YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The.Classic.2003.UHDTV.720p.x264.AAC.5.1-Nyein.mp4

1.14 GB 720p video/mp4 1713 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Long Dark Trail
4.3

အခုဇာတ်ကားလေးကတော့ တကယ့်လက်တွေ့ဘဝမှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Braddy O'Donnell နဲ့ Carter O'Donnell တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အဲဒါအပြင် ဝါရင့်သရုပ်မင်းသားကြီးတစ်ဦးဖြစ်တဲ့ Alex Huges ကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟင်နရီ နဲ့ ဂျေကော့ပ်လို့ခေါ်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ကို ကိုယ်ထိလက်ရောက် နှိပ်စက်တတ်တဲ့ သူတို့အဖေဆီကနေ ထွက်ပြေးလာခဲ့ကြပါတယ်။ အဲဒီနောက်နှစ်ရှည်လများ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူတို့အမေအကြောင်းကို နားစွန်နားဖျားကြားလိုက်ရတဲ့အခါမှာ သူတို့အမေကိုလိုက်ရှာဖို့အတွက် ပန်ဆယ်ဗေးနီးယားမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ တောအုပ်ကြီးဆီကို ခရီးထွက်ခဲ့ကြပါတော့တယ်။ တကယ်တမ်း သူတို့ရဲ့အမေက ဘယ်လိုနေထိုင်နေရပြီးတော့ ဘာတွေဖြစ်နေမလဲ၊ သူတို့ကို ဘာကြောင့် ငယ်ငယ်က စွန့်ပစ်သွားခဲ့ရတာလဲဆိုတာကိုတော့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ လာရောက်ကြည့်ရှုဖို့အတွက်ကို ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။ File size…(1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:18:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

Action • Crime
4.3 2021 78 mins
The Long Dark Trail
Dreams
7.7

~ IMDb - 7.7/10, Rotten Tomatoes - 66% ~ ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။ Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ၁ ) မိုးစက်စီးကြောင်းကြား စီးဆင်းနေသောနေရောင်များ မိုးစက်တွေကြား နေရောင်စီးဆင်းနေတဲ့တစ်နေ့မှာ အမေက ငါ့ကို လျှောက်မသွားဖို့ ပြောတယ်။ အခုနေ ပြန်တွေးကြည့်ရင် ဘယ်လိုနေ့မျိုးတွေဖြစ်မလဲတော့ ငါလည်းမသိပါဘူး။ ဒီဘဝထဲ ဒီလိုနေ့တွေ ငါဘယ်နှခါကြုံခဲ့ရဖူးလဲ ငါမရေရာ။ တစ်ဘဝလုံးလည်း ဖြစ်ကောင်းဖြစ်မှာ။ သေချာတာတစ်ခုက ငါ အခုထက်ထိ အမေ့စကားကို နားမထောင်ဖြစ်ခဲ့ဘူး။ အမှားတွေ အမှားတွေနဲ့ငါ အဲဒီသက်တန့်ကြီးဆီ ရောက်လာခဲ့တယ်။ အဲဒီသက်တန့်ကြီးရဲ့အဆုံးမှာ ဘာတွေရှိနေမလဲ။ ဘယ်ဆီကိုရောက်မလဲ ငါမသိနိုင်ခဲ့၊ ဘယ်ဆီကိုရောက်မလဲ ငါမသိသေးဆဲ။ ငါတို့အတူကူးခတ်ခဲ့ကြတဲ့မြစ်ကြီးထဲလည်း အမှားတွေဟာစီးဆင်းဆဲ... (၂) မက်မွန်ခြံ သစ်ခုတ်သမားတွေဟာ သူတို့ရဲ့ကိန်းဂဏန်းတွေသက်သက်နဲ့ မက်မွန်ပင်ကြီးကို လှဲသတ်ပစ်ကြတယ်။ ငါတို့ရဲ့မသိတတ်သေးတဲ့စိတ်မှာ မျက်ရည်တွေနဲ့။ မအောင်မြင်ခဲ့တဲ့အသီးတွေကြောင့်လား၊ အောင်မြင်ခဲ့တဲ့အပွင့်တွေကြောင့်လား။ မရှိတော့တဲ့ မက်မွန်ပွင့်တွေဟာ ငါတို့ရဲ့သညာမှာ လင်းနေဆဲ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာခဲ့တယ်။ မက်မွန်ပင်အသစ်ကလေးဟာ နေရာဟောင်းမှာ ပြန်ပွင့်လာခဲ့တယ်။ ပြန်လှပခဲ့တယ်။ သစ်ခုတ်သမားရဲ့ ပုဆိန်တွေကိုတော့ ငါတို့မတွေ့ရတော့ဘူး။ ( ၃ ) နှင်းမုန်တိုင်း နှင်းလွှာတွေ သည်းကြီးမည်းကြီးပေါ့။ တစ်ခါတလေကျ လူဟာပန်းတိုင်ကို သိပေမဲ့ လမ်းကိုမမြင်ရဘူး။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ တာထွက်ဟာနောက်ကျခဲ့တယ်။ အအိပ်လည်း မက်ခဲ့ကြတယ်။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ နာရီလက်တံတွေ ရွေ့နေဆဲပဲ။ နှင်းပွင့်တစ္ဆေ၊ မခံနိုင်အောင်ပေါ့ပါးသော ဘဝနေ့ညများ၊ ကမ်းမမြင်လမ်းမမြင်သူတစ်ယောက်ရဲ့ ပြန်မရောက်တော့တဲ့ ဟိုးတုန်းက ညနေခင်းများ။ ချစ်စိတ်ရဲ့ကျောချင်းကပ်မှာ အခါနှောင်းနှင့်တဲ့ခရီးဟာ ရောက်နှင့်ပြီးသားဆိုတာ ငါတို့မမြင်နိုင်ခဲ့ကြဘူး။ ( ၄ ) လှိုဏ်ခေါင်း ဂျပန်တွေဟာ စိတ်တော့တော်တော်ကြီးတယ် ပြောရမလား ဘယ်လိုစကားလုံးနဲ့ သုံးရမလဲတော့မသိဘူး။ နှောင်းအတော်ကြာအောင်ထိ ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေကို ခံစားနေရတုန်းဆိုတာကို ဂျပန်အနုပညာပစ္စည်းတွေမှာ သိသိသာသာကို ထည့်သွင်းဖော်ပြတတ်တယ်။ ဒီဇာတ်လမ်းတွေဟာ ဆိုခဲ့သလို ကူရိုဆာဝါဟာ သူ့အိပ်မက်တွေကို ကျောရိုးပြုပြီး အသက်သွင်းထားတာပါ။ ဒီအိပ်မက်ကတော့ ဒုတိယကမ္ဘာစစ်အစမှာ အသက်၂၉ရှိနေခဲ့ပြီဖြစ်တဲ့ ကူရိုဆာဝါရဲ့ လိပ်ပြာမလုံခြင်းတွေအကြောင်း မြင်မက်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ရှင်ကျန်ရခြင်းဟာလည်း တစ်ခါတလေ ရှင်လျက်နဲ့ သေခြင်းတစ်မျိုးပဲပေါ့။ ( ၅ ) ကျီးကန်းများ အချစ်တွေကို တို့အတွက်လို့ပဲ သိမ်းဆည်းထားလိုက်ဖို့ကျ သိပ်လေးလံလွန်းခဲ့တယ်။ ရှိသမျှအင်အားနဲ့ရွေ့ရတဲ့ စက်ခေါင်းလို တို့ရွေ့ခဲ့တာပေါ့။ စတာရီနိုက် ဂျုံခင်းထဲက ကျီးကန်းများ ကိုယ်တိုင်ရေးပုံတူ အာလူးစားသူများ တားရေ့ကဖေးည ဆိုက်ပရပ်စ်သစ်ပင် ဗန်ဂိုးရဲ့ကုလားထိုင် ဂေါ်ဂင့်ကုလားထိုင် နေကြာပန်းများ အဝါရောင်အိမ်ကလေးထဲ အဆုံးမဲ့ အချစ်တို့ စီးဆင်းဆဲ... ကူရိုဆာဝါဟာ ဂျပန်ရဲ့အထင်ကရ ဒါရိုက်တာ၊ ရုပ်ရှင်ရဲ့ မဏ္ဍိုင်ကြီးတစ်ခုအဖြစ် ကမ္ဘာကျော်ပေမဲ့ ငယ်ငယ်ကတော့ ကူရိုဆာဝါဟာ ပန်းချီဆရာဖြစ်ချင်ခဲ့ဖူးတယ်။ ကူရိုဆာဝါဟာ ဒါရိုက်တာဖြစ်လာပေမဲ့လည်း သူ့အိပ်မက်တွေကို လုံးဝကျောခိုင်းပစ်ခဲ့တာတော့မဟုတ်ဘူး။ သူ့စတိုရီဘုတ်တွေကို ကြည့်ရင် သူ့ရဲ့ပန်းချီစွမ်းရည်ကို မြင်နိုင်သေးသလို သူရိုက်ခဲ့တဲ့ကာလာဖလင်တွေမှာလည်း ပန်းချီကားတော်တော်ဆန်တဲ့ အရောင်အသွေး စီနီမာတိုဂရပ်ဖီတွေကို သုံးထားခဲ့တယ်။ ရုပ်ရှင်အဖြစ်အသက်မသွင်းနိုင်ခင်မှာ သူပြောချင်ပြချင်တာတွေကို ပန်းချီအဖြစ် ဒီအရင်အသက်သွင်းတာတွေလည်းရှိခဲ့တယ်။ နောက်ဆုံး သူဆွဲထားတဲ့ သူ့ရုပ်ရှင်ရဲ့ ပုံကြမ်းတွေက ပိုစတာဖြစ်လာတာတွေလည်း ရှိတတ်တယ်။ ဒီအိပ်မက်ကတော့ ကူရိုဆာဝါရဲ့ ပန်းချီချစ်စိတ်အကြောင်း၊ ဗန်ဂိုးသို့တမ်းတခြင်းနဲ့ ပန်းချီအပေါ် သူ့အမြင်တွေအကြောင်းပေါ့။ မလွယ်တာကိုမှ ရွေးချစ်မိတယ် အသက်ရယ် - သုခမိန်လှိုင် (မိုးတိမ် - ၅) ( ၆ ) ( ၇ ) ( ၈ ) အနီရဲရဲဖူဂျီ၊ နတ်ဆိုးငိုချင်းနဲ့ ရေရဟတ်ရွာကလေး ဒီ၃ပုဒ်က ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်၃ပုဒ်ပါပဲ။ ဒီ၃ပုဒ်ရဲ့ အကြောင်းအရာဟာ ချွတ်စွပ်မဟုတ်ပေမဲ့ သူပြောချင်တာတော့ တူနေတယ်လို့ ပြောရမယ်။ သူမြင်ခဲ့တဲ့ကမ္ဘာကြီး သူမြင်ခဲ့တဲ့လူတွေ သူမြင်ခဲ့တဲ့အမှားတွေကနေ သူယုံကြည်တဲ့ကမ္ဘာကြီးဆီ ဦးတည်သွားတယ်။ Short Films စုဆိုတော့ ဒီ၈ပုဒ်လုံးကို ခွဲကြည့်လို့ရကောင်းရပေမဲ့ Dreams ဟာ ဆိုခဲ့သလို ကူရိုဆာဝါရဲ့ အိပ်မက်တွေကို ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်တွေကလည်း ကူရိုဆာဝါရဲ့ ကိုယ်ပွားတွေပါပဲ။ ဒါကိုလည်း ကူရိုဆာဝါက သူ့အမှတ်သညာဖြစ်တဲ့ ဦးထုပ်ဝိုင်းဝိုင်းကြီးနဲ့အတူ သိသိသာသာကို တွဲဖက်တင်ပြထားတယ်။ Dreams ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ ကားပေါင်းများစွာထဲမှာမှ သူ့ Personal အဖြစ်ဆုံး ရုပ်ရှင်လို့ တစ်ထစ်ချဆိုလို့ရပါတယ်။ စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်စကားအရတော့ အိပ်မက်ဆိုတာ လူတွေရဲ့ ချုပ်တည်းထားရတဲ့ ဆန္ဒတွေကို မြင်မက်ခြင်းပဲတဲ့။ လူ့စိတ်နဲ့ အိပ်မက် ဆက်စပ်နေတယ်လို့ ယုံကြည်လို့ ဖရွိုက်ကိုယ်တိုင်တောင် အိပ်မက်တွေကို လေ့လာခဲ့ဖူးတယ်။ ကူရိုဆာဝါရဲ့ အိပ်မက်တွေကို သူ့အတွေးအမြင်တွေနဲ့ တန်ဆာဆန်ပြီး ဖြစ်လာတဲ့ ဒီရုပ်ရှင်ရဲ့ အရှေ့ငါးပုဒ်မှာ ကျွန်တော်တို့ ကူရိုဆာဝါရဲ့အတိတ်က အမှားတွေ၊ ချစ်စိတ်‌တွေ၊ လျှောက်လာခဲ့ခြင်းတွေ၊ ဆန္ဒတွေကို စီးကူးမြင်နေရတယ်။ ဒီနောက်ဆုံးသုံးပုဒ်က ပထမနှစ်ပုဒ်မှာတော့ ကူရိုဆာဝါဟာ ပစ္စုပ္ပန် သူမြင်ခဲ့တဲ့ကမ္ဘာကြီးပေါ်က ငို့ဘတွေ လောဘတွေ ရေလိုက်ငါးလိုက်လွဲမှုတွေ စေတနာအမှားတွေကနေ မျှော်ရင်းမြင်တဲ့ ဂျပန်ရဲ့ခေတ်သစ်နဲ့ပတ်သက်တဲ့ သူ့အကြောက်တရားကို စီးကူးမြင်နေရသလို နောက်ဆုံးအပုဒ်ဖြစ်တဲ့ ရေရဟတ်ရွာကလေးမှာတော့ ကူရိုဆာဝါဟာ သူယုံကြည်မျှော်လင့်တဲ့ ကမ္ဘာကြီးရဲ့အနာဂတ်ကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားတယ်။ ၁၉၉၀ကနေ အခုဆို နှစ်၃၀ကျော်ကြာခဲ့ပြီ။ ကမ္ဘာကြီးမှာ ကူရိုဆာဝါရဲ့ အနီရဲရဲဖူဂျီနဲ့ နတ်ဆိုးငိုချင်းထဲကလိုအဖြစ်မျိုး‌တွေ သွယ်ဝိုက်သောနည်းတွေနဲ့ ဖြစ်လာခဲ့ပြီးပါပြီ။ ဘဝတွေဟာ သူရဲ့နောက်ဆုံးအိပ်မက်ဖြစ်တဲ့ ရေရဟတ်ရွာကလေးထဲကလို မငြိမ်းချမ်းနိုင်တော့တာလည်း သေချာနေခဲ့ပြီ။ ဘာပဲဖြစ်ဖြစ်ပါ ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်ရဲ့ နောက်ဆုံးအပိတ်မှာ အသက်၁၀၃နှစ်အထိ ဖြတ်သန်းပြီးတဲ့ အဘိုးအိုပြောသွားခဲ့သလိုပေါ့... " ရှင်သန်နေရတာကိုက အရသာရှိပါတယ် " P.S - ဆရာသုခမိန်လှိုင်ဆီရောက်တော့ ဆရာ့ဆီက ဆရာဖြတ်သန်းခဲ့တဲ့ခေတ်တွေ လူတွေ အရာတွေအကြောင်း၊ ကဗျာတွေ သီချင်းတွေ ရုပ်ရှင်တွေ ပန်းချီတွေအကြောင်း အများကြီးနားထောင်ခဲ့ရတယ်။ ဆရာ့မှတ်ဉာဏ်က အဖြစ်တွေကို ခုနှစ်အတိအကျနဲ့ လုံးစေ့ပတ်စေ့ပြောပြနိုင်သလို လေးနာရီလောက်ဆက်တိုက် စပ်စုသမျှပြောပြနေရပေမဲ့ ဆရာ့ပါးစပ်ကထွက်သမျှ စကားလုံးတွေက ကဗျာဆန်ပြီး လှပလွန်းတယ်။ Y ပြောတဲ့စကားပြန်ယူသုံးရရင် ဆရာသုခမိန်လှိုင်ဟာ အနုပညာအားကြီးပြီး ဦးနှောက်ကပါ နှလုံးသားဖြစ်သွားတဲ့လူမျိုးပေါ့။ ဒီရုပ်ရှင်ဟာ ဆရာနဲ့အန်တီယံယံတို့ပြောခဲ့တဲ့ သူတို့ချစ်တဲ့ရုပ်ရှင်များစွာထဲက တစ်ကားပါပဲ။ ကျွန်တော်တို့အတူ ပြန်တမ်းတထားတဲ့ ဒီရုပ်ရှင်ဟာ Dedicated to U Hlaing & Aunty Yan Yan... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung နဲ့ Phoo Lin တို့က ပြန်ဆို ရေးသားထားပါတယ်) Size - 2.45GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 59Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung & Phoo Lin Encoded by Y

Horror
7.7 1990 119 mins
Dreams
Love Hard
7

CM ပရိသတ်ကြီးရေ Christmas ကလည်း နီးလာပြီဆိုတော့ Christmas နောက်ခံ အချစ်ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေလိုက်ကြရအောင်ပါ ၂၁ ရာစု အင်တာနက်ခေတ်ကြီးမှာ ခေတ်ထလာတာ တစ်ခုကို ပြောရရင် Online Dating App တွေလို့ ဆိုရပါမယ်။ နှစ်သက်ရာ app တစ်ခုမှာ အကောင့်တစ်ခုဖွင့်ပြီး ချစ်သူရှာကြသည်ပေါ့။ FA တွေအတွက်တော့ အတော်လေး နပ်တဲ့ app တွေပေါ့ဗျာ အလားတူ ဒီဇာတ်လမ်းထဲက အပျိုဟိုင်းကြီး နာတာလီကလည်း dating app တွေက စားစော်ကြီးပေါ့။ တစ်ခုပဲ ဒီစော်ကြီးက စားတိုင်း အစားမကြေလေဘူး။ တွဲသမျှ ပြတ်၊ ချိန်သမျှ ပါလိုက်နဲ့ ငှက်ပျောတုံး ဖက်ရလုနီးပါးပေါ့။ တစ်ခုတော့ အကောင်းသားဗျ။ အချစ်ကံခေပေမဲ့ ဒီကံခေမှုတွေကို သူက ဇာတ်လမ်းတွေဖန်တီးပစ်တော့ စားစော်ကြီးက အလုပ်အကိုင်အတည်တကျနဲ့ ရှုးဂါးမာမီစတိုင်ပါပဲ။ ဒါပေမဲ့ အပျိုကြီးက လက်မလျှော့သေးပါဘူး။ တစ်နေ့မှာ ဒီ dating app ကနေပဲ ဂျော့ရှ်ဆိုတဲ့ ခပ်ချောချော ဘဲတစ်ပွေနဲ့ သူ အီစီကလီတွေလုပ်ရင်း သံယောဇဉ်က ပိုမိသွားပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်မှာ သူနဲ့ ဖြတ်သန်းမယ်ရည်ရွယ်ပြီး ဂျော့ရှ်ရှိရာ Lake Placid ကို လိုက်သွားပါတယ်။ အပျိုကြီးမမ ကံဆိုးချက်ကတော့ သူနဲ့ တစ်ချိန်လုံး အွန်လိုင်းပေါ်မှာ ကြူထားတဲ့ ဂျော့ရှ်ဆိုတဲ့လူဟာ ပရိုဖိုင်က တင်ထားတဲ့ပုံနဲ့ မိုးနဲ့မြေကွာတဲ့ ပုံတုံးကြီးဖြစ်နေတဲ့အခါ ..... ဘာတွေဆက်ဖြစ်ကြမလဲ ... ဂျော့ရှ်ကရော ဘယ်လိုလူလဲ .... တစ်ခါက နာမည်ကြီးခဲ့တဲ့ The Vampire Diaries မင်းသမီးချော Nina Dobrev က နာတာလီအဖြစ် ပါ၀င်သရုပ်ဆောင်ထားပြီး အခုချိန်ထိ သူ့ရဲ့ လှပချောမောမှုတွေကို တစ်၀ကြီး မြင်ရမှာပါ။ File Size : (1.5 GB) & (900 Mb) Quality : Webrip 1080p & 720 p Running Time : 1:44:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi Aung and Jerrica Encoded by Mr. Anderson

Drama
7 2021 105 mins
Love Hard
What a Girl Wants
5.8

ဒက်ဖနီဆိုတဲ့ကောင်မလေးက ငယ်စဉ်ကတည်းက အဖေ့ကိုတွေ့ဖို့မျှော်လင့်ရင်းကြီးပြင်းလာခဲ့ရသူပါ သူ့အဖေနဲ့အမေကတော့ အဆင့်အတန်းကွာခြားမှုတွေကြား ဝေးကွာသွားခဲ့ရသူတွေပါ သူ ၁၇ နှစ်ပြည့်တော့ အဖေဖြစ်သူ တော်ဝင်မျိုးနွယ်အမတ်ဒက်ရှ်ဝုဒ်ကိုတွေ့ဖို့လိုက်လာခဲ့ပါတယ် သူ့ရဲ့လွတ်လပ်ပေါ့ပါးတဲ့ပုံစံနဲ့ တော်ဝင်အနွယ်တို့ရဲ့ဣ​န္ဒြေကြီးမားတဲ့ပုံစံတွေကြား ကွာခြားမှုတွေ ကြောင့် သတင်းစာတွေထက်အတင်းအဖျင်းတွေပြောခံခဲ့ရတယ် အဖေ့မှာစေ့စပ်ထားသူတစ်ယောက်ရှိနှင့်နေပြီး သူ့မှာကလည်းသမီးတစ်ယောက်ရှိနေပါတယ် သူတို့ကလည်းစင်ဒရဲလားပုံပြင်လေးလိုပဲ ဒက်ဖနီအပေါ်အကွက်ချမကောင်းကြံပြီး အမေရိကန်ဆီပြန်ပို့ချင်နေတာပါ ဒက်ဖနီဟာ အဖေဖြစ်သူကိုချစ်တဲ့စိတ်ကြောင့် သူ့ကိုယ်သူပြောင်းလဲရင်း ချစ်ရသူအီရန်နဲ့လည်းဝေးသွားခဲ့ရတယ် တဖြည်းဖြည်းချင်းအဆင်မပြေမှုတွေကြားသည်းခံနေရရင်း သူ့ဘဝအမျှော်လင့်ဆုံးဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့တွဲကဖို့ကို အမေပါသမီးကလာဆီရာကလုသွားတာမြင်လိုက်ရချိန်မှာ သူသည်းမခံနိုင်တော့ပါဘူး သူနဲ့ ချစ်သူအီရန်ပြန်ပေါင်းထုပ်နိုင်မလား ဖခင်ဒက်ရှ်ဝုဒ်ကရော သမီးနဲ့ဂုဏ်ဒြပ်တွေကြားဘာကိုရွေးချယ်မလဲ ဒက်ဖနီလိုချင်ခဲ့ရတဲ့အိပ်မက်တွေကိုရော တကယ်ရလာပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါ File size…(2.14GB)/(1.11GB)/(571MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre…Comedy, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar Kyaw

Action & Adventure • Crime • Drama
5.8 2003
What a Girl Wants
Bruce Lee – The Fighter
5.5

CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့ သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ် အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ် တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ.. ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်

Action • Adventure • Fantasy
5.5 2015
Bruce Lee – The Fighter
S-Girl
5.9

နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးမှာ ပတ်ဝန်းကျင်နေရာတိုင်းလိုလို စက်ပစ္စည်းတွေနဲ့ အစားထိုးလို့လာခဲ့ပါတယ် ။ လျိုကျားချီလို့ ခေါ်တဲ့ အမျိုးသားဟာ မိသားစုတွေကိုလဲ အချိန်မပေးပဲ သူ့ရဲ့ စက်ပစ္စည်းတွေနဲ့ပဲ အချိန်တွေကုန်ဆုံးလို့နေခဲ့ပါတယ် ။ တစ်နေ့မှာတော့ ဇနီးဖြစ်သူဟာ ရောဂါနဲ့ ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ် ။ ဇနီးသည်ဆုံးပါးသွားပြီးတဲ့နောက်မှာလဲ ကျန်ရစ်တဲ့ သမီးငယ်လေးတွေကို ကလေးထိန်းနဲ့ ထားကာ သူကတော့ မိသားစုကို အချိန်မပေးပဲ အလုပ်တွေနဲ့ ဗျာများနေတုန်းပါပဲ ။ ဒီလို ကြပ်တည်းနေတဲ့အချိန်မှာ သူတို့ ကုမ္ပဏီကနေပြီးတော့ လူသားလို တစ်ထပ်ထဲ ပြုမူနိုင်တဲ့ လူသားစက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ပါတယ် ။ စက်ရုပ်ကို ဒီဇိုင်းရေးဆွဲသူ လျိုကျားချီဟာ သေဆုံးသွားတဲ့ ဇနီးသည်နဲ့ ဆင်တူ စက်ရုပ်တီထွင်ပြီး အိမ်မှာ သမီးလေးတွေကို စေ ာင့်ရှောက်ဖို့ ထားခဲ့တဲ့အခါမှာတော့…? အသက် ၁၇ နှစ်အရွယ် သမီးအကြီးဖြစ်သူဟာ ဒီစက်ရုပ်ကို လုံးဝလက်မခံနိုင်ပေမဲ့ ဘာမှမသိနားမလည်တဲ့ ၅ နှစ်အရွယ် ညီမလေးကြောင့် လက်ခံခဲ့ပါတော့တယ် ။ ဒီတော့ …- ❏ မိသားစုကို အချိန်မပေးနိုင်တဲ့ ဖခင် နဲ့ သမီးလေး ၂ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ ကြားထဲမှာ ဘယ်လိုရင်ဆိုင်မှူတွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

Comedy
5.9 2022
S-Girl
Lucky Girl (Ya, Nina)
5.8

ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ ဘဝကို ခြယ်မှုန်းထားတဲ့ ယူကရိန်းရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဥရောပဖလင် ပရိသတ်တွေ နှစ်ခြိုက်ကြမယ့် အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ… အရောင်အသွေးစုံလှတဲ့ set design တို့ကိုလည်း ခံစားရဦးမှာပါ Nina(ခေါ်) “မိကံကောင်း” လေးက နာမည်ကြီးတီဗီအစီအစဥ်တင်ဆက်သူ တစ်ယောက်ဖြစ်ပါတယ် ဒီကောင်မလေးက မာနကြီးတယ် ရိုင်းစိုင်းတယ် ကိုယ်ထင်တာကို ဇွတ်တရွတ်လုပ်တတ်တယ် ဒါပေမဲ့ လူအများအားကျလောက်အောင် ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက် ….တစ်နေ့ ကင်ဆာဖြစ်မှန်း သိလိုက်ရတဲ့ နေ့ကစပြီး သူကမ္ဘာပျက်ရတော့တယ်… သူလုံးဝခံနိုင်ရည်မရှိဘူး ပိုင်ဆိုင်တာတွေ တစ်စတစ်စ ဆုံးရှုံးရရင်း တချိန်ကမာန်တွေလည်း မနိုင်တော့ လျှော့ရတော့တာပါပဲ ကင်ဆာရောဂါသည် သူငယ်ချင်းတွေကလည်း အချင်းချင်း ဖေးမတစ်လှည့်… ဟိတ်ဟန်ကြီးတဲ့ Nina ကို ဆုံးမသွန်သင် ပညာပေးတာက တစ်ဖုံနဲ့ … မိကံကောင်းလေးတစ်ယောက် ပြောင်းလဲလာနိုင်ပါ့မလားဆိုတာကိုတော့ … ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ စိတ်ခံစားချက်အဖုံဖုံတို့ကို တွေ့မြင်ခံစားရမှာပဲ ဖြစ်ပါတယ် File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

5.8 2023
Lucky Girl (Ya, Nina)
Copenhagen

ဝီလျံဖို့ဒ်ဆိုတဲ့ အမေရိကန်လူငယ်လေးဟာ သူ့သူငယ်ချင်းအတွဲတစ်တွဲနဲ့အတူဥရောပကိုခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်ရဲ့ရည်ရွယ်ချက်က သူ့ဖခင်ဆုံးသွားတဲ့နောက် ပစ္စည်းအဟောင်းလေးတွေကိုလှန်လှောရင်းရှာတွေ့ခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပဲ။ လိပ်စာ၊ရည်ညွှန်းချက်အပြည့်အစုံပါပေမယ့် သူ့အဖေမပို့ဖြစ်ခဲ့တဲ့စာလေးကို သူ့အလှည့်မှာရောက်အောင်ပို့မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲ့ဒီလိုဆုံးဖြတ်မိတာ ဘာကြောင့်လဲ သူကိုယ်တိုင်ရေရေရာရာမသိဘူး။ဖခင်ဖြစ်သူအပေါ်လည်း အဲ့ဒီလောက်လေးလေးနက်နက်ခံစားချက်ရှိတဲ့သူမဟုတ်ဘူး။ သူ့စရိုက်ဟာ ညစ်ကျယ်ကျယ်ခပ်ရိုင်းရိုင်းဖြစ်တယ်။ အဲ့ဒီစရိုက်ကြောင့်ပဲ အတူခရီးသွားဖော် သူငယ်ချင်းအတွဲနဲ့ရန်ဖြစ်ပြီးလူချင်းကွဲသွားသလို အဲ့ဒီစရိုက်ကြောင့်ပဲ မြို့ခံမိန်းမငယ်လေး အက်ဖီနဲ့ ဘုဘောက်ကျပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ကိုပင်ဟေဂင်ဟာ သာမန်ဥရောပမြို့တစ်မြို့မဟုတ်ပဲ ဒင်နီယယ့် ဖခင်ရဲ့မွေးရပ်မြေဖြစ်ပါတယ်။ ဒင်နီယယ်ရဲ့ ဘာသာစကားအခက်အခဲကိုသိသွားတဲ့ အက်ဖီဟာ ဒင်နီယယ်သွားလိုတဲ့အရပ်ကို ကူညီစုံစမ်းရင်းနဲ့ ခရီးတိုလေးတစ်ခုကို စတင်မိခဲ့ကြပါတယ်။ အဲ့ဒီခရီးတိုလေးဟာ သူတို့နှစ်ဦးအတွက် တစ်သက်မမေ့နိုင်စရာ အဓိပ္ပါယ်တွေအများကြီးဆောင်ယူလာခဲ့မယ့် ခရီးလေးတစ်ခုဖြစ်လာပါတော့တယ်။ Copenhagen က ၂၀၁၄တုန်းကထွက်ထားတဲ့ အင်ဒီကားလေးတစ်ကားပါ။ပရိသတ်တွေဆီကရော ဝေဖန်ရောဆရာတွေဆီကပါ ရီဗျူးအကောင်းတွေပိုင်ဆိုင်ထားပြီး၊ ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုတွေရထားပါတယ်။ အင်ဒီကားဆိုပေမယ့် နားလည်ရခက်အောင် ပညာပြထားတာတွေမပါဝင်ပဲ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောလို့ရမယ့် ဇာတ်ကားလှလှလေးတစ်ကားလည်းဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Adventure, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Thriller • Mystery • Horror
0 2014
Copenhagen
The Foul King
6.9

The Foul King ( 2000 ) IMDb: 6.9/10 Genre: Comedy/Sport I Saw the Devil, A Bittersweet Life , The Good, the Bad, the Weird တို့ရဲ့ ဒါရိုက်တာKim Jee-woonကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။ ကိုရီးယားရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်သလို ပွဲဦးထွက်ကတည်းက ကိုရီးယားရဲ့ ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့ ချွဲမင်ဆစ် , ဆောင်းကန်ဟို, လီဗြောင်ဟွန်းတို့လို လူတွေနဲ့ပဲ ဆက်တိုက်ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ချွဲမင်ဆစ် ,ဆောင်းကန်ဟိုတို့နဲ့ The Quiet Familyကို ပွဲဦးထွက်အနေနဲ့ ရိုက်ခဲ့ပြီး ဒုတိယကားအနေနဲ့ The Foul Kingကို ဆောင်းကန်ဟိုနဲ့ ရိုက်ခဲ့တယ်။ နောက် A Tale of Two Sisters, A Bittersweet Life, The Good, the Bad, the Weird , I Saw the Devil , The Age of Shadows, Illang: The Wolf Brigade, Cobwebစတဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တယ်။ အကုန်လုံး ဘောင်ဝင်တန်းဝင်ကားတွေချည်းပါပဲ။ ထုံးစံအတိုင်း ဟောလိဝုဒ်က သူ့ကိုခေါ်ရိုက်ခိုင်းထားတဲ့ အားနိုးကား The Last Stand (2013)တစ်ခုပဲ သိပ်မစွံလှတာပါ။ တစ်ချက်ရှိတာက ပွဲဦးထွက်၂ကားကိုကြည့်ရင် ကင်ဂျီးဝန်ဟာ Black Comedy အားသန်တဲ့ Black Comedyကို အသားပေးရိုက်ပြချင်တဲ့ ဒါရိုက်တာဆိုတာ မြင်သာနေပေမဲ့ Cobwebမတိုင်ခင် နောက်ပိုင်းကားတွေအကုန်လုံးမှာ သူဟာ Black Comedy မဆန်တော့ပါဘူး။ ကောင်းပေမဲ့ Mainstreamရုပ်ရှင်ဆန်ဆန်ကားတွေပဲဖြစ်သွားပါတယ်။ ပွဲဦးထွက်နှစ်ကားနောက်ပိုင်း ကားတွေအကုန်လုံး ဒီလိုဖြစ်နေခဲ့ပေမဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Cobwebမှာတော့ ကင်ဂျီးဝန်ဟာ Black Comedyလိုင်းဘက် ပြန်ရောက်သွားပါပြီ။ ဒါပေမဲ့ လုံးဝ Black Comedy ဘက် ပြန်ရောက်လာပြီလို့တော့ ပြောမရပြန်ပါဘူး။ နောက်ရိုက်မယ့်၂ကားလုံး Black Comedy ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်နေလို့ပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ကင်ဂျီးဝန်ကို Black Comedyကားတွေပိုရိုက်စေချင်ပေမဲ့ နောက်၂ကားထိတော့ အလားအလာမရှိသေးဘူး။ ဒီနေရာမှာတစ်ခုရှိတာက လက်ရှိအရေအတွက်အရတော့ သူ့Black Comedyကားတွေထက် ကျန်တဲ့ကားအများစုက ဇာတ်လမ်းဇာတ်အိမ်ရော တင်ဆက်ပုံရောပိုကောင်းနေပါတယ်။ ပွဲဦးထွက်တွေမှာ ရိုက်ခဲ့သကိုး။ Cobwebမှာတော့ အဲဒီအားနည်းချက်တွေ မရှိသလောက်ဖြစ်သွားတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကင်ဂျီးဝန်းကို ကျွန်တော့်အနေနဲ့တော့ I Saw the Devilတို့လိုပုံစံမျိုးထက် Black Comedyကားတွေမှာ ပိုအရသာတွေ့ပါတယ်။ လက်ရှိအထင်ကရထိပ်တန်း ဒါရိုက်တာတွေထဲ ကင်ဂျီးဝန်းပုံစံဟာ အဲဒီကားတွေမှာတော့ လုံးဝကွဲထွက်နေလို့ မတူတဲ့အရသာတစ်မျိုးပေးနိုင်လို့ပါပဲ။ The Foul Kingကတော့ ရုံးမှာ အထက်လူကြီး အနိုင်ကျင့်ခံနေရတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ကနေ မဆီမဆိုင် ပရိုနပန်းလောကထဲဝင်ပြီး နပန်းသမားဝင်လုပ်တဲ့အကြောင်းပါပဲ။ တော်တော်စားတဲ့ ဇာတ်ကြောင်းလို့ပြောရမယ်။ ဒီလိုစားတဲ့ ဇာတ်ကြောင်းကို ကင်ဂျီးဝန်က Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေနဲ့ အသက်သွင်းထားတာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့မြင်ရမှာပါ။ မင်းသားက ဆောင်းကန်ဟိုဆိုတော့ ဇာတ်ကောင်နဲ့လည်းတော်တော်လေးပနံသင့်တော့ အတိုင်းအတာတစ်ခုအထိတော့ ပြည့်စုံတဲ့ ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဇာတ်အိမ်က အရမ်းကြီးတော့ အားရစရာမကောင်းနေတဲ့အတွက် ဒီရုပ်ရှင်ဟာ Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူတွေအတွက်လိုဖြစ်နေပါလိမ့်မယ်။ I Saw the Devilတို့လိုပုံစံမျိုး သွားမမျှော်လင့်မိဖို့တော့ လိုပါလိမ့်မယ်။ File size… 2.6 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Comedy/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

6.9 2000 112 mins
The Foul King
The Assassin Next Door Kirot
5.7

The Assassin Next Door (2009) The Assassin Next Doorဟာ အစ္စရေးလ်ထုတ် အက်ရှင်ကားပါ။ သူတို့အစ္စရေးလ်အနေနဲ့ဆိုရင်တော့ ဒီအက်ရှင်ကားက ကြည့်ကောင်းတဲ့ထဲ ကောင်းတဲ့ထဲပါတယ်ပြောရမယ်။ အစ္စရေးလ်က ဝေဖန်ရေးသမားတွေတော့ ချီးကျူးကြတယ်။ ကမ္ဘာ့ရုပ်ရှင်နဲ့ပြန်ကြည့်ရင်တော့ Heroic Bloodshed ဆန်ဆန် ဒီကားက Heroic Bloddshedကားတွေရဲ့ တန်းကို မှီဖို့ တော်တော်လိုနေသေးတာမို့ Ratingတော့ မကောင်းရှာဘူး။ ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်တွေကို အဓိကထားပြီး ဒီလိုကားရိုက်ပြထားတာတော့ သိပ်တော့မများလှတော့ အမျိုးသမီးကြေးစားလူသတ်သမားရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။ သတ်ခန်းဖြတ်ခန်းတွေက သိပ်တော့လည်းမညံ့လှပါဘူး။ ဇာတ်ကတော့ သူ့နာမည်အတိုင်း Leonနဲ့တောင်ခပ်ဆင်ဆင်လို့ပြောရမယ်။ ယောကျာ်းအနိုင်ကျင့်တာခံနေရတဲ့မိန်းမရယ် သူ့အိမ်ဘေးနားက ကြေးစားလူသတ်သမားမရယ် ပေါင်းမိပြီး သံယောဇဉ်တွယ်ရာက ကြေးစားလူသတ်သမားမက သူ့အိမ်နီးချင်းမိန်းမကို အစစအရာရာကူညီပေးမိရင်း သူပါ အန္တရာယ်တွင်းထဲကျသွားတဲ့ ဇာတ်ပါပဲ။ Leonကို Female versionပြောင်းပြီး Pedoဆန်ဆန်အစား Glဆန်ဆန်ပြောင်းလိုက်သလိုလိုပါပဲ ။ အက်ရှင်ပရိသတ်တွေတော့ ကြိုက်ကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.2 GB) / (940 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Thriller Duration….01:48:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

Drama
5.7 2009 102 mins
The Assassin Next Door Kirot
Below

IMDb- 6.1/10 Below ဟာ 2002 ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်ပြီး စစ်ပွဲနောက်ခံ horrorကားအဖြစ် လူကြိုက်များခဲ့တာပါ။ ဇာတ်လမ်းက 1943 ခုနှစ် ဒုတိယကမ္ဘာစစ် အချိန်ကာလကို အခြေခံထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘော USS Tiger Shark ဟာအတ္တလန်တိတ်သမုဒ္ဒရာအတွင်းကင်းလှည့်နေစဉ် အင်္ဂလိပ် သင်္ဘောတစ်စင်းနစ်မြှပ်မှုမှ အသက်ရှင်ကျန်သူသုံးဦးကိုကယ်ဆယ်ခဲ့ပြီးနောက်ဂျာမန် ဖျက်သင်္ဘောထံမှလွတ်မြောက်ခဲ့ပေမဲ့ ရေငုပ်သင်္ဘော အတွင်းမှာ ထူးဆန်းတဲ့ရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုအချိန်မှာအချင်းချင်းသံသယဖြစ်လာကြပြီး မမြင်နိုင်တဲ့တစ်ခုခုက သူတို့ကိုခြိမ်းခြောက်နေတယ်ဆိုတာ သိလာကြပါတယ်။ စစ်ပွဲရဲ့ဖိအားအပြင် မမြင်နိုင်တဲ့ တစ်ခုခုရဲ့ ဆိုခြိမ်းခြောက်မှုကိုခံရတဲ့အခါ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေအပြင် အသက်အန္တရာယ်ကိုယ်စီပါ ကြုံလာရပါတော့တယ်။ အဘယ်ကြောင့် ဒီလိုထူးဆန်းတာတွေဖြစ်ပြီး အသက်အန္တရာယ်တွေကြုံလာလဲဆိုတာတော့ကြည့်ရှုသူပရိတ်သတ်တွေပါ ဇာတ်ကောင်တွေနဲ့လိုက်ပြီး အဖြေရှာရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ စစ်ပွဲရဲ့ ဖိအားအပြင် မမြင်နိုင်တဲ့ မကောင်းဆိုးဝါးနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့ စစ်သားတွေရဲ့ အတွေ့အကြုံတွေကို ပြသထားတာပါ။ ကြည့်ရတာတော်တော်လေး thrilling ဖြစ်ပြီး စိတ်ဝင်စားဖို့လဲကောင်းပါတယ်။ File size…(2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Meteor

0 2002
Below
Veera Dheera Sooran: Part 2
7.3

Veera Dheera Sooran: Part – 2(2025) “ရဲရင့်သော စစ်သည်တော်” တမီးလ်အက်ရှင် ရုံကားသစ်လေးကို မဆလာပရိသတ်တို့အတွက် အမြန်ဆုံးတင်ဆက်လိုက်ပါတယ် မင်းသား ဗစ်ခရမ်နဲ့ S.J Suryah တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းရုပ်ရှင်လေးပါ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဟာ ရာဗီဆိုတဲ့ တစ်ချိန်က လူမိုက်ခေါင်းဆောင်ကို အငြှိုးအတေးထားပြီး တစ်နေ့ရအောင်လက်စားချေနိုင်ဖို့ ရည်မှန်းထားပါတယ် လက်ရှိမှာ ရာဗီက သားဖြစ်သူ ကန်နန်မိသားစုနဲ့ အတိတ်ကလုပ်ရပ်တွေကို ဖုံးဖိပြီး လူမြင်တင့်တယ်အောင်နေနေပေမယ့် ပွဲတော်ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ မိန်းမနဲ့ကလေးက ရန်လာတွေ့တဲ့အခါ ပြဿနာတစ်စတစ်စကြီးထွားလာပြီး SP ရဲအရာရှိနဲ့ ပြန်လည်ရင်ဆိုင်ဖို့ တချိန်က လူမိုက်ဖြစ်ခဲ့ပြီး လက်ရှိသာမန်မိသားစုဘဝမှာ ရှင်သန်နေထိုင်နေတဲ့ ကာလီကို ပြန်ခေါ်ရပါတော့တယ် ဘာတွေဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ အက်ရှင်ပရိသတ်တို့ မလွတ်တမ်းရှုစားအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Family • Comedy • Animation • Adventure
7.3 2025 162 mins
Veera Dheera Sooran: Part 2
Drone
5.4

အင်မလီဟာ ပဲရစ်မြို့ကိုပြောင်းလာတဲ့ ဗိသုကာကျောင်းသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောင်းစရိတ်တွေအတွက် အွန်လိုင်းမှာ video chatနဲ့ဝင်​​ငွေရှာဖွေရတဲ့သူပါ အဆောက်အဦပရောဂျက်တစ်ခုလုပ်နေတုန်း တစ်ရ​က်မှာတော့ သူရဲ့တိုက်ခန်းပြတင်းပေါက်ရှေ့ကို ထူးဆန်းတဲ့ဒရုန်းတစ်ခုရောက်လာခဲ့ပါတယ် အဲ့အချိန်ကစလို့ အင်မလီတစ်ယောက်ထဲဖြစ်နေတဲ့အချိန်တွေတိုင်းမှာ အဲ့ဒရုန်းကနာက်ယောင်ခံလိုက်ပြီး သူ့ကိုစောင့်ကြည့်နေပါတော့တယ် အင်မလီတစ်ယောက်မလုံခြုံဖြစ်လာပြီး ဒီဒရုန်းကအင်မလီအတွက် အန္တရာယ်ဖြစ်လာနိုင်လား? ရှေ့ဆက်ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးနော်…. File size… 1.53 GB / 671 MB Quality… Web – DL 1080p / 720p Format… mp4 Audio… AAC Duration…. 1h 50m Genre ….. Drama /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Shwe Eain Si

Family • Adventure • Animation • Comedy • Fantasy
5.4 2024 110 mins
Drone