YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Trauma (2017) BluRay 720p H.264-Naung.mp4

934.3 MB N/A video/mp4 631 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Holes
6.8

CM ပရိသတ်တွေအတွက် 2003 တုန်းက ထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့ မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် "လေး" (Shia LaBeouf) ဟာ သူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့ ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။ တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေ သူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက် ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကို အပို့ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲ ရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့ အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။ စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့ လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီး ငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီး ဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။ ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့ တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့ ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးက ပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။ လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့ ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်း ဟက်တာနောက်ကို လိုက်သွားခဲ့ပါ‌ တော့တယ်။ ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စ တန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရော လွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊ သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊ အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File size…  2.7 GB /  1.11 GB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 2h Genre .....  Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder….  Min Wai Translated by TMMT

Drama
6.8 2003 117 mins
Holes
Dhruva
6.3

အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှ medical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။ "သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....." ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော...... ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ဖြစ်နေတဲ့အခါ..... ၁၅ နှစ်သားကတည်းက ကြုံတွေ့မြင်တွေ့လာရတဲ့ မတရားမှုတွေကို မုန်းတီးရင်း ရဲအရာရှိ ဖြစ်လာတဲ့အချိန် ပြစ်မှုနောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူတွေကို အမြစ်ပြတ် သုတ်သင်ချင်တဲ့ Dhruva တစ်ယောက် Siddharth နဲ့ အားပြိုင်ရတဲ့အခါမှာတော့..... Plot က ကောင်းလွန်းတဲ့အတွက် အများကြီး ညွှန်းဆိုလိုက်ရင် ပေါ့သွားမှာစိုးလို့ ဒီလောက်ပဲ ရေးပါရစေ။ 2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ Thani Oruvan ဇာတ်ကားကို remake လုပ်ထားတာဆိုပေမဲ့ အတော်ကောင်းတာမို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းပါရစေနော်။ File size…2.5GB / 1.3GB Quality…1080p TRUE  WEBDL / 720p Format…mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jerrica & Myo Myo Htet

Action • Science Fiction
6.3 2016 165 mins
Dhruva
Uncut Gems
7.1

ကျောက်ရိုင်းတုံး သို့မဟုတ် မသွေးရသေးတဲ့ ကျောက်ပေါ့ ဒီကျောက်တစ်တုံးပတ်မွှေတာနဲ့တင် တိုင်လည်နေတဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်​ကျော် ဟော၀ပ်ရပ်တနာ Click ကားနဲ့နာမည်ကြီးခဲ့တဲ့ မင်းသားကြီးAdam Sandler ကိုမြင်ရမှာပါ အဲ့ဘဲကြီးကားတွေဆိုကတည်းက လုံး၀ ပြဿနာပေါင်းစုံနဲ့ မရိုးရတဲ့ကား တွေပဲဖြစ်တယ်ဆိုတာကို အားလုံးလည်း သိကြမှာပါ...ဒီကားမှာလည်း တချိန်လုံးပြဿနာတက် ကွိုင်တက်တိုင်တွေပတ်နေတာကိုမြင်ရမှာပါ ... လက်၀တ်ရတနာဆိုင်ရှင်ဟော၀ပ်ရပ်တနာတစ်ယောက် အီသီယိုးပီးယားက ရောင်ပြေးရွဲကျောက် လေးတစ်လုံးရလာချိန် အဲ့ကျောက်နဲ့ဘယ်လိုတွေ အရှုတ်အထွေးတွေ ဖြစ်မလဲကြည့်ရမှာပါ.....ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင်ပါ တိုင်ပတ်သလိုဖြစ်လာပါလိမ့်မယ်... လောင်းကစားဝါသနာအိုးကြီးဖြစ်တဲ့ဟောဝပ် အိမ်ထောင်ရေးလူမှုရေးနဲ့စီးပွါးရေး သုံးရပ်လုံး မှာပြဿနာအလီလီတက် သူ့ကိုဆိုဘယ်သူမှမယုံကြည်ချင်ဖြစ်လောက်အောင် ကံကလဲမျက်နှာ သာမလိုက်ခဲ့ပါဘူးမျက်နှာသာလိုက်တဲ့ခါကျပြန်တော့လဲ မမျှော်လင့်ထားတဲ့ဘယ်လို ကိစ္စတွေထပ် ဖြစ်မလဲကတော့ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ကြည့်ပါ IMDbမှာ8ရထားပြီး RottenTomatoesမှာ93%နဲ့လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ဘ၀မှာအမြဲအဆင်ပြေနေတဲ့ CM ပရိတ်သတ်တွေအနေနဲ့ ရသမြောက်စွာ အရှုတ်အထွေး တွေပြည့်နေတဲ့ ဒီကားကို လွန်စွာမှ သဘောကျလိမ့်မယ်လို့ ညွှန်းဆိုလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်.... File Size : (1.04 GB) and (409 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime,Drama,Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing & Aye Mon Kyae Encoded by Phyo Pyae

Comedy • Drama
7.1 2019 136 mins
Uncut Gems
They Look Like People
5.9

“They Look Like People” ကတော့ 2015 က ထွက်ရှိထားတဲ့ စိတ္တဇ horror ဇာတ်ကားလေးပါ။ Wyatt လို့ ခေါ်တဲ့ ဇာတ်ကောင်က စိတ္တဇရောဂါဖြစ်နေပါတယ်။ သူ့အနားမှာ ရှိတဲ့လူတွေက လူမဟုတ်တော့ဘဲ မကောင်းဆိုးဝါးဖြစ်သွားကြပြီလား တွေးရင်း ကြောက်လန့်နေရသူပါ။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းကပါ မကောင်းဆိုးဝါးဖြစ်သွားမလား အတွေးနဲ့ သူငယ်ချင်းရှိရာ မြို့ကို အရောက်လာခဲ့ပါတယ်။ သူစဥ်းစားတာကတော့ သူငယ်ချင်းကို သူကယ်မယ်ပေါ့၊ သူ့ရည်ရွယ်ချက်နဲ့ လက်တွေ့မှာ တကယ်ဖြစ်နေတာတွေက ထပ်တူကျမနေခဲ့ပါဘူး။ Wyatt ရဲ့ စိတ်ကျန်းမာရေး ယိုယွင်းလာတာနဲ့အမျှ သူနဲ့ သူရဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေးက ပျက်စီးလာပြီး ဒီဟာကို Wyatt အနေနဲ့ ပြုပြင်ဖို့ သတ္တိမွေးပြီး ကြိုးစားမလား၊ ဒါမှမဟုတ် အရှုံးပေးလိုက်မလား သူဆုံးဖြတ်ရပါတော့မယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ် ) File size…802.1MB Quality…Blu-Ray 1080p Format…mp4 Duration….1h 20m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin

Drama • Western • Thriller
5.9 2015
They Look Like People
Good Burger 2

ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ….. အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဘဝအမောတွေကို ဖြေဖျောက်နိုင်ဖို့ စိတ်ညစ်ခြင်းကနေ ရုန်းထွက်ချင်နေတယ်ဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ရှု့ဖို့တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Good Burger 2
My Name Is Shruthi
8.7

My Name Is Shruthi (2023) “ကျွန်မက ရှရူသီ” IMDb-8.7/10 တောင်ပိုင်းမင်းသမီးချော ဟန်ဆီကာအဓိကပါဝင်တင်ဆက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကောင်းလေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသက်ကြီးလို့ အသားရေပျက်စီး ယိုယွင်းလာတာကိုမလိုချင်ကြတဲ့ ငွေကြေးချမ်းသာတဲ့လူတွေက နုပျိုမှုအတွက် အရေပြားအစားထိုးကုသကြတယ်။ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် အရေပြားအစားထိုးကုသဖို့အတွက် မှောင်ခိုကူးတဲ့ မာဖီးယားဂိုဏ်းရှိတယ်။ အဲဒီမာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကဝန်ကြီးဖြစ်ဖို့အသည်းအသန်ကြိုးစားနေတဲ့ လွှတ်တော်အမတ်တယောက်။ သူတို့ဂိုဏ်းက အသားရေလှပတဲ့ အမျိုးသမီးငယ်လေးတွေကိုဖမ်းပြီး အရေပြားအစားထိုးမှုအတွက် အတင်းအဓမ္မလုပ်ဆောင်စေပါတယ်။ ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ နယ်မြို့လေးကနေ ဟိုက်ဒရာဘတ်ကိုတက်ပြီး အလုပ်လာလုပ်တဲ့ ရှရူသီဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ဘယ်လိုတွေပါဝင်ပတ်သက်သွားမိမလဲ။ ရဲတပ်ဖွဲ့ကရော ဒီမိန်းကလေးတွေပျောက်တဲ့အမှုကို ဖော်ထုတ်အရေးယူနိုင်မှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023
My Name Is Shruthi
Interstate 60
7.6

လူတွေ ဘာလို့ဆုတောင်းကြသလဲ… ဆုတောင်းလိုက်တဲ့အခါ လူတွေက စိတ်ခွန်အားတွေ ၊ ငြိမ်းချမ်းမှုတွေရလို့ ဆုတောင်းကြတယ်လို့တော့ ဖတ်ရဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဆုတောင်းတွေထက် ကိုယ်တိုင်လုပ်ယူရတာကို ယုံကြည်တဲ့သူမျိုးဆိုတော့ ဆုတောင်းတွေဟာ ပြည့်တယ်လို့ မယုံကြည်ထားပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်ကိုပြောတာပါ။ ဒီဇာတ်ကားထဲမှာ ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့သူ တစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သူက တော်ရုံလူတွေတွေ့နိုင်တဲ့သူမျိုးမဟုတ်ဘဲ ကံကောင်းလွန်းတဲ့သူမျိုးမှ ကြုံရတွေ့ရ ဆုတောင်းခွင့်ရကြတဲ့ သူမျိုးပါ။ ဒီထဲမှာ ဇာတ်ကောင် နီးလ်က ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အခိုက်အတန့်တွေမှာ အဖြေတစ်ခုလိုချင်တယ်လို့ ဆုတောင်းလိုက်မိရာကနေ လိုချင်တောင့်တမှုတွေ ၊ လွတ်လပ်ခွင့်တွေ ၊ အဖြစ်ချင်ဆုံး ဆန္ဒဆိုတာတွေကို သိမြင်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လူငယ်တွေကြည့်လို့ကောင်းမယ့် fantasy, comedy, drama ရောထားတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ ဒီကားကြည့်ပြီးတဲ့အခါ ခင်များတို့ရော ဆုတစ်ခုတောင်းခွင့်ရမယ်ဆို ဘာကိုတောင်းမလဲ ၊ ဒါမှမဟုတ် ခင်များတို့ ကိုယ်တိုင်ရော လက်ရှိမှာ ရှာဖွေနေတဲ့ အဖြေတစ်ခုကို ရှာတွေ့သွားမလား ကျွန်တော်တော့ သိချင်ပါသေးတယ်။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre…Adventure, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thomas

7.6 2002 116 mins
Interstate 60
Mystery Hunting
5.8

အားနွဲ့တဲ့မိန်းမတွေဟာ စိတ္တဇလူသတ်သမားတွေရဲ့ အလွယ်တကူပစ်မှတ်ထားခြင်းကို ခံရတတ်တယ်။ မြို့တစ်မြို့မှာ ပိုက်ဆံချမ်းသာပြီး ငယ်ရွယ်တဲ့မိန်းကလေးတွေ ပြန်ပေးဆွဲခံရပြီး အသတ်ခံရတဲ့အမှုတွေဖြစ်နေပါတယ်။ ပိုက်ဆံရှိသူဌေးကြီးတွေရဲ့ ရည်းစားတွေကိုပစ်မှတ်ထား ပြန်ပေးဆွဲနေတာဖြစ်ပြီးတော့ ထူးခြားတာကတော့ ငွေညှစ်ပြီး ငွေရရင်တောင် လူသတ်တဲ့အတွက် ရဲတွေဟာဒါက ငွေအတွက်မဟုတ်ရင် ဘာကြောင့်သတ်နေတာလဲ လူသတ်ချင်တဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ပဲလား ဘာကြောင့်လဲဆိုပြီး စဉ်းစားမရဖြစ်နေခဲ့တယ်။ အပြစ်မရှိတဲ့မိန်းကလေးတွေကို ကယ်တင်နိုင်ဖို့ ဉာဏ်များပြီး ဒီအန္တရာယ်အရမ်းများတဲ့ တရားခံကိုဘယ်လိုဖမ်းမလဲဆိုတာ ရိုက်ကူးထားတဲ့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

5.8 2024
Mystery Hunting
Luv Ki Arrange Marriage
5

Luv Ki Arrange Marriage 2024 နှစ်ဆောင်ပြိုင်ချစ်ခြင်း IMDb-5.0/10 တစ်နေ့တာပင်ပန်းတာတွေကို ဟာသနဲ့ဖြေဖျောက်လိုသူတွေအတွက် ဟင်ဒီဟာသကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ အချစ်ရေးရော ဟာသလေးတွေရောပါတဲ့အပြင် heavyမဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းကို ရှုစားလိုသူတွေအတွက် အဆင်ပြေမှာပါ။ မေတ္တာဆိုတာ တစ်ယောက်တည်းကိုပေးရင် အတ္တလို့သဘောထားတဲ့သူပီပီ မစ်ရှရာဟာ မိန်းမတိုင်းနဲ့ လက်ပွတ်တတီးနေတတ်သူပါ။ ပရမ်ကဘယ်လောက်ပဲ ဖြူစင်တဲ့ ၅၂၈ မေတ္တာ မိတ်ဆွေဆက်ဆံရေးလို့ပြောပြော ဒီမိန်းမတွေရဲ့ ကာမပိုင်ယောက်ျားတွေက မကြည်ဖြူတာကြောင့် လစ်ရင်လစ်သလို သမခံရသူပေါ့။ သားဖြစ်သူလပ်ဗ်က ဖိုက်တာဖြစ်နေလို့သာ မစ်ရှရာတစ်ယောက်ခံသာနေတာဆိုလည်းမမှားပါဘူး။ တစ်နေ့ လပ်ဗ်တစ်ယောက် အီရှီကာဆိုတဲ့ ထက်ထက်မြက်မြက်မိန်းကလေးကို သဘောကျသွားချိန်မှာ ကိုမေတ္တာရှင်မစ်ရှရာကလည်း အီရှီကာရဲ့အမေကို သဘောကျမိလေတော့…. တစ်ပြိုင်နက်မဖြစ်နိုင်တဲ့ ဒီသားအ‌ဖရဲ့အချစ်ရေးမှာ ဘ ယ်သူကဘယ်သူ့အတွက် စတေးသွားမလဲဆိုတာ ရှုစားကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်)

5 2024 121 mins
Luv Ki Arrange Marriage
Last Passenger
5.7

ဒီကားလေးတော့ နာမည်အတိုင်း ရထားပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ခရီးသည်တွေအကြောင်းရိုက်ကူးထားတာပါ။ လူး၀စ်က ဆင်ဂယ်အဖေတစ်ယောက်ဖြစ်ပြီး ဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်။ အိမ်ပြန်ရထားပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့အသိအကျွမ်းဖြစ်ခဲ့ပါတယ်။ ခရစ်စမတ်အချိန်ဖြစ်တဲ့အတွက် ရထားပေါ်မှာ သူတို့သုံးယောက်နဲ့ အဖွားကြီးတစ်ယောက်ရယ် ဘုကလန့်အဖိုးကြီးတစ်ယောက်ရယ် လူမိုက်လိုလိုရုရှားလူမျိုးတစ်ယောက်ရယ်ပဲကျန်ခဲ့ပါတယ်။ ဆင်းရမယ့်ဘူတာရောက်ပေမဲ့ ရထားကမရပ်တဲ့အခါ အကုန်လုံးခြောက်ခြားပြီး အရေးပေါ်ဘရိတ်တွေအကုန်လိုက်ဆွဲကြည့်ပေမဲ့ တစ်ခုမှအလုပ်မဖြစ်ပါဘူး။ ရထားမောင်းသမားကလည်း တံခါးသွားခေါက်ပေမဲ့ ပြန်မဖြေတဲ့အခါ အကုန်လုံး ရထားမောင်းရဲ့အစီအစဥ်ကို ရိပ်မိပြီး စည်းစည်းလုံးလုံးနဲ့ ရထားပေါ်ကလွတ်မြောက်အောင် ကြံကြပါတော့တယ်။ ဘတ်ဂျက်နည်းကား‌ဖြစ်ပေမဲ့ သည်းထိတ်ရင်ဖိုအရသာအပြည့်ပေးနိုင်တဲ့ကားလေးဖြစ်ပြီး character developmentတွေကအစ ပြီးပြည့်စုံနေတဲ့ကားလေးဖြစ်လို့ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.1 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

5.7 2013 96 mins
Last Passenger
Perfume
3.6

ဒီဇာတ်လမ်းက နယူးယောက်မြို့က မဂ္ဂဇင်းတိုက်တွေ၊ ဖက်ရှင် မော်ဒယ်တွေ၊ ဒီဇိုင်နာတွေ၊ အဝတ်အစားကုမ္ပဏီကြီးတွေအကြား ဖြစ်တတ်တဲ့ အတွင်းကျကျ ပြဿနာတွေ၊ အဆင်မပြေမှုတွေနဲ့ ပဋိပက္ခ‌တွေကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်း ရည်ရွယ်ချက်က ကောင်းပေမဲ့ ဇာတ်လမ်းတင်ပြပုံမကောင်းလို့ Ratingတွေကတော့ အတော်လေးနည်းပါတယ်။ ဒါပေမဲ့ နယူးယောက်ရဲ့ Lifestyleတွေ၊ လူသိပ်မသိတဲ့ ဖက်ရှင်နယ်ပယ်နောက်ကွယ်က တချို့ ပြဿနာတွေ၊ ဇာတ်ရှုပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကားက မြည်းစမ်းကြည့်သင့်တယ်လို့ပဲ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းတွေ၊ သရုပ်ဆောင်ပိုင်းတွေ ကောင်းမှ ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားက သင့်ကို အားရစေမှာ မဟုတ်ပါဘူး။ File Size : 2.9 GB / 930 MB Quality : WEB-DL 1080p / 720p Running Time : 1hr 46min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Comedy • Action
3.6 2001 106 mins
Perfume
Nothing Even Matters
5.5

ဆေးမှုနဲ့ထောင်ကျနေတဲ့ထရပ်ဗစ်တစ်ယောက် ထောင်ထဲမှာ၅နှစ်နေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့အခါ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်တဲ့ ဘန်နီနဲ့ပြန်တွေ့ပြီး ဘန်နီတို့အိမ်ကိုလိုက်သွားခဲ့ပါတယ် ဘန်နီရဲ့အသက်ကိုကယ်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မိသားစုလိုနေဖို့ဘန်နီရဲ့အမေဖြစ်သူဘလင်ဒါက ထရပ်ဗစ်ကို စည်းရုံးပြီး သူတို့ရဲ့လုပ်ငန်းထဲကိုဝင်လုပ်ဖို့ခိုင်းလာပါတော့တယ် ထောင်ကထွက်လာပြီးကတည်းက ထောင်ထပ်ကျနိုင်မယ့် အလုပ်မှန်သမျှ မကောင်းတာမှန်သမျှကို ရှောင်ဖို့ ကြိုးစားနေတဲ့ထရပ်ဗစ်တစ်ယောက် ဘန်နီတို့ကမ်းလှမ်းတဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဆိုတဲ့အလုပ်ကိုလက်ခံလိုက်ပါတယ် တစ်ရက် ဘန်နီတို့အိမ်မှာဘဲယ်လို့ခေါ်တဲ့မိန်းမလှလေးကို တွေ့မိပြီး မျက်စိကျသွားမိရာကနေ ဘန်နီတို့ရဲ့လုပ်ငန်း အကြောင်းကို တစ်စွန်းတစ်စသိလာတဲ့အပြင် ဘဲယ်ရဲ့ ဘဝသရုပ်မှန်ကိုပါသိလာခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီလုပ်ငန်းဟာသူလုံးဝမလုပ်ချင်တဲ့အလုပ်ဖြစ်နေတဲ့အခါ ထရပ်ဗစ်တစ်ယောက်အိမ်ကနေထွက်သွားပါတော့တယ် အဲဒီနောက်ပိုင်းထရပ်ဗစ်တစ်ယောက်ဘာတွေဆက်ကြုံရမလဲ ဆိုတာကို အတူတူကြည့်လိုက်ရအောင်ဗျာ… File size… (984MB) / (538MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

Science Fiction • Action • Adventure • Thriller
5.5 2024 113 mins
Nothing Even Matters
Tonight, At Romance Theater
7

Tonight, At Romance Theater (2018) ********************************** IMDb….7.0 ဒီကားလေးက တခြားကားတွေထက်စာရင် မြူးမြူးကြွကြွလေးနဲ့ စထားပြီးကြည့်ရှုသူကို မပျင်းမရိအောင် ဆွဲခေါ်နိုင်စွမ်းရှိတယ်…ဇာတ်လမ်းအမျိုးအစားကလည်း Fantasy, Romance ဖြစ်နေတာကလည်း တစ်ပိုင်းပေါ့လေ… ဇာတ်ကြောင်းကတော့ .. ကောင်လေးတစ်ယောက်ရှိတယ်…သူက လက်​​ထောက်​ဒါရိုက်​တာတစ်ယောက် …. လက်ထောက်ဒါရိုက်တာဆိုပေမယ့် သူလုပ်ရတာအများဆုံးက ..မီးထိုး..မှန်ထိုး .. ..ထိုင်ခုံခင်း ..လိုတဲ့ပစ္စည်းလေးတွေဝယ်ပေးရပေါ့… ဘယ်လောက်ပဲအလုပ်တွေများများ သူမပျက်မကွက်လုပ်တဲ့ ကိစ္စတစ်ခုရှိတယ်… အဲဒါကတော့ ရုပ်ရှင်ရုံမှာ တစ်ယောက်တည်း ဘယ်သူမှမကြည့်တော့တဲ့ အဖြူအမည်းခေတ်က ဇာတ်ကားတစ်ကားကို ကြည့်တာပါပဲ… သူ့ကြည့်ရတာ ဒီကားထဲက မင်းသမီးလေးကို အတော်သဘောကျပုံပဲ… သူ့ဘဝက ရိုးရှင်းပါတယ်.. ရိုက်ကူးရေးမှာအလုပ်လုပ်လိုက်…တစ်ယောက်တည်း ရုပ်ရှင်ရုံမှာ အဖြူအမည်း ခေတ်က မင်းသမီးလေးကို သွားငေးလိုက်ပေါ့… တစ်နေ့တော့ သူ့ဘဝပျက်မတတ်ခံစားလိုက်ရတဲ့ သတင်းတစ်ခုကြားလိုက်ရတယ်.. အဲဒါက သူကြိုက်တဲ့မင်းသမီးပါတဲ့ ရုပ်ရှင်ကားကို ရောင်းလိုက်တော့မယ်ဆိုတာပါပဲ ….နောက်ဆုံးအနေနဲ့ သူတစ်ယောက်တည်း မင်းသမီးလေးပါတဲ့ရုပ်ရှင်ကိုကြည့်နေတယ်.. ပါးစပ်ကလည်း ဒီညက မင်းသမီးလေးကိုကြည့်ရတာနောက်ဆုံးပါ့လားလို့ရေရွတ်နေတယ်..မျက်ရည်တွေလည်းကျလို့ပေါ့… အဲဒီအချိန်မှာပဲ မီးတွေပြတ်ပြီး ရုပ်ရှင်ရုံတစ်ခုလုံးအမှောင် အတိကျသွားတယ်… မီးပြန်လာတဲ့အချိန်မှာ ထူးဆန်းစွာပဲ မင်းသမီးလေးဟာ ကောင်လေးရှေ့ကိုရောက်လာတယ်…. ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ… စကားမစပ် ဂျပန်မင်းသမီးလေး Ayase Haruka က နင်းကန် လှလွန်းတယ်…. မင်းသားကတော့ What Comes after Love (2024) စီးရီးက Sakaguchi Kentaro ဖြစ်ပါတယ် .. File size…1.69GB / 942MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 48 min. Genre ….. Romance, Drama, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet

Crime • Thriller • Romance
7 2018 108 mins
Tonight, At Romance Theater
Baby’s Day Out
6.1

Baby’s Day Out (1994) IMDb Rating (6.2) ၁၉၉၄ ခုနှစ်ဆိုတာ ရုပ်ရှင်လောကအတွက် တကယ့်ဂန္တဝင်ကားတွေ ထွက်တဲ့နှစ်ပါပဲ..Baby’s Day Out ရုပ်ရှင်ကလဲ ၁၉၉၄ နှစ်ထုတ်ကုန်တခုဖြစ်ပြီး အမြဲတမ်းအမှတ်တရ ပြန်ပြန်ကြည့်နေရတဲ့ရုပ်ရှင်တကားပါပဲ။ ကလေးလေးတယောက်နဲ့ လူဆိုး၃ယောက်သာ အဓိကထားရိုက်ပြထားတဲ့ ဒီဟာသကားလေးက ကြည့်ဖူးသူတိုင်းကို အပန်းဖြေရယ်မောစေခဲ့ရသလို ပြန်ပြန်ကြည့်တိုင်းလဲ ကြည်နူးပျော်ရွှင်ရစမြဲပါပဲ အဓိကဇာတ်ကောင် ကလေးလေး Baby Bink အတွက် အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Adam Robert နှင့် Jacob Joseph Worton တို့နှစ်ယောက်စလုံးနဲ့ ရိုက်ကူးခဲ့တာပါ။ Adam နဲ့ Jacob Worton တို့ညီအစ်ကိုရဲ့ တစ်သက်လုံးမှာ တစ်ကားတည်း သရုပ်ဆောင်ဖူးတဲ့ ရုပ်ရှင်ဖြစ်ပြီး သူတို့ဟာ နောက်ထပ် ဘာကားမှ ထပ်မရိုက်ခဲ့ပါဘူး။ Baby’s Day Out ကို အခုချိန်မှာ ဂန္တဝင်ဟာသကားတစ်ကားလို သတ်မှတ်ထားကြပေမယ့် ထွက်ရှိချိန်တုန်းကတော့ ကလေးကို အန္တရာယ်ကြီးမားတဲ့ နေရာတွေ လျှောက်သွားပုံ ရိုက်ထားတဲ့အတွက် ဝေဖန်ခံရပြီး Box Office မှာ အရှုံးပေါ်ခဲ့တယ်။ Box Office ရုံဝင်ငွေ ထင်သလောက် မရခဲ့တာကြောင့် အစက “Baby’s Trip to China” အမည်နဲ့ နောက်ဆက်တွဲ Sequel ဆက်ရိုက်မယ့် အစီအစဉ် ဖျက်လိုက်ရပါတယ်။ မဟုတ်ရင် အနည်းဆုံး Baby’s Day Out နှစ်ကားကြည့်ရမှာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ဘဝမှာ ကိုယ်ဖြစ်စေချင်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲကြည့်ခဲ့ရပါတယ်…. အဲ့ဒါကတော့ အလိမ်အညာတွေ၊လူဆိုးတွေပြည့်နေတဲ့ လောကကြီးထဲမှာ ဘာမှနားမလည်တဲ့ ရိုးသားဖြူစင်တဲ့ လူငယ်လေးတယောက်က သူလုပ်ချင်ရာကို စွန့်စွန့်စားစားလုပ်ချသွားပြီး နောက်ဆုံးမှာ ရန်သူတွေကိုယ်တိုင်တောင်မှ မမုန်းရက်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲရှိခဲ့ပါတယ်ပေါ့။

6.1 1994 99 mins
Baby’s Day Out
Anywhere but Here

IMDB 6.2 ရထားပြီး 1999 ခုနှစ်တုန်းက ထွက်ထားတဲ့ Comedy/Romance ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ The Black Swan ရုပ်ရှင်နဲ့ အော်စကာရထားတဲ့ Natalie Portman ရဲ့ ငယ်လက်ရာ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယ်မြို့လေးမှာနေရတာ အနာဂတ်မရှိဘူးလို့ ခံစားရတဲ့ အဒဲလ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့မိသားစုနဲ့ ဒုတိယမြောက်ယောက်ျားကိုထားခဲ့ပြီး ဆယ်ကျော်သက်သမီးလေး အန်းနဲ့အတူ ကယ်လီဖိုးနီးယားကို ထွက်လာခဲ့ပါတယ်။ အဒဲလ်က ဟိတ်ဟန်ကြီးတယ် ၊ စွန့်စားချင်တယ် ၊ စိတ်ကူးယဉ်ဆန်တယ်။ သူ့သမီးအန်းကတော့ လက်တွေ့ကျပါတယ်။ အဒဲလ်က သူ့သမီးကို ရုပ်ရှင်သမီးဖြစ်စေချင်ပြီး သူ့သမီး အန်းကတော့ US အရှေ့ပိုင်းမှာ တက္ကသိုလ်တက်ချင်ပါတယ်။ သားအမိနှစ်ယောက် ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေဖို့ကြိုးစားနေတဲ့ ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ ဇာတ်လမ်းအဆုံးမှာ သူတို့ ဘဝအဓိပ္ပာယ်ကို ရှာတွေ့ ၊ မတွေ့ကတော့ ကြည့်တဲ့လူပဲ ဆုံးဖြတ်ပေးရမှာပါ။ File size…(1.6 GB)/(980 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama ,Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by OliveLyu

Action • Crime • Drama • Thriller
0 1999
Anywhere but Here