YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Thanksgiving.2023.REPACK.2160p.WEB-DL.DDP5.1.SDR.H.265-Naung.mkv

3.36 GB N/A video/x-matroska 188 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Drifting Home
7.6

အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။ မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ... တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။ သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ သူ့ကိုယ်သူပိတ်ပြီး အိပ်ပျော်နေတဲ့ နာ့ဇူမဲကိုပဲ သူတိုရှာတွေ့သွားကြတယ်။ ‌နာ့ဇူမဲရှင်းပြတာတွေကို ခိုဆုခဲကမယုံတာမို ထုံးစံအတိုင်း ရန်သတ်ကြပြန်ပါတယ်။ ခေါင်မိုးထပ်မှာ ရန်ဖြစ်ရင်းနဲ့ပဲ နာ့ဇူမဲတစ်ယောက် တိုက်ပေါ်က ပြုတ်ကျသွားတဲ့အခါ ... ခိုဆုခဲနဲ့ နာ့ဇူမဲ၊ စပ်စုစိန်အသေးလေး တိုင်အိချိ၊ လူကောင်ကြီးကြီးယူဇုရု၊ ပြဿနာအိုးရဲအိနာနဲ့ ကြင်နာတတ်တဲ့ဂျူရီ၊ တစ်ချိန်လုံးနပန်းလုံးနေတဲ့ ခြောက်ယောက်သား မျောနေတဲ့အိမ်ကြီးဆီရောက်သွားပါတော့တယ်။ ‌တကယ်မှတကယ် ဘယ်ဆီဘယ်မှန်းမသိရတဲ့ ပင်လယ်ကြီးထဲမှာ မျောနေတဲ့တိုက်ခန်းကြီးနဲ့ အတူ ကလေးခုနစ်ယောက် ဘယ်လိုစခန်းသွားကြမလဲ? ပင်လယ်ပြင်ထဲ ဘာတွေ ကြုံတွေ့ရမလဲ? အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဇာတ်လမ်းလေးက သံယောဇဉ်နဲ့ အမှတ်တရအကြောင်းမလို့ ရိုးရိုး ကလေးကြည့် fantasy ထက်တော့ ပိုပါတယ်။ A whisker away တို Penguin Highway, Typhoon Noruda တိုရဲ့ ဒါရိုက်တာ Colorido Studio က Hiroyasu Ishida ရဲ့လက်ရာမလို့ Animation နဲ့ plot ကတော့ စိတ်ချရမှာ အမှန်ပဲဗျာ။ ခိုဆုခဲတို့ ခုနစ်‌ယောက်နဲ့အတူ တိုက်ခန်းကြီးထဲမှာ လိုက်ပါရင်း သေချာစီးမျောပေးကြပါဦးဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Chevy က ရေးထားပါတယ်။) File Size          : 1.1GB, 480MB, 276MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 59mins Genre              : Comedy Translated by Chevy & Hnin Wut Yi Encoded by Kinnov

Crime • Drama • Thriller
7.6 2022 121 mins
Drifting Home
Brazen
4.9

အမေရိကန် New York Times Best Seller စာရင်းဝင် စာရေးဆရာမဖြစ်သူ Nora Roberts ရဲ့ “Brazen Virtue” ဟု အမည်ရသော Crime/Mystery Novel အား အခြေခံ ရိုက်ကူးထားတဲ့ Netflix ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ January 13 ရက်နေ့ကမှ ပူပူလောလော ထွက်ရှိလာတာဖြစ်ပြီး ရှုပ်ထွေးဆန်းပြားတဲ့ မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားသူများအဖို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မှုခင်းဝတ္ထုရေးသားသော နာမည်ကြီးစာရေး ဆရာမအဖြစ် မင်းသမီးချော Alyssa Milano က သရုပ်ဆောင်ထားပြီး မင်းသား Sam Page ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ နာမည်ကြီး မှုခင်းဝတ္ထုစာအုပ်များ ရေးသားသော Grace Miller ဆိုတဲ့ စာရေးဆရာမဟာ အရေးအသားပြောင်မြောက်ပြီး လူသတ်မှုတွေကို ခရေစေ့တွင်းကျ ရေးပြနိုင်တဲ့အတွက် အများက သဘောကျနှစ်သက်ကြပါတယ်။ သူ့မှာ Kathleen ဆိုတဲ့ ညီမ တစ်ယောက်ရှိပြီး အိမ်ထောင်ရေး ပြသာနာများဖြင့် လုံးထွေးကာ ဆေးစွဲသည်အထိ ဖြစ်ပျက်နေရှာပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူက ဖုန်းဆက်ခေါ်တဲ့အတွက် Miller တစ်ယောက် အပြေးအလွှား သွားတွေ့ပြီး  နောက်ရက်မှာပဲ ညီမဖြစ်သူရဲ့ အိမ်နီးချင်း ကောင်လေးတစ်ယောက်နဲ့ ညှိကာ ညစားထွက်စားကြပါတယ်။ အဆင်ပြေပြေ ပြီးဆုံးခဲ့တဲ့ ဒိတ်လေးက အပြန် အိမ်ပြန်ရောက်တဲ့အခါ Miller ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ အရာက…… ကျန်တာကိုတော့ CM ပရိသတ်ကြီးတို့ကိုယ်တိုင် ခံစားကြည့်ရှုရင် ပိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ အမှုလိုက်ရတဲ့ အရသာကို ခံစားရမှာဖြစ်ပြီး ဘယ်လို plot twist ကြီး ပေါ်ပေါက်လာမလဲဆိုတာကို အတူခေါင်းစားကြစို့လားဗျာ။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပြီး ဘာသာပြန်များကတော့ Chit Tee, Khaing Khin, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်) File Size -(1.5 GB) / (920 MB) Quality – WebDL -(1080p) /  (720p) Duration - 1hr 36min Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Mystery Translator – Chit Tee, Khaing Khin, Thet Hnin Hsu Encoder – San Win Maung

Drama
4.9 2022 94 mins
Brazen
Koogle Kuttappa
5.7

ဒီတစ်ခါမှာတော့ IMDB မှာ 7.2 အထိရရှိထားတဲ့ 2022 ခုနှစ်ထွက် မေတ္တာဖွဲ့ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မေတ္တာဖွဲ့ကားတွေအထွက်ကျဲချိန်မှာ ဒီကားလေးထွက်လာတာဝမ်းသာစရာပါပဲ ဇာတ်လမ်းအကျဉ်း... သားကို ချစ်လွန်းလို့ စက်ရုပ်အင်ဂျင်နီယာဘွဲ့ရတဲ့အထိကျောင်းထားပေးပြီး မွေးရပ်မြေမှာပဲ နေ့စဉ်ရုံးတက်ရုံးဆင်း လုပ်စေချင်တဲ့အဖေ ဖခင်ကို မလွန်ဆန်နိုင်ပေမယ့် ဘ၀ရှေ့ရေးအတွက် နိုင်ငံရပ်ခြားအထိ အလုပ်သွားလုပ်ချင်နေတဲ့သား.. နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အသက်ကြီးတဲ့အဖေကို စောင့်ရှောက်နိုင်မယ့် အိမ်တွင်းသူနာပြုတွေ ခေါ်ပေမယ့် လူ့ဂွစာအဖေကြောင့်အကုန် ပြန်ပြေးရတဲ့အချိန် သူ့ကို အလုပ်ခန့်တဲ့ကုမ္မဏီက နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စီစဉ်ပေးချိန်မှာတော့ ခံစားချက်ရသတွေ အများကြီးခံစားလို့ရနိုင်မယ့် ရုပ်ရှင်တစ်ကားကို မွေးထုတ်ပေးလာတာကြောင့် လိုက်ပါစီးမြောခံစားလိုက်ကြပါဦးခင်ဗျာ... အညွှန်းနဲ့ဘာသာပြန် Lwin Htoo Aung ဖြစ်ပါတယ် File size…2.1GB / 1.05GB Quality…1080p WEB DL Tamil AAC 5.1CH / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung

Horror • Mystery • Thriller
5.7 2022 131 mins
Koogle Kuttappa
Maurice
7.6

IMDb - 7.7/10, Rotten Tomatoes - 87% ~ ချစ်ခြင်းမေတ္တာဆိုတာ နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ ယောကျ်ား မိန်းမ မရွေးရှိတတ် ဖြစ်ပေါ်တတ်ကြတယ်။ လိင်တူချင်း ချစ်ကြိုက်ဖို့၊ မေတ္တာမျှဝေဖို့ အတင်းကြပ်ဆုံး နိုင်ငံတွေထဲမှာ အင်္ဂလန်နိုင်ငံဆိုတာ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်အချိန်တွေမှာ အင်္ဂလန်နိုင်ငံတော်ကြီးမှာ လိင်တူချစ်ကြိုက်မိခဲ့ရင် သေဒဏ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ် ပေးခံရပါတယ်။ ဒီလိုအချိန်ကာလမျိုးမှာပဲ Maurice တစ်ယောက် Right Person၊ Wrong Time ဆိုတဲ့ အခြေအနေမျိုးကို ရောက်ရှိခဲ့တယ်။ အမျိုးသားတစ်ဦးကို ချစ်မိတာဟာ အမျိုးသမီးတစ်ဦးကို ချစ်ကြိုက်ရတာထက် ပိုပြီး စိတ်ပင်ပန်းရတယ် တွေ​ဝေရတယ် စွန့်လွှတ်ရဲရတယ်။ ဒါကို Maurice တစ်ယောက်ကြုံခဲ့ရတယ်။ အချိန်ကာလ၊ မိသားစု၊ ပတ်ဝန်းကျင် အစရှိတာတွေအကုန်လုံးကို အံတုပြီး ကျောင်းနေဘက် သူငယ်ချင်း Clive ကိုချစ်ကြိုက်မိခဲ့တဲ့ Maurice ဟာ သူလိုချင်တဲ့ ချစ်ခြင်း မေတ္တာ အစစ်ကို မရခဲ့ရှာဘူး။ သူ့ချစ်သူဟာ သူ့လောက် သတ္တိမရှိနိုင်ခဲ့ဘူး။ Clive ဟာ သဘာဝတရားကိုဆန့်ကျင်ပြီး Maurice ကို နှစ်သက်ခဲ့​ပေမယ့် လူ့အသိုင်းအဝိုင်းကို​တော့ သူမဆန့်ကျင်ရဲခဲ့ဘူး။ မိမိကိုယ်ကိုယ်သာအပြစ်တင်ရင်း အရာအားလုံးကို လျစ်လျူရှုခဲ့တဲ့ Maurice ဟာ အချိန်ကာလတစ်ခုအရောက်မှာပဲ နောက်ထပ် အချစ်သစ်တဖန် မွေးဖွားဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒါကို Clive တစ်​ယောက်က​ကော ဘယ်လိုတုန့်ပြန်လာမလဲ? ဒီတစ်ချိန်မှာကော Maurice တစ်ယောက် ရှေ့ဆက်တိုးဖို့ သတ္တိရှိပြီလား? အရာအားလုံးကို ရင်ဆိုင်ပြီး နှလုံးသားကိုပဲ ဦးစားပေးဖြစ်ပြီလား၊ စွန့်လွှတ်ခြင်းနဲ့ ရယူပိုင်ဆိုင်ခြင်းမှာ Maurice အတွက် ဘယ်အရာက အားသာသွားမလဲဆိုတာကိုတော့ Maurice ဆိုတဲ့ ချစ်ခြင်းမေတ္တာ နှောင်ထုံးဖွဲ့ရုပ်ရှင်လေးကို ကြည့်ရှုရင်း ငြိမ့်ငြိမ့်​​လေး ခံစားကြည့်ပါလို့ ညွှန်းဆိုလိုက်ပါရစေ။ (ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5Gb, 1.3Gb, 639Mb Quality - 1080p, 720p, 480p IMDb Rating - 7.7/10 Format - mp4 Duration - 2H 20Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Comedy • Drama
7.6 1987 140 mins
Maurice
Kaliwaan
5.8

18+ ဆိုပြီး အားရပါးရပြေးမငမ်းခင် တစ်ခုသတိပေးချင်တာက ဒီဇာတ်ကားက သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေနဲ့ Thriller အမျိုးအစားလဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဘူဂီက သာမန်လူလတ်တန်းစားမိသားစုက မွေးဖွားလာပြီးကျောင်းတက်အလုပ်လုပ်နေဆဲလူငယ်တစ်ယောက်ဖြစ်ပြီး၊ သူ့မိဘတွေကတော့မုန့်တိုက်တစ်ခုဖွင့်ထားပါတယ်။ သူ့ကောင်မလေး မော်နီကာ ကတော့ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ပြီး မကြာခဏငွေတောင်းကြမ်းတဲ့ အဒေါ်လောင်းကစားသမားကြောင့် ဒီဘဝက ရုန်းထွက်လွတ်မြောက်ဖို့ ကြိုးစားရင်း သံသရာလည်နေရသူပါ။ တစ်နေ့တော့ မော်နီကာကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့ ရာဂျီဆိုတဲ့လူတစ်ယောက်က အလုပ်ရှာပေး ငွေတွေနဲ့မက်လုံးပေးရင်း မော်နီကာရဲ့ကာမကိုရယူချိန်မှာ ဘူဂီတွေ့မြင်သွားခဲ့ပြီး ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သဝန်တိုပူလောင်မှုနဲ့ ရာဂျီခေါင်းကိုခဲနဲ့ထုသတ်ဖို့ကြိုးစားပါတယ်။ မော်နီကာအဆွဲမြန်လို့ သေတဲ့အထိဖြစ်မသွားပေမယ့် အဲ့ဒါကြောင့်ပဲ ပြဿနာပိုကြီးဖို့ဖြစ်လာပါတော့တယ်။ ရာဂျီရဲ့မိသားစုဟာ သြဇာကြီး၊ ငွေကိုရေလိုသုံးပြီးတော့ သူတို့သားအတွက် ကလဲ့စားကိုရအောင်ယူမှာဖြစ်သလို၊ ဘူဂီရဲ့မိခင်ကလဲ သူ့သားအန္တရာယ်မကျရောက်စေဖို့ ဘူဂီဦးလေးဖြစ်သူရဲအရာရှိကိုအကူအညီတောင်းမိသွားတဲ့အခါ..။ ဘူဂီနဲ့မော်နီကာတို့တင်မက သူတို့ရဲ့မိသားစုတွေပါ ဒီပြဿနာအရှုပ်ထုပ်ထဲ ဘယ်လိုနစ်ကျွံဝင်သွားမလဲ? သူတို့အတွက်အဖြေ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကိုအချိန်မှီရှာတွေ့ကြမလားဆိုတာ ဆက်လက်ရှုစားကြပါ။ Vivamas Princess လို့ခေါ်ကြတဲ့ညှို့မင်းသမီးပေါက်စလေး AJ Raval နဲ့အတူ Vince Rillon "Siklo" (2022) တို့ဦးဆောင်ပါဝင်ထားပြီး မင်းသမီးအသစ်လေးတစ်ချို့ကိုလဲ မိတ်ဆက်ပြထားပါသေးတယ်။ စိတ်ညစ်ညူးစရာကောင်းအောင် ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်သတ်ဖြတ်ခန်းတွေ၊သာမန်လိင်ဆက်ဆံခန်းတွေတင်မက၊ Incest တွေ သီရိစံတွေပါ ပါဝင်တဲ့အတွက်မိသားစုနဲ့လုံးဝကြည့်လို့မရတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File Size : (1.5 GB) & (600 MB) Quality : WEB-DL 1080p & 720p Running Time : 01:52:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by RGB

Drama • Romance
5.8 2022 111 mins
Kaliwaan
Microhabitat
7.4

Microhabitat ( 2017 ) —————————- အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။ စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။ Microhabitatထဲက “မီဆို” ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ဘဝမှာ အရေးအကြီးဆုံးက သုံးခုပဲရှိတယ်။ စီးကရက် … ဝီစကီ … သူ့ကောင်လေး။ ဒါပေမဲ့ သူ့ကောင်လေးကလည်း လုပ်အားပေးလုပ်ဖို့ ဆော်ဒီအာရေဗျကိုပါသွားတယ်။ ဒီတော့ သူ့မှာ ဘာမှမကျန်တော့ဘူး။ စီးကရက်နဲ့ ဝီစကီပဲ ကျန်တော့တယ်ပေါ့။ ဒီလိုနဲ့ သူ အရက်ဘားကို ရောက်သွားတယ်။ ဝီစကီဈေးကလည်း တက်သွားတယ်။ ဒီလိုနဲ့ မီဆိုဟာ စီးကရက်နဲ့ နေစရာ ဘာကိုရွေးသွားလဲဆိုတဲ့ အကြောင်းကို ဒါရိုက်တာက ပြထားခဲ့တယ်။ ဒါရိုက်တာက IU ရဲ့ Persona ဇာတ်လမ်းတွဲထဲက Kiss Is Sin ဆိုတဲ့ အပိုင်းကို ရိုက်ခဲ့တဲ့တစ်ယောက်ပါပဲ။ Persona ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလေးယောက်လုံးက Art House ဆန်ဆန်တွေ အရိုက်များကြပါတယ်။ ဒီဇာတ်လမ်းမှာ ဒါရိုက်တာက အစစအရာရာဈေးတက်လာခဲ့တဲ့ ကိုရီးယားနဲ့ ပြည်သူတွေအခြေအနေကို ပြချင်တာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒီမှာလည်း မထူးဘူးမို့လား Mevius ၃၅၀၀, Dunhill ၅၀၀၀, တစ်နေ့တစ်ဘူးစာနဲ့ တစ်လဆို တစ်လစာအိမ်လခတော့ကောင်းကောင်းရတယ်။ ခင်ဗျားတို့ ကျွန်တော်တို့သာဆိုလည်း ဈေးပေါတဲ့အိမ်ငှားပြီး ဆေးလိပ်တော့ ဆက်သောက်ဖြစ်နေဦးမပေါ့။ ဒီရုပ်ရှင်ကို ဆေးလိပ်ငါးလိပ်လောက်သောက်ရင်း ကြည့်ပြီးတဲ့နောက် ဆေးလိပ်ဆိုတာ ဇိမ်ခံပစ္စည်းဆန်တာကို ကောင်းကောင်းကြီးပိုသတိထားမိသွားခဲ့တယ်။ ဒီလိုနဲ့ ရုပ်ရှင်အပြီးမှာ ကျွန်တော်သင်ခန်းစာရပြီး စီးကရက်နောက်တစ်လိပ် ထပ်မီးညှိဖြစ်သွားတယ်။ “သူများအိမ်မှာ ကပ်နေပြီး စီးကရက်သောက်နိုင်သေးတယ် ငါ အင်မတန်ကံကောင်းပါလား” ဆိုတဲ့ သင်ခန်းစာကြီးပေါ့။ အားလုံးပဲ ရုပ်ရှင်ကြည့်ပြီး သင်ခန်းစာ ယူနိုင်ကြပါစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.21GB | 555MB | 264MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Action • Crime • Thriller
7.4 2017 105 mins
Microhabitat
Weaponized
3.9

Weaponized (2016) ============== လက်နက်ကုမ္မဏီပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုင်လ်နောရစ်ဟာ အကြမ်းဖက်မှုတစ်ခုမှာသားဖြစ်သူကို ဆုံးရှုံးရပြီးနောက် အကြမ်းဖက်မှုတွေကိုနှိမ်နင်းဖို့ အလွန်အန္တရာယ်များတဲ့ လက်နက်တစ်ခုကိုတီထွင်ဖို့ကြိုးစားပါတယ်။ သူ့လမ်းကိုပိတ်ပင်သူမှန်မျှကိုလည်းရှင်းပစ်ဖို့ကြိုးစားပါ တော့‌တယ်။ ထိုလက်နက်ရဲ့အန္တရာယ်များပုံ၊ကောင်းကျိုး ထက် ဆိုးကျိုးများပုံကို စုံထောက်ဝေါလ်ကာ ရိပ်စားမိသော အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Eunice ဖြစ်ပါတယ်) File Size……….(1.34 GB) / (573 MB) / (344 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 31Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Sci-Fi, Thriller Translator…….Eunice Encoder……….SWM

3.9 2016 91 mins
Weaponized
Green Night
5.9

Green Night (2023) ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ Fan Bing Bing နဲ့ Lee Joo Young တို့အဓိက cast အနေနဲ့ ပါဝင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ကိုရီးယားလေဆိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ တရုတ်အမျိုးသမီး ကျင်းရှားဟာ လေဆိပ်မှာ မူမမှန်တဲ့ မိန်းကလေးတစ်ယောက်ကို သံသယဝင်တာကနေ နောက်ဆက်တွဲတွေအများကြီးကြုံတွေ့လိုက်ရပါတော့တယ် ပိုက်ဆံအရမ်းလိုနေတဲ့ ကျင်းရှားဟာ အဲဒီမိန်းကလေးနဲ့ ပတ်သက်မိပြီး ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိတဲ့အခါမှာ အမျိုးသမီးနှစ်ယောက်ရဲ့ ဇာတ်သိမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်… ထူးခြားတာလေးတစ်ခုကတော့ အမျိုးသမီးနှစ်ယောက်ကို ပုံဖော်တဲ့နေရာမှာ သာမန်ပတ်သက်မှုမျိုးထက် အဆင့်ကျော်တဲ့ ဇာတ်ကွက်တွေကို ပြသွားတဲ့အတွက် ရင်တလှပ်လှပ်နဲ့ ရှုစားရမှာဖြစ်ပါတယ်.. အများကြီးမပြောတော့ဘူး Fan Bing Bing တို့ ကိုရီးယားမှာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဆိုတော့ အမိုက်စားဖြစ်မှာ အသေအချာပါပဲ ကြည့်လိုက်ကြပါဦးနော် အညွှန်း န့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.7GB | 586MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

5.9 2023 92 mins
Green Night
Master Qianhe
5.8

တရုတ်မိစ္ဆာနှိမ်နင်းတဲ့ ဇာတ်လမ်းကို ကြိုက်တဲ့သူတွေအတွက် Mister Qianhe ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်ဦးပိုင်းမှာ တိုင်းပြည်မတည်ငြိမ်တဲ့အတွက် ဓားပြတွေလည်း အလွန်သောင်းကျန်းနေပါတယ်။ ချန်းဟဲ့ဆရာကြီးလုံစန်းဟာ မြောက်ပိုင်းနယ်စပ်မှာ မိစ္ဆာတွေ သောင်းကျန်းနေတယ်ဆိုပြီး ဆရာတူညီမလေးမှ အကူအညီတောင်းခဲ့တဲ့အတွက် ရထားစီးပြီး နယ်စပ်ကို ထွက်ခဲ့ပါတယ်။ လမ်းတစ်ဝက်မှာ ဓားပြတိုက်ခံရပြီး ဟွမ်မြောင့်ရွာမှာ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ပိတ်မိနေတဲ့ ရှန်းအာကို ကယ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝူးလန်မြို့အတွင်းမှာ ပျောက်ဆုံးသွားတဲ့ လက်နက်တွေကို ရှာဖို့အတွက် မြေအောက်မှာ ပိတ်ခံထားရတဲ့ မိစ္ဆာတွေကို ကယ်တင်ပေးခဲ့ပါတယ်။ လုံစန်းရဲ့ သတင်းကို ဝူလန်မြို့က တပ်ချုပ်ကြီးက ကြားသိခဲ့ရပြီး မြို့ထဲမှာနေတဲ့ အပျိုလေးတွေကို ဖမ်းဆီးဒုက္ခပေးနေတဲ့ မြေခွေးမိစ္ဆာကို ရှင်းလင်းဖို့ ခိုင်းစေခဲ့ပါတယ်။ မြေခွေးမိစ္ဆာနဲ့ တွေ့တဲ့အခါမှာတော့ လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရပါတယ်။ လုံစန်းတစ်ယောက် အဲ့ဒီလျှို့ဝှက်ချက်ကြီးကို ဘယ်လိုဖြေရှင်းမလဲ…… လူနဲ့ မိစ္ဆာမှာ ဘယ်သူကအကောင်း ဘယ်သူက အဆိုးလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.8 2024
Master Qianhe
Lone Survivor
7.5

Lone Survivor (2013) အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက‌ Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ကလည်း ၂၀၁၂ မှာ Mark Wahlberg နဲ့ Battleship ကိုရိုက်ပြီးခါစဆိုတော့ စစ်ကားအပိုင်းမှာ ဒါရိုက်တာကော မင်းသားပါ အရှိန်ရနေခဲ့တဲ့ကာလလို့ပြောရမယ်။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးရဲ့ တာဝန်က Ahmad Shah ဆိုတဲ့ တာလီဘန်ခေါင်းဆောင်ကိုရှင်းဖို့။ သူက တာလီဘန်အဖွဲ့တစ်ခုဖြစ်တဲ့ Hezb-e-Islami Gulbulddin (HIG) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အာဖဂန်မှာ အမေရိကန်တပ်သားတွေကို ချုံခိုရှင်းခဲ့တာတင်မကဘဲ အမေရိကန်စစ်တပ်ကိုကူညီတဲ့ အာဖဂန်ရွာသားတွေကိုပါ ရှင်းတာကြောင့် သူ့ကိုအန္တရာယ်ကြီးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ထားတယ်။ သူ့ကိုရှင်းထုတ်ဖို့ SEAL အဖွဲ့ဝင် ၄ ယောက်က တာဝန်ပေးခံရတယ်။ သူတို့ ၄ ယောက်က တောင်ပံနီစစ်ဆင်ရေးအတွက် တာဝန်ကျနေရာကိုရောက်ပြီး နေရာယူထားတဲ့အထိ အားလုံးကအဆင်ပြေနေသေးတယ်။ ဆိတ်ကျောင်းသားမြေးအဖိုးတွေ မရောက်လာခင်အထိပေါ့။ ဆိတ်ကျောင်းသားတွေကိုမိတဲ့အချိန် သူတို့အနေနဲ့ သတ်မလား…လွှတ်မလား… ရွေးရတော့တယ်။ ရှင်းလိုက်ရင် သူတို့နေရာမပေါက်ကြားတော့ဘူး။ တာဝန်ကိုဖြောင့်အောင်ဆက်လုပ်လို့ရတယ်။ ဒါပေမဲ့ အဲဒါကသူတို့ရဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းကို ချိုးဖောက်ရာရောက်သွားမယ်။ လွှတ်လိုက်ရင် သူတို့နေရာပေါက်ကြားပြီး တာလီဘန်အယောက် ၂၀၀ လောက်က သူတို့ကို အမဲလိုက်ဖျက်တာခံရမယ်။ ဘာရွေးခဲ့လဲ။ သူတို့စည်းမျဉ်းအတိုင်းပဲ လွှတ်ပေးခဲ့တယ်။ အကျိုးဆက်ကတော့ ရာနဲ့ချီတဲ့တာလီဘန်တွေကို ၄ ယောက်တည်းနဲ့ ခံတိုက်ရတာပဲ။ သာမန်အားဖြင့်ဆိုရင် SEAL တွေက ဒီလိုအခြေအနေတွေကိုကောင်းကောင်းတုံ့ပြန်နိုင်ဖို့ လေ့ကျင့်ပြီးသားပါ။ မြေပြန့်မှာဆိုရင်ပေါ့။ ဖြစ်ချင်တော့ သူတို့တိုက်ပွဲဖြစ်တဲ့နေရာက တောင်တွေအတော်ထူထပ်တဲ့ အာဖဂန် အရှေ့မြောက်ပိုင်းဖြစ်နေတယ်။ အဲဒီမှာ မြေပြင်အနေအထားအရ တာလီဘန်တွေအသာစီးရပြီး SEAL တွေအတော်ထိသွားတယ်။ တောင်ပေါ်ကပြုတ်ကျတာလည်းအကြိမ်ကြိမ်၊ ကျည်ဆန်မှန်တာလည်းအကြိမ်ကြိမ်နဲ့ပေါ့။ နောက်ဆုံးမှာ Marcus Luttrell တစ်ယောက်ပဲ အသက်ရှင်ခဲ့တဲ့အထိပဲ။ မစ်ရှင်ကတော့ မအောင်မြင်ခဲ့ဘူး။ ဒီရုပ်ရှင်က SEAL တွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံမှုတွေကို တမ်းတအောက်မေ့တဲ့အနေနဲ့ ရိုက်ခဲ့တာဖြစ်တယ်။ ရိုက်ကူးတုန်းကလည်း တကယ့် Navy SEAL တွေ စစ်ပြန်တွေက ရိုက်ကွင်းအကြံပေးတွေအနေနဲ့ပါခဲ့ကြတယ်။ လက်တွေ့ဘဝက Marcus Luttrell တောင်မှ cameo အနေနဲ့ပါခဲ့သေးတယ်။ တောင်ပေါ်က ပြုတ်ကျတဲ့အခန်းတွေဆိုရင်လည်း CGI နဲ့ရိုက်တာမဟုတ်ဘဲ Stunt double တွေနဲ့ အမှန်အကန်ရိုက်ခဲ့တယ်။ အရိုက်လွန်ပြီး Mark Wahlberg ရဲ့ စတန့်သမားတောင် တစ်ခန်းအပြီး ဆေးရုံတင်လိုက်ရသတဲ့။ အဓိကချီးကျူးစရာက အသံပိုင်းဖြစ်လိမ့်မယ်။ အဲဒါကြောင့်လည်း အသံပိုင်းမှာ Academy ဆု ဆန်ခါတင် ၂ ခုဝင်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Mark Wahlberg တို့ Taylor Kitsch တို့ Ben foster တို့လို ဆရာကြီးတွေပါ‌တဲ့အတွက် အပြစ်ပြောစရာမရှိဘူး။ ဖြစ်ရပ်မှန်စစ်ကားကောင်းကောင်းလေးမှကြိုက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ပါလိမ့်မယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)

7.5 2013 121 mins
Lone Survivor
Vada Chennai
8.4

Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များ IMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်‌ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး‌ကို တင်ဆက်ပေးချင်ပါတယ်။ ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်း‌လေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ် လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာ‌ကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့… ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်)

Family • Animation • Action • Science Fiction
8.4 2018 166 mins
Vada Chennai
Maruthi Nagar Subramanyam
7.7

Maruthi Nagar Subramanyam (2024)”ဗရုတ်သုတ်ခ မိသားစု” ============================================= တေလေဂူးမင်းသားကြီး ရောဝ်ရာမက်ရှ်ရဲ့ အသစ်ထွက်ထားတဲ့ ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူဘရာမန်ယမ်ဟာ အစိုးရအလုပ်မရမချင်း အလုပ်မလုပ်ဘူးလို့ သံဓိဌာန်ချထားသူဖြစ်ပြီး သားဖြစ်သူ လူပျိုဖြစ်တဲ့ထိ အလုပ်မရှိသေးတဲ့သူဖြစ်ပါတယ်။ သူတို့မိသားစုဟာ ဆူဘရာမန်ယန်ရဲ့ ဇနီးဖြစ်သူ ရာနီရဲ့လစာတစ်ခုတည်းနဲ့ လည်ပတ်နေရတာဖြစ်ပြီး မိသားစုဝင်တွေကလည်း ရောဂါသည်ဖြစ်ချင်နေတဲ့ ယောက္ခမကြီးရယ် သူ့ကိုယ်သူ လူစားလဲခံရတဲ့သူဌေးသားလို့ထင်နေတဲ့ သားဖြစ်သူရယ်နဲ့ တကယ့် ကဂျီကဂျောင်တွေပါ။ အဲဒီလို အလုပ်မရှိတဲ့ ဆူဘရာမန်ယန်ကို မိန်းမဖြစ်သူက အမြင်ကပ်လို့ စီးကရက်ဖိုးတောင်မပေးတော့တဲ့အချိန်မှာ သူ့ရဲ့ဘဏ်အကောင့်ထဲကို ဘယ်ကမှန်းမသိရတဲ့ ပိုက်ဆံဆယ်သိန်း မှားဝင်လာတဲ့အချိန်မှာတော့ ဆူဘရာမန်ယမ်ရဲ့ဘဝအတွက် အလှည့်အပြောင်းတွေဖြစ်လာခဲ့ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Science Fiction • Thriller • Horror
7.7 2024 144 mins
Maruthi Nagar Subramanyam
Bullet Diaries
4.2

Bullet Diaries (2024) ဘူးလက်ဒိုင်ယာရီ Biker တို့အတွက် ခပ်အေးအေး မလေယာလမ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ် ရာဂျူးဆိုတာ ရိုးရိုးသားသား ဆိုင်ကယ်ပြင်ပြီးအသက်မွေးသူတစ်ယောက်… သူ့ဆိုင်ကယ်ကို ဘာနဲ့မှမလဲနိုင်ဘဲ မြတ်နိုးသူတစ်ယောက်ဆိုလည်း ဟုတ်ပါတယ် ရေကိုတစ်နေ့တစ်ခါပဲချိုးပြီး ဆိုင်ကယ်လေးကိုတော့ အကြိမ်ကြိမ်ရေချိုးပေးတတ်တဲ့ biker လေး ရာဂျူးက… Bullet ’76 ဆိုတဲ့ ၁၉၇၆ ထုတ် ဆိုင်ကယ်မော်ဒယ်လ်ကိုလည်း လိုက်ရှာနေတယ် သူ့အိပ်မက်အစစ်အမှန်က ဘာဖြစ်မှာလဲ သူ့ဘဝမှာလိုနေတဲ့ အချစ်ဆိုတဲ့ကွက်လပ်လေးကိုရော ဘယ်သူကဖြည့်ဆည်းပေးနိုင်မှာလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

4.2 2024
Bullet Diaries
Trapped Inn
3.1

Trapped Inn (2024) IMDb Rating (3.1) / Rotten Tomatoes (86%) 2024 ထွက် Thriller ကားအသစ်ပါ။ Thrillerကားတွေမှာတော့ ဇာတ်ကို ဘာမှမသိဘဲ ကြည့်ရတာ ပိုအရသာရှိလိမ့်မယ်ဆိုတော့ အရမ်းအကောင်းကြီး ခမ်းခမ်းနားနားကြီးမဟုတ်ပေမဲ့ အတန်အသင့်လက်သင့်ခံလို့ရတဲ့ ပမာဏလောက်နဲ့ ဇာတ်ကောင်တွေနဲ့အတူတူ ဘာတွေဖြစ်နေလဲ မသိဘဲ စီးမျောကြည့်ချင်ရင်တော့ ကြည့်လိုက်ပါ။ ဘာတွေဖြစ်နေလဲဆိုတာက မထင်ထားလောက်တဲ့အချိန်ကျမှ ရုပ်လုံးပေါ်တာဆိုတော့ ဇာတ်လမ်းက မပြောင်မြောက်လှပေမဲ့ ကြည့်တော့ကြည့်ကောင်းမှာပါ၊။ အညွှန်းဖတ်တာကို ဒီလောက်နဲ့ရပ်ပြီး ကြည့်ကြည့်လိုက်ပါ။ဇာတ်လမ်းကတော့ ပြိုင်ဘီးစီးတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က ပြိုင်ဘီးစီးကျင့်ဖို့ တောင်မြင့်ပြီး ဝေးလံခေါင်သီတဲ့ဒေသတစ်ခုကို ရောက်လာတယ်။ အဲဒီဒေသက အင်းမှာ သွားတည်းတယ်။ အင်းပိုင်ရှင် လင်မယားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကောင်မလေးတွေလည်း အဲဒီမှာရှိတယ်။ ဒီလိုနဲ့ အင်းပိုင်ရှင် လင်မယားမူမမှန်နေတာကို သူတို့အဖွဲ့ထဲက တစ်ယောက်က သတိထားမိသွားတဲ့အချိန် လူတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်လာတယ်။ ဘာလို့ပျောက်ကုန်ကြလဲ ဘယ်သူတွေလွတ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ပါတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (980 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Science Fiction,Thriller Duration….01:54:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

3.1 2024 114 mins
Trapped Inn
Cooked Umami

The Bear လိုမျိုး စားဖိုမှူး တွေ မီးဖိုချောင်မှာ ဝရုန်းသုန်းကား ချက်ပြုတ်အော်ဟစ်ပြီး အလုပ်ရှုပ်နေတာကို ကြည့်ရတာ ကြိုက်တဲ့ သူတွေက ဒီတူရကီ ရုပ်ရှင် Umami ကို ကြိုက်ကြမှာပါ။ နာမည်ကြီး အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်က တစ်ညတာ အဖြစ်အပျက်တွေ၊ အကွဲအလွဲတွေ၊ ပြဿနာတွေကို သူတို့ နောက် လိုက်ကြည့်နေရသလို ကြည့်ရှုခံစားရမှာပါ။ Sina Bora က Umami ဆိုတဲ့ စားသောက်ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်သလို့ ခေါင်းဆောင် စားဖိုမှူးလည်း ဖြစ်ပါတယ်။ သူက စားသောက်ဆိုင်ကို သူငယ်ချင်းဖြစ်သူ Cengiz နဲ့ တွဲဖွင့်ထားတာပါ။ ဖြစ်ချင်တော့ အဲ့ဒီညမှာ သူ့အဖေကလည်း နှလုံးရောဂါနဲ့ ဆေးရုံတင်လိုက်ရသလို စားသောက်ဆိုင်ကလည်း ခါတိုင်းထက် လူတွေ ပြည့်နေတဲ့အတွက် လူကိုယ်တိုင် သွားမကြည့်နိုင်ခဲ့ပါဘူး။ အဲ့ဒီညမှာပဲစားသောက်ဆိုင်ကို လာတဲ့ ဧည့်သည်တွေထဲမှာ လက်ထပ်ခွင့် တောင်းတော့မယ့် စုံတွဲ တစ်တွဲရယ်၊ အစားအသောက် ဝေဖန်အကဲဖြတ်သူ နှစ်ယောက်ရယ်၊ အရမ်း ပစိပစပ်များပြီး ဟင်းပွဲတွေကို ပြန်ပြင်ခိုင်းတဲ့ မိသားစုတစ်စုက အဖေဖြစ်သူရယ်၊ နောက်ပြီး အကောင်ကြီးကြီး ဦးလေးရှိတဲ့အတွက် ထင်တိုင်းကြဲနေတဲ့ ခပ်ရိုင်းရိုင်း လူတစ်စုရယ် သူတို့အားလုံးဟာ တစ်ညထဲမှာ Umami စားသောက်ဆိုင်မှာ ဘယ်လိုအဖြစ်အပျက်တွေ ဖန်တီးကြမယ်ဆိုတာ ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ပါဦး။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Drama
0 2024
Cooked Umami