YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) VIVANT.2023.EP04.720p.mp4

715.9 MB N/A video/mp4 175 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Romantic Adventures
2

အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။ တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲ သူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့ တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။ သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူး ယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။ လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကို ပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီး အပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။ သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့...... သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား...... ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Drama • History • Romance
2 2023 89 mins
Romantic Adventures
From Fanfic to Love

စိတ်ကူးယဉ်ပြီး fanfic ရေးတဲ့နေရာမှာတော့ ဆရာကြီးပဲ ဒါပေမဲ့ အတွေ့အကြုံကမရှိ၊ မရှိတာမှ ရည်းစားကိုမထားဖူးတဲ့ FA မမ ယွန်းဟီး အချစ်ဝတ္ထုတွေကိုတောင် အတွေ့အကြုံမရှိဘဲနေရေးနေရပါတယ်ဆို အယ်ဒီတာက R-rated လူကြီးဇာတ်လမ်းကိုပါ ရေးခိုင်းတော့ အခက်တွေ့ရော စိတ်ကူးနဲ့လက်တွေ့နဲ့က တခြားစီဆိုသလိုပဲ စိတ်ကူးနဲ့ ရေးနေတော့ ခရီးကမပေါက်... အတွေ့အကြုံကလည်းမရှိဆိုတော့ ပထမဆုံးအတွေ့အကြုံရှာရပါတော့တယ် တစ်ဖက်မှာလည်း စိတ်ထဲမှာကြိတ် crush နေတဲ့ အစ်ကိုကြီးကိုလည်း လက်မလွှတ်ချင်... ယွန်းဟီးတစ်ယောက် ဘယ်လိုတွေ ရွေးချယ်မလဲ အတွေ့အကြုံ ဘယ်လိုရှာမလဲဆိုတာ အတူကြည့်လိုက်ရအောင်ပါနော် Romance Comedy အမျိုးအစားလေးဖြစ်ပြီးတော့ Friendship ကိုပါ မြင်ရမယ့်ဇာတ်လမ်းလေးပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Romance Quality…. 1080p | 720p | 480p File size… 1GB | 518MB | 257MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Action • Comedy • Drama • History • War
0 2022 89 mins
From Fanfic to Love
Deep Sea Walleye
5.9

အခုတစ်ခေါက် CM က သတ္တဝါကြီးတွေနဲ့ စွန့်စားရေးကားတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် Deep Sea Walleye ဆိုတဲ့ သိပ္ပံကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့- သင်္ဘောတစ်စင်းမှ သင်္ဘောသားက ဖန်ပြွန်လေးတစ်ခုကိုကောက်ရခဲ့ပါတယ်။ ဖန်ပြွန်ထဲမှာ ရေဘဝဲလေးတစ်ကောင်ပါနေပါတယ်။ ထိုဖန်ပြွန်ထဲက ရေဘဝဲကို ဖက်တီးဆိုသူက စားပြမယ်ဆိုပြီး မီးဖိုချောင်ထဲမှာ လူတွေ စုနေကြသတဲ့။ တစ်ဖက်မှာ ထိုသင်္ဘောပေါ်က သိန်း ၃၀၀ တန် စိန်ကြီးကို ဓားပြတိုက်ဖို ကျန်းယန်နဲ့ ချွေးလီတိုအဖွဲက သင်္ဘောတစ်စင်းဖြင့် ချဉ်းကပ်လာပါတယ်။ ဖန်ပြွန်ထဲက ရေဘဝဲလေးက ဘယ်လို သတ္တဝါကြီး အဖြစ်ပြောင်းလဲသွားပြီး လူတွေကို ဘယ်လို ဒုက္ခပေးမလဲ…… ကျန်းယန်တိုကရော ထို သတ္တဝါကြီးလက်ထဲကနေ အသက်ရှင်နိုင်ပါမလား…… ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားကြည့်ရှူလိုက်ပါနော်။

5.9 2023
Deep Sea Walleye
Sneaky Links
4.3

Sneaky Links (2023) =============== တန်မီဆိုတဲ့ အမျိုးသမီးဟာ အောင်မြင်တဲ့ ဆိုရှယ်မီဒီယာ Influencer တစ်ယောက်ဖြစ်ပြီး ဂျေဝဲလ်လို့ ခေါ်တဲ့ အိမ်ခြံမြေပွဲစား ချစ်သူကောင်း ကိုလည်း ပိုင်ဆိုင်ထားပြီး ဘဝကြီးက သာယာနေပါတယ်။ ဒါပေမဲ့ တန်မီ ဟာ သူ့ချစ်သူနဲ့တင် တင်းတိမ်နိုင်တဲ့မိန်းမတစ်ယောက် မဟုတ်ခဲ့ပါဘူး။ တစ်ခြားယောက်ျားပေါင်းများစွာနဲ့ လူသူမသိအောင် သွားသွားပြီး သာ ယာတတ်လေ့ရှိပါတယ်။ အဲဒီမှာတင် လုပ်ငန်းပြိုင်ဖက်ကောင်မလေး မီဂန်ဆိုတာ ပေါ်လာပြီး သူ့ အလုပ်တွေကို လုနိုင်တဲ့အဆင့်ထိ ရောက် လာပါတယ်။ တစ်ဖက်ကလည်း သူငယ်ချင်းဖြစ်သူက ဒီလိုဖောက်ပြန်နေတာကို သတိ ထားဖို့ ပြောပေမဲ့လည်း ဆက်ကျူးလွန်တဲ့အခါမှာတော့….။ စကားလုံး ရိုင်းရိုင်းတချို့နဲ့ အိပ်ရာပေါ်က အခန်းတချို့ပါတာမို့ မိသားစုနဲ့အတူကြည့် ရှုဖို့မသင့်တော်တာကို သတိပြုစေလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung မှဖြစ်ပါတယ်) File Size……….(1.63 GB) / (727 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thura Aung Encoder……….SWM

4.3 2023 98 mins
Sneaky Links
Bad Hombres

Bad Hombres Knights of the Zodiac, Muzzle, On My Blockတို့လို ရုပ်ရှင်စီးရီးကောင်းတွေထဲက မင်းသား တစ်လက်ဖြစ်တဲ့ Diego Tinocoနဲ့အတူ Queen of the South, Peter’s to do list, Rango, Spiderman (Tom Holland’s versions), Perry Masson စတဲ့ ရုပ်ရှင်စီးရီးကောင်းတွေနဲ့ လူသိများကြတဲ့ Hemky Maderaတို့က ဇာတ်လမ်းကို အတိုင်ဖောက်ညီညီ ဦးဆောင်ထားကြပါတယ်။ ဒါ့အပြင် Tyrese Gibson၊ Luke Hemsworth၊ Thomas Janeတို့လို actors တွေကပါ ဇာတ်လမ်းကို ပိုပြီး အဓိပ္ပာယ်ရှိသွားအောင် အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဖီးလစ်က အီကွေဒေါလို ဆင်းရဲတဲ့နိုင်ငံကနေ မိသားစုကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကြိုးစားမယ်ဆိုပြီး အမေရိကန်နိုင်ငံဆီမှာ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းလာပါတယ်။ ဖီးလစ် တစ်ယောက် အမေရိကန်ကို ရောက်ရောက်ချင်း ပထမဆုံး အလုပ်လုပ်တဲ့နေ့မှာတင် မထင်မှတ်တဲ့ အလုပ်တစ်ခုကို လုပ်ရပါတော့တယ်။ ဘုမသိပါ့မသိနဲ့ ပိုက်ဆံရမယ့် အလုပ်ဖြစ်ပြီးရင် ပြီးရောဆိုပြီး လိုက်သွားရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ ….. သူနဲ့အလုပ်တွဲလုပ်ရတဲ့လူက ပုံမှန်သာမန်အလုပ်သမား မဖြစ်နေတဲ့အခါမှာတော့ ….ဘယ်လိုဒုက္ခမျိုးတွေကို ဖီးလစ်တစ်ယောက် တွေ့ကြုံရမလဲ၊ သူ ဒီဒုက္ခတွေကို ကျော်ဖြတ်နိုင်ပါ့မလား၊ သူ့အနောက်ကနေ လိုက်လာတဲ့ လူသတ်သမားတွေရဲ့ရန်ကနေရော လွတ်မြောက်နိုင်ပါ့မလား၊ အစရှိတာတွေကို actionဆန်ဆန်လေး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.3 GB)/(702 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Bad Hombres
Blackbird Blackbird Blackberry
7.2

Blackbird Blackbird Blackberry ဟာ ၂၀၂၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance/Drama အမျိုးအစားဖြစ်ပါတယ် IMDb rating 7.2/10၊ Rotten tomatoes 92%ထိ ရရှိထားပါတယ် အဓိကဇာတ်ကောင် အီထယ်ရိုဟာ အသက်၄၈နှစ်အရွယ် လူလတ်ပိုင်းအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ရွာထဲမှာ စတိုးဆိုင်ဖွင့်ပြီး အေးချမ်းစွာနေထိုင်နေပါတယ် လွတ်လပ်မှုကို အလေးထားတာကြောင့် ယောက်ျားမယူ၊အိမ်ထောင်မပြုလည်း ဖြစ်တယ်လို့ ခံယူထားသူပါ ဒါပေမယ့် ဒီအရာကပဲ သူ့ရွာက အမျိုးသမီးတွေ ကြားမှာ အတင်းတုပ်စရာ ဖြစ်နေပါတော့တယ် တစ်ရက်မှာတော့ သူ့စတိုးဆိုင်ကို ပစ္စည်းလာပို့ပေးနေကျ မွန်းမန်ဆိုသူနဲ့ ချစ်ကြိုက်မိသွားပါတော့တယ် ဒီဆက်ဆံရေးက ငယ်ဘဝ traumaတွေနဲ့ အီထယ်ရိုကို စိတ်ပြောင်းသွားစေမှာလား နဂိုအတိုင်း လွတ်လပ်မှုကိုပဲ ရွေးချယ်သွားမှာလားဆိုတာကို အေးအေးငြိမ့်ငြိမ့်လေး ကြည့်ရှုခံစားသွားရမှာ ဖြစ်ပါတယ် File size…(1.9 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody

7.2 2023
Blackbird Blackbird Blackberry
Bhaje Vaayu Vegam
7

Bhaje Vaayu Vegam (2024) “ဘာမထီ” IMDb – 7.0/10 Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗန်ကတ်ဆိုတဲ့ကောင်လေးရဲ့ မိဘတွေက အကြွေးပူတဲ့ဒဏ် မခံနိုင်တဲ့အဆုံးမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြတယ်။ ဒီမှာပဲ ဗန်ကတ်အဖေရဲ့ မိတ်ဆွေတစ်ယောက်က စီးပွားရေးအဆင်မပြေတဲ့ကြားထဲက ဗန်ကတ်တို့မိသားစုရဲ့ အကြွေးတွေဆပ်ပြီး ဗန်ကတ်ကို သူ့သားနဲ့ တတန်းထဲထားပြီး သားအရင်းတယောက်လို ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ ညီကိုနှစ်ယောက်လုံး အရွယ်ရောက်လာချိန်မှာ အောင်မြင်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့အတူ ဟိုက်ဒရာဘတ်မြို့ကြီးကိုထွက်လာခဲ့ကြပေမဲ့ ဘ၀က မလွယ်ကူခဲ့။ သူတို့လိုပဲ ဟိုက်ဒရာဘတ်ကိုပြောင်းရွှေ့လာခဲ့ပြီး တန်ခိုးထွားနေတဲ့ မြို့တော်ဝန်တို့ညီကိုနှစ်ယောက်လည်းရှိနေခဲ့ပါတယ်။ ဗန်ကတ်တစ်ယောက် သူ့ကို သားအရင်လိုစောင့်ရှောက်ခဲ့တဲ့ ဖခင်အိုကြီးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ကြိုးစားရင်း နိုင်ငံရေးသမားတွေ၊ ရဲတွေ၊ လူဆိုးဂိုဏ်းတွေကြားထဲမှာ အန္တရာယ်တွေရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Horror • Drama
7 2024 134 mins
Bhaje Vaayu Vegam
State of Impurity Estado impuro
6.6

State of Impurity (2022) Estado impuro ဒီတစ်ခါမှာတော့ hispanic အရှုပ်တော်ပုံဇာတ်လမ်း‌လေးနဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်က အာဂျင်တီးနား Indie ရုပ်ရှင်အမျိုးအစားလေးဖြစ်ပြီး အဖော်အချွတ်တွေပါဝင်တာကြောင့် မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ဇာတ်လမ်းကတော့ မိတ်ဆွေသူငယ်ချင်း စုံတွဲသုံးတွဲ မိတ်ဆုံစားတဲ့ပွဲကနေ တော်ကီတွေပစ်ကြရင်း ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဒီစုံတွဲထဲက တစ်တွဲဟာ တခြားသူတွေနဲ့ ခံယူချက်မတူဘဲ တစ်လင်တစ်မယားစနစ်အကြောင်းနဲ့ ပတ်သက်ပြီး စကားစစ်ထိုးရာကနေ နောက်ထပ် ဘယ်လိုမျိုး အခြေ‌အတင်‌တွေ ဖြစ်လာဦးမလဲဆိုတာကို Indie ဖလင်တို့ထုံးစံအတိုင်း အတွေးများများ တော်ကီများများနဲ့တင်ဆက်ထားပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)

Horror • Drama • Fantasy
6.6 2022
State of Impurity Estado impuro
Super Princess
5.6

CM ချစ်ပရိတ်သတ်တို့ ဘဝအမောတွေကို ဟာသကားလေးကြည့်ပြီး ရယ်မောဖြေလျှော့နိုင်ဖို့အတွက်… ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးအကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင်… ဇာတ်လိုက်မင်းသမီးက တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီးလေးပေါ့… ဒါပေမယ့်… မွေးရာပါ သူနဲ့လက်ထပ်တဲ့ယောက်ျားတိုင်း သေစေတဲ့ နက္ခတ်နဲ့ မွေးဖွားလာခဲ့သူပေါ့… သူပထမယောက်ျားလည်း မင်္ဂလာပွဲခန်းမမှာတင်သေတာပဲ… ဒုတိယယောက်ျားလည်း အတူတူပဲ…. တတိယယောက်ျားလည်း အမြှုပ်တွေထွက်လာပြီး သေခဲ့တယ်… ဒီတော့ သူ့ခမည်းတော်လည်း သမက်တော်ကိုရှာဖွေရှင်းနဲ့ ဆန့်ကျင်ဖက်ပြည်ထောင်က မင်းသားနဲ့ လက်ဆက်ပေးဖို့ဖြစ်ခဲ့တယ်… အံ့ဩစရာကောင်းတာက ဒီတစ်ခေါက်မှာတော့ မင်္ဂလာပွဲခန်းမတစ်လျှောက်လုံး မသေခဲ့ဘူး… မင်္ဂလာအိပ်ခန်းဝင်တဲ့အထိပေါ့… ဒါပေမယ့် မင်းသမီးအနားကပ်တိုင်းမှာ ရင်ဘတ်ထဲက နာကျင်ပြီးလျှပ်စီးလိုက်တဲ့ဒဏ်ကို ခံစားနေရတယ်ပေါ့… ဒီအချိန်မှာပဲ သူ့ကံတရားကို သူနားလည်ခဲ့ပြီး နန်းတွင်းက ထွက်ပြေးခဲ့တယ်… နောက်ဆုံးမှာ သူတို့နှစ်ဦး ဘယ်လို ဖူးစာရေးနတ်ရဲ့ ဇာတ်ညွှန်းအတိုင်း ဘဝဇာတ်ခုံမှာကရမလဲ… နောက်ပြီး ဒီနက္ခတ်ဆိုးကြီးကရော ကျော်လွှားသွားနိုင်မှာလားဆိုတာကို ဇာတ်ကားလေးကြည့်လိုက်ကြတာပေါ့…

5.6 2024
Super Princess
Kudumbasthan
7

Kudumbasthan (2025)”အိမ်ထောင်ဦးစီး” \================================ အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မိသားစုဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇတ်လမ်းကတော့ ဇာတ်မြင့်ကောင်လေး နာဗင်းန်နဲ့ ဇာတ်နိမ့်ကောင်မလေးဗန်နီလာကို ကောင်လေးရဲ့သူငယ်ချင်း ယစ်ထုပ်ကြီးတွေက မိဘသဘောမတူဘဲ လက်ထပ်ပေးလိုက်ရာကနေစပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါ နာဗင်းန်ရဲ့မိဘတွေအိမ်မှာနေကြပါတယ်။ ဒါပေမဲ့ နာဗင်းန်ရဲ့အမေက ယောက္ခမအများစုရဲ့ထုံးစံ ချွေးမဖြစ်တဲ့ ဗန်နီလာကို ကြည့်မရပါဘူး။ အဲဒီလို မိန်းမနဲ့ အမေကြား လိုက်ညှိပေးရင်းဗျာများနေတဲ့အပြင် အစ်မရဲ့ယောက်ျားဖြစ်တဲ့ ယောက်ဖဖြစ်သူနဲ့လည်း မတည့်တဲ့နာဗင်းန်ဟာ အလုပ်မှာပါပြဿနာတက်ပြီး အလုပ်ပြုတ်သွားတဲ့အချိန် ဖိအားပေါင်းစုံခံစားရပုံကို တမင်ရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

TV Movie • Drama • Romance
7 2025 153 mins
Kudumbasthan
Penguins of Madagascar
6.6

Penguins Of Madagascar (2014) IMDb – 6.7/10_____Rotten – 73% ဒီဇာတ်ကားက Madagascar ထဲက ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ပင်ဂွင်း၄‌ကောင်ရဲ့ spin-offဇာတ်ကားဖြစ်ပါတယ် Madagascar ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဟာသတွေအများကြီးပါဝင်ဦးမှာ ဖြစ်သလို သူများနဲ့မတူဘဲ weird ဖြစ်တဲ့ ဇာတ်လမ်းပုံစံကိုလည်း မြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက် Central zooကို ရောက်လာတဲ့ စကစ်ပါ ကိုဝါစကီး ရီကိုနဲ့ ပရိုင်းဗိတ်ပင်ဂွင်း၄ကောင်ကြောင့် လူတိုင်းချစ်တဲ့ ရေဘဝဲအဖြစ် ကနေ အပယ်ခံဘဝ ရောက်သွားတဲ့ ဒေ့ဗ်ဆိုတဲ့ ရေဘဝဲတစ်ကောင်က မျိုးဗီဇပညာကို လေ့လာပြီး ဒေါက်တာအော့တေးဗီးယပ်စ် ဘရိုင်းဆိုတဲ့ နာမည်တုနဲ့ ဗီဇပြောင်းတိရစ္ဆာန်တွေကို ဖန်တီးဖို့ ကြိုးစားနေတာပါ။ သူ့အကြံကတော့ လူတိုင်းချစ်ကြတဲ့ ပင်ဂွင်းလေးတွေကို မျိုးဗီဇပြောင်း မကောင်းဆိုးဝါးတွေ ဖြစ်အောင်လုပ်ပြီး လူတွေမုန်းတီးသွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ဒီအကြံကို အကောင်အထည်ဖော်ဖို့ စကစ်ပါတို့ ပင်ဂွင်း၄ကောင်အပြင် တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်ရုံအသီးသီးကပင်ဂွင်းတွေကို လိုက်ဖမ်းဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့အကြံကို စကစ်ပါတို့ တားဆီးနိုင်မှာလား၊ ဒေ့ဗ်ရဲ့အကြံအတိုင်း မကောင်းဆိုးဝါးတွေ ဖြစ်သွားပြီး လူသားတွေရဲ့မုန်းတီးခြင်းကို ခံသွားရမလားဆိုတာ ကြည့်ရမှာပါ။

Thriller • Crime • Drama
6.6 2014 92 mins
Penguins of Madagascar
The 47 aka El 47
7.2

The 47 aka El 47 (2024) “လိုင်း ၄၇” ဒီတစ်ခါမှာတော့ CM ပရိသတ်တို့အတွက် စပိန်စကားပြော သမိုင်းနောက်ခံရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ၁၉၇၈ က ကတ်တလန်ဒေသ ဘာစီလိုနာက အဖြစ်အပျက်တစ်ခုကို အခြေပြုထားတာပါ ဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လိုက်ဘိုးတော်တို့လူတွေဟာ အနယ်နယ်အရပ်ရပ်ကနေပြောင်းရွှေ့လာကြပြီး ဘာစီလိုနာမြို့စွန်မှာ စုနေကြရာကနေ ‘တိုရေးဘာရို’ ဆိုတဲ့ ရပ်ကွက်တစ်ခုပေါ်ပေါက်လာပါတယ် ရွှေ့ပြောင်းဆင်းရဲသားတွေဖြစ်တာနဲ့အညီ အစိုးရအာဏာပိုင်တွေ နှိမ်တာခံခဲ့ကြရပြီး အိမ်ဆောက်ဖို့ဆိုတာတောင် မလွယ်မှန်း ဒီဇာတ်လမ်းအစမှာ ပြထားပါတယ် ဒီလိုနဲ့ အစိုးရရဲ့အလိမ်အညာတွေကို ဖော်ထုတ်တဲ့အနေနဲ့ ၇၈ မှာ ဖြစ်ခဲ့တဲ့ ဘတ်စ်ကားအပိုင်စီးမှု ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာကတော့ ။ ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ်.

Comedy • Music
7.2 2024
The 47 aka El 47