YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]The.Love.In.Your.Eyes.2022.E85.720p.HDTV.mp4

243.52 MB N/A video/mp4 59 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I Am Not a Witch
6.8

ရွာတစ်ရွာကို ဆွေမရှိမျိုးမရှိ အမည်မသိ ကလေးမလေးတစ်ယောက် ရုတ်တရက် ရောက်လာပြီးနောက်ပိုင်း ရွာသားတွေရဲ့ အဆိုအရ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်...တဲ့။ အဲဒီ့ရွာဟာလည်း "စုန်းကဝေ" ဓလေ့ထွန်းကားတဲ့ရွာပီပီ ရွာသားတွေက ကလေးမလေးကို စုန်းမအဖြစ်သတ်မှတ်ပြီး ဒေသအာဏာပိုင်တွေဆီ ပို့လိုက်ကြပါတော့တယ်...။ ဒါဟာ ရုပ်ရှင်သမားတွေအခေါ်အရဆိုရင်တော့ ဇာတ်လမ်းရဲ့ 'အခင်း' ဖြစ်ပြီး 'အခက်'နဲ့ 'အဖြေ' ကတော့ ကိုယ်တိုင် ကြည့်ရှုနိုင်ကြဖို့ ဇာတ်လမ်းအကျဉ်းထဲ ထည့်မရေးတော့မယ့် ဇာတ်လမ်းထဲက ကလေးမလေးရဲ့ 'စုန်းမ' တစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့်ဘဝပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ဒါရိုက်တာဖြစ်တဲ့ Rungano Nyoni ဟာ ဇမ်ဘီယာနိုင်ငံရဲ့ စုန်းကဝေအတတ်ပညာပေါ် ယိုးစွပ်မှုတွေအပေါ် စိတ်ကူးစိတ်သန်းယူပြီး ဒီဇာတ်လမ်းကို ရေးသားရိုက်ကူးထားခဲ့တာမို့ ဒီကားထဲက စုန်းမဆိုတာဟာ လက်ရှိ ၂၁ရာစုရဲ့ မော်ဒန်အတွေးအခေါ်တွေထဲတောင် အမြစ်စွဲနေသေးတဲ့ ခေတ်ဟောင်းဓလေ့ရဲ့ သားကောင်ပဲဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဖို့အတွက် ဂါနာနိုင်ငံမှာရှိတဲ့ တကယ့် 'စုန်းစခန်း' တစ်ခုမှာနေရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေကိုလည်း လေ့လာခဲ့သေးတယ်ဆိုတော့ လက်မလွှတ်သင့်တဲ့ ၁နာရီခွဲပါပဲ။ ဒီကားဟာ Drama အမျိုးအစားထဲပါပေမယ့် မသိမသာ သရော်ထားတာတွေလည်း ပါတာမို့ ကြည့်တတ်ရင် Dark Humour ကိုပါ တွေ့နိုင်မှာပါ။ လိင်ခွဲခြားမှု၊ အယူသီးမှုတွေကို ကိုယ့်ကိုယ်ကိုယ်ရှာဖွေနေတဲ့ ကလေးမလေးကတစ်ဆင့် သဘာဝကျကျပုံဖော်သွားခဲ့တာမို့ ရုပ်ရှင်ဆုံးသွားတဲ့အခါ ဖဲကြိုးလေးတွေအကြောင်း ဆက်တွေးရင် တွေးမိနေဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.8 2017 93 mins
I Am Not a Witch
Cherry
6.3

စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦး ဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့ သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ American Comedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်း လို့တော့ မထင်လိုက်ပါနဲ့ ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်း လေးတစ်ကားပဲ ဖြစ်ပါတယ် ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန် တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့် တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါ လက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာ တစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီ သင်တန်းကို သွားတက်ပါတော့တယ် သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအား မြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါ တော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ် သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာ အယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ် တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကို တစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက် သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာ ဗျာများရင်း... ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာ... စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre .....Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Poebe

Action • Drama • Thriller
6.3 2010 99 mins
Cherry
The Mad Women's Ball
7.1

IMDb Rating - 6.6/10 လူတွေက လူတစ်ယောက်ရူးခြင်းမရူးခြင်းကို ဘယ်လိုစံနှုန်းတွေနဲ့သတ်မှတ် နေကြတာလဲ။ ဘုရားသခင်ကိုမြင်နေပြောနေရတယ်လို့ပြောတဲ့ လူတစ်ယောက် ကိုကျ လူတွေကအရူးလို့မသတ်မှတ်ဘဲ သရဲဝိဉာဉ်တွေကိုမြင်ရပြောနေရတယ်လို့ ပြောတဲ့လူကိုကျ အရူးတစ်ယောက်လို သတ်မှတ်နေကြတာလဲ။ ပြီးတော့ လူတစ် ယောက်ကရူးသွပ်သွားရင် လူမဟုတ်တော့ဘူးလား။ တိရိစ္ဆာန်တွေထက်ကိုဆိုးဝါးတဲ့ နည်းတွေနဲ့ ဆက်ဆံခွင့်ရှိနေသလား။ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်း အတွက်အမှိုက်လား ကြိုက်သလိုလုပ်ခွင့်ရှိတဲ့အစမ်းသပ်ခံလား။ သေချာတာကတော့ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်းကိုဘာဒုက္ခမှ မပေးတာပါပဲ။ စံနှုန်းတွေလက်ဝယ်ပိုက်ပြီး လူကြီးလူကောင်းဂိုက်နဲ့နေနေတဲ့လူတချို့ ကသာ လူ့အဖွဲ့အစည်းအတွက်အမှိုက်လိုလူတွေ လူအဖွဲ့အစည်းကိုဒုက္ခပေးပြီး သူတို့ စိတ်ပျော်ရွှင်ရာအတိုင်းလုပ်ဆောင်နေကြတဲ့လူတွေပါ။ ဒီကားလေးထဲမှာ ဝိဉာဉ်တွေကို မြင်ရလို့ အရူးလို့သတ်မှတ်ခံရပြီး စိတ္တဇဆေးရုံကိုအပို့ခံခဲ့ရတဲ့ ယူဂျင်းကလဲရ်၊၊ စိတ္တဇဆေးရုံမှာ လူကြီးလူကောင်းတချို့ရဲ့ အစမ်းသပ်ခံအရုပ်လေးတွေလို စိတ်ဖြေရာ အရုပ်လေးတွေလိုပြုသမျှနုနေကြရတဲ့ အရူးလို့သတ်မှတ်ခံအမျိုးသမီးလေးတွေရဲ့ဘဝကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (2.73 GB) / (663 MB) / (406 MB) Quality – Web-DL 1080p / 720p/480p Duration - 2h 02mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – Chit Tee Encoder – SWM

Drama
7.1 2021 122 mins
The Mad Women's Ball
Wedding Dress

Wedding Dress (2022) ဂျိုအန်က မင်္ဂလာဝတ်စုံတွေရောင်းတဲ့ဆိုင်က ဒီဇိုင်နာလက်ထောက်တစ်ယောက်ပါ။ သူ့မှာ ကာလာလို့ခေါ်တဲ့ သမီးငယ်လေးတစ်ယောက်ရှိပြီး ယောက်ျားကဆုံးပါးသွားပြီဖြစ်တဲ့ တစ်ကိုယ်ရည်မိခင်တစ်ယောက်ပါ။ သူ့ယောက်ျားက သူတို့မင်္ဂလာနှစ်ပတ်လည် ၁၀နှစ်မြောက်ကျရင် Wedding Dress လေးရစေရမယ်လို့ ကတိပေးခဲ့တာကြောင့် ဒီအိပ်မက်လေးကိုလည်း ဆက်ပြီးဖက်တွယ်ထားဆဲပါ။ သူ့မှာဒီဇိုင်းလုပ်လက်စ မင်္ဂလာဝတ်စုံဂါဝန်လေးလည်းရှိနေပါတယ်။ အမေတစ်ခု သမီးတစ်ခုဘဝမို့ စားဝတ်နေရေးအတွက် အလုပ်အမြဲလုပ်နေရပါတယ်။ ဒါပေမဲ့ သမီးလေးကို အရမ်းချစ်ပြီး သမီးအတွက် လိုလေးသေးမရှိ ထားချင်တဲ့ အရာရာမြှုပ်နှံထားတဲ့မိခင်မျိုးပါ။ ဒီလိုကြိုးစားနေတဲ့ ဂျိုအန်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းကတော့ ဂျိုအန်မှာ ကင်ဆာရှိနေပြီဖြစ်လို့ပါပဲ။ သူက ကင်ဆာဆေးတွေသွင်းပြီးလူမမာအဖြစ်နဲ့ ထွက်ခွာမသွားချင်တာကြောင့် ဆေးမကုဘဲနေဖို့ဆုံးဖြတ်ထားပါတယ်။ ဒါ့ကြောင့် သူမသွားရခင်မှာ သမီးလေးအပေါ် သူလစ်ဟင်းခဲ့တဲ့မိခင်တာဝန်တွေကိုလုပ်ဖို့ အလုပ်ကနေခွင့်ယူပြီး ဟင်းချက်ပေးတာကစလို့ သမီး‌‌လေး သူငယ်ချင်းတွေပိုရအောင် မောင်နှမဝမ်းကွဲတွေနဲ့တည့်အောင် ဘဲလေးအကမယ်ပြိုင်ပွဲဝင်ဖြစ်အောင် ကြိုးစားပါတော့တယ်။ မိခင်မေတ္တာနဲ့ သားအမိသံယောဇဉ်ပေါ်လွင်ပြီး ကြည့်ရှုသူတွေကို နွေးထွေးမှုနဲ့ ဝမ်းနည်းမှုတွေတပြိုင်တည်းဖြစ်စေတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ စိတ်ခံစားလွယ်တဲ့သူတွေအတွက်ကတော့ တော်တော်လေးမျက်ရည်ကျရမယ့် ရုပ်ရှင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 554MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Comedy • Drama
0 2022
Wedding Dress
Take Care of My Cat
7.1

Take Care of My Cat (2001) သူငယ်ချင်းငါးယောက်ဖြစ်တဲ့ ဟယ်ဂျူး၊ ထယ်ဟီး ၊ ဂျီယောင်း၊ ဘီရူးနဲ့ အွန်ဂျိုးတို့ဟာ အင်ချွန်းဆိုတဲ့ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းမှာတည်းက ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အထက်တန်းပြီးလို့ တစ်နှစ်ကြာတဲ့အခါ တစ်ယောက်တစ်လမ်းစီ လျှောက်ကြရပါတယ်။ မိသားစုအလုပ်ကိုလုပ်သူကလုပ် ကုမ္ပဏီမှာလုပ်သူကလုပ် လမ်းဘေးမှာ လက်ဝတ်ရတနာလေးတွေ ရောင်းသူကရောင်း အလုပ်မရှိလို့ အလုပ်ရှာသူကရှာပြီး ဘဝကြီးကိုလျှောက်လမ်းကြပါတယ်။ အဲ့ဒီလို ဘဝရဲ့တာဝန်တွေကို ခက်ခက်ခဲခဲလျှောက်လှမ်းကြရင်း တစ်ယောက်နဲ့တစ်ယောက် ပုံမှန်တွေ့ဖြစ်အောင်လည်း ကြိုးစားကြပေမယ့် ဘဝကြီးထဲရောက်တဲ့အခါ ကျောင်းတုန်းကဘယ်လောက်ပဲ ခင်ခဲ့ပါစေ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းကွဲပြားလာကြပါတယ်။ ဒီသူငယ်ချင်းတွေရဲ့ အခက်အခဲတွေ အမြင်တွေနဲ့ ကိုယ့်ဘဝကိုယ် ဘယ်လိုရုန်းကန်ကြရပုံတွေကို ကြည့်ရှုခံစားရင်းကျောင်းတုန်းကသူငယ်ချင်းတွေကိုလည်း အမှတ်ရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ APPပါ။) File Size : 2.8GB, 1.1GB, 578MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr 52mins Genre : Drama Translated by APP Encoded by Kinnov

Drama • Comedy
7.1 2001
Take Care of My Cat
Rebel Without a Cause
7.6

IMDb Rating (7.3) / Rotten Tomatoes (93%) James Dean ကို နှုတ်ခမ်းကြား ဆေးလိပ်ညှပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်လေးအဖြစ် ပိုစတာပုံလေးတွေလောက်တော့ မြင်ဖူးကြမှာပါ…. သူဟာ လူငယ်ပရိတ်သတ်တွေရဲ့ Icon အဖြစ် ၁၉၅၅ ခုနှစ်ဝန်းကျင်က ဟောလိဝုဒ်မှာ တဟုန်ထိုးအောင်မြင်ခဲ့ပြီး အသက် ၂၄ နှစ်အရွယ်မှာပဲ ယာဉ်မတော်တဆမှုနဲ့သေဆုံးခဲ့ရတဲ့ လူတိုင်းကနှမြောရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်… ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူ့ဘဝသက်တမ်းတိုတိုလေးမှာ ရုပ်ရှင်ကားကြီး ၃ ကားသာ ရိုက်ကူးခဲ့ရပြီး Rebel Without a Cause (1955) ကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးဇာတ်ကား East of Eden (1955) ကိုတော့ တင်ဆက်ပြီးသားဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးဇာတ်ကား Gaint (1956) ကိုတော့ အခွင့်ကြုံရင် တင်ဆက်ပါဦးမယ်။ ယခုဇာတ်လမ်းလေးမှာလဲ ဆယ်ကျော်သက် ခေတ်လူငယ်တွေ ကြုံရလေ့ရှိတဲ့ စိတ်ခံစားချက်တွေ ပြဿနာတွေကို ကွင်းကွင်းကွက်ကွက် ပုံဖော်ရိုက်ကူးထားတယ် ဇာတ်လမ်းကတော့… အချိန်တိုင်း တကျက်ကျက် စကားများနေကြတဲ့ မိဘ… တစ်ခုခုဆို ပြဿနာကိုရှောင်ပြေးပြီး အိမ်ခဏခဏပြောင်းတဲ့ အမေနဲ့ မယားကြောက်အဖေကို အားမလိုအားမရဖြစ်နေတဲ့ ဂျင်မ်… အပျိုဖော်ဖြစ်လာတော့ အရင်လို ကြင်ကြင်နာနာ မဆက်ဆံတော့တဲ့ အဖေရဲ့အာရုံစိုက်မှုကို သိပ်လိုချင်ရှာတဲ့ ဂျူဒီ… ကလေးဘဝကတည်းက အဖေ စွန့်ပစ်တာ ခံရပြီး အမေရဲ့ ဂရုစိုက်ခြင်းကို လုံးဝမခံရ အိမ်ဖော်မိန်းမကြီးနဲ့ပဲ အတူနေရတဲ့ ပလေတို… သူတို့ ၃ယောက်လုံးဟာ ပြဿနာကိုယ်စီနဲ့ ရဲစခန်းတစ်ခုမှ စဆုံမိကြတယ် နောက်နေ့ ကျောင်းစဖွင့်ချိန်မှာလည်း တစ်ကျောင်းတည်း အတူတက်ရပြန်တယ် ပလေတိုဟာ ဂျင်မ်နဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားသလို ဂျင်မ်ကလည်း ဂျူဒီကို စိတ်ဝင်စားနေပြန်တယ်… ဂျင်မ်နဲ့ ဂျူဒီ စကားစမြည်ပြောရင်း သူမဟာ သူငယ်ချင်းအုပ်စုလို့ခေါ်တဲ့ အပေအတေ လူငယ်လေးတွေနဲ့ပဲ အချိန်ဖြုန်းလေ့ရှိတယ် သူတို့အုပ်စုနဲ့ ဂျင်မ်နဲ့ ညှိသွားကြချိန်မှာတော့ ကံကြမ္မာ အပြောင်းအလဲ တစ်ခုနဲ့ သူတို့ ၃ယောက်ကြား ဘာတွေဆက်ဖြစ်မယ်ဆိုတာ…..။ James Dean ရဲ့ ငယ်မူငယ်သွေးအပြည့်အဝနဲ့ ထီမထင် ခပ်ရွဲ့ရွဲ့ လူငယ်စတိုင်ကို သတိတရပြန်လည်မြည်းစမ်းကြပါဦးလို့။ (4K Quality ကို HDR version နဲ့တင်ဆက်ထားတာမလို့ HDR ကြည့်ရှုနိုင်တဲ့ VLC ကဲ့သို့ player များနဲ့ကြည့်မှသာ ကာလာစုံဖြစ်ရမှာဖြစ်ပြီး 1080p နဲ့ 720p ကိုတော့ ဘာနဲ့ကြည့်ကြည့်အဆင်ပြေမှာဖြစ်ပါတယ်။)

7.6 1955 111 mins
Rebel Without a Cause
Alibi.com 2
6.5

Alibi.com ဆိုတာဘာလဲသိပါသလား။Alibi.com ဆိုတာ သင့်ရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုပါ။ ကိုယ့်မှာဘယ်လိုပြဿနာမျိုးတွေရှိရှိ အလီဘိုင် အတုလုပ်ပြီး လိမ်ညာပေးပြီးတော့ အကုန်လုံးကိုဖြေရှင်းပေးနိုင်ပါတယ်။ အဲ့ဒီ အလီဘိုင်ကုမ္ပဏီရဲ့ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၇ မှာထွက်ရှိခဲ့ပြီး အခု ၂၀၁၃ မှာတော့ဒုတိယမြောက်ကားထွက်လာခဲ့ပါပြီ။ ပထမကားကတည်းကဝက်ဝက်ကွဲရယ်ရလို့ Rating ကောင်းကောင်းနဲ့ အားပေးမှုတွေအများကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အခုဒုတိယမြောက်ကားမှာလည်း IMDb Rating 6.5 နဲ့ပွဲထွက်လာပြီး အရင်ဇာတ်ရှိန်ကိုမကျအောင်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဒုတိယကားလေးမှာတော့ Alibi.com ကြောင့်ရည်းစားဖြစ်သူနဲ့ ဆက်ဆံရေးပြတ်ဆဲတော့မလိုဖြစ်သွားခဲ့တဲ့ တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရက်ကကုမ္ပဏီကိုပိတ်သိမ်းပြီးတော့ ချစ်ရသူနဲ့ပဲအတူတူနေနေပါတော့တယ်။ဒါပေမယ့် သူတို့နှစ်ယောက်လက်ထပ် တော့မဲ့အခါမှာတော့ အလီဘိုင်မဖြစ်မနေလုပ်ရမဲ့ ကိစ္စတွေပေါ်ပေါက်လာပြီး အရင်လိုအလီဘိုင်တွေ ပြန်လုပ်တဲ့အခါမှာတော့ဘယ်လိုအခွီတွေထပ်တွေ့ရဦးမလဲ ဆိုတာတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ Recommend ပေးလိုက်ပါတယ်။ File size…1.73GB / 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 88 mins
Alibi.com 2
The 400 Blows
8.1

The 400 Blows (1959) ~ IMDb – 8.1/10, Rotten Tomatoes – 99% ~ ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။ François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ပြင်သစ်နယူးဝေ့ရဲ့ အထင်ရှားဆုံး ရုပ်ရှင်တွေထဲလည်းပါခဲ့တယ်။ ဒီလိုဆိုလို့ ခမ်းနားကြီးကျယ်မှုတွေ၊ ရှေးက ဇာတ်လမ်းကောင်းကြီးတွေလို အင်မတန်ခိုင်မာတဲ့ဇာတ်အိမ်ထဲ အံဝင်ခွင်ကျထည့်ထားတဲ့ ဇာတ်ကောင်တွေ‌တော့ မြင်ရမှာတော့မဟုတ်ဘူး။ ပြင်သစ်နယူးဝေ့ဟာ ရုပ်ရှင်ကို ပိုပြီးလက်တွေ့ကျပြီး မျက်မှောက်ခေတ်ကို ထင်ဟပ်တဲ့ အရွေ့တစ်ခုကို ဦးတည်သွားခဲ့သလို The 400 Blows (1959) ကလည်း နယူးဝေ့ရဲ့အဓိကကျတဲ့ရုပ်ရှင်ဖြစ်ခဲ့တာနဲ့အညီ ဒီဂုဏ်သတ္တိတွေ အကုန်ရှိနေခဲ့တယ်။ One of the Best Films Ever Made စာရင်းထဲလည်း အခုထိဝင်နေတုန်းပဲ။ ဒီရုပ်ရှင်ရဲ့ဇာတ်ဟာ Truffaut ရဲ့ငယ်ဘဝကို ထင်ဟပ်နေခဲ့သလို အဲဒီခေတ်ကာလ ပြင်သစ်လူငယ်ထိန်းသိမ်းရေးစခန်းတွေရဲ့ မတရားမှုတွေ၊ လူငယ်တွေရဲ့ မတရားခံရမှုတွေကို ထင်ဟပ်နေခဲ့တယ်လို့လည်းဆိုတယ်။ ရုပ်ရှင်ထဲက ကောင်လေးဟာ အိမ်မှာ သူ့အိမ်ကို မတွေ့ခဲ့ဘဲ ရုပ်ရှင်ရုံမှာ သူ့အိမ်ကိုတွေ့ခဲ့သလို Truffaut ကိုယ်တိုင်လည်း အလားတူပဲ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ The 400 Blows ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုရခဲ့ဖူးသလို အော်စကာမှာလည်း ဆန်ခါတင်ဝင်ဖူးတယ်။ ပြောသာပြောရတာ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ကားတစ်ကားကို ဘယ်သူမှလည်း ဒါတွေနဲ့တိုင်းပြီး ကြည့်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းကတော့ စာသင်ခန်းထဲမှာရော မိဘတွေနဲ့ရော အဆင်မပြေတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ။ အဲဒီကောင်လေးဟာ မကောင်းဘူး။ အလိမ်တွေပဲပြောတတ်တယ်။ ဒါပေမဲ့ သူအမှန်ပြောရင်လည်း ဘယ်သူမှမယုံကြဘူး။ အဲဒီကောင်လေးဟာ စာမရဘူး။ ဒါပေမဲ့ သူ့ကိုယ်ပိုင်အက်ဆေးတစ်ပုဒ်ကို ရေးပြလိုက်တဲ့အခါလည်း ကူးချတာလို့ပဲ သတ်မှတ်ခံခဲ့ရတယ်။ ဒီလိုအဆိုးတွေထဲကနေ အဆိုးထဲကို ထပ်တွန်းပို့ခံရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို လူကြီးတွေရဲ့ မတရားမှုတွေ၊ နားမလည်မှုတွေ၊ လူငယ်တွေရဲ့ ပုန်ကန်ချင်စိတ်တွေနဲ့ ယှဉ်တွဲပြထားတဲ့ဇာတ်လမ်းပါပဲ။ ဒီရုပ်ရှင်ထဲက ကောင်လေးနဲ့ သူ့အိမ်ရဲ့ဆက်ဆံရေးဟာ တစ်ခါတစ်ခါမှာ သာဓုရဲ့ “အတာ” ကို ပြေးပြေးမြင်မိစေတဲ့ အခြေအနေတွေရှိတယ်။ အရသာကလည်း အဲဒီအရသာနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ မသကာ ကြည့်ချင်စိတ်ပေါ်အောင် ပြောရရင်တော့ သာဓုရဲ့ “အတာ”ကို ကြိုက်တဲ့လူတွေ ဒါကိုလည်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.4GB Quality – BluRay 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 39Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.1 1959
The 400 Blows
The Shaukeens
4.8

The Shaukeens (2014) “ခြောက်ဆယ်ကျော်အချစ်” IMDb – 4.8/10 ၁၉၈၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Shaukeenကို ပြန်လည်ဆန်းသစ်ထားတဲ့ ၂၀၁၄ထွက် ဟိန္ဒူရုပ်ရှင်အဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီးအက်ရှေးကူးမားနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ဇာတ်ပို့နေရာကတွေ့ရတတ်တဲ့အဘိုးကြီးသုံးယောက်အဓိကပါဝင်ထားကြပါတယ်။ လာလီ၊ ကေဒီနဲ့ ပင်ကီဆိုတဲ့ ခြောက်ဆယ်ကျော်အဘိုးကြီးသုံးယောက်။ ရတာမလို လိုတာမရနဲ့ ဘ၀မှာ အထီးကျန်နေကြပြီး အသက်ကြီးပေမဲ့ မပျက်စီးချင်ကြသေးဘဲ ရင်ခုန်သံတွေပျိုမြစ်လတ်ဆတ်နေတုန်းအချိန်။ သုံးယောက်တည်းမှာ လူပျိုကြီးဘ၀နဲ့ ဖြတ်သန်းလာခဲ့ရသူ ကေဒီက အချမ်းသာဆုံးနဲ့ တအားပွေးချင်တဲ့သူ။ သူငယ်ချင်း လာလီနဲ့ပင်ကီကိုမြှောက်ပေးပြီး သူ့အပန်းဖြေအိမ်မှာ စကီလေးတွေခေါ်ပြီးပျော်ပါးဖို့ ကြိုးစားရာကစ သူတို့တွေစွဲလန်းမိသွားတာ အဟာနာဆိုတဲ့ အမျိုးသမီးလေး။ အဟာနာက ဆိုရှယ်မီဒီယာကို တအားစွဲလန်းနေတဲ့သူတစ်ယောက်။ ဒီမှာပဲ အက်ရှေးရဲ့ဖန်ဖြစ်တဲ့ အဟာနာကို အက်ရှေးနဲ့တွေ့ပေးဖို့အရေး အဘိုးကြီးသုံးယောက်ကြိုးစားရာကစဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

4.8 2014
The Shaukeens
Greedy People

ပင်လယ်ကမ်းစပ်မြို့လေးကို တာဝန်ကြောင့် ပြောင်းရွှေ့လာခဲ့တဲ့ ဝေလ်နဲ့ သူ့ဇနီးပေ့ဂျ်တို့၊ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်အစပြုချင်တဲ့အတွက်ကြောင့် ဒီမြို့လေးကို တစ်ခါတည်းပြောင်းရွှေ့လာကြတဲ့သူတွေဖြစ်ပါတယ်။ လူသစ်,စိတ်သစ်,နေရာသစ်,အလုပ်သစ်မှာနေထိုင်ရင်း ဝေလ်ဟာ အလုပ်စဝင်တဲ့ပထမဆုံးရက်မှာပဲ တိုင်ကြားချက်တစ်ခုကို ဖြေရှင်းဖို့သွားရင်းနဲ့ မတော်တဆဖြစ်ကာ လူသတ်မိသွားပါတော့တယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝေလ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တယ်ရီတို့ဟာ အိမ်ထဲမှာ ဒေါ်လာ၁သန်းငွေသားတွေအပြည့်ထည့်ထားတဲ့ ခြင်းတစ်ခုကို တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ပိုက်ဆံကိုမြင်ပြီးနောက် လောဘစိတ်ရယ်, လူသတ်မှုကို အမှုမပတ်ဖို့အတွက် နှစ်ယောက်သား အကြံထုတ်ရင်း ဒေါ်လာတစ်သန်းကို ခွဲယူကြပြီး ဒီလူသတ်မှုကိုတော့ တခြားတစ်ယောက်က သတ်တဲ့ပုံစံနဲ့ထားခဲ့မယ်ဆိုပြီး လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ဒီအမှုကိစ္စကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ရှိနေဦးမလဲ …….. လောဘကြောင့်နဲ့ ဝေလ်တို့ ဘယ်လိုကိစ္စတွေ ကြုံတွေလာရဦးမလဲ….. ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.6 GB)/(854 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Greedy People
Gaganachari
7.4

Gaganchari (2024)”အာကာသခရီးသည်” =============================== အိန္ဒိယ ရုပ်ရှင်လောကထဲမှာ ဇာတ်လမ်းကောင်းတွေ အထွက်များတဲ့ Mollywood ကနေ အသစ်ထွက်လာတဲ့ IMDb 7.5/10 ရ ဒက်စတိုးပီးယန်းဆန်ဆန် ဇာတ်အိမ်ဆန်းဆန်းရုပ်ရှင်သစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဝာတိယဂာမ္ဘာစစ်ဖြစ်ပြီးချိန် ကမ္ဘာပျက်ကပ်အလွန် ၂၀၄၀ ခုနစ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီခေတ် အိန္ဒိယနိုင်ငံအတွင်းမှာ စက်သုံးဆီတွေသုံးခွင့်ပိတ်ပင်ထားပြီး ဂြိုဟ်သားတွေရဲ့စိမ့်ဝင်မှုကိုလည်းကြုံနေရပါသေးတယ်။ အဲဒီလို ကမ္ဘာပျက်ကပ်အလွန်ခေတ်ကြီးထဲမှာ စပ်စုတတ်တဲ့ လူငယ်နှစ်ယောက်က ဂြိုဟ်သားမုဆိုးဆိုတဲ့ ရေလည်ကြမ်းတဲ့ဘဲကြီးတစ်ပွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားရင်း အဲဒီကာလကြီးမှာ လူတွေကြုံတွေခဲ့ရတဲ့အကြောင်းတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Mystery
7.4 2024 114 mins
Gaganachari
Pimpinero: Blood and Oil
5.7

ရေနံတို့ ရေနံကိုသန့်စင်ပြီးရလာတဲ့ဓာတ်ဆီတို့ဆိုတာက ကမ္ဘာပေါ်မှာ စိန်တွေရွှေတွေထက်တောင် ပိုတန်ဖိုးကြီးတဲ့ အရာတွေလို့ပြောလို့ရပါတယ်။ဒါပေမယ့်အဲ့လိုတန်ဖိုးကြီးတဲ့ အရာတွေကို တန်ဖိုးနည်းနည်းနဲ့ရလာတဲ့အခါမှာတော့ လောဘသားကောင်တို့ရဲ့ မျက်စောင်းထိုးခြင်းကိုခံလာရတော့မှာ အသေအချာပါပဲ။ပြောရင်ယုံမလားတော့မသိပေမဲ့ ၂၀၁၂ ခုနှစ် တုန်းက ဗင်နီဇွဲလားနိင်ငံက တစ်ကမ္ဘာလုံးမှာ ဓာတ်ဆီစျေးအပေါဆုံး နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။နိုင်ငံတွင်းမှာသာစျေးပေါနေပေမဲ့ ဗင်နီဇွဲလားနဲ့ ကပ်ရပ် ကိုလံဘီယာနယ်စပ်မှာတော့ အဲ့ဒီဓာတ်ဆီရဲ့တန်ဖိုးကိုပဲ အဆ ၆၀ ပေးခဲ့ရပါတယ်။အဲ့ဒါကြောင့်ပဲ အကွက်ကောင်းဆို ချောင်းနေတဲ့မှောင်ခိုသမားတွေအတွက် ဗင်နီဇွဲလားမှာဓာတ်ဆီ သွားယူပြီး နယ်စပ်ကိုပြန်ပို့ရတာကအလုပ်တစ်ခုဖြစ်လာပါ တော့တယ်။အခုတင်ဆက်ပေးမဲ့ Pimpinero:Blood And Oil ဆိုတဲ့ ဇာတ်ကားကလည်း အဲ့ဒီအဖြစ်အပျက်တွေကိုအခြေခံ စိတ်ကူးပုံဖော် ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထား ပါတယ်။ အထက်မှာပြောခဲ့တဲ့ဆီမှောင်ခိုသမားတွေထဲမှာ ဟွမ် အူလစ်စ်နဲ့ မိုးဆက်တို့ညီအစ်ကို ၃ ယောက်တို့ရဲ့ဆီမှောင်ခိုအဖွဲ့ကနာမည်ကြီး ပါပဲ။ဒါပေမယ့် ဒီလိုဒုစရိုက်လောကတွေထဲမှာအပြိုင်အဆိုင်တွေ များတဲ့အတွက် ကျောထောက်နောက်ခံသိပ်မရှိတဲ့သူတို့အဖွဲ့က သိပ်မကြာခင်မှာပဲ အဖွဲ့ဝင်တွေနည်းလာပြီး ပြိုကွဲသွားတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ်။ပျော်ရာထက်တော်ရာကိုသွားရမယ်ဆိုတဲ့ အတိုင်း သူတို့ထဲကထွက်သွားတဲ့အဖွဲ့တွေက အဲ့ဒီလောကထဲမှာ အကြီးဆုံးဖြစ်တဲ့ကာမယ်လိုဦးဆောင်တဲ့အဖွဲ့ကိုပြောင်းရွှေ့သွား ခဲ့ပါတော့တယ်။အဲ့ဒီထဲမှာ ညီအစ်ကို ၃ ယောက်ထဲက အလတ်ကောင် အူလစ်စ်လည်းအပါအဝင်ဖြစ်ပြီး အကြီးဆုံးဖြစ်တဲ့မိုးဆက်ကတော့ မှောင်ခိုအလုပ်တွေဆက်မလုပ်တော့ပဲ ဘ၀ကိုအေးအေးဆေးဆေး ဆက်လက်ဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။အငယ်ဆုံးလေးဟွမ်ကတော့ ဒါတွေကိုလုံး၀လက်မခံနိုင်ဖြစ်ပြီး သူ့ကောင်မလေးနဲ့အတူ နှစ်ယောက် တည်း စိတ်တူကိုယ်တူ ဆီမှောင်ခိုဆက်ကူးဖို့လုပ်ခဲ့ရာကနေ ပြဿနာတွေတက်လာပြီး ကာမယ်လိုနဲ့မဖြစ်မနေပတ်သတ်လာရတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို စိတ်ဝင်စားစရာရှုစားရဦးမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (2.05GB) / (1.11GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 1m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2024 122 mins
Pimpinero: Blood and Oil
Picture This
5.8

ဒီတစ်ခါမှာတော့ After ထဲက မင်းသားချော Hero Fiennes Tiffin ရဲ့ Romance Comedy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ယောကျ်ားမယူဘဲ career woman လုပ်မယ်ရယ်လို ကြွေးကြော်နေတဲ့ ဓာတ်ပုံဆရာမလေး Pia ကို သူ့မိသားစုဝင်တွေက အိမ်ထောင်ဘက် ဝိုင်းရှာပေးကြတဲ့ ဇာတ်လမ်းပါပဲ ။ ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ရှေ့ဖြစ်ဟောဆရာတစ်ယောက်က Pia အတွက် ဟောလိုက်တဲ့ ဟောကိန်းကတော့ နောက်ထပ် တွေ့ရမယ့် ကြင်ဖက် ၅ ယောက်ထဲမှာ သူ့ရဲ့ ဖူးစာရှင် ရှိပါတယ်တဲ့ ။ ဒီစကားကို ကြားတဲ့ မိသားစုဝင်တွေက Pia အတွက် ကြင်ဖက် တစ်ယောက်စီ ရှာပေးဖို တာဝန်ယူလိုက်ကြပါတော့တယ် ။ ဖြစ်ချင်တော့ ညီမဖြစ်သူရဲ့ မင်္ဂလာပွဲမှာ Pia ရဲ့ အချစ်ဦး ဖြစ်သလို ရည်းစားဟောင်းလည်း ဖြစ်တဲ့ Charlie က သတိုသားအရံ ဖြစ်နေပါသေးတယ် ။ ဒါဆိုရင်တော့ Pia ရဲ့ ကြင်ဖက် ငါးယောက်ထဲမှာ ဘယ်တစ်ယောက် ကများ သူ့အိမ်ထောင်ဘက် ဖြစ်နိုင်မလဲ ။ ဒါမှမဟုတ် ရည်းစားဦး ဖြစ်တဲ့ Charlie နဲ့ပဲ ပြန်ပေါင်းထုပ် သွားမလားဆိုတာကိုတော့ Picture This ဆိုတဲ့ ရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် ။ File size… (2.26 GB) / (1.23 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle & Muse

Comedy
5.8 2025 101 mins
Picture This
Enthiran Robot
7.2

Enthiran (2010) Robot IMDB Rating (7.2) / Rotten Tomatoes (72%) ဒီကားကတော့ အိန္ဒိယသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ထိ အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားပါ ရုံတင်ငွေလည်း ကုဋေ ၂၉၀လောက်အထိ ပြန်ရခဲ့ပြီး အဲ့ဒီခေတ်ကာလအနေအထားအရ ခေတ်ရှေ့ပြေးတဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်မှုမျိုးပါပဲ။ ဒီလိုဆိုလို့ ဘောလိဝုဒ်ဇာတ်ကားလို့ထင်စရာရှိပေမယ့် တကယ်တော့ တောင်ပိုင်းက Tamil ဇာတ်ကားဖြစ်ပြီး မယ်ကမ္ဘာဆုရှင် Aishwarya Rai နဲ့ တမီးလ်မင်းသားကြီး Rajinikanth တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… ဆယ်စုနှစ်တစ်ခုကြာ သုတေသနပြုပြီးတော့ ပါရမီရှင်သိပ္ပံပညာရှင် ဒေါက်တာဗာစီက လူသားနဲ့ ခပ်ဆင်ဆင်တူတဲ့ အဆင့်မြင့် humanoid စက်ရုပ်တစ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ် သူ့ရဲ့နာမည်ကိုတော့ ချစ်တီးလို့ပေးလိုက်ပါတယ် ချစ်တီးကို လူသားတွေကိုကူညီဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ အစပိုင်းမှာတော့ ချစ်တီးက အမိန့်တွေကို တိတိကျကျ လိုက်နာပြီး လူသားတွေအတွက် အလွန်အသုံးဝင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမဲ့ ဒေါက်တာဗာစီက ချစ်တီးရဲ့ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်ပြီး လူသားဆန်တဲ့ စိတ်ခံစားမှုတွေကို ထည့်သွင်းလိုက်တဲ့အခါ ဇာတ်လမ်းက စတင်ရှုပ်ထွေးလာပါတော့တယ် ချစ်တီးတစ်ယောက် ဒေါက်တာဗာစီရဲ့ ချစ်သူဖြစ်သူဆာနာကို ချစ်မိသွားတဲ့အခါ ပြဿနာတွေ စတင်ပေါ်ပေါက်လာပါတော့တယ် ချစ်ခြင်းမေတ္တာရဲ့ ခံစားချက်တွေကို နားလည်လာတဲ့ ချစ်တီးက ဆာနာ့ကို ရယူလိုစိတ် ပြင်းပြလာပြီး ဒေါက်တာဗာစီနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လာပါတော့တယ် ချစ်တီးက စွမ်းအားကြီးမားတဲ့ လူသားတွေကိုပါ ခြိမ်းခြောက်နိုင်တဲ့ စက်ရုပ်အဖြစ် ပြောင်းလဲလာတဲ့အခါမှာတော့ ဒေါက်တာက သူဖန်တီးခဲ့တဲ့စက်ရုပ်ကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် အပြင်းအထန် တိုက်ပွဲဝင်ရပါတော့တယ် ဒီကားက စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းအိမ်နဲ့အထူးပြုလုပ်ချက်တွေ ရင်ခုန်စရာကောင်းတဲ့ အက်ရှင်ခန်းတွေနဲ့ အချစ်ဇာတ်လမ်းကို ပေါင်းစပ်ထားတာကြောင့် အိန္ဒိယရုပ်ရှင်လောကမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားပါ ရာဂျီနီကန့် ရဲ့ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ချက်တွေကလည်း ဇာတ်ကားရဲ့အသက်လို့ ပြောလို့ရလောက်ပါတယ် ဇာတ်ကားကောင်းတစ်ကားမို့ လက်မနှေးဘဲ အပြေးကြည့်ကြဖို့တိုက်တွန်းရင်း။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) ဒီကားရဲ့အဆက်အနေနဲ့ 2.0 (2018) ဇာတ်ကားထပ်မံထွက်ရှိခဲ့ပြီး CM မှာတော့ တင်ပြီးသားပါ။

Thriller • TV Movie
7.2 2010 176 mins
Enthiran Robot