့်ကြမယ်” ဒါတွေက ကြားဖူးနေကျပါ “လက်မထပ်ခင် ယောက္ခမနဲ့အဆင်ပြေမပြေနေကြည့်ကြမယ်” ဆိုတာမျိုးရော ကြားဖူးကြလား ဂေါ်သမ်နဲ့ မီရာတို့က နှစ်နှစ်လောက်တွဲကြည့်ကြမယ်ဆိုရာက နှစ်နှစ်ကြာအပြီးမှာ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ချစ်သူတွေ အမေ့ကို တစ်ယောက်တည်းပစ်မထားချင်ခဲ့တဲ့ဂေါ်သမ် နဲ့ နှစ်‌ယောက်တည်းပဲဘဝကိုစချင်တဲ့ မီရာ.. အားလုံးညှိကြနှိုင်းကြပြီးနောက်မှာဆုံးဖြတ်လိုက်တာက ယောက္ခမနဲ့အဆင်ပြေမပြေကြိုသိရအောင် လက်မထပ်ခင် ခရီးအတူထွက်ကြည့်ကြဖို့ပါ သမီးယောက္ခမနှစ်ယောက်အတူထွက်ကြတဲ့ ခရီးမှာ ပူပူလောင်လောင်တွေမပါဘဲ ၅၂၈ မေတ္တာရှင်နဲ့ ၁၅၀၀ အချစ်တို့ကြား သံစဉ်ချိုချိုအရယ်‌အမောလေးတွေနဲ့ ကြည့်ရှူရမှာပါ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ Dee ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ်

Comedy • Romance • Drama
5.8 2023
Let’s Get Married
Walk the Line
7.8

Walk the Line (2005) ~ IMDb – 7.8/10, Rotten Tomatoes – 82% ~ ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း လှသကိုး။ ဂျိမ်းစ်မန်းဂိုးဒ်ရဲ့ သမိုင်းတစ်လျှောက် ဒီနှစ်ထွက်ခဲ့တဲ့ Indiana Jones and the Dial of Destiny တစ်ကားကလွဲ Cop Land ကနေ Ford v Ferrari အထိ ပယ်စရာကားမရှိဘူးဆိုတော့ သူ့တင်ဆက်ပုံ သိပ်ကောင်းတာတော့ ပြောစရာမလိုဘူး။ ဒီရုပ်ရှင်ကိုလည်း သူကိုယ်တိုင် ကတ်ရှ်ရဲ့ ဘိုင်အိုစာအုပ်နှစ်အုပ်ကနေ အချက်အလက်တွေယူပြီး သူ့ဘာသာဇာတ်ညွှန်းရေးခဲ့တာပဲ။ ဂျွန်နီကတ်ရှ်အကြောင်းကို သူက ဟိုးပေါက်စနလေးကတည်းကနေ ပြတာဆိုတော့ ကတ်ရှ်ရဲ့ ငယ်ဘဝထရော်မာတွေကနေ စသိရလိမ့်မယ်။ အာကန်ဆက်စ် ကျေးလက်ဘက်က မိသားစုတစ်ခုက အချစ်မခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝကို မြင်ရလိမ့်မယ်။ ဒါလည်းလိုအပ်လို့ပါပဲ။ ခဏအတွင်းမှာပဲ ကတ်ရှ် စစ်မှုထမ်းခဲ့ရတဲ့ကာလတွေဆီ ရောက်သွားတယ်။ မန်းဂိုးဒ် ဒီလိုပြတာမှာ ကတ်ရှ်ရဲ့သီချင်းတွေ ဖြစ်လာတဲ့အချိန်တွေကို အသားပေးပြထားတယ်။ ကတ်ရှ်ဟာ သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာများတဲ့ ကန်းထရီးအဆိုတော်ဆိုတော့ သူ့သီချင်းအားလုံးနီးပါးက သူ့ဘဝကို ထင်ဟပ်နေတယ်။ ဒီလို သူ့ဘဝကို ထင်ဟပ်နေတဲ့အကြောင်းလည်း ထည့်ပြောသွားတယ်။ တပ်ထဲကနေ ထွက်လာပြီးတဲ့နောက် မိန်းမယူထားပြီ။ ကတ်ရှ်မှာ သူရေးထားတဲ့သီချင်းတွေလည်းရှိနေပြီ… တီးဝိုင်းလေးဖွဲ့ပြီး သီချင်းဆိုဖို့လည်း ကြိုးစားနေပြီ။ သူ့အိပ်မက်နောက် သူလိုက်နေပြီပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူမအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ သူ့တီးဝိုင်းရှိတဲ့မြို့လေးးကနေ သူပြောင်းရဖို့အကြောင်းဖန်လာတယ်။ ဒီမှာ ကတ်ရှ်က နောက်ဆုံးအခွင့်အရေးအနေနဲ့ Sun Records ကို သွားပြီး အော်ဒီးရှင်းဝင်ခဲ့တယ်။ ဒီ Sun Records က တော်တော်နာမည်ကြီးတယ်။ ပရက်စလေတို့ ဂျယ်ရီလီလူးဝစ်တို့နဲ့ အလုပ်လုပ်နေတဲ့ တေးသံသွင်းပေါ့။ ဒီလိုနဲ့ သူအဆိုတော်ဖြစ်ဖို့ လမ်းကြောင်းပေါ် စရောက်သွားရာကနေ သူ့သီချင်းကလည်း ဝက်ဝက်ကွဲ အောင်မြင်သွားခဲ့တယ်။ ဒီတော့ သူနယ်လှည့်ပွဲတွေမှာ လိုက်ဆိုတာတွေတော်တော်လုပ်လာရတယ်။ ဒီမှာ သူ June Carter နဲ့ စတွေ့တယ်။ June က မျိုးနဲ့ရိုးနဲ့ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်သလို ဆွဲဆောင်မှုလည်း‌တော်တော်ရှိတော့ ကတ်ရှ်က သဘောကျသွားတယ်။ ဒီနောက် သူငယ်ချင်းတွေဖြစ်လာရင်း ချစ်မိသွားတယ်။ တခြား ဂီတသမားတွေအကြောင်း ရိုက်ပြထားတဲ့ ဘိုင်အိုတွေနဲ့မတူမှာက ဒီထဲ ကတ်ရှ်ရဲ့ နယ်လှည့်ပွဲတွေကို ပြတဲ့အချိန် သူနဲ့အတူတူတွဲဖက် သီဆိုရတဲ့ တခြားနာမည်ကျော်ဂီတသမားတွေကိုလည်း ပြတယ်။ သူတို့နဲ့ကတ်ရှ်ကြားက ခင်မင်မှုတွေ။ အကုန်ပေါင်းပြီး ဗရုတ်ကျကြတာတွေကိုပြတယ်။ တော်တော်လေးကြည့်လို့ကောင်းတယ်။ အဲဒီလိုအပေါင်းအသင်းကောင်းရင်း နာမည်ကြီးလာရင်းနဲ့ပဲ ကတ်ရှ်က မူးယစ်ဆေးပြဿနာလည်းရှိလာတယ်။ လုပ်ချင်တာတွေလည်း အကုန်လျှောက်လုပ်လာတယ်။ ဒီမှာကတ်ရှ်ရဲ့အကျပိုင်း စရောက်လာတာပဲ။ June ကလည်း နောက်အိမ်ထောင်တစ်ဆက်ပြောင်းသွားပြန်တော့ ကတ်ရှ်လည်းကြေကွဲပြီး လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရာကနေ သူ့အိမ်ထောင်ပြိုကွဲတဲ့အထိပါဖြစ်လာတယ်။ ဒီလိုနဲ့ ဆေးသုံးတာပါမိပြီး ခြူးတစ်ပြားမှမရှိတော့တဲ့ ဘဝအထိပါရောက်တယ်။ သဘောကျစရာကောင်းတာက ဒီမှာ ကတ်ရှ်က တဇောက်ကန်းလုပ်ချင်တာလုပ်တဲ့ကောင်ဆို‌တော့ တစ်ပြားမှမရှိ စီးစရာကားတောင်မရှိတော့တာတောင် တစ်မျှော်တခေါ်ဆီက June အိမ်ကို လမ်းလျှောက်ပြီး ရောက်အောင်သွားခဲ့တယ်။ တကယ့်ကို ကမှူးရှုးထိုးလုပ်ချင်တာလုပ်တဲ့လူပေါ့။ အဲဒီလိုလူနေရာမှာ Joaquin Phoenix က ပိုင်ပိုင်နိုင်နိုင်ကြီး သရုပ်ဆောင်နိုင်ခဲ့တယ်။ တော်တော်လည်းကြိုးစားခဲ့ပါတယ်။ ကတ်ရှ်သီချင်းတွေကို သူဆိုတဲ့ပုံက ကတ်ရှ်ရဲ့ဟန်နဲ့ ထပ်တူညီအောင်ဆိုနိုင်ခဲ့တယ်။ June နဲ့ ကတ်ရှ် အတူတူဖျော်ဖြေတဲ့ပွဲတွေမှာ June ကိုကြည့်တဲ့ Joaquin ရဲ့အကြည့်တွေက တော်တော်လေး အသက်ဝင်ခဲ့သလို သူနဲ့ June နေရာမှာ သရုပ်ဆောင်တဲ့ Reese Witherspoon တို့ စုံတွဲသီချင်းတွေဆိုတဲ့အခန်းတွေဆိုလည်း မူရင်းဗီဒီယိုထက်တောင် ဆွဲဆောင်မှုတော်တော်လေးပိုရှိနေတယ်။ အသံတွေအထိပါ သေချာလေ့ကျင့်ခဲ့ကြတယ်။ ဒီလိုသရုပ်ဆောင်ကောင်းကြလို့ပဲ နှစ်ယောက်စလုံး အော်စကာတွေရော ရွှေကမ္ဘာလုံးတွေရော ဆန်ခါတင်ဝင်ပြီး Joaquin က ရွှေကမ္ဘာလုံး၊ Witherspoon က အော်စကာ စသဖြင့် သရုပ်ဆောင်ဆုတွေ အသီးသီးရခဲ့ကြတယ်။ ဇာတ်ကားကလည်း Golden Globe Award for Best Motion Picture ရခဲ့သလို Best Actress, Best Actor, Best Sound, Best Costume Design နဲ့ Best Film Editing စတာတွေမှာ အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဘိုင်အိုဂရပ်ဖီကားလို့ မထင်ရလောက်အောင်လည်း ကားက ဆွဲဆောင်မှုရှိနေပြီး ဒရာမာခန်းတွေမှာလည်း ဖီလင်အပြည့်ရတော့ ဒီလောက်တော့ဖြစ်သင့်တာပါပဲ။ နောင်ဆယ်နှစ်အကြာမှာထွက်လာတဲ့ Straight Outta Compton မတိုင်ခင်အထိ Music Biopic တွေထဲ ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မန်းဂိုးဒ် ဒီလိုရိုက်ပြနိုင်လောက်အောင်လည်း ဂျွန်နီကတ်ရှ်ဟာ သီချင်းတွေတင် ဇာတ်နာတာမဟုတ်ဘဲ ဘဝပါဇာတ်နာခဲ့တဲ့ အတက်အကျတွေ မထင်မှတ်ထားတာတွေအပြည့်နဲ့ ဘဝမျိုးရှိခဲ့တာကိုး။ ဂျွန်နီကတ်ရှ်ဟာ ထင်ရာအကုန်စိုင်းပြီး လုပ်ချင်တာလုပ်ခဲ့တဲ့သူဟုတ်သလို သူ့ဘဝနဲ့ရင်းပြီးကို သူ့အချစ်ကို ချစ်ခဲ့တဲ့သူလည်းဟုတ်တယ်။ June ကိုပဲ သူသေသည်အထိချစ်သွားခဲ့တယ်။ June မရှိတော့တဲ့နောက်လည်း သူ့နောက်လိုက်သွားခဲ့တယ်။ Walk the Line ဟာ သူ့ခံစားချက်တွေအကြောင်း သူဆိုတဲ့ ဂျွန်နီကတ်ရှ်ရဲ့ ဘဝကို ထပ်ဟပ်နေတဲ့သီချင်းတွေနဲ့ ဂျွန်နီကတ်ရှ်ရဲ့ဘဝကို တွဲဖက်ခံစားရစေမယ့် ရုပ်ရှင်တစ်ကားပေါ့။ သီချင်းတွေကလည်း နားဝင်လွယ်တဲ့ ကန်းထရီးသီချင်းတွေဆိုတော့ သူ့သီချင်းတွေ နားမထောင်ဖူးတောင် ကြည့်ရင်းနားထောင်ရင်း အကြိုက်တွေ့သွားကြမှာပါပဲ။ ဂျွန်နီကတ်ရှ်ရဲ့အကြောင်းဟာ လူကောင်းတစ်ယောက်အကြောင်းမဟုတ်သလို လူယုတ်မာတစ်ယောက်အကြောင်းလည်း မဟုတ်ပါဘူး။ ဂျွန်နီကတ်ရှ်အကြောင်းဟာ သူချစ်ချင်တာကိုချစ်ပြီး သူလုပ်ချင်တာကို လျှောက်လုပ်နေတဲ့ အနုပညာသမားတစ်ယောက်အကြောင်းပါပဲ။ ” I wear this crown of thorns Upon my liar’s chair Full of broken thoughts I cannot repair… “ ~ Hurt by Johnny Cash (1932 – 2003) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.3GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 16Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.8 2005 136 mins
Walk the Line
Eye For An Eye
6

လူငယ်ဒါရိုက်တာ ပုံဖော်ထားပြီး လူငယ်တက်သစ်စ သရုပ်ဆောင်တွေချည်း စုဝေးနေတဲ့ Eye For An Eye ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးဟာဆိုရင် အဆင့်နိမ့် ဇာတ်နိမ့်က လာသူတစ်ယောက်ဟာစစ်မြေပြင်အလယ်မှာ အဖော်ကောင်း စီးတော်မြင်းနဲ့ မိတ်ဆွေကောင်း လက်နက်တစ်ခုလက်ထဲရှိရင် မျက်မမြင်လည်း သူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးပုံဖော်ပြထားတဲ့ကားပေါ့… ဒီဇာတ်လမ်းလေးကို နီယန် ကောင်မလေးတစ်ယောက်က တစ်အိမ်လုံး အသက်ခံရပေမယ့် သူတစ်ယောက်တည်း လွတ်မြောက်လာပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ မျက်မမြင် သူရဲကောင်းနဲ့ သူကြုံတွေ့ခဲ့ပုံလေးကို ဒိုင်ယာရီမှတ်သလို…မှတ်တမ်းရေးသလို… ပြောပြသွားဟန်နဲ့ တင်ဆက်ပြထားပုံကတော့ လူငယ်ဒါရိုက်တာတွေလက်ရာကောင်းမှန်းသိသာပါတယ်… နီယန်တို့ ဘာကြောင့် တစ်အိမ်လုံးအသတ်ခံရတယ်ဆိုတာရယ်... မျက်မမြင်သူရဲကောင်းက ဘယ်သူလဲဆိုတာရယ်… နီယန်နဲ့ မျက်မမြင်သူရဲကောင်းကြားမှာ ဘယ်လိုပတ်သက်မှုရှိပြီး… ဘယ်လိုပုံစံနဲ့ခင်မင်ခဲ့တယ်ဆိုတာကို ရိုက်ပြသွားပုံလေးလည်းစိတ်ဝင်စားဖို့ကောင်းလို့… အက်ရှင်ဖန်တွေ သိုင်းဖန်တွေသာမက ရိုက်ကူးရေးစိတ်ဝင်စားတဲ့သူတွေလည်း ကြည့်သင့်တဲ့ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြနော်~

6 2023
Eye For An Eye
Anjaamai
7.5

Anjaamai (2024) “အကြောက်တရားမဲ့” IMDb – 7.6/10 ၂၀၁၇ခုနှစ်က ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ တမီးလ်ရုပ်ရှင်။ ခေတ်စနစ်ဆိုးတစ်ခုရဲ့သားကောင်ဖြစ်ရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ပညာရေးအတွက်ရုန်းကန်ရပုံတွေနဲ့ စနစ်ထဲက မကောင်းတဲ့အရာရှိတွေရဲ့အကျင့်ပျက်ခြစားပုံတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်။ မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့တစ်နေ့ ကောင်လေးတစ်ယောက် ရဲစခန်းထဲကိုဝင်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ တိုင်ချက်ဖွင့်ချင်လို့တဲ့။ ဘယ်သူ့ကိုလဲဆိုတော့ အစိုးရကိုတဲ့။ အဲဒီကောင်လေးက ပုံမှန်တမီးလ်အစိုးရကျောင်းငယ်လေးမှာတက်ရင်းနဲ့ ခရိုင်အဆင့်မှာ ထိပ်ဆုံးအဆင့်ကိုရောက်ခဲ့တဲ့သူ။ သူ ပညာရေးမှာကြိုးစားဖို့ အဖေဖြစ်သူ ဆာကာက ပန်းစိုက်ရင်းခက်ခဲပင်ပန်းစွာနဲ့ ပုခုံးထမ်းတင်ပေးခဲ့။ အဖေဖြစ်သူ ဆာကာက ရပ်ရွာအကျိုးကို ကိုယ်ကျိုးစွန့်တဲ့ထိလုပ်ကိုင်ဆောင်ရွက်တတ်တဲ့သူ။ သားဖြစ်သူ ထိပ်ဆုံးအဆင့်နဲ့ စာမေးပွဲအောင်ချိန် ဆရာဝန်ဖြစ်ဖို့ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် တစ်မိသားစုလုံးပျော်ရွှင်နေကြတာပါ။ ဒီလိုကောင်လေးက ရဲစခန်းထဲကိုဝင်လာပြီး ဘာကြောင့် အစိုးရကိုတိုင်ချက်ဖွင့်ချင်ရတာလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.5 2024 121 mins
Anjaamai
Seven Days 7 Days (Aka) Les 7 jours du talion
6.5

7 Days (2010) Les 7 jours du talion IMDb Rating (6.5) / Rotten Tomatoes (86%) ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ…ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့…… ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ……တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး…… အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်…….အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း သိသွားတော့ ပညာတွေအထပ်ထပ်သင်ယူခဲ့ရတဲ့ သူတစ်ယောက် တခုခုဆို စဉ်းစားခြင်ဆင်ပြီး ဆုံးဖြတ်တတ်တဲ့သူတစ်ယောက်က အထိမခံတဲ့ သူ့သမီးလေးကိုမှ ထိခဲ့မိတဲ့သူကို ဘာပြန်လုပ်မလဲ ဘယ်လိုလက်စားချေမလဲ ပညာတတ်တဲ့သူရဲ့လက်စားချေမှုက ပိုကြောက်စရာကောင်းတယ်ဆိုတာ အပြောပဲမဟုတ် လက်တွေ့ပါပြသွားတဲ့ကားလေးမို့ ကျောတစိမ့်စိမ့်ကြည့်ချင်သူများ ကြည့်လို့ရပါပြီ။ (အသည်းငယ်တဲ့သူတွေ ရွံရှာတတ်တဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေ မကြည့်သင့်တဲ့ဇာတ်ကားမလို့ Don’t Watch လို့တော့ Label တပ်ထားပေးပါတယ်။ )

6.5 2010 105 mins
Seven Days 7 Days (Aka) Les 7 jours du talion
The Bayou
4.3

The Bayou (2025) IMDb Rating (4.3) သူ့အကို သေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ Kyle ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူ့အကိုရဲ့ အရိုးပြာကို ကြဲဖို့ Keys မြို့ကို သွားဖို့ အကြောင်းဖန်လာပါတယ်။ သူ့ အကိုရဲ့ သူငယ်ချင်းတွေ နဲ့အတူ ကားနဲ့ သွားဖို့ လုပ်ထားခဲ့ပေမဲ့ လေယာဉ်နဲ့ သွားဖို့ ဖြစ်လာပါတယ်။ သူတို့ ငှားမိတဲ့ လေယာဉ်က တရားမဝင်လမ်းကြောင်းကနေ ပျံသန်းတဲ့ လေယာဉ်ဖြစ်ပြီး လေယာဉ်က သက်တမ်းကြာရင့်နေတဲ့ လေယာဉ်ဖြစ်တာကြောင့် ပျက်ကျခဲ့ပါတယ်။ သူတို့ ဟာ မိကျောင်းတွေ ကြီးစိုးတဲ့ ရေအိုင်ငယ်တွေ အများကြီး ရှိတဲ့ နေရာကို ပျက်ကျခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ရှိနေတဲ့ မိကျောင်းတွေက ဘာလို့ ရန်လိုနေတာလဲ ဘာလို့ သာမာန် မဟုတ်တာလည်း ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရှူစားလိုက်ကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thet Naing Oo ဖြစ်ပါတယ်။) File size…(1.5 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Horror,Thriller Duration….01:27:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thet Naing Oo

4.3 2025 87 mins
The Bayou
The Tale of Iya

The Tale of Iya (2013) ********************** ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဇာတ်ကားတစ်ကား ကြည့်နေရတာထက် ရိုးရှင်းတဲ့ ကဗျာလေး တစ်ပုဒ်ကို ဖတ်‌နေရသလို ခံစားရစေမဲ့ ဂျပန်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ………………… တိုကူရှီမားခရိုင်၊ အီယာဒေသ အလယ်ပိုင်းမှာရှိတဲ့ တောင်ထိပ်တွေနဲ့ မျက်နှာပြင် မညီညာတဲ့ နေရာဒေသတွေကို ရုပ်မြင်သံကြား ကဗျာတစ်ပုဒ်အဖြစ် ပုံဖော်ရိုက်ကူးထားပါတယ်။ အီယာတောင်ထိပ်မှာ အဖိုးနဲ့ မြေးမဖြစ်သူ ဟာရုနာတို့က လျှပ်စစ်မရှိ၊ ဓာတ်ငွေ့မရှိ တိတ်ဆိတ်ပြီး ကိုယ်တိုင်လုပ် ကိုယ်တိုင်စားဘဝနဲ့ ရှင်သန်နေထိုင်ကြပါတယ်။ တစ်နေ့မှာ တိုကျိုမြို့သား ခုဒိုဟာ ရွာကို အလည်လာရင်း သူတို့မြေးဖိုး နှစ်ယောက်ဆီမှာ နေထိုင်ဖို့ ဖြစ်လာပါတယ်။ ၃၅ မီလီမီတာဖီလင်ဖြင့် ရိုက်ကူးထားပြီး အဘွားရွာသူကြီးတစ်ဦး၊ တောင်ပေါ်မှာပဲ မြေးမလေးနဲ့ သီးသန့်နေတဲ့ အဘိုးကြီးတစ်ဦး၊ သစ်တောမပြုန်းတီးရေးအတွက် ဂျပန်တွေကို ပြန်ပြီး ဆန္ဒပြကြတဲ့ နိုင်ငံခြားသားဧည့်သည်တွေ… မြို့ပေါ်မှာ ပြဿနာတစ်ခု ကြုံတွေ့ပြီး အလည်လာတဲ့ တိုကျိုမြို့သားတစ်ဦး၊ မြို့သားတွေကို သဘောမကျတဲ့ သက်လတ်ပိုင်း ရွာသားတစ်ဦး၊ ထိုလူတွေရဲ့ စိတ်ဝင်စားဖွယ်အကြောင်းများကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Spoil မပါအောင် ဒီထိပဲပြောပါမယ်ဗျ။ ဒီထဲမှာ ရင်ထဲထိတဲ့ စကားလေးတစ်ခွန်းကတော့ သပိတ်ခေါင်းဆောင် မိုက်ကယ် သူ့နိုင်ငံကို မပြန်ခင် ပြောသွားတာလေးပါ။ “နောက်ဆုံးတော့ ငါတို့ဟာ အပြင်လူတွေပါပဲ” ပြင်ပလူတွေက ဘယ်လောက်ပဲ ကောင်းစားအောင် ကြိုးစားပေးနေပါစေ ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ပဲ ကောင်းအောင် လုပ်နိုင်မယ်ဆိုတာကို အသိသတိရှိမိ‌စေမှာပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.89GB / 955MB Quality… BluRay 1080p/ 720p Format…mp4 Duration….2 hr. 50 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Comedy • Drama • Romance
0 2013 170 mins
The Tale of Iya