YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]The.Outlaws.2021.S01.E03-720p.mp4

568.38 MB N/A video/mp4 1458 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
Locke
6.9

IMDb - 7.1 , RT - 91% ဒီဇာတ်ကားက ကျွန်တော်တို့ရဲ့ အချစ်တော် Venom ကြီး Tom Hardyနဲ့ Spidyလေး Tom Holland တို့ရဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် Heart Stopper၊ The Crown၊ Puss in boots တို့ထဲမှာ သရုပ်ဆောင်ဖူးတဲ့ Olivia Colmanလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းလေးကို မပြောခင် သင်ဟာ One Night Stand ကို ဘယ်လိုမြင်ပါသလဲ။ သင်ဟာ One Night Stand လုပ်နေသူလား၊ လုပ်ခဲ့သူလား၊ လုပ်ဖို့ကြံရွယ်နေတဲ့လူလားဆိုတာကို သုံးသပ်စေလိုပါတယ်။ အိုင်ဗန်လော့ခ်ဆိုတဲ့ အမျိုးသားက ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ အောင်မြင်တဲ့ ဆောက်လုပ်ရေး မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အရာရာအဆင်ပြေလှတဲ့ သူ့ရဲ့ဘဝထဲကို သူ တစ်ညတာ One Night Stand ခဲ့ဖူးတဲ့ ဗေသန် မက်ဂွားယားဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိုင်ဗန်နဲ့ရတဲ့ ကလေးကို မွေးဖို့ သားဖွားခန်းထဲရောက်နေတယ်ဆိုပြီး ဖုန်းဝင်လာခဲ့တဲ့အခါမှာတော့ .... ။ အဖေက သူ့ကိုမွေးပြီး ပစ်သွားခဲ့တဲ့ အဖေ့အပေါ် နာကျည်းချက်တွေရှိနေတဲ့ အိုင်ဗန်တစ်ယောက် သူ့အဖေ အမှားမျိုး ထပ်မမှားအောင် ကိုယ်ဝန်ကိုတာဝန်ယူပါ့မလား၊ ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့တည်ထောင်ထားတဲ့ မိသားစုဘဝလေးနဲ့ ဗေသန် အကြား ဘယ်သူ့ကိုရွေးချယ်သွားမလဲ။ ပုဂ္ဂိုလ်ရေး ပြဿနာတက်နေတဲ့သူ့အဖို့ အလုပ်မှာပါ ပြဿနာ တက်လာသောအခါ .....အိုင်ဗန်တစ်ယောက် မိသားစုရေး၊ One Night Standခဲ့တဲ့အမျိုးသမီးနဲ့ရတဲ့ ကလေးအရေး၊ အလုပ်အရေးတွေကို သူဘယ်လိုများစီမံမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကလေ ဘာသာပြန်သူအဖို့တော့ တော်တော်လေး ပညာရတဲ့ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ အမှားတစ်ခုကနေ အရာရာဟာ ဖြစ်တတ် ပျက်တတ်တဲ့ သဘောကို ပေါ်လွင်အောင်ရိုက်ပြထားတာ အဆုံးထိကို ပြီးလို့ပြီးသွားမှန်းကို မသိလိုက်ဘူး။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဆုံးတာနဲ့ ရင်ထဲမှာ တစ်ခုခုကို ကျန်ခဲ့တဲ့ဇာတ်ကားကို့ပြောရင်း Reviewလေးကို အဆုံးသတ်ပရစေ။ File size…(1.4 GB)/(677 MB)/(323 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama • Thriller
6.9 2014 85 mins
Locke
Now You See Me 2
6.8

အားလုံးစောင့်မျှော်နေတဲ့ ၂၀၁၆ ရဲ့ နာမည်ကြီး ဇာတ်ကား တစ်ကားဖြစ်တဲ့ Now You See Me 2 ဆိုတဲ့ စိတ်ဝင်စားစရာ ပဉ္စလက်ပညာရှင်လေးဦး ရဲ့ မျက်လှည့် ပြကွက်တွေကို တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကို အခုလေးပဲ ဘာသာပြန်ဆိုမှု ပြီးသွားတဲ့အတွက် CM ချစ်သူတွေကြည့်လို့ရပါပြီ ရှင် ဒီကားရဲ့ ပထမဆုံးကား Now You See Me မှာ တုန်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ မြင်းစီးသမားလေးယောက်တို့ ရဲ့ မျက်လှည့်ပြကွက်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပြီးတော့ အခု ဒုတိယမြောက်ကားမှာလဲ မြင်းစီသမား လေးယောက်လုံးပြန်လည် သရုပ်ဆောင်ထားပါတယ် ပထမကားမှာတုန်းက မိန်းကလေးမျက်လှည့် ဆရာအနေနဲ့ ဟန်လေပါဝင်ခဲ့ ပေမဲ့ အခုတော့ ဟန်လေ အစား ငပြောင်မလေး လူလာက ပါဝင်ထားပါတယ်.. မြင်းစီးသမားတွေနဲ့ အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန်တို့ ဆော့ဖ်ဝဲ ကုမ္ဗဏီ အော့တ်တာ ရဲ့ စီအီးအို အိုဝင်အကြောင်းကို ဖော်ထုတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ပွဲမှာ မမျှော်လင့်ဘဲ မြင်းစီးသမားတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေ အားလုံး ဖော်ထုတ်ခံလိုက်ရပါတယ် ပထမကားမှာ သေသွားတဲ့ ဂျက် ဝိုင်းလ်ဒါ တစ်ယောက်က တကယ်မသေသေးတဲ့ အကြောင်း.. အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန် ရုဒ်စ် ဟာ မြင်းစီးသမားအဖွဲ့ ဝင် တစ်ဦး ဖြစ်ကြောင်း ဖော်ထုတ်ခံရပြီးနောက် သူတို့တွေ ဝရုန်းသုန်းကားနဲ့ ပြေးကြရရင်း လူဆိုးတွေ ဆင်ထားတဲ့ ထောင်ချောက်ထဲ တည့်တည့် တိုးဝင်မိရင်း မကာအိုကို ရောက်သွားပါတော့တယ် မကာအိုမှာ သူတို့ ဘယ်သူနဲ့ တွေ့ ပြီး ဘယ်လို အစီအစဉ် ဘယ်လို လှည့်ကွက်တွေနဲ့ လူဆိုးတွေကို အနိုင်ပိုင်းမလဲ ဆိုတာရယ်… ဒိုင်လန်နဲ့ မြင်းစီးသမား အဖွဲ့ သားတွေ ရဲ့ စိတ်ဝင်စားစရာ ဟာမိုနီကျကျ အကွက်ကျကျနဲ့ နောက်ဆုံးမျက်လှည့် အကွက်အတွက် ဘယ်လိုတွေ ခေါ်ဆောင်သွားမယ်ဆိုတာကိုတော့….. Now You See Me 2 ဇာတ်ကားမှာ ဆက်လက် ကြည့်ရှု ပေးကြပါလို့… ဘာသာပြန်ဖို့ အတွက် ပါဝင်ကူညီပေးတဲ့ ကျော်ကျော်ဇင်ဖြိုး (Little Neo) နဲ့ ကောင်းမြတ်သူ(seniorkaung)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် (ဒီဇာတ်ကားကို Khin Cherry Hnin မှ ဘာသာပြန်တင်ဆက်ပေးပြီး ဇာတ်လမ်းအညွှန်းကိုပါ ရေးသားပေးထားပါတယ်) Quality….bluRay 720P Length…2 hours 9 mins Format…mp4 File size…953 MB Subtitle….Myanmar Subtitle (Hardsub) Translator…Khin Cherry Hnin Encoder….Kaung Myat Thu

Drama
6.8 2016 129 mins
Now You See Me 2
The Brothers Bloom
6.7

IMDb Rating (6.7) / Rotten Tomatoes (68%) နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ The Pianist မင်းသားကြီး Adrien Brody, MCU ရဲ့ Hulk မင်းသားကြီး Mark Ruffalo, The Mummy ရဲ့အသည်းကျော်မင်းသမီးကြီး Rachel Weisz တို့ပါ၀င်ထားပြီး ဒါရိုက်တာ Rian Johnson ရိုက်ကူးထားတဲ့ Action,Adventure,Comedy ရုပ်ရှင်ကားလေးပါ။ ဇာတ်လမ်းကတော့…. မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့Bloomတို့ဟာ ငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီး အစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီး ညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။ နှစ်‌တွေကြာပြီးမှာတော့ Bloomညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူ တစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ဖို့အကြောင်းဖန်လာတဲ့အခါ….။

6.7 2008
The Brothers Bloom
My Husband’s Worst Mistake
5.5

My Husband’s Worst Mistake (2023) မိန်းမကို တစ်ခါလေး သစ္စာမရှိလိုက်တာက လူသတ်မှုနဲ့ အဖမ်းခံရတဲ့အထိပါ ဖြစ်သွားနိုင်တာလား? ကန့် နဲ့ ဆာရာတို့ လင်မယားက လူစီဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမယ့် ကန့်က အလုပ်ကိုပဲအမြဲဦးစားပေးနေလို့ အိမ်ထောင်ရေးက အေးတိအေးစက်ဖြစ်နေတာ ကြာပါပြီ။ တစ်ရက်တော့ ကန့်တစ်ယောက် မထင်မှတ်ထားဘဲ အလုပ်ကဝန်ထမ်းအငယ်မလေး အေမီနဲ့ တစ်ညအိပ်မိသွားတယ်ပေ့ါ။ ဖြစ်ချင်တော့ သူအိပ်မိလိုက်တဲ့ ဝန်ထမ်းမလေးကလည်း မထင်မှတ်ဘဲ ဆုံးသွားပြီး သူ့ရဲ့ အလုပ်က ပြိုင်ဖက် မီဂူရယ်ကလည်း သူနဲ့ ဝန်ထမ်းမလေးဓာတ်ပုံတွေနဲ့ သူ့ကိုပြန်ခြိန်းခြောက်လာတော့ မိန်းမကို ဖောက်ပြန်မိတဲ့အကြောင်းပြောပြလိုက်ရပါတော့တယ်။ အရင်ကတည်းက စိတ်ပျက်နေတဲ့ မိန်းမဖြစ်သူက ဒီကိစ္စပါ ဖြစ်လာတော့ ကန့်ကို အိမ်ခွဲနေခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ခွဲနေတုန်းမှာ ဆာရာက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဘရက်နဲ့ရင်းနှီးလာပါတယ်။ တစ်ဖက်မှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကန့်နဲ့ ဆာရာမကွဲကွဲအောင် ဓာတ်ပုံတွေ ပို့လာတော့ ကန့်လည်း အလုပ်က ပြိုင်ဖက် မီဂူရယ်ထင်ပြီးပြဿနာသွားရှာတော့တာပေါ့။ သူပြဿနာသွားရှာခဲ့တဲ့ မီဂူရယ်တစ်ယောက် မထင်မှတ်ဘဲ ဆုံးသွားပြီး ကန့်တစ်ယောက် သံသယရှိတဲ့လူသတ်သမားအနေနဲ့ အဖမ်းခံရတာကြောင့် ဆာရာက သူတွဲနေတဲ့ ရှေ့နေဖြစ်သူဘရက်ကို အမှုလိုက်ဖို့ အပ်လိုက်တဲ့အခါ ဘရက်တစ်ယောက် ကန့်ကို တကယ်ရော ရှေ့နေလိုက်ပေးချင်ရဲ့လား သူ့မှာ ဖုံးကွယ်ထားတဲ့ ဘာအချက်တွေရှိလဲဆိုတာကို ဆက်ပြီး ရှုစားကြည့်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Cho Zin Than ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Thriller Quality…. 1080p | 720p File size… 1.5GB | 637MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Cho Zin Than Encoder ….. Aaron

Drama • Romance
5.5 2023
My Husband’s Worst Mistake
The Caine Mutiny Court-Martial
6.9

The Caine Mutiny Court-Martial (2023) ~ IMDb – 6.9/10, Rotten Tomatoes – 94% ~ ဒီကားလေးကတော့ War Crime ဇာတ်လမ်းတွေ တရားခွင်ခုံရုံးအကြောင်းတွေ စိတ်၀င်စားတဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ပါရာမောင့်ကနေတင်ဆက်ထားပြီး သရုပ်ဆောင်တွေကလည်း မျက်နှာမစိမ်းလှတဲ့ဝါရင့်တွေချည်းပါ။ မဲရစ်‌ဆိုတဲ့ ရေတပ်လက်အောက်ဗိုလ်က သင်္ဘောကပ္ပတိန်ဖြစ်သူ ဗိုလ်မှူးကွင်းကို စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တာ၀န်ရပ်စဲခဲ့တာကြောင့် စစ်ခုံရုံးတင်စစ်ဆေးခံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ်တင်ဆက်ထားတာပါ။ ကိုယ့်ဖက်ကကြည့်ရင်လက်ဖမိုး သူ့ဖက်ကကြည့်ရင်လက်ဖ၀ါးဆိုတဲ့ စကားလိုပါပဲ။ နှစ်ဖက်လုံးကအမှန်ဖြစ်နေတဲ့အခါ တရားခွင်အဖြေက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ။ တစ်ကားလုံးလိုလိုကို တရားခွင်မှာပဲအချိန်ကုန်ထားပေမဲ့ ကြည့်ရတာမပျင်းစေဘဲ သက်သေတွေ တရားရုံးရှေ့နေနဲ့ တရားခံရှေ့နေကြားက စကားတိုက်ပွဲတွေက ကြည့်ရှုသူတွေကို ထိုင်ရာကမထစတမ်း ဆွဲခေါ်သွားပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 875MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 48Min Genre – Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.9 2023 109 mins
The Caine Mutiny Court-Martial
Thank You For Coming
5.8

Thank You For Coming (2023) “အလိုမကျတဲ့ အပျိုကြီးမမ” IMDb-5.8/10 အရှေးကူးမားရဲ့ Toilet ၊ Pati Patni Aur Wohတို့နဲ့ နာမည်ကြီးလာတာတဲ့ လုံးကြီးပေါက်လှ အကိတ်မင်းသမီးလေး ဘူမီး ပဒ်နေကရ်ရဲ့ လူကြီးဟာသ ဇာတ်လမ်းတစ်ပုဒ်…။ နတ်သမီးပုံပြင်လေးတွေကို သဘောကျတဲ့မိန်းကလေးတွေထဲမှာ ကာနီကာကထိပ်ဆုံးက။ ကာနီကာတစ်ယောက်ဟာ မိခင်ဆရာဝန်ရဲ့အိမ်မှာပဲဖွင့်ထားတဲ့ဆေးခန်းကိုအမှီပြုပြီး ကလေးအရွယ်ထက်ပိုသာလွန်တဲ့ အသိတွေသိနေတာပေါ့ သိတဲ့အသိတွေကို မျိုသိပ်မထားနိုင်ဘဲ ကျောင်းကပွဲမှာ လူသိရှင်ကြားထုတ်ပြောမိရာက ကျောင်းရဲ့အကြဉ်ခံလေး ကာနီကာဖြစ်လာတော့တယ် ဒီအသိတွေက ဆယ်ကျော်သက်စူးစမ်းတတ်ချိန်ရောက်တဲ့အခါမှာတော့ လက်တည့်စမ်းပါတော့တယ် နှလုံးသားအလိုဆန္ဒ အချစ်စစ်နဲ့ ညာဘက်လူလိုချင်တာက တစ်ဖက် ၊ ငယ်ငယ်တည်းကရလာတဲ့အသိတွေနဲ့ သွေးသားဆန္ဒတောင့်တမှုတွေတစ်ဖက်နဲ့ ၁၆ နှစ်မှာ ရည်းစားထား ၁၈ နှစ်မှာ အတွေ့အကြုံအသစ်ကို အရယူပါတော့တယ် ။ နှလုံးသားရောသွေးသားဆန္ဒပါ မပြည့်ဝတဲ့ ကာနီကာတစ်ယောက် ညာဘက်လူကိုရှာမတွေ့ဘဲ ရည်းစားများရင်းသာ အသက် ၃၂ နှစ်ပြည့်မွေးနေ့ရောက်လာခဲ့တယ် လက်တွဲဖော်အသီးသီးနဲ့ပျော်နေတဲ့ သူငယ်ချင်းတွေကြား ခပ်မိုက်မိုက်အလှနဲ့ကာနီကာတစ်ယောက် ညာဘက်လူကိုရှာတွေ့သွားနိုင်မလားဆိုတာ…. ပွင့်လင်းမြင်သာလွန်းတဲ့ ဒိုင်ယာလော့ခ်တွေပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ် အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Crime
5.8 2023
Thank You For Coming
Sweet Dreams
6.5

” Sweet Dreams ” ဆိုတဲ့ဇာတ်လမ်းလေးကတော့ ဒတ်ခ်ျ ဆွီဒင်ဇာတ်လမ်းလေးဖြစ်ပြီး 20 ရာစုအစောပိုင်းကဒတ်ခ်ကိုလိုနီခေတ်ကိုဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဒတ်ခ်ျလူမျိုးပြောင်းလုပ်ငန်းရှင်ကြီးမတော်တဆသေဆုံးသွားပြီး သူပိုင်တဲ့စက်ရုံ အိမ် နဲ့စိုက်ပျိုးမြေတွေကိုတရားဝင်တစ်ဦးတည်းသောသားကိုမပေးဘဲ သူ့အိမ်ကအင်ဒိုနီးရှားလူမျိုးအစေခံနဲ့ရထားတဲ့ 10 နှစ်အရွယ်တရားမဝင်သားဆီကိုလွဲပေးဖို့သေတမ်းစာချန်ထားခဲ့ရာကနေ ပြဿနာတွေစတက်ပါတော့တယ်။ သားအရင်းဖြစ်သူက ဒီဥရောပမှာပိုင်ဆိုင်သမျှအကုန်ရောင်းပြီးနယ်မြေမငြိမ်းချမ်းတဲ့ဥရောပအစား ကိုယ်ဝန်အရင့်မာရှိနေတဲ့ဇနီးနဲ့အတူ ငြိမ်းချမ်းတဲ့ဆွဇ်ဇလန်ကိုပြောင်းချင်ပေမယ့် အမွေတွေဟာသူ့အတွက်မဟုတ်ဘဲ တရားမဝင်သားဆီရောက်သွားတာမလို့ ဒေါသူပုန်ထပါတော့တယ်။မုဆိုးမအမေဖြစ်သူကျပြန်တော့လဲ ဥရောပမှာပဲခေါင်းချချင်သူပါ ဒီပြဿနာတွေကိုဘယ်လိုရှင်းကြမလဲဆိုတာကို ဇာတ်လမ်းလေးမှာကြည့်ရှုလိုက်ပါဦးနော် File size…(1.5 GB)/(1.1 GB) Quality….Blu-ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

6.5 2023 102 mins
Sweet Dreams
June Zero

(function(f,b,n,j,x,e){})(); ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် သမိုင်းကြောင်းတစ်ခုက လူတစ်ယောက်အပေါ်ကို ဘယ်လောက်တောင်သက်ရောက်မှုရှိလဲ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်တွေပါဝင်နေသလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးစုတွေကို မျိုးတုံးသတ်ဖြတ်ခဲ့တဲ့ Adolf Eichman ရဲ့ လူသိနည်းတဲ့တရားခွင်အပေါ်မှာ ဇာတ်ကြောင်းခံပြီး ဇာတ်လမ်းကိုတင်ဆက်ပြသထားပါတယ်။ ဒီဇာတ်လမ်းထဲမှာ လူသားဆန်ဆန်နေထိုင်မှုရဲ့အဓိပ္ပာယ်တွေ ပြီးတော့ Eichman ကိုကွပ်မျက်ခြင်းကိုလုပ်ဆောင်တဲ့ အပိုင်းမှာပါဝင်တဲ့ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေတွေ ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ နာဇီတွေရဲ့ ပြစ်မှုတွေကဘယ်လောက်တောင်လွှမ်းမိုးမှုရှိလဲဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2022
June Zero
Love, Death and Cat
5.7

တာ့ထန်ခေတ်အချိန်မှာ တိုင်းပြည်တိုးတက်ဝပြောတဲ့အတွက် လူတွေရေ ာ မိစ္ဆာတွေရော ပျော်ပါးကြချိန်ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ် နတ်ဆရာလေး ဟွိုင်ရှန့်ဟာ ဆရာနဲ့အတူ လော့ယန်မြို့ကြီးကို ရောက်လာခဲ့ပါတယ်။ တာ့ထန်ခေတ်ရဲ့ လော့ယန်မြို့ကြီးဟာ ညလုံးပေါက် မီးထိန်ထိန်လင်းနေပါတယ်။ အကရုံထဲမှာ သခင်လေးကုံးဟာ ငယ်စဉ်အခါက တစ်ဖက်သတ်ချစ်ရသူကို ပြန်တွေ့ခဲ့ပါတယ်။ သူချစ်နှစ်သက်တာက အဲ့ဒီလူရဲ့အရေပြားလား အရေပြားထဲက နှစ်တစ်ရာကြောင်ကြီးကိုလား…… အလောင်းရုံထဲမှာ ကြောင်နက်လေးတစ်ကောင်က အမြီးကိုဖြတ်ပြီး ကျေးဇူးရှင်ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူပြန်ရတာက တစ်သက်တာအချစ်ခံရခြင်းလား လောဘကြောင့် သစ္စာဖောက်ခြင်းလား…… ရေမြောင်းပုပ်ထဲက ကြွက်မိစ္ဆာလေးက ကြောင်မိစ္ဆာလေးကို ချစ်မိသွားတယ်။ သူ့စိတ်ကူးထဲက ပျော်ရွှင်မှုတွေဖြစ်လာမလား ကံကြမ္မာရဲ့ အပြောင်းအလဲက ကြိုဆိုနေမလား…… ဆိုတာကို မိစ္ဆာရဲ့ သဘာဝဗီဇနဲ့ လူတွေရဲ့ သဘာဝဗီဇကို သရုပ်ဖော်ထားတဲ့ ကြောင် ၃ ကောင်ရဲ့ ပုံပြင်လေးကို အတူတကွ ကြည့်ရှုခံစားလိုက်ရအောင်နော်။

Drama
5.7 2024
Love, Death and Cat
Vasco Da Gama
7.8

Vascodagama The Evolution 2024 (ဗာဆူရဲ့ဘဝခရီးလမ်း) မဟာဒေဗန်နဲ့ ဗာဆူဒေဗန်ဆိုတဲ့ အရမ်းကို ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ မဟာဒေဗန်ဟာ ညီငယ်ဖြစ်သူ ဗာဆူဆိုးသမျှကို အစ်ကိုကြီးပီပီလိုက်ထိန်းပေးခဲ့ပြီး ဗာဆူပြဿနာရှာလို့ အချုပ်ကျတိုင်းလည်း အမြဲ မငြိုမငြင် အာမခံလိုက်ထုတ်ပေးလေ့ရှိပါတယ်။ ဗာဆူဟာ အရမ်းကို ဗရုတ်ကျတဲ့အတွက် အိမ်နီးချင်းတွေဟာ သူခြေငြိမ်သွားအောင် မိန်းမပေးစားခိုင်းတဲ့အထိကို ဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အစ်ကိုကြီးမဟာတစ်ယောက် လက်ကို ရှမိသွားတဲ့ဒဏ်ရာကို ကုသဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့သွားတဲ့ဆေးရုံဟာ ရိုက်စားဆေးရုံဖြစ်နေပြီးတော့ မလိုအပ်တဲ့ဆေးကုသမှုတွေကြောင့် အစ်ကိုကြီးမဟာတစ်ယောက် အသက်ကိုပါ ပေးလိုက်ရပါတော့တယ်။ အစ်ကိုကြီးကိုပဲ အမြဲဆိုးပြီးနေခဲ့တဲ့ ဗာဆူတစ်ယောက် အစ်ကိုကြီးဆုံးပါးသွားတဲ့နောက်မှာ ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ …….. သူ့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့ ဘဝကို တစ်ယောက်တည်း ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် Comedy Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.8 2024 125 mins
Vasco Da Gama
Meiyazhagan
7.5

Meiyazhagan(2024) စစ်မှန်သောအလှပိုင်ရှင် လူသား မီယာဇ်ဟာဂန် ၂၀၂၄ ထွကိ ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဆွေမျိုးတွေအကြား အမွေစားအမွေခံခွဲဝေမှုတွေကြောင့်ဘိုးဘွားပိုင်အိမ်လေးနဲ့ မွေးရပ်မြေမြို့လေးကို စိတ်နာနာနဲ့ခွဲခွာနှုတ်ဆက်ပြီး အပြီးအပိုင်ထွက်သွားခဲ့တဲ့ အာရူလ်တစ်ယောက် … တစ်ဝမ်းကွဲညီမဖြစ်သူမှ သူ့ရဲ့မင်္ဂလာဆောင်ကို တက်ပေးဖို့ စာပို့လာတဲ့အခါမှာတော့ နှစ်ပေါင်း(၂၀) အကြာခွဲခွာခဲ့ရတဲ့ မွေးရပ်မြေဇာတိမြို့လေးကို ပြန်ရဖို့အကြောင်းဖန်လာပါတော့တယိ။ ဘဝမှာထပ်မတွေ့ချင်တော့တဲ့ လူတွေရှိတဲ့ ချစ်ရတဲ့မြို့လေးကို အာရူလ်တစ်ယောက်ပြန်ရောက်အပြီး တစ်စုံတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံပြီးတဲ့နောက်မှာ သူ့ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာရတဲ့အခါ….. ကြည့်ပြီးရင် နောင်တမရစေမယ့် မိသားစု ဒရမ်မာကားကောင်းလေးတစ်ကားမလို့ ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကရေးသားပေးထားခြင်းဖြစ်ပါတယ်)

Adventure • Animation • Drama • Family
7.5 2024 177 mins
Meiyazhagan
Gold Raiders

ယခုအခါမှာတော့ ၂၀၂၄ ခုနှစ်ထွက် အက်ရှင် သဘာဝလွန်ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကြောင်းအကျဉ်းချုံးပြောရရင်တော့ ပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်မြှုပ်ခဲ့တဲ့ ရတနာတွေကို လိုက်ရှာဖွေကြတာပါ…ဟယ်ရာနဲ့အသီနာဆိုတဲ့ညီအစ်မနှစ်ဦးဟာ ဆိုဆိုင်ရတီအဖွဲ့အစည်းအတွက် ရှေးဟောင်းရတနာတွေရှာဖွေပေးနေသူတွေပါ…သူမတို့နဲ့အပြိုင်အော်ဒါဆိုတဲ့အဖွဲ့အစည်းကလည်းရတနာတွေလိုက်ရှာကြတဲ့အဖွဲ့အစည်းပါပဲ… ဒီလိုနဲ့ ဟယ်ရာနဲ့အသီနာတို့ဟာပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်မြှုပ်နှံခဲ့တဲ့ရတနာတွေကိုလိုက်ရှာဖို့ တာဝန်ပေးခံရပါတယ်…ပြီးတော့ ဟယ်ရာကသဘာဝလွန်စွမ်းအားတစ်ခုပိုင်ဆိုင်ထားပါတယ်….အဲ့ဒါကတော့အဖြစ်အပျက်တွေကိုကြိုမြင်နေတာပါ….ကဲ ဒါဆိုရင်တော့ ဟယ်ရာနဲ့အသီနာညီအစ်မနှစ်ယောက် ရတနာလိုက်ရှာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံတွေ့မလဲ…ဟယ်ရာကရောဘာလို့အဖြစ်အပျက်တွေကိုကြိုမြင်နေရတာလဲ…ပြိုင်ဘက်အဖွဲ့အစည်းဖြစ်တဲ့အော်ဒါအဖွဲ့ကရောသူတို့ကိုဘယ်လိုတားမလဲဆိုတာဆက်လက်ကြည့်ရှုကြပါခင်ဗျာ…. File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:28:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

Comedy • Romance
0 2024 89 mins
Gold Raiders
Remo Williams: The Adventure Begins
6.4

ဆမ်မေကင်ဟာ နယူးယောက်မြို့ ဘရွတ်ကလင်းမှာ လမ်းသရဲ လူဆိုးတွေကို ဖမ်းဆီးနေတဲ့ သာမန် ရဲသားတစ်ဦးသာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လျှို့ဝှက်အမေရိကန်အဖွဲ့အစည်း တစ်ခုရဲ့ အတင်းအကျပ် လူသစ်စုဆောင်းမှုကို ခံခဲ့ရပါတယ်။ ဆမ်မေကင် ဆိုတဲ့ဘဝကို ဈာပနအတုပါပြုလုပ် ပြည်ဖုံးကားချခဲ့ပြီးတော့ ရီမိုဝီလီယမ်စ်ဆိုတဲ့ သူအဖြစ်နဲ့ ဘဝအသစ်ကို ထပ်မံရရှိခဲ့ပါတယ်။ နာမည်တင်မက မျက်နှာကိုပါ အပြောင်းအလဲပြုလုပ်ခံခဲ့ရပါတယ်။ CURE လို့ အမည်ခံထားတဲ့ လျှို့ဝှက်အစိုးရအဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ စည်းရုံးခံခဲ့ရပြီးတဲ့နောက်မှာ ကိုယ်ခံပညာတို့ရဲ့ မြစ်ဖျားခံရာ ရှီနန်ဂျူရွာရဲ့ မျိုးဆက်သခင် ကိုးရီးယားလူမျိုး ချွန်းရဲ့လက်အောက်မှာ လူသားလက်နက်အဖြစ်နဲ့ လေ့ကျင့်ခဲ့ရပါတယ်။ အပြည့်စုံဆုံး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ မတော်တဆဆန်ဆန် သတ်ဖြတ်မှုမျိုးတွေကို ဆောင်ရွက်နိုင်အောင် အထူးလေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ စိတ်ရော ကိုယ်ပါ ကြံ့ခိုင်သန်စွမ်းလာအောင် ရှေးကျတဲ့လေ့ကျင့်ခန်းတွေနဲ့ စခန်းသွင်းလေ့ကျင့်အပြီးမှာတော့ ကျည်ဆန်ကိုပါ ရှောင်နိုင်တဲ့ ရီမိုဝီလီယမ်စ် အဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။ ချွန်းရဲ့အပြောအရ ရီမို့ကို အပြည့်စုံဆုံးအနေအထား ရောက်အောင် (၁၅) နှစ်အထိ အချိန်ယူရမှာ ဖြစ်ပေမယ့် CURE အနေနဲ့ သူတို့ရဲ့လူသားလက်နက်ကို မဖြစ်မနေထုတ်သုံးရမယ့် အခြေအနေ ရောက်လာခဲ့ပါတယ်. သူတို့ကိုယ်တိုင် ထောက်လှမ်းဖို့ နည်းလမ်းရှာမတွေ့နိုင်သေးတဲ့ လက်နက်ကုမ္ပဏီတစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို သိရှိနိုင်ဖို့ ရီမို့ကို စေလွှတ်စုံစမ်းခိုင်းခဲ့ပါတယ်.။ The Destroyer ဆိုတဲ့ ဝတ္ထုစီးရီးရဲ့ ရုပ်ရှင်အဖြစ် ပထမဦးဆုံးခြေလှမ်းလည်းဖြစ်တဲ့ Remo Williams : The Adventure Begins ဆိုတဲ့ ၁၉၈၅ ခုနှစ်က အက်ရှင်ဇာတ်ကားကောင်းလေးကို CM က ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File Size : 2.7 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 2hr Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Comedy • Romance • Drama
6.4 1985 121 mins
Remo Williams: The Adventure Begins