YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The.Hows.of.Us.2018.720p.AMZN.WEB-DL.DDP2.0.H.264-Naung.mp4

1.16 GB 720p video/mp4 1012 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The East
6.5

Imdb - 6.8 Rotten Tomatoes - 76% သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးလှုပ်ရှားသူများ ဟာ ကမ္ဘာကြီးကို ခေတ်အဆက်ဆက်ဒုက္ခပေးသောအရှင်းရှင်ကော်ပိုရိတ်လုပ်ငန်းကြီးများကို တန်ပြန်တိုက်ခိုက်မှုများလုပ်ကြတဲ့အကြောင်းပါ။ နယ်ပယ်အစုံက မင်းမဲ့ဝါဒီလူငယ်တစ်စုစုစည်းပြီး အရှေ့ရပ်ဝန်းဟုခေါ်ဆိုတဲ့ (The East) မြေအောက်အဖွဲ့ကိုဖွဲ့စည်းထားပါတယ်။ The Legend of Tarzan, The Northman, သိပ်မကြာသေးခင်ကထွက်ရှိထားတဲ့ Infinity Pool ရုပ်ရှင်များနဲ့ အောင်မြင်မှုရရှိထားတဲ့ မင်းသား Alexander Skarsgård ကအရှေ့ ရပ်ဝန်းအဖွဲ့ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ Inception, Juno, The Umbrella Academy တို့မှာ ပါဝင်တဲ့ Elliot Page ဟာလည်း အရှေ့ရပ်ဝန်းအဖွဲ့ ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် အဆိုပါရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစိုးရနဲ့လုပ်ငန်းကြီးတွေက ပြည်သူတွေကို မညှာမတာသောက်ဂရုမစိုက်စွာပဲ သူတို့ရဲ့အကျိုးမြတ်ရှေ့ထားတဲ့ အပြုမူများကို မကျေနပ်တဲ့လူတစ်စုဟာ တန်ပြန်တိုက်ခိုက်တဲ့အကြောင်းပါ။ ပုဂ္ဂလိကထောက်လှမ်းရေးကုမ္ပဏီတစ်ခုမှာအေ့ဂျင့်အဖြစ်လုပ်ကိုင်နေတဲ့ ဂျိန်းဆိုတဲ့အမျိုးသမီးတစ်ယောက် အရှေ့ရပ်ဝန်းအဖွဲ့ကိုလိုက်လံစုံစမ်း ဖော်ထုတ်ဖို့ တာဝန်ပေးအပ်ခံရတယ်။ လမ်းမတွေပေါ်မှာ အရပ်ဝတ်နဲ့ သူလျှိုလုပ်ပြီး မြေအောက်လောကထဲ လေလွင့်ကာ သတင်းအချက်လက် တွေကို စုဆောင်းနေခဲ့ပါတယ်။ ထို့နောက် အမှတ်မထင်ဘဲ အရှေ့ရပ်ဝန်း အဖွဲ့ထဲ ရောက်သွားခဲ့ပါတယ်။ အရှေ့ရပ်ဝန်းအဖွဲ့သားတွေက ကော်ပိုရေးရှင်းတွေကို ဆော်ပလော်တီးတဲ့အလုပ်တွေကို Jam (တီးပွဲ /တီးတယ်) လို့သုံးနှုန်းပြောဆိုပါတယ်။ အရေးကြီးတဲ့ တီးပွဲတွေမှာ ဂျိန်းတစ်ယောက်ပါဝင်ဆင်နွှဲရင်း အလုပ်နဲ့ဘဝကြား ဘယ်လိုရှေ့ဆက်ဗျာများရမယ်ဆိုတာ File size…1.68GB / 524.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 56m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kaung Paing

Comedy • Drama • Romance
6.5 2013 116 mins
The East
The Truth About Charlie
4.9

Angella ဆိုတဲ့အမျိုးသမီးငယ်တစ်ဦးဟာ အပျော်ခရီးထွက်နေရင်း သူ့ယောက်ျားနဲ့ကွာရှင်းဖို့စိတ်ကူးနေပါတယ်။ ခရီးက‌နေအိမ်ရှိရာ ပဲရစ်မြို့ကိုပြန်လာချိန်မှာတော့ သူ့ယောက်ျားဖြစ်သူ အသတ်ခံလိုက်ရတာကို သိလိုက်ပြီး သူ့တိုက်ခန်းကလည်း ဟောင်းလောင်းဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ပြင်သစ်ရဲတွေရော တခြားသူစိမ်းတွေကပါ သူ့ကိုလိုက်လံစုံစမ်းမေးခွန်းထုတ်ရာကနေ Angella လည်းခင်ပွန်းဖြစ်သူ Charles ရဲ့သရုပ်မှန်ကိုတဖြည်းဖြည်းပုံဖော်လာပါတော့တယ်။ 1963 က Cary Grant နဲ့ Audrey Hepburn တို့ရဲ့နာမည်ကျော်ဇာတ်ကားကြီး Charade ကိုပြန်ရိုက်ထားတာဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Mark Wahlberg, Thandiwe Newton နဲ့ Tim Robbin တို့ပါ၀င်ထားတဲ့ Mystery ကားလေးပါ။ File size…(1.91GB)  / (924.47MB) /594.95MBMB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Crime • Drama • Romance
4.9 2002 104 mins
The Truth About Charlie
Mission: Impossible II
6.1

IMDb Rating 6.1/10 မင်းသား Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေထဲကမှ နံပါတ် ၂ ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့.... ဒေါက်တာ ဗလာဒီမာဟိုနိုဗစ်ဟာ အဖျက်စွမ်းအားအင်မတန်ကြီးမားတဲ့ ကိုက်မယ်ရာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို မှားယွင်းတီထွင်မိပါတယ်။သူ့ကိုယ်သူအမှားလုပ်မိမှန်းသိလို့ ဖြေဆေးကိုပါ ပြန်ပြီး တီထွင်ပါတယ်။ ပြီးတော့ ဒီဗိုင်းရပ်ကို မသမာသူတွေလိုချင်တယ်ဆိုတာကိုသိလို့ ဖြေဆေး ရော ဗိုင်းရပ်စ်ပိုးကိုယူပြီး အဝေးကိုထွက်သွားဖို့ကြိုးစားရမှာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့ IMF အေးဂျင့် အီသန်ဟန့် ကိုအကူအညီတောင်းပါတယ်။ ဖြစ်ချင်တော့ အီသန်ဟန့်ဟာအဲ့အချိန်မှာ အားလပ်ရက်ယူနေတာဖြစ်ပြီး၊ IMF အဖွဲ့အစည်းက ဘယ်လိုမှရှာမရတာမို့ အီသန်ဟန့်ရဲ့မျက်နှာ ဖုံးကိုတခြားသူမှာတက်ပြီးလူစားထိုးလွှတ်လိုက်ပါတယ်။ အဲ့လူက လောဘတက်ပြီးသစ္စာဖောက် သွားတဲ့အခါမှာ အီသန်ဟန့်တစ်ယောက် ဗိုင်းရပ်ကိုဘယ်လိုပြန်ပြီးယူမလဲ စတဲ့စွန့်စားခန်းတွေနဲ့အတူ အက်ရှင်ကားအကောင်းစားတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:03:35 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by Ye Kyaw Htet

Crime • Drama • Thriller
6.1 2000 123 mins
Mission: Impossible II
A Sunday Affair
4.6

A Sunday Affair (2023) ================= Romance, Drama Netflix ကရိုက်တဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်အချစ်ဇာတ်လမ်းတွေ မဟုတ်ပဲ 30 ကျော် လူ 3 ယောက်ရဲ့ လူကြီးဆန်ဆန် တစ်ယောက် နဲ့တစ်ယောက် Play ကြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။ အူချေးနဲ့ တိုရင်းဟာ ငယ်ငယ်ထဲက လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ် ။ နှစ်ယောက်လုံးဟာ ကိုယ်ပိုင် စီးပွားရေးကိုယ်စီနဲ့ရပ်တည်နေနိုင်တဲ့ strong woman တွေပါပေါ့။ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲကို ဆန်းဒေးဆိုတဲ့ player တစ်ယောက် ရောက်လာပြီး သူငယ်ချင်းနှစ်ယောက်လုံးကို အပျော်အဖြစ် ပြိုင်တွဲ ရင်းနဲ့ နောက်ဆုံးမှာတော့ ဘယ်သူ့ကို တကယ်ချစ်မိသွားလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.7 GB) / (755 MB) / (447 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 36Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance, Drama Translator…….Thiha Yan Naing Encoder……….SWM

4.6 2023 96 mins
A Sunday Affair
Danur 3: Sunyaruri
5.1

Danur 3 [2019] ( 5.1/10 IMDb) သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားတဲ့ စာရေးဆရာမ ရီနာဟာ စိတ်ကူးယဉ်ကောင်း၊ အရေးအသားကောင်းလို့ တစ္ဆေသရဲဝတ္ထုတွေကို ရေးသားနေတာ မဟုတ်ပါဘူး… သူဟာ တကယ်ကို ပရလောကနဲ့ ဆက်သွယ်ပြောဆိုင်နိုင်တဲ့အပြင် သရဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် အဲ့ဒီအတွေ့အကြုံတွေကို အခြေတည်လို့ ဇာတ်လမ်းတွေ ရေးသားနေခဲ့တာပဲဖြစ်ပါတယ်…. ဘုရားသခင်အလိုတော်အရ သူ့ဆီမှာ ရှိနေခဲ့ရတဲ့ တတိယမျက်လုံးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပြင်ပလောကက သာမန်လူတွေနဲ့ အဆင်မပြေဖြစ်စေတာ များပါတယ်… အထူးသဖြင့် ရည်းစားထားတိုင်းမှာ ကောင်လေးတွေဟာ အဖြစ်မှန်ကို သိကြရတဲ့အခါ သူ့အပေါ်လက်လျှော့သွားကြတာချည်းပါပဲ… ဒါပေမယ့် ဒီမတ်စ်ကတော့ အများနဲ့မတူပဲ ကွဲပြားတဲ့ သူတစ်ယောက်လို့ ရီဆာရှုမြင်ထားလေရဲ့… ရီဆာ့ အိမ်မှာ ခိုကပ်နေတဲ့ သရဲပေါက်စကလေးတွေဟာ ရီဆာနဲ့ မောင်နှမဆက်ဆံရေးရှိကြသူတွေသာ ဖြစ်ပါတယ်… ဒါပေမယ့် ရီဆာဟာ ဒီကောင်လေးတွေရဲ့ ဇာတ်ကြောင်းကို ဂဃနဏမသိပါဘူး… မကောင်းဆိုးဝါးသရဲမကြီးတစ်ကောင်က အချိန်တိုင်း ဒီအိမ်ကိုပဲ မိုးကွက်ရွာနေစေခဲ့တာလည်း ရီဆာ မသိရှာပါဘူး… ဒီလိုနဲ့ တစ်ညမှာတော့ ရီဆာဟာ အိမ်မှာ သူ့ကောင်လေး ဒီမတ်စ်အတွက် မွေးနေ့ပွဲကျင်းပရင်းက သရဲလေးတွေ တောင်းဆိုတဲ့အရာကို အပြင်လူရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မလုပ်ပေးခဲ့ပါဘူး… အဲ့ဒါကပဲ သရဲမကို ဆင့်ခေါ်လိုက်သလို ဖြစ်သွားပါတော့တယ်…. သရဲမက ဒီမတ်စ်ကို အနာတရဖြစ်အောင် လုပ်ခဲ့ပေမယ့် ရီဆာကတော့ သရဲလေးတွေ လက်ချက်လို့ တထစ်ချယုံကြည်ပြီး သူတို့တွေကို မုန်းတီးနေခဲ့ပါတော့တယ်… ဒီလိုနဲ့ပဲ ချစ်သူနဲ့ သာမန်ဘဝလေးမှာ နေထိုင်ချင်တဲ့ ရီဆာ၊ သရဲမရဲ့ လှည့်စားမှုနဲ့ တတိယမျက်လုံးကို ပိတ်လိုက်မိတဲ့ ရီဆာ… တတိယမျက်လုံး မရှိတော့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ သိချင်ရင်တော့ ပရိတ်သက်ကြီးတို့ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါတော့နော်…. Genre….. Horror Quality…. 1080p | 720p File size… 765MB | 391MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.1 2019
Danur 3: Sunyaruri
Kannur Squad
8.1

Kannur Squad(2023) “ကန်နူးရ်တပ်ဖွဲ့” IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။ သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.1 2023
Kannur Squad
Happy Ghost 5
6.1

1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 5 ဖြစ်ပါတယ်.. စုစုပေါင်း ငါးကားတိတိရှိပြီးတော့ အရှေ့က ၄ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ် Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ် Kathy မှာ အရမ်းချစ်စရာကောင်းပြီး သိတတ်တဲ့ မက်ဂျစ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင် ရှိပါတယ်။ သူမရဲ့ အမေရိကန်မှာရှိတဲ့ မိဘတွေဆီ အလည်သွားနေတုန်း ရည်းစားဖြစ်သူ အားကျယ်ဆီ အပ်ခဲ့ပါတယ်။ ဒါပေမဲ့ အားကျယ်က မက်ဂျစ်ကို ကြည့်မရသူ ဖြစ်တဲ့အတွက် သေချာဂရုမစိုက်ပဲ ဖြစ်သလိုထားခဲ့ပါတယ်။ ဒါနဲ့ မက်ဂျစ်ဟာ အိမ်က ထွက်ခဲ့ပြီး ဘုရားကျောင်းတစ်ခုကို ဖြတ်သွားချိန် ဖယောင်းတိုင်မီးကြောင့် လောင်ကျွမ်းနေတဲ့ အပျော်နတ်ဘုရားရုပ်တုကို ကယ်ခဲ့ပါတယ်။ အပျော်နတ်ဘုရားကလည်း ကိုယ်ထင်ပြပြီး မက်ဂျစ်ရဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့ ကတိပေးခဲ့ပါတယ်။ မက်ဂျစ်က လူဖြစ်ချင်တယ်လို့ ဆုတောင်းတော့ အပျော်နတ်ဘုရားက ၄၉ ရက်တာ လူဖြစ်ခွင့်ပေးခဲ့ပါတယ်။ ခွေးလေး မက်ဂျစ်ကနေ လူယောကျာ်းမက်ဂျစ် ဖြစ်သွားပြီးနောက် ဘယ်လိုအလွှဲလေးတွေ ဖြစ်မလဲ…… သူ့သခင် Kathy နဲ့တွေ့ရတဲ့အခါ သူ့ကို မှတ်မိလိမ့်မလား…… Kathy နဲ့ အားကျယ်ကြားမှာ မက်ဂျစ်တစ်ကောင် ဘယ်လိုဝင်ရှုပ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ရယ်မောလိုက်ရအောင်နော်။

6.1 1991 91 mins
Happy Ghost 5
Batman Unlimited: Mechs vs. Mutants
5.8

Batman Unlimited Mechs vs. Mutants(2016) IMDB: 5.8 Rotten Tomatoes: 90% Genre: Animation/Action/Sci-fi Batman Unlimited Mechs vs. Mutants ဟာ DC Animation ဇာတ်လမ်းတစ်ခုဖြစ်ပြီး Batman Unlimited ရဲ့သုံးကားမြောက် (သို့) နောက်ဆုံးကားဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ပင်ဂွင်းတစ်ယောက် ဘတ်မန်းရဲ့နယ်နှင်ခြင်းကိုခံလိုက်ရပြီး မစ္စတာဖရိဇ်ရဲ့ နယ်မြေကိုရောက်နေပါတယ်။ သိတဲ့ အတိုင်း မစ္စတာ ဖရိဇ်ဆိုတာကလည်း အတိတ်မှာသနားစရာဇာတ်လမ်းတွေရှိခဲ့ပြီး ဗီလိန်ဆိုတာထက် တစ်ယောက်တည်းနေချင်နေတဲ့ ကြေကွဲလူကြီးဖြစ်ပါတယ်။ ခက်တာက ပင်ဂွင်းဆိုတာက လည်း အကျော်အခွလေးတွေနဲ့ ကုတုံးပေါ်ထိပ်ကွက်တဲ့ကောင် ခေါင်းကိုမှခေါက်တတ်တဲ့အကျင့်လေးကရှိတော့ နှစ်ယောက်သားဘုဘောက်ဖြစ်နေပါတယ်။ မစ္စတာဖရိဇ်ဟာတကယ်တမ်းပြောရရင် တစ်ယောက်တည်းပဲနေချင်ခဲ့တာဖြစ်ပါတယ်။ သူ့ဆီမှာအကောင်သေးသေးလေးတွေကိုတောင်အကြီးကြီးအဖြစ်ပြောင်းလို့ရတဲ့ စက်ကရှိနေပြန်ပါတယ်။ သိတဲ့အတိုင်းပင်ဂွင်းဆိုတဲ့ကောင်ကလည်း အမြဲကွက်ကျော်ရိုက်ဖို့ ချောင်းနေတာဆိုတော့ ဘာများဆက်ဖြစ်မှာလဲ။ File size… 1.2 GB / 628 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

5.8 2016
Batman Unlimited: Mechs vs. Mutants
The Coffee Table
6.7

The coffee table ဇာတ်ကားလေးက 2022 မှာထွက်ရှိခဲ့ပြီး IMDb 6.7 ရရှိထားပြီး Rotten tomatoes 86% ရရှိထားတဲ့စပိန်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟက်စွပ်နဲ့မာရီယာတို့ ဇနီးမောင်နှံဟာ ပူပူနွေးနွေး မိဘတွေဖြစ်လာတဲ့သူတွေပါ။ တစ်နေ့မှာ အိမ်အတွက် ကော်ဖီစားပွဲသွားဝယ်ကြပါတယ်။ စားပွဲဝယ်လိုက်ကတည်းက တစ်ဆစ်ချိုးပြောင်းသွားတဲ့ သူတို့ရဲ့ဘဝကို ရှုစားရမှာပါ။ ကံဆိုးမှုဆိုတာ တစ်ကောင်တည်းမလာဘူး အဖော်အပေါင်းနဲ့လာတယ်ဆိုတာ ဒီကားကိုကြည့်ရင်သိရမှာပါ။ ဒါကြောင့် သဲထိတ်ရင်ဖိုကြိုက်တဲ့ ပရိသတ်ကြီးတို့အတွက် Channelmyanmar ကနေ The coffee table ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File size… 1 GB / 490 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo

6.7 2022 91 mins
The Coffee Table
The Quiet Man
7.7

IMDb Rating – 7.7/10, RT -91% Awards – 2wins and 11Nominations ဒီကားလေးကတော့ အော်စကာဆုနှစ်ဆုရခဲ့တဲ့ Old but Goldတန်း၀င် ရိုမန့်စ်ဟာသဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း – ရှောင်သွန်တန်က ဘောင်ဆင်လောကကနေ အနားယူပြီး မွေးရပ်မြေ အိုင်ယာလန်ကိုပြန်လာတဲ့သူပါ။ ရောက်ရောက်ချင်းမှာပဲ အရင်နေခဲ့တဲ့အိမ်လေးကို မုဆိုးမတီလန်ဆီမှာသွား၀ယ်ရင်း လူဂွစာမြေရှင်‌ဝေလ်ဒန်နာဟာနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ နောက်တော့ မြို့ကိုပြန်ရောက်ရောက်ချင်း ချစ်ကြိုက်မိတဲ့သူက မြေရှင်ရဲ့ညီမဖြစ်နေတဲ့အခါ ရှောင်ရဲ့အချစ်ရေးကအဆင်ပြေပါ့မလား သူ့အစ်ကိုကလက်ခံပါ့မလား နောက်ပိုင်းအချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:09:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

7.7 1952
The Quiet Man
Powder
6.9

Powder 2024 ပေါင်ဒါ မှောင်ခိုလောကမှာ ကျင်လည်နေတဲ့ ဘိန်းရာဇာကြီး ဘရုစ်လီ သူ့ရဲ့လက်ရုံးတွေကတော့ နယ်စပ်ကနေ မှောင်ခိုသယ်ဖို့ အရာရာကူညီနေတဲ့ ဂျိဗ်စ် နယ်စပ်ကသယ်လာတာကို မြို့ထဲဖြန့်ပေးတဲ့ အန်နာချီနဲ့ ဂျိဗ်စ်နဲ့အန်နာချီတို့အရှုပ်မှန်သမျှ နောက်ကလိုက်ရှင်းရတဲ့ ကြေးစား မလိကာတို့ပါ။ ဒီတစ်ခါ သူတို့ရဲ့မဟာအကြံကတော့ ဘိန်းဖြူကို ပေါင်ဒါမှုန့်ဘူးထဲထည့်ပြီး မှောင်ခိုသယ်ဖို့ပါပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အစီအစဉ်ချွတ်ချော်ပြီး ကုဋေချီတန်တဲ့ ဘိန်းဖြူပေါင်ဒါဘူးက သူများလက်ထဲရောက်သွားတဲ့အခါ… ဘိန်းဖြူဆိုတော့ပေါ်ပေါ်ထင်ထင်ကလည်း ရှာလို့မဖြစ်လေတော့ ဒီဘိန်းဖြူပေါင်ဒါဘူးကို ပြန်ရယူဖို့လုပ်ရင်း ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲဆိုတာ အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်)

6.9 2024
Powder
Dark Feathers: Dance of the Geisha

ဒီကားလေးကတော့ တော်တော်ထူးခြားတယ်ပြောရမယ် ဒရမ်မာလည်းဟုတ် သည်းထိတ်ရင်ဖိုဆိုလည်းဟုတ် လွမ်းဆွေးစရာကလည်းကောင်း ထိမိဂွိပဲ ဒီကားထဲမှာ သရုပ်ဆောင်ထားတဲ့ အဓိကဇာတ်ဆောင်မင်းသမီး ခရစ်စတယ်ဂျေ ဟယောင်းက ဒီကားကို ဇာတ်ညွှန်းရေးခဲ့တဲ့သူတွေထဲက တစ်ယောက်ဆိုလည်း ဟုတ်တယ်၊ သူကိုယ်တိုင် ဒါရိုက်တာလုပ်ခဲ့တာဆိုလည်း ဟုတ်တယ် ဒီရုပ်ရှင်ကားလေးမှာ ကြိုက်မိတာက ဂျပန်ဆာမူရိုင်းယဉ်ကျေးမှုကို အနောက်တိုင်းယဉ်ကျေးမှု အကနဲ့ တွဲပြထားတဲ့အချက်လေးပါ ဂျပန်ယဉ်ကျေးမှုမှာ ဂေးရှားအမျိုးသမီးတွေက လှပချောမောမှု၊ အဆိုအတီးဖျော်ဖြေမှု ကောင်းမွန်မှု၊ စကားပြောကောင်းမှု ပြီးတော့ ယောကျာ်းသွားတွေကို ရူးခါသွားအောင် လုပ်နိုင်တဲ့နေရာမှာ နာမည်ကြီးတဲ့ သူတွေပေါ့ ကိတ်ဟာ ချောမောလှပတဲ့ ဓါတ်ပုံဆရာမ၊ အကမယ်တစ်ယောက်လည်းဖြစ်သလို ရှေးကျပြီး သစ္စာရှိမှုကို တန်ဖိုးထားတဲ့ လူမျိုးစုတစ်စုရဲ့ သစ္စာခံတစ်ယောက်လည်း ဖြစ်ပါတယ် သူနဲ့ တွဲကတဲ့ သူတွေမှန်သမျှ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အခါမှာတော့ စုံထောက် ရမ်မီက ကိတ်ကို ချည်းကပ်ပြီး လိုက်လံစုံစမ်းပါတယ် ဒီလိုစုံစမ်းရင်းကနေ ရမ်မီကိုယ်တိုင် ကိတ်အပေါ် စိတ်ဝင်စားမှုတွေ တိုးလာပြီး သူ့ရဲ့အိမ်ထောင်ရေးအတွက်ရော သူ့အသက်ကိုပါ ခြိမ်းခြောက်လာပါတော့တယ် လှပချောမောပြီး ပဉ္စလက်ဆန်တဲ့ ကိတ်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေက ဘာတွေများလဲ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာဆိုတာကရော ဘာများလဲ ကိတ်ကရော သူ့ရဲ့ အကလက်တွဲဖော်တွေ သေဆုံးမှုမှာ ဘယ်လိုပါဝင်ပတ်သက်နေသလဲ… File size…(1.3 GB)/(625 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Drama, Science Fiction, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bunny

0 2024
Dark Feathers: Dance of the Geisha
La Cocina The Kitchen
7.2

La Cocina (2024) IMDb Rating (7.2) / Rotten Tomatoes (72%) ဒီရုပ်ရှင်ရဲ့နာမည် La cocina (The Kitchen )ကို စတွေ့တော့ စိတ်ထဲထင်လိုက်တာက ဟင်းချက်တဲ့ရုပ်ရှင်ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ပိုစတာကြည့်တော့လည်း စားဖိုဆောင်ထဲက ရိုမန့်လိုလိုဘာလိုလို ပိုစတာမျိုးပဲ။ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲသွားတယ်ပြောရမှာပဲ။ ဇာတ်ရဲ့နေရာက အမေရိကန်ပြည်ထောင်စုကြီးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ နယူးယောက်ရဲ့ အချက်အချာအကျဆုံးနေရာဖြစ်တဲ့ Times Square။ စီးပွားရေး ဖျော်ဖြေရေး တိုးရစ်ဆွဲဆောင်ရေး ဒီနေရာမှာ အရာအားလုံးစုနေတယ်။ ၂၄နာရီလုံး မီးရောင်စုံတွေ ဒစ်ဂျစ်တယ်ဆိုင်းဘုတ်တွေနဲ့ လင်းထင်းနေတဲ့နေရာပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ အဲဒီအရောင်တွေတစ်ခုမှမြင်ရမှာမဟုတ်ဘူး။ တစ်ကားလုံးနီးပါးအဖြူအမဲနဲ့ပဲ ပြထားတယ်။ သူ့မြို့ပြရဲ့ ရှုပ်ထွေးမှုကိုတော့ focusမငြိမ်တဲ့ ရိုက်ချက်တွေနဲ့ ပြထားတယ်။ ဒီရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ စားဖိုဆောင်က Times Squareက ကြက်ပျံမကျ လူစည်တဲ့ The Grillလို့ခေါ်တဲ့ စားသောက်ဆိုင်ကြီးတစ်ခုရဲ့ မြေအောက်ထပ်ပါပဲ။ The Grillရဲ့ စားဖိုဆောင်ထဲ အလုပ်လုပ်တဲ့ စားဖိုမှူးတွေ ဟင်းချက်သမားတွေ အများစုက အမေရိကထဲကို တရားမဝင်ခိုးဝင်လာတဲ့ မက္ကဆီကန်တွေ။ သူတို့မှာ ဗီဇာမရှိသလို ဒီအမေရိကကိုရောက်လာဖို့ သူတို့ရဲ့အရာအားလုံးကို ရင်းထားရတဲ့လူတွေ။ ပြောရရင် ပြန်ဆုတ်စရာ လမ်းမရှိတဲ့လူတွေ။ ကြက်ပျံမကျလောက်အောင် ဝိုင်းအပြည့်နဲ့ စည်ကားတဲ့ စားသောက်ဆိုင်တွေမှာ တစ်ခါတလေတော့ ခင်ဗျားတို့ ကျွန်တော်တို့ ထိုင်ဖူးကြမှာပါပဲ။ တစ်ဝိုင်းကမှာလိုက် တစ်ဝိုင်းက ထသွားလိုက် နောက်တစ်ဝိုင်းက ပြန်ဝင်လိုက် ဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲ မိုးပေါ်ကကျသလို ကျလာနေတဲ့ လူကျတဲ့အချိန်တွေဆို စားပွဲထိုးတွေတောင် ခြေချင်းလိမ်နေရတဲ့ ဆိုင်တွေပေါ့။ အဲဒီမိုးပေါ်က ကျလာသလို ဇယ်ဆက်ကြီးကျလာတဲ့ ဟင်းပွဲတွေရဲ့ နောက်ကွယ်က စားဖိုခန်းဟာ ဒီလိုအချိန်တွေဆို ခုတ်ဟယ် ထစ်ဟယ် ပြေးဟယ် လွှားဟယ်နဲ့ ဇယ်ဆက်သလို ချက်နေပြုတ်နေရတဲ့ အချက်သမားတွေ , အော်ဒါကောက်လိုက် လာပြောလိုက် ပြန်လာယူလိုက် အချက်သမားနဲ့ ကတောက်ကဆတ်ဖြစ်လိုက် ဗျာများနေတဲ့ စားပွဲထိုးတွေရဲ့ စိတ်ပင်ပန်းလူပင်ပန်း အလုပ်ခွင်ကြီးကို La cocinaမှာ စိတ်ညစ်စရာကောင်းလောက်အောင်ကို ပြထားတယ်။ ဘယ်အလုပ်မဆို ပင်ပန်းကြတာချည်းပေမဲ့ ဘယ်နေရာက စားဖိုဆောင်မဆို ဒီလိုပင်ပန်းကောင်း ပင်ပန်းနိုင်ပေမဲ့ ဒီစားဖိုဆောင်မှာ အလုပ်လုပ်နေတဲ့လူတွေက တရားမဝင် အလုပ်သမားတွေပါ။ ပြောဆိုဆက်ဆံနေရတဲ့ ဘာသာစကားလည်းမတူသလို အလုပ်ပြုတ်သွားရင်လည်း ဘဝပျက်သွားနိုင်တဲ့ သူတို့အတွက် စိတ်ပင်ပန်းတဲ့ ဒဏ်က ပိုပြင်းတယ်။ မများလှတဲ့လခနဲ့ အထင်သေးတဲ့အကြည့်တွေရဲ့ ဒဏ်ကလည်း တစ်ပိုင်းပေါ့။ ဒီစားဖိုခန်းထဲက လူအများစုက ဒီလိုလူတွေပဲ။ ဒါကိုလည်း ဒါရိုက်တာက ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်မှုသက်သက်ထားထားတာမဟုတ်ဘဲ ကျန်တဲ့ဇာတ်ကောင်တွေရဲ့ အခြေအနေကိုလည်း ပြသင့်သလောက်ပြသွားတယ်။ ပြောရရင် François Truffautရဲ့ The Last Metroထဲက ပြဇာတ်ရုံကို ပြသလို Alonso Ruizpalaciosက စားဖိုဆောင်ကိုပြထားတယ်။ တူညီတဲ့အခြေအနေအောက်က မတူညီတဲ့ဒုက္ခတွေ, မတူညီတဲ့အခြေအနေအောက်က တူညီတဲ့ဒုက္ခတွေ အစုံပေါ့၊။ ဒီမှာပဲဖြစ်ဖြစ် ဒီမှာမဟုတ်တဲ့တခြားဆီမှာပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်စပ်သက်ဆိုင်နေတဲ့လူတွေပဲဖြစ်ဖြစ်အတွက် ဒီလိုအလားတူလုပ်ငန်းခွင်တွေဟာ ကျွန်တော်တို့ရဲ့ အရှိတရားတွေပဲဆိုတော့ ဒီအခြေအနေတွေအားလုံးက ကျွန်တော်တို့ဝင်ခံစားပေးလို့ရတဲ့ အခြေအနေတွေချည်းပဲ။ ဒါကြောင့်လည်း ဒီရုပ်ရှင်ရဲ့ပြကွက်တိုင်းနီးပါးက ကျွန်တော့်ရင်ထဲတော့ တော်တော်ရောက်ခဲ့တယ်။ ပိုဆိုးတာက ဇာတ်လမ်းစကတည်းက The Grillမှာ ဆိုင်ငွေဒေါ်လာ၈၀၀ပျောက်သွားတယ်။ အဲဒီငွေ၈၀၀ကို ခိုးတဲ့လူကို ဆိုင်ပိုင်ရှင်က မန်နေဂျာကို ရအောင်ရှာခိုင်းလိုက်တယ်။ မန်နေဂျာက တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးခဲ့တယ်။ မျက်နှာငယ်ရတဲ့အထဲ စွပ်စွဲခံရသလိုပါဖြစ်နေတော့ အကုန်အဆင်မပြေကြဘူးပေါ့။ ဒီဒဏ်ကို အဆိုးဆုံးခံရတာက အဓိကဇာတ်လိုက်ဖြစ်တဲ့ ပီဒရိုနဲ့ သူနဲ့ကြိုက်နေတဲ့ ဂျူလီယာ။ ဒီမတိုင်ခင်က ဂျူလီယာက ပီဒရိုနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ လိုတဲ့ငွေ ၈၀၀ကို လိုက်ချေးခဲ့တယ်။ အဲဒီငွေကို ပီဒရိုက ရအောင်ရှာကြံထုတ်ပေးလိုက်တယ်။ ပမာဏလည်း တူနေတော့ သံသယက သူတို့ခေါင်းပေါ်တည့်တည့်ကျလာတယ်။ ဒီကြားထဲ ဆိုင်ပိုင်ရှင်က ပီဒရို့ကို မင်းအလုပ်လုပ်နေတာ နှစ်လည်းကြာနေပြီ မင်းကို တရားဝင်နေထိုင်သူဖြစ်အောင် ဗီဆာလျှောက်ဖို့ကူပေးမယ်ဆိုပြီး မျှော်လင့်ချက်အတုတွေပေးထားသေးတော့ ပီဒရို့မှာ သူခိုးလို့လည်းအထင်ခံရ မျှော်လင့်ချက်လေးကလည်းပျက် ၂ခါမကနာရင်း မကနာတဲ့ကြားက တခြားအဖြစ်ပေါင်းစုံပါ ထပ်ပေါင်းလာတဲ့အချိန် ပြုတ်ကျသွားတဲ့ ပီဒရို့အခြေအနေကို La cocinaမှာ အဓိကမြင်ရလိမ့်မယ်။ ပီဒရို့ဇာတ်ကောင်ကို တည်ဆောက်ထားပုံက‌ တော်တော်လေး သဘောကျစရာကောင်းတယ်။ စစမှာ သူ့ကို မကောင်းတဲ့လူတစ်ယောက်နီးနီး ပုံဖော်ထားတယ်။ နောက်ပိုင်း သူ့ကောင်းခြင်းဆိုးခြင်းကို အကဲဖြတ်ဖို့ခက်လာတယ်။ နှစ်ခုလုံး ရောပြွမ်းနေတယ်ပေါ့။ အဆုံးသတ်မှာ သူ့ကို ကျွန်တော်တို့စာနာမိတဲ့အချိန်မှာ သူနဲ့အတူတူ ကျွန်တော်တို့ပါ ပြုတ်ကျတော့တာပါပဲ။ တစ်နည်းပြောရရင် ဒီဇာတ်လမ်းဟာ ကမ္ဘာပြိုသူတစ်ယောက်အကြောင်းပေါ့။ La cocina ကို တစ်ကားလုံး အဖြူအမည်းနဲ့ ပြထားပေမဲ့ အရောင်ပါတဲ့ ဇာတ်ဝင်ခန်း နှစ်ခန်းတော့ရှိခဲ့တယ်။ အရောင်ဆိုပေမဲ့လည်း တစ်ရောင်တည်းတွေပါပဲ။ တစ်ခန်းကတော့ အပြာရောင်တွေမှိုင်းနေတယ်။ အပြာဆိုတာ ရမ္မက်ရဲ့အပြစ်တွေကို ကိုယ်စားပြုတဲ့အရောင်လည်းဖြစ်နေသလို ဒီအပြာကို ရမ္မက်တွေပြည့်နေတဲ့ ဇာတ်ဝင်ခန်းမှာပဲ သုံးထားတာဆိုတော့ ဒါတော့ရှင်းရှင်းလင်းလင်းပါပဲ။ အစိမ်းကိုတော့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ စကားနဲ့တစ်ခါပြောပြီး , ဇာတ်ဝင်ခန်းတစ်ခန်းမှာ အရောင်နဲ့တစ်ခါပြခဲ့တယ်။ အဲဒီဇာတ်ဝင်ခန်းမှာ သူတို့အလုပ်သမားတစ်အုပ်ဟာ အလုပ်နားချိန်မှာ တိုက်နောက်ဘေးလမ်းထဲ ထိုင်နေခဲ့ကြတယ်။ နားချိန်အထိကို တောက်ပနေတဲ့ Times Squareကြီးက သူတို့နဲ့မသက်ဆိုင်ဘဲ ညစ်ပေမှုန်မှိုင်းနေတဲ့ နောက်ဖေးလမ်းကသာ သူတို့နဲ့သက်ဆိုင်ခဲ့ပုံပါပဲ။ ထိုင်နေရင်း သူတို့တွေ တစ်ယောက်ကိုတစ်ယောက် အိပ်မက်တွေအကြောင်း ပြောပြကြတယ်။ သူတို့မက်တဲ့အိပ်မက်တွေဟာ တစ်ခုမှ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ရိုးရိုးကုတ်ကုတ်လေးတွေချည်းပဲ။ အိမ်လေးတစ်လုံး နေရာလေးတစ်ခု ဘဝလေးတစ်ခု ဒီလောက်လေးတွေပဲ။ နောက်ဆုံးတစ်ယောက်ပြောတဲ့ အိပ်မက်ကတော့ ထူးခြားတယ်။ သူ့အမြင်အိပ်မက်ဆိုတာ သိပ်ကံကောင်းတဲ့လူတွေပဲ မက်နိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပုံပါပဲ။ အိပ်မက်ဆိုတာကိုတောင် မမျှော်လင့်ရဲတဲ့ အဆိုးဆုံးအခြေအနေတစ်ခုကိုရောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို သူပြောပြခဲ့တယ်။ နောက်ဆုံး အစိမ်းရောင်အလင်းတန်းတစ်ခုက အဲဒီလူကို ကယ်တင်သွားတဲ့အကြောင်း ပြောပြခဲ့တယ်။ အဲဒီလူရဲ့ဘဝမှာ အဆိုးဆုံးအခြေအနေကိုမရောက်ခင်တုန်းက အိပ်မက်တစ်ခုရှိခဲ့ဖူးမှာ သေချာပါတယ်။ အဆိုးဆုံးအခြေအနေကိုရောက်သွားတဲ့နောက် အိပ်မက်ကို သူမမျှော်လင့်ရဲတော့တဲ့ အခြေအနေရောက်သွားခဲ့တယ်။ ဒီအချိန်မှာ ဒီအခြေအနေက လွတ်မြောက်ဖို့မျှော်လင့်ချက်က အိပ်မက်အသစ်တစ်ခုလို ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ သူ့တကယ့် အိပ်မက်တော့မဟုတ်တော့ဘူး။ အဲဒီအစိမ်းရောင်အလင်းတန်းဟာ အိပ်မက်ကို မမျှော်လင့်ရဲတော့တဲ့ ကျွန်တော်တို့အားလုံးအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဘဝတွေမှာလည်း အစိမ်းရောင်အလင်းတန်းတစ်ခု ရှိကောင်းရှိလာလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:19:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Family • Animation • Comedy
7.2 2024 139 mins
La Cocina The Kitchen
A Mistake
5.8

ဒီတစ်ခါမှာတော့ နယူးဇီလန် ဆရာဝန်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။ အဲလိဇဘက်ဟာ ဆေးရုံရဲ့ အတော်ဆုံး ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်သလို တစ်ဦးတည်းသော အမျိုးသမီး ခွဲစိတ်ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ် ။ သွေးဆိပ်သင့်လူနာတစ်ယောက်ကို ခွဲစိတ်ရင်းနဲ့ ဘွဲလွန်ဆရာဝန်ကို trocar ဖောက်ခိုင်းလိုက်ရာကနေ လက်လွန်ပြီး သွေးလွှတ်ကြောအထိပါ ပေါက်သွားခဲ့ပေမဲ့ အဲလိဇဘက်တိုက အချိန်မီ ပြင်ဆင်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ICU ထဲမှာ တစ်ရက်နီးပါး နေပြီးတဲ့နောက်မှာတော့ အဲဒီလူနာက ဆုံးပါးသွားခဲ့ပါတယ် ။ တစ်ချိန်တည်းမှာပဲ ခွဲစိတ်ဆရာဝန်တွေရဲ့ ခွဲစိတ်လူနာရလဒ်တွေကို ဒေတာတွေအနေနဲ့ လူသိရှင်ကြားထုတ်ပြန်မယ်ဆိုတဲ့ စနစ်အသစ်တစ်ခု ထွက်လာတဲ့အခါ လောလောလတ်လတ်ကမှ လူနာ ဆုံးထားပြီး လူနာရှင်က ကွန်ပလိန်းတက်ခံနေရတဲ့ အဲလိဇဘက်အတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာပါတော့တယ် ။ ကိစ္စတွေက တစ်ခုပြီး တစ်ခုဆိုသလို အဲလိဇဘက်အတွက် downfall က ဆက်တိုက်ဖြစ်လာတဲ့အခါမှာ ဒီအရှုပ်အထွေးတွေ ကြားထဲကနေ အဲလိဇဘက် ဘယ်လိုရှင်သန်မလဲ။ ဒီလိုကိစ္စတွေထဲမှာမှ ခွဲခန်းအတူဝင်ခဲ့တဲ့ လက်ထောက် ဘွဲလွန်ဆရာဝန်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အခါ ကိစ္စတွေက ရှုပ်ထွေးသထက် ရှုပ်ထွေးလာပါတော့တယ် ။ ဒီလိုပြဿနာတွေကို အဲလိဇဘက် ဘယ်လိုဖြေရှင်းမလဲ ။ လောကကြီးကရော သူ့ဘက်မှာ ရှိနေနိုင်မလား ။ တကယ်ပဲ ဆရာဝန်တွေဟာ သေဖို ရာခိုင်နှုန်းများတဲ့လူနာတွေကို ခွဲစိတ်ကုသမှု မလုပ်ဘဲ ငြိမ်းချမ်းစွာ အသက်ထွက်ခွင့်ပေးသင့်သလားဆိုတာကိုတော့ A mistake 2024 မှာ ကြည့်ရှုခံစားရင်း အတွေးနက်ရစေမှာပဲ ဖြစ်ပါတယ် ။ File Size… (1.00 GB) / (623 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 41m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Crime • Drama
5.8 2024 101 mins
A Mistake