YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) The Endgame.S01E09.Beauty.and.the.Beast.720p.mp4

323.89 MB N/A video/mp4 1196 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Every Breath She Takes
7.4

Jules က သူ့ယောကျ်ား Billy ရဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု တွေကို ခံခဲ့ရပြီး နှစ်အတော်ကြာမှာ သူတို့အိမ်မီးလောင်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ Billy က Julesကို သတ်ဖို့ကြိုးစားခဲ့ ပေမဲ့ Jules မီးလောင်နေစဥ် လွတ်မြောက်သွားခဲ့ပြီး Billy ကတော့ မီးထဲမှာ ဆုံးသွားခဲ့တယ်။ ဒီလိုနဲ့ Jules အတွက် Billy ရဲ့ ထိန်းချုပ်မှု၊ အကြမ်းဖက်တွေ အားလုံးက လွတ်ပြီလို့ ထင်ခဲ့ပေမဲ့ အဲဒါတင်မပြီးသေးပါဘူး။ Jules စိတ်ပိုင်းဆိုင်ရာ ဇဝေဇဝါ ဒုက္ခတွေ ကြုံခဲ့ရပြီး နောက် ဆုံးတော့ သေဆုံးသွားတဲ့ ယောကျ်ား Billyကို မကြာခဏ ပြန် မြင်လာရပါတယ်။ လူတွေအားလုံးထင်သလို Jules တကယ်ပဲ ရူးသွားတာလား Billyကို ပြန်မြင်ယောင်နေတာ ဘာကြောင့်လဲ ဆိုတာကိုတော့ ဒီ Drama & Thriller ကားမှာ သည်းထိတ် ရင်ဖိုစရာကောင်းအောင် ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.6 GB) / (559 MB) / (373 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Thwal Htoo Zin Encoder..........SWM

Action & Adventure • Crime • Drama
7.4 2023 90 mins
Every Breath She Takes
Bound by Blackmail
6

ပိရမစ်လိမ်နည်းဆိုလား MLM လား ဘာလား ဘာညာသရာကာ အဲဒါမျိုးကို အားလုံးရင်းနှီးပြီးသားပဲမလား။ ဒီကားကတော့ တက်ကျမ်းတွေဟောတဲ့ ဘဲက ပိရမစ်လိမ်နည်းနဲ့ စိတ်ဓာတ်မြှင့်တင်ရေးအတန်းတွေဖွင့်၊ လူခေါ်အောင် မက်လုံးပေး၊ ထွက်မရအောင် အကြပ်ကိုင်တာတွေ လုပ်တဲ့ကားပေါ့။ ထူးတာက ဒီကားက အကောင်းစားကားလို့တော့ ပြောမရပေမဲ့ Thriller ကား ပီသတယ်။ စစချင်းမှာ ခင်ဗျား ဘာတွေဖြစ်နေတာလဲ တွေးမိမယ်။ နောက်ကျ ဇာတ်ရည်တဖြည်းဖြည်းလည်လာမယ်။ ဘယ်သူလုပ်နေတာလဲ ဆိုတဲ့ အချက်ကို ပြောင်းတွေးမိလာမယ်။ အဆုံးကျ ခင်ဗျား ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ အဖြေကို သိချင်လာရင်း ရင်တသိမ့်သိမ့်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ကလေးပါပဲ။ အကောင်းစားမဟုတ်ပေမဲ့ သင့်ရာတော်ရာကားကောင်းလေးပေါ့။ ပေါ့ပေါ့ပါးပါး ရင်တအေးအေးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးဆိုလည်းမမှားဘူး။ ဒီရုပ်ရှင်ဟာ လိုးဘတ်ဂျက် တီဗီမူဗီကားတစ်ကားဖြစ်ပေမဲ့လည်း သူမနိုင်တာတွေ ဘာမှမလုပ်ထားဘဲ သူနိုင်တဲ့အပိုင်းကိုပဲ သေချာပြပြီး ဇာတ်ညွန်းကိုလည်း Thriller ကား ပီပီသသ ရင်တဖိုဖိုဖြစ်ရအောင် သိချင်စိတ်ကိုဆွပြီး တဖြည်းဖြည်းချင်း သူ့ဇာတ်သူပုံဖော်သွားသလို သရုပ်ဆောင်တွေကလည်း ခက်ခက်ခဲခဲမဟုတ်တဲ့ ဇာတ်ရုပ်တွေကို အဆင်ပြေပြေသရုပ်ဆောင်သွားခဲ့ပါတယ်။ အကောင်းကြီးမဟုတ်လှတဲ့ကားပေမဲ့ သူသုံးထားတဲ့ ဘတ်ဂျက်အနေအထားအရ စုတ်ပြတ်မသွားတဲ့ ခြောက်ပြစ်ကင်းတယ်ဆိုတာ ရိုးရှင်းခြင်းမှာရှိတယ်ဆိုတာကို တစ်နည်းတစ်ဖုံသက်သေပြသွားတဲ့ ရုပ်ရှင်လေးပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 680MB Quality - 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 23Min Genre - Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Crime • Drama • Thriller
6 2022 85 mins
Bound by Blackmail
1Up
5.1

ဒီကားက Comedy, Gaming, Sport ကားပါ... Kissing booth ထဲက Marco လည်းဒီကားထဲပါတယ်နော်... ဇာတ်လမ်းကတော့ တက္ကသိုလ်တက်နေတဲ့ V ဆိုတဲ့ကောင်မလေးဟာ ကျောင်းရဲ့ဂိမ်းကစားတဲ့အဖွဲ့မှာ အရန်နေရာမှာ နေရပါတယ်... V က တရားဝင် နိုင်ငံ့အဆင့် ဂိမ်မာဖြစ်ပြီး တက္ကသိုလ်က စကော်လားရှစ်ရထားပေမယ့် အဖွဲ့ထဲမှာ ယောကျ်ားလေးများပြီး မိန်းကလေးတွေက နေရာမရပါဘူး... အဖွဲ့ခေါင်းဆောင်ကလဲ အသေနှိပ်ပြီး စီးပိုး ချဉ်စရာကောင်းတဲ့ကောင်ပါ... အဲ့တော့ သူငယ်ချင်းနဲ့အတူ V က အဖွဲ့ကထွက်ပြီး ကိုယ်ပိုင်အဖွဲ့ထောင်ပါတယ်... မိန်းကလေးတွေပဲထည့်ပြီး ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားပါတယ်... ပြိုင်ပွဲနိုင်ရင် နိုင်ငံအဆင့် ချန်ပီယံရပြီး အခွင့်အရေးတွေအများကြီးရမှာပါ.. ယောကျ်ားလေးအဖွဲ့ကိုရော တစ်နိုင်ငံလုံးက အဖွဲ့တွေကိုရော နိုင်ပါ့မလားဆိုတာ ကြည့်ကြပါဦး... File Size : (2.51 GB)(1.17 GB) and (280MB) Quality : WEB-DL  1080p, 720p Format…mp4 Duration…01:22:00 Genre : Comedy , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Min Wai

Drama • Romance
5.1 2022 100 mins
1Up
The Shawshank Redemption
8.7

91% Rotten Tomatoes 9.3/10 IMDb မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။ ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်....ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာ နဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ခင်ဗျားတို့ဆီက မျက်ရည်တွေ ချူနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘဝတွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘဝရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်။ တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘဝရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှတော့ ပျော်ရွင်မှုလေး တစ်ခု ခံစားရင်း အဆုံးသတ်သွားပါလိမ့်မယ်လို့.....။ File size…(5.3 GB)/(2.1 GB)/(900 MB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:22:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sherlock

Fantasy
8.7 1994 142 mins
The Shawshank Redemption
[21+] Frivolous Lola (1998) Monella
5.1

အီတလီဒါရိုက်တာ Tinto Brass ဇာတ်ကားဆိုရင်တော့ သဘောပေါက်လိုက်ပါတော့။ လိုလာဆိုတာ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး၊ သူ့ချစ်သူနဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းလေးတစ်ယောက်လဲဖြစ်ပါတယ်။ ဒါပေမယ့် လင်ကောင်မပေါ်ပဲ သူ့ကိုမွေးတယ်လို့ လူတွေဆိုကြတဲ့ သူ့မိခင်၊ မိန်းမရှုပ်တယ်လို့နာမည်ကျော်တဲ့အမည်ခံဖခင်တို့ကြောင့်ရော သူကိုယ်တိုင်ရဲ့လော်လည်တဲ့အနေအထိုင်တွေကြောင့်ပါ မြို့နေမိန်းမသားတွေကြားမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ လိုလာဟာ သူ့ချစ်သူနဲ့လက်မထပ်ခင်မှာအပျိုစင်ဘဝကိုအသည်းအသန်ပေးအပ်ချင်နေခဲ့ပေမယ့် သူ့ကိုတန်ဖိုးထားချစ်တယ်လို့ဆိုတဲ့ ရှေးရိုးစွဲသူ့ချစ်သူကတော့ လက်မခံပါဘူး။ ဒီတော့ လိုလာဟာ သူ့ချစ်သူကိုအတင်းဝင်လုံးတယ်၊ အထိအတွေ့နဲ့ဖြားယောင်းတယ်၊ တစ်ပါးသူတွေနဲ့ပရောပရည်လုပ်ပြီးဝန်တိုအောင်ဆွတယ်။ ဒီလိုကနေ တစ်ဖြည်းဖြည်းမချင့်မရဲဖြစ်လာတဲ့လိုလာဟာပတ်ဝန်းကျင်ကလူမှန်သမျှကို အလွတ်မပေးစတမ်းဖြစ်လာပါတော့တယ်။အဲ့ဒီထဲမှာမှ သူ့ဖခင်လို့ အများသိထားတဲ့ မိန်းမရှုပ်တဲ့နေရာမှာနာမည်ကျော်တဲ့ အန်ဒရေးလဲ မလွတ်ပါဘူး။ ဆရာကြီး Tinto Brass ရဲ့ထုံးစံအတိုင်း မိန်းမလှလေးလိုလာရဲ့ စူးစမ်းရှာဖွေမှုစွန့်စားခန်းတွေကို ပွင့်လင်းတဲ့ အပြောအပြတွေနဲ့တွေ့မြင်ရမှာဖြစ်တဲ့အတွက် 21 plus ပါပဲ။ Frivolous Lola နာမည်နဲ့လူသိပြီး မူရင်း နာမည်က Monella ဖြစ်ပါတယ်။ပိုစတာကိုတော့အများရင်းနှီးနေမှာဖြစ်ပေမယ့် ကြည့်ပြီးသားလို့အထင်မရောက်စေချင်ပါဘူး။ သူ့ဇာတ်ကားတွေထဲမှာ ဒီလိုပုံစံမျိုးဆင်တူတွေ မနည်းမနောရှိလို့ပါပဲ။ File Size : (2.3 GB) & (950 MB) Quality : BluRay 1080p & 720p Running Time : 01:45:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action & Adventure • Crime • Drama
5.1 1900
[21+] Frivolous Lola (1998) Monella
A Compassionate Spy
6.6

A Compassionate Spy (2022) ~ IMDb – 6.6/10, Rotten Tomatoes – 84% ~ ဒုတိယကမ္ဘာစစ်ကာလဟာ လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ စစ်ကြီးတစ်ခုပါပဲ။ အဆိုးဆုံးကတော့ ဟီရိုရှီးမားနဲ့ နာကာဆာကီးကို ကြဲချလိုက်တဲ့ နျူကလီးယားဗုံးနှစ်လုံးဟာ စစ်ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်ရုံမက အရပ်သူအရပ်သားသေဆုံးမှုတွေကိုပါ စစ်ရဲ့အနိဌာရုံအဖြစ် မြင်လိုက်ရတာပေါ့။ ဒါ့အပြင် ဖျက်အားပြင်း လက်နက်ဆန်းက ပေါက်ကွဲမှုမှာ မသေခဲ့တဲ့ ရှင်ကျန်သူတွေကိုပါ အကြောင်းရင်းမသိရဘဲ တဖြုတ်ဖြုတ်သေကုန်အောင် စွမ်းပါသေးသတဲ့။ ဒီလောက်အားကောင်းတဲ့ လက်နက်ဆန်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံက ဖက်ဆစ်ဂျာမန်၊ အီတလီနဲ့ ဂျပန်တို့ကို အပြတ်အသက် အနိုင်ယူနိုင်ခဲ့တာပေါ့။ ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဒီလိုဝရဇိန်လက်နက်ကို တစ်နိုင်ငံတည်းက ပိုင်ထားရင် Power Play မဖြစ်တော့ဘူးပေါ့။ အနိုင်ကျင့်မယ်။ ထစ်ခနဲရှိရင် ဗုံးကြဲချမယ်။ တစ်ကမ္ဘာလုံးက သူ့ကို တုန်နေအောင် ကြောက်ရမယ်။ ဒီလိုနဲ့ ကမ္ဘာကြီးမှာ အသေအပျောက်တွေများလာပြီး ဒုက္ခကပ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားမှာပါပဲ။ မိသားစုတစ်ခုရှိတယ်ဗျ။ သိပ်တော်တဲ့ သိပ္ပံပညာ‌ရှင်တွေ စုဝေးရာပေါ့။ သူတို့ထဲက ညီအစ်ကိုနှစ်ယောက်အကြောင်း ပြောရအောင်… အစ်ကိုလုပ်တဲ့သူက နျူကလီးယားထိပ်ဖူးကိုတင်ဆောင်ပြီး ကမ္ဘာ့တိုက်ကြီးတစ်ခုအတွင်း ကြိုက်တဲ့နေရာကို တိုက်ရိုက်ရောက်အောင်ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို တီထွင်တဲ့သူတွေထဲကတစ်ယောက်။ သူ့ရဲ့ညီက ဟီရိုရှိးမားနဲ့ နာကာဆာကီးကို ကြဲချခဲ့တဲ့ နျူကလီးယား ပထမမျိုးဆက်ဗုံးကို တည်ဆောက်တဲ့နေရာက ပညာရှင်တစ်ဦး။ အနုမြူဗုံးတစ်လုံးမှာ အရေးကြီးတဲ့ ပေါက်ကွဲအားလောင်စာ ယူရေနီယံသတ္ထုသန့်စင်ရေးဖြစ်စဉ်၊ ပိုအားကောင်းတဲ့ ပေါက်ကွဲမှုဖြစ်ရအောင် အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲရတဲ့ဖြစ်စဉ်တွေရှိတယ်။ အဲဒီအထဲကမှ အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲခဲ့တဲ့ ပညာရှင်လေး။ သူတို့အဖွဲ့ ဗုံးစမ်းသပ်မှုလုပ်ပြီး အောင်မြင်ခဲ့ချိန်မှာ လူအများပျော်နေချိန် အခန်းပြန်ပြီး တိတ်တဆိတ်ထိုင်နေတဲ့သူ။ ဒီလိုလက်နက်ဟာ တစ်ဦးတည်းပိုင်ထားရင် ကမ္ဘာအတွက် ကပ်ဆိုးတွေယူလာမယ်ဆိုတာ သူသိခဲ့တယ်။ သူထင်တဲ့အတိုင်းပဲ ဟီရိုရှီးမားနဲ့ နာကာဆာကီကို ဗုံးနှစ်လုံးကြဲချလိုက်တဲ့ အမေရိကန်ဟာ သူ့ရဲ့စစ်ဦးကို ဖက်ဆစ်တွေကနေ ဆိုဗီယက်ပြည်ထောင်စုကို လှည့်သွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုတစ်ခုလုံး ပျက်သုဉ်းအောင် ဗုံးပေါင်းများစွာ ကြဲချတော့မယ့် အစီအစဉ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေတယ်။ နျူကလီးယားဗုံးတစ်လုံး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ စာရွက်စာတန်းနဲ့ နည်းပညာတွေကို ဆိုဗီယက်ပြည်ထောင်စုဆီ လျှို့ဝှက် ပေးပို့လိုက်ပါသတဲ့။ ဒီလိုနဲ့ အမေရိကန်စစ်သားလေးဟာ နျူကလီးယား အက်တမ်နည်းပညာတွေ ကဲ့ထုတ်လိုက်တဲ့ ဆိုဗီယက်သူလျှိုလေး ဖြစ်သွားပါလေရော။ ဒီရုပ်သံမှတ်တမ်းက လူတော်တော်များများ မသိရသေးတဲ့အချက်ကြီးကို ဖွင့်ချထားတာပါ။ ရုပဗေဒပညာရှင်လေး သီအိုဒေါ အယ်လ်ဗင် ဟော ရဲ့ သူလျှိုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ အဖျားဆွတ်ခေါ်တော့ တက် သို့မဟုတ် တက်ဒီ လေးပေါ့ဗျာ။ နျူကလီးယားဗုံးနည်းပညာကို ရုရှားတွေ ရှာဖွေတွေ့ရှိတီထွင်ခဲ့တာမဟုတ်ဘဲ အမေရိကန်တွေဆီက စိမ့်ထွက်လာတယ်ဆိုတာကို အထိတ်တလန့်သိလိုက်ရမယ့် ရုပ်သံမှတ်တမ်းပါ။ ဘယ်လိုပဲပြောပြော တက်ရဲ့ဆုံးဖြတ်ချက် မှန်လို့ ဒီအချိန်အထိ တတိယကမ္ဘာစစ်မဖြစ်သေးတာလား။ သူ့ဆုံးဖြတ်ချက်မှားခဲ့လို့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံအထိရှိသွားပြီး မီးပွားတစ်ခုကျလိုက်တာနဲ့ နျူကလီးယားစစ်ပွဲဖြစ်လို့ ကမ္ဘာကြီး တစ်ရက်တည်းပျက်သွားမယ်လို့ အပြစ်တင်မလားဆိုတာကတော့ လူကြီးမင်းရဲ့ ပုဂ္ဂိုလ်ရေးအတွေးအမြင်သာ ဖြစ်ကြောင်းပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 800MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 41Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.6 2022
A Compassionate Spy
Se7en Seven
8.6

“The world is a fine place and worth fighting for.” Ernest Hemingway CM ပရိသတ်ကြီးရေ။ ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလားခင်ဗျာ။ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်။ အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ။ IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995) ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။ ဇာတ်လမ်းကဒီလိုပါ….. ဝီလီယမ် ဆမ်မာဆတ်( Morgan Freeman)ဟာ ရာဇဝတ်မှုတွေထူပြောတဲ့မြို့လေးတစ်မြို့က အမှုလိုက်အရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့လုပ်သက်တစ်လျှောက်လုံးမှာ တွေ့ကြုံခဲ့ရတဲ့ ရာဇဝတ်မှုတွေကြောင့် မြို့ကိုရော သူ့ရဲ့အလုပ်ကိုပါစိတ်ကုန်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူအနားယူဖို့ တစ်ပါတ်အလိုမှာ သူ့နေရာကို ဆက်လက်တာဝန်လွှဲပြောင်းယူရမယ့် ဒေးဗစ်မီလ် (Brad Pitt)ဆိုတဲ့ အမှုလိုက်အရာရှိအသစ်တစ်ယောက် ရောက်လာခဲ့ပါတယ်။ မီလ် ကတော့ ဆမ်မာဆတ်နဲ့ ကွဲပြားစွာပဲ တာဝန်ထမ်းဆောင်ဖို့ အလွန် တက်ကြွနေပြီး ဒီမြို့ကလေးအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်ပေးချင်နေတဲ့သူပါ။ မီလ်ဟာ လူငယ်လည်းဖြစ်တဲ့ အလျောက် စိတ်မြန်လက်မြန်ရှိပြီး ခေါင်းမာတဲ့သူတစ်ယာက်လည် ဖြစ်ပါတယ်။ မီလ်မှာ့ သူ့ကိုအရမ်းချစ်ပြီး နားလည်မှုလည်းရှိတဲ့ ချစ်စရာကောင်းတဲ့ ထရေစီ (Gwyneth Patrow)ဆိုတဲ့ ဇနီးတစ်ယောက်ရှိပါတယ်။ ထရေစီဟာ သူ့ခင်ပွန်းနဲ့ အတူတွဲပြီး အလုပ်လုပ်ရမယ့် ဆမ်မာဆတ်ကို ညစာဖိတ်ကျွေးရင်း သူတို့တွေ ရင်းနှီးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဆမ်မာဆတ်နဲ့မီလ်ဟာ အတူတွဲပြီး အလွန်ရက်စက်ပြီး ထူးဆန်းတဲ့လူသတ်မှုတစ်ခုကို စုံစမ်းဖို့ဖြစ်လာပါတယ်။ အဲဒီအမှုကို စုံစမ်းထောက်လှမ်းရင်းနဲ့ ဆမ်မာဆတ်နဲ့ မီလ်တို့နှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဆက်လက်ကြုံတွေ့ပြီး ဘယ်လိုဖြစ်ပျက်ကြမယ်ဆိုတာကိုတော့……ဇာတ်ကားကိုသာ ဆက်လက်ကြည့်ရှုခံစားလှည့်ကြပါလို့ပြောပါရစေ။ ဒီဇာတ်ကားကို MMDB ရဲ့ Page မှာလည်းရေးသားဖော်ပြထားပါတယ်။ ဇာတ်လမ်းအညွှန်းကို ဒီလောက်နဲ့အားမရရင်တော့ အဲဒီမှာ သွားရောက်ဖတ်ရှုခံစားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီပို့စ်မှာလည်း မကြည့်ရသေးသူများအနေနဲ့ ပို့စ်ကိုအရင် မဖတ်ကြဘဲ ဇာတ်ကားကို အရင်ကြည့်ရှုကြသင့်ကြောင်း တိုက်တွန်းပြောကြားထားပါတယ်။ ဒီဇာတ်လမ်းကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာ David Fincher ရဲ့ကြိုးစားရိုက်ကူးပုံဖော်ထားခဲ့မှု၊ သူ့ရဲ့တင်ပြပုံတွေနဲ့ ပါတ်သတ်ပြီး သုံးသပ်တင်ပြထားတဲ့ MMDB ရဲ့ Preview တစ်စိတ်တစ်ပိုင်းကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်ခင်ဗျာ။ မေတ္တာဖြင့် Kaung Thant Sin —————-// —————- “Long is the way and hard, that out of Hell leads up to light.” John Milton (Paradise Lost) … … … … … … … … … … … … … … … … … … … … … … … … Seven (သို့) Se7en ဟာ Aliens 3 ဇာတ်ကားနဲ့ ပွဲဦးထွက်ဒါရိုက်တာဘ၀ မလှပခဲ့တဲ့ David Fincher, ဒုတိယမြောက် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားပါ။ Brad Pitt, Morgan Freeman, Gwyneth Patrow တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ 1995 ခုနှစ်ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်တွေထဲ အပါအဝင် ဖြစ်သလို၊ Thriller အမျိုးအစားထဲ ဂန္တဝင်အဆင့်သတ်မှတ်ခံခဲ့ရပြီး၊ David Fincher ကိုပါ သူ့မျိုးဆက်ရဲ့ အရည်အချင်းအရှိဆုံး ဒါရိုက်တာတွေထဲ တစ်ယောက်အဖြစ် ထင်ရှားစေခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းကို Somerset နဲ့ Mills တို့ စတွေ့တဲ့အခန်းနဲ့ စဖွင့်ထားပေမယ့်၊ Se7en ကို သမာရိုးကျ ဇာတ်ကားမဟုတ်မှန်း သိသာသွားစေတာကတော့ အဲဒီဇာတ်ဝင်ခန်းနောက်မှာလာတဲ့ အဖွင့်စာတန်းထိုးတဲ့ အခန်းပါပဲ။ ဒိုင်ယာရီလို စာအုပ်တစ်အုပ်ထဲ ရေးမှတ်နေတဲ့ လက်တစ်စုံ၊ သတင်းစာဖြတ်ပိုင်းတွေနဲ့ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ လူတစ်ချို့ရဲ့ ဓါတ်ပုံတွေကို အဲဒီလက်တွေက ကိုင်တွယ်နေတာကို ကြည့်နေရင်းနဲ့၊ အဲဒီအခန်းရဲ့ နောက်ခံတီးလုံးကို နားထောင်နေရင်းနဲ့ပဲ ဒီဇာတ်ကားမှာ မြင်ရမယ့် ရက်စက်မှူတွေ၊ မျှော်လင့်ချက်မဲ့မှူတွေရဲ့ အရသာကို မသိစိတ်က ခပ်ရေးရေး ခံစားမိနေပြီ။ ဇာတ်ဝင်ခန်းတိုင်းလိုလိုမှာ၊ ကောင်းကင်က ညို့မှိူင်းနေသလို၊ မိုးကလဲ တဖျောက်ဖျောက် အမြဲကျနေတတ်ပြီး၊ အဆောက်အဦးတွေ၊ အခန်းတွေထဲကို ရိုက်ပြထားတဲ့အချိန်မှာလဲ အဲဒီထိုင်းမှိူင်းတဲ့ ခံစားချက်က လုံးဝပျောက်မသွားတာကလဲ အခုဆိုရင် Fight Club, Panic Room, Zodiac, The Girl With The Dragon Tattoo ပြီးတော့ ခုနောက်ဆုံး Gone Girl တို့လို ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ Fincher ရဲ့ အမှတ်သညာတစ်ခုလို ဖြစ်နေပါပြီ။ ပရိသတ်ဟာ ဒီသွေးပျက်စရာလူသတ်မှူတွေကို ဖြစ်ပွားပြီးမှသာ မြင်ခွင့်ရခဲ့သလို၊ တရားခံကိုယ်တိုင်ကလဲ ဇာတ်သိမ်းခါနီးမှသာ ထွက်ပေါ်လာခဲ့ပေမယ့်၊ အဲဒါကပဲ ဒီဇာတ်ကားရဲ့ ဗီလိန်ဖြစ်တဲ့ John Doe ကို ကြည့်နေတဲ့သူစိတ်ထဲ ဖျောက်မရအောင် ဖြစ်သွားစေခဲ့ပါတယ်။ ဒါကလဲ မထူးဆန်းပါဘူး။ လူတွေဟာ အကောင်အထည်လိုက် ခြေ ာက်နေတဲ့ သရဲတစ္တေထက်၊ အိပ်ယာဝင်ပုံပြင်တွေဖတ်ပြီး၊ ကိုယ့်မသိစိတ်က ကိုယ်တိုင်ပုံဖော်တဲ့ မိစ္တာတွေကိုသာ ပိုပြီး ထိတ်လန့်တတ်တာ သဘာဝပဲ မဟုတ်လား။ Howard Shore ရဲ့ နောက်ခံဂီတအပိုင်း၊ Cinematography ကို ကိုင်တဲ့ Darius Khondji နဲ့ Editing ပိုင်းတာဝန်ယူတဲ့ Richard Francis-Bruce တို့နဲ့ ဒါရိုက်တာ David Fincher ရဲ့ ရိုက်ကူးမှူအပိုင်းဟာ Se7en က တစ်ဆင့် သူတို့ထုတ်ပြချင်တဲ့ လောကတစ်ခုကို လုံးဝဟာကွက်မရှိပဲ အပြည့်စုံဆုံး ဖန်တီးနိုင်ခဲ့ပေမယ့်၊ Masterpiece ဆိုတဲ့ တကယ့် ဂန္တဝင်လက်ရာတွေမှာ ဖန်တီးသူရဲ့ အရည်အချင်းက 90%ဆိုရင်၊ ကျန်တဲ့ ၁၀ရာနှူန်းက ကံတရားဖေးမမှူပါပဲ။ ဥပမာပြောရရင်၊ ဇာတ်လမ်းအစအဆုံး နေရောင်ခြည်စစ်စစ်ကို လုံးဝမပြခဲ့လို့ Se7en ရဲ့ စိတ်ချောက်ချားစရာ theme ဟာ တစ်လျှောက်လုံး ဇာတ်ကားတစ်လျှောက်လုံး စိတ်ထဲနစ်ဝင်နေခဲ့ပေမယ့်၊ တစ်ကားလုံးမှာ ချောက်ချားစရာ အကောင်းဆုံးဆိုတဲ့ ဇာတ်သိမ်းခန်းကတော့ လင်းလင်းချင်းချင်းနေရာမှာ ဖြစ်ပွားခဲ့ပြီး၊ အဲဒီအချက်ကပဲ ဒီဇာတ်သိမ်းခန်းရဲ့ သွေးပျက်စရာခံစားချက်ကို နှစ်ဆတိုးစေခဲ့ပါတယ်။ ဒါပေမယ့်၊ ဒီအဖြစ်အပျက်ဟာ David Fincher ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပဲ၊ ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးတဲ့အချိန်မှာ မိုးရေဖြန်းတဲ့စက်တွေ သုံးလို့မရခဲ့လို့သာ ဒီအတိုင်းရိုက်ကူးခဲ့ရတာပါ။ ယှဉ်ပြီးပြောရရင်၊ Avatar လို ဇာတ်ကားမျိုးကို ကြည့်ပြီးရင် စိတ်ထဲမှာ ကျန်ခဲ့တာက ဒီလိုဇာတ်ကားမျိုးရအောင် သူတို့ ဘယ်လိုများ ဖန်တီးခဲ့ပါလိမ့်ဆိုတဲ့ အံ့သြချီးမွမ်းစိတ်ပဲ ဖြစ်ဖို့များပါတယ်။ ဒါပေမယ့်၊ Se7en ဇာတ်လမ်းဆုံးလို့ စာတန်းထိုးတဲ့အချိန်မှာ ရုပ်ရှင်တစ်ကားထက် လက်တွေ့လောကက ခြောက်ခြားစရာ အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ကြုံလိုက်ရသလို ခံစားချက်နဲ့ စိတ်ထဲမှာ အတွေးတစ်စုံတစ်ရာကတော့ ကျန်ခဲ့မှာပါ။ ကျွန်တော်ဟာ၊ ကျွမ်းကျင်လို့မဟုတ်။ ဝါသနာပါလို့ ကိုယ့်စိတ်ထဲပေါ်တာကို ချရေးနေတဲ့ အပျော်တမ်းသမားတစ်ယောက်ဆိုတာ အထူးပြောစရာမလိုဘူးဆိုပေမယ့်၊ သေချာအာမခံနိုင်တာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့၊ ဝေဖန်သူတစ်ယောက်မဟုတ်ပဲ၊ ဇာတ်လမ်းထဲစိတ်နှစ်ပြီး ကြည့်တတ်တဲ့ ရုပ်ရှင်ပရိသတ်တစ်ယောက်အတွက်၊ Se7en ဟာ ပေးဆပ်ရတဲ့အချိန်နဲ့ ထိုက်တန်တဲ့ ကျေနပ်မှူကို ရရှိစေမယ့် ဇာတ်ကားဖြစ်တယ်ဆိုတာပါပဲ။ Credit- MMDB #Se7en

8.6 1995
Se7en Seven
How the Gringo Stole Christmas

How the Gringo Stole Christmas (2023) ရှေးရိုးဆန်ပြီး ရိုးရာဓလေ့တွေကို ထိန်းသိမ်းတဲ့ လက်ပေါက်ကပ် မက်ဆီကန်လူကြီး ဘန်နီနဲ့ လူဖြူသားမက်လောင်း လိက်ဖ်တို့ကြားက အလွဲတွေ ကတောက်ကဆလေးတွေကို ပုံဖော်ထားတဲ့ ခရစ္စမတ်ကားလေးပါ။ ဘန်နီက မက်ဆီကန်ဓလေ့တွေကို ထိန်းသိမ်းပြီး အမေရိကန်တွေကို အတိတ်က ဖြစ်ရပ်တွေကြောင့် သဘောမကျတဲ့ သူပါ။ ဘယ်လောက်တောင် အစွဲကြီးလဲဆို ခရစ္စမတ်ကိုလည်း မက်ဆီကန်ဓလေ့အတိုင်း နှစ်စဉ်လုပ်ပြီး ခရစ္စမတ်သစ်ပင်ကိုတောင် မက်ဆီကိုက ရှားစောင်းပင်ပုံစံ ညှပ်တတ်ပါတယ်။ ဒီလိုလူကြီးကိုမှ တစ်ဦးတည်းသောသမီးဖြစ်သူ ကလော်ဒီရာက ခရစ္စမတ်အားလပ်ရက်မှာ သူ့ချစ်သူ လူဖြူကောင်လေး… မက်ဆီကန်တွေ ဂရင်ဂိုလို့ခေါ်ကြတဲ့သူကို ခေါ်လာတဲ့အခါ… သမီးဖြစ်သူကို ချစ်ပြီး အစိုးရိမ်လွန်တတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဘန်နီ သဘောကျအောင် ဂရင်ဂိုကောင်လေး လိက်ခ် ဘယ်လိုတွေ ကြိုးပမ်းအားထုတ်မလဲဆိုတာ… မက်ဆီကန်ရိုးရာဓလေ့တွေနဲ့အတူ ခရစ္စမတ်အမီ ခွီရင်း ကြည့်နိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p Format – mp4 Duration – 1H 21Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023 81 mins
How the Gringo Stole Christmas
Saved!

ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ သူငယ်ချင်း ဟယ်လာရီအဖြစ် Mandy Moore နဲ့ Home Alone ရဲ့ အဓိကဇာတ်ဆောင် ဖြစ်တဲ့ Macaulay Culkin က ဟယ်လာရီရဲ့ အစ်ကို ရိုလန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(955 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
Saved!
[18+] Sisid Marino
6.3

================== အယ်လ်မာနဲ့ဆူဇန်တို့ဟာ ငယ်ချစ်တွေဖြစ်ပြီး အခုချိန်မှာသာယာတဲ့အိမ်ထောင်တစ်ခုကို တည်ထောင်ထားနိုင်ပါတယ်။ ဘ၀မှာတင့်တင့်တယ်တယ်နေနိုင်ဖို့အယ်လ်မာက သင်္ဘောသားအဖြစ်နှစ်တွေကြာ ပင်ပန်းဆင်းရဲခံခဲ့ရပြီး အခုချိန်မှာတော့ ငွေတွေကို ငါးဖမ်းလှေတစ်စီးထောင်၊ကျန်တာတွေကို အစုစပ်လုပ်ငန်းတစ်ခုမှာရှယ်ယာထည့်ထားပါတယ်။ သူတို့ရဲ့သားဦးလေးဟာ ဝမ်းတွင်းပါရောဂါနဲ့သေဆုံးသွားခဲ့တဲ့နောက်မှာတော့ ဆူဇန်ဟာအရူးတစ်ပိုင်းဖြစ်သွားခဲ့ပြီး အဲ့ဒီအဖြစ်ကစလို့ သူတို့ဘ၀ထဲကို ကြမ္မာဂြိုလ်ဆိုးတွေစပြီး ဝင်ရောက်စပြုလာပါတော့တယ်။ သူတို့နှစ်ယောက်ကတော့ လိင်ကိစ္စကို coping mechanism တစ်ခုအဖြစ်အသုံးချပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးနဲ့ကင်းကွာလာတဲ့နောက်မှာတော့..။ ဒီဇာတ်ကားမှာလည်း Vivamax ရဲ့မျက်နှာသစ် မျက်နှာဟောင်းမင်းသမီးလေးတွေအစုံအလင်ပွဲကြမ်းထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.3 2024 100 mins
[18+] Sisid Marino
The Great War
7

The Great War (2019) ********************** ၁၉၁၄ ဂျူလိုင် ၁၈ကနေ ၁၉၁၈ နို၀င်ဘာ ၁၁ အထိကြာညောင်းခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ နောက်ဆုံးမိနစ်အထိတိုက်ပွဲ၀င်ခဲ့သူတစ်ယောက်ရှိတယ် ၁၉၁၈ နို၀င်ဘာ ၁၁ရက် မနက် ၁၁နာရီအချိန်မှာ ဂျာမနီကအပစ်ခတ်ရပ်စဲမယ်လို့ကြေညာလိုက်သော်ငြားလည်း မဟာစစ်ကြီးမပြီးဆုံးခင် အဲ့၁၁လ မြောက်ရဲ့ ၁၁ရက်နေ့ မနက်၁၁ နာရီမတိုင်မချင်းမှာ အင်အားကြီးပြင်သစ်တွေက အမေရီကန်ကိုဆက် လက်တိုက်ခိုက်ဖို့တွန်းအားပေးခဲ့တယ် ပြင်သစ်တွေအတွက်နယ်နိမိတ်တချို့ရလိုရငြားပေါ့ ဒါပေမယ့် ဂျာမနီဖက်ကလဲ သူ့မြေတွေမပါချင်ဘူး ဆိုတော့ကာအပစ်ခတ်ရပ်စဲကြပြီဖြစ်ပေမယ်လို့ နောက်ဆုံး မိနစ်မတိုင်ခင်ထိ အတိုက်အခိုက်တွေရှိကြတုန်းပဲ ထိုအချိန်မှာ ရန်သူ့စစ်ကြောင်းထဲထိရောက်နေတဲ့ လူမဲစစ်သားတပ်စုကို ပြန်လည်ခေါ်ယူဖို့ အထက်ကအမိန့်အရ စာသင်ကြီးဝီလီယမ်ရေဗာစ်ဆိုင်းပြင်းရ တော့တယ် ဒီလူမဲစစ်သားတွေကိုပြန်ခေါ်ဖို့ မစ်ရှင်က ရေဗာစ်အတွက်နောက်ဆုံးမစ်ရှင်ပဲ… ဒါပေမယ့် လူဖြူလူမဲညီညွတ်မှုမရှိသေးခင်ကာလဖြစ်လို့ မကြာခင်ပြီးဆုံးတော့မယ့်စစ်ကြီးအတွင်းမှာ ရေဗာစ့် ရဲဘော်တွေဟာ မလုပ်ပေးချင်ကြပါဘူး … ကဲ plot ကတော့ လူမဲတွေကို ကြည့်မရတဲ့တပ်စု ခေါင်းဆောင်စာသင်ကြီးရေဗာစ် သူဘယ်အချိန်ထိဆက်တိုက်ခိုက်သွားမှာ လူမဲစစ်သားတွေကို အသက်ရှင်ရက်ပြန်ကယ်ထုတ်နိုင်မှာလား ပရိတ်သတ်ကြီးပဲကိုယ်တိုက် ကြည့်ရှုခံစားကြည့်ကြပါ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်……..) File size…3.94GB / 1.64GB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 50m Genre ….. War, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by AHtet

7 2019 108 mins
The Great War
Suky
6

လက်ဝှေ့တို့ ဖိုက်တင်တို့ကိုမှကြိုက်တဲ့ ခပ်ကြမ်းကြမ်းဘဲကြီးတွေ အတွက် Suky ဆိုတဲ့ နိုက်ဂျီးရီးယား ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နိုက်ဂျီးရီးယားဆိုပေမဲ့ အထင်တော့မသေးလိုက်ပါနဲ့။ မထင်ရင်မထင်သလို ဇာတ်လမ်းကောင်းကြီးတွေချပြလေ့ရှိလို့ နိုင်ငံတကာရုပ်ရှင်လောကက စောင့်ကြည့်နေရတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။အခုဇာတ်ကားလေးကလည်း အစပိုင်းတော့ဟင်ခနဲ ဟာခနဲဖြစ်ရပေမဲ့ နောက်ပိုင်းမှာဇာတ်လမ်း ဇာတ်ကွက်တော်တော်ကောင်းလာပြီး မြင်တွေ့နေကျ ဇာတ်ညွှန်းတွေနဲ့ကွဲထွက်နေတဲ့အတွက် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဆူကီဆိုတဲ့ကောင်လေးတစ်ယောက်က လက်ဝှေ့သမားတစ်ဖြစ်လဲ လက်ဝှေ့ဆရာသူ့အဖေကိုအားကျပြီး လက်ဝှေ့သမားကြီးဖြစ်ချင် နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်သူ့အဖေကလုပ်ပွဲတွေထိုးနေမှန်း သိသွားတဲ့အခါမှာတော့ အဖေဖြစ်သူနဲ့အဲ့ဒီအကြောင်းပြောဖြစ်ပြီး နောက်နေ့မှာတော့ သားရဲ့စကားတွေကြောင့် သူ့အဖေအနိုင်ရအောင်ထိုးသတ်ခဲ့ ပါတော့တယ်။ဒါပေမယ့်အဲ့ဒီအကျိုးဆက်ကြောင့် သူ့ရှေ့မှာတင် သူ့အဖေကိုလူဆိုးတွေကလာသတ်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် သူ့အဖေကိုသတ်သွားခဲ့တဲ့လူကိုရအောင်ပြန်သတ်မယ်လို့ ကြုံးဝါးရင်းနဲ့ ၁၂ နှစ်ကြာတဲ့အခါမှာ မွေးစားအိမ်မှာနေထိုင်နေပြီး သူ့ကိုယ်သူအသင့်ပြင်နေခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီလူဆိုးတွေကပဲ သူ့မွေးစားမိဘတွေကိုထပ်သတ်သွားပြန်ပြီး သူ့ကိုပါထောင်ထဲ ရောက်အောင်အကွက်ချခဲ့ပါတော့တယ်။ ဇာတ်လမ်းကြီးကဒီလိုကြီးမလို့မကောင်းဘူးလို့တော့မထင်လိုက်ပါနဲ့။ သူထောင်ထဲရောက်မှသာ ဇာတ်လမ်းကတကယ်စပြီး ဆူကီတစ်ယောက် သူလိုချင်တဲ့ သူ့အဖေအတွက်လက်စားချေပေးမဲ့ပန်းတိုင်ဆီကို ရောက်အောင် ကြိုးစားရုန်းကန်ရပုံတွေကို ထောင်တွင်းကခက်ခဲ ကြမ်းတမ်းမှုတွေနဲ့အတူရှုစားရဦးမှာဖြစ်ပါတယ်။ File size… (1.77 GB) / (1.07 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre …. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror • Adventure • Science Fiction
6 2025 109 mins
Suky
Yunmeng Romance
5.6

နှုတ်မဆက်ပဲရုတ်တရက်ပျောက်သွားတဲ့အဖေကိုရှာဖွေရင်း တောနက်ထဲမှာထူးဆန်းတဲ့အန္တရာယ်တွေကိုရင်ဆိုင်ရတဲ့ စွန့်စားခန်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ကျားကျားဆိုတဲ့ကောင်မလေးဟာ ပျောက်သွားတဲ့အဖေကိုရှာဖွေဖို့ အလွတ်စုံထောက်နှစ်ယောက်ကိုငှားခဲ့ပြီးတော့ သမိုင်းပညာရှင်ပါမောက္ခတစ်ယောက်ဖြစ်တဲ့အဖေဖြစ်သူကိုရှာဖို့ စုန်းတောင်(ဝူးတောင်) ရှိရာကိုခရီးထွက်လာခဲ့ကြပါတယ်။ နယ်ခံရွာသားတွေအတွက်ဒီတောင်ဟာတားမြစ်နယ်မြေဖြစ်ပြီးတော့ ရှေးကတည်းကဝင်သွားတဲ့သူတိုင်းပြန်မထွက်လာနိုင်ဘူး ဆိုတဲ့စကားတွေကြောင့် ဘယ်သူမှမသွားရဲဘူးဖြစ်နေပါတယ်။ ဒါပေမယ့် အဖေကိုရှာချင်ဇောနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်တဲ့လူငယ်လေးတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် တောင်ပေါ်ကိုဝင်သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့ အန္တရာယ်တွေအပြည့်နဲ့ သူတို့ရဲ့စွန့်စားခန်းဟာစတင်သွားပါတယ်။

Action • Comedy • Romance
5.6 2025
Yunmeng Romance