YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Buccaneers.2023.S01E01.American.Poison.1080p.mp4

927.73 MB N/A video/mp4 200 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aftersun
7.7

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။ A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။ နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 858MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
7.7 2022 101 mins
Aftersun
The Mechanic
6.5

မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။ မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။ Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Adventure • Comedy • Family • Fantasy • Music • TV Movie
6.5 2011 93 mins
The Mechanic
Heart of the Gun
6.3

ဂျက်ထရီဗာဆိုတဲ့ အမေရိကန်တပ်သားတစ်ယောက်က သူ့မိန်းမကိုရှာဖွေဖို့ တပ်ပြေးလုပ်ခဲ့ပါတယ်။ ဘယ်လောက် တောင်စိတ်နာလဲဆိုရင် တွေ့တာနဲ့သတ်ပစ်မယ်ဆိုပြီး ကြိမ်း ဝါးထားပါသေးတယ်။ ဒီလိုနဲ့ အချိန်တော်တော်ကြာအောင် ရှာဖွေပြီးတဲ့နောက်မှာ လူအုပ်စုလိုက်ကြီး အသတ်ခံရတဲ့စခန်း ဆီ ရောက်သွားပါတော့တယ်။ ဆာရာ.. မသေဘဲနဲ့ကျန်ခဲ့တဲ့မိန်းကလေး... မျက်နှာမှာတော့ ဓါးခြစ်ရာတွေကြောင့် ဒဏ်ရာရနေခဲ့တဲ့သူ။ ထရီဗာက ဆာရာ ကိုကယ်တင်ပေးခဲ့ပြီးတော့ နှစ်ယောက်အတူတူ အနောက်ပိုင်း ကို ခရီးဆက်ခဲ့ပါတယ်။ ဆာရာကလည်း သူ့နေရာသူပြန်မယ်၊ ထရီဗာကလည်း ရှာစရာရှိတာရှာမယ်ပေါ့။ မထင်မှတ်ဘဲ သူတို့နှစ်ယောက်ရဲ့ပန်းတိုင်ကိုမရောက်ခင် ပြဿနာ တွေက သူတို့ကိုအရင်လာရှာနေပါပြီ။ မသေဘဲကျန်ခဲ့တဲ့ ဆာရာ နောက်ကို အင်ဒီးယန်းတွေလိုက်လာပြီးတော့ ထရီဗာနောက်ကို လည်း တပ်ဘက်ကလိုက်လာခဲ့ပါတယ်။ ပြဿနာတွေတန်းစီနေပြီး တော့ ထရီဗာတစ်ယောက် ဆာရာကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူရှာနေတဲ့ သူအမျိုးသမီးနဲ့တွေ့နိုင်ပါ့မလားဆိုတာကိုတော့ ဒီ ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.2 GB) / (429 MB) / (285 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 34Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM

Drama
6.3 2021 95 mins
Heart of the Gun
O Jerusalem
6

O’ Jerusalem (2006) အို ဂျေရုစလင်..သင့်ကိုကျွန်ုပ်မေ့ခဲ့ပါမူ…ညာလက်တော်သည် တီးခတ်နိုင်စွမ်းပျောက်ဆုံးပါစေ…ကျွန်ုပ်ပျော်ရွှင်မှုကို ဂျေရုစလင်ထက် ဦးစားပေးခဲ့ပါမူ ကျွန်ုပ်လျှာသည်အာခေါင်ဖြင့်ကပ်၍ သီဆိုနိုင်စွမ်းတို့ အားလုံးပျောက်ကွယ်ပါစေ။ (:ဆာလံ-၁၃၇) အားလုံးပဲ လတ်တလော ပဋိပက္ခဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စကို အားလုံးစိတ်၀င်စားနေကြမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးက မနေ့တစ်နေ့ကမှ ထဖြစ်တာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စလာခဲ့ကြတာပါ။ အစ္စရေးနဲ့ အာရပ်နိုင်ငံများရဲ့ နာမည်ကျော် ၆ရက်စစ်ပွဲဆိုရင်လည်း မသိသူရှားပါလိမ့်မယ်။ ဒီကားလေးကတော့ “O Jerusalem” ဆိုတဲ့စာအုပ်ကို ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ဗြိတိသျှတွေရဲ့မလည်ရှုပ်ပုံတွေ၊ ဂျူးတွေနဲ့ အာရပ်တွေနဲ့ ကမ္ဘာမကြေတဲ့ရန်ပွဲစဖြစ်လာပုံတွေအပြင် အစ္စရေးနိုင်ငံဖြစ်တည်လာတဲ့အကြောင်းတွေ ဘာသာကြီးသုံးခုရဲ့အထွတ်အမြတ်ဖြစ်တဲ့ဂျေရုဆလင်မြေပေါ်က သွေးချောင်းစီးတိုက်ပွဲတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရောစပ်တင်ဆက်ထားပါတယ်။ “O Jerusalem” စာအုပ်ကို Dominique Lapierre နဲ့ Larry Collins ဆိုတဲ့ စာရေးဆရာ ၂ဦးက ၂နှစ်တာ အချိန်ယူ သုတေသနလုပ်ရေးသားခဲ့ပြီး အင်တာဗျူးထောင်ပေါင်းများစွာနဲ့ တခြားကိုးကားချက်များစွာကို လေ့လာရေးထားတာပါ။ လက်ရှိအစ္စရေးတိုင်းပြည် မွေးဖွားလာပုံအကြောင်းကို တင်ဆက်ပြသထားတဲ့ စာအုပ်လည်းဟုတ်ပါတယ်။ Dominique Lapierre ကိုတော့ မြန်မာစာဖတ်သူ တော်တော်များများ ရင်းနှီးကြမှာပါ။ မြသန်းတင့်ရဲ့ သုခမြို့တော်၊ မောင်ပေါ်ထွန်းရဲ့ သန်းခေါင်ယံလွတ်လပ်ရေးတို့ကိုရေးခဲ့တဲ့ မူရင်းစာရေးဆရာပါပဲ။ ဒီစာအုပ်ကိုလည်း အိုဂျေရုဆလမ်ဆိုပြီး ကျော်အောင်က မြန်မာဘာသာပြန်ဆိုရေးသားဖူးပါတယ်။ အကြောင်းအရာကတော့ “ဒုတိယကမ္ဘာစစ်အပြီး အရှေ့အလယ်ပိုင်း ပါလက်စတိုင်းဒေသတွင် အစ္စရေးနိုင်ငံတည်ထောင်ရန် ကြိုးပမ်းသူများနဲ့ ဟန့်တားသူ အာရပ်တို့၏ ခါးသည်းပြင်းထန်သော ပဋိပက္ခများ” လို့ ကျော်အောင်က ရေးထားဖူးတယ်။ ရုပ်ရှင်ကတော့ အဲဒီဂျူးနဲ့အာရပ်လူမျိုးတွေထဲက လူမျိုးကွဲ သူငယ်ချင်း၂ယောက်ရဲ့ ဇာတ်လမ်းပေါ့။ စာအုပ်မှာတော့ အာရပ်ရော ဂျူးရောရဲ့ နှစ်နိုင်ငံအခြေအနေတွေကို ဘက်မလိုက်ဘဲ တင်ပြသွားပေမဲ့ ရုပ်ရှင်ကတော့ ဝါဒဖြန့်ရုပ်ရှင်ဆန်သွားခဲ့တယ်လို့ ဆိုကြတယ်။ ကားက ကျန်တာအကုန်ကောင်းပေမဲ့ ဝါဒဖြန့်ဖို့လုပ်ရင်း မလှမပဖြစ်သွားတာလေးတော့ ရှိခဲ့တယ်။ နှစ်ဖက်စလုံးက အဆိုးအကောင်းတွေကို ဒီရုပ်ရှင်မှာ သေချာပြသွားပေမဲ့ ကြည့်ရှုသူကို တစ်ဖက်အပေါ် မသိမသာသနားစိတ်လေးဝင်သွားအောင် ရိုက်ပြသွားတယ်လို့ဆိုတယ်။ ဒါကိုကလည်း ဝါဒဖြန့်ချိရေးကားတွေရဲ့ အထာပဲတဲ့။ ဒီလိုဝတ္ထုထူကြီးတွေကို ရိုက်တဲ့ကားတွေထဲ အကောင်းထွက်လာတဲ့ ကားကတော်တော်ရှားတော့ ဒီလောက်ကိုပဲ တော်တော်လေး တော်လှပါပြီ။ အားလုံးကြည့်သင့်ကြည့်ထိုက်တဲ့ အရှေ့အလယ်ပိုင်းအကြောင်း ရုပ်ရှင်ပါပဲ။ ( ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။)

6 2006 100 mins
O Jerusalem
The Limits of Control

ဒီဇာတ်လမ်းကတော့ ကြည့်ရှူသူပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ ရှူထောင့်ကိုယ်စီပေါ်မူတည်ပြီး ဇာတ်အိမ်ကပြောင်းလဲသွားမှာပါ။ နက်နက်နဲနဲနဲ့တွေးတောရမယ့် ဇာတ်ကွက်တွေ ဇာတ်ညွှန်းတွေနဲ့ အကြောင်းအရာတစ်ခုချင်းစီကို ပုံဖော်ထားတဲ့ဇာတ်အိမ်မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေကို ဒီဇာတ်လမ်းကိုကြည့်ရှူဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… သွေးအေးအေးနဲ့ မျက်နှာထားတည်တဲ့သူတစ်ယောက်က အမည်မရှိတဲ့သူလို့ သူ့ကိုခေါ်ပါလို့ ပြောတဲ့သူတစ်ယောက်ကို “တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် သာလွန်နေတဲ့လို့ထင်နေတဲ့ သူတွေက သင်္ချိုင်းကုန်းကို သွားသင့်တာအဲဒီလိုမှ သူတို့ကဘဝရဲ့အဓိပ္ပာယ်အစစ်ကို သိနိုင်မှာ” စတဲ့နက်နဲတဲ့စကားတွေပြောနေပါတယ်။ အမည်မရှိတဲ့သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ခရီးကိုစထွက်လာတာပေါ့ ဒီလိုနဲ့ခရီးလမ်းတစ်လျှောက်မှာ သူတွေ့ကြုံရတဲ့လူတွေကနေတစ်ဆင့် ဇာတ်လမ်းအမျိုးမျိုးကို နက်နက်နဲနဲရိုက်ကူးပြရင်း ဇာတ်သိမ်းမှာတော့ ဇာတ်ကွက်တစ်ခုလုံးကို အပြောင်းအလဲဖြစ်အောင် ခေါ်ဆောင်သွားပါတော့တယ်။ အားလုံးပဲကြည့်ရှူခံစားပေးကြပါဦး။ File size…(939 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre…Crime, Drama, Thriller, Mystery, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2009
The Limits of Control
Avenues
6

Avenues (2017) ============= IMDb Rating – 6.0/10 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာ‌တွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.29 GB) / (529 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Theo Katt Encoder……….SWM

Action
6 2017
Avenues
Slow
7.4

Slow (2023) မှတ်မိသလောက်ဆို တစ်ခါသား ပလေတိုက သူ့ဆရာသမားဆော့ခရိတ္တိကို “အချစ်ဆိုတာ ဘာလဲ ဆရာ”လို့ လာမေးတယ်။ ဆော့ခရိတ္တိက ပလေတိုကို တောထဲသွားပြီး မင်းအလှဆုံး ထင်တဲ့ ပန်းတစ်ပွင့်ခူးခဲ့ဆိုပြီး မှာလိုက်တယ်။ ပလေတိုက တောထဲသွားပြီး သူ့အလှဆုံးထင်တဲ့ ပန်းတစ်ပွင့်ကို သွားခူးလာတယ်။ ပြန်လာတော့ ပန်းက လမ်းမှာကြာတာကြောင့်ရော သူ့ဘာသာကိုက အပင်ကခူးပြီးရင် မခံတာကြောင့်ရော ညှိုးသွားတယ်။ ဒီတော့ ဆော့ခရိတ္တိက ပလေတိုကို နောက်တစ်ခေါက်ထပ်သွားခိုင်းတယ်။ ဒီတစ်ခါကျ ပလေတိုက တော်တော်နဲ့ပြန်ပေါ်မလာဘူး။ လနဲ့ချီလာတော့ ဆော့ခရိတ္တိက တောထဲလိုက်လာတယ်။ တောတွင်းတစ်နေရာမှာ ပလေတိုက တဲထိုးပြီးနေနေတာတွေ့ရတယ်။ သူ့အလှဆုံးလို့ထင်တဲ့ ပန်းပွင့်ရှိတဲ့အပင်နားမှာ တဲထိုးနေနေတာပေါ့။ အဲဒီမှာ ဆော့ခရိတ္တိက ပလေတိုကို အချစ်ဆိုတာ ဘာလဲ မင်းသိပြီကိုးလို့ ပြောသတဲ့။ “ပလေးတိုးနစ်အချစ်” ဆိုတာ ပိုင်ဆိုင်ရ ပေါင်းဆုံရမှမဟုတ်ဘဲ အချစ်ကိုအချစ်အတိုင်း ချစ်နေတဲ့အချစ်လို့ တာရာမင်းဝေ က သင်နဲ့နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ထဲ ရေးဖူးတယ်။ သူ့ဖွင့်ဆိုချက်ကတော့ ပလေတိုးနစ်အချစ်ဆိုတာ လိင်ဆန္ဒတွေ ရိုမန့်တစ်တွေ မရှိနေတဲ့အချစ်မျိုး ဒါမှမဟုတ် အဲဒီအရာတွေကို ဖိနှိပ်ထားပြီးနေတဲ့အချစ် သန့်စင်အောင်နေတဲ့ အချစ်မျိုးပေါ့။ ဒါပေမဲ့ ဒီတိုင်း ခင်မင်မှုထက်တော့ ပိုတယ်တဲ့။ ပုံမှန်ဆိုရင်တော့ တစ်ဖက်သတ်အချစ်မှာ ဒါမျိုးခပ်ဆင်ဆင်မြင်ရမလားပဲ။ ဒီကားမှာတော့ တစ်မျိုးတစ်ဘာသာဆန်းစွာနဲ့ ပြထားတယ်။ ဒီရုပ်ရှင်က ပလေတိုးနစ်အချစ်ကနေ ရိုမန့်တစ်အချစ်ကို ကူးပြောင်းသွားတဲ့ အတွဲတစ်တွဲကြောင်း ရိုက်ပြထားတဲ့ဇာတ်ပဲ။ ပလေတိုးနစ်အချစ်ဖြစ်သွားရတဲ့အကြောင်းက ဒီရုပ်ရှင်က ကောင်လေးက ဘယ်လိင်ကိုမှ လိင်စိတ်တိမ်းညွတ်မှုမရှိနေလို့ပဲ။ သူ့အမြင်ကတော့ ဆက်ဆံရေးတစ်ခုမှာ အတွဲတစ်တွဲမှာ ဘယ်လိုဘယ်ပုံ ဘယ်လိုဘယ်ဝါချစ်ရမယ်ဆိုတဲ့ ပုံသေနည်းတွေမရှိဘူးလို့ဆိုတယ်။ ဒီတော့ သူ့ကောင်မလေးက တခြားကောင်တွေနဲ့အိပ်ပြီး သူနဲ့တွဲနေလည်း အဆင်ပြေတယ်ပေါ့။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်း အပြည့်အဝနားလည်ကြတယ်။ ဒီလိုနဲ့ ဒီအချစ်ကနေ ရွေ့လျောလာတဲ့အခါ သူတို့ဆက်ဆံရေးကြား ဖြစ်လာတဲ့ ပြဿနာကို အဖြေမရှာဘဲ ရှောင်ပြေးဖို့ကြိုးစားတယ်။ ဒီလိုရှောင်ပြေးဖို့ ကြိုးစားပေမဲ့လည်း အဖြေကိုရှာဖို့ အချိန်က သူ့ဘာသာဆိုက်ရောက်လာတဲ့အခါ ဘယ်လိုအဖြေမျိုး သူတို့တွေ့ရှိသွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲကွဲပြားနေပါစေ။ တကယ်တမ်းအခြေခံအကျဆုံးအချက်တွေပြန်ကြည့်ရင် အကုန်အတူတူတွေပါပဲ။ ကိုယ်ကိုယ့်ကိုယ်သေချာနားလည်ရင် သူများကို နားလည်ပြီလို့ဆိုသလိုပေါ့။ ကိုယ့်ကိုယ်ကိုယ်နားလည်ရင် အားလုံးကို နားလည်ပြီဆိုတဲ့ စကားလည်းရှိနေတယ်။ ဘယ်လိုအခြေအနေပဲက ဘယ်လိုလူတွေပဲဖြစ်ဖြစ် များသောအားဖြင့်တော့ လူတွေဟာ လူတွေပဲမို့။ အဖြေတွေက အမြဲတမ်းအတူတူတွေပါပဲ။ ဒီရုပ်ရှင်က ဆက်ဆံရေးဟာ ကျွန်တော်တို့ ဆက်ဆံရေးတွေကို တစ်စိတ်တစ်ဒေသဖြစ်စေ ထင်ဟပ်နေမယ့် ရုပ်ရှင်ပါပဲ။ အချစ်ဆိုတဲ့အရာကလည်း တငွေ့ငွေ့ချင်း ကျွမ်းအောင်လောင်တတ်တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.4 2023
Slow
The Legend of Xie Yaohuan: The Western Paradise
5.8

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နန်းတွင်းစုံထောက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Legend of the West ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ တိုင်းပြည်ကိုအုပ်စိုးမယ့် ဘုရင်မအသစ်ကိုကြိုဆိုဖို့အတွက် ဆုတောင်းပြည့်နန်းဆောင်ကို လက်သမား (၁၀၈) နဲ့ဆောက်လုပ်နေစဉ်မှာပဲ တနေ့မိုးသည်းတဲ့ညမှာ လက်သမား (၁၀၈)ယောက်လုံး အလောင်းရှာမတွေ့ပဲ ပျောက်သွားခဲ့တယ်။ ဒီဖြစ်ရပ်ကိုသတ္တိရှိရဲရင့်ပြီး အသိပညာဗဟုသုတကြွယ်ဝတဲ့ ရှဲ့ယောင်ဟွိုင် စုံစမ်းရေးမှူးမလေးက စုံစမ်းဖို့ဖြစ်လာခဲ့တယ်။ ရှဲ့ယောင်ဟွိုင်ကတော့တချိန်က နန်းတော်မှာနန်းတော်အစေခံအဖြစ်ခစားခဲ့ပြီး လက်ရှိတိုင်းပြည်အုပ်ချုပ်နေတဲ့ဘုရင်မက သူ့စွမ်းဆောင်ရည်ကြောင့် စုံစမ်းရေးဌာနကိုပို့ခဲ့တယ်။ ဒါတင်မကသေးပဲဝူဝေးလူကြီးမင်း အသက်ရှင်စဉ်က စာလုံးမဲ့ကောင်းကင်စာပေကိုပေးခဲ့လိုက်သေးတယ်။ အဲ့စာပေထဲမှာ ပါတဲ့အကြောင်းရာတွေက ဆုတောင်းပြည့်နန်းဆောင်အမှုနဲ့ ပတ်သက်မှုရှိနေတယ်လို့ ယုံကြည်နေတယ်ရှဲ့ယောင်ဟွိုင်တစ်ယောက်။ ဒါပေမဲ့လဲ အဲ့စာပေထဲမှာပါတဲ့အကြောင်းရာတွေကို ဖတ်လို့မရလို့အဖြေရှာနေတဲ့သူမ။ တဆင့်ပြီးတဆင့် စုံစမ်းရင်းသဲလွန်စတွေတွေ့ရှိလာခဲ့ချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီနောက်ကွယ်မှာပါဝင်ပတ်သက်နေသူတွေက ဘယ်သူများဖြစ်မလဲ။ ကောင်းကင်စာပေဆိုတာကဘာလဲ။ အထဲမှာဘာအကြောင်းရာဘာများဖြစ်နေကြမလဲ စတဲ့ မေးခွန်းတွေကို ဒီဇာတ်ကားလေးထဲကနေဖော်ပြသွားမှာဖြစ်တဲ့အတွက် ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်

5.8 2024
The Legend of Xie Yaohuan: The Western Paradise
A Chinese Ghost Story 3
6.7

Chinese Ghost Story Trilogy အတွက် နောက်ဆုံးကားဖြစ်ပါတယ် သုံးကားလုံးကို ဒီလင့်မှာရှာနိုင်ပါတယ် A Chinese Ghost Story 1 မှာတုန်းက အထိနာခဲ့တဲ့ နှစ်တစ်ထောင်သစ်ပင်မိစ္ဆာကြီး ပြန်အားပြည့်လာပြီးတော့ လန်လော့ဘုရားကျောင်းမှာ အရင်လိုပဲ တစ္ဆေမလေးတွေကိုအသုံးချပြီး ထကြွသောင်းကျန်းနေပါပြီ။ အဲဒီအချိန်မှာ ရွှေဆင်းတုတော်ကိုသယ်လာတဲ့ ဘုန်းတော်ကြီးတို့ဆရာတပည့်နှစ်ယောက်က လူတွေရဲ့ရန်ကနေရှောင်ဖို့အတွက်တစ္ဆေခြောက်တာ အရမ်းကြမ်းတယ်လို့နာမည်ကြီးတဲ့ လန်လော့ဘုရားကျောင်းမှာ တည်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ တစ္ဆေမလေးနဲ့ ကိုရင်လေးရဲ့အချစ်ဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ ဘဝခြားတဲ့သူတို့ရဲ့အချစ်မှာ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ပြီးတော့ ရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေးတွေစွက်ပြီးတော့ ကြည့်ရမှာဖြစ်ပါတယ်။ A Chinese Ghost Story 1 က တစ္ဆေမလေးနဲ့ မင်းသမီးအတူတူပဲဆိုပေမယ့် ဇာတ်ရုပ်ချင်းမတူပါဘူး။ ကိုရင်လေးနေရာမှာတော့ Tony Leung သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Action • War • Thriller
6.7 1991
A Chinese Ghost Story 3
Annayum Rasoolum
7.5

Annayum Rasoolum 2013 (ဘာသာမတူတဲ့ ချစ်ခရီးလမ်း) IMDb – 7.5/10 ကိုချီဆိုတဲ့ ဆိပ်ကမ်းမြို့လေးမှာ ကားမောင်းသမားအလုပ်ကို လုပ်ကိုင်နေတဲ့ ရာဆိုးလ်ဆိုတဲ့ မူစလင်ကောင်လေး၊ အစ်ကိုဖြစ်သူ ဟိုက်ဒါနဲ့အတူတူနေထိုင်ပြီးတော့ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနေသူပေါ့။ တစ်ရက်မှာတော့ သူငယ်ချင်းတွေ အရက်စုသောက်ကြရင်းနဲ့ အရက်လေးဝင်လာတဲ့ ထုံးစံအတိုင်းပဲ ပြဿနာလိုက်ရှာရာကနေ ရန်ဖြစ်ကြပါတော့တယ်။ ဒီလိုနဲ့ ထွက်ပြေးလာခဲ့ကြပြီး မနက်ရောက်တဲ့အခါမှာတော့ ညက ရန်ပွဲကြောင့်နဲ့ သူငယ်ချင်းဖြစ်သူကို စိတ်မချတဲ့အတွက် လိုက်ပြီးတော့ ပို့ပေးဖို့ လှေဆိပ်ကို ဆင်းလာရင်းနဲ့ပဲ အန်နာဆိုတဲ့ကောင်မလေးနဲ့ တွေ့ခဲ့ပါတယ်။ တွေ့ကြပြီးတဲ့နောက်ပိုင်းမှာ မူစလင်ကောင်လေးဖြစ်တဲ့ ရာဆိုးလ်ဟာ ခရစ်ယာန်သူလေး အန်နာ့ကို ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ ဘာသာမတူတဲ့ အချစ်ဇာတ်လမ်းလေးမှာ မိဘတွေရဲ့ သဘောမတူညီမှုတွေ, ဘာသာကွာခြားချက်တွေ စတဲ့ အခက်အခဲတွေကြောင့်နဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကိုရောက်လာပါတော့တယ်။ မူစလင်သားလေးနဲ့ ခရစ်ယာန်သူလေးတို့ရဲ့ အချစ်ခရီးလမ်းကို ဘယ်လိုတွေ ဆက်လက်လျှောက်လှမ်းသွားမလဲ …… ဘာသာမတူတဲ့အပေါ်မှာ သူတို့ဘဝလေး အဆင်ပြေသွားအောင် ဘယ်လို အခက်အခဲတွေဖြတ်ကျော်ရမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)

Family • Drama • Comedy
7.5 2013 167 mins
Annayum Rasoolum
Vaayai Moodi Pesavum
6.7

Vaayai Moodi Pesavum (2014) “စကားမပြောရ” IMDb 6.7/10 မင်းသား Dulquer Salmaan ရဲ့ အမှန်တကယ်ရယ်ရတဲ့ ရုပ်ရှင်အဟောင်းလေးကို တင်ဆက်လိုက်ရပါတယ် စကားပြောတာကိုဘယ်သူစပြီးတီထွင်ခဲ့တာလဲ ဘာအကြောင်းပြချက်နဲ့တီထွင်ခဲ့တာလဲ စကားပြောတယ်ဆိုတာ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်နားလည်‌နိုင်အောင် ကြားထဲကဖွင့်ဟပေးတဲ့တံခါးတစ်ချက်လို့ပဲဆိုရပါမယ် ကျွန်တော်တို့စကားတွေအမျိုးမျိုးပြောကြတယ် တစ်ချို့ကအားနေလို့ပြောတယ် တစ်ချို့ကအချိန်အခါမသိပြောတယ် တစ်ချို့ကချိုချိုသာသာပြောတယ် တစ်ချို့ကကြမ်းကြမ်းတမ်းတမ်းပြောတယ် တစ်ချို့ကမလိုအပ်တာတွေပြောတယ် အမျိုးမျိုးသောနည်းလမ်းတွေနဲ့စကားကိုပြောကြတယ် ဒါပေမဲ့စကားသာ မပြောနိုင်ကြတော့ရင်ဘယ်လိုဖြစ်သွားမလဲ တစ်ရက်မှာ ပန်နီမယ်လိုင်တောင်ကြားစခန်းအကြား ဆွံ့အတုပ်ကွေးဟာ မြို့သားတွေကြားစတင်ပျံ့နှံ့ကူးစက်လာပါတော့တယ် ဆွံ့အတုပ်ကွေးကစကားပြောရင်းနဲ့မှကူးနိုင်တာမို့ ကျမ်းမာရေးဝန်ကြီးဌာနကအကုန်လုံးကို စကားမပြောရအမိန့်ထုတ်ပြန်လိုက်ပါတော့တယ် အဲဒီမှာတင်တစ်မြို့လုံးအကြပ်ရိုက်ကုန်ကြပြီး စကားပြောရတာအလွန်ကြိုက်တဲ့ အာရ်ဗင်တစ်ယောက်လည်းဒုက္ခရောက်ရပါတော့တယ် မြို့သူမြို့သားတွေစကားမပြောနိုင်တဲ့တုပ်ကွေးအကြားဘယ်လို ဘယ်လိုတွေနှစ်ပါးသွားကြမယ်ဆိုတာကြည့်ရင်းရယ်နေရမဲ့ဟာသကားလေးပါ (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

Crime • Mystery
6.7 2014 140 mins
Vaayai Moodi Pesavum
The Nature of Love
6.9

2023မှာထွက်ထားတဲ့ The nature of Love ဆိုတဲ့ဇာတ်ကားလေး ကတော့ အချစ်ကြမ်းတဲ့ ပြင်သစ် ကနေဒါ ကားလေးဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကိုမသိစိတ်ကငြီးငွေ့နေတဲ့ ဆိုဖီယာဆိုတဲ့ အမျိုးသမီးတစ်ဦးက တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက် ဝယ်ထားတဲ့ ကျေးလက်ဒေသက အပန်းဖြေအိမ်လေးကိုစစ်ဆေးဖို့ သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အိမ်ဆောက်လုပ်ပြုပြင်ရေးသမား ဆာဗိန်းနဲ့တွေ့တဲ့အခါ သူမသိစိတ်ကပွင့်ထွက်သွားပြီး မလုပ်သင့် တာတွေကိုလုပ်မိပါတော့တယ်။ နောက်ပိုင်းမှာတော့ မလုပ်သင့်တာတွေခိုးမလုပ်ပဲပေါ်တင်လုပ်လာ ပါတော့တယ်။ အိမ်ထောင်ရေးတစ်ခုမှာဖောက်ပြန်တာကအမှားတစ်ခုလား ဒါမှမဟုတ် အချိန်တွေမပေးနိုင် စိတ်ပိုင်းဆိုင်ရာမထောက်ပံ့ပေးနိုင် တာဝန်တွေမကျေနိုင်တဲ့ သူရဲ့အပြစ်လားဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အတွေးအခေါ်ပညာရှင်တွေရဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံ အမျိုးမျိုးကို လေ့လာနိုင်မှာဖြစ်ပြီးတော့ ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်း မတူတဲ့ လူနှစ်ယောက်ဟာချစ်မိသွားတဲ့အခါ အချစ်ရေးကအဆုံးထိ မြဲမလား ဘယ်လိုနာကျင်မှုတွေခံစားရမလဲဆိုတာကိုခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ File size… (1.89GB) / (975MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Drama • Romance
6.9 2023 110 mins
The Nature of Love
The Brutalist
7.9

The Brutalist (2024) IMDb Rating (7.9) / Rotten Tomatoes (94%) အော်စကာ စကာတင် ၁၀ ဆု ဝင်ထားတဲ့ ၂၀၂၄ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခု လာပါပြီ။ မင်းသားကတော့ The pianist နဲ့ လူသိများကြတဲ့ Adrien Brody ပါပဲ။ ဇာတ်လမ်းနာမည်ကတော့ Brutal – ရက်စက်သောဆိုတဲ့ စာလုံးကနေလာတာပါ။ ဒါပေမဲ့ လူ့လုပ်ရပ်နဲ့ဆိုင်တာမဟုတ်ဘဲ Brutalism ဆိုတဲ့ ဗိသုကာသဘောတရားကနေလာတာပါ။ အဆောက်အဦဒီဇိုင်းကို ခပ်ကြမ်းကြမ်းပုံဖော်တာပေါ့။ အလှအပတွေ အကွေ့အကောက်တွေထက် သင်္ချာကျကျ လေးထောင့်ကျကျ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း ဆောက်လိုက်တဲ့စတိုင်မျိုးပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒုတိယကမ္ဘာစစ် ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ဂျူးဗိသုကာပညာရှင်ဟာ အမေရိကန်အိပ်မက်နောက်ကိုလိုက်ရင်း ၁၉၅၀ ကာလ ရှုပ်ထွေးတဲ့လူမျိုးရေးနိုင်ငံရေးတွေကြားမှာ သမိုင်းတွင်တဲ့လက်ရာတစ်ခုကို တည်ဆောက်ခဲ့ပုံကို အခြေခံထားတာပါ။ ဖြစ်ရပ်မှန်မဟုတ်ဘဲ သမိုင်းနောက်ခံ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လက်စလိုတော့သ်ဟာ ဂျူးဗိသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး ချွေးတပ်စခန်းကနေ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ကို ရောက်လာခဲ့တဲ့လူပါ။ ရောက်ရောက်ချင်း ပရိဘောဂဆိုင်လေးတစ်ခုမှာ အလုပ်လုပ်နေပေမဲ့ မကြာခင်မှာပဲ သူ့လက်ရာဟာ နိုင်ငံတော်အဆင့်ဆိုတာ သဘောပေါက်သွားတဲ့ မီလီယံနာကြီးတစ်ယောက်က ဧရာမစီမံကိန်းကြီးတစ်ခုကိုပေးလာပါတယ်။ အဲဒီအချိန်မှာလက်စ်လိုရဲ့ ဇနီးနဲ့ တူမက အမေရိကန်ကိုတောင် ရောက်မလာနိုင်သေးဘဲ နယ်စပ်မှာ ဒုက္ခရောက်နေခဲ့တာပါ။ ဒီလိုအခက်အခဲတွေ လူမျိုးရေးနိုင်ငံရေးပြဿနာတွေကြားထဲမှာမှ လက်စလိုဟာ သမိုင်းကိုကိုယ်စားပြုတဲ့၊ သူခံစားခဲ့ရတဲ့ချွေးတပ်စခန်းက ဒုက္ခတွေကို ကိုယ်စားပြုတဲ့၊ သူ့ဇနီးနဲ့သူကွဲကွာရတာတွေကို ကိုယ်စားပြုတဲ့ အဆောက်အဦကြီးတစ်ခုကို နိမိတ်သင်္ကေတပေါင်းများစွာနဲ့ မရရအောင် တည်ဆောက်ပါတော့တယ်။ မြန်မာဆန်ဆန်ပြောရရင်တော့ မနူဟာဘုရားလို အကျဉ်းချခံရတဲ့ ခံစားချက်ကို ကိုယ်စားပြုတဲ့ ဗိသုကာလက်ရာမျိုးပါပဲ။ ဒီဇာတ်လမ်းကိုမှ အစ္စရေး ဂျေရုဆလင်သမိုင်းတွေ၊ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံရေးလူမျိုးရေးအမြင်တွေနဲ့ ရောမွှေပြသထားတဲ့ရုပ်ရှင်ဖြစ်လို့၊ ဇာတ်လမ်း သရုပ်ဆောင် ရိုက်ကွက်တွေအားလုံးကလည်း ကောင်းမွန်နေလို့ ဆုပေါင်း ရာနဲ့ချီရပြီး ၂၀၂၅ အော်စကာဆုပေးပွဲမှာ ထိပ်ဆုံးကနေ ဆန်ကာတင်အများဆုံးရုပ်ရှင်၊ အကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်အဖြစ် ပါဝင်နေတာပါပဲ။ သမိုင်း ဒရာမာ အေးအေးဆေးဆေးခံစားချင်တဲ့သူတွေရှိရင် အကြိုက်တွေ့မှာပါ။ မူးယစ်ဆေးဝါးနဲ့ အိပ်ရာအခန်းတွေပါလို့ ကလေးတွေ မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (13.8 GB) / (4.3 GB) / (1.9 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….03:30:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

TV Movie • Comedy • Romance
7.9 2024
The Brutalist
Ellipsis Puntos suspensivos
6.1

Ellipsis (2024) IMDb Rating (6.1) လူသုံးယောက်ကို အဓိကထား နောက်အရန်လူတစ်ယောက်ပဲ ထပ်သုံးပြီး လူလေးယောက်နဲ့ပဲ ဒီဇာတ်ကို ရိုက်ထားတယ်။ ဒါပေမဲ့ ဒီဇာတ်ကို အစကနေ အဆုံးထိ အချိုးအကွေ့တွေ ပြောင်းသွား ပြောင်းသွားရင်း စိတ်ဝင်စားဖို့ကောင်းလာတဲ့ ဇာတ်ဖြစ်အောင် တည်ဆောက်ထားတယ်။ စစချင်းမှာ နာမည်မဖော်ဘဲ ဇာတ်မြုပ်နေတဲ့ နာမည်ကြီး စာရေးဆရာတစ်ယောက်အိမ်ကို ဖုန်းတစ်ကောဝင်လာတယ်။ အဲဒီလူက စာရေးဆရာဘယ်သူမှန်း သူသိနေကြောင်း စကားခဏပေးပြောရင် မဖော်ကြောင်းပြောလာတယ်။ ဒီတော့ မတတ်သာတဲ့အဆုံး စာရေးဆရာက အဲဒီလူကို အိမ်ထဲဝင်ခွင့်ပေးလိုက်တယ်။ ဒီအထိကို သူတို့၂ယောက်ကိုမသိသလိုလိုပဲ ပရိသတ်ကိုပြတယ်။ ပြီးကျမှ အဲဒီလူက သူနဲ့အတူတူ ကလောင်နာမည်တစ်ခုတည်းအောက်အတူတူရေးနေတဲ့လူတွေ သူတို့ဝတ္တုထဲက ဇာတ်ကောင်တွေနေရာက အစမ်းသရုပ်ဆောင်နေတာဆိုပြီး ပြောင်းချပစ်တယ်။ အဲဒီလိုပြောင်းသွားပြောင်းသွားတာက ပြီးတဲ့ထိလို့ပြောရမယ်။ နောက် ဒီဇာတ်လမ်းကို Non linear အနေနဲ့ပြထားပြီး မျက်စိမလည်ရအောင်တော့ အခန်းတစ် အခန်းနှစ်ဆိုပြီး ထထခွဲပေးထားတယ်။ စာရေးဆရာ၂ယောက်ရဲ့ ဒီဇာတ်မှာ သူတို့ရေးနေတဲ့ဇာတ်လမ်းက သူတို့ဇာတ်လမ်းဖြစ်လာပြီး သူတို့ကလည်း သူတို့ဇာတ်လမ်းဖြစ်လာတာကို မြင်ရလိမ့်မယ်။ နာမည်ကြီးမင်းသားကောင်းကောင်းတွေနဲ့ ရိုက်ရင် နာမည်ကြီးမယ့်ဇာတ်လမ်းပါပဲ။ အခုလည်း ဇာတ်လမ်းကောင်းဖြစ်နေတုန်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.3 GB) / (610 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:30:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Action • Drama
6.1 2024 90 mins
Ellipsis Puntos suspensivos