YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[CM]The.Love.In.Your.Eyes.2022.E98.720p.HDTV.mp4

295.29 MB N/A video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cosmopolis
5.7

IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်း‌ပေါင်းများစွာ‌သော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းက‌နေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွား‌ရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.7 GB)/(790 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Thriller • Western
5.7 2012 109 mins
Cosmopolis
The Invitation
6.3

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jessica M.Thompson ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် Nathalie Emmanuel, Thomas Doherty, Stephanie Corneliussen, Alan Boden, Hugh Skinner နဲ့ Sean Pertwee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားတစ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ဖြစ်သူ အီဗီ(Nathalie Emmanuel)ဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဖေရောအမေရောမရှိတော့ဘဲ တစ်ကောင်ကြွက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့အချိန်မှာ သူ့ရဲ့ဝမ်းကွဲတစ်ယောက်ဖြစ်သူ အော်လီဗာ(Hugh Skinner) နဲ့ Online မှာတွေ့ပြီး သူ့ရဲ့မျိုးရိုးနောက်ခံကို သိရဖို့ အင်္ဂလန်ကို လိုက်လာပါတော့တယ်။ အဲ့ဒီမှာနောက်မှာတော့ သူ့မိသားစုရဲ့နောက်ခံဇာတ်ကြောင်းတွေက ဘယ်လိုရှိမလဲ? ပြီးတော့ သူတို့မိသားစုရဲ့မိတ်ဆွေတွေဖြစ်တဲ့ တခြားမိသားစုတွေရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေလဲ? ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲအခန်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မဖွယ်မရာအခန်းတချို့ ပါဝင်တာကြောင့် Motion Picture က PG-13 သတ်မှတ်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။) File Size          : 1.8GB, 582MB, 294MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 45mins Genre              : Horror, Thriller Translated by APP Encoded by Kinnov

Drama • Romance
6.3 2022 105 mins
The Invitation
Triage

“It is only the dead who have seen the end of the war.” ဆိုသလိုပဲ လူတွေသေဆုံးသွားရင်တောင် စစ်ပွဲတွေကတော့ အမြဲတမ်းရှိနေမှာပါ။ စစ်ပွဲတွင်းကနေပြန်လာတဲ့သူတွေမှာ သာမန်လူတွေနဲ့မတူတဲ့စိတ်ဒဏ်ရာကြီးကြီးမားမားတွေရှိနေတတ်တယ်။ ထိရောက်တဲ့ကုထုံးတွေမှမကူရင် ဘယ်လိုမှနလံမထူနိုင်အောင် အချိန်စက်ဝန်းတစ်ခုတည်းမှာပဲပိတ်မိနေသလို လက်ကျန်ဘဝတစ်ခုလုံး နာကျင်နေရတတ်ပါတယ်။ ခွင့်လွှတ်မှုဆိုတာတခြားသူတွေဆီကရနိုင်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်၌မှာပဲ ကိုယ့်ကိုပြန်ပြီးခွင့်လွှတ်ပေးလို့ရတဲ့အရာမျိုးပါ စိတ်ရဲ့ပြဿနာတော်တော်များများက ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တာကနေစပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲတွင်းမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ဝင်ငွေရှာတဲ့ သဘာဝဓာတ်ပုံဆရာမာ့ခ်က ဒီတစ်ခေါက်မှာသူငယ်ချင်းဒေးဗစ်နဲ့အတူ စစ်ပွဲရှိရာKurdistanကို အလုပ်ခရီးထွက်ဖြစ်ခဲ့တယ်။ သူတို့စခန်းချတဲ့နေရာကတော့ Triageစနစ်ကျင့်သုံးတဲ့ စစ်လူနာကုသဆောင်မှာပေါ့။ တစ်နေ့မှာ မာ့ခ်က အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရတယ်။ သူကြုံခဲ့ရတဲ့အဖြစ်ဆိုးကို သူကိုယ်တိုင်ရော ရေရေရာရာသိမှာလား လက်ခံနိုင်စွမ်းရှိမှာလား စစ်ပွဲတွေနဲ့ထိတွေ့မှုမရှိတဲ့အပြင်ကမိသားစုဝင်တွေကရော မာ့ခ်ကိုကူညီပေးနိုင်မှာလား။ ဒီအဖြေတွေကို Triage 2009 movieမှာ ကြည့်ရှုလို့ရပါပြီ။ သဘာဝရုပ်ရှင်တွေကိုကြိုက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက်တော်တော်ကိုပြီးပြည့်စုံတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ File size…(1.8 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

War • Action • Adventure • Drama • Thriller
0 2009
Triage
Pain Hustlers
6.5

Pain Hustlers (2023) “ဆရာဝန်ဆိုတာလည်း လူတိုင်းလိုပဲ လောဘကြီးပြီး တဏှာရူးတာပါပဲ” တဲ့။ ဒီသဘောတရားကိုလက်ကိုင်ထားပြီး မီလီယံဖြစ်သွားခဲ့တဲ့ ဆေးကုမ္ပဏီတွေအကြောင်း ပြသထားတာပါ။ ဆေးကုမ္ပဏီတွေရဲ့အမြတ်ဟာ ဆေးတွေရောင်းရရင် အရမ်းကိုကြီးပါတယ်၊ ဝန်ထမ်းတွေအတွက်ကော်မရှင်ကလည်း အရမ်းကိုများပါတယ်။ ဒီတော့ ဆရာဝန်တွေ သူတို့ဆေးတွေကို ညွှန်းပေးဖို့ စည်းရုံးရပါတယ်။ အပြိုင်တွေများလွန်းတဲ့အခါ ရိုးရိုးစည်းရုံးရမဲ့အစား မက်လုံးပေးတာတွေ လာဘ်ထိုးတာတွေ မြူဆွယ်တာတွေ ပါလာပါတော့တယ်။တကယ်တော့ ဆရာဝန်တွေကို ဆေးညွှန်းပေးဖို့ လာဘ်ထိုးခွင့်မရှိပါဘူး။ လာဘ်ထိုးရင် အရေးယူခံရပါတယ်။ ဒါဆို လာဘ်မထိုးဘဲ ဆေးဝါးမိတ်ဆက်ပွဲတွေမှာ ရှင်းလင်းပြောကြားပေးဖို့ ဖိတ်ပြီး ဉာဏ်ပူဇော်ခပေးလိုက်ရင်ရော။ ဒီလိုပွဲတွေကို ရိုးရိုးမလုပ်ဘဲ ကမ်းခြေတွေ ဟိုတယ်တွေမှာ အစားကောင်းအသောက်ကောင်းတွေ၊ ဆော် ဘဲ အလန်းလေးတွေနဲ့ လုပ်ပေးလိုက်ရင်တော့ လာဘ်ထိုးတာမဟုတ်တော့ဘူးပေါ့။ ဒီနည်းနဲ့ မီလီယံနာဖြစ်လာတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့လက်ချက်ကြောင့် သူတို့ထုတ်တဲ့ ဘိန်းပါတဲ့ဆေးတွေစွဲပြီး ဆေးလွန်ပြီး လူသေမှုတွေအထိ ဖြစ်လာတဲ့အကြောင်းကို ပြသထားတာပါ။ ဒါဟာ အမေရိကန်ရဲ့ ဖြစ်ရပ်မှန် ဆေးဝါးလောက အရှုပ်တော်ပုံအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ခရစ်အီဗန် နဲ့ အမ်မလီဘလန့်တို့ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဘယ်ဖြစ်ရပ်မှန်လဲဆိုတော့ အမေရိကန်ရဲ့ ဘိန်းစွဲကပ်ဘေးလို့ခေါ်တဲ့ Opioid Crisis ကာလ (၁၉၉၉-၂၀၁၆) အတွင်းကို အခြေခံထားတာပါ။ လူပေါင်း ၄၅၀၀၀၀ လောက် ဘိန်းပါတဲ့ဆေးဝါးတွေကြောင့် သေဆုံးခဲ့ရတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာ လမ်းပေါ်က မူးယစ်ဆေးတွေအပြင် ဘိန်းပါတဲ့ဆေးတွေကို မဆင်မခြင်ညွှန်းခဲ့တဲ့ ဆရာဝန်တွေကြောင့်လည်းဖြစ်ခဲ့တာပါ။ အဲဒီအမှုအခင်းနောက်ပိုင်းမှာ ဆေးဝါးမသမာမှုတွေ အနည်းငယ်လျော့နည်းသွားပေမဲ့ သဘောတရားကတော့ ဒီနေ့ခေတ်အထိ တစ်ကမ္ဘာလုံးမှာ ပြန့်နှံနေတုန်းပါပဲ။ အခုချိန်ထိ ကမ္ဘာအနှံ့က ဆရာဝန်တွေဟာ ဆေးပေးဖို့ ရွေးချယ်တဲ့အခါ ဆေးဘရန်းပေါင်းများစွာထဲက သူတို့လက်စွဲဘရန်းတွေကိုပဲ သီးသီးသန့်သန့်ညွှန်းနေကြတတ်တုန်းပါပဲ။ အချို့ဆရာဝန်တွေဟာ ကျင့်ဝတ်အတိုင်း သင့်တော်တဲ့ ဆေးကိုရွေးပေမဲ့ အချို့ကတော့ အခွင့်အရေးပေးတာများတဲ့ ဈေးပိုကြီးတဲ့ဆေးတွေကိုပဲ လက်စွဲထားပြီး ညွှန်းနေကြတုန်းပါပဲ။ ဆရာဝန်တစ်ယောက်ဟာ Vitamin-C လို အားဆေးလေးကိုတောင် ဘရန်းတစ်ခုတည်းပဲ စွဲစွဲမြဲမြဲညွှန်းပေးရင် အားဆေးကုမ္ပဏီက နောက်ဆုံးပေါ် အိုင်ဖုန်းတွေ ထွက်တိုင်းလက်ဆောင်ပေးတဲ့အထိ စွမ်းပါတယ်။ အခြားဆေးတွေဆိုရင် တွေးကြည့်လို့ရမှာပါ။ ဆေးကုမ္ပဏီဝန်ထမ်းကို ငယ်ငယ်ချောချောလေးတွေ ရွေးခန့်တာကလည်း… (အရည်အချင်းနဲ့ သွက်သက်လက်လက်ရှိလို့ရွေးရင်းတိုက်ဆိုင်သွားတာ ပြောတာပါ)။ ဆိုတော့က ဒီရုပ်ရှင်ကိုတော့ Crime, Drama, Dark Comedy ကောင်းတစ်ခုပါလို့ပဲ ညွှန်းချင်ပါတယ်။ ကြည့်ရင်း တရားပေါက်လာဖို့ တင်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 875MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 2Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.5 2023
Pain Hustlers
Rosemary’s Baby
8

Rosemary’s Baby (1968) ~ IMDb – 8/10, Rotten Tomatoes – 96% ~ Rosemary’s Baby ဟာ သမိုင်းအင်မတန်ကြီးတဲ့ ဟော်ရာရုပ်ရှင်ပါ။ ရုပ်ရှင်ကိုယ်တိုင်ကိုကလည်း The Exorcist နဲ့ The Omen တို့လို စေတန်ယုံကြည်မှုနဲ့ဆက်စပ်နေတဲ့ ရုပ်ရှင်တွေရဲ့ မြစ်ဖျားဖြစ်ခဲ့သလို ဒီရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့လူအကုန်လုံးကလည်း သမိုင်းကြီးတဲ့လူတွေချည်းပါပဲ။ စာရေးဆရာက Ira Levin, ထုတ်လုပ်သူက ရောဘတ်အီဗန်၊ ဒါရိုက်တာက ရိုမန်ပိုလန်စကီး၊ မင်းသမီးက မီရာဖဲရိုး။ ဒါကိုမှ ရို့စ်မေရီဟာ ပါရာမောင့်ရဲ့ သမိုင်းဝင်ရုပ်ရှင်ဖြစ်ခဲ့သေး အော်စကာတွေလည်းရခဲ့သေးတော့ အဘက်ဘက်က သမိုင်းကြီးတယ်လို့ ပြောရမယ်။ ရို့စ်မေရီကို ၁၉၇၆မှာ ဘော့အီဗန်ဟာ Rosemary’s Baby ဝတ္တုကို ပုံမနှိပ်ခင်မှာတင် ကြိုဝယ် ရုပ်ရှင်ရိုက်ခဲ့ပြီး ၁၉၇၈မှာ ရုပ်ရှင်ကို ရုံတင်နိုင်ခဲ့တယ်။ စာအုပ်ကို ရုပ်ရှင်စရိုက်တဲ့အချိန်မှာ စာအုပ်ဟာ ဘတ်ဆဲလားမဖြစ်သေးဘဲ နောက်ပိုင်းမှဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပိုလန်ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ ပထမဆုံး အမေရိကန်ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ခဲ့တယ်။ ပိုလန်စကီးဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းကို သုံးပတ်အတွင်းအပြီးရေးခဲ့ပေမဲ့ အော်စကာဆန်ခါတင်ပါ ဝင်ခဲ့တယ်။ ရတော့မရခဲ့ပါဘူး။ အစကတော့ အဲဖရက်ဟစ်ကော့ကိုရိုက်ခိုင်းဖို့ ကြံခဲ့ကြတယ်လို့ဆိုတယ်။ ဘာပဲဖြစ်ဖြစ် ပိုလန်စကီးကလည်း ဂန္ထဝင်ကားတစ်ကားအဖြစ် အသက်သွင်းနိုင်ခဲ့တယ်။ ဘော့အီဗန်ကလည်း ပိုလန်စကီးကိုသဘောကျခဲ့ပြီး နောက်ပိုင်း Chinatown ရုပ်ရှင်ကိုလည်း ပိုလန်စကီးလက်ပဲအပ်ခဲ့တယ်။ အဲဒီကားလည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ်။ ပိုလန်စကီးဟာ နောက်ပိုင်းမှာ The Pianist လို အော်စကာအများကြီးရခဲ့တဲ့ ရုပ်ရှင်ကိုလည်း ရိုက်ခဲ့တယ်။ The Offer စီးရီးထဲက စကားအရဆို Rosemary’s Baby ဟာ ပါရာမောင့်အတွက် အဲဒီခေတ်မှာတင် ဝင်ငွေအရ ကုမ္ပဏီကိုကယ်တင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့သလို လက်ရှိမှာလည်း ပါရာမောင့်သမိုင်းရဲ့ဂန္ထဝင်တစ်ကားဖြစ်လာခဲ့တယ်။ One of the Greatest Horror Films of All Time လည်း ဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်နဲ့ပဲ အဘွားကြီးမင်နီနေရာက သရုပ်ဆောင်ခဲ့တဲ့ Ruth Gordon ဟာ ဇာတ်ပို့ဆု အကယ်ဒမီရခဲ့တယ်။ ဇာတ်လမ်းကတော့ အဆုံးထိ ဆွဲဆောင်မှုအားကောင်းတယ်။ ဖြဲခြောက်နေတာရော၊ မထိတထိခြောက်နေတာရော မပါသလောက်နဲ့ ဘယ်သူတွေ ဘာတွေဖြစ်နေလဲ တငွေ့ငွေ့ချင်း သရုပ်ဖော်သွားတဲ့ ဇာတ်မျိုးပေါ့။ ဖြစ်နိုင်ရင်တော့ ဘယ်လိုဇာတ်မျိုးလဲ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာကြည့်လိုက် ပိုအရသာတွေ့လိမ့်မယ်။ ရို့စ်မေရီနဲ့ သူ့ယောက်ျား ပြဇာတ်မင်းသားဟာ နာမည်ကျော်အိမ်ခန်းတွဲတစ်ခုမှာ တိုက်ခန်းတစ်ခန်းငှားကြတယ်။ အဲဒီအိမ်က ခေတ်အဆက်ဆက်က လူသားစားတဲ့လူတွေ စေတန်ကိုးကွယ်ခဲ့တဲ့သူတွေ နေခဲ့တယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့ သူတို့မိတ်ဆွေက ပြောပေမဲ့လည်း သူတို့ကတော့ အပြင်အဆင်လှတဲ့ အဲဒီအိမ်ကို မငြင်းနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အဲဒီအိမ်ကို ရို့စ်မေရီနဲ့ သူ့ယောက်ျားစရောက်လာခဲ့တယ်။ သူတို့ရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျောခင်းကပ်အခန်းက အဘိုးကြီးလင်မယားဆီနေနေတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်း ပြတင်းပေါက်ကနေ ခုန်ချသတ်သေသွားတယ်။ အဲဒီကောင်မလေးသေသွားတဲ့အကြောင်းနဲ့ ဆက်စပ်ပြီး သူတို့ဟာ အဲဒီအဘိုးကြီးလင်မယားနဲ့ ခင်လာခဲ့တယ်။ ဒီအချိန်မှာပဲ ရို့စ်မေရီက ကလေးရဖို့ကြိုးစားခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကိုယ်ဝန်ရတဲ့ညမှာ နတ်ဆိုးက သူ့ကို ဗလက္ကာရပြုကျင့်တယ်လို့ အိပ်မက်မက်ခဲ့တယ်။ ရို့စ်မေရီ စေတန်မုဒိန်းကျင့်တာခံခဲ့ရတဲ့ ဇာတ်ဝင်ခန်းဟာ The 100 Scariest Movie Moments မှာ နံပါတ် ၂၃ချိတ်ထားခဲ့တယ်။ ဒီနောက်ပိုင်း ကိုယ်ဝန်ဆောင်ကာလမှာလဲ ထူးထူးခြားခြား ကံကောင်းတာတွေဖြစ်လာခဲ့သလို သူ့ကိုယ်ဝန်က မူမမှန်နေတဲ့ အခြေအနေတွေကိုလည်း ကြုံလာရတယ်။ ဘာလို့ ဒီလိုတွေဖြစ်နေလဲ ရို့စ်မေရီတစ်ယောက် အဖြေရှာဖို့ ကြိုးစားတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.05GB, 1.2GB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 17Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Crime
8 1968 138 mins
Rosemary’s Baby
Basic Instinct [18+]
7

Basic Instinct (1992) IMDb Rating (7.0) ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်…ခင်ဗျားတို့လဲပါပါလိမ့်မယ်…မပူပါနဲ့…တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။ အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။ အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီး Sharon Stone နဲ့ Jeanne Tripplehorn တို့ရဲ့ အလှအပတွေကိုလည်း ခံစားနိုင်သေးတော့ ကြည့်ဖူးပြီးသားလူတွေလည်း ပြန်ကြည့်သင့်ကြောင်း ညွှန်းလိုက်ပါတယ်။ ရှရွန်စတုန်းကလဲ တကယ့်အဟော့ဆုံးအချိန်ဗျာ…ရိုက်ထားတာကလဲ အကုန်ရှင်းရှင်းလင်းလင်း…ဇာတ်လမ်းကလဲ ရမ္မက်တွေနဲ့ပြစ်မှုတွေအကြောင်းဆိုတော့ ဘာမှဖြတ်တောက်ထားခြင်းမရှိတဲ့ Unrated Version ကိုမှ ကာလာအစုံနဲ့အလန်းဆုံးကြည့်ရှုရမယ့် 4K HDR Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်။ မိသားစုနဲ့တော့ကြည့်ရှုလို့မရပါခင်ဗျာ။ 4K ဖိုင်ကို HDR Version နဲ့တင်ဆက်ထားတာကြောင့် မိမိကြည့်ရှုမယ့် Player မှာ HDR Setting တွေ On ထားပြီးကြည့်ရှုမှသာ ကာလာစုံမြင်ရမှာဖြစ်ပြီး 1080p/720p ကတော့ ရိုးရိုးတမ်းတမ်းကြည့်ရှုလို့ရပါတယ်။

Horror • Mystery
7 1992
Basic Instinct [18+]
The Hopewell Haunting

မနှစ်​က ထွက်ရှိ​ခဲ့တဲ့​ Horror / Thriller ဇာတ်ကား​တစ်​ကား​ဖြစ်​တဲ့ The​ Hopewell Haunting က တကယ့်​ဖြစ်​ရပ်မှန်ကို အခြေ​ခံထားတဲ့ ထိတ်​လန့်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ ဒဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ Dane Sear ရဲ့ အဘွား​ဖြစ်သူ​ကြုံတွေ့ခဲ့တဲ့ ၁၉၁၉ ခုနှစ်​က အဖြစ်အပျက်​တစ်ခုကို ပြန်လည်​ရိုက်ကူး​ထားတယ်လို့သိရပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Kentucky ပြည်နယ် Hopewell မြို့​လေးကို ပြောင်း​ရွှေ့​ရောက်​ရှိလာတဲ့ လင်မယား​နှစ်ယောက်​ အိမ်​တစ်အိမ်မှာနေထိုင်ရင်း ထူးဆန်း​တာတွေကြုံတွေ့လာတဲ့အခါ မြို့​လေးရဲ့ဘုရားကျောင်းက တရား​ဟော​ဆရာ​ဖြစ်သူ​ဂျိမ်း​ကို အကူအညီ​တောင်းပါတယ်။ ဂျိမ်း​လည်း​ အိမ်​ကိုလိုက်စစ်ဆေးရင်း အမျိုး​အမည်​မသိတဲ့ သဘာဝလွန်အရာတစ်ခုနဲ့ ရင်​ဆိုင်​နေရပြီဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ ဇာတ်လမ်း​က ဖြည်း​ဖြည်း​ချင်း​သွားတဲ့ Slow​-paced အမျိုး​အစား​ဖြစ်ပြီး Kentucky ပြည်နယ်​ရဲ့လူသိများတဲ့ သဘာဝလွန်ဖြစ်ရပ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဘတ်ဂျက်ဇာတ်ကားဖြစ်တဲ့အတွက် အများကြီးမ​မျှော်လင့်​ဖို့တော့ လိုပါ​တယ်။ File size…(1.6 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Thriller, Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2022
The Hopewell Haunting
Detective
5.7

Detective (1985) IMDb Rating (5.7) စုံထောက်ရုပ်ရှင်လို့ ပြောလိုက်ရင်တော့ လူအများက သဲထိပ်ရင်ဖိုဖြစ်ကြမယ်လို့ တော်တော်များများက တွေးထားကြတာများပါတယ်။ ဒါပေမဲ့ ဒီ ဇာတ်ကားဟောင်းတော့ ဒရာမာကို အသားပေးရိုက်ကူးထားတဲ့ ဟာသ မှုခင်ကားလို့ပြောလည်းမမှားပါဘူး။ ဇာတ်အိမ်ကိုတော့ လူသတ်မှုတစ်ခုဖြစ်သွားလို့ အလုပ်ထုတ်ခံလိုက်ရတဲ့ စုံထောက်နှစ်ယောက်က လူသတ်မှုကို ပြန်ပြီးစုံစမ်းစစ်ဆေးတာနေ အစပြုထားတာပါ။ တစ်ချိန်ထဲမှာလည်း အတွဲတစ်တွဲဟာ လက်ဝှေ့မန်နေဂျာတစ်ယောက်ကို သန်းနဲ့ချီငွေချေးပြီး ပြန်အကြွေတောင်းနေခန်း၊ ဒါ့အပြင် တစ်ချိန်ထဲမှာ မာဖီးယားကပါ ဟိုတယ်တစ်ခုထဲမှာပဲ လာဆုံပြီး သုံးတွဲပြိုင် အရှုပ်အရှင်းတွေ ရှာပုံတော်ထွက်ကြပုံကိုမြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Crime, Drama Duration….01:38:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

5.7 1985
Detective
Miss Agent 2
5.8

Miss Agent (2020) ရဲ့အဆက်ပဲဖြစ်ပါတယ် ပထမကားကိုဒီမှာရှာလို့ရပါတယ် ဒီတစ်ခါ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့မမက အာရှပစိဖိတ်ဒေသရဲ့ ငွေကြေးစနစ်ကို လုံးဝဖျက်ဆီးပစ်မယ့်ရန်ကနေပြီးတော့ လောကကြီးကိုကယ်တင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အတိတ်ရဲ့ဖြစ်ရပ်ဆိုးကြောင့် အထူးအေးဂျင့်ဖြစ်တဲ့မမက အလုပ်ကထွက်ပြီး သူ့ကိုချစ်တဲ့ယောင်္ကျားနဲ့အိမ်ထောင်ပြုပြီး သာမန်ဘဝလေးနဲ့နေထိုင်နေခဲ့တယ်။ ဖြစ်ချင်တော့ သူ့ယောင်္ကျားက AI နည်းပညာပညာရှင်ဖြစ်နေတဲ့အတွက် မသမာလူဆိုးဂိုဏ်းက ပြန်ပေးဆွဲတာကိုခံရတယ်။ ကမ္ဘာပေါ်မှာရှိသမျှဘဏ်တွေကနေပြီး ပိုက်ဆံတွေကိုလိုသလိုလုပ်နိုင်တဲ့ AI Program တစ်ခုရဲ့ချို့ယွင်းချက်ကို ပြင်ခိုင်းဖို့ပဲဖြစ်တယ်။ ပြန်ပေးဆွဲခံရတဲ့ယောင်္ကျားကိုကယ်ဖို့ တစ်ယောက်ထဲ ဥပဒေမဲ့တဲ့နယ်မြေမှာ စွန့်စားပြီးတော့ ကယ်တင်သွားမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

5.8 2024
Miss Agent 2
The Adventures of Rocky & Bullwinkle
4.3

The Adventures of Rocky & Bullwinkle (2000) IMDb Rating (4.3) / Rotten Tomatoes (42%) “The Adventures of Rocky & Bullwinkle” သည် ၁၉၆၀ ဝန်းကျင်က လူကြိုက်များခဲ့သော ကာတွန်းဇာတ်လမ်းအား အသက်သွင်းထားသော ရုပ်ရှင်ဖြစ်ပါသည်။ ဤရုပ်ရှင်တွင် အနေထားခက်ခဲသော ရော့ကီနှင့် ဘူးလင်ကယ်တို့သည် ကာတွန်းကမ္ဘာမှ လက်တွေ့ကမ္ဘာသို့ ရောက်ရှိလာကာ မိုးရွေး၊ ဘိုရစ်နှင့် နတ်တာရှာတို့၏ အမေရိကန်နိုင်ငံအား ထိန်းချုပ်ရန် ကြံစည်မှုကို တားဆီးရန် ရဲအရာရှိကလေးတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်ရသော ဇာတ်လမ်းဖြစ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N Ⓞ NE ဖြစ်ပါတယ်။) File size…(3 GB) / (1.2 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Adventure,Animation,Comedy,Family,fantasy Duration….01:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by N Ⓞ NE

Comedy • Crime • Thriller
4.3 2000 92 mins
The Adventures of Rocky & Bullwinkle
Robinhood
4.4

Robinhood (2025) ရော်ဘင်ဟုဒ် ရော်ဘင်ဟုဒ်ဆိုတာနဲ့ လူချမ်းသာတွေဆီက ခိုးယူ လုယက် ဖောက်ထွင်းလို့ မရှိဆင်းရဲသား‌တွေကို ထောက်ပံ့သူအနေနဲ့ မသိသူမရှိလောက်အောင် နာမည်ကြီးပါတယ် ဒီဇာတ်လမ်းလေးထဲမှာလည်း မိဘမဲ့ဂေဟာက ရမ်ဆိုတဲ့ကလေးလေးက လူချမ်းသာတွေဆီက လုယူလို့ သူတို့ဂေဟာကို ထောက်ပံ့ဖို့ အကြံရလာပါတယ် အဲဒီလိုကနေ တစ်စတစ်စနဲ့ တခြား မိဘမဲ့‌ဂေဟာတွေကိုပါ ထောက်ပံ့လာနိုင်ပါတယ် ကလေးဘဝငယ်ရွယ်စဉ်မှာ အဆင်ချောနေခဲ့ပေမဲ့ ကြီးပြင်းအရွယ်ရောက်လာလို့ အာဏာပိုင် အထက်လူကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံလာချိန်မှာတော့ သူ့ကိုသာမိသွားရင် မိဘမဲ့ကလေးတွေကို သူခိုးတွေအနေနဲ့ဆက်ဆံခံရမှာကို တွေးပူမိသွားတဲ့အတွက် ဒီလုပ်ရပ်ကနေ အနားယူလို့ ပုံမှန်အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် အဲဒီလိုနဲ့ လုံခြုံရေးအေဂျင်စီတစ်ခုမှာ အလုပ်လျှောက်ပါတော့တယ် နီရာဗာဆူဒေ့ဗ် ဆိုတာကတော့ ထိပ်တန်းဆေးဝါးကုမ္ပဏီပိုင်ရှင်ကြီး ဗာဆူ‌ဒေ့ဗ်ရဲ့ သမီးချောလေးပါ သူဘာလုပ်လုပ် သူ့အဖေနာမည်ကိုပဲ ယူကြပြီး သူ့ကိုအသိအမှတ်မပြုကြတာ‌မို့ သူ့အဖေအရိပ်အောက်ကနေ ထွက်ဖို့ စဉ်းစားမိပါတော့တယ် တစ်နေ့တော့ ရွာတစ်ရွာမှာ နိုင်ငံတကာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားလို့ တရားမဝင် ကုန်ကူးသန်းနေပါတယ်ဆိုတဲ့သတင်း ထွက်လာပါတယ် ဒီလိုနဲ့ပဲ လုံခြုံရေးတာဝန်ယူထားရတဲ့ ရမ်နဲ့ ဆေးဝါးအလုပ်နဲ့ဆက်စပ်နေသူ နီရာတို့ တွေ့ဆုံဖို့ဖြစ်လာပါတယ် ခေတ်သစ်ရော်ဘင်ဟုဒ်ကိုမှ မှုခင်း သည်းထိတ်ရင်ဖို အပြင်ကို ရယ်မောဖွယ်ရာဟာသလေးရောနှောထားတဲ့ ဒီဇာတ်လမ်း လေးမှာ ရော်ဘင်ဟုဒ်(ခေါ်) ရမ်ဆိုတဲ့သူရဲ့ ဘဝဇာတ်ကြောင်းနဲ့စိတ်ထားလေးကို တွေ့မြင်ရမှာမို့ ကြည့်ရှုခံစားပေးကြပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Alex~KKKZ~Zwe Yan~Cym~STAR တို့ပဲဖြစ်ပါတယ် )

4.4 2025 150 mins
Robinhood
Sabrina
7.6

ဆင်းရဲသားနဲ့ သူဌေးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းတို့ဘာတို့ဆိုတာကို ငယ်ငယ်တုန်းက ငှားကြည်ခဲ့ကြတဲ့အခွေတွေထဲမှာတော့ မကြာမကြာ ကြည့်ခဲ့ဖူးကြမှာပါ။ (၁၉၅၄)တုန်းက ထွက်ရှိခဲ့တဲ့အချစ်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ “Sabrina”ဆိုတဲ့ ဇာတ်ကားလေးမှာတော့ကျိကျိတက်ချမ်းသာကြွယ်ဝလှတဲ့ သူဌေးသားညီအစ်ကိုတို့နဲ့ သူတို့အိမ်က ဒရိုင်ဘာသမီး“ဆာဘရီနာ”တို့ကြားက အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုပုံတွေကို သဘောကျဖွယ် ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဆာဘရီနာကတော့ ညီဖြစ်သူဒေးဗစ်လာရာဘီးကို ငယ်စဥ်တောင်ကျေးကလေးဘဝကတည်းက တစ်ဖက်သတ်ချစ်မြတ်နိုးနေမိခဲ့တာပါ။ ဒါပေမယ့်လည်း မိန်းမလှလေးတွေ ဝိုင်းနေတဲ့ ဒေးဗစ်တစ်ယောက် သူ့အိမ်က ဒရိုင်ဘာသမီးကို ဘယ်မျက်စိကျပါ့မလဲ။ ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်တာမျိုးပေါ့။ အခုလိုမျိုး အဆင့်အတန်း အဘက်ဘက်က ကွာခြားလှတဲ့ အချစ်မျိုးကိုမမြင်ချင်တာကြောင့် ဆာဘရီနာအဖေက ဆာဘရီနာကို ပဲရစ်က အချက်အပြုတ်ကျောင်းကိုပို့လိုက်ပါလေရော။ ခက်တာက ပြန်ရောက်လာတဲ့အချိန် အလှကြီးလှလာတဲ့ ဆာဘရီနာကိုလေးဆက်မြောက်အိမ်ထောင်အတွက် စေ့စပ်ထားပြီဖြစ်တဲ့ ဒေးဗစ်တစ်ယောက်မျက်စိကျကာချစ်မိသလိုတွေ ဖြစ်ကုန်ပါတော့တယ်။ သံယောဇဥ်မပြတ်သေးတဲ့ ဆာဘရီနာကကော ဒီနွံကိုများဆက်တိုးမလား။ စီးပွားရေးကိုသာ ဇောက်ချလုပ်နေတဲ့ အစ်ကိုဖြစ်သူ လိုင်းနက်စ်ဟာလည်း ဒေးဗစ်လိုပဲဆာဘရီနာကို ရင်ခုန်မိသွားပါတော့တယ်။ နွံထဲပဲ ဆက်နစ်ကြမလား။ သုံးပွင့်ပဲ ဆိုင်မလား။ စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့ အဖြူအမည်းခေတ်က ရုပ်ရှင် “Sabrina”ကို ခံစားကြည့်ရှုရင်း အဖြေအတူတူ ရှာကြည့်လိုက်လို့ရပါပြီ။ File size… 3.4 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 53m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Family • Drama
7.6 1954 113 mins
Sabrina
Missing Child Videotape

“Missing Child Videotape” က ဒါရိုက်တာ Ryota Kondo ရဲ့ ပွဲဦးထွက် J-horror ရုပ်ရှင်ဖြစ်ပြီး Rairu Sugita၊ Amon Hirai နဲ့ Kokoro Morita တို့ သရုပ်ဆောင်ထားတယ်။ ဇာတ်လမ်းက Keita ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်း။ သူ့ညီလေး Hinata ပျောက်ဆုံးသွားတာ ၁၃ နှစ်ရှိပြီး အဲဒီဒဏ်ရာက သူ့ကို ခြောက်လှန့်နေဆဲပါ။ တစ်နေ့မှာ သူ့အမေဆီက ထူးဆန်းတဲ့ VHS တိတ်ခွေတစ်ခု ရောက်လာတယ်။ အဲဒီမှာ Hinata ပျောက်ဆုံးသွားတဲ့ အခိုက်အတန့်ကို ရိုက်ထားတာပါ။ Keita က သူ့သူငယ်ချင်း Tsukasa နဲ့ သတင်းထောက် Mikoto တို့နဲ့အတူ ညီလေးပျောက်ဆုံးခဲ့တဲ့ ထူးဆန်းတဲ့ တောင်တန်းထဲကို ပြန်သွားပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားတယ်။ ဒီရုပ်ရှင်က ခုန်ထွက်ခြောက်လှန့်တဲ့ ဇာတ်လမ်းမဟုတ်ဘဲ ဖြည်းဖြည်းချင်း ကြောက်စရာအငွေ့အသက်တွေ တည်ဆောက်ထားတာပါ။ VHS တိတ်ခွေရဲ့ ဝါးပြီး မထင်မရှားတဲ့ ပုံရိပ်တွေနဲ့ အသံဒီဇိုင်းက ထိတ်လန့်စရာ ပိုကောင်းတယ်။ ရုပ်ရှင်က ၁ နာရီ ၄၄ မိနစ်ကြာ၊ ဂျပန်ဘာသာနဲ့ ရိုက်ထားပြီး ဇွန်လ ၁၃၊ ၂၀၂၅ မှာ ဗီယက်နမ်မှာ ရုံတင်ခဲ့တယ်။ IMDb မှာ 5.7/10 ရထားပြီး Tokyo International Film Festival မှာ ပြသခဲ့ပါတယ်။ J-horror ကြိုက်သူတွေအတွက် မနှစ်မြို့စရာလည်း ဖြစ်နိုင်ပေမယ့် လေးနက်တဲ့ စိတ်ခံစားမှုနဲ့ ထိတ်လန့်မှုကို ပေါင်းစပ်ထားတဲ့ ကားကောင်းတစ်ကားပါ။ File size…(1.3 GB)/(915 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 2025 86 mins
Missing Child Videotape