YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) The Ipcress File.S01E06.1080p.mp4

750.53 MB N/A video/mp4 105 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Eraserhead
7.4

ဒေးဗစ်လင့်ချ်ကို ဒီဘက်ခေတ်ရဲ့ အရေးအပါဆုံး ရုပ်ရှင်ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒီပွဲဦးထွက်ကား Eraserhead ကစလို့ လင့်ချ်ရိုက်သမျှကားတိုင်းဟာ အနုပညာအရ အောင်မြင်ခဲ့တာတွေချည်းပါပဲ။ သူ မအောင်မြင်ခဲ့တဲ့ Dune ကိုတောင်မှပဲ လက်ရှိ Dune ထက် ပိုကြိုက်တဲ့လူတွေ ရှိပါသေးတယ်။ ဒေးဗစ်လင့်ချ်ရဲ့ Eraserhead ဟာ သူ့အပြတွေအရတော့ Kafkaesque တော်တော်ဖြစ်တဲ့၊ ကာဖကာတော်တော်ဆန်တဲ့ ရုပ်ရှင်လို့ပြောရမှာပဲ။ ဆန်းတော့လည်း မဆန်းဘူး။ Eraserhead ရဲ့ Script ကိုရေးတဲ့နေရာမှာ လင့်ချ်ဟာ ဖရန့်ကာဖကာရဲ့ The Metamorphosis စာတွေရဲ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ အရှိတရားနဲ့ စိတ်ကူးယဉ်ဆန်မှုကို ရောပြွမ်းထားပြီး ပရိသတ်ကို Visual ကိုပဲ အဓိကထားပြီး သူပြောချင်တဲ့ အကြောင်းအရာကိုပြောပြထားတယ်။ သူ့ဇာတ်အိမ်ကိုတော့ နားမလည်နိုင်စရာကောင်းတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အဖွင့်နဲ့ဖွင့်ထားပြီး အရှိတရားဆန်တဲ့ အခြေအနေကို ပြန်ပို့သွားတယ်။ ပြီးကျ အဲဒီအရှိတရားဆန်တဲ့ အခြေအနေက စိတ်ကူးယဉ်ဆန်တဲ့ အခြေအနေကို တဖြည်းဖြည်းချင်းပြန်တွန်းပို့ပစ်ပြီး နောက်ဆုံး ခုနအရှိတရားဆန်တဲ့အခြေအနေက ပျောက်သွားပြီး အသိရ ခက်လာတယ်။ သူ့ဇာတ်အိမ်က ဒါပါပဲ။ ဒီလိုပဲ ပြောတတ်ပါတယ်။ Eraserhead ဟာ လင့်ချ်ရဲ့ပွဲဦးထွက်ကားဆိုပေမဲ့ ဘယ်ဒါရိုက်တာရဲ့ ပွဲဦးထွက်ကားနဲ့မှ မတူဘဲ သူ့ခေတ်သူ့အခါက ရုပ်ရှင်လောကကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခဲ့တဲ့ ကားလို့ပြောရမယ်။ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး လင့်ချ်ကိုယ်တိုင် "my Philadelphia Story", "Believe it or not, Eraserhead is my most spiritual film" စသဖြင့် ပြောခဲ့တာတွေများပေမဲ့ သူ့ဘာလို့ အဲဒီလိုပြောလဲဆိုတဲ့အချက်ကိုတော့ ကျွန်တော်တော့ ဘယ်လိုမှ လိုက်မမီပါဘူး။ ရှင်းရှင်းပြောရရင် ကာဖကာရဲ့ဖော်ပြပုံတွေနဲ့ တူတဲ့ ဖော်ပြပုံတွေကို ဒီတိုင်းငေးကြည့်နေရုံကလွဲ သူ့ရုပ်ရှင်ကို ဘယ်လိုမှ လိုက်မမီခဲ့ပါဘူး။ သူဘာပြချင်တာလဲ အသာထား ကိုယ်ပိုင်ခံစားချက်နဲ့ ကိုယ်ပိုင်အမြင်နဲ့တောင် ဖွင့်ဆိုလို့မတတ်ဘူးလို့ ပြောရမှာပဲ။ ဘာနေနေ တစ်ခေတ်ရဲ့တစ်ယောက် ဒါရိုက်တာဖြစ်တဲ့ ဒေးဗစ်လင့်ချ်ရဲ့ ရုပ်ရှင်ကို မြည်းစမ်းကြည့်ချင်လို့ဖြစ်ဖြစ် ကာဖကာဖန်ဖြစ်နေလို့ဖြစ်ဖြစ် Eraserhead ကို ကြည့်တော့ ကြည့်ကြည့်ကြသင့်တာပါပဲ။ သတိချပ်စေချင်တာက‌တော့ အပြတွေက ကြမ်းတမ်းနေတာပါပဲ။ မိတ်ဆွေအတွက် မကြမ်းတမ်းရင်တောင် ဒီကားကိုယ်တိုင်ကိုက လူတိုင်းကြိုက်မယ့်ကားမျိုးလည်းမဟုတ်ပါဘူး။ ဒီလို Type မျိုး ကြိုက်တဲ့သူတွေပဲ ကြိုက်မယ့်သီးသန့်ကားမျိုးပါပဲ။ ကျွန်တော့် Type လည်း မဟုတ်တော့ ညွှန်းလည်းမညွှန်းတတ်ပါဘူး။ ဒါပေမဲ့ ကိုယ့် Type ဖြစ်သွားမဖြစ်သွားသိဖို့တော့ ကြည့်ကြည့်ရမှာပါပဲ။ တကယ်လို့ ဘာကားကြီးလဲကွာလို့ ပြောမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ လင့်ချ်ကိုယ်တိုင်လည်း ဘယ်ရဗျူးသမားမှ သူ့ရည်ရွယ်ရင်းအတိုင်း နားမလည်ခဲ့ကြဘူးလို့ ဆိုထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 790MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 29Min Genre - Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Science Fiction
7.4 1977 89 mins
Eraserhead
Color of Night
5.8

Erotic ကားပေမဲ့ ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Richard Rush ပါ။ ၁၉၈၀တုန်းက The Stunt Man ကားနဲ့ အော်စကာမှာ ဒါရိုက်တာဆုတွေ ဇာတ်ညွှန်းဆုတွေ ဝင်ခဲ့တဲ့ဘဲပေါ့။ သရုပ်ဆောင်တွေက‌တော့ ဘရုစ်ဝီလီစ်နဲ့ မာစတာပိစ်ကားတွေ အပေါသားရှိတဲ့ ပြင်သစ်မှာ "The Lover"လို့ခေါ်တဲ့ ခုဂန္ထဝင်ဖြစ်နေလောက်တဲ့ ပြင်သစ်အချစ်ကားကို ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ဘစ်တိုနီလို့ခေါ်တဲ့ တိုနီလျောင်ခဖိုင်နဲ့ တွဲဖက်သရုပ်ဆာင်ဖူးတဲ့ အလှလေးပါပဲ။ သူပျိုမျစ်တုန်းက အဲဒီကာလမှာ နာမည်ကြီးအောင်မြင်နေတဲ့ ဘရုစ်ဝီလီစ်နဲ့ ရိုက်ထားတဲ့ကားဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ကားပါပဲ။ လူနာတစ်ယောက်ကို ကုသနေရင်းတန်းလန်းမှာ တုန်လှုပ်စရာပုံစံနဲ့ ဆုံးရှုံးလိုက်ရတဲ့ စိတ်ဝေဒနာအတိုင်ပင်ခံ ဘေးလ်ကာပါတစ်ယောက် သူကိုယ်တိုင်ရလိုက်တဲ့ စိတ်ဝေဒနာကို ကုစားဖို့ စိတ်ကုဆရာဝန်ပဲဖြစ်တဲ့ သူ့သူငယ်ချင်းဘော့ဘ်မိုးရ် နေထိုင်ရာ လော့စ်အိန်ဂျလိစ်မြို့ကို ထွက်လာခဲ့တယ်။ မိုးရ်ကုသပေးနေတဲ့ တစ်မျိုးစီမတူကွဲပြားကြတဲ့ ဝေဒနာရှင်ငါးယောက်ပါ တိုင်ပင်ဆွေးနွေးဝိုင်းမှာ အတူပါဝင်ရင်းနဲ့ နာလန်ထူဖို့ ဘေးလ်ကြိုးစားနေချိန်မှာပဲ သူ့မိတ်ဆွေဘော့ဘ်မိုးရ် ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အဖြစ်နဲ့ ကြုံလိုက်ရတယ်။ လက်သည်တရားခံက မိုးရ်ကုသနေတဲ့အဖွဲ့ထဲက တစ်ယောက်ယောက်ဖြစ်မယ်လို့ ရဲအဖွဲ့က သံသယရှိနေပေမဲ့ ဒီအဖွဲ့ဝင်ဝေဒနာရှင်တွေကိုယ်တိုင် ပစ်မှတ်ထားခံရသလိုမျိုး ဖြစ်လာချိန်မှာ ဘေးလ်ရဲ့ဘဝထဲကို ရင်ဖိုစရာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေးတစ်ယောက် ဝင်လာခဲ့တယ်။ ဘေးတစ်ယောက် ဒီကောင်မလေးကို တဖြည်းဖြည်းငြိတွယ်လာချိန်မှာ သူတို့အဖွဲ့ကြုံနေရတဲ့ အဖြစ်ဆိုးတွေဟာ ဒီမိန်းကလေးနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိနေတယ်ဆိုတာကို ဘေးလ်မြင်လာရပေမဲ့ တကယ့်အဖြစ်မှန်က သူထင်ထားတာထက် ပိုရှုပ်ထွေးနေမှန်း ဘေးလ်ကာပါ သိလိုက်ရချိန်မှာတော့... ထူးထူးခြားခြားပဲ ဒါရိုက်တာ နဲ့ Cast ကောင်းတွေသုံး ရိုက်ခဲ့ပေမဲ့ ဒီရုပ်ရှင်ဟာ ၁၉၉၄ရဲ့ အဆိုးရွားအစုတ်ပြတ်ဆုံး ရုပ်ရှင်ဆုကို ရခဲ့တာမို့ ထူးခြားလို့ ကြည့်သင့်တဲ့ကားပါပဲ။ ကားကတော့ အစုတ်ပြတ်ဆုံးကားပေမဲ့ ဒီရုပ်ရှင်ထဲက အခန်းတွေကတော့ The Best Sex Scenes in Film History ဆိုပြီးပါ ထောပနာပြုခံခဲ့ရတဲ့အထိ ပြောင်မြောက်ခဲ့ပါတယ်။ ဒီလောက်ဆို လုံလောက်ပြီမလား... (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.1GB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 2H 1Min Genre - Drama, Mystery, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Thriller
5.8 1994 121 mins
Color of Night
To Catch a Thief
7.3

Marilyn Monroe နဲ့ခေတ်ပြိုင် အော်စကာဆုရ မင်းသမီးတစ်ဦးဖြစ်တဲ့ Grace Kelly ရဲ့ ထင်ရှားတဲ့ရုပ်ရှင်ကား To Catch A Thief (၁၉၅၅)ကို တင်ဆက်ပေးချင်ပါတယ် ဆွဲဆောင်မှုရှိတဲ့ အပြောချိုချို ဟန်ပန်အမူအရာတွေနဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Grace Kelly နဲ့  ဂန္တဝင်မင်းသားကြီး Cary Grant တို့ကို ပူးတွဲမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ John Robie ဆိုတဲ့ ရတနာသူခိုးတစ်ယောက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ခိုးမှုတွေမှာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အတွက် သူ့ကိုတုပ​နေတဲ့ တကယ့် ရတနာသူခိုးကို ပြန်လိုက်ရှာပေးရမှာပါ ဇာတ်ကားဟာ ဒိုင်ယာလော့ခ်တွေကအစ လှိုင်းလုံးလေးတွေလို အလှုပ်အရွေ့တွေနဲ့ရှိနေပြီး ဇာတ်လမ်းကလည်း နိမ့်ချီမြင့်ချီနဲ့ရှိနေတာကတော့ နာမည်ကျော် ဂန္တဝင်ဒါရိုက်တာကြီး Alfred Hitchcock ရဲ့ ဒါရိုက်တာစွမ်းတွေကြောင့်လို့ပြောရင်မမှားပါဘူး။ သူဟာ သူခိုးအလုပ်ကို အရင်ကလုပ်ခဲ့ဖူးပြီး အနားယူထားသူဆိုတော့ သူခိုးရဲ့ အသွားအလာတွေကို သိနေတာတော့ မထူးဆန်းဘူးပေါ့။ ဒါပေမဲ့ ခက်တာကလည်း ရဲတွေအပါအဝင် နီးစပ်တဲ့အသိုင်းအဝိုင်းက သူ့ကို နာမည်ကြီး ကြောင်သူခိုး The Cat အနေနဲ့ ပြန်လှုပ်ရှားနေပြီလို့ ထင်နေကြတာပါပဲ။ နောက်ဆုံးမှာတော့ Robie တစ်ယောက် သူခိုးဘယ်လိုဖမ်းမလဲ၊ ကြားထဲမှာကော ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ အချစ်နဲ့ဘယ်လိုတွေ့ရှိမလဲဆိုတဲ့ အူယားစရာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ ပြဇာတ်ဆန်တဲ့တင်ဆက်မှုမျိုးနဲ့နောက်ခံတေးဂီတတွေက ၁၉၅၅ ခုနှစ်များဆီကို ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားပါ။ ဒါကြောင့် ဂန္တဝင်ကားတစ်ကားကြည့်ဖို့ စိတ်ဝင်စားနေတယ်ဆိုရင် To Catch A Thief က ပေါ့ပေါ့ပါးပါးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရမယ့်ကားတစ်ကားဖြစ်ပြီး Hitchcock ရဲ့ထုံးစံအတိုင်း suspense တွေနဲ့ ပြည့်နှက်နေမယ့်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။) File size…(7.2 GB)/(2.4 GB)/(999 MB) Quality…WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:46:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya

Action
7.3 1955 106 mins
To Catch a Thief
The Twin
5.9

၂၀၂၂ ခုနှစ်ထွက် Horror ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင် မင်းသမီးကတော့ I am Number 4, Warm Bodies, Lights Out နဲ့ Hacksaw Ridge မှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Teresa Palmer ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းကြောင်း မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဆိုးရွားတဲ့ ကားမတော်တဆမှု တစ်ခုမှာ အမြွှာထဲက တစ်ယောက်ဖြစ်တဲ့ နေသန်ကို ဆုံးရှုံးလိုက်ရတဲ့ ရေချယ်နဲ့ အန်တိုနီတို့ဟာ အမြွှာထဲက နောက်တစ်ယောက် အယ်လီရက်နဲ့အတူ ဘဝအသစ်ပြန်စဖို့ နေရာသစ်တစ်ခုကို ပြောင်းရွေ့လာခဲ့ပါတယ်။ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ ‌ရေချယ်ဟာ အယ်လီရက်ကို မျက်စိရှေ့က အပျောက်မခံဘဲ အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေပါတော့တယ်။ နေရာသစ်ကို ရောက်ပြီး မကြာခင်မှာပဲ အယ်လီရက်ရဲ့ အပြုအမူတွေဟာ ထူးဆန်းလာပါတော့တယ်။ ထို့နောက် ရေချယ်ဟာ ပါတီတစ်ခုမှာ ထူးဆန်းတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထိုမိန်းမကြီးက အယ်လီရက်နဲ့ ပတ်သတ်ပြီး အထူးအဆန်းတွေ ပြောသွားခဲ့လို့ ရေချယ်တစ်ယောက် စိတ်ခုလာပါတော့တယ်။ နောက်တော့ အယ်လီရက်ရဲ့ အပြုအမူတွေဟာ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာပါတော့တယ်။ ရေချယ် တစ်ယောက် နေရာအသစ်တစ်ခုမှာ ဘယ်လို ထိတ်လန့်ဖွယ်ရာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှု့ရမယ့် Psychological Horror ကား တစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….1080p | 720p| 480p File size…1.5GB and 788MB and 291MB Format…mp4 Duration….1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Drama • Romance
5.9 2022 109 mins
The Twin
Arctic
6.5

IMDb...7.2,,,,Rotten...89% ရေခဲပြင်ပတ်လည်ဝိုင်းနေတဲ့နေရာမှာ လူတစ်ယောက်ဟာရေခဲထဲကငါးတွေဖမ်းလိုက် အချက်ပြစက်ကိုလှည့်လိုက် ရေခဲတောထဲကနေ မြေသားတွေတူးထုတ်လိုက်နဲ့ အလုပ်ရှုပ်နေတယ် .... သူမြေကြီးတွေတူးပြီးရေးနေတာက SOS ဆိုတဲ့ ကယ်ဆယ်ရေးသင်္ကေတပါ.. .. တကယ်တော့ သူဟာ အာတိတ်ရဲ့ အအေးဆုံး ရာသီဥတုဒဏ်အဆိုးလို့ဆိုရမယ့်ရေ ခဲပြင်နေရာပေါ်ကို ရဟတ်ယာဉ်ပျက်ကျပြီးရောက်နေတဲ့သူတစ်ယောက်..... သူနေ့တိုင်းအချက်ပြစက်ကလေးကိုလှည့်တဲ့လုပ်ရပ်ကြောင့် တစ်ရက်တော့သူ့ ကိုကယ်ဖို့ရဟတ်ယာဉ်တစ်စီးရောက်လာတယ် .. ဒါပေမယ့် ရာသီဥတုကဆိုးရွားလွန်းလို့ သူ့အနားကိုရောက်အောင်မကပ်နိုင်ခဲ့တဲ့အပြင် အဲ့ဒီရဟတ်ယာဉ်ပါ ပျက်ကျသွားတယ် ..... ယာဉ်မောင်းသေဆုံးသွားပြီး  အသက်ရှင်ကျန်တဲ့အမျိုးသမီးကလည်း ဒဏ်ရာအပျင်းအထန်ရထားတယ်... သူ့အတွက် ရွေးချယ်စရာသိပ်မရှိပါဘူး...မြေပုံအကူအညီနဲ့ မြောက်ဖျားပိုင်းက အဆော်အဦးတစ်ခုဆီကို ဒဏ်ရာရအမျိုးသမီးနဲ့အတူသွားမလား... ဒီနေရာမှာပဲအသေခံမလား...ထပ်လာကယ်တဲ့သူရှိလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်စောင့်နေမလား... သူတို့အသက်ရောရှင်နိုင်ကြပါ့မလား.... ကိုင်း သူတို့ဘာလုပ်မလဲခံစားကြည့်လိုက်ပါဦး....IMDbရော Rotten ရော အကောင်းဆုံးအနေအထားမှာရှိလို့ ကြည့်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ.......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးသူက Cynthiaပါ... File Size : (832 MB) and (304 MB) Quality : HD-Rip 720p, Format…mp4 Duration…01:30:00 Genre : Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae

Crime
6.5 2018 98 mins
Arctic
Once Upon a Time… in Hollywood
7.4

တစ်ခါတုန်းက ဟောလိဝုဒ်မှာ ဆိုတဲ့ ရုပ်ရှင်လေးကို တင်ပေးလိုက်ပါတယ်။ ဒါကတော့ ရုပ်ရှင် ၁၀ ကား ရိုက်ပြီးရင် အနားယူပါတော့မယ်ဆိုတဲ့ ဂန္ဓဝင်ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ ၉ ကားမြောက်ရုပ်ရှင်ပါပဲ။ အရင်ရှစ်ကားကတော့ Django Unchained (2012) ... The Hateful Eight (2015) ... Death Proof (2007) ... Inglourious Basterds (2009) ... Reservoir Dogs (1992) ... Kill Bill: Vol. ... Kill Bill: Vol. ... Jackie Brown (1997) ဆိုတဲ့ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။ လီယိုနာဒို၊ ဘရက်ပစ်၊ မာဂေါ့ ရော်ဘီ တို့ အဓိက ပါဝင်ထားပါတယ်။ လီယိုနာဒိုကတော့ ရစ်ခ် ဒယ်တန်ဆိုတဲ့ နာမည်ကျဆင်းနေတဲ့ ဟောလိဝုဒ် မင်းသားပေါ့။ တစ်ချိန်ကတော့ ဂျိတ်ကေဟေးဆိုတဲ့ ကောင်းဘွိုင်ဇာတ်ကောင်နဲ့ ပေါက်ခဲ့ဖူးခဲ့သူပါ။ အခုတော့ ဇာတ်လမ်းတွဲလေးတွေမှာ ဗီလိန်လိုက်လုပ်ပေးနေရပါပြီ။ သူ့ရဲ့ စတန့်အရံကတော့ ကလစ်ဖ် ဘုသ် ( ပရက်ပစ်) ပါပဲ။ သူကတော့ ရစ်ခ်ရဲ့ မိတ်ဆွေကောင်းအဖြစ် အတူရုန်းကန်နေတဲ့သူပေါ့။ မာဂေါ့ရော်ဘီကတော့ ဟောလိဝုဒ်နာမည်ကျော် ဒါရိုက်တာ ရိုမန် ပိုလန်းစကီးရဲ့ မိန်းမအဖြစ် သရုပ်ဆောင်ထားပါတယ်။ မထင်ရှားသေးတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ အခြေအနေကိုလည်း ပြထားတာပေါ့။ သူတို့တွေကို အခြေခံပြီး ဟောလိဝုအထာ၊ ဟစ်ပီတွေ၊ အီတလီရုပ်ရှင်တွေနဲ့ ၁၉၆၀ ဝန်းကျင် ရွှေခေတ်ကို ပုံဖော်ပြထားတာလေးကို လှလှပပ ခံစားကြည့်ရမှာပါ။ ဘောနက်စ်အနေနဲ့တော့ ဘရုစ်လီဇာတ်ကောင်ကိုလည်း တွေ့ရပါလိမ့်ဦးမယ်။ ဘရုစ်ဖန်တွေတော့ နည်းနည်းထိရှမလားပဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်….

Action • Comedy • Romance
7.4 2019 162 mins
Once Upon a Time… in Hollywood
The Upside
7.1

မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါ အကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့ မိသားစုဘဝကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်တစ်ဦးရဲ့ကြားက သံယောဇဉ်ကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။ တကယ့်အပြင်မှာလည်း ရှိခဲ့တဲ့သူတွေရဲ့အကြောင်းပါ။ သူတို့နှစ်ယောက်က လုံးဝကို ကွာခြားနေခဲ့တဲ့ လူနှစ်ယောက်ပါ။ တစ်ယောက်က သူဌေး၊ တစ်ယောက်က ထောင်ထွက်။ တစ်ယောက်က လူဖြူ၊ တစ်ယောက်က လူမည်း။ တစ်ယောက်က ပညာရှင်၊ တစ်ယောက်က ပညာမဲ့။ ဒီလို ကွာခြားမှုတွေ များလွန်းလှတဲ့ လူနှစ်ယောက်ကြားက သံယောဇဉ်ကို ဇာတ်လမ်းဆုံးတဲ့အထိ မျောပါသွားအောင် ရိုက်ပြထားတာပါ။ မင်းသမီးချော Nicole Kidman ကလည်း ဒီလူနှစ်ယောက်ရဲ့ သံယောဇဉ်ကို အဓိက ပံ့ပိုးသူအနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ မေတ္တာတရားဆိုတာ အသားအရောင်၊ အဆင့်အတန်း၊ ပညာတတ်ခြင်း မတတ်ခြင်း ဆိုတာတွေအပေါ်မှာ မူတည်မနေဘူး ဆိုတာကို ဒီဇာတ်လမ်းက သက်သေပြသွားပါလိမ့်မယ်။ မူရင်းကတော့ ၂၀၁၁ ခုနှစ်က ပြင်သစ်ရုပ်ရှင် The Untouchables ပါ။ The Untouchables တုန်းကလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Remake အနေနဲ့ ပြန်ရိုက်ခဲ့ပြီးတော့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Bryan Cranston၊ Kevin Hart နဲ့ Nicole Kidman တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သူတို့ ၃ ယောက်ရဲ့အတွဲညီညီ သရုပ်ဆောင်ထားမှုတွေက ပရိသတ်ကို ဇာတ်အဆုံးထိ ပါအောင် ဆွဲခေါ်သွားမှာပါ။ IMDb Rating ကတော့ 6.5/10 ရရှိထားပြီးတော့ Rotten Tomatoes ကတော့ 84% ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

Drama • Sci-Fi & Fantasy
7.1 2019 126 mins
The Upside
[18+] Una rosa de Francia(2006) Virgin Rose
5.3

(၃၀-၄-၂၀၂၃) ဒီနေ့ကတော့ ကျွန်တော်တို့အမျိုးသားထုကြီးရဲ့ရင်ကို မကြာခဏဆွဲကိုင်လှုပ်တတ်တဲ့ ကျူးဘား-စပိန်မင်းသမီးလေး Ana de Armas ရဲ့ အသက်(၃၅)ပြည့်မွေးနေ့ပဲဖြစ်ပါတယ်….ဒီတော့ သူမ အသက် ၁၈ နှစ်မှာ ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ်ပွဲထွက်ခဲ့တဲ့ ခုဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ ၁၈ နှစ်မပြည့်သေးတဲ့ မင်းသမီးလေးက ၁၆ နှစ်သမီးဇာတ်ရုပ်လေးနဲ့ ဘယ်လောက်တောင် လိုက်ဖက်နေလဲ ကိုယ်တိုင်သာ ကြည့်လိုက်ပါတော့။ ဒီမင်းသမီးလေးက အဖော်အချွတ်လေးတွေနဲ့ မင်းသမီးဘဝစခဲ့ပေမယ့် ဟောလိဝုဒ်မှာတော့ တစ်နေရာ ရသွားသေးတာပဲလေ။ သူ့ကို Blade Runner 2049 မှာ စပြီးသတိထားမိတာ။ ပြေပြစ်တဲ့ကောက်ကြောင်းနဲ့၊ မျက်လုံးရွဲကြီးနဲ့၊ ဘယ်လိုကောင်မလေးလားပေါ့။ Knives Out မှာ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်စာရင်းဝင်တော့ ကြိတ်ပြီး ရင်ခုန်လိုက်ရသေးတယ်။ No time to Die မှာ bond girl လေးအဖြစ်ပြန်တွေ့လိုက်ရတော့ တော်တော်လေးကို အလွမ်းပြေသွားခဲ့တာ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကိုယ်ကြိုက်ခဲ့ရတယ်ပေါ့လေ။ နောက်ဆုံး မွန်ရိုး ဝင်လုပ်တော့လဲ ဇာတ်လမ်းကချာပေမယ့် သူမကြောင့်တော့ ရင်တလှပ်လှပ်ဖြစ်ခဲ့ရသေး။ ဒီဇာတ်လမ်းကတော့ crime, drama လေးပါ။ ကျူးဘားနိုင်ငံမှာ အရက်ခိုးချက်တဲ့အမှုထက် လူကုန်ကူးတဲ့အမှုက ပိုများသတဲ့ဗျာ။ လူကုန်ကူးတယ်ဆိုတာ အမေရိကားကို အလုပ်သမားအဖြစ် သွားကြမယ့်သူတွေကို ခိုးသွင်းတဲ့အလုပ်တဲ့။ ဒါပေမဲ့လေ၊ ခရီးသည်တွေကို လှေဝမ်းထဲထည့်၊ လူသူမနီးတဲ့ ကျွန်းတစ်ခုပေါ်မှာ အမေရိကားရောက်ပြီပြောပြီး ဒီအတိုင်းထားခဲ့တာပဲဗျို့။ ကင်းလှည့်ယာဉ်တွေ၊ ငါးဖမ်းသင်္ဘောတွေ တွေ့လို့ကယ်ရင် အသက်ရှင်မယ်ပေါ့လေ။ အကယ်မခံရဘဲ သေကုန်ကြတာတွေလည်း ဒုနဲ့ဒေး။ ဒီမှာ ဇာတ်လိုက်ကျော်နှစ်ပါး ဆင်မွန် နဲ့ အန်ဒရီ က ဒီလိုမျိုး လူကုန်ကူးနေတဲ့သူတွေ။ ဒါတင်မက တောသူမလေးတွေခေါ်လာ၊ အရောင်တင် လှပအောင်ပြင်ပေးပြီး လူချမ်းသာအဘိုးကြီးတွေဆီ လက်ထပ်ဖို့ ရောင်းစားတဲ့အလုပ်ပါလုပ်သေးတယ်။ ဆင်မွန် က တောသူမလေးတစ်ယောက် ဥထားတာရှိတယ်။ အလှဆုံးလေးပေါ့။ ဒီမှာ ဆင်မွန် တို့ လှေကို အမေရိကန်ကင်းလှည့်သင်္ဘောက လိုက်ပစ်လို့ မင်းသားချော အန်ဒရီ ဒဏ်ရာရသွားတယ်။ သူ့ကို အိမ်ခေါ်လာပြီး ကုပေးတော့ ဆင်မွန် ဥထားတဲ့ အလှပဂေး မာရီ နဲ့ အန်ဒရီနဲ့ ဆုံပါလေရော။ လူငယ်နှစ်ဦး ချစ်ခြင်းတွေ ကူးလူးယှက်သွယ်ကြတော့ ဆင်မွန် ကြီး အူနုကျွဲခတ်ပြီပေါ့။ ဒီမှာတင် ဆင်မွန် က မိန်းကလေးကိုမရွေး၊ မိတ်ဆွေဖြစ်တဲ့ အန်ဒရီ ကိုရွေးခဲ့ပေမဲ့၊ အန်ဒရီ ကတော့ မာရီ ကို မင်းမှမင်းပဲတဲ့။ နောက်ဆုံး ဘာဖြစ်ကုန်ကြမလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ကြပေတော့ လူကြီးမင်းများ။ ဒီဇာတ်ကားဟာ 18+ အဆင့်မရှိပေမယ့် တစ်ခါတစ်ခါ ပေါ်လာတတ်တာလေးတွေကြောင့် မိသားစုနဲ့တော့ အတူမကြည့်ကြပါနဲ့နော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။)

5.3 2006
[18+] Una rosa de Francia(2006) Virgin Rose
All Ears
6

ဒီဇာတ်ကား​လေးကတော့ အသုဘနာရေးတွေမှာ သေဆုံးသွားတဲ့လူအကြောင်းပြောဖို့ ဇာတ်ညွှန်းတွေကိုရေးပေးလေ့ရှိတဲ့ ဝမ်ရှန့်။ သူကအရင်တုန်းက TV series ဇာတ်ညွှန်းဆရာတစ်ယောက်ပေါ့။ ဒါပေမဲ့သူ့ဇာတ်ညွှန်းတိုင်းဝေဖန်မှုတွေကြောင့် လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့သေဆုံးတဲ့လူတွေအကြောင်းရေးတဲ့အသုဘမိန့်ခွန်းရေးသူတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းလေးကထူးထူးခြားခြား လူတွေသေဆုံးပြီးသွားရင် ကျန်ရစ်သူတွေကဒီသေဆုံးသွားတဲ့သူအပေါ် ဘယ်လိုခံစားချက်တွေရှိကြလဲ။ ဘယ်လိုမျိုးတွေဝမ်းနည်းပူဆွေးကြလဲစတာတွေကို ဖော်ကြူးပြသထားတာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရူလိုက်ကြရအောင်

6 2023
All Ears
Jack Reacher
7

Jack Reacher (2012) IMdb Rating (7.0) လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ စစ်မှုထမ်းခဲ့ဖူးတယ်ဆိုတာသာသိရတယ်.သူ့ကိုဘယ်လို ရှာရမလဲပြောနေကြချိန်မှာပဲ Jack ဟာ သူတို့ဆီရောက်လာတယ်.Jack က barr နဲ့တွေ့ခွင့်တောင်းတော့ရဲတွေကခွင့်ပြုတယ်.Barr ဟာ Jack နဲ့တွေ့ချိန်မှာ ရဲကားပေါ်ကလူတွေနဲ့ရန်ဖြစ်ခဲ့ခြင်းကြောင့် coma ဖြစ်ပြီးမေ့မြောနေတယ်. နောက်တော့ barr ရဲ့ ရှေ့နေ Helen rodinနဲ့တွေ့ပြီး အမှုကိုအတူတူစုံစမ်းကြတဲ့အခါ Barr ကတကယ်ပဲအပြစ်ရှိလား တကယ်ပဲသူကအပြစ်မဲ့တဲ့လူငါးယောက်ကိုသတ်ခဲ့တာလား ဘာလို့သတ်တာလဲဆိုတာတွေကိုတော့ ……….. Jack Reacher ဇာတ်ကားဟာ မြောက်အမေရိကမှာ $80.1million အခြားနိုင်ငံတွေမှာ$ 138.3million နဲ့အတူ Total worldwide $218.3million ဝင်ငွေရရှိခဲ့ပါတယ်. ဒီဇာတ်ကားအတွက်သူတို့သုံးခဲ့တဲ့ငွေကတော့ $60ပဲဖြစ်ပါတယ်.ရင်းငွေထက်သုံးဆကျော်ပြန်ရရှိခဲ့တယ်ပေါ့ဗျာ Jack reacher ဇာတ်ကားဟာ 2005 တုန်းက ထွက်ခဲ့တဲ့ Lee Child ရဲ့ one shot ဆိုတဲ့ novel ကိုပြန်ရိုက်ထားတာပါ Jack reacher ရဲ့ sequel ဖြစ်တဲ့ Jack Reacher : Never Go Back ကိုတော့ october 21 ရက်နေ့ကစပြီး နိုင်ငံတကာမှာ ရုံတင်နေပါပြီ Jack Reacher ဇာတ်ကားဟာ IMDB မှာဆိုရင်ဖြင့် 7/10 အထိရထားပြီး rotten tomatoes မှာတော့ 62% ရရှိထားလို့ rating ကောင်းတယ်ဆိုရပါမယ် သရုပ်ဆောင်တွေအနေနဲ့ကတော့ Jack reacher အဖြစ် mission imposisble,edge of tomorrow,war of the worlds တို့လိုဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ Tom Cruise က သရုပ်ဆောင်ထားပြီး Helen Rodin အဖြစ် Rosamund Pike နဲ့ James barr အဖြစ် Joseph Sikora တို့ကသရုပ်ဆောင်ထားပါတယ်.Director ကတော့ Christopher McQuarrie ပါ Jack Reacher ဟာ action thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တေ့ာ ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။ (ရုပ်ရှင်အညွှန်းကို Aung Kyaw Myat’s FB မှကူးယူဖော်ပြပါသည်။)]

Action • Drama
7 2012
Jack Reacher
Breakwater
5

Breakwater (2023) Mystery နဲ့ Thriller ပေါင်းစပ်ထားတဲ့ Plot ဆန်းဆန်းနဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဓိကဇာတ်လိုက်ဖြစ်တဲ့ ရေးနဲ့ ဒက်ဗီဆိုတဲ့လူငယ်တို့က အကျဉ်းသားတွေဖြစ်ပြီး ထောင်ထဲမှာ ရင်းနှီးခဲ့တာပါ။ ဒက်ဗီက သူ့ပြစ်မှုအတွက် ထောင်သုံးနှစ်ကျတာဖြစ်ပြီး မကြာခင် ပြန်လွတ်တော့မှာဖြစ်တဲ့အတွက် ရေးက အကူအညီတစ်ခုတောင်းရာကနေ စပါတယ်။ ရေးက သူ့မှာသမီးရှိကြောင်း၊ သူက ကင်ဆာဖြစ်နေလို့ မနေရတော့တဲ့အတွက် သူ့သမီးရှိတဲ့မြို့ကိုသွားပေးပြီး သူ့သမီး ပျော်နေလား ကြည့်ခိုင်းပါတယ်။ သူ့သမီးနာမည်က မာရီနာပါတဲ့။ အဘိုးကြီးရေးကို စာနာပြီး ထောင်ကလွတ်တဲ့အချိန် ဒက်ဗီက နယ်မကျော်ရတဲ့စည်းကမ်းကိုပါ ချိုးဖောက်ပြီး မာရီနာရှိတဲ့ ကမ်းရိုးတန်းမြို့လေးကို သွားခဲ့ပါတယ်။ အဲဒီမှာ မာရီနာအမည်နဲ့မဟုတ်ဘဲ အိဖ်‌ဆိုတဲ့ ကလေးတစ်ယောက်အမေနဲ့ တွေ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကင်ဆာရောဂါသည် သနားစရာအဘိုးကြီးလို့ ဒက်ဗီထင်နေတဲ့ရေးက သွေးအေးလူသတ်သမားဖြစ်ပြီး ထောင်ကထွက်ပြေးလာတဲ့အခါ… ရေးနဲ့မာရီနာက တကယ်ပဲ သားအဖလား… အိဖ်နဲ့ရော ဘယ်လိုပတ်သက်နေတာလဲ… သူတို့နှစ်ဦးပြောပြတဲ့ အဖြစ်တွေနောက်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေတာလဲ… ဘုမသိဘမသိကူညီမိတဲ့ ဒက်ဗီရော ဘယ်လိုကိစ္စတွေ ကြုံရမလဲဆိုတာ… ဆက်လက်ရှုစားနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 790MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 37Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 97 mins
Breakwater
Horror in the High Desert 3: Firewatch

Found Footage ရုပ်ရှင်​အမျိုးအစား​ဖြစ်​တဲ့ ဒီဇာတ်လမ်းက ၂၀၂၁ ခုနစ်​မှာ ထွက်​ရှိ​ခဲ့တာ​ဖြစ်​ပြီး Horror​/ Suspense အမျိုး​အစား​ဖြစ်​ပါတယ်။ နာမည်ကြီး​ The Blairwitch Project လို အငွေ့အသက်​မျိုး​ကို ခံစားရ​မှာ​ဖြစ်ပါတယ်။ Indie ဇာတ်ကား​ဖြစ်​တာနဲ့အညီ ဇာတ်​လမ်း​တည်ဆောက်​ပုံ​က အနည်းငယ်​ထူး​ခြား​ပြီး ရုပ်​သံအင်တာဗျူးတွေနဲ့ ဇာတ်လမ်း​ကို​ပုံဖော်​ပြီးမှ footage တွေ​ကို အလျဥ်းသင့်သလို ထည့်သွင်း​ရိုက်ကူး​ထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ နီဗားဒါးပြည်နယ် ကန္တာရ​ထူထပ်​တဲ့ဒေသတစ်ခုမှာ လူပျောက်မှုတွေ ဖြစ်​ပေါ်​နေပါတယ်။ ဒီအကြောင်း​ကို ကမ္ဘာတစ်လွှားက စူး​စမ်း​ရှာဖွေ​ရေး​သမား​တွေ စိတ်​ဝင်​စား​လာကြပြီး နယ်​မြေ​တစ်​ဝိုက်​ကို ခြေလျင်ခရီးနှင်ပြီး အဖြေ​ရှာကြဖို့ ကြိုး​စား​ကြပါတယ်။ အဲဒီ​အထဲမှာ​ Gary ဆိုတဲ့​ စူးစမ်း​ရေး​သမား​တစ်ယောက်​လည်း​ ပါဝင်​ပြီး တစ်နေ့​ Gary တစ်ယောက်​ ပျောက်​ချင်း​မလှ ပျောက်​သွား​ချိန်​မှာ အခြေအနေ​တွေ ပို​လို့​ရှုပ်ထွေး​လာ​ပါတော့​တယ်။ ဇာတ်လမ်း​က Found Footage​ အမျိုး​အစား​ကိုမှ Documentary ပုံစံ​ ရော​သမမွှေထားတာဖြစ်လို့ ပုံမှန်​ Horror​ ရုပ်ရှင်​တွေ​ကို နှစ်​သက်သူတွေအတွက်တော့ အကြို​က်တွေနိုင်မှာ မဟုတ်​ပေမဲ့ Found​ Footage​ ဇာတ်ကား​တွေ​ကို​ နှစ်​ခြိုက်​သူတွေ​အတွက်​တော့ ကြည့်ရှု​သင့်ပါတယ်။ File size…(1.8 GB)/(957 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2024
Horror in the High Desert 3: Firewatch
Annayum Rasoolum
7.5

Annayum Rasoolum 2013 (ဘာသာမတူတဲ့ ချစ်ခရီးလမ်း) IMDb – 7.5/10 ကိုချီဆိုတဲ့ ဆိပ်ကမ်းမြို့လေးမှာ ကားမောင်းသမားအလုပ်ကို လုပ်ကိုင်နေတဲ့ ရာဆိုးလ်ဆိုတဲ့ မူစလင်ကောင်လေး၊ အစ်ကိုဖြစ်သူ ဟိုက်ဒါနဲ့အတူတူနေထိုင်ပြီးတော့ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနေသူပေါ့။ တစ်ရက်မှာတော့ သူငယ်ချင်းတွေ အရက်စုသောက်ကြရင်းနဲ့ အရက်လေးဝင်လာတဲ့ ထုံးစံအတိုင်းပဲ ပြဿနာလိုက်ရှာရာကနေ ရန်ဖြစ်ကြပါတော့တယ်။ ဒီလိုနဲ့ ထွက်ပြေးလာခဲ့ကြပြီး မနက်ရောက်တဲ့အခါမှာတော့ ညက ရန်ပွဲကြောင့်နဲ့ သူငယ်ချင်းဖြစ်သူကို စိတ်မချတဲ့အတွက် လိုက်ပြီးတော့ ပို့ပေးဖို့ လှေဆိပ်ကို ဆင်းလာရင်းနဲ့ပဲ အန်နာဆိုတဲ့ကောင်မလေးနဲ့ တွေ့ခဲ့ပါတယ်။ တွေ့ကြပြီးတဲ့နောက်ပိုင်းမှာ မူစလင်ကောင်လေးဖြစ်တဲ့ ရာဆိုးလ်ဟာ ခရစ်ယာန်သူလေး အန်နာ့ကို ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ ဘာသာမတူတဲ့ အချစ်ဇာတ်လမ်းလေးမှာ မိဘတွေရဲ့ သဘောမတူညီမှုတွေ, ဘာသာကွာခြားချက်တွေ စတဲ့ အခက်အခဲတွေကြောင့်နဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကိုရောက်လာပါတော့တယ်။ မူစလင်သားလေးနဲ့ ခရစ်ယာန်သူလေးတို့ရဲ့ အချစ်ခရီးလမ်းကို ဘယ်လိုတွေ ဆက်လက်လျှောက်လှမ်းသွားမလဲ …… ဘာသာမတူတဲ့အပေါ်မှာ သူတို့ဘဝလေး အဆင်ပြေသွားအောင် ဘယ်လို အခက်အခဲတွေဖြတ်ကျော်ရမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)

Family • Drama • Comedy
7.5 2013 167 mins
Annayum Rasoolum
Cells at Work!
6.8

Cells at Work! (2024) ********************** လူတွေက မိခင်ရဲ့ ဝမ်း‌ဗိုက်ထဲကစလို့ ဆုံးပါးသည်အချိန်ထိ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အစဉ်မပြတ် ဆောင်ရွက်နေရတာပါ။ နေ့စဉ်နဲ့အမျှ အသက်ရှူသွင်းတယ်၊ ရှူထုတ်တယ်၊ အစာစားတယ်၊ ဝမ်းသွားတယ်။ ဒါတွေက သတ္တဝါတိုင်း လုပ်တဲ့ အခြေခံဖြစ်စဉ်တွေပါ။ ဗုဒ္ဓဘုရားဟောကြားခဲ့သလို ခန္ဓာကိုယ်ကြီးကို ကလပ်စည်းပေါင်း အသင်္ချေနဲ့ ဖွဲ့စည်းသလို၊ သိပ္ပံရှုထောင့်က ကြည့်မယ်ဆိုလည်း မိုက်ခရိုစကုပ်နဲ့မှ မြင်နိုင်မယ့် ဆဲလ်ပေါင်း ၃၇ထရီလီယံခန့်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဒီဇာတ်ကားလေးထဲမှာတော့ ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်ကို အဓိက ဇာတ်ကောင်အနေနဲ့တွေ့ရမှာဖြစ်ပြီး… ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အမျိုးအစားပေါင်းများစွာနေရာမှာ လူတွေအဖြစ် စိတ်ကူးယဉ် ရိုက်ကူးထားပြီးတော့ … ဗဟုသုတနဲ့ ရိုမန်တစ်အနည်းငယ် ပေါင်းစည်းထားတဲ့ ထူးခြားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်… သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်တို့ရဲ့ နေ့စဉ်လုပ်ငန်း‌တွေအပေါ်အခြေခံပြီး ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ဘက်တီးရီးယား‌တွေ၊ ဗိုင်းရပ်စ်တွေကို ဘယ်လိုတိုက်ဖျက်သလဲဆိုတာ… ဆဲလ်တွေရဲ့ စစ်ဆင်ရေးတွေကို ဟာသနှောပြီး စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်… ဒဏ်ရာတစ်ခုခု ရတဲ့အချိန် သွေးခဲစေတဲ့ ဆဲလ်လေးတွေထွက်လာတဲ့နေရာမှာ ကလေးငယ်လေးတွေအဖြစ် ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူတွေအတွက် ချစ်စရာကောင်းတဲ့အပြင် ပညာရသများစွာရရှိစေနိုင်တယ်။ စားသောက်လိုက်တဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ… သောက်လိုက်တဲ့ အရက်တွေ… ဒါတွေ အားလုံးက ခန္ဓာကိုယ်ပိုင်ရှင်အနေနဲ့ အစပိုင်းမှာ ထိခိုက်မှုမရှိပေမဲ့… အတွင်းပိုင်းအင်္ဂါနဲ့ ဆဲလ်လေးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ…. ကွက်ကွက်ကွင်းကွင်းမြင်ရမှာမို့လို့ ကိုယ့်ခန္ဓာကိုယ်ထဲကို ထည့်သွင်းတဲ့အရာမှန်သမျှကို ထိန်းချုပ်ရမယ်ဆိုတာ သံဝေဂရစေမှာပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.59GB / 847MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, Adventure, Fantasy, Comedy Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy & Mary Christ Encoded by AHtet

Drama
6.8 2024 110 mins
Cells at Work!