YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Offer.S01E07.Mr.Producer.720p.mp4

309.47 MB N/A video/mp4 339 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Five Fingers
6

စားနပ်ရိက္ခာအစီအစဉ်တစ်ခုကို အစပြုဖို့ဆိုပြီး မာတင်တစ်ယောက် ရစ်တောင်တန်းဆီကို ဂါဗင်ဆိုတဲ့ဧည့်လမ်းညွှန်အကူအညီနဲ့ သွားမှာပါ။ ဒါပေမဲ့ ကားပေါ်ပဲတက်ရသေးတယ်.. နှစ်ယောက်လုံးကို ဖမ်းခေါ်သွား ပါလေရောဗျာ။ ဇာတ်လမ်းက အဲ့ဒီလို တည့်ပဲစထားပါတယ်။ ဘာလို့အဖမ်းခံရတာလဲ၊ ဘယ်သူကဖမ်းတာလဲဆိုတာကိုတော့ ဆက်ကြည့် လိုက်ပါနော်။ အဓိကက အဖမ်းခံရတဲ့အချိန်အတွင်းမှာ သူ့ရည်းစားအကြောင်း တွေ မေးမေးပြီးတော့ မာတင်ရဲ့လက်ချောင်းတွေ တစ်ချောင်းပြီးတစ်ချောင်း အဖြတ်ခံရပါတယ်။ ဒါပေမဲ့ စေတနာကောင်းကောင်းနဲ့ ဖြတ်ထားတဲ့လက် ချောင်းတွေအကုန်လုံးကို ရေခဲနဲ့သိမ်းပေးထားပါတယ်။ လိုချင်တဲ့အဖြေရရင် ပြန်ဆက်ပေးဖို့ပါတဲ့။ အရမ်းသဘောကောင်းတဲ့ ပြန်ပေးဆွဲအဖွဲ့ပေါ့။ ဒီကားလေးမှာ ကမ္ဘာ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းဝါဒတွေ၊ နိုင်ထက်စီးနင်းလုပ် တာတွေ၊ ဘက်မတူတဲ့နိုင်ငံရေးအမြင်တွေကို အဖမ်းခံထားရတဲ့အတောအတွင်း အများကြီးပြောပြသွားတာမို့... မသိသေးတဲ့ပဟေဠိတွေကို ရုပ်ရှင်ထဲမှာဆက် အဖြေရှာရအောင်ဗျာ ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.89 GB) / (742 MB) / (415 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Jo Jo Va Encoder..........SWM

Adventure • Drama • Fantasy
6 2006 87 mins
Five Fingers
Urban Myths
6.9

ဒီဟော်ရာဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသလို ပါတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကြီး Idol တွေဖြစ်တဲ့ Monsta x - Shownu WJSN - Seola, Exy BTOB - Minhyuk TheBoyz - Haknyeon Golden Child - JaeHyun Lovelyz - SeoJisoo Alexa ,OhMyGirl - Arin တို့ပါဝင်ထားတာမို့ သူ့ဖန်တွေအတွက်တော့ ပျော်စရာပါပဲ...ပြီးတော့ မတူညီတဲ့ ဟော်ရာဇာတ်လမ်းတိုတွေနဲ့ ဖွဲ့စည်းထားတာမို့ တစ်ခုချင်းမှာ တစ်မျိုးထိတ်လန့်စရာကောင်းတယ်...အပျော်ဂိမ်းကစားကြရင်း သရဲဝင်ပူးတာတွေ...အိမ်နီချင်းမှာ သရဲဖြစ်နေတာတွေ...လူသတ်ပြီး အလောင်းဖျောက်ရင်း မလွတ်မကျွတ်တဲ့သရဲက ပြန်ပြီးသတ်တဲ့အဖြစ်မျိုးတွေမို့ horror ဇာတ်လမ်းကြိုက်သူတို့ ကြည့်ကြပါ... File Size : (2.2GB)(542MB) and (232 MB) Quality : WEB-DL1080P,720p Format…mp4 Duration…02:03:00 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Nu Swe Encoded by Phyo Pyae

Drama • Romance • Thriller
6.9 2022 122 mins
Urban Myths
Tori and Lokita
7

Tori and Lokita (2022) ~ IMDb – 7/10, RT – 89%, Meta – 75% ~ Dardenne brothers လို့လည်း လူသိများတဲ့ ဒီကားရဲ့ Writer/Director Jean-Pierre နဲ့ Luc တို့ ညီအစ်ကို၂ယောက်ဦးရဲ့ ၂၀၂၂ ထွက် လက်ရာပါ။ သူတို့ ညီနောင် ၂ဦးဟာဖြင့် အခု Tori and Lokita အပါအဝင်ဆိုရင် Cannes ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို ၂ကြိမ်တောင် ရထားကြတဲ့သူတွေပါ။ ဇာတ်လမ်းအကြောင်းလေး စလိုက်ပါမယ်။ လိုကီတာဆိုတဲ့ မြှီးကောင်ပေါက်ဆယ်ကျော်သက်မလေးနဲ့ တိုရီဆိုတဲ့ ၁၁နှစ်သာသာ ကောင်လေးတစ်ယောက် ဘလ်ဂျီယံနိုင်ငံမှာ ခိုလှုံဖို့ရောက်ခဲ့ပါတယ်။ တိုရီလေးဟာတော့ ချက်ချင်းလက်ခံခဲ့ရပေမယ့် လိုကီတာကတော့ မေးမြန်းခံရခြင်းတွေအဆင့်ဆင့်ကို ရင်ဆိုင်ရင်း တရားဝင်နေထိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းမခံရရှာပါဘူး။ ၂ယောက်သားဟာ မောင်နှမတွေလို့ လိမ်လည်ပြီး ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ တရားခွင်နေထိုင်ခွင့်လက်မှတ်ရရင်ဖြင့် အိမ်အကူသင်တန်းလေး တက်ပြီး အိမ်အကူလုပ်ရင်း မူလနိုင်ငံမှာကျန်ခဲ့တဲ့ မောင်အရင်း ၅ယောက်ရဲ့ ကျောင်းစားရိတ်အတွက် ပြန်ထောက်ပံ့ဖို့ စိတ်ကူးထားတဲ့ လိုကီတာလေးဟာတော့ အိပ်မက်နဲ့ ဝေးတဲ့အပြင် ၂ယောက်သား မူးယစ်ဆေးလိုက်ပို့ပေးတဲ့အလုပ်ကို လုပ်နေရပါတယ်။ အမေ့ဆီ ပြန်ပို့နိုင်ဖို့သာသာ သူတို့ကို နိုင်ငံထဲ ခိုးသွင်းပေးတဲ့ ပွဲစားတွေဆီလည်း အကြွေးတင်နေပါသေးတယ်။ ဘလ်ဂျီယံလို ဥရောပနိုင်ငံမျိုးဆီ လွတ်လပ်မှုနဲ့ လုပ်ပိုင်ခွင့်တို့ကို မျှော်ကိုးအိပ်မက်ပြီးရောက်လာကြတာပါပဲ။ မတော်တရားမှုတွေ မျှော်လင့်ချက်ပျက်သုဉ်းမှုတွေထဲ ပိတ်မိရင်း ဥပဒေပြင်ပကနေ ရာဇဝတ်မှုတွေရဲ့ ခြေကျင်းခတ်ခံရတဲ့ အာဖရိကန်ရွှေ့ပြောင်းနေထိုင်သူလေး ၂ဦးကြားက သွေးမတော်သားမစပ်သည့်တိုင် အပြန်အလှန်ဖေးမရင်း တွယ်ခဲ့ကြတဲ့ သံယောဇဉ်လေးကို ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 680MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Thriller • Crime • Mystery
7 2022
Tori and Lokita
[18+] The Cook, the Thief, His Wife & Her Lover
7.5

The Cook, the Thief, His Wife & Her Lover (1989) ~ IMDb – 7.5/10, Rotten Tomatoes – 86% ~ ” 18+ ခန်းတွေပါတာကြောင့် အသက်ပြည့်မှကြည့်ဖို့အကြံပေးပါရစေ “ ဒီကားကတော့ 1989 မှာထွက်ရှိထားပြီး ဆု​တွေလည်းအများကြီးရထားရုံတင်မက တစ်ခေတ်တစ်ခါရဲ့ ဗြိတိန်ဂန္ထဝင်မင်းသားကြီး မင်းသမီးကြီးတွေပါဝင်ထားတဲ့ မှုခင်းဒရာမာကားကောင်းတစ်ကား The Cook, the Thief, His Wife & Her Lover ဆိုတဲ့ကား​ပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကလည်း BAFTA လို‌ ဗြိတိန်အကယ်ဒမီဆု အပါအဝင် ဆု​တွေအများကြီးရထားတဲ့ Peter Greenaway ပဲဖြစ်ပါတယ်။ ဇာတ်လမ်း​​ကျောရိုးကို​တော့ ဇာတ်လမ်းနာမည်အတိုင်း ဇာတ်​ကောင် ၄ ​​ယောက်ကို ဗဟိုပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ လန်ဒန်မြို့က စား​​သောက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး ​​နေ့တိုင်း ထင်တိုင်းကြဲ​​သောင်းကျန်း​နေတဲ့ အဲဘက် (The Thief) အဲဘက်ရဲ့နှိပ်စက်သမျှ တင်စီးသမျှကို ခံ​နေရတဲ့ ​ဂျော်ဂျီနာ (His Wife) အဲဘက်ရဲ့ စား​သောက်ဆိုင်မှာ အဲဘက်ရဲ့ သ​ဘောထား​တွေကို ဆန့်ကျင်ပြီးလုပ်​​လေ့ရှိတဲ့ ဘို့စ် (The Cook) စား​သောက်ဆိုင်မှာ လာစားရင်း ​ဂျော်ဂျီနဲ့ ချစ်မိသွားတဲ့ မိုက်ကယ် (Her Lover) တို့ကို အဲဘက်တစ်​ယောက် မိသွားတဲ့အခါ ဘာ​တွေဆက်ဖြစ်မလဲ… သူတို့​လေး​ယောက်ကို ချိတ်ဆက်ပြီး ဇာတ်ကားတစ်ခုလုံးကို ဘယ်လိုရိုက်ပြသွားလဲ… ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဂန္ထဝင်ဇာတ်ကား​ကောင်း​တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 780MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 4Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.5 1989 124 mins
[18+] The Cook, the Thief, His Wife & Her Lover
Vacation Friends 2
5.3

Vacation Friends 2 (2023) ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။ Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ကားမို့ အားလုံးကြည့်ပျော်ကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1.15GB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 46Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • History
5.3 2023
Vacation Friends 2
Chéri
6.1

Chéri (2009) =========== IMDb Rating – 6.1/10 “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” ဒီစကားက လူတိုင်း နီးနီးကြားဖူးတဲ့စကားတစ်ခွန်းပါ။ ရှယ်ရီက ပြည်ကြီးတန်ဆာရဲ့ တစ် ဦးတည်းသောသားဖြစ်တယ်။ နောက်ပြီး ငယ်စဉ်ဘဝကတည်းက မိခင်ကသူ့အနားမှာမရှိပေးခဲ့တဲ့အတွက် ဖြစ်ချင်တိုင်းဖြစ်ပြီး မိန်းမ ပေါင်းစုံနဲ့ပတ်ရှုပ်နေခဲ့တဲ့ ကောင်ဇိုးလေး။ ဒါတွေအားလုံးက လီယာဆိုတဲ့ သူ့အမေရဲ့သူငယ်ချင်းရဲ့ အိမ်ကိုမလိုက် သွားခင်အထိပေါ့လေ။ ရှယ်ရီက လီယာ့ကို ငယ်ငယ်‌လေးတည်းက သိပေမဲ့ အခုအရွယ်ရောက်လာပြီး သူ့အိမ်ကိုလိုက်သွားပြီးတဲ့နောက်မှာ တော့ သူတို့နှစ်ယောက်ကြားမှာ မီးပွားလေးတွေပေါ်လာပါတော့တယ်။ အဲ့မီးပွားလေးတွေကနေ မီးတောက်ကြီးတွေဖြစ်သွားမလား ငြိမ်းသွား မလားဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်) File Size……….(1.44 GB) / (550 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator……KSN Encoder……….Admin X

6.1 2009 86 mins
Chéri
Stir of Echoes
6.9

Stir of Echoes (1999) ================ IMDb Rating – 6.9/10 တွမ်ဝစ်ဇကီးဟာ ဖုန်းလိုင်းပြင်လုပ်သားတစ်ယောက်ဖြစ်ပြီး သူ့ဇနီး မက်ဂီ၊သားငယ်ဂျိတ်ခ်တို့နဲ့အတူ အလုပ်သမားလူတန်း စားတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာနေပါတယ်။တစ်နေ့မှာ တော့ ပါတီတစ်ခုမှာစကြနောက်ကြရင်း အိပ်မွေ့ချပညာရှင် သဘာဝလွန်ကိစ္စတွေကိုဝါသနာပါတဲ့ ခယ်မဖြစ်သူက အမြင် ကျဉ်းလွန်းတဲ့သူ့ကို စိတ်တံခါးဖွင့်ပေးလိုက်ရာကနေ တမလွန် ဘဝကိုမြင်နိုင်တဲ့အမြင်အာရုံရရှိသွားပါတော့တယ်။ အဲ့ဒီမှာသူစမြင်လာရတာကတော့ သူတို့အိမ်ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကိုပါ။ သူတို့သားဖြစ်သူ ဂျိတ်ခ်ကတော့ ဒီမိန်းကလေးကိုမြင်တွေ့နေရ တာကြာပြီဖြစ်ပြီး အမြဲအဆက်အသွယ်ရှိ စကားပြောလေ့ရှိကြောင်း ကိုပါ တစ်စစသိလာရပြီးတဲ့နောက်မှာတော့ အဲ့ဒီမိန်းကလေးအ ကြောင်းကိုစုံစမ်းပြီး ကူညီပေးဖို့ကြိုးစားရပါတော့တယ်။ ဒီမကျွတ် လွတ်တဲ့မိန်းကလေးက သူတို့နဲ့ဘယ်လိုပတ်သက်နေလဲ၊ ဘာကြောင့် ဒီတိုက်ခန်းမှာကပ်တွယ်နေသလဲ၊ အစရှိတဲ့ပဟေဠိတွေကို သူဖြေ ရှင်းရပါလိမ့်မယ်။ Stir of Echoes ဟာ တစ်ချိန်မှာဂန္ဓဝင်တွေဖြစ်လာမယ့်၊ အဲ့ဒီခေတ် ကာလကလည်း အပေါက်ကြီးပေါက်ခဲ့တဲ့ The Sixth Sense, The Blair Witch Project နဲ့ The Mummy တို့နဲ့တိုက်ဆိုင်ခဲ့တဲ့အတွက် ထိုက်သင့်သလောက်လူသိမများခဲ့တဲ့ Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.72 GB) / (636 MB) Quality…………BLU-RAY L 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….Alias Encoder……….SWM

Drama • History
6.9 1999 99 mins
Stir of Echoes
Skeletons in the Closet

Skeletons in the Closet (2024) ဒီတစ်ခေါက်ကတော့ လောကမှာ ကိုးကွယ်သင့်တဲ့နတ်တွေရှိသလို မကိုးကွယ်သင့်တဲ့ နတ်ဆိုးတွေလည်းရှိတာကို ပြထားပြီး ပထမ War Machine မင်းသားကြီး Terrence Howard ပါဝင်ထားတဲ့ Skeletons in the Closet ဆိုတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ သမီးဖြစ်သူ ဂျန််နီရဲ့ ကင်ဆာရောဂါကိုကုသဖို့ အာမခံကြေးကလည်းမလုံလောက်၊ ယောကျာ်းဖြစ်သူ မာ့ခ်ကလည်း အလုပ်ပြုတ်သွားတာကြောင့် ဗယ်လက်တီနာတစ်ယောက် အခက်တွေ့နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူ မိတ်ဆက်ပေးတဲ့ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ဆုံပြီး ပြဿနာတွေပြေလည်ဖို့ အပေးအယူလုပ်လိုက်ရာက ကြုံတွေ့လာရမယ့် ဖြစ်ရပ်ဆိုးတွေ နတ်ဆိုတိုင်းမကိုးကွယ်သင့်တာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.1GB, 510MB Quality – 1080p, 720p Format – mp4 Duration – 1H 38Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2024
Skeletons in the Closet
Do the World Darts 3
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက သုံးကားမြောက်ဖြစ်ပါတယ် အရှေ့ ၂ကား ကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာတစ်ယောက်ရှိတယ်ဆိုတဲ့ သတင်းဟာ မြို့တော်တစ်ခုလုံးမှာ သတင်းပျံ့နှံ့နေပါတယ်။ လူတွေကလည်း အဲဒီအကြောင်းအတွက် သိချင်စိတ်တွေ ပြင်းပြနေပါတယ်။ တစ်နေ့မှာ ထုံးကျိုးခရိုင်က သူဌေးကြီးလျိုတာ့ဖုန်က အိမ်တော်ထိန်းတုကို ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာကို အလုပ်အပ်ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။ အိမ်တော်ထိန်းတု ပြောပုံအရတော့ လျိုတာ့ဖုန်က စီးပွားရေးလုပ်ငန်းကြောင့် အမြဲတမ်း ခရီးထွက်နေရတဲ့အတွက်၊ အခုတစ်လော အိမ်မှာလည်း ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေတဲ့အတွက် အသက်ကြီးပြီဖြစ်တဲ့ လျိုတာ့ဖုန်ရဲ့ အမေက သရဲခြောက်တယ်လို့ သံသယဖြစ်နေတယ်တဲ့။ လျိုတာ့ဖုန်က သရဲရှိတာကို မယုံပေမဲ့ အမေနဲ့ ဇနီးကို နှစ်သိမ့်ပေးဖို့အတွက် အိမ်ကို ကာကွယ်ဖို့ အမျိုးသမီးဆရာတစ်ယောက်ကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှန်ဖေးယန့်ကလည်း လက်ခံခဲ့ပါတယ်။ သူ လျိုအိမ်ကို မရောက်ခင်မှာပဲ ဝိညာဉ်လို ဝတ်စုံဖြူနဲ့ လူတစ်ယောက်က သူ့ကို အပိုတွေ ဝင်မပါဖို့ သတိပေးခဲ့ပါသတဲ့။ လျိုအိမ်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးက ဘာဖြစ်လိမ့်မလဲ…… ဝတ်စုံဖြူနဲ့လူကရော တကယ် သရဲလား။ သူကရော ဘာအတွက်ကြောင့် ဖေးယန့်ကို လိုက်နှောင့်ယှက်နေလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2007
Do the World Darts 3
Island of Time
9.4

Island of Time (2015) ********************* ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Oh Ji Hoနဲ့ True Beauty ထဲက မင်းသမီးလေး Moon Ga Young တို့ ပါဝင်ထားတဲ့ Island of Time ဆိုတဲ့ ရုပ်ရှင်ကား အဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇနီးနဲ့ သမီး သေဆုံးသွားပြီးတဲ့နောက်မှာ ဂျွန်းဟျော့ (Oh Ji Ho)ဟာ မွေးရပ်မြေ ဂျယ်ဂျူကျွန်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဂျယ်ဂျူကျွန်းက အိမ်အိုကြီးထဲမှာ သူတစ်ယောက်တည်း လာရောက်နေထိုင်ခဲ့ပြီး သတ်သေဖို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့ပါသေးတယ်။ ဒီအိမ်ကြီးကို ဂျွန်းဟျော့ ရောက်မလာခင် တခြားလူတွေလည်း ပြောင်းလာဖူးကြပေမဲ့ အကုန်လုံးက ထိတ်လန့်စရာ အဖြစ်အပျက်တွေကို ကြုံရပြီးတဲ့နောက်မှာ ဆက်မနေနိုင်ကြတော့ဘဲ အိမ်ကြီးကို စွန့်ခွာသွားကြပါတယ်။ ဒါပေမဲ့ ဂျွန်းဟျော့ကတော့ ဒီအိမ်ကြီးထဲက ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို သိလာရပြီးနောက်မှာ အတွေးတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။ အဲဒီ အိမ်ကြီးထဲက ထူးဆန်းတဲ့ အဖြစ်အပျက်က ဘာဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ကြည့်ရှူပေးကြပါဦးနော် .. အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ် File size…1.27GB / 456MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Mystery, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by AHtet

9.4 2015 105 mins
Island of Time
Angels of Sex El sexo de los ángeles
6.4

Angels of Sex (2012) Original title: El sexo de los ángeles IMDb Rating (6.4) *အဖော်အချွတ်အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုဖို့မသင့်တော်ပါ* အခုနောက်ပိုင်းခေတ်စားလာတဲ့ Throuple Relationship ကိုပုံဖော်တဲ့ဇာတ်ကားတစ်ကား (၂၀၁၀) အစောပိုင်းဆီက ထွက်ခဲ့ဖူးပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘရူနိုနဲ့ကာလာဆိုတဲ့ ကောလိပ်ကျောင်းသား စုံတွဲတစ်တွဲရှိပါတယ်။ သူတို့ဟာ ငယ်စဉ်ကတည်းကချစ်သူတွေဖြစ်ခဲ့ကြပေမယ့် ဘရူနို့ကိုတော့ ကာလာ့မိဘတွေက သိပ်ကြည့်မရပါဘူး။ တစ်နေ့တော့ ဘရူနိုဟာ ကာလာ့ဆီကိုလာရင်း လမ်းဘေးက Underground ကပွဲတစ်ခုကိုရပ်ငေးရင်း လုယက်ခံရရာကနေသူ့ကိုကူညီပေးတဲ့ ရိုင်း ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံပြီး သူကိုယ်တိုင်မသိခဲ့တဲ့ သူ့လိင်စိတ်တိမ်းညွတ်မှုရဲ့တစ်ခြားဘက်ကိုရှာတွေ့ခဲ့ပါတယ်။ ရိုင်းနဲ့အချစ်နယ်ကျွံမိသွားပေမယ့် ဘရူနိုဟာ ကာလာကို မစွန့်လွှတ်နိုင်ပြန်ပါဘူး။ ကာလာကိုယ်တိုင်ကလည်း အကြောင်းစုံသိသွားပေမယ့် နားလည်မှုပေးထားရာကနေ ဘရူနိုဟာ သူ့ချစ်သူနှစ်ယောက်ဖြစ်တဲ့ ရိုင်းနဲ့ ကာလာတို့ကို မိတ်ဖြစ်ဆွေဖြစ်စေ့စပ်ပေးရာကနေ သူတို့နှစ်ယောက်ကပါ မိတ်ဆွေအဖြစ်ထက်ပိုသွားတဲ့အခါမှာတော့..။ ထူးခြားဆန်းကြယ်တဲ့ အချစ်ကို ရိုးရှင်းစွာပေါ့ပေါ့ပါးပါးပုံဖော်ထားတဲ့ Rom/com ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါပေမယ့် ဥရောပကားပီပီ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ ခပ်များများပါဝင်ထားတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။) File size…(2.1 GB) / (1.1 GB) Quality….BLU-RAY 1080P HEVC / 720p Format…. mkv/mp4 Duration….01:43:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

6.4 2012
Angels of Sex El sexo de los ángeles
That Kind of Love
5.5

That Kind of Love (2024) တစ်ကယ်တော့ အချစ်ဆိုတာ ကိုယ်မြတ်နိုးတဲ့ လူတစ်ယောက်ကို ပျော်ရွှင်စေချင်တယ်၊ စိတ်ချမ်းသာစေချင်တယ် အဲ့ဒိအတွက်ကိုဘေးကနေဖြည့်ပေးနေရုံလေးနဲ့ တစ်ဖက်လူရဲ့ဘဝလေး ပျော်ရွှင်​နေတယ် ပြည့်စုံနေတယ်ဆိုရင်ကိုပဲ ဝမ်းသာပီတိဖြစ်ရတယ်ဆိုတာကို အချစ်စစ်တယ်လို့ခေါ်ပါတယ်.. **ဆရာမ ဂျူး** That Kind of Love ဟာဆိုရင် Director Catherine O. Camarillo ရိုက်ထားတဲ့ ဖိလစ်ပိုင် Romantic comedy ကားကောင်းတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အတွေအနေနဲ့ မင်းသမီး Barbie Forteza နဲ့ မင်းသား David Licauco တို့က ပါ၀င်အားဖြည့်ထားပါတယ်။ Mila (Barbie Forteza) ဆိုတဲ့ dating coach က Adam (David Licauco) ဆိုတဲ့ဘ၀င်ရူးပြီး အလုပ်များတဲ့ကောင်လေးကို ဖူးစာရှင်ရှာပေးရာကနေ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါခင်ဗျာ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wai Hylan ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….02:16:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wai Hlyan

5.5 2024
That Kind of Love
Chatrapathi
7.6

Chatrapati 2005 (ချတ်တရာပါတီ) ယခုတစ်ခါမှာတော့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ မင်းသား Prabhasနဲ့ Drishyam(လေးတန်းအောင်)ဇာတ်ကားထဲက ဇနီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Shriya Saranတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ရှီဗာဆိုတဲ့ကောင်လေးဟာ အမေရယ် သူ့ညီလေးရယ်နဲ့ သီရိလင်္ကာကမ်းခြေက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့သူပေါ့။ သူတို့ရွာလေးကို နယ်ခံတွေက သိမ်းပိုက်ချင်နေတာကြောင့် ခဏခဏ လာရောက်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ရွာလေးပါ။ ရှီဗာရဲ့ညီဖြစ်သူ အာရှုတ်ခ်ကလည်း ရှီဗာက သူ့အမေရဲ့ သားအရင်းမဟုတ်ဘဲ သူ့အမေယူလိုက်တဲ့ သူ့ပထွေးကပါလာတဲ့သားဖြစ်တာကြောင့် သူ့အမေက ရှီဗာကို ချစ်နေတဲ့အပေါ် မနာလိုအူတူနေတဲ့ကလေးလေးပါ။ ဒီလိုနဲ့ တစ်ရက်မှာ သူတို့ရွာလေးကို နယ်ခံတွေက လာရောက်သိမ်းပိုက်ခံလိုက်ရပြီး အကုန်လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်ကြတဲ့အချိန် ရှီဗာနဲ့ သူ့အမေရယ် သူ့ညီလေးရယ်နဲ့ လူစုကွဲသွားခဲ့ပါတော့တယ်။ ရှီဗာပါသွားတဲ့လှေထဲကလူတွေဟာ အိန္ဒိယဘက်ကိုရောက်လာပြီးတော့ ဘာဂျီရောင်ဝ်အုပ်ချုပ်တဲ့ တရားမဝင်လုပ်ငန်းလုပ်တဲ့နေရာတစ်ခုမှာ မတရားအလုပ်လုပ်ခိုင်းခြင်းကို ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ အသက်တွေကြီးလာတဲ့အချိန်မှာတော့ ရှီဗာဟာ ကျန်းမာသန်စွမ်းပြီးတော့ စွမ်းရည်အပြည့်နဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ရှီဗာတစ်ယောက် လူတွေကို ကူညီကယ်တင်ပေးရင်းနဲ့ ငယ်ငယ်က ကွဲကွာသွားတဲ့ သူ့အမေနဲ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့ …… ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Horror • Crime • Thriller • Drama • Fantasy
7.6 2003 158 mins
Chatrapathi
Faqiu-The Lost Legend
6

Faqiu-The lost legend (2022) ခွန်းလွန်တောင်ဆိုတာကတော့ ကောင်းကင်ဘုံက နတ်ဘုရားတွေကျင့်ကြံအားထုတ်တဲ့နေရာဖြစ်ပြီး သာမန်မျက်စိနဲ့မမြင်နိုင်ဘူးလို့ဆိုကြပါတယ်။ ခွန်းလွန်တောင်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ကျောရိုးဖြစ်ပြီး နတ်ဘုရားပေါင်းရာချီကနေတည်ဆောက်ထားတဲ့ ရတနာတိုက်ဖြစ်တယ်။ ရှေးဟောင်းအုတ်ဂူအမြောက်အများတည်ရှိနေတဲ့နေရာလည်းဖြစ်တယ်။ “တောင်တန်းတွေကြားမှာ အထွတ်အမြတ်ရတနာတွေကိုသိုဝှက်ထားတယ်၊ ကျောက်မင်ကလမ်းပြလိမ့်မယ်” လို့ထျန်းကွမ်းစာအုပ်ကဆိုပါတယ်။ ကျောက်မင်ဆိုတာဘာလဲ? ရှေးဟောင်းကြေးမုံတစ်ချပ်ဖြစ်ပြီး ရတနာတိုက်ရဲ့သော့ချက်လို့အများကသိထားကြတယ်။ ခွန်းလွန်ရဲ့ရတနာတိုက်ကို မတရားလောဘတက်သူ သင်္ချိုင်းဂူဖောက်သမားအများစုဟာလည်း ခွန်းလွန်အပြင်ကိုပြန်မရောက်နိုင်ဘဲ အထဲမှာပဲဇိဝိန်ချုပ်သွားခဲ့တယ်။ သားရဲတိရစ္ဆာန်တွေ ၊ အသူတရာနက်တဲ့ချောက်ကမ်းပါး၊ အလောင်းကောင်နဲ့အရိုးစုအမြောက်အများကြောင့် ခွန်းလွန်ပတ်ဝန်းကျင်ဟာ ကြောက်မက်ဖွယ်ကောင်းနေပါတော့တယ်။ ခွန်းလွန်ကိုသွားသူအကုန်လုံးဟာလည်းပြန်လမ်းမရှိပျောက်ဆုံးသွားကြတယ်။ ဒီလိုဒဏ္ဍာရီတွေနဲ့ကြောက်မက်ဖွယ်ကောင်းနေတဲ့ခွန်းလွန်ကို ကျန်းဝမ်ဖုန်းတစ်ယောက်သွားဖို့ဖြစ်လာတာကတော့ မိမိတိုင်းပြည်ရဲ့အမွေအနှစ်တွေကို တိုင်းတစ်ပါးသားလက်ဝါးကြီးအုပ်မှာကိုကာကွယ်ဖို့ရယ်၊ လွန်ခဲ့တဲ့ ၁၇နှစ်ကခွန်းလွန်ကိုသွားရင်းပျောက်ဆုံးသွားတဲ့အဖေဖြစ်သူရဲ့ အကြောင်းကို တူးဆွဖို့ရယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ခွန်းလွန်ကိုသွားတာသူတို့တစ်ဖွဲ့တည်းမဟုတ်ဘဲ တိုင်းတစ်ပါးကအဖွဲ့နဲ့ရင်ဆိုင်တွေ့မိကြတဲ့အခါ၊ အဲ့အဖွဲ့ခေါင်းဆောင်ဟာ လွန်ခဲ့တဲ့၁၇နှစ်က အဖေဖြစ်သူနဲ့အတူသွားခဲ့တဲ့လူရဲ့တပည့်ဖြစ်နေတဲ့အခါ… ခွန်းလွန်တောင်ရဲ့လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့အတူ ရတနာသိုက်ရှာပုံတော်အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

6 2022
Faqiu-The Lost Legend
Rooster Cogburn
6.8

ဒီတစ်ခါ ပရိသတ်တွေကို ခေတ်ဟောင်း ဂန္ထဝင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခေတ်ဟောင်းတုန်းက နာမည်ကြီးမင်းသား ဂျွန်ဝိန်း(John Wayne ) နဲ့ နာမည်ကြီး မင်းသမီး ကက်သရင်းဟက်ဘန်း( Kath -arine Hepburn) တို့ပါဝင်ထားတဲ့ ဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက စတူးဝပ် မီလာ(Stuart Miller )ပါ။ ဂျွန်ဝိန်းက ရူးစတာကော့ဗန်း ဇတ်ကောင် နဲ့ပဲ ၁၉၆၉ ကရိုက်တဲ့ True Grit မှာ အကောင်းဆုံး အမျိုးသားဇတ်ဆောင် အော်စကာဆုကိုရခဲ့ပါတယ်။ ဇတ်လမ်းအကျဥ်း ရူးစတာဂျေကော့ဗန်း(ဂျွန်ဝိန်း)ဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး တရားခံတွေကိုသွားဖမ်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး ရူးစတာက အကုန်ပစ်သတ်လိုက်လို့ အလွန်အကျွံအင်အားသုံးတယ် ဆိုပြီး အာကန်ဆောပြည်နယ် အနောက် ခရိုင်တရားရုံးတရားသူကြီးပတ်ကားကသူ့ရဲ့ရဲတံဆိပ်ကိုသိမ်းပြီးအနားပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမြင်းတပ်က သယ်လာတဲ့နိုက်ထရိုဂလစ်ဆရင်းဖောက်ခွဲရေးပစ္စည်းတွေကိုဟော့ခ်လို့ခေါ်တဲ့လူဆိုးနဲ့အဖွဲ့ကရဲကင်းထောက်ဘရီးဒ်ရဲ့အကူအညီနဲ့စစ်သားတွေကိုပစ်သတ်ပြီးလုသွားပါတယ် ။ ရည်ရွယ်ချက်က ဂိုလ်းစထရိုက်မြို့ကဘဏ် ကို လုယက်ဖို့ပါ။ အဲဒါနဲ့ တရားသူကြီးပါတ်ကားက ရူးစတာ ကိုလစာနှစ်ဆအပြင်အပိုဆုငွေနဲ့လာညှိတဲ့အတွက်ရူးစတာကဟော့ခ်ကိုအရှင်ဖမ်းပေးဖို့လက်ခံလိုက်ပါတယ်။ရာဇဝတ်သားကူ ဖမ်းမယ့်အဖွဲ့(ပေါ့ဆီအဖွဲ့)ပေးမယ်လို့လည်းပါတ်ကားကတိပေးပါတယ်။ ဟော့ခ်တို့လူသိုက်က ဖို့ဒ်ရူဘီဆိုတဲ့ နယ် သစ်အခြေချတွေနေတဲ့ရွာကိုရောက် လာပြီး ခရစ်ယာန်တရားဟောဆရာနဲ့ အင်ဒီးယန်းတွေကိုသတ်လိုက်ပါတယ်။ တရားဟောဆရာရဲ့သမီးမစ္စယူးလာဂွတ် နိုက်နဲ့(ကက်သရင်းဟက်ဘန်း)အင်ဒီးယန်းကောင်လေးဝံပုလွေတို့ကျန်ခဲ့ပြီးရူးစတာနဲ့တွေ့ပါတယ်။ရူးစတာကအမျိုးသမီးတစ်ယောက်တည်းနေဖို့မသင့်တော်ဘူးဆိုပြီး သူတို့နှစ်ယောက်ကိုခေါ်သွားပါတယ်။ သူ့အသိ ကုန်စုံဆိုင်မှာသူတို့နှစ်ယောက်ကို ရူးစတာကအပ်ခဲ့ပေမဲ့မစ္စယူးလာကလူဆိုး ဖမ်းတာမှာရူးစတာကိုကူညီဖို့နောက်က လိုက်လာလို့ရူးစတာကလက်မခံချင်ပဲလက်ခံလိုက်ရပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး သမ္မာကျမ်းစာ ကစာတွေကိုရွတ်ပြတတ်တဲ့ မစ္စယူးလာ နဲ့ ဖြစ်သလိုနေတတ်တဲ့လူကြမ်းကြီးရူးစတာတို့အဆင်ပြေပါ့မလားသူတို့နှစ်ယောက်ရဲ့အကျင့်စရိုက်ကဘယ်လိုရှိလဲလူဆိုးတွေအကြံအောင်မလားဘာတွေဆက်ဖြစ် မလဲဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါ တယ်။ ကြိုက်တဲ့အချက် Legend နှစ်ယောက်ရဲ့ သရုပ်ဆောင် တာနဲ့စကားပြောတာကိုကြိုက်ပါတယ်။ စကားအချီအချပြောတာစကားစစ်ထိုးတာတွေက ဇတ်ကောင်စရိုက်ကိုပေါ်လွင်စေ ပြီး ဆွဲဆောင်မှုရှိပါတယ်။ ကတ်သရင်း ဟက်ဘန်းကိုတော်တော် သဘောကျမိပါတယ်။ ရုပ်ရှင်ကို အမေရိကန်တောင်ပိုင်း အော်ရီဂွန်ပြည်နယ်မှာ ရိုက်ကူးထားပါ တယ်။ အော်ရီဂွန်ပြည်နယ်က တောင် တန်းတွေ မြစ်တွေရဲ့အလှကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်က ပေးတဲ့ message လေး ကိုကြိုက်ပါတယ်။ မိန်းမသားဖြစ်ပေမဲ့ စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘယ်အချိန်ဘာလုပ် ရမယ်ဆိုတာ ပင်ကိုယ်သိစိတ်နဲ့လုပ်တတ် သူနဲ့အပြင်ပန်းမှာပစ်စလက်ခတ်ဖြစ်နေပေမယ့်နှလုံးသားလှတဲ့သူတွေရဲ့အကြောင်းပါ။ “လူသည်မျိုးစေ့ကြဲသည့်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်” “ မြေကြီးက မြေကြီးသို့ ပြာက ပြာသို့ ဖုန်မှုန့်မှ ဖုန်မှုန့်သို့” “ဒီကမ္ဘာကိုကျွန်မတို့ဘာတစ်ခုမှယူမလာခဲ့ဘူး ပြီးရင်ဒီကမ္ဘာကနေကျွန်မတို့ဘာတစ်ခုမှယူမသွားနိုင်တာသေချာတယ်” ဟုတ်ပါတယ် အပေါ်ယံအကာတွေနဲ့ တုပြိုင်ပြီးလောဘဒေါသနဲ့ ဆူပွက်နေတဲ့ ကမ္ဘာကြီးမှာ သေခြင်းဆိုတာရှောင်လွှဲ လို့မရတောင် စစ်မှန်တဲ့ မေတ္တာတရား ရိုးသားဖြောင့်မတ်မှုနဲ့ လူပီသပြီးကိုယ့်သ မိုင်းကို ရေးထိုးနိုင်ဖို့ ကြိုးစားကြရမှာပါ။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Adventure, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khin Sakar Khin

Thriller
6.8 1975 108 mins
Rooster Cogburn