YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Endgame.S01E09.Beauty.and.the.Beast.1080p.mp4

690.77 MB N/A video/mp4 826 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spy In Love

အင်ဒိုရုပ်ရှင်တွေဆိုရင် နာမည်ကြီးအက်ရှင်ရုပ်ရှင်ဖြစ်တဲ့ The Raid ကိုမြင်မိကြမှာပါ။ ယခုရုပ်ရှင်မှာ TheRaid ရုပ်ရှင် တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မှင်ကောင်းကောင်းနဲ့ အထာရှိတဲ့ အင်ဒိုဝါရင့်သရုပ်ဆောင်Ray Sahetapy ဟာတွဲဖက်ဇာတ်လိုက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းက လျှို့ဝှက်ထောက်လှမ်းရေး ဟောင်းဖြစ်တဲ့ ဆာတီရာ ဟာ ပင်စင်စားပြီးတက္ကသိုလ်မှာ သင်တန်းတွေပို့ချနေတဲ့ အချိန် မလေးရှားမှာလေယာဉ် ပျောက်ဆုံးမှုတစ်ခုအားစုံစမ်းထောက်လှမ်း ဖို့ဖြစ်လာပါတယ်။ သူ့မြေးဖြစ်သူ ပူထရာကလည်း မလေးရှားကဟိုတယ် တစ်ခုမှာ မန်နေဂျာအဖြစ်လုပ်ကိုင်ရင်း အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့အခါ အဖိုးဖြစ်သူဆီက ခွင့်ပြုချက်တောင်းဖို့ဆာတီရာကိုု မလေးရှားသို့ အလည်ခေါ်ပါတော့တယ်။ ဆာတီရာ ကြီးတစ်ယောက်လည်း “ငါမအိုသေး” ဆိုတဲ့ အကွက်ကိုပြချင်တဲ့အတွက် ကိုယ်တိုင်ကွင်းဆင်းစုံစမ်းဖို့ မြေးဖြစ်သူရှိရာမလေးရှားသို့ ရောက်လာပါတော့တယ်။ အဲဒီနောက် ဇာတ်လမ်းကို တဖြေးဖြေးဖြည်ချလာရင်း ဂွစာကြီး ဆာထရီဘယ်လိုတွေ ရွှေ့ပြီး ဇာတ်လမ်း အဆုံးထိဘယ်လိုတွေသက်လုံကောင်းသွားမလဲ ကြည့်ရမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင် ဟာသ ဒရာမာ ပေါင်းထားတဲ့ ရုပ်ရှင်ကို ကြည့်ချင် ပါတယ်ဆိုရင်ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ File size…1.38GB / 589MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Adventure , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Thriller
0 2016 94 mins
Spy In Love
Duel: Final Round
5.3

ဒီတစ်ခါ CM Fan တွေ အတွက် ကိုရီးယား ဟာသ အက်ရှင်ကားကောင်လေးတစ်ကား တင်ဆက်ပေးပါ့မယ် ဖွန်းဟို ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကိုယ်ခံပညာကို ကောင်းစွာ တက်မြောက်ထားပြီး အပိုမုန့်ဖိုးရှာတဲ့အနေဖြင့် အွန်လိုင်းက တရားမဝင်ချယ်နယ်တွေကနေ ပြိုင်ဘက်ရှာပြီး စိန်ခေါ် ထိုးလေ့ ရှိပါတယ်... ဖွန်းဟို ရဲ့ အပျော်တမ်း စိန်ခေါ်ပွဲထက် ကြမ်းတဲ့ ထိုးသတ်ပွဲတွေလဲ သပ်သပ်ထက်ရှိနေပါသေးတယ် ထိုပွဲတွေကတော့ အနိုင်အရှုံး ဆိုတာထက် ပြိုင်ဘက်ကို သေဆုံးသည်အထိ သို့မဟုတ် ဒုက္ခိတ ဖြစ်သွားသည် အထိ ထိုးသတ်တဲ့ ပြိုင်ပွဲတွေပါ ထိုပြိုင်ပွဲတွေကနေ လူသေမှုတွေ ဖြစ်လာတဲ့အခါမှာတော့ ဖွန်းဟို ရဲ့ အကိုဖြစ်သူ ရဲအရာရှိမှ လိုက်လံ စုံစမ်းရင်း ယုန်ထောင်ကြောင်မိ အပျော်တမ်း ထိုးပြီး မုန့်ဖိုးရှာတဲ့ ညီဖြစ်သူကိုသာ ဖမ်းမိသွားပါတော့တယ်.... အကိုရဲ့ ဆုံးမ ဒဏ်ပေးမှု အောက်မှာ ပြစ်မှု မှတ်တမ်းမဝင်ဖို့ ဖွန်းဟိုတစ်ယောက် သက်ကြီးရွယ်အိုတွေကို ပရဟိတ လိုက်ပြီး ကူညီပေးရပါတော့တယ်... တစ်ရက်မှာတော့ ဖွန်းဟိုရဲ့ အကို ရဲအရာရှိဟာ တရားမဝင်သတ်ကွင်း တစ်ခုကို စုံစမ်းရင်းသေလုဆဲဆဲ အခြေအနေကို ရောက်ရှိလာခဲ့သော အခါမှာတော့ ဖွန်းဟို တစ်ယောက် ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ကြည့်ရှုလိုက်ကြပါဦး.... File size…  1.49 GB /  800 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Action • Comedy • Romance • Thriller
5.3 2016 97 mins
Duel: Final Round
Pil's Adventures
6.7

တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။ ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။ သူတို့နောက်ကို မှော်ဆရာက လွှတ်သတ်ခိုင်းထားတဲ့ ကြေးစားလူသတ်သမားတွေရော ယူနီကွန်းကိုမှ ဗလကောင်းကောင်းယူနီကွန်းတွေရော ခွေးပျံကြီးနဲ့ရော ရင်ဆိုင်ကြရမှာပါ။ မက်ဆေ့လိုချင်သူတွေအတွက်လည်း ဖရန့်ရှစ် မေတ္တာ အုပ်ချုပ်ရေး မက်ဆေ့အကုန်ပေးနိုင်သလို ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ စိတ်ကျေနပ်ရုံကြည့်ချင်တဲ့သူတွေအတွက်လည်း ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို့ ကြည့်ထားသင့်တဲ့ ချစ်စရာဟာသကာတွန်းရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 830MB, 604MB Quality - 1080p, 720p, 480p IMDb Rating - 6.2/10 Format - mp4 Duration - 1H 29Min Genre - Animation, Adventure, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2021 89 mins
Pil's Adventures
Bol Bachchan
5.8

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး မင်းသားကြီးအဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘတ်ဂျက် ရူပီ ကုဋေ ၅၀ (ကန်ဒေါ်လာ ၆.၃သန်း) မှာ ကုဋေ ၁၆၅ (ကန်ဒေါ်လာ ၂၁သန်း) အထိ ပြန်လည်ရရှိခဲ့ပြီး ဒီကားထဲမှာ အဘီရှိခ်ဘဂျမ်းဟာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု အကောင်းဆုံး ဟာသသရုပ်ဆောင်ဆု စတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်...။ အဗာစ်က အမွေဆိုင်အိမ်ကြီးကို အမှုရှုံးသွားပြီးတဲ့နောက် ဘဝပျက်သွားခဲ့တယ်။ ကြံရာမရတဲ့အဆုံး ညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးဆိုတဲ့ ရွာလေးမှာ အခြေချဖု့ိထွက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ပရစ်ထဗီရာဂျ်ဆိုတဲ့ ဩဇာအာဏာအရှိဆုံးလူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရိုးတယ် တုံးတယ်ပေါ့။ သူမကြိုက်ဆုံးအချက်က လိမ်တာပါပဲ။ တစ်ခါက သူ့ကိုလိမ်ခဲ့ဖူးတဲ့ သူ့အလုပ်သမားတစ်ယောက်ကို ရိုက်လိုက်တာ တော်ရုံနဲ့ ဆေးရုံကနေ မဆင်းနိုင်တော့ပါဘူး။ အဲ့ဒီမှာပဲ အဗာစ်ဟာ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီဆီမှာ အလုပ်ရသွားပြီး တစ်လိမ်ပေါ် နှစ်လိမ်ဆင့် အလိမ်ချင်းထပ်လာတဲ့အခါမှာတော့ ဇာတ်ကားလေး ဘယ်လိုကြည့်ကောင်းလာမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…4.17GB / 1.7GB Quality…1080p BluRay Remux /720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Animation • Family • Fantasy
5.8 2012 155 mins
Bol Bachchan
Room 203
6.2

ဇာတ်ကား နာမည်အတိုင်းပဲ အခန်းနံပါတ် 203 အကြောင်းပေါ့။ ဆိုတော့ အခန်းနံပါတ် 203 အကြောင်းကို နည်းနည်း ပြောမယ်ဗျာ။ အဲဒီအခန်းကို လာငှားပြီးနေတဲ့ လူတိုင်း ကြာကြာမနေနိုင်ဘူးတဲ့။ ပြီးတော့ အဲဒီအခန်းရဲ့ နံရံပေါ်မှာ အပေါက်ကြီး တစ်ပေါက်ရှိနေတယ်။ အဲဒီအပေါက်ကြီးကို ဖာရင်လည်း အပေါက်က ပြန်ရှိနေသေးတယ်။ ပစ္စည်းဘာညာနဲ့ ကာပြီးချိတ်ထားရင်လည်း ကာထားတဲ့ပစ္စည်းက ပြုတ်ကျတတ်သေးတယ်။ အဲဒီအခန်းထဲမှာ ရှေးဟောင်းပရိဘောဂအပြည့်လည်း ပါပြီးသားပဲ။ ပိုပြီးထူးခြားတာက ရှေးဟောင်းဆေးခြယ်မှန်ပြတင်းကြီးပါ။ ဒီကားထဲက မင်းသမီး​ပြောသလိုဆိုရင် တိုက်ခန်းကတော့ ကောင်းပေမဲ့ ကျောချမ်းစရာအခန်းမျိုးပေါ့။ အဲဒီလို အခန်းမျိုးကို ကင်မ်နဲ့ အစ်ဇီတို့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက် ပြောင်းလာခဲ့ကြတယ်။ ဇာတ်လမ်းလေးတွေရှိနေတဲ့ ဒီအိမ်ကြီးမှာ ကင်မ်နဲ့ အစ်ဇီတို့ ဘာတွေရင်ဆိုင်လာရမလဲ? ဘယ်လိုကြောင့် ဒီလိုဖြစ်ရပ်တွေ ကြုံတွေ့နေရတာလဲ? အတိတ်ကဖြစ်ရပ်တွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာ​ကတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jumper Neysman ပါ။) File Size          : 1.3GB, 449MB & 222MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format            : mp4 Duration         : 1hr & 44mins Genre              : Horror Translated by  Jumper Neysman Encoded by Kinnov

Action • Crime • Thriller
6.2 2022 104 mins
Room 203
As I Am
5.9

ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့ သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှ သူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့ ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်. Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊ ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကို ပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့ ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊ ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲ ဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်. အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့ တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေ နဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်း အချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်.

Action • Crime • Drama • Thriller
5.9 2020 125 mins
As I Am
Hibiscus Town
8.1

Hibiscus Town (1986) ================ IMDb Rating – 8.1/10 Hibiscus Town ဟာ ဟောင်ကောင် ထိုင်ဝမ် ပြည်မ သုံးခြမ်းပေါင်းက အကောင်းဆုံးရုပ်ရှင်တစ်ရာကို စာရင်းလုပ်ထားတဲ့ထဲက တစ်ကားအပါ အဝင်ဖြစ်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ရိုက်ထားတဲ့ ဒါရိုက်တာက တရုတ် ပြည်မရဲ့ တတိယမျိုးဆက်ဒါရိုက်တာစာရင်းဝင် Xie Jin။ သူ့ကျန်တဲ့ကား တွေတော့ မကြည့်ဖူးပေမဲ့ ဒီကားအရတော့ အရောင်အသုံးတော့မတူပေ မဲ့ ဇာတ်တင်ဆက်ပုံတော့ ကျန်းရိမူနဲ့ တော်တော်လေး တူတယ်လို့တော့ ခံစားရတယ်။ တစ်ခုရှိတာက ကျန်းရိမူက မူရင်းဇာတ်ကို အမြဲချုံ့ပစ်တတ် ပေမဲ့ သူကတော့ အဲဒီလိုမဟုတ်လောက်ဘူး။ ကျန်းရိမူက ငါးဆက်မြောက် မျိုးဆက် သူက တတိယမျိုးဆက်ဆိုတော့ ကျန်းရိမူတို့ chen kaige တို့ ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ နောက်ခံရုပ်ရှင်မျိုးတွေကို သူရိုက်တာ ပိုစောတာတော့ သေချာတယ်။ ကျန်းရိမူကို ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားမျိုးလို့တော့ ပြောလို့ရတယ်။ သူရိုက်တဲ့မူရင်းစာအုပ်က လည်း ဒီကားနဲ့ နာမည်အတူတူပဲ။ ဇာတ်က ဘာဇာတ်လဲဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ တရုတ်ပြည်က ရွာလေးတစ်ရွာကို နောက်ခံထားပြီး အဲဒီရွာလေးက ဘဝတွေ ဇာတ်တွေ ရိုက်ခတ်မှုတွေကို ပြထားတယ်။ မင်းသားကလည်း ကျန်းရိမူရဲ့ပထမဆုံးကားမှာ မင်းသားလုပ်ခဲ့တဲ့ In the Heat of the Sunတို့ The Sun Also Risesတို့ကို ဒါရိုက်တာအဖြစ်ရိုက်ဖူးတဲ့ တရုတ် ပြည်ရဲ့ ခြောက်ဆက်မြောက်ဒါရိုက်တာတွေထဲက Wen Jiang။ သို့ပေမဲ့ လည်း ဒီကားက ကျန်းရိမူကားတွေလိုပဲ မင်းသမီးအဓိကဇာတ်ပါပဲ။ ရှည် နေတာကလွဲ ကျန်းရိမူကားတွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံတော်တော်တူ တယ်။ သူ့နောက်ခံထားတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလကြောင့်လား တော့မသိဘူးပေါ့။ ဘာနေနေပါ တရုတ်ပြည်သုံးခြမ်းလုံးရဲ့ ကားပေါင်း ကုဋေချီထဲကမှ အကောင်းဆုံးတစ်ရာကို ပြန်ရွေးထုတ်တဲ့ထဲက တစ်ကား ဆိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.83 GB) / (816 MB) / (500 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………2Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History, Romance Translator…….WiRa Aung Encoder……….SWM

8.1 1986 164 mins
Hibiscus Town
My First Barbie: Happy DreamDay
7.7

My First Barbie: Happy DreamDay (2023) ============================== IMDb Rating – 7.7/10 AI တွေခေတ်စားလာတဲ့အချိန်မှာ ဘာဘီတို့လည်း AI ကို အားကိုးတတ် လာပါပြီ။ ဒီကားလေးမှာတော့ ဘာဘီတို့တစ်သိုက်စီစဉ်တဲ့မွေးနေ့မှာ AI ကိုခိုင်းလွန်းရာကနေ ပြင်လွန်းပြီးဖင်ချွန်းသွားတာပါ။ Chelsea တစ်ယောက် မွေးနေ့နီးလာလို့ Surprise party ရမလား မျှော်တကိုးကိုးဖြစ်နေတဲ့အချိန် မှာ သူတွက်ထားသလိုပဲ ဘာဘီကလည်း ပါတီတစ်ခုလုပ်ပေးဖို့ စီစဉ်ထား ပါတယ်။ စီစဉ်တယ်ဆိုတာကလည်း အကြံဉာဏ်ပဲထုတ်ရပြီး လက်မလှုပ်ရ လောက်တဲ့အထိကို သက်သာတာပါ။ Dreamhouse ဆိုတဲ့ Home AI လေးကတော့ သူ့ရဲ့ Screen surface ပတ် ပတ်လည်မှာ Light နဲ့ Electromagnetic imagery ပေါင်းစပ်ထားတဲ့ Projector လေးတွေပါလို့ User အမိန့်ပေးသမျှပစ္စည်းတွေရဲ့ ပုံရိပ်ကိုဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ ဘာဘီတို့သူငယ်ချင်းတစ်သိုက်က Dreamhouse app ကိုသုံးပြီး ပါတီအကြီးအကျယ်လုပ်ဖို့ ပြင်ကြတဲ့အချိန်မှာ တစ်ယောက်တစ်မျိုးစီနဲ့ Command အလွန်အကျွံပေးမိကြပါတယ်။ ကိုယ်မလုပ်ရဘူးဆိုတိုင်း Dreamhouse AI ကို ခဏခဏခေါ်ပြီး အမျိုးမျိုးခိုင်းလွန်းတော့ AI ခမျာလည်း အဆင်ပြေမနေ တော့ပါဘူး။ နောက်ဆုံး … AI error တက်ပြီးတော့ AI နဲ့လုပ်ထားသမျှ အပြင် အဆင်တွေအားလုံး လိပ်ခါးဖားဖင်တွေဖြစ်ပြီး နေရာတွေလွဲကုန်ကြပါတော့တယ်။ ဒီကားလေးရဲ့ ရုပ်ထွက်နဲ့သီချင်းတွေက ၂၀၂၃ ထွက်ဆိုတဲ့အတိုင်း အရင်ဘာဘီ ကားဟောင်းလေးတွေနဲ့ အရသာကွာတာလေးတွေရှိပေမယ့် နောက်ခံအသံနဲ့ မျက်နှာအကျလေးတွေက အရင်လက်ဟောင်းနဲ့ ထပ်တူကျတာလည်းရှိသလို အချိတ်အဆက်မိနေသေးတာလေးတွေလည်းရှိတာမို့လို့ ” I grew up watching Barbie ” ဆိုတဲ့လူတွေအတွက် အသစ်အဆန်းလေးကိုပါ ခံစားဖူးချင်တယ်ဆိုရင် ကြည့်ကြည့်ကြဖို့ Recommend ပေးလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(769 MB) / (351 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Family Translator……Hnin Wut Yi Encoder……….SWM

Crime • Drama • Mystery
7.7 2023 40 mins
My First Barbie: Happy DreamDay
Chaw
6.7

Chaw(2009) ************* Train To Busanထဲက မင်းသမီး‌ ဂျောင်ယူမီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်‌ပေးချင်ပါတယ်…. ဆမ်မယ်ရီဆိုတဲ့ရွာလေးက သာယာအေးချမ်းပြီး ပြစ်မှုကင်းစင်တဲ့ ရွာငယ်လေးဖြစ်ပြီးရဲသားဂင်ဟာဒီရွာလေးကို ပြောင်းရွှေ့တာဝန်ကျလာခဲ့ပါတယ်။ ဗြောင်းဆူရွန်းကတော့ သုတေသနစာတမ်းပြုစုဖို့အတွက် ဆမ်မယ်ရီရွာလေးမှာ ရောက်ရှိနေတာဖြစ်ပြီး ချွန်းအီမန်နဲ့ ဘဲ့မန်းဘယ်တို့ကတော့ လက်‌ဖြောင့် မုဆိုးကြီး‌တွေပဲဖြစ်ကြပါတယ်။ စုံထောက်ရှင်းကတော့ အမှုတစ်ခုကို စုံစမ်းဖို့အတွက် ဆမ်မယ်ရီရွာကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်ကစပြီး အရင်က ဘာပြစ်မှုမှ မရှိခဲ့တဲ့ ဆမ်မယ်ရီရွာလေးမှာ ထူးထူးဆန်းဆန်း လူသေမှုတွေ ဖြစ်ပေါ်လာ‌ပါတော့တယ်။ ဒီ လူသေမှုတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်ဖို့အတွက် လူငါးယောက် ပါဝင်တဲ့ အမဲလိုက်အဖွဲ့က တောထဲကို ထွက်ခွာကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက Adventure,Action, Comedy,အမျိုးအစားတွေကို ရောနှောထားတဲ့ ဇာတ်ကားကောင်းလေးမို့လို့ အားလပ်ချိန်မှာ မိသားစုနဲ့ ရုပ်ရှင်အတူကြည့်ရင်း အပန်းဖြေဖို့ ဇာတ်ကားရွေးချယ်နေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေး ညွှန်းပေးလိုက်ချင်ပါတယ်။ File size… 3.4GB& 1.5GB Quality… WEB-DL1080p,720p Format…mp4 Duration….2hr 03min Genre ….. Action, Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Treasure Htet

6.7 2009
Chaw
Cure
7.5

Cure (1997) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ Directed by “Kiroshi Kurosawa” Cure ရဲ့ ဒါရိုက်တာ ခိရိုရှိ ကူရိုဆာဝါကို ဂျပန်ရုပ်ရှင်ပရိသတ်တော်တော်များများလည်း ရင်းနီးလောက်ပါတယ်။ Japanese Horror Genre အကြောင်းပြောရင် မပါမဖြစ်ကိုထည့်ရမယ့် ဂုရုကြီးဖြစ်သလို လက်ရှိ ဂျပန်စီနီမာရဲ့ ဆရာတစ်ဆူလည်းဟုတ်တယ်။ ခိရိုရှိဟာ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ ဝေဖန်ရေးသမားဖြစ်သလို Tokyo University of the Arts မှာ ပရော်ဖက်ဆာလည်း လုပ်နေတယ်။ တစ်နှစ်က အော်စကာရခဲ့တဲ့ ဂျပန်ရုပ်ရှင် Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိလည်း အဲဒီမှာပဲ သူ့တပည့်ဖြစ်ခဲ့သလို သူ့လွှမ်းမိုးမှုလည်း ရှိခဲ့တယ်။ ခိရိုရှိဟာ Pulse, Creepy, Tokyo Sonata, Séance, Retribution နဲ့ Charisma တို့လို အောင်မြင်တဲ့ Thriller, Horror ကားတွေကိုလည်း ရိုက်ခဲ့တယ်။ Cure ဟာ ခိရိုရှိ ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်သလို ခိရိုရှိကူရိုဆာဝါဟာ Cure နဲ့ပဲ အင်တာနေရှင်နယ်ရဲ့ အာရုံစိုက်မှုကို စရခဲ့တယ်။ ရလည်းရသင့်ပါတယ်။ ပြောရရင် ဒီကားကို တစ်ချို့က Se7en နဲ့ ဆင်တယ်လို့ပြောကြတယ်။ မှားတော့လည်းမမှားဘူး ပြောရမှာပေမဲ့ ဒီလိုကားမျိုးရိုက်လို့ ဒီလိုမျိုးဆင်သွားတာက ဆန်းတော့ဆန်းမနေဘူး။ ဒါပေမဲ့လည်း Cure ဟာ Se7en ထက် တင်ဆက်ပုံ ပိုသိမ်မွေ့သလို Se7en ရဲ့ အလှဆုံးလို့ပြောကြတဲ့ ဇာတ်သိမ်းထက် ပိုအထာကျတဲ့ ဇာတ်လမ်းမျိုးပိုင်ထားတယ်လို့တော့ ပြောချင်တယ်။ လူတိုင်းအတွက်တော့ ဒီလိုဖြစ်နေမယ်မထင်ဘူး။ ဂျပန်ရုပ်ရှင်ရဲ့ တင်ဆက်ပုံနဲ့ ရင်းနှီးနေတဲ့ လူတွေအတွက်တော့ ဟုတ်လိမ့်မယ်။ ပါရာဆိုက်နဲ့အော်စကာရခဲ့တဲ့ ဘွန်းဂျွန်းဟိုကတော့ Cure ကို One of the Greatest Films of All Time လို့ ဆိုထားဖူးတယ်။ ဒီကားက ခိရိုရှိကူရိုဆာဝါနဲ့ Koji Yakusho ပထမဆုံး စတွဲရိုက်တဲ့ကားလည်းဟုတ်တယ်။ ခိုဂျိရဲ့ သရုပ်ဆောင်စွမ်းရည်ကို စပြနိုင်ခဲ့တဲ့ သူ့ရဲ့အစောပိုင်းကားတွေထဲက တစ်ကားလည်းဟုတ်တယ်။ ခိုဂျိဟာ ခိရိုရှိနဲ့ Pulse, Séance, Retribution, Charisma တို့လည်း ဆက်တွဲရိုက်ခဲ့တယ်။ အကုန်လုံးလည်း အောင်မြင်ခဲ့တယ်။ နောက်ပိုင်း သူဟာ Kore-eda တို့ Shinji Aoyama တို့နဲ့လည်း ရိုက်ခဲ့သလို တစ်နှစ်ကဆို Under the Open Sky လို သူ့သရုပ်ဆောင်စွမ်းရည်ကို ပြနိုင်တဲ့ကားမျိုးတွေ ရိုက်ခဲ့တယ်။ အင်တာနေရှင်နယ်အနေနဲ့ Memoirs of a Geisha တို့ Babel တို့ ဒီနှစ်ဆို Wings of Desire ဒါရိုက်တာ Wim Wenders နဲ့ Perfect Days ရိုက်ပြီး Cannes မှာပါ မင်းသားဆုရသွားတယ်။ သတိထားမိချင်မှ ထားမိမှာပေမဲ့ သူ့ကို ကျွန်တော်တို့ Tampopo လို ဂန္ထဝင်ကားမှာ စတွေ့နိုင်တယ်။ Cure ရဲ့ ဇာတ်ဟာ စုံထောက်နဲ့ စိတ္တဇလူသတ်သမား အပြိုင်ကြဲတဲ့ ဇာတ်လိုဇာတ်မျိုးပဲ။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ စိတ်ရဲ့အစစ်အမှန်ဆိုတာနဲ့ ပေါင်းစပ်ထားတယ်။ ဒီလိုဆိုလို့ ကြောင်တောင်တောင် ဒိုင်တွေချည်း ထိုင်ရွတ်နေမှာလားဆိုတော့ မဟုတ်ဘူး။ မသိမသာလေးနဲ့ပဲ ကစားသွားတယ်။ ဒါကြောင့်လည်း တင်ဆက်ပုံက တော်တော်သိမ်မွေ့တယ်လို့ ပြောခဲ့တာပါပဲ။ ပြောရရင် ဒီထဲက လူသတ်သမားက လူသတ်နေတာတောင်မဟုတ်ဘူး။ လူတွေသေကြတယ်။ သေပုံတွေဆင်ကြတယ်။ ဒါပေမဲ့ သူတို့ကြား ဘာအဆက်အစပ်မှ ရှိမနေသလို သူတို့ကိုသတ်သွားတဲ့လူတွေဆိုတာကလည်း သူတို့ရဲ့ အရင်းနှီးဆုံး သူတို့အချစ်ဆုံးလူတွေချည်း။ ဒါပေမဲ့ စုံထောက်က မသင်္ကာဘူး။ ဒီကြားက အဆက်အစပ်ကို ရအောင်လိုက်ရှာတယ်။ တကယ်တမ်းလည်း အဆက်အစပ်က ရှိမနေဘူး။ ဒါပေမဲ့ ဘာအကြောင်းနဲ့ ဒီလူတွေ ဒီလိုဖြစ်ကြလဲဆိုတာကို စုံထောက်က‌ တွေ့သွားတယ်။ ဒါပေမဲ့လည်း သူလက်လှမ်းမမီပြန်တဲ့အရာပေါ့။ ဒါကို သူဘယ်လိုဖြေရှင်းမလဲ ကြည့်ရမယ့်ဇာတ်ပေါ့။ ဒီဟန်ကို ဘန်နီဒစ်ကမ်ဘားဘတ်ရဲ့ ရှားလော့အပိုင်းတစ်ပိုင်းမှာလည်း သုံးသွားဖူးတယ်။ ဘယ်အပိုင်းလဲတော့ စပွိုင်လာဖြစ်မှာစိုးလို့ မပြောတော့ဘူး။ ၂ခုလုံးကြည့်ဖူးရင် သိမှာပါပဲ။ နိဂုံးချုပ်ရရင် Cure ဟာ သိမ်မွေ့တယ် သိချင်စရာကောင်းတယ်။ ကြက်သီးထစရာကောင်းတယ်။ အေးစက်တယ်။ အေးစက်တာနဲ့မလိုက်အောင်ဘဲ Cure ဟာ အားရစရာကောင်းတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.25GB, 970MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 51Min Genre – Crime, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.5 1997 112 mins
Cure
Khanzab
4.7

ကြမ်းလွန်းလို့ ကြည့်ခွင့်တောင်ပိတ်ရတယ်လို့နာမည်ကြီးနေတဲ့ ဖြစ်ရပ်မှန်အင်ဒိုသရဲကားတစ်ကားတင်ဆက်ပေးချင်ပါတယ် 1998 တုန်းက Banyuwangi ဆိုတဲ့အင်ဒိုကမြို့လေးတစ်မြို့မှာဖြစ်ခဲ့တဲ့ အောက်လမ်းပညာအကြောင်း အခြေခံရိုက်ကူးထားတာပါ သရဲကားစစ်စစ်ရှာဖွေနေသူတွေအတွက်တော့ အကြိုက်တွေ့စေမှာအမှန်ပါပဲရှင်။။ Khanzab (စေတန်) ဆိုတာက ဝတ်ပြုချိန်မှာ ခြောက်လှန့်တတ်တဲ့ နတ်ဆိုးဝိညာဉ်ပါ မျက်စိရှေ့တင်ပဲ ဖခင်ဖြစ်သူက ခေါင်းဖြတ်အသတ်ခံလိုက်ရလို့ အမုန်းတရားတွေ ကလဲ့စားတွေနဲ့ကြီးပြင်းလာခဲ့တဲ့ ရေဟာယူတစ်ယောက် ဖခင်အသတ်ခံလိုက်ရတဲ့ မွေးရပ်မြေကိုပြန်ဖို့အကြောင်းဖန်လာခဲ့တယ် သူ(မ)ဖခင်ဆုံးတော့ ဝတ်ပြုကျောင်းအဖြစ်လှူခဲ့တဲ့‌တစ်နေရာရှိပါတယ် ဒါပေမဲ့အဲဒီနေရာက ရှယ်ကိုအခြောက်အလှန့်ကြမ်းတာပါ Khanzab တွေကို တစ်စုတစ်စည်းတည်းတွေ့မြင်ရတဲ့နေရာဆိုလည်းမမှား ဝတ်ပြုတဲ့‌လူတွေကို နေ့နေ့ညညမရွေး အခြောက်အလှန့်ကြမ်းတဲ့နေရာပေါ့ ရေဟာယူဒီနေရာကိုပြန်ရောက်တော့ ဝတ်ပြုရင်းသူ(မ)ကိုယ်တိုင်တောင်မသိလိုက်ဘဲ ဒီဝိညာဉ်တွေကို သူ့ခန္ဓာကိုယ်ထဲဆင့်ခေါ်မိပြီး လောက၂ခုကိုချိတ်ဆက်တဲ့ ကြိုးတစ်ခုဖြစ်လာချိန်မှာတော့…. သူ(မ)နဲ့ မြို့ထဲကလူတွေဘယ်လိုအန္တရာယ် အခြောက်အလှန့်ကြမ်းကြမ်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ဖြစ်ပါတယ် ) File size…(1.4 GB)/(640 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yunni

4.7 2023
Khanzab
A Journey
6.1

ဒရာမာအဆွေး ဇာတ်ကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် A Journey ဆိုတဲ့ ဖိလစ်ပိုင်ဒရာမာကား ကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖိလစ်ပိုင်ဆိုပေမဲ့ Netflix တန်းဝင်ဖြစ်ပြီး IMDb Rating ကလည်းလက်ရှိ 6.1 အထိရရှိထားတဲ့အတွက်ပေးရတဲ့အချိန်နဲ့တန်စေမဲ့ Feeling မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦး ကတကယ်တမ်းအရမ်းချစ်လာကြပြီး အဆင်ပြေနေကြပြီဆိုရင် လောကကြီးကမတရားတာများ ပါတယ်။ချစ်လျက်နဲ့ သေကွဲကွဲရသူတွေ ရှင်ကွဲကွဲရသူတွေ ကိုလည်းရေတွက်လို့တောင် မကုန်နိုင်ပါဘူး။ဒီဇာတ်ကား လေးထဲမှာလည်း ဘရိုင်ယန်နဲ့ ရှိန်းဆိုတဲ့အရမ်းချစ်တဲ့ ငယ်ချစ် လင်မယားရဲ့ ဘဝကိုကံကြမ္မာဆိုးက ဝင်မွှေပုံကိုစတင် တွေ့ရမှာဖြစ်ပါတယ်။ရှိန်းက ရင်သားကင်ဆာရှိသူ တစ်ယောက် ဖြစ်ပြီး သိပ်မကြာသေးခင်ကပဲ ကုသမှုတွေခံယူပြီး ကင်ဆာကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာကမျက်နှာသာ မပေးတဲ့အခါမှာတော့ ဒုတိယ တစ်ခေါက်ပြန်ဖြစ်လာခဲ့ပြီး အရင်ထက်တောင်ပို ဆိုးလာပါတော့တယ်။ ဒီလိုနဲ့ ရှိန်းလည်း ကိုယ်ချစ်တဲ့သူကို ထပ်မနာကျင်စေချင်တဲ့ အတွက်ဆေးမကုသပဲနဲ့ သူမသေခင် ဖြစ်ချင်တဲ့ဆန္ဒတွေကို စာရင်းတစ်ခုနဲ့ချရေးပြီး အဲ့ဒါတွေကို လိုက်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဘရိုင်ယန် ကလည်း ရှိန်းကို ဆေးကုသဖို့နားချလို့ မရတဲ့အတွက် သူ့ရဲ့စာရင်းထဲက ဟာတွေကို ပြီးမြောက်အောင်လိုက်ကူညီပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါ တော့တယ်။ဒါပေမယ့် အဲ့ဒါကိုသူတို့နှစ်ယောက်တည်း လုပ်မှာမဟုတ်ပဲ သူတို့နှစ်ယောက်နဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ အခုအချိန်မှာမင်းသားဖြစ်နေတဲ့ သူငယ်ချင်း တူပဲကပါ အတူတူလိုက်လံကူညီပေးပါတော့တယ်။ ဒီလိုနဲ့ သူတို့ သူငယ်ချင်းသုံးယောက်ရှိန်းဖြစ်ချင်တဲ့ ဆန္ဒတွေကို အချိန်မှီ ပြီးမြောက်အောင်လုပ်ပေးနိုင်ပါ့မလား.. လင်မယားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းမှာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတွေကို လိုက်ပါစီးမြောပြီး ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…1.47GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Animation • Family • Fantasy
6.1 2024 115 mins
A Journey
God of Novels
5.2

Our Story ( 2020 ) ================ Our Storyဟာ ဂျပန်ကျောင်းတွင်းရိုမန့်ဇာတ်လမ်းလို့ ပြောလို့ရပေမဲ့ ကျောင်းတွင်းရိုမန့်က ဒီကားရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပဲတည်ရှိနေခဲ့တယ်။ သူ့နာမည်အတိုင်းပဲ Our Storyဟာ ဇာတ်လမ်းရေးတဲ့အကြောင်း တစ်နည်းပြောရရင် လူငယ်စာရေးဆရာနှစ်ဦး ဝတ္တုရေးတဲ့အကြောင်းပေါ့။ မင်းသားကတော့ တက်သစ်စ စာရေးဆရာအဖြစ်ရပ်တည်ပေမဲ့ သူ့ခံယူချက်က ငွေရတဲ့စာတွေ ရေးနိုင်ဖို့လို ခံယူထားတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်။ ဒီလိုခံယူရတာကလည်း သူ့အဖေက ဝတ္တုတွေရေးရင်း အိမ်စရိတ်မထောက်နိုင်ဘဲ သူကိုယ်တိုင်လည်း ဝတ္တုရေးတဲ့စားပွဲပေါ်ပဲ ကွယ်လွန်သွားခဲ့တော့ ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ငွေရတဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ မင်းသမီးကတော့ နာမည်ကြီးဘတ်ဆဲလားစာရေးဆရာမဖြစ်နေတဲ့ အထက်တန်းကျောင်းသူလေး။ မင်းသားဖြစ်ချင်တဲ့ ဘဝမျိုးကို ပိုင်ထားတဲ့သူ။ ဒါပေမဲ့ သူကတော့ ဝတ္တုရေးတဲ့အလုပ်ကို ချစ်သလို ဝတ္တုတွေကို ချစ်တယ်။ ဒီလိုနဲ့ သူတို့စာတွေကို အကဲဖြတ်ပေးနေတဲ့သူက သူတို့ကို စာအုပ်တစ်အုပ်အတူတူရေးခိုင်းခဲ့တယ်။ မင်းသမီးက ဇာတ်လမ်းတွေးပြီး မင်းသားက စကားလုံးနဲ့ပုံဖော်ပေးရတယ်။ ကျောင်းလည်းတူ အလုပ်လည်းအတူတူလုပ်နေရပေမဲ့ ခံယူချက်ချင်းမတူလို့ မတည့်နေတဲ့ သူ၂ယောက် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို အတူတူရေးကြရင်း သူတို့ရဲ့နောက်ခံဇာတ်လမ်းတွေပါ ပုံပေါ်လာပြီး သူတို့ချင်းနားလည်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းမျိုးကို သူတို့ဖန်တီးဖြစ်ကြမလဲ မြင်ကြရမယ့်ဇာတ်ပဲ။ ကျောင်းတွင်းရိုမန့်လေးတော့ နည်းနည်းစွတ်ထားတယ်။ Kingdomတို့ Gintamaတို့ထဲက ဂျပန်မင်းသမီးချောလေး Kanna Hashimotoက အဓိကသရုပ်ဆောင်ပေးထားတာမို့ ဂျပန်မင်းသမီးချောချောလေးနဲ့ကြည့်ရမယ့် ဂျပန်ကျောင်းသားဇာတ်လို့ ပြောလည်းမမှားပါဘူး ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

Comedy
5.2 2020 106 mins
God of Novels
Secret Sunshine
7.5

Secret Sunshine (2007) ************************* နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာ မရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင် လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။ နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။ လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက် အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint Candy,Secret Sunshine, Poetry,Oasis စတဲ့ ချစ်စရာနာမည်လှလှလေးတွေ သူသုံးတတ်တယ်။ Novelist ပီသစွာပဲ အထဲကဇာတ်လမ်းတွေဟာ လက်တွေ့ထက် လက်တွေ့ဆန်နေတယ်။ စိတ်ပျက်စရာကောင်းတဲ့ကမ္ဘာကြီးနဲ့ စိတ်ပျက်စရာလူတွေကို တင်ပြတဲ့နေရာမှာ သူဟာ သိပ်ကဗျာဆန်တယ်။ ဒီလိုထူးခြားတဲ့တင်ပြမှုကြောင့်လည်း သူ့ရုပ်ရှင်ကားတိုင်ဟာ ပြည်တွင်းပြည်ပ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေတန်းစီရတယ်။ ကိုရီးယားရုပ်ရှင်လောကမှာ Kim Ki-duk, Park Chan-wook Kwak jae yong, Bong Joon-Ho, Kim Jee-woon, Im Sang-so၀ တို့လို ဒါရိုက်တာကောင်းတွေ ဆယ်စုနှစ်စုလောက်ရှိပေမယ့် ခြောက်ကားပဲရိုက်ထားပြီး တစ်ကားတလေမှ ညံ့မသွားခဲ့တဲ့ Art Filmအစစ်ပဲရိုက်တဲ့ ဒါရိုက်တာကတော့ ကိုရီးယား ရုပ်ရှင်လောကမှာ သူပဲရှိမယ်။ ( အညွှန်းရေးသားထားသူကတော့ WiRa Aung ဖြစ်ပါတယ် ) File size…3.44GB / 1.29GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 22 min. Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by S Su Yee Encoded by AHtet

7.5 2007
Secret Sunshine
The Party
6.6

The Party (2017) IMDb – 6.6 လူမှုရေးဟာသနဲ့ ဒရာမာရောစပ်ထားတဲ့ The Party (2017) ဟာ ဗြိတိသျှ အနုပညာလက်ရာမြောက် ဇာတ်ကားတစ်ကားဖြစ်ပြီး ပြသချိန် ၇၁ မိနစ်ပဲကြာပေမဲ့ သရုပ်ဆောင်တွေရဲ့ အထူးချွန်ဆုံး ပါဝင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းက ဝေဖန်ရေးသမားတွေရဲ့ အပြည့်အဝချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ရရှိခဲ့သောဆုများ – Berlin International Film Festival (2017) – Silver Bear for Best Script (Sally Potter) – British Independent Film Awards (2017) – Best Supporting Actress (Patricia Clarkson) – အခြားဆန်ကာတင်စာရင်းဝင် ဆုများစွာ သရုပ်ဆောင်တွေကတော့ – စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရသူ အောင်မြင်တဲ့ နိုင်ငံရေးသမား ဂျန်းနက်အဖြစ် Kristin Scott Thomas – ဂျန်းနက်ရဲ့အရက်လွန်ကျွံသောက်ပြီးစိတ်ဓာတ်ကျနေတဲ့ခင်ပွန်း ဘေလ် အဖြစ် Timothy Spall – ပါးနပ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့မဟုတ်မခံစိတ်ရှိတဲ့ အေပရယ်အဖြစ် Patricia Clarkson – အေပရာယ်ရဲ့အမျိုးသား lofe coach ဂေါ့ဒ်ဖရီးအဖြစ် Bruno Ganz – အစိုးရဘဏ္ဍာရေးအရာရှိ တွမ်အဖြစ် Tom Shelby စတဲ့နာမည်ကြီး အနုပညာရှင်များစွာပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဂျန်းနက်ရဲ့နိုင်ငံရေးအောင်ပွဲအနေနဲ့ ဂျန်းနက်နဲ့ဘေလ်တို အိမ်မှာကျင်းပတဲ့ပါတီ တစ်ခုဟာ မိနစ်ပိုင်းအတွင်း အရှုပ်တော်ပုံကြီးအဖြစ် ပြောင်းလဲသွားပါတယ်။ ဂျန်းနက်ရဲ့ နိုင်ငံရေးအောင်မြင်မှု၊ ဘေလ် ရဲ့ ကျန်းမာရေးပြဿနာ၊ မိတ်ဆွေတွေရဲ့ လျှိဝှက်ချက်တွေနဲ့ သစ္စာဖောက်မှုတွေဟာ ပါတီမှာအကုန်ပေါ်ပေါက်လာပြီး အချင်းချင်းဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ ” Party ဟာ ဘဝရဲ့ အမှောင်ဆုံးနဲ့ ဟာသဆန်ဆန် မိနစ်တွေကို ရောစပ်ထားတယ်” ဆိုတဲ့ ဝေဖန်သူတွေရဲ့ မှတ်ချက်အတိုင်း ဒီဇာတ်ကားလေးဟာ လူမှုဆက်ဆံရေးရဲ့ ရှုပ်ထွေးမှုတွေကို ဟာသဉာဏ်နဲ့ ထောက်ပြတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါကြောင့် Dark Comedy ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတိုင်း မပြတ်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size – 1GB/ 405MB Quality – BluRay 1080p/ 720p Duration – 1h 11m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Vic Encoded by – Treasure Htet

Thriller • Crime • Action
6.6 2017 71 mins
The Party