YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) The Blessing Bracelet (2023) 720p.mp4

771.54 MB N/A video/mp4 161 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shape of Tulip
5

ဂျပန်သူလေး ဆာရီတာ ယူရီကိုက လွန်ခဲ့တဲ့ သုံးနှစ်က တိုကျိုကို ခရီးထွက်လာတဲ့ ကိုရီယားသားလေးနဲ့ ၁၅ မိနစ်လောက် စကားပြောမိရာကနေ အမှတ်မထင် ချစ်မိသွားခဲ့တယ် ...ဒါပေမဲ့ ရုပ်ရည်ကိုတော့ အတိအကျ မမှတ်မိတော့သလို နာမည်ကိုလည်း မမေးထားမိဘူး ... ကုံးဂျူဆိုတဲ့ မြို့လေးက လာတယ်ဆိုတာကိုပဲ သိခဲ့ရတယ်...ဒါပေမဲ့လည်း ပြန်တွေ့ရမယ်လို့ ယုံကြည်ပြီး ကိုရီးယားဘာသာစကားကို ၃နှစ်တိုင်တိုင် သင်ယူပြီးတော့ အဲဒီအမျိုးသားကို ရှာဖို့ ကိုရီးယားကို ထွက်လာခဲ့တယ် .... အဲဒီနောက်မှာ သူတို့နှစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှူအားပေးလိုက်ကြပါဦးနော်.... File Size :(1.98GB) &(719MB) Quality : ‌WEB-DL 1080P,720P Format…mp4 Duration…01:46:00 Genre :Drama ,  Romance Subtitle : Myanmar Subtitle (Hard Sub) Translated  Miri Encoded by Phyo Pyae

Thriller
5 2023 122 mins
Shape of Tulip
Paws of Fury: The Legend of Hank
6.8

ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။ အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ဒါပေမဲ့ ကြောင်တွေနဲ့ ခွေးဆာမူရိုင်းတို့ အတွဲညီပြီး သူ့ရဲ့နင်ဂျာတွေကိုပါ ပြန်တိုက်ခိုက်ကြတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr. Anderson ပါ။) File Size          : 1.5GB, 666MB, 342MB Quality            : 1080p WEB-DL AC3 5.1CH, 7200p WEB-DL, 480p Format            : mp4 Duration         : 1hr & 38mins Genre              : Animation, Action, Comedy Translated by Mr. Anderson Encoded by Kinnov

Science Fiction • Thriller
6.8 2022 94 mins
Paws of Fury: The Legend of Hank

Love You Ram ( 2023 ) ===================== IMDb 8.4/10 ‌ဒေဗီယာဆိုတဲ့ ကောင်မလေးဟာ မိသားစုအဆင်မပြေမှုတွေကြောင့် လူတောမတိုးရဲသူပါ။ ဒါပေမဲ့ တစ်နေ့မှာ သူဟာ ရမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့် သတ္တိတွေရှိသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာတဲ့အပြင် ရမ့်ကိုလည်း တိတ်တခိုးချစ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်တွေရောက်လာပြီး ပြန်ဆုံတွေ့ကြတဲ့အခါ ဒေဗီယာဟာ ရမ်ရဲ့စကားအတိုင်း တစ်သက်လုံးနေခဲ့ပေမဲ့ ရမ်ကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်တဲ့ ကြောင်သူတော် စီးပွားရေးသမား တစ်ယောက်ဖြစ်နေတဲ့အခါမှာတော့...။ ပရိသတ်တွေ အချိန်ပေးရတာ တန်စေမဲ့ ၂ ရာရီစာ တေလေဂူးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Cherry, Moon, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.9GB/ 924MB Quality…1080p WEB DL /720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Cherry~  Moon~ V ~ Zwe Yan

Adventure • Drama • Romance
0 2023
Love You Ram
Beyond the Edge
5.5

မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီး လိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမား အနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ် ကြီးကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ အားလုံးအဆင်ပြေ ချောမွေ့နေပြီး နောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေ အားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကို သိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကို တစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့ မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကို စုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့် ဆိုတာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခု ဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.76GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Horror • Fantasy
5.5 2018
Beyond the Edge
Evie

Evie (2023) Psychological နဲ့ Demonic Creature နှစ်ခုပေါင်းစပ်ထည့်သွင်းထားတဲ့ Horror အမျိုးအစားဖြစ်ပါတယ်။ ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။ ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။ အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။ အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။ အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။ မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။ သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။ နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား… သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ပြန်ဆက်သွယ်ခဲ့တာလဲ… အီဗီတို့မိသားစုရဲ့ကံကြမ္မာက လည်ဆွဲနဲ့ သက်ဆိုင်နေလား… ဆိုတာ အတွေးပွားရင်း ကြည့်ရှုခံစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 23Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023 83 mins
Evie
[18+] Backrider
5

ဖိတ်သ်က အနှိပ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်‌ပြီး ငွေပိုရရင် ခန္ဓာကိုယ်ကိုယ်ပါ ပေးလေ့ရှိပါတယ်။ သူဒီလိုကြိုးကြိုးစားစားငွေရှာနေတာ တစ်ချိန်မှာ သူ့ချစ်သူနဲ့အတူနိုင်ငံခြားကိုထွက်သွားဖို့ပဲဖြစ်ပြီး သူ့ချစ်သူကို အွန်လိုင်းလုပ်ငန်းတစ်ခုမှာ ရင်းနှီးဖို့အတွက်ရသမျှငွေကို အပ်ပါတယ်။ သူက ငွေကိုနည်းပေါင်းစုံနဲ့ရှာနေပေမယ့် သူ့ချစ်သူဖြစ်တဲ့ ရေမွန်ကတော့ ငွေရှာတယ်ပြောပြီး အမြဲတမ်းဂိမ်းဆော့ ဘိလိယက်ထိုး အရက်သောက် အမြဲတမ်းအပျော်ရှာနေတဲ့သူပါ။ သူ့ချစ်သူကိုတစ်စစ စိတ်ကုန်လာရင်း ဖောက်သည်အသစ်လူချောတစ်ယောက်ကို ရင်ဖွင့်မိရင်း တစ်ဖြည်းဖြည်းချင်းရင်းနှီးလာပြီး သူတို့နှစ်ယောက်ဟာ ဘ၀တူတွေဆိုတာသိလိုက်ရပါတော့တယ်။ ကားရိုက်ကြဲသလို မတွေ့ရတာလည်း နည်းနည်းကြာသွားတဲ့ မမ Jenn Rosa ဦးဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:10:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌alias

5 2024 63 mins
[18+] Backrider
The Edge of Love
6.1

Peaky Blinders မင်းသားကြီး Cillian Murphy နဲ့ Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင် ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDb Rating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့ အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာ နဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက် ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ် ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင် မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက် ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လို စလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာ ယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာ ငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူ ကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။ သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့ အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့် ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။ နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကို လိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်က မလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေး အယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။ အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ဝီလီယမ်ဆိုတဲ့ တပ်ကြပ်ကြီးပဲဖြစ်ပါတယ်။ဗယ်ရာ့စိတ်ထဲမှာ ဒေလန်တစ်ယောက်တည်း ရှိပေမဲ့နောက်ဆုံးမှာတော့ ဝီလီယမ်ရဲ့အချစ်တွေကိုမတားဆီးနိုင်တော့ပဲ ချစ်ကျွမ်းဝင်သွားကြတဲ့အခါမှာ သူတို့ ၄ ယောက်သားရဲ့ကြားထဲမှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ဒရာမာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…2.15GB / 1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Drama , Romance , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Romance • Family
6.1 2008 110 mins
The Edge of Love
The Dirty Picture
6.6

The Dirty Picture (2011) Genre- Biography, Comedy, Drama, Romance ဒီရုပ်ရှင်လေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ အိန္ဒိယမင်းသမီးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ဇာတ်လမ်းပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်ကာလ Tamil နဲ့ Telugu ရုပ်ရှင်ရုံတွေမှာ ပုရိသတွေကို ညို့ငင်အားကောင်းကောင်းနဲ့ ရမ္မက်သွေးဆူလွယ်အောင် ဖျော်ဖြေနိုင်စွမ်းရှိလို့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Silk Smitha ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ ၁၉၉၆ ခုနှစ်မှာ ၃၅ နှစ်အရွယ်နဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာပါ ရဲတွေကတော့ အရက်သေစာသောက်စားထားလို့ ဖြစ်တယ်ဆိုပြီး ပြောကြပေမဲ့ အလောင်းကနေရှာတွေ့ထားတဲ့ မှတ်စုကိုလည်း အဓိပ္ပာယ်မဖော်နိုင်သေးပဲ ယခုထက်ထိတိုင် ဆန်းကြယ်တဲ့ ပဟေဠိတစ်ပုဒ်အနေနဲ့ ကျန်ရှိနေပါတော့တယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Reshma ဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်ကတည်းက မြို့ကြီးပြကြီးကို သွားရောက်ချင်နေတဲ့ ကျေးတောသူလေးတစ်ယောက်ပေါ့။ မိခင်ဖြစ်သူက ယောက်ျားလေးဆန်ဆန် ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း ဆန့်ကျင်ဖက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူတစ်ယောက်ပါ။ ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါသူမို့ လူရွေးပွဲ ခဏခဏ သွားဖြေပေမဲ့လည်း နေရာမရပဲ ဒါရိုက်တာတစ်ယောက်ဆို ဆွဲဆောင်မှုမရှိလွန်းလို့ ပိုက်ဆံပေး မောင်းထုတ်ခံရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဇွဲမလျှော့ပဲ ရိုက်ကွင်းတစ်ခုကိုသွားပြီး အတင်းတောင်းဆိုရာကနေ သူများမလုပ်ရဲတဲ့ ဆွဲဆောင်မှုရှိရှိ ရာဂစိတ်ကြွလာအောင် ကပြရမယ့်အခန်းကို သတ္တိရှိရှိ ကပြလိုက်တဲ့အခါ လက်ထောက်ဒါရိုက်တာက ကြွေသွားပါတယ်။ ဒါပေမဲ့လည်း မူရင်းဒါရိုက်တာဖြစ်သူက ဒီလိုမျိုး အညှီအဟောက်တွေကို သဘောမကျတဲ့အတွက် အဲဒီအခန်းကို ဖြတ်ချပြီး ရုံတင်တဲ့အချိန် Reshma တစ်ယောက်ကလည်း သူ့ကားလေး ရုံတင်ပြီဆိုပြီး ဝမ်းသာအားရ ကြွားလုံးထုတ်ပြီး ကြည့်မယ့်အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ Reshma တစ်ယောက် Silk ဆိုပြီး ညို့ငင်အားကောင်းတဲ့ မင်းသမီးတစ်လက်အဖြစ် ဘယ်လိုတွေ တက်လှမ်းလာမလဲ သူ့အခန်းကို ဖြတ်ချခဲ့တဲ့ ဒါရိုက်တာနဲ့လည်း ဘယ်လိုတွေ ဇာတ်လမ်းဆက်မလဲဆိုတာကို တင်ဆက်ထားတဲ့ Hindi ကားလေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Action • Animation • Family
6.6 2011 144 mins
The Dirty Picture
Bhairathi Ranagal
8

Bhairathi Ranagal (2024) “ရှာမှရှားတဲ့ သူလိုလူ” ဇာတ်အိမ်ကောင်းကောင်းကောင်းကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဘောလိဝုဒ် အက်ရှင်-ဒရာမာဇာတ်လမ်းတစ်ပု‌ဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တရားဥပဒေဘက်ကကြည့် လူဆိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အများပြည်သူအတွက် သူရဲကောင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ဘ၀ဇာတ်ကြောင်းကို အလှည့်အပြောင်းများစွာနဲ့ တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူဆိုးတစ်‌ယောက်အဖြစ် တရားဥပဒေက တံဆိပ်တပ်ခံထားတဲ့ ဘဟိုင်ရာသီရာနဂယ်ဟာ ငယ်စဉ်ကတည်းက ထောင်ထဲမှာ ကြီးပြင်းခဲ့ရသူပါ။ သူ့ရွာအကျိုးအတွက် အကြမ်းဖက်သလိုဖြစ်ခဲ့ရာက ထောင်းနန်းစံခဲ့ရတဲ့ ရာဂနယ်ဟာ ထောင်ထဲမှာ အလကားမနေဘဲ ဥပဒေပညာကို ကြိုးစားသသင်ယူခဲ့ပါတယ်။ ထောင်ကထွက်လာချိန်မှာလည်း ရှေ့နေအဖြစ် သူ့ရပ်ရွာအကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။ သူ့ရပ်ရွာက ပြည်သူတွေအတွက်တော့ သူဟာ နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ဘ၀မလှခဲ့တဲ့ ရာနဂယ်တစ်ယောက် ရှေ့နေဘ၀မှာလည်း အ‌လှည့်အပြောင်းများစွာ ကြုံတွေ့လာရပါတယ်။ အစကတည်းက ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို မခံရတဲ့ ရာနဂယ်ကို ကံတရားက ဘယ်လိုကျီစားဦးမှာလဲ… တရားမျှတမှုနဲ့ မတရားမှုတွေကြားမှာ ဘယ်လိုဓားစာခံဖြစ်ဦးမှာလဲ… ရှေ့ဆက်ပြီး သူ ဘယ်လို ကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Thriller • Action
8 2024
Bhairathi Ranagal
Barefoot
6.6

Barefoot (2014) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ Comedy နဲ့ Dramaကိုရောစပ်တဲ့နေရာမှာလူသိများတဲ့ ဒါရိုက်တာ Andrew Fleming ရိုက်ကူးထားတာဖြစ်ပြီး Evan Rachel Wood နဲ့ Scott Speedman တို့က အတွဲညီညီ သဘာဝကျကျသရုပ်ဆောင်ထားကြပါတယ် Romance နဲ့ comedy ကိုအချိုးကျကျလေး ချစ်စရာကောင်းအောင် ပေါင်းစပ်ထားတဲ့ ခေတ်သစ်နတ်သမီးပုံပြင်လေးတစ်ခုလို့ပြောရင်လည်း ပုံကြီးချဲ့ရာမကျဘူးလို့ ရဲရဲကြီး အာမခံပါတယ် ဇာတ်လမ်းကတော့ လူကုံထံမိသားစုကလာတဲ့ ခပ်ဆိုးဆိုးဂျေးနဲ့တစ်သက်လုံးနီးပါးအိမ်ထဲမှာအပိတ်ခံထားရပြီး လောကကြီးအကြောင်းဘာမှနားမလည်တဲ့ ချစ်စရာ‌ဒေစီလေးရဲ့ စင်ဒရဲလားဆန်ဆန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် Japanese anime waifu တွေ Korea မင်းသမီးလှလှလေးတွေထက်ပိုပြီး ချစ်စရာမကောင်းရင်တောင် သူတို့ထက်လျော့စရာအကြောင်းမရှိဘူးလို့ပြောရလောက်အောင် မင်းသမီးလေးရဲ့ cuteness overload ဖြစ်နေမှုက အမေရိကန်ဇာတ်ကားတစ်ကားအနေနဲ့ တကယ်အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲ ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဆိုပေမယ့် တကယ့်ကို Emotional ဖြစ်စရာ Dialogue တွေကြောင့် ရည်းစားဟောင်းကို ပြန်လွမ်းမိတဲ့အထိ ဟက်ထိသွားနိုင်ပြီး ရည်းစားမရှိတဲ့လူတွေလည်း နွား‌ပွဲစားရှေ့ရောက်သလို တစ်ချိန်လုံးသွားကြီးဖြီးပြီးကြည့်ရင်ကြည့် မဟုတ်ရင် စောင်ကိုက်ပြီးကြည့်ရမယ့် ဇာတ်ကား‌ကောင်းလေးတစ်ခုဆိုတာအာမခံပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nice Guy မှ တင်ဆက်ထားပါတယ်။)

6.6 2014 90 mins
Barefoot