YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[CM]Three.Siblings.Bravely.2022.S01E04.720p.WEB-DL.mp4

509.5 MB N/A video/mp4 289 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kaathuvaakula Rendu Kaadhal
5.7

ဒီကားလေးကတော့ Sgတွေ Faတွေကြည့်ပြီးအားကျ၊ ကျိတ်ငိုရမယ့်ကားလေးပါ:3 ယူတို့မယ် ရည်းစားလေးတစ်ယောက်တောင်အဖြစ်ရှိအောင်မထားနိုင်ပေမယ့် Rambo တစ်ယောက်ကတော့ သူ့ကိုတုန်နေအောင်ချစ်ကြတဲ့ ရည်းစားလန်းလန်းလေးနှစ်ယောက်ကြား ရှယ်ဗျာများပဲ။ ဇာတ်လမ်းလေးကတော့ ရွာလေးတစ်ရွာရဲ့ ထူးဆန်းတဲ့မိသားစုအကြောင်းကစရပါမယ်။ Rambo ကိုမမွေးခင် Rambo တို့မိသားစုက ကျိန်စာသင့်နေတဲ့မိသားစုဆိုပြီးနာမည်ကြီးပါတယ်။ သူတို့မိသားစုဝင်ထဲက ဘယ်သူကမှလက်ထပ်လို့မရဘူး။ လက်ထပ်တာနဲ့ အိမ်ထောင်ဖက်အသက်ဆုံးရှုံးရတယ်ဆိုလို့ ရွာထဲကဘယ်သူကမှ သူတို့မိသားစုဝင်တွေနဲ့လက်မထပ်ချင်ကြပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ Rambo အဖေက သူ့ချစ်သူ အင်္ဂလိပ်စာဆရာမ Minah Kaif နဲ့လက်ထပ်လိုက်ပြီး သူမွေးလာမယ့်ကလေးက သူ့မိသားစုဆီ ကံကောင်းခြင်းတွေယူဆောင်လာမယ့်ကလေးလို့ ကြွေးကြော်နေတာပေါ့။ Rambo ကိုမွေးတဲ့နေ့မှာပဲ အဖေဖြစ်သူကမတော်တဆမှုတစ်ခုနဲ့ဆုံးပါးသွားရတယ်။ ခိုကိုးရာမဲ့မိခင်ကြီးလည်း လေဖြတ်ပြီး သူ့သား Ramboကလွဲပြီး အရာအားလုံးမေ့သွားတော့တယ်။ ဒီလိုနဲ့ အများက “ဂြိုဟ်ဆိုးကောင်” လို့ ဝိုင်းသမုတ်ထားကြတဲ့ Ramboရဲ့ ကလေးဘဝက သိမ်ငယ်မှု၊ နာကျင်မှုတွေအပြည့်နဲ့ပေါ့။ အမေ့ဆီကိုပါ ကံဆိုးမှုတွေမကူးအောင် အမေနဲ့ရွာကိုစွန့်ပြီး မြို့မှာ နေ့နေ့ညညမလုပ်ကြိုးစားလုပ်တဲ့ Ramboတစ်ယောက် Khatija နဲ့ Kanmani ဆိုတဲ့ မချောလေးနှစ်ယောက်နဲ့တွေ့ပြီး “မချောနှစ်ယောက် ကိုယ်တစ်ယောက်” ဇာတ်လမ်းစပါတော့တယ်။ ကောင်မလေးနှစ်ယောက်ကလည်း သူမှသူဖြစ် .. တစ်သက်လုံးကအပယ်ခံလာရပြီး အခုမှလူနှစ်ယောက်ဆီကချစ်ခြင်းကို တစ်ပြိုင်တည်းရလိုက်တဲ့ Rambo .. သူ့ဘဝကြီးအခုမှ အသက်ဝင်လာသလို ကမ္ဘာလောကကြီးက ပန်းတွေနဲ့ဝေနေသလို .. ။ ရည်းစားကောင်မလေးနှစ်ယောက်လုံးကို ညီတူညီမျှချစ်ပါတယ်ဆိုတဲ့ အချစ်ကြီးသူကြီး Ramboရဲ့အချစ်ရေး .. ဘယ်လိုဆုံးခန်းတိုင်သွားမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုအားကျ ဂျေဝင်လိုက်ပါတော့နော်။ File size…7.16GB / 2.47GB/ 900MB Quality…  4k HEVC WEBDL  / 1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Lai Lai & Oeliu J

Comedy • Drama
5.7 2022 159 mins
Kaathuvaakula Rendu Kaadhal
Between the Seasons
5.8

ဒီတစ်ခေါက်မှာတော့ LGBTQ+ တွေထဲက လူတစ်ချို့ရဲ့ဘဝနဲ့ ပတ်ဝန်းကျင်လူတစ်ချို့ရဲ့ သူတို့အပေါ်ထင်မြင်ချက်တွေ သူတို့ရဲ့ အချစ်ရေးမှာ တွေ့ကြုံရတတ်တဲ့ ပြဿနာအခက်အခဲတွေကို ရိုက်ကူးပြသထားပါတယ် "အများနဲ့ မတူညီတာ ဘာမှားလို့လဲ မတူညီတဲ့လူတွေလည်း ကိုယ့်ကိုယ်ကိုယ် လက်ခံဖို့ ခက်ခဲပင်ပန်းခဲ့ကြမှာပါ" တဲ့ ဇာတ်လမ်းအကျဉ်း စေ့စပ်ပွဲ ဖျက်သိမ်းခဲ့ရလို့ ဟန်ဟဲဆူတစ်ယောက် အသည်းကွဲနေခဲ့တယ် သူမဟာ ဆိုးလ်ကနေ အခြားမြို့လေးကို ပြောင်းရွှေ့လာပြီးတော့ ကော်ဖီဆိုင်လေး တစ်ဆိုင်ဖွင့်ထားတာပေါ့ တစ်ရက်မှာတော့ သူမရဲ့ကော်ဖီဆိုင်ကို ကော်ဖီလာဝယ်တဲ့ ဆောယယ်ဂျီဆိုတဲ့ ဂျစ်ကန်ကန်ကျောင်းသူကောင်မလေးနဲ့ တွေ့ခဲ့တယ် ကော်ဖီကိုခါးခါးသောက်တတ်တဲ့ကောင်မလေးကို ထူးဆန်းစွာနဲ့ သူမမှတ်မိနေခဲ့တယ် ခဏခဏအမှတ်မထင်တွေ့ဆုံမှုတွေကနေ ရင်းနှီးသွားပြီးနောက်ပိုင်းမှာ ယယ်ဂျင်က ကော်ဖီဆိုင်မှာ အချိန်ပိုင်းဝင်လုပ်ပါတော့တယ် မိတ်ဆွေလို ညီအစ်မလို ခင်မင်ရာကနေ ယယ်ဂျင်ရဲ့ ခံစားချက်တွေ အဆင့်တက်လာတဲ့အခါ... ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပါရှင့် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ ) File Size__(1GB) Quality__720p IMDb Rating__7.1/10 Format__mp4 Duration__01:39:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Thar Oo Encoded by Naing Aung Latt

Comedy • Family
5.8 2018 98 mins
Between the Seasons
National Secret Agent
5.6

ဒီတစ်ခါCMကနေ တင်ဆက်ပေးလိုက်တာကတော့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင်တွေလျှို့ဝှက်ဖွဲ့စည်းထားတဲ့ သူလျှိုမလေးတွေအဖွဲ့အစည်းအကြောင်းပဲဖြစ်ပါတယ်။ ဒီလျှို့ဝှက်သူလျှိုမလေးတွေကို အထူးလေ့ကျင့်ပေးထားပြီး နေရာအနှံ့လွှတ်ထားပါတယ်။ အပေါ်ယံမှာတော့ ဘုရင်မင်းကြီးကိုယ်စား တိုင်းပြည်ရဲ့မတရားမှုတွေကို စောင့်ကြည့်ပေးသလိုနဲ့ တကယ်တော့ ပုန်ကန်ဖို့ကြံစည်နေတဲ့ သူတွေကိုဖော်ထုတ်ရတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ ဘုရင်ရဲ့ညီတော်ဟာပုန်ကန်ဖို့ကြံစည်နေတဲ့လျှို့ဝှက်စာကို သူလျှိုမလေးလော်ပင်းရသွားပြီးနောက် ဘုရင်မင်းကြီးဆီကိုလျှောက်တင်ဖို့လက်ဆင့်ကမ်းတဲ့အချိန်မှာ သစ္စာဖောက်သူလျှိုနဲ့ကြုံတွေ့လိုက်ရပါတယ်။ သစ္စာဖောက်သူလျှိုရဲ့နှုတ်ပိတ်တဲ့ရန်ကနေသီသီလေးလွတ်ပြီး တောင်ပေါ်ကအိမ်လေးတစ်အိမ်ကိုရောက်သွားခဲ့ပါတယ်။ သူ့ကိုကယ်လိုက်တဲ့သူကလဲ သူလျှိုဟောင်းတစ်ယောက်ဖြစ်နေတော့ တိုင်းပြည်အတွက်အရေးအရမ်းကြီးတဲ့ဒီလျှို့ဝှက်ကို ဘုရင်ကြီးလက်အပ်နိုင်ဖို့ ကူညီပေးပါတယ်။ အဲဒီအချိန်မှာပဲသစ္စာဖောက်တွေရောက်လာပြီး တိုက်ခိုက်ကြတော့ သူလျှိုဟောင်းကအသက်ပေးလိုက်ရပါတယ်။ သူမသေခင်မှာ သူ့သားကို လော်ပင်းကိုမြို့တော်ကိုဘေးကင်းအောင် လိုက်ပို့ပေးဖို့မှာရင်း အသက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့သူလျှိုမလေးလော်ပင်းနဲ့ တောတွင်းသားလေးတို့ရဲ့စွန့်စားခန်းစတင်ပါတော့တယ်……

Romance • Music
5.6 2023
National Secret Agent
Imprisoned Ⅱ : There is No Escape from Fate
5.9

ဒီကားလေးကတော့ ၂၀၂၃မှာထွက်တဲ့ Imprisoned ဒုတိယကားဖြစ်ပြီးတော့ ဒီကားမှာ ဝူကျိုင်နဲ့ စီးထူးတို့ပြန်ပါလာပေမယ့် အရင်ကားရဲ့ဇာတ်လမ်းနဲ့တော့ဆက်စပ်မှုမရှိပါဘူး။ ဒီကားမှာတော့ ဝူကျိုင်တို့အကျဉ်းထောင်လူထူးလူဆန်းတစ်ယောက်လာခဲ့တယ်။ ဒီလူဟာသူ့ရဲ့အတွင်းရေးမှူးကိုသတ်တယ်ဆိုပြီး ထောင်တစ်သက်တစ်ကျွန်း ကျထားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူကဘယ်လိုထူးဆန်းတာလဲဆိုတော့ နိုင်ငံခြားမှာအမှုဖြစ်ပြီး ထောင်ကျတာဖြစ်လို့ သူ့အမှုကိုသူပြန်ပြီး အယူခံဝင်နိုင်ဖို့ ဘာသာစကားကစပြီး ဥပဒေပညာအထိထောင်ထဲမှာလေ့လာခဲ့တယ်။ သူအယူခံဝင်နိုင်ဖို့လျှောက်ထားချက်ကို တရားရုံးကလက်ခံခဲ့ပါတယ်။ ဒါပေမယ့် သက်သေအသစ်ထုတ်ပြနိုင်တာမျိုးမရှိတဲ့အတွက် တရားရုံးကပြန်ပယ်ချလိုက်တဲ့အခါမှာတော့ ဝူကျိုင်၊ စီးထူတို့နဲ့အတူထောင်ဖောက်ပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဉာဏ်ကြီးရှင်တစ်ယောက်ထောင်ဘယ်လိုဖောက်မလဲဆိုတာ လုံးဝမထင်မှတ်ထားတဲ့အကွက်တွေနဲ့ လုပ်ပြသွားတာမလို့ တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။

5.9 2023
Imprisoned Ⅱ : There is No Escape from Fate
Whale Rider
7.5

Mulan 2020 ဇာတ်ကားနဲ့ပဲ Best Director ဆုရရှိခဲ့တဲ့ နယူးဇီလန် ဒါရိုက်တာ Niki Caro ရိုက်ကူးထားပြီး၊ နယူးဇီလန် မင်းသားကြီး Cliff Curtis နဲ့၊ GOT ထဲက ဒွန်း နိုင်ငံက ကီရှာ နေရာမှာ သရုပ်ဆောင်ထားတဲ့ နယူးဇီလန် မင်းသမီးချောလေး Keisha Castle-Hughes ကို သူ့ရဲ့ငယ်ရုပ်လေးနဲ့ ကြည့်ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာလည်း Best Actress in a Leading Role အော်စကာဆု ရရှိခဲ့ပြီး တခြားဆုပေါင်းမှားစွာလည်းရရှိထားတဲ့ Drama/Family ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်ကတော့ နယူးဇီလန်အရှေ့ဘက်ကမ်းရိုးတန်းမှာ ဒဏ္ဍာရီလာ ဝမ်ဂရာ လူမျိုးတွေအကြောင်းရိုက်ကူးထားတာပါ ကနူးလှေနစ်မြှပ်ပြီး ဝေလငါးတစ်ကောင်က ကျောပေါ်တင်ပြီး ကမ်းစပ်ကိုပို့ပေးခဲ့လို့ သေဘေးကနေလွှတ်မြောက်ခဲ့တဲ့ ရှေးဦးလူတို့ဖန်ဆင်းပေးခဲ့တဲ့ ပိုက်ကီယာ ဆိုတဲ့ ဝမ်ဂရာ လူမျိုးတွေရဲ့ ဘိုးဘေးတစ်ယောက်ရှိခဲ့တယ်….. ပိုက်ကီယာ ကို အစွဲပြုပြီးတော့ သားဦးယောက်ျားလေးတိုင်းဟာ ပိုက်ကီယာ ရဲ့ အမွေဆက်ခံသူအနေနဲ့ အလေးထားသတ်မှတ်ပြီး လူမျိုးစုကို ဦးဆောင်နိုင်မယ့်သူဆိုပြီး ယုံကြည်ထားကြတာပေါ့……. ဒီလို သားဦးယောက်ျားလေးပဲဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကနေ…. တစ်နေ့မှာတော့ ပိုက်ကီယာ လို့နာမည်ပေးထားတဲ့ ကောင်မလေးတစ်ယောက်ဟာ ဒီလိုအရိုးစွဲနေတဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုရဲ့အမြင်တွေကြားမှာ ဘယ်လိုရုန်းကန်ရဦးမလဲဆိုတာကိုတော့…. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

7.5 2002
Whale Rider
Fights Break Sphere 3
5.9

CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ် အရှေ့ ၂ကားကိုဒီမှာကြည့်ပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား …… နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။

5.9 2024
Fights Break Sphere 3
Love Will Tear Us Apart
6.6

Love Will Tear Us Apart (2023) IMDb Rating (6.6) ဒီရုပ်ရှင်ကတော့ Horror/Slasher လူသတ်ကားတွေ ကို နှစ်သက်တဲ့ သူတွေ အတွက် သဘောကျစေမယ့်ကားမျိုးပါ။ ဝါကာဘာ ဆိုတဲ့ ကောင်မလေးက ဂျပန်နယ်မြို့လေးကသာမန် ကျောင်းသူလေးတစ်ယောက်ပါပဲ။ သူ့မှာ အရမ်း သဘောကျတဲ့ ကိုဟဲ ဆိုတဲ့ အဆိုတော်တစ်ယောက်လည်းရှိပါတယ်။ တစ်နေ့မှာတော့ အခန်းထဲမှာ အမြဲ အနိုင်ကျင့်ခံရတဲ့ ကိုကီ ဆိုတဲ့ကောင်လေးကို ကူညီပေးရင်းနဲ့ သူတို့ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ မကြာခင်မှာပဲ ကိုကီ ကို အနိုင်ကျင့်နေကျ ကျောင်းသားနှစ်ယောက်ဟာ တိုက်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားပါတော့တယ်။ (၇) နှစ်အကြာမှာတော့ ဝါကာဘာဟာ သူငယ်ငယ်က သဘောကျခဲ့တဲ့ အဆိုတော် ကိုဟဲ ရဲ့ သူငယ်ချင်းအဖွဲ့နဲ့အတူ တောထဲကအိမ်လေးဆီ ပျော်ပွဲစားထွက်လာကြပါတယ်။ ဒါပေမဲ့ သူတို့မသိတာက သူတို့ကို တောထဲကအိမ်လေးမှာ ကံမကောင်းမှုတွေ ထိတ်လန့်ခြောက်ခြားစရာတွေ စောင့်ကြိုနေတယ်ဆိုတာပါပဲ… ဒီရုပ်ရှင်က Horror/Slasher ကိုမှ အချစ်ဇာတ်လမ်းလေးနဲ့ ရောထွေးထားတာမို့ မိုးအေးအေးနဲ့ အသည်းတယားယားကြည့်ရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်… (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ပဲဖြစ်ပါတယ်။) File size…(1.6 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:27:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

6.6 2023
Love Will Tear Us Apart
Firaaq
7.3

Firaaq (2008) ခွဲခြားမှု IMDb 7.3/10 အချစ်အတွက်တောင်ကိုဖြိုပြခဲ့တဲ့ “The Mountain” ထဲက မင်းသားကြီး Nawazuddin Siddiqui နဲ့အတူ မင်းသားကြီးတွေဖြစ်ကြတဲ့ Paresh Rawal ၊ Nassar နဲ့ Naseeruddin Shah တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး 2008 ခုနှစ်စင်ကာပူမှာကျင်းပခဲ့တဲ့ Asian Festival of First Films ပွဲတော်မှာဆုသုံးခုဆု၊ နိုင်ငံတကာတစလီနီကီရုပ်ရှင်ပွဲတော်မှာ အထူးဆုနဲ့ ပါကစ်စတန်က ကာရာရုပ်ရှင်ပွဲတော်မှာ တစ်ဆုရရှိခဲ့ပြီး 56ကြိမ်မြောက် အမျိုးသားရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုဆွန်ခူးနိုင်ခဲ့တဲ့ကားပါ ဒီကားဟာလူမျိုးရေး sensitive ဖြစ်တဲ့ကားမို့ဂူဂျာရက်မှာပါပိတ်ခံထားရပါတယ် Firaaq ဆိုတဲ့စာလုံးဟာ အာရပ်ဘာသာစကားနဲ့‌ဆို “ခွဲခြားခြင်း” နဲ့ “စူးစမ်းရှာဖွေခြင်း” အဓိပ္ပာယ်နှစ်ခုရှိပါတယ် 2002 ခုနှစ် ဂူဂျာရက်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အထိကရုဏ်းအပြီး ရုပ်ရုပ်သဲသဲကာလအတွင်းမှာ နစ်နာသူ ကျူးလွန်သူ နဲ့ ကြားနေလူတန်းစားတွေအကြား ဒီကိစ္စကြီးရဲ့နောက်ဆက်တွဲတွေနဲ့ နေ့စဉ်လူနေမှုဘဝအပေါ်သက်ရောက်မှုတွေကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် လူတန်းစားခွဲခြားခြင်းနဲ့ ဒီပြဿနာကိုဘယ်လိုအဖြေရှာမလဲဆိုတာကိုကြည့်ရှုရမှာပါ (အညှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

7.3 2008
Firaaq
The Vigilante
4.7

The Vigilante (2023) ဂျက်စီကာဟာ အာဖဂန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးတပ်ဖွဲ့ဝင် မရိန်းတပ်သူလေး ဖြစ်ပါတယ်။ သူ့မှာ ၁၃နှစ်အရွယ် ညီမလေးတစ်ယောက်ရှိပြီး အဲဒီညီမလေး နာမည်က အေမီပါ။ သူကတော့ အကသမလေးဖြစ်ချင်လို့ အကသင်တန်းတက်နေပါတယ်။ အဖေနဲ့အမေ မရှိတော့ပြီမို့ ညီမတစ်ခုအစ်မတစ်ခု နေနေကြပါတယ်။ ဂျက်စီကာ အာဖဂန်က ပြန်လာတဲ့နေ့မှာ အေမီဟာ ဂျက်စီကာ့ကို လေဆိပ်ကိုလာကြိုပါတယ်။ ကားကြီးတစ်စီးဟာ အရှိန်အဟုန်ပြင်းစွာနဲ့ အေမီ့ကားကို ဖြတ်တိုက်ပြီး အဆိုပါကားပေါ်က ယောက်ျားတစ်ယောက်ဟာ အေမီ့ကို ခေါ်သွားပါတယ်။ အေမီ့ကိုခေါ်သွားတဲ့လူတွေကတော့ လူကုန်ကူးတဲ့ လိင်ကုန်သည်တွေဖြစ်ပြီး ၁၂နှစ် ၁၃နှစ်အရွယ်ကလေးတွေကို အဓိကထားပြီး ပါကင်ကြိုက်တဲ့ ဖောက်သည်တွေကို ရောင်းစားတာပါ။ ဒီရုပ်ရှင်မှာ ငရဲတွင်းထဲက အေမီနဲ့ တခြားကလေးတွေကို ဂျက်စီကာ ဘယ်လိုကယ်မလဲ စစ်ပြန်မလေးနဲ့ ကိုကိုလူကုန်ကူးသမားတို့ရဲ့ တိုက်ပွဲနဲ့အတူ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(700 MB) Quality….Web-rip 720p Format…. mp4 Genre….Action, Thriller Duration….01:42:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

4.7 2023 100 mins
The Vigilante
Penalty Loop
6.8

Penalty Loop (2024) IMDb Rating (6.8) CM ချစ်ပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်နဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို မိတ်မဆက်ပေးခင်မှာ… တစ်နေ့ ကိုယ်ချစ်ရတဲ့သူ ရုတ်တရက်အသတ်ခံရပြီ… အဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်ပြန်သတ်ဖို့ အခွင့်အရေးရမယ်ဆို… ကျေနပ်နိုင်မှာလား… လုပ်ကြံသူကို ကိုယ်တိုင်စီရင်ဖို့ ကြိုးစားမှာလား… ဒီဇာတ်ကားလေးထဲက အီဝါမိုရီကတော့ ဒီအခွင့်အရေးကို လိုချင်ခဲ့သူပါ… ဘာလို့လဲဆိုတော့ သူချစ်ရတဲ့ ချစ်သူမိန်းကလေးက အလုပ်ကို ပျော်ပျော်ရွှင်ရွှင်မနက်က ထွက်သွားပြီး… အိမ်ပြန်လာချိန်မျှော်နေခဲ့ပေမယ့် သူ့ဆီပြန်ရောက်လာခဲ့တာက… သူ့အလောင်းကို အတည်ပြုပေးဖို့ လာခေါ်တဲ့ ရဲတွေဖြစ်နေပါတယ်… ဒါကြောင့်လည်း သူ့ချစ်သူကို သတ်ခဲ့သူကို သိချိန်မှာတော့ VR အစွမ်းအကူအညီနဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားမယ်လို့ လက်ခံခဲ့ပါတယ်.. ဒါပေမယ့် ဒီ VR အစွမ်းရဲ့နောက်မှာ မထင်မှတ်တာတွေ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ…။ Sci-Fi ဆန်ဆန် ထူးခြားတဲ့ဇာတ်အိမ်နဲ့ နက်နဲသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဒီရုပ်ရှင်က ဝေဖန်သူတချို့ကြား အကြိုက်တွေ့နေတာမလို့ ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)

6.8 2024
Penalty Loop
Death Ph.D
2

Death PhD (2024) IMDb Rating (2.0) ကဲဒီတစ်ခေါက်ကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ Ph.D ဘွဲ့ယူမယ့် ကျောင်းသားတွေအကြောင်း horror ဇာတ်ကားအနေနဲ့ရိုက်ကူးထားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့စိတ်နယ်လွန်ပညာရပ်က ကျောင်းသားတွေ စောစောစီးစီး ဘွဲ့ယူလို့ရမယ်ဆိုတဲ့ အခွင့်အရေးကို ကျောင်းကနေ ရုတ်တရက်ကမ်းလှမ်းလိုက်ပါတယ်။ ရိုးရိုးတမ်းတမ်းတော့မဟုတ်ပါဘူး။ သရဲခြောက်ပါတယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးထဲမှာ တစ်ညတိတိ သွားနေရမှာဖြစ်ပြီး အိမ်ထဲမှာဖြစ်ပျက်နေတဲ့ သဘာ၀လွန်ဖြစ်ရပ်တွေကို မှတ်တမ်းယူပေးရမှာဖြစ်ပါတယ်။ သတ်မှတ်ချိန်မရောက်မချင်း တံခါးကလဲ ပွင့်မှာမဟုတ်ပါဘူး။ ကျောင်းကပဲ တမင်လှည့်စားပြီး သူတို့ကို ခိုင်းတာလား ဒါမှမဟုတ် သရဲက တကယ်ပဲခြောက်တာလားဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.9 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:47:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ivy Noe

2 2024 106 mins
Death Ph.D
Imago
6.2

Imago (2024) IMDb Rating (6.2) အရွေ့တွေအရ စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ပိုလန်ရဲ့၁၉၈၀ကာလကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ကွန်မြူနစ်ပိုလန်ပြည်သူ့သမ္မတနိုင်ငံရဲ့ မှုန်ရီပြာတဲ့ အခြေအနေနဲ့ ခေတ်ကာလကြား ရှင်သန်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခေတ်ကာလတစ်ခုကို ဖြတ်သန်းပုံနဲ့ ရင်ဆိုင်ပုံတွေကို ပြထားတယ်လို့ပြောလို့ရပါတယ်။ post-punk psychological dramaလို့ ဆိုပါတယ်။ ဂီတအကြောင်းလည်း နည်းနည်းတော့ပါသလို အဓိကဇာတ်ကောင်ကလည်း ပိုလန်က နာမည်ကြီးအဆိုတော်ဖြစ်သွားခဲ့တဲ့အပိုင်းလည်းပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော့်အတွက်လည်းမဟုတ်သလို လူတိုင်းအတွက်လည်းမဟုတ်ပါဘူး။ ဒီနိုင်ငံတွေရဲ့ အရွေ့တွေကို ကျွန်တော်တို့ထက်ပိုကျွမ်းဝင် စိတ်ဝင်စားတဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ အားရကျေနပ်ကြလိမ့်မယ် မထင်ပါဘူး။ (ဝတ်လစ်စလစ်အခန်း တချို့ပါဝင်သောကြောင့်မိသားစုနဲ့ အတူတူကြည့်ရန်မသင့်တော်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (990 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:54:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama
6.2 2024 113 mins
Imago