YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[CM]Three.Siblings.Bravely.2022.S01E01.1080p.WEB-DL.mp4

1.43 GB N/A video/mp4 255 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kate & Leopold
6.3

Kate & Leopold(2001) ******************** ယနေ့လိုခေတ်ကြီးမှာ တော်ဝင်မင်းသားလေးက မြင်းဖြူကြီးစီးပြီး သင့်‌ရှေ့ရောက်လာမယ်လို့ စိတ်ကူယဉ်ဖူးပါသလား။ ဒီဇာတ်ကားလေးမှာတော့ မင်းသားလေးက မြင်းဖြူကြီးစီးလို့ ရောက်လာတာတော့မဟုတ်ပါဘူး တောင့်တောင့်ဖြောင့်ဖြောင့် အင်္ဂလိပ်နယ်စားမင်းက အချိန်အက်ကြောင်းပေါ်တယ်ကတဆင့် ပြုတ်ကျလာတာပါ။ The Greatest Showmanထဲမှာ ရှေးခေတ်ဝတ်စုံအပြည့်နဲ့ ချောမောခန့်ညားလှတဲ့ Hugh Jackman ကို ဒီကားမှာလည်း နယ်စားဝတ်စုံအပြည့်နဲ့ တစ်ဖန်ပြန်လည်ရှုစားရဦးမှာပါ။ ဇာတ်ကြောင်းကတော့ ဒီလိုပါ သိပ္ပံစူးစမ်းသူ Stuartက အချိန်အက်ကြောင်းကနေ ၁၈၇၆ခုနှစ်ကို ပြုတ်ကျသွားပါတယ်။ အဲဒီခေတ်က နယ်စားမင်းLeopoldဟာ Stuwartနောက်ကို မသင်္ကာလို့ လိုက်လာရာကတဆင့် မတော်တဆ ဒီဘက်ခေတ်ကိုရောက်လာပါတော့တယ်။ ၁၈၇၆ကနေ ရောက်လာသူဆိုတော့ ဒီဘက်ခေတ်ကအရာရာဟာ အသစ်အဆန်းပေါ့။ သူရောက်နေတာ ခေတ်သစ်နယူးယော့ခ်ဆိုတာမသိဘဲ Stuwart ကို နယူးယော့ခ်ကိုသာ ပြန်ပို့ခိုင်းနေပါတော့တယ်။ Stuwartရဲ့ရည်းစားဟောင်းဖြစ်သူ အောက်ထပ်မှာနေတဲ့ Kateကတော့ အပေါ်ထပ်မှာ ထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့် သူ့ရည်းစားဟောင်းဟာ စော်အသစ်ခေါ်လာတယ်လို့ပဲ ထင်နေပါတယ်။ ၁၉ရာစုက နယ်စားမင်းLeopold ဒီဘက်ခေတ်မှာ ဘာတွေကြုံရမလဲ၊ Kateနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့အချိန်ဆီကိုရော ပြန်ရောက်ဦးမှာလားဆိုတာ ကြည့်ရှုလိုက်ပါဦး။ File Size : (2.4GB) and (1.04GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:15:00 Genres: Comedy, Fantasy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama
6.3 2001 118 mins
Kate & Leopold
Athena
6.6

အသီနာဆိုတဲ့ပြည်နယ်လေးမှာ ပြည်သူတွေမကြာခဏ ရဲအရာရှိတွေ အကြမ်းဖက်ခံရပေမယ့် ဒီပြည်နယ်ငယ်လေးကို ဘယ်သူမှအရေးမလုပ်ကြတာကြောင့် အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတယ်။ ၂ လအတွင်းမှာ တတိယအကြိမ် ရဲဘက်အကြမ်းဖက်မှုဖြစ်ပြီး ရဲဝတ်စုံနဲ့လူတွေက အီဒီရာဆိုတဲ့လူငယ်လေးကို ရိုက်နှက်ပြီး သတ်လိုက်တဲ့ဗီဒီယို ပျံ့သွားချိန်မှာတော့ အစိုးရနဲ့လူထုကြား တင်းမာမှုတွေဖြစ်လာပါတော့တယ်။ အီဒီရာရဲ့အစ်ကိုကြီးဖြစ်သူ အက်ဘ်ဒဲလ်ကတော့ စစ်သားတစ်ယောက်ပီပီ အစိုးရကိုယုံကြည်ပေမယ့် ကာရင်းမ်ကတော့ အစိုးရကိုအယုံကြည်မရှိတဲ့ လက်ယာဝါဒီအစွန်းရောက်ပီပီ အဓိကရုဏ်းတွေကို အစပျိုးရင်းနဲ့ ပြင်သစ်တစ်နိုင်ငံလုံး အကြမ်းဖက်မှုတွေ ပျံ့နှံ့သွားစေပါတယ်။ အကြမ်းဖက်မှုနဲ့ ညီဖြစ်သူအတွက် တရားမျှတမှုကို ကိုယ်တိုင်တိုက်ယူရမယ်လို့ ယုံကြည်ထားတဲ့ ကာရင်းမ်၊ စစ်သားပီပီ ဥပဒေအတိုင်းလိုက်နာရင်းနဲ့ အစိုးရကဖြေရှင်းပေးမယ်လို့ယုံကြည်တဲ့ အက်ဘ်ဒဲလ်၊ ဒီကြားထဲမှာမှ စီးပွားရေးထိခိုက်လို့ အထိကရုန်းတွေဖြစ်မှာကို လိုက်လံတားဆီးနေတဲ့ အစ်ကိုအကြီးဆုံးမော့ခ်တာ ဒီလိုမတူညီတဲ့အယူအဆအသီးသီးနဲ့ အဓိကရုဏ်း မှာ ဘာ‌တွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Athena ဆိုတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 799MB | 417MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

Drama • History
6.6 2022 97 mins
Athena
Malikappuram
8

ဒီဇာတ်ကားလေးကတော့ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ဦးက တောင်စွယ်၁၈ခုအား အပိုင်စားရထားတဲ့ အရှင်အယာပန်ရဲ့ဆာဗရိမာလဘုရားကျောင်းကို လွန်စွာဘုရားဖူးသွားချင်နေတဲ့ ဆန္ဒလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မိဘက ဆင်းရဲလွန်းတော့ ဘဏ်မှာလည်း အကြွေးတွေပိနေပြီး အိုးအိမ်ပါအပေါင်ခံထားရတဲ့ ဖခင်ဖြစ်သူအတွက် သမီးဖြစ်သူရဲ့ဆန္ဒဟာ လွန်စွာ အဖိုးအခကြီးနေခဲ့ပါတယ်။ အဲ့ဒီဘုရားကျောင်းဟာလည်း အမျိုးသမီးများ သန္ဓေတည်နိုင်တဲ့အရွယ်ဖြစ်တဲ့ အသက်၁၀နှစ်မှ ၅၀နှစ်အထိ အမျိုးသမီးများကို ဝင်ခွင့်မပေးကြပါဘူး။ ဘုရားသခင်ဟာ သူ့ဆီခြေ၁လှမ်းသာရှေ့တိုးလာခဲ့ ကျန်တဲ့၉၉လှမ်းကို သူလှမ်းပါ့မယ်ဆိုတဲ့ကတိအတိုင်း ဒီကလေးမလေးရဲ့ဘုရားဖူးခရီးစဉ်မှာ ဆန်းကြယ်မှုတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။ File size…2.6GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni

Drama • War
8 2022 121 mins
Malikappuram
Crocodile Island

ကျွန်းပေါ်မှာ ဝှက်ထားတဲ့ ရွှေဥကို တွေ့အောင်ရှာနိုင်ရင် ဆုကြေးသိန်း ၅၀ ရမယ်ဆိုတဲ့ Variety Show တစ်ခုမှာ လူတစ်စုဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ အဲဒီ သိန်း ၅၀ ကို လိုချင်ခဲ့ကြတာကြောင့် ပြိုင်ပွဲဝင်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲအတွက် ရိုက်ကူးရေးစတဲ့နေ့မှာပဲ အဖွဲ့သား ၂ ယောက် မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့တာကြောင့် ကျွန်းပေါ်မှာ မိကျောင်းရှိတဲ့အကြောင်းကို ခုနက မိကျောင်းလိုက်ကိုက်တာခံရတဲ့အဖြစ်အပျက်မှာ လွတ်မြောက်လာခဲ့တဲ့ ရိုက်ကူးရေးအဖွဲ့တစ်ဦးက လာပြောခဲ့ပေမဲ့ ဒါရိုက်တာက ကျွန်းနာမည်ကကို (မိကျောင်းကျွန်း) ဖြစ်လို့ ဒီမိကျောင်းဟာ သူတို့ ဆင်ထားတဲ့ လှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်းပြောပြီး ရိုက်ကူးဆက်လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရွှေဥ ရှာပုံတော်စဖွင့်တဲ့အချိန်ကစပြီး ၂ ယောက်တစ်တွဲ ခရီးထွက်လာခဲ့တဲ့ သူတွေဟာ မိကျောင်းကိုက်ခံရပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာ အသက်ရှင်ကျန်ရစ်သူတွေဟာ မိကျောင်းရန်ကနေ ထွက်ပြေးဖို့ လုပ်ရင်း ဒီအစီအစဥ်မှာ ပါဝင်မိတဲ့ သူတို့အားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က နွေရာသီကမ့်ပ်မှာ အတူတူပါဝင်ခဲ့ဖူးတဲ့သူတွေ ဖြစ်နေတာကို အမှတ်မထင် သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ဒီမိကျောင်းတွေပေါ်လာတာ မရိုးရှင်းဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ကျန်ရစ်သူအားလုံး ဒီကျွန်းပေါ်ကနေ အသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလား မိကျောင်းတွေကို နောက်ကွယ်က ကြိုးကိုင်နေတာ ဘယ်သူလဲ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နွေရာသီကမ့်ပ်မှာ ဘယ်လို အဖြစ်ဆိုးတွေ ဖြစ်ခဲ့လဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာပဲဆက်လက်အဖြေရှာလိုက်ပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Meemee JueJue Encoded by LK

Adventure • Thriller
0 2023 63 mins
Crocodile Island
The Last Duel
7.5

ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novel The Last Duel: A True Story of Trial by Combat in Medieval France (နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကို Nicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရ ဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ယုံကြည်မှုတွေကိုတော့ ဖော်ပြထားလိုက်ပါ့မယ်။ ၁ - ဇနီးသည်ဟာ အတူနေစဉ် အထွဍ်အထိပ်ကို မရောက်ရင် ကိုယ်ဝန်မရနိုင်ပါဘူးတဲ့။ ၂ - မုဒိန်းကျင့်ခံရသူဟာ သာယာမှုမရှိတဲ့အတွက် ကိုယ်ဝန်မရနိုင်ဘူး၊ ကိုယ်ဝန်ရရင် မုဒိန်းကျင့်တာ မဟုတ်ဘူးတဲ့။ ၃ - ဇနီးမယားတစ်ယောက်ဟာ မုဒိန်းမှုကိုတိုင်ကြားဖို့ ခင်ပွန်းသည်ထောက်ခံပေးဖို့လိုပါတယ်တဲ့။ ၄ - နှစ်ဖက်လုံးက ကျိန်ဆိုပြီး ငြင်းဆိုကြတဲ့အခါမှာ မသေမချင်းစီးချင်းထိုးပြီး အမှန်အမှားကို ဆုံးဖြတ်ခွင့်ရှိပါတယ်။ မသေတဲ့ဘက်က ဘုရားသခင်ရှိတာမို့ အမှန်တရားပဲ ဖြစ်ပါတယ်တဲ့။ ဇာတ်လမ်းကိုတော့ ဒေါင်းပြီးသာ ခံစားကြည့်လိုက်ကြပါ။ ကောင်းပါတယ်။ အိပ်ရာခန်းတွေနဲ့ ကြမ်းတမ်းတာတွေ ပါဝင်တာမို့ ၁၈+ R rated ဖြစ်ကြောင်း သတိပေးချင်ပါတယ်။ (Reviewed by Mr. Anderson) File size…(2.8 GB) / (1.4 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:32:00 Genre...Action, Drama, History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,  Phyo Pyae Translated by Mr. Anderson, Thaung Htike Zaw, Paing

7.5 2021 153 mins
The Last Duel
The Novelist’s Film
7

The Novelist’s Film (2022) ~ IMDb – 7/10, Rotten Tomatoes – 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist’s Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist’s Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.73GB, 1.13GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Biography • Drama • History
7 2022 92 mins
The Novelist’s Film
What to Do With the Dead Kaiju?
5

What to Do with Dead Kaiju IMDB 4.4 ၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2022
What to Do With the Dead Kaiju?
Mavka: The Forest Song
7.4

Mavka: The Forest Song (2023) ====================== IMDb Rating – 7.4/10 ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb – 7.4 ရထားတဲ့ အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့ graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့ အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ် ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်း အညွှန်းလေး စလိုက်ကြရအောင်။ ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင် တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက် နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင် ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီး လေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ် သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ် ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ် ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ်ဆိုတဲ့ ဂီတပညာရှင်ကောင် လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကို အဲဒီသစ်ပင်ရှာဖို့ ရောက်လာခဲ့ပြီး မက်ဗ်ကာနဲ့ တွေ့ဆုံသွားတဲ့ အချိန်မှာတော့….လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှု့ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(2.5 GB) / (1.0 GB) / (600 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….May Thet Khine Soe Encoder……….SWM

7.4 2023
Mavka: The Forest Song
Walking with the Enemy
6.5

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုကိုးကားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ဂရမ်မီဆုရှင် မင်းသားကြီး Ben Kingsley က ဟန်ဂေရီနိုင်ငံခေါင်းဆောင်ရီဂျန့်ဟော်သီ အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအပိုင်းအခြားက ဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုးကောင်လေးတစ်ယောက်ဟာ နာဇီတွေဝင်ရောက်လာပြီးနောက် အလုပ်သမားစခန်းကိုပို့ခံလိုက်ရပါတော့တယ်။ အလုပ်သမားစခန်းမှ မိသားစုဝင်တွေဆီကို သက်စွန့်ဆံဖျားစခန်းကနေ ခိုးထွက်ပြီးပြန်လာတဲ့အချိန်မှာ မျှော်လင့်ထားသလို မိသားစုဝင်တွေကို မတွေ့ရတော့သောအခါ မိသားစုဝင်တွေကို လိုက်ရှာရင်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေ။ ရန်သူတွေကြားထဲကို အယောင်ဆောင်ဝင်ရောက်ပြီး မိမိလူမျိုးတွေကို တက်နိုင်သမျှကယ်တင်ပုံတွေ။ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နာဇီတွေ ဂျူးတွေအပေါ်ရက်စက်ကြမ်းကြုတ်ပုံတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင် စစ်ပွဲရဲ့ ရက်စက်ပုံတွေကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size… 1.90 GB / 772 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 2h 4m Genre ….. Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Eunice

Drama • Comedy • Crime
6.5 2013
Walking with the Enemy
Captive

“Night of the living dead” ဆိုတဲ့ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားပြီး horror ဆိုပေမဲ့ horror အရမ်းမဆန်တဲ့ပေါ့ပေါ့ပါးပါး ဗန်ပိုင်းယားဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း….. Horror ကားတွေထုံးစံအတိုင်း လူငယ်တစ်စုဟာ ပိုင်ရှင်မရှိတဲ့အိမ်ထဲခိုးဝင်ကြရာကနေ ဇာတ်လမ်းစပါတော့တယ် ပိတ်ရက်မှာ အိမ်ပိုင်ရှင်တွေခရီးသွားနေတုန်း အိမ်ထဲခိုးဝင်ပြီး‌အေးအေးဆေးဆေး ဇိမ်ခံကြမယ်လို့တွေးထားပေမဲ့ မမျှော်လင့်ပဲ မြေအောက်ခန်းထဲမှာအချုပ်ခံထားရတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ် သူ့ရဲ့သရုပ်မှန်နဲ့ သူဘာလို့ဒီအိမ်မှာအချုပ်ခံထားရတာလဲဆိုတာကိုမသိ‌ပေမဲ့ သူငယ်ချင်းအုပ်စုကသူ့ကိုလွှတ်ပေးလိုက်ကြပြီး ပုံမှန်အတိုင်းပဲ သတိလက်လွှတ်ထားလိုက်ပါတော့တယ် တကယ်တမ်းအဲဒီလူက သွေးစုတ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီး သူတို့သူငယ်ချင်းတွေကို စားဖို့ချောင်းနေတာပါ ကံမကောင်းတဲ့လူငယ်လေးတွေ သွေးစုတ်ဖုတ်ကောင်စာမိသွားမလား သူတို့ဘယ်လိုထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Adventure • Drama • Documentary
0 2023
Captive
Dreamin’ Wild
6.7

Dreamin’ Wild (2022) ~ IMDb – 6.7/10, Rotten Tomatoes – 90% ~ ကိုယ်ဘာဖြစ်ချင်တာလဲကိုယ်သိဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူမျိုး ဖြစ်လာအောင်လုပ်ဖို့က မလွယ်ဆုံးအရာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကံကောင်းတဲ့ တချို့ကျတော့လည်း စောစောစီးစီးပဲ သူတို့ ဘာဖြစ်ချင်လဲ သူတို့သိသွားကြတယ်။ သူ့နောက်ဆက်တွဲကံဆိုးခြင်းကတော့ မြင်ဖူးသလောက်ဆို အဲဒီလိုစောစောစီးစီးသိသွားကြတာတွေမှာ မလွယ်ကူတာတွေတော့ တော်တော်များတယ်။ ဒီရုပ်ရှင်ထဲက ကောင်လေးတွေလိုပေါ့။ ၁၅ ၁၆လောက်မှာတင် သူတို့ဘာဖြစ်ချင်လဲ သူတို့ကောင်းကောင်းသိခဲ့ကြတယ်။ အဆိုတော်ကြီးတွေ ဒရမ်မာကြီးတွေ ဖြစ်ချင်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆို ၁၅နှစ်မှာတင် တူရိယာပေါင်းစုံတီးနိုင်တဲ့အထိ ပါရမီပါခဲ့တယ်။ ဒီနေရာမှာ မိသားစုရဲ့သက်ရောက်မှုက ပါလာပြီ။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေကို အားမပေးကြတဲ့ မိဘတွေကတော့ သဘာဝအတိုင်းပဲ ပိုများလိမ့်မယ်။ ဒီလိုနဲ့ပဲ ရပ်တန့်သွားတဲ့ အိပ်မက်တွေရှိခဲ့လိမ့်မယ်။ သူတို့လည်း မှားတော့ မှားမနေဘူး။ ဘာလို့ဆို ဒီရုပ်ရှင်ထဲက ကောင်လေးတွေရဲ့မိဘတွေဟာ သူတို့ကလေးတွေရဲ့အိပ်မက်အတွက် လယ်ဧက၁၇၀၀လောက်ကနေ ၆၅ဧကလောက်ပဲ ကျန်တော့တဲ့အထိ ပံ့ပိုးပေးခဲ့ ယုံကြည်ပေးခဲ့ကြတယ်။ သူတို့စကားအတိုင်းဆို ဘဝမှာ ကိုယ့်မိသားစုကိုမှ မယုံရင် ဘာကိုယုံဦးမလဲပေါ့။ ဒါပေမဲ့ ဒီလိုအိပ်မက်တွေဟာ အားလုံးသိတဲ့အတိုင်း မဖြစ်မြောက်ခဲ့တာတွေက ပိုများတယ်။ သူတို့တစ်ဘဝလုံးရင်းပြီး ထုတ်လိုက်တဲ့ သီချင်းအယ်လ်ဘမ်ကလေးမှာ အားပေးသူမရှိခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးတွေ ညီအစ်ကို၂ယောက်ထဲက တစ်ယောက်က ထပ်ကြိုးစားတယ်။ နှစ်ယောက်စလုံးလုပ်လို့မဖြစ်တော့ သူ့အစ်ကိုက လက်လျှော့ပြီး လယ်လုပ်ရင်း သူ့ညီကို အားပေးခဲ့တယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်တစ်လှည့် ပြေလည်တစ်လှည့် ပြန်လည်ပတ်ကြတယ်။ ကြာလာတော့ ကောင်လေးဟာ မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေကို မေ့လျော့ထားခဲ့တယ်။ သူဖြစ်ချင်တာနဲ့ ခပ်ဆင်ဆင်ဘဝမျိုးမှာတော့ သူနေနေခဲ့တယ်။ ဒီလိုပါပဲ။ နှစ်တွေကြာလာခဲ့တယ်။ တစ်ခုသောနေ့မှာ ကောင်လေးဟာ သူငယ်ငယ်က သီချင်းသွင်းပြီး ပြန်နားထောင်တတ်တဲ့ ကွင်းပြင်ကလေးမှာ သူ့သီချင်းတွေကို သူပြန်လာနားထောင်နေခဲ့တယ်။ ဟိုးတုန်းကလို စိတ်ရှိတိုင်း ဖန်တီးနိုင်တဲ့ လွတ်လပ်မှုမျိုး သူ့မှာမရှိတော့ဘူး။ သူ့အဖေ သူ့အတွက် ဆုံးရှုံးခဲ့ရတာတွေအတွက် သူတောင်းပန်တော့ သူ့အဖေပြန်ပြောတာက… “ငါက တော်တော်အအိပ်မက်တာ… ငါအိပ်ပျော်သွားရင် နှိုးလို့ကိုမရဘူး။ တစ်ညမှာ ငါနိုးလာတော့ ငါလုံးဝပြန်အိပ်လို့မရခဲ့ဘူး။ ဒီတော့ ငါ့အိပ်ယာထဲက ထပြီး ဆင်ဝင်အောက် လမ်းထွက်လျှောက်တယ်။ အဲဒီမှာ သီချင်းသံကြားလိုက်ရတယ်။ သီချင်းသံက ဒီလောက်အဝေးကြီးအထိ ရောက်လာနိုင်မယ်လို့ ငါမထင်ခဲ့ဘူးလေ။ ဒါပေမဲ့… အဲဒီသီချင်းက မင်းသီချင်းဆိုတာ ငါသိခဲ့တယ်။ သီချင်းသံတိတ်သွားတဲ့အထိ တစ်ညလုံး ငါဆင်ဝင်အောက်မှာ ရပ်နားထောင်နေခဲ့တယ်။ အဲဒီနောက်ပိုင်း နောက်ညတွေလည်း ငါညတိုင်းထပြီး သီချင်းနားထောင်ခဲ့တယ်။ မင်းသီချင်းတွေနားထောင်ဖို့ဆို ငါ အဲဒီဆင်ဝင်အောက်မှာ တစ်သက်လုံးတောင် ရပ်နေနိုင်တယ်ကွာ။ ငါဒီမြေတွေ ဒီလယ်တွေအားလုံးကို အဲဒီသီချင်းသံကို ကြားရဖို့သက်သက်နဲ့ ငါအကုန်ပေးရဲတယ်။ မင်းသီချင်းသံကို ကြားရဖို့ပေါ့။ မင်းက ငါ့သားပါ။ အဖေတို့ မင်းအတွက် ဘယ်လောက်ပဲ ခက်ခဲခဲ့ ခက်ခဲခဲ့ အဖေလုံးဝနောင်တမရဖူးဘူး။” တဲ့။ အောင်မြင်ခဲ့တဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ဇာတ်လမ်းတွေ ခင်ဗျားတို့ မနည်းမနော ကြည့်ဖူးပါလိမ့်မယ်။ သူတို့ရဲ့အားထုတ်မှုကို လေးစားရသလို သူတို့ရဲ့အောင်မြင်မှုကိုလည်း အားရခဲ့ဖူးမှာပဲ။ Manchester by the Sea နဲ့ အော်စကာရခဲ့တဲ့အပြင် Gone Baby Gone နဲ့ A Ghost Story တို့မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Casey Affleck နဲ့ (500) Days of Summer နဲ့ အားလုံးအချစ်တော်ခံခဲ့ရတဲ့မင်းသမီး Zooey Deschanel တို့ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာ တကယ်လည်းရှိခဲ့တဲ့ ၁၉၇၀ဝန်းကျင်က ဂီတသမားနှစ်ယောက်ဖြစ်တဲ့ Donnie & Joe Emerson ညီအစ်ကိုအကြောင်းကို အခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာ ၁၉၇၀မှာ ဂီတကို စတင်ခဲ့ပေမဲ့ ဇာတ်လမ်းပါအတိုင်း ၂၁ရာစုရောက်မှပဲ မျိုးဆက်သစ်ပရိသတ်တွေ ပြန်လည်တူးဖော်အားပေးတာကိုခံခဲ့ရတဲ့ ခေတ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ဂီတသမားတွေပါပဲ။ သူတို့ရဲ့အစောပိုင်းကာလတွေမှာ အောင်မြင်ခြင်းတွေတော့ ရှိမနေပါဘူး။ တစ်ယောက်အတွက် ဘယ်လောက်ပဲ ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့ တစ်ယောက်မှာ နောင်တမရှိခဲ့တဲ့လူတွေရဲ့ ယုံကြည်ခြင်းတွေကိုတော့ တွေ့ရလိမ့်မယ်။ ဘယ်တော့မှ မအောင်မြင်ခဲ့တဲ့ မိုးတိမ်လို သားတွေကို ဘယ်တော့မှ မစွန့်ပစ်ခဲ့တဲ့ ကောင်းကင်ကို တွေ့ရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 930MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 51Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2022 110 mins
Dreamin’ Wild
Luv Ki Arrange Marriage
5

Luv Ki Arrange Marriage 2024 နှစ်ဆောင်ပြိုင်ချစ်ခြင်း IMDb-5.0/10 တစ်နေ့တာပင်ပန်းတာတွေကို ဟာသနဲ့ဖြေဖျောက်လိုသူတွေအတွက် ဟင်ဒီဟာသကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ အချစ်ရေးရော ဟာသလေးတွေရောပါတဲ့အပြင် heavyမဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းကို ရှုစားလိုသူတွေအတွက် အဆင်ပြေမှာပါ။ မေတ္တာဆိုတာ တစ်ယောက်တည်းကိုပေးရင် အတ္တလို့သဘောထားတဲ့သူပီပီ မစ်ရှရာဟာ မိန်းမတိုင်းနဲ့ လက်ပွတ်တတီးနေတတ်သူပါ။ ပရမ်ကဘယ်လောက်ပဲ ဖြူစင်တဲ့ ၅၂၈ မေတ္တာ မိတ်ဆွေဆက်ဆံရေးလို့ပြောပြော ဒီမိန်းမတွေရဲ့ ကာမပိုင်ယောက်ျားတွေက မကြည်ဖြူတာကြောင့် လစ်ရင်လစ်သလို သမခံရသူပေါ့။ သားဖြစ်သူလပ်ဗ်က ဖိုက်တာဖြစ်နေလို့သာ မစ်ရှရာတစ်ယောက်ခံသာနေတာဆိုလည်းမမှားပါဘူး။ တစ်နေ့ လပ်ဗ်တစ်ယောက် အီရှီကာဆိုတဲ့ ထက်ထက်မြက်မြက်မိန်းကလေးကို သဘောကျသွားချိန်မှာ ကိုမေတ္တာရှင်မစ်ရှရာကလည်း အီရှီကာရဲ့အမေကို သဘောကျမိလေတော့…. တစ်ပြိုင်နက်မဖြစ်နိုင်တဲ့ ဒီသားအ‌ဖရဲ့အချစ်ရေးမှာ ဘ ယ်သူကဘယ်သူ့အတွက် စတေးသွားမလဲဆိုတာ ရှုစားကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်)

5 2024 121 mins
Luv Ki Arrange Marriage
The Abandon

အီရတ်နဲ့ စစ်ပွဲမှာ စစ်တိုက်ရင်း ဒဏ်ရာရသွားတဲ့ စစ်သား Miles Willis တစ်ယောက် အဖြူရောင်အလင်းတန်းကို မြင်ပြီး ထူးဆန်းတဲ့ ကုဗတုံးပုံအခန်းထဲမှာ နိုးလာတယ်။ ကုဗတုံးပုံအခန်းဟာ မြေဆွဲအားအလိုက် ရုတ်တရက် ဦးတည်ချက်တွေပြောင်းလဲတာတွေ၊ အပူချိန်ပြောင်းလဲတာတွေ၊ အခန်းကျဉ်းလာတာတွေကြောင့် Miles တစ်ယောက် သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တယ်။ ဒါ့အပြင် အခန်းနံရံပေါ်မှာလဲ စာလုံးတွေ သင်္ကေတတွေဟာ တစ်ခုပြီးတစ်ခုပေါ်လာပြီး Miles ကို အဖြေရှာလို့မရအောင်ဦးနှောက်ခြောက်စေခဲ့တယ်။ အဲ့သင်္ကေတတွေကရောဘာလဲ။ Miles တစ်ယောက် အခန်းထဲကရော အသက်ရှင်လျက်ထွက်လာနိုင်မှာလားဆိုတာတော့ Thriller/Sci-Fi ကြိုက်တဲ့သူတွေအတွက် The Abandon ဆိုတဲ့ကားလေး အကြိုက်တွေ့စေမှာပါ။ File size…(1.1 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

0 2022 97 mins
The Abandon
Coach Carter
7.3

Coach Carter (2005) ************************ IMDb…7.3,,,Rotten….64% Richmond အထက်တန်းကျောင်း ဘတ်စကတ်ဘော အသင်းဟာ တစ်ရာသီလုံးမှာ (၄)ပွဲသာအနိုင်ရရှိထားတယ်… နည်းပြအနေနဲ့လည်း ရစ်မန်းမြို့ရဲ့ လူနေမှုစရိုက်နဲ့ ပေါက်ဖွားလာတဲ့ ကျောင်းသား ဘတ်စကောဘော အားကစားသမားတွေကို ထိန်းချုပ်ရတာလည်း မလွယ်ကူလှဘူး….ပွဲတွေရှုံးရတဲ့ အကြောင်းရင်းကလည်း အားကစားသမားတွေရဲ့ အရည်အချင်းကြောင့်ဆိုတာထက် အခြေခံစိတ်ဓာတ်ကြောင့်လိုဖြစ်နေတယ်…ဒီလိုလူတွေကိုနည်းပြသစ်ခန့်ဖို့ Carter ကြီးကို ကမ်းလှမ်းကြတယ်… အားကစားသမားတွေရဲ့အခြေအနေနဲ့မြို့ရဲ့လူနေမှုစရိုက်ကို သိတဲ့ Carter ကြီးက သူ့စိတ်ကြိုက်နည်းပြခွင့်ရရင် လုပ်မယ်ဆိုပြီး သဘောတူလိုက်တယ်… ဒီကားက ဘတ်စကတ်ဘော အားကစားသမားဖြစ်တဲ့ Ken Carter ရဲ့ နည်းပြဘဝကိုဖြစ်ရပ်မှန်ရိုက်ကူးထားတာပါ… Cater ရဲ့နေရာမှာတော့ Mother…f*****ကြီးလို့ လူသိများတဲ့ Samuel L.Jackson ကသရုပ်ဆောင်ထားပါတယ်… ဒီကားထဲမှာတော့ တစ်လုံးမှကိုမဆဲတတ်တဲ့ အလွန်ယဉ်ကျေးတဲ့ Samuel ကြီးကိုခင်ဗျားတို့တွေ့ရလိမ့်မယ်.. Carter ဟာ သူငယ်စဉ်အားကစားသမားဘဝထဲက ရစ်မန်ရဲ့လူနေမှုစရိုက်တွေကို ခါးသီးခဲ့ပုံရတယ်.. ဒါ့ကြောင့် သူ့ခြေသူ့လက် အားကစားသမားအားလုံးကိုထိန်းချုပ်ခွင့်ရမယ်ဆိုတဲ့သဘောတူညီချက်အတိုင်း နည်းပြပါတော့တယ်… သူရင်ဆိုင်ရတာတွေက တကယ့်ကိုမလွယ်ပါဘူး..စည်းကမ်းပျက် အသင်းသားတွေ အားကစားတစ်ခုပဲအားပေးတဲ့ မိဘတွေ ၊သူ့ရဲ့လုပ်ရပ်တွေကို စိတ်ပျက်နေတဲ့ဆရာတွေ တကယ့်ကိုမှ အများကြီးပါပဲ….သူ့လုပ်ရပ်တွေက ကျောင်းအုပ်နဲ့တောင် ထိပ်တိုက်ရင်ဆိုင်နေတဲ့အဖြစ်မျိုးပါ.. နည်းပြကြီးဘယ်လို စနစ်တွေကျင့်သုံးမလဲ…သူအောင်မြင်ပါ့မလား… ပြောရရင် ဒီကားက ဘစ်စကတ်ဘောအားကစားဆိုတာထက်အများကြီးပိုတယ်… scene တိုင်းဟာ တန်ဘိုးရှိတယ်…ပြသချိန် ၂နာရီ၁၆မိနစ်မှာ မပြီးပါစေနဲ့လို့ ကယောင်ကတမ်းဆုတောင်းမိတဲ့ကားမျိုးပါ… တယုတယနဲ့ တန်ဘိုးထားပြီး မဖျက်သင့်တဲ့ ခင်ဗျားတို့ ရဲ့ ချစ်စရာ ဇာတ်ကားစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံတယ်… File Size : 2.74GB/ 1.21GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:16:00 Genre : Biography, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Science Fiction • Horror • Thriller
7.3 2005 136 mins
Coach Carter