YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) The Greatest Showman (2017) 1080p BluRay x264 AAC 5.1-Naung.mp4

1.79 GB 1080p video/mp4 1205 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Guy Ritchie's The Covenant
7.8

Sherlock Holmes 2009 တို့ Alladin 2019 တို့ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Guy Ritchie ရဲ့ ဖြစ်ရပ်မှန်အခြေခံ စစ်ကားအသစ်လာပါပြီ။ ဇာတ်ကားနာမည် Covenant ဆိုတာကတော့ ကတိတစ်ခု သစ္စာတစ်ခုကို ဆိုလိုတာပါပဲ။ မင်းသားကတော့ ဂျိတ်ယီလင်ဟောပါပဲ။ အဖြစ်အပျက်ကတော့ အာဖဂန်စစ်ပွဲတွင်းကိုပဲ အခြေတည်ထားတာပါ။ အောက်တိုဘာ ၇ ရက်၊ ၂၀၀၁ ခုနှစ်မှာ ၉/၁၁ တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ် ၁၃၀၀ ကို အာဖဂန်မှာ တာဝန်ချထားခဲ့ပေမဲ့ ၂၀၁၁ ဒီဇင်ဘာမှတေ့ာ အမေရိကန်တပ်သား ၉၈၀၀၀ အထိ တာဝန်ပေးတပ်စွဲစေခဲ့ပါတယ်။ အဲဒီတပ်တွေနဲ့အတူ အာဖဂန် စကားပြန်ပေါင်း ၅၀၀၀၀ လောက်ကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ သဘောတူညီချက်နဲ့ အမေရိကန်စစ်တပ်က တာဝန်ပေးခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ တပ်ကြပ်ကြီး ဂျွန် ကန်န်လီနဲ့ စကားပြန် အာမက်တို့ အသက်လုပြီးတိုက်ပွဲဝင်ခဲ့ရပုံတွေကို တစ်ဝက်လောက်အထိပြထားတာပါ။ အာဖဂန်ကနေ ၂၀၂၁ ခုနှစ်မှာ အမေရိကန်တွေတပ်ဆုတ်ပြီး တာလီဘန်တွေ အာဏာရသွားချိန်မှာ စကားပြန်ပေါင်း ၃၀၀ ကျော်နဲ့မိသားစုတွေ အသတ်ခံခဲ့ရပြီး ထောင်နဲ့ချီတဲ့ စကားပြန်တွေပုန်းအောင်းနေခဲ့ပါတယ်။ အဲဒီမှာ တပ်ကြပ်ကြီးဂျွန်ဟာ သူ့ရဲ့ရဲဘော်ရဲဘက်ဟောင်းအာမက်ကို တာလီဘန်ကသတ်ဖို့လိုက်ရှာနေတဲ့ကြားက ပြန်ဝင်လာပြီးကယ်ထုတ်ဖို့ကြိုးစားပုံတွေကိုဆက်ပြီးကြည့်ရမှာပါပဲ။ ဒါရိုက်တာကောင်းမင်းသားကောင်းနဲ့ ဇာတ်လမ်းကောင်းကောင်းမို့ အားပေးလိုက်ကြပါဦး။ File Size :(5.9GB) (2.3GB) and (934 MB) Quality : AMZN.WEB-DL.4K.HEVC.Ac.3,1080P,720p Format…mp4 Duration…02:03:00 Genre : Action , Thriller, War Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

TV Movie • Thriller
7.8 2023 123 mins
Guy Ritchie's The Covenant
Eraserhead
7.4

ဒေးဗစ်လင့်ချ်ကို ဒီဘက်ခေတ်ရဲ့ အရေးအပါဆုံး ရုပ်ရှင်ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒီပွဲဦးထွက်ကား Eraserhead ကစလို့ လင့်ချ်ရိုက်သမျှကားတိုင်းဟာ အနုပညာအရ အောင်မြင်ခဲ့တာတွေချည်းပါပဲ။ သူ မအောင်မြင်ခဲ့တဲ့ Dune ကိုတောင်မှပဲ လက်ရှိ Dune ထက် ပိုကြိုက်တဲ့လူတွေ ရှိပါသေးတယ်။ ဒေးဗစ်လင့်ချ်ရဲ့ Eraserhead ဟာ သူ့အပြတွေအရတော့ Kafkaesque တော်တော်ဖြစ်တဲ့၊ ကာဖကာတော်တော်ဆန်တဲ့ ရုပ်ရှင်လို့ပြောရမှာပဲ။ ဆန်းတော့လည်း မဆန်းဘူး။ Eraserhead ရဲ့ Script ကိုရေးတဲ့နေရာမှာ လင့်ချ်ဟာ ဖရန့်ကာဖကာရဲ့ The Metamorphosis စာတွေရဲ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ အရှိတရားနဲ့ စိတ်ကူးယဉ်ဆန်မှုကို ရောပြွမ်းထားပြီး ပရိသတ်ကို Visual ကိုပဲ အဓိကထားပြီး သူပြောချင်တဲ့ အကြောင်းအရာကိုပြောပြထားတယ်။ သူ့ဇာတ်အိမ်ကိုတော့ နားမလည်နိုင်စရာကောင်းတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အဖွင့်နဲ့ဖွင့်ထားပြီး အရှိတရားဆန်တဲ့ အခြေအနေကို ပြန်ပို့သွားတယ်။ ပြီးကျ အဲဒီအရှိတရားဆန်တဲ့ အခြေအနေက စိတ်ကူးယဉ်ဆန်တဲ့ အခြေအနေကို တဖြည်းဖြည်းချင်းပြန်တွန်းပို့ပစ်ပြီး နောက်ဆုံး ခုနအရှိတရားဆန်တဲ့အခြေအနေက ပျောက်သွားပြီး အသိရ ခက်လာတယ်။ သူ့ဇာတ်အိမ်က ဒါပါပဲ။ ဒီလိုပဲ ပြောတတ်ပါတယ်။ Eraserhead ဟာ လင့်ချ်ရဲ့ပွဲဦးထွက်ကားဆိုပေမဲ့ ဘယ်ဒါရိုက်တာရဲ့ ပွဲဦးထွက်ကားနဲ့မှ မတူဘဲ သူ့ခေတ်သူ့အခါက ရုပ်ရှင်လောကကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခဲ့တဲ့ ကားလို့ပြောရမယ်။ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး လင့်ချ်ကိုယ်တိုင် "my Philadelphia Story", "Believe it or not, Eraserhead is my most spiritual film" စသဖြင့် ပြောခဲ့တာတွေများပေမဲ့ သူ့ဘာလို့ အဲဒီလိုပြောလဲဆိုတဲ့အချက်ကိုတော့ ကျွန်တော်တော့ ဘယ်လိုမှ လိုက်မမီပါဘူး။ ရှင်းရှင်းပြောရရင် ကာဖကာရဲ့ဖော်ပြပုံတွေနဲ့ တူတဲ့ ဖော်ပြပုံတွေကို ဒီတိုင်းငေးကြည့်နေရုံကလွဲ သူ့ရုပ်ရှင်ကို ဘယ်လိုမှ လိုက်မမီခဲ့ပါဘူး။ သူဘာပြချင်တာလဲ အသာထား ကိုယ်ပိုင်ခံစားချက်နဲ့ ကိုယ်ပိုင်အမြင်နဲ့တောင် ဖွင့်ဆိုလို့မတတ်ဘူးလို့ ပြောရမှာပဲ။ ဘာနေနေ တစ်ခေတ်ရဲ့တစ်ယောက် ဒါရိုက်တာဖြစ်တဲ့ ဒေးဗစ်လင့်ချ်ရဲ့ ရုပ်ရှင်ကို မြည်းစမ်းကြည့်ချင်လို့ဖြစ်ဖြစ် ကာဖကာဖန်ဖြစ်နေလို့ဖြစ်ဖြစ် Eraserhead ကို ကြည့်တော့ ကြည့်ကြည့်ကြသင့်တာပါပဲ။ သတိချပ်စေချင်တာက‌တော့ အပြတွေက ကြမ်းတမ်းနေတာပါပဲ။ မိတ်ဆွေအတွက် မကြမ်းတမ်းရင်တောင် ဒီကားကိုယ်တိုင်ကိုက လူတိုင်းကြိုက်မယ့်ကားမျိုးလည်းမဟုတ်ပါဘူး။ ဒီလို Type မျိုး ကြိုက်တဲ့သူတွေပဲ ကြိုက်မယ့်သီးသန့်ကားမျိုးပါပဲ။ ကျွန်တော့် Type လည်း မဟုတ်တော့ ညွှန်းလည်းမညွှန်းတတ်ပါဘူး။ ဒါပေမဲ့ ကိုယ့် Type ဖြစ်သွားမဖြစ်သွားသိဖို့တော့ ကြည့်ကြည့်ရမှာပါပဲ။ တကယ်လို့ ဘာကားကြီးလဲကွာလို့ ပြောမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ လင့်ချ်ကိုယ်တိုင်လည်း ဘယ်ရဗျူးသမားမှ သူ့ရည်ရွယ်ရင်းအတိုင်း နားမလည်ခဲ့ကြဘူးလို့ ဆိုထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 790MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 29Min Genre - Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Science Fiction
7.4 1977 89 mins
Eraserhead
Aloha with Love
5.8

IMDb rating 5.9/10 ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ ဟာဝိုင်ရီကျွန်းရဲ့ အငွေ့အသက်တွေပြည့်နေတဲ့ “Aloha with love” လို့ အမည်ရတဲ့ ပေါ့ပေါ့ ပါးပါး အချစ်မိသားစုဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဘဝအတွက် မှတ်သား ဖွယ်ရာ စကားလုံးတွေ၊ အချစ်ရေးမှာ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတွေ၊ ပြဿနာတွေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် မြင်တတ်တဲ့ ရှူထောင့်မတူပုံ တွေကို ဗိသုကာပညာရှင်မလေးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ဒီဇာတ် ကားမှာ တင်ဆက်ပြသပေးထားပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ မာဝီကျွန်းသူလေး ဂျန်မာက အရည်အချင်းရှိတဲ့ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်ပြီးတော့ Los Angelesမှာ အလုပ်လုပ်နေရသူပါ။ တစ်နေ့မှာတော့ ဂျန်မာရဲ့ အချစ်ဆုံး အန်တီရဲ့ သေဆုံးမှုက ကျွန်းသူလေးကို သူ့ရဲ့ကိုယ်ပိုင်ဇာတိကို ပြန်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဈာပနပွဲလုပ်ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့အန်တီဟာ သူ့ရဲ့အမွေ အနှစ်ဖြစ်တဲ့ အိမ်လေးကို ဂျန်မာနဲ့ သူ့ညီမဆာရာအတွက် ထားပေးခဲ့ပါတယ်။ ဒါတင်မကသေးပဲ သူ့ အထက်တန်းကျောင်းတုန်းက ချစ်သူလည်းဖြစ် ကန်ထရိုက် တာလည်းဖြစ်တဲ့ ဘန် နဲ့ အတူတူမွမ်းမံပေးဖို့ သေတမ်းစာမှာ ရေးထားခဲ့တဲ့အခါ မှာတော့...ဂျန်မာတစ်ယောက် သူ့ရဲ့အလုပ်ကိုဦးစားပေးပြီး LA ကိုပြန်သွားမှာလား... ရည်းစားဟောင်းနဲ့အတူတူ အမွေအနှစ်အိမ်လေးကို ပြန်ပြုပြင်မှာလားဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလို့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.7 GB) / (769 MB) / (532 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......June Encoder..........SWM

Action • Drama • Thriller
5.8 2022 90 mins
Aloha with Love
Joe
6.5

ဇာတ်လမ်းအညွှန်း သူ့ဖခင်က အရက်သမား၊ သူ့မိသားစုက စားရမဲ့သောက်ရမဲ့… ဟိုလေလွင့်ဒီလေလွင့်ဖြစ်နေတဲ့ မိသားစုအတွက် ၁၅နှစ်သားလေး ဂယ်ရီဟာ ဂျိုးဆိုတဲ့ လူတစ်ယောက်ဆီမှာ အလုပ်လာလုပ်ပါတယ်။ ဂျိုးက ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒေါသထွက်တတ်တဲ့စိတ်ကို ဆေးလိပ်သောက်၊အရက်သောက်ရင်း မြိုသိပ်ချုပ်တည်းရင်း နေနေတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဂျိုးက အလုပ်ကြိုးစားလုပ်တဲ့သူတွေကို သဘောကျပြီး သူ့အလုပ်သမားတွေအပေါ်မှာတော့ တကယ်ကောင်းပေးတဲ့ အလုပ်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂယ်ရီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားတတ်သူဖြစ်တာမို့ ဂျိုးက သဘောကျပြီး သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်လာကြပါတယ်။ ဂယ်ရီရဲ့ အဖေက ဂယ်ရီ့အပေါ်မှာ သည်းမခံနိုင်လောက်အောင် နှိပ်စက်ညှင်းပန်းတဲ့လုပ်ရက်တွေ လုပ်လာတဲ့အခါမှာ ဂျိုးတစ်ယောက် သူ့ရဲ့လူသားချင်းစာနာစိတ်တွေ နှိုးကြွလာပြီး ဂယ်ရီ့အတွက် သူကိုယ်တိုင် ပါဝင်ဖြေရှင်းဖို့ ဖြစ်ပါတော့တယ်။ အသုံးမကျတဲ့ ဖခင်လက်ထဲမှာ နေနေရပေမယ့် ကံကောင်းထောက်မစွာနဲ့ ဂျိုးလိုလူမျိုးနဲ့တွေ့ဆုံလိုက်ရတဲ့ ဂယ်ရီနဲ့ လူကြမ်းကြီးပေမယ့် စာနာတတ်တဲ့စိတ်နှလုံးရှိတဲ့ ဂျိုးတို့အကြောင်း ရိုက်ကူးပြသထားပါတယ်။ ဂျိုး အဖြစ် Ghost rider မင်းသားကြီး Nicolas Cage က သရုပ်ဆောင်ထားပါတယ်။ ကဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

Crime • Drama • Mystery
6.5 2013 118 mins
Joe
I Used to Be Famous
6.7

I Used to Be Famous (2022) (1080p ရပါပြီ) ဗင့်စ်ဆိုတဲ့ ဂီတသမားတစ်ယောက်ဟာတော့ တစ်ခေတ်တစ်ခါက လူသိများခဲ့တဲ့ ဂီတအဖွဲ့တစ်ခုရဲ့ ခေါင်းတောင်အဆိုရှင်ဖြစ်ခဲ့ပါတယ်။ လောကဓံ‌အကြောင်းကြောင်းကြောင့် ဂီတလောကထဲကနေ ထွက်ခွါခဲ့ရပြီး နှစ်ပေါင်းများစွာ သာမန်လူအဖြစ်ကျင်လည်ခဲ့ရတဲ့ ဗင့်စ်တစ်ယောက် စတီဗီဆိုတဲ့ စိတ်ဝေဒနာရှင်လူငယ်လေးနဲ့ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဒရမ်ကို သိပ်ရူးသွပ်ပြီး ပါရမီပါတဲ့ စတီဗီက ဗင့်စ်အပေါ် ခင်တွယ်လာခဲ့ပြီး သူတို့အတူတူ ဂီတလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ ကြိုးစားကြပါတော့တယ်။ ဂီတအပေါ်ရူးသွပ်မှုကလည်းတစ်ဖက် လူကြောက်တတ်တဲ့ စိတ်ဝေ‌ဒနာရှင်လူငယ်လေး စတီဗီကို ဗင့်စ်က ဘယ်လိုပြောင်းလဲပေးနိုင်မလဲ? သူတို့အတူ ဘယ်လိုကြိုးစားလျှောက်လှမ်းကြမလဲ? ဆိုတာကိုတော့ သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့ သိပ်ကောင်းတဲ့ ဒီဇာတ်ကားလေးမှာ ဆက်ပြီး ခံစားကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Reum ပါ။) File Size : 1.8GB, 743MB, 380MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 44mins Genre : Comedy, Drama, Music Translated by Reum Encoded by Kinnov

Drama
6.7 2022 104 mins
I Used to Be Famous
The Hound of the Baskervilles: Sherlock the Movie
6.2

The Hound of Baskervilles: Sherlock the Movie (2022) ~ IMDb – 6.2/10, MyDramaList – 7.7/10 ~ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။ မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား… ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာလား… ဆိုတာကို ဖော်ထုတ်တာဖြစ်ပါတယ်။ The Hound of Baskervilles ကို တိုက်ရိုက်တစ်ဖုံ မှီးငြမ်းတစ်သွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲအပိုင်းတွေများစွာရှိရာမှာ ဂျပန်ဘက်မှ ရိုက်ကူးပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hound of Baskervilles: Sherlock the Movie” လည်း တစ်ကားအပါအဝင်ဖြစ်ပြီး မူရင်းဇာတ်အိမ်ထဲက အဓိကအကြောင်းအရာကို နည်းနည်းပဲအခြေခံပြီး ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ ဒီလိုပါ။ သတ္တုမိုင်းသူဌေးကြီး ဟာဆုကာဘေးချီဇူးအို (Hasukabe Chizuo) ရဲ့ သမီးဖြစ်သူ ဟာဆုကာဘေးဘန်နီ (Hasukabe Beni) ကိုပြန်ပေးဆွဲပြီး “သမီးဖြစ်သူကို ပြန်လိုချင်ပါက ဆဲတိုကုန်းတွင်းပင်လယ်ရှိ ကာဆုမိကျွန်း (Kasumi Island) ဆီ သူဌေးကြီးတစ်ယောက်သာ ပြန်ပေးငွေနှင့်တကွ လာရောက်ပါရန်” ဆိုပြီး ခြိမ်းခြောက်စာပို့လာလို့ ဟာဆုကာဘေးချီဇူးအိုတစ်ယောက် ထိုကျွန်းကို ပြန်ပေးငွေပေးဖို့ သွားပေမဲ့ တကယ်တမ်းတော့ ပြန်ပေးငွေလည်း လာမယူ၊ ဘန်နီလည်း အိမ်ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ တစ်လကြာသွားတဲ့နောက် အဲဒီကိစ္စကိုအခဲမကျေနိုင်တဲ့ သူဌေးကြီးက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအကြံပေး တစ်နည်း အလွတ်စုံထောက် လုပ်နေတဲ့ ဆရာဝန်ဝါခါမီရာဂျွန်အီချိ (Wakamiya Junichi) ဆီမှာ ပြန်ပေးဆွဲမှုလက်သည်ကို စုံစမ်းပေးဖို့ အကူအညီလာတောင်းရာကနေ ဝါခါမီရာနဲ့ ဟိုမာရေး ရှီရှီအို (Homare Shishio) တို့နှစ်ယောက်သား ကာဆုမိကျွန်းကို မဖြစ်မနေ သွားရောက်စုံစမ်းရပါတော့တယ်။ အဲဒီကျွန်းမှာ လူတွေရဲ့အတ္တဆန်တဲ့အပြုအမူကြောင့် သေဆုံးသွားကြတဲ့ ခွေးနက်တွေက နတ်ဆိုးခွေးတွေအဖြစ် ပြောင်းသွားကြပြီး လူတွေကို လိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့ အရင်ကတည်းရှိနေတဲ့ ဒဏ္ဍာရီလိုလို ယုံတမ်းစကားတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့… The Hound of Baskervilles Sherlock the Movie ရဲ့ဒါရိုက်တာကတော့ Suspect X (2008) ကို ရိုက်ကူးခဲ့တဲ့ Hiroshi Nishitani ပဲဖြစ်ပါတယ်။ Homare Shishio (ရှားလော့ဟုမ်း) အနေနဲ့ သရုပ်ဆောင်ထားတဲ့သူက Fullmetal Alchemist Live-Action Trilogy ထဲမှာ Roy Mustang အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dean Fujioka ဖြစ်ပြီး Wakamiya Junichi (ဒေါက်တာဝပ်ဆန်) က High & Low ဇာတ်ကားတွေမှာ Cobra အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Takanori Iwata ဖြစ်ပါတယ်။ Reiji Eto (ရဲအုပ်လက်စထရိတ်) ကတော့ Kuranosuke Sasaki ဖြစ်ပြီး တစ်ခြားသရုပ်ဆောင်တွေက Yuko Araki (Once Upon a Crime, Roppongi Class), Nijiro Murakami (Alice In Borderland), Ryoko Hirosue, Kotaro Koizumi အစရှိသဖြင့် ပါဝင်အားဖြည့်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၁၁ ပိုင်းပါတဲ့ “Sherlock: Untold Stories” စီးရီးကို ထုတ်လွှင့်ပြသခဲ့ပြီးမှ The Hound of Baskervilles: Sherlock the Movie ကို ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ Sherlock: Untold Stories မှာ Dean Fujioka, Takanori Iwata, Kuranosuke Sasaki တို့ပဲ သရုပ်ဆောင်ထားတာမို့လို့ ဒီဇာတ်ကားမှာလည်း ပြန်လည်ပါဝင်ခဲ့ကြတာပါ။ The Hound of Baskervilles ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းက ပွေလီအင်းခွေးကြီးအမှု (မှီးငြမ်း) နဲ့ ဘတ်စကာဗျီလ်ခွေးကြီး (ဘာသာပြန်-အကျဉ်း)၊ ဆရာစိုးမြိုင်က ဖုန်းဆိုးမြေမှ ခွေးတစ္ဆေ (ဘာသာပြန်-အကျယ်)၊ ဆရာဆွေမင်း(ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်ကောလ္လိယအင်းခွေးကြီး (မှီးငြမ်း)၊ ဆရာမောင်မြတ်မိုးက ရှားလော့ဟုမ်းနှင့် ကျိန်စာသင့်အိမ် (ဘာသာပြန်) စသဖြင့် အသီးသီး မှီးငြမ်း၊ ဘာသာပြန်ခဲ့ကြပါတယ်။ ခေတ်သစ်ရှားလော့ဟုမ်းကိုမှ ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ချင်ရင် ဒါမှမဟုတ် ရှားလော့ဟုမ်းရဲ့ဝတ္ထုရှည်လေးပုဒ်ထဲမှာ အကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ The Hound of Baskervilles ကို ဂျပန်ကနေ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားတဲ့ဇာတ်ကားကို ကြည့်ချင်ရင်တော့ The Hound of Baskervilles: Sherlock the Movie ကိုပဲ ညွှန်းရမှာဖြစ်သလို စုံထောက်ကားပရိသတ်တွေအတွက်ရော၊ ရှားလော့ဟုမ်းပရိသတ်တွေအတွက်ပါ ဇာတ်ကောင်တွေနဲ့အတူ စိတ်ဝင်တစား အဖြေရှာဖို့ကောင်းတဲ့ ဂျပန်စုံထောက်ဇာတ်ကားကောင်းတစ်ကားပါပဲ။ {တကယ်လို့ ဒီဇာတ်ကားထဲကသီချင်းနှစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ နားထောင်ချင်ရင် Find You in the Stars by Yugo Kanno နဲ့ Lullaby by YU-KA ဆိုပြီး ရှာဖွေနားထောင်ကြည့်လိုက်ပါ။} (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 59Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Romance • Drama
6.2 2022 118 mins
The Hound of the Baskervilles: Sherlock the Movie
Spice World

Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူ ဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့ Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာ အမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲ ပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့ အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့ မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီး လိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့ သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေ ပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ File size… 3.3 GB / 1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 1997 93 mins
Spice World
You and Me / Ikaw At Ako
6.8

You and Me (2023) ဒီဇာတ်ကားလေးမှာ လူ့ဘဝရဲ့ဆည်းဆာနေဝင်ချိန်ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ အဖိုးနဲ့အဖွားတို့ရဲ့ လက်ရှိဆည်းဆာအချိန်ကာလ၊ သူတို့နှစ်ဦးရဲ့ သက်လတ်ပိုင်းအရွယ်မှာ မိသားစုဘဝတစ်ခု တည်မြဲနိုင်ဖို့အတွက် အချင်းချင်း သည်းခံအားတင်းရင်း ရင်ဆိုင်ဖြတ်ကျော်မှုတွေ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ နားလည်ပေးမှုနဲ့ ဆက်လက်ညှိနှိုင်းလိုခြင်းမရှိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဘဝအခက်အခဲစိန်ခေါ်ချက်ကို သရုပ်ဖော်ပြသထားပါတယ်။ ဒါ့အပြင် နွေရာသီတောတွင်းစခန်းချသင်တန်းကာလအတွင်းမှာ ဆုံတွေ့ကြတဲ့ ကလေးငယ်လေးနှစ်ဦးရဲ့ တစ်ဦးကိုတစ်ဦး တွယ်နှောင်ရစ်မိကြတဲ့ သံယောဇဉ်တွေကိုလည်း ဖော်ကျူးပြသထားပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ ချစ်ရသူလက်တွဲဖော်ဆီကနေ ရယူချင်တဲ့ နားလည်ပေးမှုနဲ့ အချစ်၊ တစ်ဦးချင်းစီရဲ့ မညီမျှတဲ့ နားလည်သည်းခံပေးနိုင်မှုအတိုင်းအတာ၊ ချစ်နေကြဆဲဆိုပေမယ့်လဲ အတူတူ ဆက်မရှိနိုင်ကြတော့တဲ့ ချစ်သူနှစ်ဦးရဲ့ အချိန်တွေ၊ အတက်အကျ ခံစားချက်မျိုးစုံကို ပြန်ပြောင်းသတိရတွေးမိပုံနဲ့ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဘဝနေဝင်ချိန် လက်တွဲဖော်အချစ်၊ ပိုင်ဆိုင်လိုစိတ်များတဲ့ လူငယ်သက်လတ်ပိုင်း အချစ်နဲ့ ကလေးငယ်ဘဝ သူငယ်ချင်းသံယောဇဉ်ကြီးမားကြပုံ စတဲ့ မတူညီတဲ့ ချစ်ခြင်းမေတ္တာပုံစံများကို အရွယ်သုံးမျိုးနဲ့ ဖော်ကျူးပြသထားတဲ့အတွက် မလွတ်တမ်းကြည့်ရှုခံစားသင့်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်… Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 580MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

6.8 2023
You and Me / Ikaw At Ako
Trim Season
5

ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြား ဆန်းဆန်းပြား‌ပြား Horror Movie လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန် တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကို ရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါ သေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကို Trim Season လို့ပေးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်က ဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင် ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူ တစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်း တန်းစီနေတာပါပဲ။ အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီး အိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့ စတင်ထွက်ခွာလာခဲ့ပါတော့တယ်။ စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီး လူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကို ခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေး တွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီး ရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလို သဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ် လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေ ကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.92GB / 876MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2023 100 mins
Trim Season
Medium
6.2

Medium (2023) IMDb Rating (6.2) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ ထူးဆန်းတဲ့ နယ်မြေလေးဆီက ဆယ်ကျော်သက်အရွယ်ကောင်မလေး အက်ဖ်တီးရီးယား ဟာ သူမရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ အိမ်နီးချင်းကောင်လေး အမ်ဂျယ်လို နဲ့တွေ့ပြီးတဲ့နောက်မှာတော့ အရွယ်ရောက်ပြီးသားလူတွေရဲ့ကမ္ဘာဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာ သိလာရပါတယ်။ ပူလောင်လွန်းတဲ့မြို့ရဲ့ လမ်းမတွေပေါ်မှာ အမ်ဂျယ်လို နဲ့အတူဆိုင်ကယ် တစ်စီးနဲ့ပတ်သွားရင်း ရမ္မက်စိတ်တွေနိုးကြွလာတာကို ရှာဖွေတွေ့ရှိရပါတော့မယ်။ ၁၆နှစ်အရွယ် ကောင်မလေးတစ်ယောက် သူမရဲ့ပထမဆုံး အချစ်ကြောင့် ကိုယ့်ကိုယ်ကို ရှာတွေ့သွားပုံကို မြင်ရမယ့် ဂရိ ဒရမ်မာ Coming of Age ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:37:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thura Aung

Comedy
6.2 2023
Medium
Jerry Maguire
7.3

Jerry Maguire (1996) IMDb Rating (7.3) / Rotten Tomatoes (85 %) ဒီကားထဲမှာ မင်းသား Tom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ် စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေး ကစားနေတဲ့သူတစ်ယောက်ပေါ့….အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ….. သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်……… ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှာ အချစ်ရယ် အလုပ်ရယ် ငွေကြေးရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်…….. နှလုံးသားနဲ့ဦးဏှောက်ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်…. တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ် နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေအတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်… ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့ အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလို ကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်… ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင် ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ် ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award for Best Actor ဆုရသွားတယ် ဒါ့အပြင် ရုပ်ရှင်ဆုပေါင်း ဆယ့်တစ်ဆုလည်းရခဲ့တယ် IMDb…Rotten…စတဲ့ Rating တွေလည်းကောင်းတယ်… ဒီအချက်အလက်တွေအရ ကြည့်ဖို့ထိုက်တန်လားဆိုတာ မေးခွန်း ၂ခါထုတ်စရာမလိုပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wai Phyo Maung မှ တင်ဆက်ထားပါတယ်။)

7.3 1996 139 mins
Jerry Maguire
Hitman: Agent Jun
6.4

Hitman: Agent Jun (2019) IMDb Rating (6.4) မင်းသားကြီး Kwon Sang-woo နဲ့ Jung Joon-ho တို့အပြင် ဂင်ချားနား Lee Yi-kyung , မင်းသမီး Hwang Woo-seul-hye တို့ပါဝင်ထားတဲ့ အက်ရှင်ဟာသစုံထောက် ကိုရီးယားရုပ်ရှင်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့် သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါ ဒီလိုထူးခြားမှုတွေကြောင့် တစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့အဖွဲ့ရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ် အဲ့လိုကနေ ဂင်ဘုံဂျွန်တယောက် အေးဂျင့်ဂျွန်အဖြစ်နဲ့ လုပ်ကြံသူအဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ အေးဂျင့်အလုပ်ကို ငြီးငွေ့လာတဲ့ ဂျွန်က အဲ့လောကကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့ ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ် ၁၅ နှစ်အကြာမှာ သူ့ရဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ လုပ်ကြံသူအေးဂျင့်ဘဝဇာတ်ကြောင်းကာတွန်းက နာမည်ကြီးလာခဲ့ပြီး လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်က ဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာတော့… အေးချမ်းတဲ့ဘဝမှာ ကိုယ်ယောင်ဖျောက်နေတဲ့ အေးဂျင့်ဂျွန်တယောက် ဒီလောကအရိပ်မည်းလက်ထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာ…။

Romance
6.4 2019 110 mins
Hitman: Agent Jun
Nocturnal
6.5

Nocturnal (2025) ********************* အားလုံး စောင့်မျှော်နေကြတဲ့ Along With the Gods ဇာတ်ကားမှ မင်းသားကြီး Ha Jung-Woo နဲ့ The Fiery Priest မှ မင်းသား Kim Nam-Gil တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် အက်ရှင်မှုခင်းဇာတ်ကားသစ်လေးက နောက်ဆုံးတော့ ထွက်ရှိလို့လာပါပြီ။ – ဇာတ်လမ်းအကျဉ်း – ဘယ်မင်ထယ် (Ha Jung-Woo) က ယခင်က ဂန်းစတားဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်နေသူပါ။ တစ်နေ့မှာ မင်ထယ် ညဘက်အိပ်နေတုန်း ညီဖြစ်သူဆော့ထယ်က ဖုန်းဆက်လာခဲ့ပေမဲ့ မင်ထယ်က မကိုင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဆော့ထယ်နဲ့ အတော်ကြာအဆက်အသွယ်မရဘဲ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ ဆော့ထယ်ကို သွေးရာတွေအပြည့်နဲ့ အလောင်းအဖြစ်နဲ့ပဲ ပြန်တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော့ထယ်နဲ့ အတူနေထိုင်နေသူဖြစ်တဲ့ ချာမွန်းယောင်း (Yoo Da-In) လည်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် မင်ထယ်လည်း ညီဖြစ်သူကို သတ်တဲ့ လူသတ်သမားကို သိရဖို့အတွက် သဲလွန်စတွေ လိုက်စုံစမ်းရင်း စာရေးဆရာ ဂန်ဟိုယောင်း (Kim Nam-Gil) ရဲ့ ရောင်းအားအကောင်းဆုံး “ညခရီး”ဆိုတဲ့ ဝတ္ထုစာအုပ်နဲ့ ဆက်စပ်နေမှန်း သိလိုက်ရပါတယ်။ ဒါ့အပြင် ထူးဆန်းတဲ့နောက်တစ်ချက်က ချာမွန်းယောင်းမပျောက်ခင် နောက်ဆုံး ဖုန်းဆက်ထားတဲ့သူက ဂန်ဟိုယောင်းဖြစ်နေတဲ့အခါမှာတော့… ဆော့ထယ်သေဆုံးမှုရဲ့ နောက်ကွယ်က အဓိကတရားခံက ဘယ်သူဖြစ်မလဲ… ဂန်ဟိုယောင်းရဲ့ ဝတ္ထုနဲ့ရော ဘယ်လိုဆက်စပ်နေတာဖြစ်မလဲ… မွန်းယောင်းကလည်း ဘာလို့ ပျောက်ဆုံးသွားသလဲဆိုတာကို ဘယ်မင်ထယ်နဲ့အတူ အဖြေရှာကြည့်ရင်း ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File Size : 1.38GB/ 550MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:40:00 Genre : Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo & Treasure Htet Encoded by Tiff

Comedy • Horror • Romance • War
6.5 2025
Nocturnal
The Salt Path
7

IMDb Rating (7.0) / Rotten Tomatoes (84%) ရထားတဲ့ ဒီဇာတ်ကားထဲမှာလည်း Raynor Winn ရဲ့ ဖြစ်ရပ်မှန်အမှတ်တရစာအုပ်ကို အခြေခံထားပြီး အိုးမဲ့အိမ်မဲ့ဘဝ၊ နာတာရှည်ရောဂါနဲ့ လူမှုရေးအခက်အခဲတွေကို သဘာဝထဲမှာ ကျော်လွှားပုံကို ဖော်ပြထားပါတယ်။ အဓိကသရုပ်ဆောင်နှစ်ယောက်ကလည်း ဟယ်ရီပေါ်တာဇာတ်ကားမှာ Malfoyရဲ့အဖေ Lucius Malfoy အဖြစ်သရုပ်ဆောင်ထားတဲ့ Jason Isaacs နဲ့ Johnny English ဇာတ်ကားမှာ M17 agent အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Gillian Andersonတို့ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ်မစွမ်းသာတော့တဲ့အချိန်မျိုးမှာ ကိုယ့်ဆီက အကျိုးတစ်စုံတစ်ရာမျှော်ကိုးပြီး အနားကပ်နေတဲ့သူတွေက ကိုယ့်ကို ရင်ထဲကစေတနာပါပါနဲ့ ပြုစုစောင့်ရှောက်ချင်ကြမှာမဟုတ်ပါဘူး။ ကိုယ့်ဆီက ရစရာရှိတာရပြီးတဲ့အခါ ကိုယ့်ကိုလည်း ပစ်ထားခဲ့ဖို့ ဝန်လေးမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် ဘဝရဲ့လက်တွဲဖော်က ကိုယ့်အတွက် စစ်မှန်တဲ့လက်တွဲဖော်ဖြစ်ဖို့လည်း လိုပါသေးတယ်။ ကိုယ့်ဘဝအတွက် အဆိပ်အတောက်လို လက်တွဲဖော်ဖြစ်နေခဲ့ရင်တော့ ကိုယ့်ဘဝတစ်လျှောက်လုံး ဘဝအဆုံးသတ်ချိန်အထိ ထိုမကောင်းတဲ့လက်တွဲဖော်ရဲ့ ဒဏ်ကို ခံစားသွားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ++++++++++ ရေနာဝင်းနဲ့မော့သ် ဝင်းတို့ဟာ ဝေးလ်စ်က သူတို့ရဲ့အိမ်ခြံမြေကို ရင်းနှီးမြှုပ်နှံမှု မအောင်မြင်မှုကြောင့် ပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ မော့သ်မှာ corticobasal degeneration ဆိုတဲ့ သေစေနိုင်တဲ့ အာရုံကြောရောဂါကို ဖြစ်နေတာကို သိလိုက်ရတယ်။ ဒီဒုက္ခတွေကျော်လွှားဖို့ သူတို့ဟာ အင်္ဂလန်ရဲ့ South West Coast Path ၆၃၀ မိုင်ကို လမ်းလျှောက်ခရီးထွက်ဆုံးဖြတ်ခဲ့တယ်။ ငွေကြေးချမ်းသာစည်းစိမ်ပေါများ အခြွေအရံပေါများတဲ့အခြေအနေမျိုးမှာ အတူရှိနေပေးခြင်းက မသိသာပေမယ့် နိမ့်ကျ၊ ဆင်းရဲ၊ ရှုံးနိမ့်ချိန် ဘေးမှာ အတူရှိနေပေးတဲ့ ဘဝလက်တွဲဖော်က ပိုပြီး စစ်မှန်ကြောင်း… သင်အောင်မြင်ချိန်အတူ ဝမ်းသာပေးမယ့်သူဖြစ်သလို၊ သင်နိမ့်ကျချိန်မှာလည်း သင့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမယ့်သူမျိုးသာဖြစ်တယ်ဆိုတာ ဒီဇာတ်ကားလေးက သက်သေပြပေးသွားမှာပါ။ File Size… (1.78 GB) / (988 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Family • Fantasy • Comedy • Adventure
7 2024 115 mins
The Salt Path