YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Vengeance (2009) BluRay 1080p.mp4

1.94 GB N/A video/mp4 375 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Fault
8.3

My Fault (2023) ~ IMDb - 6.3/10, Rotten Tomatoes - 94% ~ စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ နစ်ရဲ့အဖေနဲ့ နိုအာရဲ့အမေတို့ နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ နိုအာတို့ ၂ယောက်က မောင်နှမတွေအဖြစ် ပတ်သက်ရပါတော့တယ်။ အစပိုင်းတည်းက သူတို့ ၂ယောက်ကအဆင်မပြေပါဘူး။ နိုအာက သူ့အမေ လူချမ်းသာနဲ့ယူတာကို သဘောမတူပါဘူး။ နစ်က ငယ်ငယ်တည်းက အဖေနဲ့အမေကွာရှင်းထားလို့ စိတ်ဒဏ်ရာရပြီး ဖအေရှေ့မှာ ပြည့်စုံတဲ့သားလိမ္မာလိုနေပေမယ့် တကယ်က ပြိုင်ကားမောင်းပြိုင် ပါတီတွေတက် ရန်ဖြစ်ပြီး ဆိုးနေတာပါ။ နိုအာကတော့ ဖခင်က သူတို့သားအမိကိုနှိပ်စက်တဲ့အတွက် စိတ်ဒဏ်ရာရနေပြီး သူ့အဖေကို အရမ်းကြောက်ပါတယ်။ နိုအာရဲ့အဖေက‌ သူ့သက်သေခံထွက်ဆိုချက်ကြောင့် ထောင်ကျနေပါပြီ။ စရိုက်ချင်းမတူတဲ့ သူတို့၂ယောက်က တစ်ယောက်လမ်းတစ်ယောက် ၀င်မရှုပ်ဖို့ သဘောတူထားပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန် တွေ့နေရတာပါ။ နစ်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားတဲ့အတွက် နစ်သွားတဲ့ ပါတီတွေ ကားမောင်းပြိုင်ပွဲတွေမှာ နိုအာပါရှိနေပါတယ်။ သူတို့ ၂ဦးစိတ်ထဲမှာလည်း အချင်းချင်းစိတ်၀င်စားသလိုဖြစ်နေပါပြီ။ သူတို့ မသိကြတဲ့အချက်က နိုအာ့အဖေက ပြိုင်ကားမောင်းသမားဖြစ်ပြီး နိုအာကလည်း ဖအေ သင်ပေးထားလို့ ပြိုင်ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ပါတယ်။ ဒီလိုနဲ့ ပွဲတစ်ခုမှာ မထင်မှတ်ဘဲ နိုအာ နစ်ရဲ့ကားနဲ့ပြိုင်မောင်းမိရာကနေ တစ်ဖက်ကညစ်တဲ့အတွက် ကားပေးလိုက်ရပါတယ်။ အဲ့နောက်ပိုင်းမှာ နိုအာ့ဆီခြိမ်းခြောက်စာတွေ ရောက်ရောက်လာပါတယ်။ နိုအာ့ဆီ စာတွေပို့နေတာ ဘယ်သူဖြစ်မလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ၊ သူတို့ ၂ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးပါ့မလား...စတာတွေကတော့ မင်းသားချောချော မင်းသမီးချောချောကို ငမ်းရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 910MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Animation • Family • Fantasy • Romance
8.3 2023 117 mins
My Fault
Aftersun
7.7

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။ A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။ နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 858MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
7.7 2022 101 mins
Aftersun
Replicas
6

Replicas(2018) ဆေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ သူတစ်ယောက်ရှိတယ်...သူ့နာမည်က Will Foster လို့ခေါ်တယ်...  Will Foster.လုပ်နေတဲ့ကုမ္ပဏီရဲ့ အဓိက အလုပ်က  လူသေအလောင်းတွေရဲ့ ခန္ဓာကိုယ်ထဲကနေ မှတ်ဉာဏ်တွေကိုထုတ်ပြီး စက်ရုပ်တွေထဲကိုထည့်ပေးရတယ်...သေတဲ့သူကို အသက်ပြန်သွင်းခြင်းနည်းတစ်မျိုးပေါ့...ဒီသုတေသနာလုပ်ငန်းရဲ့ အရေးကြီးဆုံးဏ္ဍမှာ Will Foster. အဓိကပါဝင်နေတယ်.. ဒီလုပ်ငန်းရဲ့ အကျွမ်းကျင်ဆုံးပညာရှင်ဆိုလည်းမမှားဘူးပေါ့...သို့ပေမယ့်  လိုအပ်ချက်တစ်ချို့ရှိနေလို့ မအောင်မြင်သေးဘူ...  တစ်နေ့တော့Will Foster  တို့မိသားစုဟာ အားလပ်ရက်မှာ ခရီးထွက်ကြတယ်... ဒီခရီးစဉ်က  Will Foster  အတွက် ကပ်ဆိုးကြီးကျရောက်ခြင်းပါပဲ..အဲ့ဒါကတော့ ကားမတော်တဆမှုကြောင့် မိန်းမရော သားသမီး ၂ယောက်ရောဆုံးပါးသွားခဲ့ရတယ်.. ဒီနောက်တော့  Will Foster  ဟာ မိသားစုကိုချစ်တဲ့စိတ်ကြောင့်  မလုပ်သင့်တာတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒါကတော့ သူ့မိသားစုကို စက်ရုပ်တွေမယ် အသက်ပြန်သွင်းဖို့ပါပဲ.. ကိုင်း  Will Foster.တစ်ယောက်အောင်မြင်နိုင်ပါ့မလား ..ဆေးကုမ္ပဏီနဲ့ ဘယ်လိုပြသနာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... မင်းသားကြီး Keanu Reeves အဓိက သရုပ်ဆောင်ထားပြီး မှုခင်း သိပ္ပံကားတွေကြိုက်တဲ့သူအတွက် အတော်ကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ.... File Size : (910 MB) and (363 MB) Quality : 720p HCWEBRip, Format…mp4 Duration…01:47:00 Genre :  Crime, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Hein Thet Naing Encoded by Phyo Pyae

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6 2018 107 mins
Replicas
Beauty and the Beast
7

ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့ မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်း အင်မတန်ကြောက်စရာကောင်းတဲ့ အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင် ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကို စင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။ အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။ အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူ Belle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။ Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကို ရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီး Emma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evans နဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ? (အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..) Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy

Comedy • Crime
7 2017 129 mins
Beauty and the Beast
Riceboy Sleeps
7.6

Riceboy Sleeps (2022) IMDb – 7.6/10, Rotten Tomatoes – 95% ~ 90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။ နိုင်ငံကြီးသားဆိုတာ နိုင်ငံက “ကြီး” နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ “နိုင်ငံကြီး”မှာနေသလောက် “နိုင်ငံကြီးသား” မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။ အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။ ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။ ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 935MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 57Min Genre – Drama, Family, History Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Thriller • Horror
7.6 2022
Riceboy Sleeps
Past Lives
8.4

Past Lives (2023) ~ IMDb – 8.4/10, Rotten Tomatoes – 97% ~ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်… ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်… တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်… ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။ သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့သွားတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ လက်ဖျားချင်းထိရုံကစခဲ့တဲ့ ရှေးရေစက်ကလေးကလည်း ဘဝချင်းလွဲခဲ့ရင် တစ်သက်လုံး နာလန်မထူနိုင်အောင် ပြိုလဲစေနိုင်စွမ်းသလို တစ်ဘဝလုံး မခန်းနိုင်အောင် လွမ်းစေနိုင်စွမ်းတယ်။ Past Lives ဟာ အဲဒီရေစက်တွေအကြောင်းပေါ့။ ဘာမှမဟုတ်ခဲ့ခြင်းများအကြောင်းပါပဲ။ ကျွန်တော့်အတွက်တော့ Past Lives ရဲ့အရသာဟာ ဟိုးတုန်းက ၃၈ကားတွေရဲ့ မှန်တံခါးမှာ ဆိုင်သလိုလိုမဆိုင်သလိုလို ကပ်ထားတတ်တဲ့ “သတိရရင် ပြန်လာပါ” ဆိုတဲ့ စာသားကို မိုးမည်းမည်းညနေတစ်ချို့မှာ အမှတ်မထင်ငေးကြည့်မိတဲ့ ဖီလင်မျိုးပေါ့။ အချိုးအကွေ့တို့က ရိုးရိုးလေးပဲ အစိမ်းသက်သက်မျက်နှာကလေးကို ဘဝပျက်သွားအောင် ငေးမောရင်း အစိမ်းသက်သက်ဖြစ်ခဲ့ရခြင်းတွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 8.7GB, 2.35GB, 995MB Quality – 4K HEVC, 1080p, 720p IMDb Rating – 8.4/10 Format – mp4 Duration – 1H 45Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.4 2023 106 mins
Past Lives
Jannat
6.9

Jannat(2008) အရ်ဂျွန်က စိတ်မြန်ပြီး တဇွတ်ထိုးလုပ်တတ်တဲ့ သွေးဆူဆူ လူငယ်တစ်ယောက်။သူကဖဲချပ်တွေကစားရတာအလွန်ဝါသနာပါပါတယ်။ ဖဲချပ်တွေကိုပွတ်တဲ့နေရာမှာတော့ ပါရမီပါတယ် ပြောရမလားပဲ…သူ့အတွက်လက်ဖျားငွေသီးလာသလိုပဲ….အဲ့ဒီငွေကနေ အဆင့်တက်ပြီး ခရက်ကစ်ပွဲတွေမှာအ‌လောင်းအစားဝင်လုပ်ပါတယ်။ ဒီလိုနဲ့ ဒုစရိုက်လောကထဲကို တဖြည်းဖြည်းသူရောက်သွားတယ်… နောက်ပိုင်းငွေအလွယ်ရလာတဲ့အပြင် ငွေရှိသူတွေရဲ့ အာဏာနဲ့ အမှန်တရားဆိုတာဟာ ငွေနဲ့အင်အားကြီးသူတို့အတွက် သာရှိတယ်လို့ သူမြင်လာတဲ့နောက်မှာတော့ သူဟာ ဒီလောကရဲ့အရှင်သခင်ဖြစ်ဖို့ကြိုးစားပါတော့တယ်…. ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ဦးဗျို့… ဂန်းစတားကား ခပ်မိုက်မိုက်ကြည့်ချင်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း…။ ဒီကားရဲ့အဆက် Jannat 2 (2012) ကိုလဲ ဆက်လက်ရှုစားကြပါကုန်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San မှတင်ဆက်ထားပါတယ်။)

6.9 2008
Jannat
Malbatt: Misi Bakara
6.8

ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, Action, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vio La

Action • Thriller • Crime
6.8 2023 131 mins
Malbatt: Misi Bakara
Dounia et la princesse d’Alep
6.8

ကိုယ့်​မွေးရပ်​မြေမှာ ​နေထိုင်ဖို့ရာ မဖြစ်နိုင်​တော့လို့ နိုင်ငံကို အပြီးတိုင်စွန့်ခွာကြရတာ ဝမ်းနည်းစရာ​ကောင်းလွန်းပါတယ်။ ဆီးရီယား နိုင်ငံ ပရိပက္ခ​တွေကြား ​မွေးဖွားလာတဲ့ Dounia ​​​​လေးဟာ တ​​နေ့မှာ​တော့ လှပလွန်းတဲ့ သူမရဲ့ ​မွေးရပ်​မြေ Aleppoမြို့ ကို စွန့်ခွာဖို့ဖြစ်လာပါ​တော့တယ်။ ကံ​ကောင်း​စေတဲ့ Barake စေ့​လေး​တွေကို လက်ထဲဆုပ်လို့၊ ကမ်းမမြင် လမ်းမမြင် ခရီးကြမ်းကို သူတို့ ​မြေးအဖွားတစ်စု ​လျှောက်ရပါ​တော့မယ်။ Dounia ​လေး အိမ်အသစ်ကိုရှာ​တွေ့ပါ့မလား။ တခြား​သော Dounia ​လေး​လို က​လေး​လေးတွေ​ရော ဘယ်နှ​ယောက်​တောင်ရှိ​နေဦးမလဲ။ Syriaနိုင်ငံ Aleppoမြို့ဇာတိဖြစ်တဲ့ ဇာတ်လမ်းဖန်တီးသူ Marya Zarif အတွက် Dounia et la princesse d’Alep ဟာ သူမရဲ့ ဘဝတစိတ်တပိုင်းဆိုလည်း မမှားပါဘူး။ ဆီးရီးယန်း ရိုးရာ ယုံတမ်းပုံပြင်​တွေ၊ ရိုးရာ အစားအ​သောက်​​တွေ၊ ယဥ်​ကျေးမှု​တွေ၊ ယုံကြည်သက်ဝင်မှု​တွေကို ချစ်စဖွယ် ပုံ​ဖော်ဆွဲသားမှုများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် မြင်​တွေ့ရမှာပါ။ နက်ရှိုင်းတဲ့ မိသားစုချစ်ခြင်း​မေတ္တာ​တွေ၊ ချစ်​သောသူများ၊ ​နေရပ်ဌာ​နေနှင့် ခွဲခွာရခြင်း ပဋိ​ဒေဝ​၊ ​ရွှေ့​​ပြောင်းဒုက္ခသည်​တွေရဲ့ ​ဝေဒနာ​တွေကို လှပ​သေသပ်စွာ ဖန်တီးပုံ​ဖော်ထားတဲ့ ပြင်သစ်စကား​ပြော animated ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:12:00 Genre… Animation, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

6.8 2023
Dounia et la princesse d’Alep
Blue Sky
6.4

“သမီးတို့မေမေက ရေလိုပဲကွယ့် ရေမှာ H2O ဆိုတဲ့ တူညီတဲ့မူရင်းတန်ဖိုးရှိပေမယ့် သူဟာ တစ်ခါတစ်ရံမှာ အရည်အဖြစ်ရှိနေတတ်ပြီး တစ်ခါတစ်ရံ ရေခဲ ဒါမှမဟုတ် ရေငွေ့အဖြစ်ရှိနေတတ်တယ်။ ဖေဖေကတော့ အချိန်တစ်ခုကြာကတည်းက သမီးတို့မေမေရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းကိုပဲ ကြည့်ပြီးချစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။” အချစ်ကြီးတဲ့ စစ်သားကြီး ဟန့်ခ်မာရှယ်တစ်ယောက် ဒီလိုပြောခဲ့ပါတယ်။ ဒါပေမယ့် ကာလီမာရှယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့“အဖေကြီးရယ် မှားမိသွားတာပါ” တဲ့ မူရင်းဝတ္ထုရေးဆရာမ Rama Laurie Stagner ရဲ့ မိဘများကို အခြေခံထားတဲ့ ဒီဇာတ်လမ်းဟာ ၁၉၆၂ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး စစ်အေးခေတ်အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးတင်းမာမှုတွေကို ပါးပါးလေးပုတ်ပြထားတဲ့ ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်မှာ ရိုက်ကူးခဲ့ပေမယ့် ထုတ်လုပ်ရေးကုမ္ပဏီက ဒေဝါလီခံသွားခဲ့ရတာကြောင့် ၄နှစ်အကြာမှ ဖြန့်ချီနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Tony Richardson အတွက်လည်း Blue Skyဟာ သူ့ရဲ့နောက်ဆုံးလက်ရာဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာကြောင့် ရုပ်ရှင်ဖြန့်ချီပြသချိန်မှာ သူမရှိနေခဲ့တော့ပါဘူး။ ဒါအပြင် ဝင်ငွေနည်းခဲ့လို့ ကုန်ကျစရိတ်ကိုတောင် ပြန်မကာမိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ များစွာရှိခဲ့ပေမယ့် အမျိုးသမီးဇာတ်ဆောင် Jessica Lange တစ်ယောက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆု နဲ့ ရွှေကမ္ဘာလုံးဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ရုပ်ရှင်ဟာလည်း IMDb 6.4 နဲ့ Rotten Tomatos 80%ရရှိထားပြီး ထွက်ရှိလာချိန်မှာ ကောင်းမွန်တဲ့မှတ်ချက်တွေကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ CM ပရိသတ်ကြီးလည်း Blue Skyနဲ့အတူ စီးမြောရင်း မိသားစုဘဝနဲ့ ချစ်ခြင်းတရားကို ဝေဖန်သုံးသပ်ကြည့်ပါဦးလို့… File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:41:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar

6.4 1994 101 mins
Blue Sky
A Frozen Rage
5.9

CM ချစ်ပရိသတ်တို့အတွက် Frozen Rage ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆို…. လောင်တနဲ့ လောင်အာ့ ဆိုတဲ့ ညီအစ်ကို ၂ ယောက်ရှိတယ်ကွယ်… လောင်တက လောင်အာ့ကို အရမ်းချစ်တယ်ဆိုတာထက် အပြစ်ရှိတယ်လို့ ခံစားရတာ… သူ့ပေါ့ဆမှုကြောင့် သူ့ညီလေး ကားတိုက်ခံရပြီး ကြပ်မပြည့်ဖြစ်ခဲ့ရတယ်… ဒါကြောင့်လည်း အသက်လေးရလာတော့ အစ်ကိုကြီး အဖရာအဖြစ် သူ့ညီလေးအတွက် ကြင်ဖက်ရှာပေးတာပေါ့…. ကြင်ဖက်ရှာပေးပေမယ့်လည်း သူ့ညီလေးရဲ့ ထူးခြားတဲ့အခြေအနေကြောင့် သမီးရှင်ဖက်က တော်ရုံ သဘောမတူဘူးပေါ့… တစ်ဖက်မှာ လောင်အာ့ကို ဆေးရုံလိုက်ပို့ပေးခဲ့တဲ့ ဦးလေးယိဆိုသူက… သူတို့မိဘမြေကို ဈေးနှိမ်ငှားထားတဲ့အပြင် လောင်တချစ်ရတဲ့ ကျင်းယန်ကိုလည်း လက်ထပ်ယူထားတာပေါ့… ဒါတွေကို သည်းခံနိုင်ပေမယ့်… အခု လောင်တအတွက် အရေးကြီးတာ ငွေရှာဖို့… လောင်အာ့အတွက် တောင်းရမ်းငွေစုဆောင်းနိုင်ဖို့ပဲ… ဒီတော့ ဒီမြေကို ပြန်ယူဖို့လိုတယ်… လောင်တတစ်ယောက် လောင်အာ့အတွက် တောင်းရမ်းငွေစုနိုင်မှာလား… မိဘပိုင်မြေကိုရော ပြန်ရမှာလား…. ဒီမြေမှာ ဘာလျို့ဝှက်ချက်ရှိနေသေးတာလဲ… နောက်ပြီး လောင်အာ့ကို တိုက်သွားတဲ့သူကရောဘယ်သူလဲ… CM နဲ့အတူ ဇာတ်လမ်းလေးထဲ အဖြေရှာကြရအောင်…

Action • Mystery • Thriller
5.9 2024
A Frozen Rage
Honey Money Phony
6

သာမန်ကုမ္ပဏီဝန်ထမ်းမလေးတစ်ယောက်ဖြစ်တဲ့လင်ချင်လန်ဟာ သူ့ရဲ့ယုတ်မာတဲ့ရည်းစားလိမ်တာကိုခံရပါတယ်။ စိတ်ကူးယဉ်အချစ်တွေနဲ့ပြည့်နေတဲ့ဘဝနေပြီးတော့ တစ်နေ့အတွင်းမှာ ၂၀၁၃၁၄အကြွေးတွေအများကြီးတင်နေတဲ့သူဖြစ်သွားခဲ့ပါတယ်။ အကြွေးတွေကိုဆပ်ဖို့ အကုန်လုပ်တွေကုန်းရုန်းလုပ်ရင် ဘဝကိုစိတ်ပျက်လာတဲ့အချိန်မှာ အိုးရန်ဟွေးဆိုတဲ့လူလိမ်တစ်ယောက်နဲ့ထပ်တွေ့ပါတယ်။ အကြောင်းဖန်ချင်တော့ အိုးရန်ဟွေးကိုအသုံးချပြီးတော့ သူ့ရဲ့အရင်ရည်းစားလိမ်ယူသွားတဲ့ပိုက်ဆံတွေကို ပြန်လိမ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ လင်ချင်လန်နဲ့ အိုးရန်ဟွေးတို့က လမ်းပေါ်မှာကားတိုက်ခံရယောင်ဆောင်ပြီးလိမ်စားနေတဲ့ ချန်လန်ရဲ့သူငယ်ချင်းရှောင်ဟွေ့ရယ် ပညာရှင်ဟောင်းအိုးရန်ဟွေးရဲ့ဦးလေးရယ် ပူးပေါင်းပြီးတော့လိမ်ဖို့စတင်လိုက်ပါတယ်။ အချစ်နဲ့ငွေလိမ်ယူသွားတဲ့ ရည်းစားဟောင်းကိုပြန်လက်စားချေဖို့ လိမ်ရင်းအလိမ်တွေကြားမှာအချစ်စစ်ဖြစ်လာနိုင်မလား နောက်ဆုံးမှာသူတို့ရဲ့လိမ်ပွဲဟာဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

6 2025
Honey Money Phony
BKO: Bangkok Knockout
5.4

ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ထိုင်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ သိုင်းပညာသင်လူငယ်တစ်စုဟာ ဟောလိဝုကိုသွားရောက် စတန့်လုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မထင်မှတ်ထားတဲ့ အရာတွေဖြစ်လာပြီး အသက်အန္တရာယ်ရှိတဲ့ အနေအထားထဲကိုရောက်လာပါတော့တယ်။ Squid game လိုပဲ လူတွေတိုက်ခိုက်တာကို ကြည့်ချင်ကြတဲ့သူတွေကြောင့် သူတို့တွေဟာ တိုက်ခိုက်ရည်ဝနေတဲ့ သူတွေနဲ့ တွေ့ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းက အကောင်းကြီးမဟုတ်ပေမယ့် Fight scene တွေက တော်တော်လေးကောင်းတဲ့အထဲမှာပါပါတယ်။ အက်ရှင်ကားကောင်းတွေ ကြိုက်တတ်သူဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်သင့်ပါတယ်။ File size…(1.5 GB)/(3.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Martial Art, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Drama
5.4 2010 101 mins
BKO: Bangkok Knockout
Bogieville
4

Bogieville (2024) ဟန်နဲ့ဂျိုဒီဆိုတဲ့ အတွဲတစ်တွဲက ‌ခြေဦးတည့်ရာ ထွက်လာကြရင်းနဲ့ လမ်းမှာ တစ်ခုခုကို တိုက်မိသွားတာကြောင့် လူတိုက်မိတယ်ထင်ပြီး လိုက်ရှာကြရင်း နောက်တွဲယာဉ်တွေစုပြီးနေကြတဲ့ လူသူမရှိခြောက်ကပ်နေတဲ့နေရာကို ရောက်သွားကြတယ်။ စွန့်ပစ်ထားတဲ့ ကားအိမ်တွေနဲ့ အသက်ကင်းမဲ့နေတဲ့နေရာမှာ သူတို့လျှောက်သွားကြရင်း ခရော့ဖော့ဒ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူက ဟန်တို့ကို ဒီနေရာကိုထိန်းသိမ်းပေးဖို့ အလုပ်ကမ်းလှမ်းခဲ့ပါတယ်။ ခြေဦးတည့်ရာသွားနေကြတဲ့ ဟန်တို့ကလည်း ခရီးပန်းလာတာရော ပင်ပန်းနေတာရောနဲ့ လက်ခံလိုက်ကြပါတယ်။ အဘိုးကြီးက သူတို့ကိုနေဖို့လိုက်ပြဖို့ ဒီနေရာမှာ ညတွေအပြင်မထွက်ဖို့နဲ့ အပြင်က လူတွေလာရင် မဖွင့်ပေးဖို့ စည်းကမ်းတွေပြောတော့ သံသယဖြစ်လာတဲ့ဟန်က မေးခွန်းတွေမေးတော့ ဒီနေရာကို သူ့ယောက်ဖမက်ဒီဆန်က ပိုင်တာလို့ အဘိုးကြီးက ပြောပြခဲ့ပါတယ်။ ဟန်က သိချင်ဇောနဲ့ ဆက်မေးခွန်းထုတ်တော့ ဒီနေရာမှာက နေရောင်ကိုကြောက်ပြီး လူသွေးစုပ်ပြီးဆက်ရှင်သန်နေရကာ အမှောင်တွေထဲမှာ ပုန်းကွယ်နေကြတဲ့ အကောင်တွေ နေထိုင်ကြတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ ဖြစ်ချင်တော့ ဒီနေရာရဲ့ ပိုင်ရှင်မက်ဒီဆန်ကပါ အဲဒီအကောင်မျိုးဖြစ်နေခဲ့ပြီး ဟန်တို့ကို သွားခွင့်မပေးတော့တဲ့အခါ အဲဒီနေရာကနေ ဟန်တို့ ဘယ်လိုထွက်ပြေးကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်လိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size… (1.4 GB) / (790 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:49:51 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Serenity

Family • Adventure • Comedy
4 2024 108 mins
Bogieville
One of Those Days When Hemme Dies
6.4

One of Those Days When Hemme Dies (2024) IMDb Rating (6.4) Thrillerသာ ပြောထားတာ ဇာတ်ကားလေးက ကြည့်ရတာ မိုက်တယ်။ Drama လို့ပြောရင် ပိုမှန်မယ့် ကားမျိူးပါ။ ဒီကားမှာ အဓိက ဇာတ်ဆောင်က Hemmes မဟုတ်ပဲ Eryüp ဆိုတဲ့လူပါ။ Izmir မှာအလုပ်လုပ်ပြီး ပိုက်ဆံတွေရှုံးသွားတော့ ခရမ်းချဉ်သီးစိုက်ခင်းမှာအလုပ်လာလုပ်ရတယ်။ အဲ့ Hemmes ဆိုတဲ့လူက အလိုလိုနေရင်း ပြသာနာရှာလို့ အစက ဇာတ်ကောင်က သတ်မလို့ပေါ့ဗျာ။ ဒါပေမယ့် အဲ့တရက်တာမှာ မသတ်ဖြစ်ပဲ တရပ်ကွက်လုံးထဲ ပတ်သွားနေပြီး ပတ်ခိုင်းခံလိုက်ရပါတယ်ဗျာ။ အေးအေးဆေးဆေးနဲ့ Life of pi တို့လိုမျိုး vibe မျိူးပေးပါတယ်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size…(1.6 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:22:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu Thwe Zaw

Science Fiction • Thriller
6.4 2024 83 mins
One of Those Days When Hemme Dies