YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Ted Lasso.S02E08.Man.City.1080p.mp4

735.48 MB N/A video/mp4 311 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Murder Mystery 2
6.6

IMDb Rating - 5.7/10 နာမည်ကြီး မင်းသား Adam Sandler နဲ့ မင်းသမီး Jennifer Aniston တို့ အဓိကသရုပ်ဆောင်ရိုက်ကူးထားတဲ့ Mystery Murder 2 ပြန်လာပါပြီ။ ဇာတ်​လမ်းကတော့ ​​တစ်ကားလုံး ရယ်စရာဟာသတွေနဲ့ တစ်လွဲတွေကို တွေ့မြင်ရမယ့် Mystery, Comedy Genre ပဲ ဖြစ်ပါတယ်။ Nick Spitz နဲ့ Audrey Spitz တို့ သူတို့ စုံထောက်လုပ်ငန်းမှာ အလွဲတွေချည်းလုပ်ပြီး ဒေဝါလီခံလုနီးပါးအချိန်မှာ သူတို့ရဲ့ သူငယ်ချင်း ဘီလီယံနာသူဋ္ဌေးဆီက မင်္ဂလာဆောင်ဖိတ်တာကို ခံလိုက်ရတယ်။ သူတို့လည်း လက်ခံလိုက်ပြီး ဥရောပကို ခရီး ထွက်လာကြတာပေါ့။ ရောက်လည်းရောက်ရော ဘီလီယံနာ သူဋ္ဌေးရဲ့ အပျံ့စားဧည့်ခံမှုတွေကြောင့် ပျော်နေချိန်မှာပဲ မကြာ လိုက်ပါဘူး၊ ပြဿနာအကြီးကြီးတက်တော့တာပဲ။ သတို့သား ဘီလီယံနာသူဋ္ဌေးကို မင်္ဂလာဆောင်မှာ ပြန်ပေးဆွဲခံလိုက်ရပါ တယ်။ အဲဒါကြောင့်Nick နဲ့ Audrey လည်း စုံထောက်တွေအဖြစ် တရား ခံကိုရှာဖွေဖို့ သံသယဝင်သူတွေကို စစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ သံသယဝင်ခံရတာက Nick နဲ့ Audreyဆီကို ပြန်လည်ရောက် လာတော့ ပိုရှုပ်ထွေးသွားပြီး Spitzes စုံတွဲရဲ့ ဘယ်လိုအလွဲတွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့် ရှုရမှာပဲဖြစ်ပါတယ်။ ဟာသဇာတ်လမ်းတွေကို သဘောကျတဲ့ သူတွေအတွက် Recommend အများကြီးပေးတဲ့ ဇာတ်လမ်းလေး ဖြစ်သလို ဒီသရုပ်ဆောင်နှစ်ယောက်ကို ပေါင်းစည်းတွေနေရတာ ကိုကအတော်လေးမိုက်နေပါပြီ။ Murder Mystery (2019) ကို ဒီလင့်ကနေ ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.94 GB) / (819 MB) / (485 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Thwal Htoo Zin Encoder..........Zin Phyo Aung

Drama
6.6 2023 91 mins
Murder Mystery 2
Troll
6.7

နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။ နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။ အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla Origin ကားတွေရဲ့ ဖီလင်မျိုးရမှာပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 2GB, 745MB, 397MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 41mins Genre              : Action, Adventure, Drama Translated by Mr.Anderson Encoded by Kinnov, Thit San Khant

Romance
6.7 2022 104 mins
Troll
The Getaway King
6.5

The Getaway King (2021) ဒီတစ်ခါတော့ ပေ့ါပေ့ါပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ပိုလန် ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်ဝါဒီတွေ ကြီးစိုးခဲ့ချိန်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အခြေပြု ဇာတ်အိမ်တည်ထားပြီး အဲ့ဒီအချိန်က ရဲတွေအလိုအရှိဆုံး ဒုစရိုက်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ရဲလက်ကနေ ၂၉ ကြိမ်တိတိ ရဲလက်က လွတ်အောင်ပြေးနိုင်ခဲ့ပြီး အဲ့ဒီထဲက တစ်ကြိမ်ဆို ထောင်ဖောက်ပြီးပါ လွတ်မြောက်ခဲ့တာပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ပြီးနောက် အဆိုပါ စောရဝိဇ္ဇာတစ်ယောက် သူ့ရဲ့ ဘဝနဲ့ အတွေးအခေါ်အယူအဆတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ... Action, Crime, Comedy အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်တချို့တဝက်ကို ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ File Size : 3.2GB, 806MB & 367MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 40mins Genre : Action, Crime, Comedy Translated by Chothet_mlmt & Hnin Wut Yi  Encoded by Kinnov

Horror • Thriller
6.5 2021 96 mins
The Getaway King
The Florida Project
7.4

IMDb - 7.6/10_____Rotten - 96% CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ “The Florida Project” ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… အညွှန်း— ခြောက်နှစ်အရွယ် ကောင်မလေး Moonee ဟာ သွက်လက်ပြီး စူးစမ်းချင်စိတ်ပြင်းပြတဲ့ကလေးတစ်ယောက်ပါ… သူဟာ မိခင်ဖြစ်သူ Halley နဲ့ Magic castle ဆိုတဲ့ မိုတယ်တစ်ခုမှာ နေထိုင်ခဲ့ပါတယ်. Magic castle ဟာ Florida က ရုပ်ရှင်ချစ်ပရိတ်သတ်တို့ သိကြတဲ့ Walt Disney World အနားမှာရှိတဲ့ နေရာတစ်ခုပါ… Magic castle ရဲ့ မန်နေဂျာကတော့ Bobby ဖြစ်ပြီး သူက ကလေးတွေ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးတတ်ပါတယ်… Moonee လေးဟာ မိုတယ်က သူနဲ့သက်တူရွယ်တူ ဘော်ဒါတွေ ဖြစ်တဲ့ Scooty, Dicky တို့နဲ့ ကစားဖော်တွေဖြစ်ခဲ့ပါတယ်.. တစ်နေ့တော့ Jancey ဆိုတဲ့ မိန်းကလေးတစ်ယောက် မိုတယ်ကို ပြောင်းလာခဲ့ပါတယ်… Jancey ဟာ Moonee တို့နဲ့ သက်တူရွယ်တူလောက်မို့ Moonee တို့အုပ်စုထဲဝင်သွားခဲ့ပါတယ်.. ကလေးတွေ ဆိုတဲ့အတိုင်း တစ်နေ့တစ်နေ့ မရိုးရအောင် သောင်းကျန်းခဲ့ကြပါတယ်… တစ်နေ့တော့ ပြဿနာအကြီးအကျယ်တက်ပါလေရော.. ဒါကို ကြားတဲ့ Dicky ရဲ့ ဖခင်ဟာ သားဖြစ်သူကို Moonee တို့မျောက်တစ်သိုက်နဲ့ တွေ့ခွင့်ပိတ်ခဲ့ပါတယ်.. Moonee ရဲ့ မိခင် Halley အကြောင်းပြောပါရစေ.. Halley ဟာ အသက်ငယ်ငယ်နဲ့ Moonee ကို မွေးခဲ့တာပါ… ပိုက်ဆံကလဲမရှာတတ်တော့ မိုတယ်ခတောင် အနိုင်နိုင်ပေးခဲ့ရပါတယ်.. ဒါတွေကို သိတဲ့ Halley သူငယ်ချင်း Ashley ဟာ Halley တို့သားအမိကို ကူညီပေးခဲ့ပါတယ်… Halley ဟာ သမီးနဲ့ စားဝတ်နေရေးအတွက် ပြည့်တန်ဆာအလုပ်လုပ်ပါတော့တယ်.. သူ့ဖောက်သည်တွေလာတဲ့အချိန်ဆို Moonee လေးကို ရေချိုးခန်းထဲပိတ်ထားခဲ့ပါတယ်… ကဲ ဒီတော့ Moonee ဒီအရှုပ်တွေထဲက ဘယ်လို ထွက်ပြေးမယ်… သားအမိနှစ်ယောက် ဘယ်လိုရုန်းကန်ရလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ…. ကလေးလေးတွေ သောင်းကျန်းတာမြင်တော့ ကိုယ့်ကလေးဘဝကို ပြန်ပြီးအမှတ်ရစေပါတယ်.. ဇာတ်လမ်းရှုခင်းတွေကလဲ အရောင်စုံပြီး တကယ်လှတာမို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း… ဆက်ဆက်ကြည့်ရှုကြပါလို့ တိုက်တွန်းလိုက်ပါတယ် CM ပရိတ်သတ်တို့.. File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 51min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Lex Luthor Encoded by Thanhtike Zaw

Drama • Mystery • Thriller
7.4 2017 112 mins
The Florida Project
A Silent Voice: The Movie
8.4

ကျွန်တော်တို့အားလုံး ကျောင်းသားဘ၀နဲ့ ပက်သက်တဲ့ အမှတ်တရတွေ ရှိကြမှာပါ။။ကျွန်တော်လဲ ရှိခဲ့ဖူးပါတယ်။။ ဒါပေမယ့် အမှတ်တရကောင်းတော့ မဟုတ်ခဲ့ပါဘူး။ကျွန့်တော့်ရဲ့ အမှတ်တရကို မသန်စွမ်း(နားမကြားမလေး)နဲ့ပဲ စရမှာပေါ့။သူ့ရဲ့ကျောင်းသားသစ် မိတ်ဆက်ပွဲမှာ တမူထူးတဲ့ မိတ်ဆက်ပုံကြောင့် ကျွန်တော်အာရုံစိုက်မိခဲ့ပါတယ်။ သူမိတ်ဆက်ပုံက တွေတွေလေးငေးနေရင်းကနေ လွယ်အိတ်ထဲက စာအုပ်ကို ထုတ်ပြီး သူဟာ အကြားအာရုံမကောင်းကြောင်းနဲ့ သူကို ဒီစာအုပ်လေးကနေ ဆက်သွယ်ခင်မင်စကားပြောပေးဖို့ အပြုံးမှိန်မှိန်လေးနဲ့ မိတ်ဆက်ခဲ့လို့ပါ။ သူ့ရဲ့ လူတကာပေါ်ကောင်းချင်ပြီး အမြဲတမ်း အပြုံးလေးနဲ့ ဆက်ဆံပုံကို ကျွန်တော်က ဟန်ဆောင်တယ်ထင်ပြီး အမြဲနှောင့်ယှက်ဒုက္ခပေးခဲ့ပါတယ်။တနေ့မှာတော့ ကျွန်တော့်ရဲ့စနှောက်မှုတွေက ကျွန်တော့်ရဲ့ဘ၀တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့ပါတယ်။အဲ့ဒါက သူ့ရဲ့နားအကြားအကူနားကြပ်တွေကို လွှင့်ပစ်မိတာခဲ့ပါ။ အဲ့နားကြ့ပ်တွေက ဈေးကလဲကြီးပြီး ၈ခုထိကိုကျွန်တော် လွှင့်ပစ်မိတာကြောင့် သူ့အိမ်ကနေ တဆင့် ကျနော်တို့အတန်းဆီပါ ရောက်လာပြီး သူလဲကျောင်းပြောင်းပြီး ကျွန်တော်လဲ ဆရာတွေရဲ့စစ်ဆေးမှူမှာ အမြဲနှောင့်ယှက်တတ်တဲ့ ကျွန်တော်ကို အားလုံးက အပြစ်ပုံချခဲ့ပါတယ်။အနိုင်ကျင့်ယုတ်မာတဲ့လူတစ်ယောက်အဖြစ် ပတ်၀န်းကျင်ရဲ့ ဖယ်ကျဉ်ခြင်းလဲ ခံရပြီး နောင်တကြောင့်ရတဲ့ အပြစ်ရှိခံစားစိတ်နဲ့ အထီးကျန်ဝေဒနာကြောင့် ကျနော်သတ်သေဖို့ကလွဲ ကျန်တာမစဉ်းခဲ့မိပါဘူး။ကျွန်တော့်ရဲ့ မိုက်မဲဆိုးသွမ်းမှုတွေကို သူ့ကို တောင်းပန်ပြီးမှ သေမယ်ဆိုတဲ့စိတ်နဲ့ပဲ ကျွန်တော် အသက်ဆက်ရှင်နေခဲ့ပါတယ် ဒီလိုနဲ့ ကျောင်းပြီးပြီး အလုပ်လျှောက်တဲ့နေ့မှာ သူမနဲ့ပြန်ဆုံတွေ့ပြီး ကျွန်တော်ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ သူမကိုတောင်းပန်ရင်း ကျွန်တော်...... ဒီanimationလေးက 2016ခုနှစ်မှာထွက်ခဲ့တဲ့ ဂျပန်အန်နမဲလေးဖြစ်ပြီး အနိုင်ကျင့်တတ်တဲ့ ကျောင်းသားတစ်ယောက်နဲ့ အပြုံးယဲ့ယဲ့လေးနဲ့ နားမကြားကောင်မလေး‌အပေါ် အခြေတည်ရေးဖွဲ့ထားတဲ့ ဇာတ်အိမ်ရိုးရိုးလေးပါပဲ အပြစ်ရှိခံစားစိတ်က လူတစ်ယောက်အတွက် သေစေနိုင်တဲ့ထိ စိတ်ဒဏ်ရာ ရနိုင်တာကို ရိုက်ကူးထားပြီး မသန်စွမ်းတစ်ယောက်ရဲ့ စိတ်နှလုံးသားနူးညံ့ပုံနဲ့ ဇာတ်လမ်းရိုးရိုးလေးကို မွမ်းမံပြီး လူတိုင်းရဲ့စိတ်နှလုံးကို ဖမ်းဆုပ်နိုင်အောင် တင်ဆက်ပေးထားပါတယ်. သိပ်ကို စိတ်ထဲထိခိုက်စေပြီး မျက်ရည်ကျလောက်တဲ့ထိကို ဆွဲဆောင်နိုင်တဲ့ဇာတ်လမ်း‌တပုဒ်ပါပဲ.. Animeဖန်တွေလဲ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းတပုဒ်ဖြစ်သလို dramaသမားတွေလဲ ကြည့်သင့်တာကြောင့် cmက ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.... Translated by : Idiot Myo Ko( FA) Reviewed and Encoded by : YK Quality : 1080p Blu-Ray H264 and 720p

Action • Adventure • Science Fiction • Thriller
8.4 2016 130 mins
A Silent Voice: The Movie
The Perfect Score
5.7

Perfect Score Movie Synopsis IMDb 5.7/10 အားလုံးသိကြတဲ့ Marvel သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evans နဲ့ Scarlett Johansson တို့ရဲ့ ဆယ်ကျော်သက်အရွယ် လူငယ်ဆန်တဲ့ သရုပ်ဆောင်ပုံတွေကို မြင်ရမဲ့ မိသားစုကြည့်လို့ရတဲ့ မှုခင်း ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အထက်တန်းကျောင်းသား Kyle (Chris Evans) ဟာ ရည်မှန်းချက်ကြီးပြီး ကြိုးစားတဲ့ လိမ္မာတဲ့ကျောင်းသားတစ်ယောက်ပါ။ GPA လို့ခေါ်တဲ့ အတန်းတွင်းရမှတ်ကောင်းတယ်ဆိုပေမဲ့ သူတက်ချင်တဲ့ ဗိသုကာကောလိပ်ကိုတက်ခွင့်ရဖို့ ကောလိပ်ဝင်ခွင့် S.A.T စာမေးပွဲမှာ သတ်မှတ်ထားတဲ့ အမှတ်မရတဲ့အခါမှာတော့ သူနဲ့ အခြေအနေအတူတူပဲဖြစ်တဲ့ သူငယ်ချင်း Matty နဲ့ပေါင်းပြီး ရသမျှနည်းလမ်းနဲ့ အဖြေလွှာတွေခိုးဖို့ ကြံစည်ပါတော့တယ်။ Matty နဲ့ Kyle နှစ်ယောက်သားဟာ အကူအညီရနိုင်တဲ့နေရာမှန်သမျှ လိုက်စုံစမ်းကြည့်တဲ့အခါ Francesca (Scarlett Johansson) လို့ခေါ်တဲ့ ကောင်မလေးရဲ့ အဆက်အသွယ်တွေနဲ့ အဖြေလွှာတွေခိုးလို့ရနိုင်ကြောင်း သိသွားတဲ့နောက်မှာတော့ လိမ္မာတဲ့ကျောင်းသားလေး Kyle၊ ကံဆိုးသူ သူငယ်ချင်း Matty၊ ကလန်ကဆန်ကောင်မလေး Francesca တို့နဲ့ အတူ နောက်ထပ် သုံးယောက်အနေနဲ့ ဘယ်သူတွေထပ်ပါလာပြီး အဖြေလွှာတွေ ဘယ်လိုခိုးဖို့ ကြံစည်ကြလဲ အထက်တန်းကျောင်းသား ၆ ယောက်ကကော အဖြေလွှာတွေ ခိုးဖို့ အောင်မြင်သွားကြလား၊ သူတို့ တက်ချင်တဲ့ ကောလိပ်တွေမှာကော ဝင်ခွင့်တွေရသွားမလား ဆိုတာကို စိတ်ဝင်စားစရာအဖြစ်ကြည့်ရမှာပဲဖြစ်ပါတယ်။ Perfect Score ရုပ်ရှင်ဟာ ကောလိပ်ဝင်ခွင့် SAT စာမေးပွဲရဲ့ အဖြေတွေကို ခိုးဖို့ ကြံစည်ကြတဲ့ အထက်တန်းကျောင်းသား ၆ ယောက်ရဲ့အကြောင်းပြောပြထားပြီး ကျောင်းစာမေးပွဲမှာ အမှတ်ကောင်းရဖို့ အရေးကြီးတယ်ဆိုပေမဲ့ ဘဝမှာ စာမေးပွဲအမှတ်ထက်ပိုတဲ့ သင်ယူစရာတွေ အတွေ့အကြုံတွေလည်း အများကြီးရှိသေးတယ်ဆိုတဲ့အကြောင်း၊ ကိုယ့်အကြောင်း သေချာမသိပဲ အမြင်နဲ့ သတ်မှတ်လိုက်တဲ့ လူတစ်ချို့ရဲ့စံနှုန်းသတ်မှတ်ချက်တွေအကြောင်း ပညာပေးတဲ့ အယူအဆ ရိုက်ချက်တွေပါဝင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size… 1.29 GB / 739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Yumi

5.7 2004
The Perfect Score
Silent Night
7.5

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDB 7.5 ထိ ရရှိထားပြီး Nomination 4 ခုဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့အဖြစ်အပျက်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကားထဲကလိုဖြစ်ရပ်မျိုး ပထမတကြိမ်ဖြစ်ခဲ့ဖူးတာကတော့ ပထမကမ္ဘာစစ်ကာလ ၁၉၁၄ ခုနှစ်မှာပါ။ Christmas Truce လို့ခေါ်ပါတယ်။ တဖက်နဲ့တဖက် အသေအလဲပစ်ခတ်နေကြတဲ့ ရန်သူစစ်သားတွေဟာ မုန်းတီးမှုတွေကိုခနဘေးဖယ်ထားပြီး လူသားဆန်စွာနဲ့ ခရစ်စမတ်နေ့လေးကိုဖြတ်သန်းခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားဟာလည်း အမေရိကန်စစ်သားသုံးယောက်နဲ့ဂျာမန်စစ်သားသုံးယောက်တို့ ခရစ်စမတ်ညလေးကို ပျော်ရွှင်စွာအတူဖြတ်သန်းကြတဲ့အကြောင်းရိုက်ပြထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ၁၉၄၄ ခုနှစ်၊ ခရစ်စမတ်မတိုင်မီနေ့မှာ “မစ္စဝင်ကန်”နဲ့ သူမရဲ့သား “ဖရစ်” တို့ဟာ မြို့ပေါ်ကအိမ်ဗုံးကြဲခံလိုက်ရတဲ့အတွက် တောထဲက အမဲလိုက်တဲ့အိမ်လေးမှာခနပုန်းရှောင်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ထိုနေရာဟာ အမေရိကန်နဲ့ ဂျာမန်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာပါ။ မစ္စဝင်ကန်ကတော့ အေးဆေးစွာနဲ့ပဲ တဲအိမ်ရောက်ရောက်ချင်းသူ့သားကိုစာသင်ဖို့လုပ်ပါတော့တယ်။ ထိုစဉ်မှာပဲ အမေရိကန်စစ်သားသုံးယောက်လမ်းမှားပြီး မစ္စဝင်ကန်တို့တဲအိမ်‌လေးကိုရောက်ရှိလာပါတယ်။ မစ္စဝင်ကန်လည်း ဘာမှမပြောသာပဲ ဝင်ခွင့်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ဂျာမန်စစ်သားသုံးယောက် မစ္စဝင်ကန်တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်စစ်သားသုံးယောက်နဲ့ ဂျာမန်စစ်သားသုံးယောက်၊ မစ္စဝင်ကန်တို့သားအမိ ၊ တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်းမှာ ဒီလိုရန်သူခြောက်ယောက်ဟာ မုန်းတီးမှုတွေခနဘေးဖယ်ထားပြီး ခရစ်စမတ်ညလေးကိုဘယ်လိုဖြတ်သန်းကြမလဲဆိုတာ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(1.6 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, Biography, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

7.5 2002
Silent Night
Days of Happiness
6.8

Days of Happiness (2023) ~ IMDb – 6.8/10, Rotten Tomatoes – 100% ~ ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ လက်ထိပ်ဖျားမှာ ကစားတဲ့ ဘောပင်လေးတစ်ချောင်းသာသာပါပဲ။ အမ်မာဟာ အချစ်ကိုတွေ့ပြန်တော့လည်း သူ့တီးဝိုင်းထဲက ဆယ်လို (Cello) သမားလည်းဖြစ်၊ အိမ်ထောင်ကွဲစ သားတစ်ယောက်မိခင်ငယ်လေးဖြစ်တဲ့ နာအဲလ်ဖြစ်နေပြန်ပါတယ်။ အစကတည်းကမှ စိန်ခေါ်မှုတွေများပြီးသား ဘဝမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ထပ်လို့ လောင်းကြေးတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမ်မာလေးအတွက် အလုပ်နဲ့ အချစ် မျှခြေတွေက ဘယ်လိုဖြစ်ဦးမှာလဲ… ဒီရုပ်ရှင်ဟာ မနှစ်က ၂၀၂၃ ခုနှစ်ကမှ ကနေဒါနိုင်ငံက ထွက်ထားတဲ့ Girl Love ပါဝင်တဲ့ Drama ကားလေးဖြစ်ပါတယ်။ ဒီကားထဲက အမ်မာလေးဟာဆိုရင်လည်း ပုံမှန်အချိန် ဆံပင်လေးချထားရင် ငုံထားမတတ်ချစ်ဖို့ကောင်းနေပြီး ဆံပင်တွေ ပြောင်နေအောင် အနောက်ကို သပ်လို့ စင်မြင့်ပေါ် အနက်ဝမ်းဆက်နဲ့ ထင်ပေါ်နေချိန်ကျရင်လည်း ပြေးလျက်ရမတတ် ခ,စားချင်စရာကောင်းပါတယ်။ အဲဒီလို Cute ကော Cool ကော တစ်ပြိုင်တည်း တွေ့ရတတ်သူက ရှားပါတယ်။ နောက်ပြီး အပြင်မှာ ဈေးကြီးပေးပြီးမှ ဝင်ကြည့်ခွင့်ရမယ့် သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေမှုတွေကိုတင်မက အစမ်းလေ့ကျင့်တာတွေ နောက်ကွယ်က ရုန်းကန်မှုတွေကိုပါ ဒီမှာ အနီးကပ်ခံစားခွင့်ရမှာနဲ့တင် တော်တော် တန်နေပါပြီမို့ ကိုယ်တိုင်ကိုယ်ကျပဲ ဒေါင်းကြည့်လိုက်ကြပါဦးနော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 58Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 2023 118 mins
Days of Happiness
Tekken 2: Kazuya’s Revenge

ဒီကားက​တော့ ပထမထွက်ခဲ့တဲ့Tekkenကားရဲ့ နံပါတ်နှစ်ကားပါ။ ဒုတိယကားဆို​ပေမဲ့ ပထမကားနဲ့ မဆိုင်​သလို ဇာတ်လမ်းကလည်း Live actionကားပီသစွာပဲ ပထမကား​ခြေရာကို နင်းနိုင်တဲ့အပြင် ပို​တောင်သာဦးမယ် ထင်ပါတယ်။ ဇာတ်လမ်းအစမှာ လူတစ်​ယောက်က အခန်းတစ်ခုထဲနိုးလာတယ်။ အဲဒီအချိန် ရဲ​တွေကဝင်ဖမ်းလို့ ထွက်​ပြေးရင်း ကားတိုက်မိပြီး ​မေ့သွားတယ်။ သတိရလာ​တော့ ဘုန်း​တော်ကြီးဆိုတဲ့ လူတစ်​ယောက် ဖမ်းထားတာကို ထပ်ခံရတယ်။ ဘုန်း​တော်ကြီးက နာမည်​မေး​တော့ သူ့နာမည်သူမသိသလို သူ့ဘဝအ​​ကြောင်းကိုလည်း မမှတ်မိပါဘူး၊ ဒါနဲ့ပဲ ဘုန်း​တော်ကြီးက သူ့ကို “​ကေ”လို့ နာမည်​ပေးလိုက်ပြီး သူ့ရဲ့ ​ကြေးစားအလုပ်​တွေ လုပ်ခိုင်းပါ​တော့တယ်။ ဘုန်း​တော်ကြီးဆိုတဲ့လူက လူ​ကောင်းမဟုတ်​​နေဘဲ ​​ပိုက်ဆံယူပြီး လူသတ်တဲ့အလုပ်ကို အဖွဲ့အစည်းနဲ့ လုပ်​နေတာပါ။ အတိတ်​မေ့​နေတဲ့ ​ကေက ဘုန်းကြီး ခိုင်းတဲ့ အလုပ်​​တွေလုပ်ပြီး လူ​တွေလိုက်သတ်ရင်း သူ့ဘဝအမှန်ကို ပြန်သတိရ​အောင်၊ ဘုန်း​တော်ကြီးရဲ့ ခိုင်းဖက်ဘဝက လွတ်​အောင် ကြိုးစားရပါ​တော့တယ်။ ​ကေရဲ့ဘဝအမှန်ကဘာလဲ၊ သူအတိတ်​မေ့​နေတဲ့ အ​​ကြောင်းရင်းက ဘာလဲ၊ သူ့ကိုဖမ်းဆီးထားတဲ့ ဘုန်း​တော်ကြီးလက်က လွတ်​အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ ဂိမ်းနာမည်မျက်နှာ ​ထောက်ထားပြီး ကြည့်လိုက်ကြပါဦး။ File size… 1.2 GB / 694 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

TV Movie • Mystery
0 2014
Tekken 2: Kazuya’s Revenge
Alvin and the Chipmunks: Chipwrecked
4.3

Alvin and the Chipmunks: Chipwrecked (2011) ================================= ဇာတ်လမ်းလေးကတော့ Brittany Jeanette နဲ့ Eleanor တို့ကိုပါ Ian လက်ကနေကယ်ပြီး Alvin တို့တစ်မိသားစုလုံး အပျော်စီးသ င်္ဘောနဲ့ အပန်းဖြေခရီးထွက်တဲ့အချိန်မှာစပါတယ်။ ထိန်းရမယ့်လူ ပိုများလာလို့ Dave တစ်ယောက် လက်မလည်ဖြစ်နေချိန်မှာ Alvin ဆိုတာကတော့ သိတဲ့အတိုင်း တောင်ဆို မြောက်ရောက်နေပါပြီ။ အပျော်ကနေ အပျက်ဖြစ်လွန်းတဲ့ Alvin ကို ကပ္ပတိန်ဆီပြန်ချွန်ဖို့ သင်္ဘောဝန်ထမ်းအနေနဲ့ပါလာတဲ့ Ian ကလည်း မျက်စိဒေါက်ထောက် ကြည့်နေပါပြီ။ Ian အကြံအောင်မြင်သွားတဲ့အခါမှာတော့ ဆော့လွန်းပါတယ်ဆိုတဲ့ Alvin တို့တစ်သိုက်ခမျာ ဆော့နည်းပေါင်းစုံပိတ်ပင်ခံလိုက်ရပါတော့ တယ်။ မခေသူလေးကလည်း ” Alvin တဲ့ကွ ထိန်းလို့မရစေရဘူး ” ဆိုတဲ့အကွက်နဲ့ ကစားစရာစွန်ကိုပါစီးပြီး ဆော့ရာကနေ စီးတဲ့လူရော ကြိုးဆွဲပေးတဲ့ ကျန် ၅ ယောက်ပါ လေလွင့်သူတစ်သိုက်အဖြစ် …. ကိုယ်ထိန်းတဲ့ကလေးတစ်သိုက် လေထဲပါသွားတာတွေ့မှ Dave လည်း နောက်ကလိုက်ဖို့ပြင်ပါတော့တယ်။ ဒါပေမယ့် Dave အဖြစ်က Alvin တို့ထက်တောင် ပိုဆိုးတယ်လို့ ပြောလို့ရပါတယ်။ Ian လည်း Dave နဲ့ အတူ သင်္ဘောပေါ်ကပြုတ်ကျပြီး ဇနကဇာတ်ကို ဖရီးကရလိမ့်မယ်လို့ ထင်ထားမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ….. ပင်လယ်ထဲအထိ ကြိုးစားပမ်းစား လိုက်ရှာပြီးလို့ မိသားစုတွေ ပြန်ဆုံမိတဲ့အချိန်မှာမှ မထင်မှတ်ထားတဲ့ ဗီလိန်က ထွက်ပေါ်လာခဲ့ပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(2.03 GB) / (1.06 GB) Quality…………WEB-RIP 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy, Family Translator…….Hnin Wut Yi Encoder……….SWM

4.3 2011
Alvin and the Chipmunks: Chipwrecked
Perfume: The Story of a Murderer
7.5

Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ လူသားကို ပေါက်စီထဲ ထည့်ပြီး စားတာ ရှိမယ်၊ steak အဖြစ်နဲ့ medium rare လေး ချက်စားကြတာမျိုး ရုပ်ရှင်တွေ ရှိပါတယ်။ ဒါပေမယ့် လူတွေကိုသတ်ဖြတ်ပြီး ရေမွှေးလုပ်တာတော့ မရှိသေးပါဘူး။ ဒီအတွက်ကြောင့် ဦးဦးဖျားဖျားလေးဖြစ်အောင် လူသတ်ပြီး ရေမွှေးလုပ်ဆွတ်တဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကို ပဲရစ်မြို့ ၁၇၃၈-၁၇၆၇ ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ ဂျင်းဗတ္တိစ်ဂရန်နျူရီက ပဲရစ်မြို့ ငါးစိမ်းတန်းမှာ မွေးဖွားခဲ့တဲ့ အနံ့ခံကောင်းတဲ့ ပါရမီရှင်လေးပါ။ သူ့ရဲ့ပါရမီက ဘုရားက အပ်နှင်းတဲ့ လက်ဆောင်လို့ပဲဆိုရမလား ကျိန်စာလို့ပဲဆိုရမလား၊ သူရဲ့ အနံ့ခံပါရမီကြောင့် မွေးမွေးချင်းမှာတင် သူ့အမေက ကြိုးစင်ပေါ်တက်လိုက်ရပါတယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာ ရောက်သွားပြီး ထိုကနေမှတဆင့် စက်ရုံတစ်ခုမှာ ကျွန်အဖြစ်ရောင်းစားခံလိုက်ရပါတယ်။ ဂရင်းမဲ သားရေသန့်စင်စက်ရုံမှာ အလုပ်လုပ်ရင်း မြို့ထဲမှာ ပစ္စည်းသွားပို့နေတုန်း အလွန်တရာကို ထူးခြားတဲ့ အနံတစ်ခုကို ရလိုက်ပါတော့တယ်။ ထိုအနံ့ကတော့ မိန်းကလေး တစ်ယောက်ကို သတ်လိုက်ပြီး ထွက်ပေါ်လာတဲ့ အနံ့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ မိန်းကလေးတွေကို သတ်ပြီး ရတဲ့အနံ့ကို အလွန်စွဲလန်းသွားပြီး ရေမွှေးလုပ်ဆွတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ သူ ဘယ်လို မိန်းကလေးတွေကို သတ်မလဲ၊ ရေမွှေးကို ဘယ်လိုဖန်တီးမလဲ၊ သူရဲ့ ရက်စက်လှတဲ့ လူသတ်မှုတွေကနေ မိန်းကလေးတွေ လွတ်မြောက်နိုင်ပါ့မလား၊ သူရဲ့လုပ်ရပ်အတွက်ရော သူအပြစ်ပေးခံရမှာလားဆိုတာကို ရင်တထိပ်ထိပ်နဲ့ ဇာတ်လမ်းဦးစားပေးအနေနဲ့ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:27:00 Genre…Crime, Fantasy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

7.5 2006
Perfume: The Story of a Murderer
An American Haunting

နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Hunger Games , Pride and Prejudice တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donald Sutherland , ကလေးဘဝရဲ့အမှတ်တရ ဇာတ်လမ်းလေး ဖြစ်တဲ့ Peter Pan နဲ့ နာမည်ကြီး Horror Movie ဖြစ်တဲ့ Perfume တို့မှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Rachel Hurd-Wood စတဲ့နာမည်ကြီးသရုပ် ဆောင်တွေ ပါဝင်တဲ့ An American Hunting ဟာဆိုရင် Horror ရုပ်ရှင်အမျိုးမစားဖြစ်ပါတယ် ဒါရိုက်တာကတော့ Courtney Solomon ဖြစ်ပြီး ဇာတ်လမ်းကတော့ The Bell Witch: An American Hunting ဆိုတဲ့ Classic ဝတ္ထုရှည်ပေါ်ကိုမှီငြမ်းရိုက်ကူးထားပါတယ် ဇာတ်လမ်းလေးရဲ့အစမှာတော့ သမီးဖြစ်သူ Jane ဟာ အိပ်မက်ဆိုးတွေခဏခဏ မက်ပြီးကြောက်လန့်တကြားတွေဖြစ်ရာမှ သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ 19 ရာစု ခုနှစ်တွေတုန်းက အမေရိကန်မှာ လူသိများခဲ့တဲ့ Bell မိသားစုနဲ့ ဆက်စပ်နေပါတယ် Bell မိသားစုဟာ စုန်းမလို့ သိကြတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ငွေကြေးကိစ္စ အငြင်းပွားရာကနေ မိသားစုတွင်းမှာ ဆက်တိုက် အဖြစ်ဆိုးတွေကြုံလာရတဲ့အခါ တကယ်ပဲအဲ့ဒီအမျိုးသမီးရဲ့ ကျိန်စာအတိုက်ခံရသလား အဖြစ်ပျက်တွေရဲ့နောက်ကွယ်မှာ အမှန်တကယ်က ဘယ်သူရှိနေလဲဆိုတာ တော့ ဇာတ်လမ်းကလေးမှာဆက်လက်ကြည့်ရှုလိုက်ပါ ခင်ဗျာ File size…(1.6 GB)/(839 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Judy Berry

Action • Crime • Thriller
0 2005
An American Haunting
Five Heroes In The Wild
5.8

ဟာသကားလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် သွေးမတော်သားမစပ်တဲ့ ညီအစ်ကိုသံယောဇဉ်တွေနဲ့ စိတ်ဓာတ်ကောင်းတဲ့ခေါင်းဆောင်ကောင်းအကြောင်းကို ရိုက်ပြထားတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – တစ်နိုင်ငံလုံး ပလိပ်ရောဂါကြောင့် အငတ်ဘေးဆိုက်နေတဲ့အချိန် ပညာတတ်တစ်ယောက်ဖြစ်တဲ့ ပါးသောင်းဆိုတဲ့လူငယ်လေးဟာလည်း သူ့အလုပ်ကိုစွန့်ပြီးအစားအသောက်ရှာဖို့ မြို့ပြင်ရွာပြင်အနှံ့အစားအသောက်ရှာဖို့ထွက်ရပါတော့တယ် ။ ဒီလိုနဲ့ကံကြမ္မာဖန်လာပြီး စာရင်းကိုင်တစ်ယောက်ဖြစ်တဲ့သူက သူဖုန်းစားတစ်ယောက်၊ အမဲလိုက်သမားတစ်ယောက် ၊ သင်းကွပ်သမားတစ်ယောက် ၊ သမားတော်တစ်ယောက်နဲ့အတူ ဓားပြလုပ်ဖို့ဖြစ်လာပါတော့တယ် ။ ဓားပြလုပ်ပေမဲ့ အငတ်ဘေးဆိုက်နေတဲ့သူတွေချည်းဆိုတော့ သူတို့ဓားပြတိုက်ဖို့လည်းလူမရှိဖြစ်နေခဲ့ပါတယ် ။ ဒီလိုနဲ့ပလိပ်ရောဂါဖြစ်နေတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သွေးလင်ဇီးမှိုကိုရှာဖို့ဖြစ်လာခဲ့ပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ သူတို့၅ယောက် လင်ဇီးရှာရင်း ကြုံတွေ့ရမဲ့အခက်အခဲတွေ စည်းလုံးကြပုံလေးတွေကို ဟာသလေးနှောပြီးရိုက်ထားတာကိုမြင်ရမှာဖြစ်လို့ ဇာတ်ကားလေးကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော် ။

Drama
5.8 2024
Five Heroes In The Wild
#AMFAD: All My Friends Are Dead

အမေရိကန်ပြည်ထောင်စုမှာ KarmaPaloozaဆိုတဲ့ ပွဲတော်ကျင်းပလေ့ရှိတယ် အဲဒီပွဲတော်နဲ့ပတ်သတ်ပြီး အတိတ်ဆိုးကြီးတစ်ရပ်လည်းရှိခဲ့တယ် အဲဒီပွဲတော်နေ့မှာပဲ လူအစုလိုက်အပြုံလိုက်သတ်ခြင်းဖြစ်ပွားခဲ့တယ် ဒါပေမဲ့ တရားခံကိုလည်းလုံးဝရှာမတွေ့ခဲ့ပါဘူး ခုတော့အဲဒီတရားခံလွတ်နေတာနှစ်နှစ်ဆယ်ကြာခဲ့ပြီးဖြစ်ပြီး KarmaPalooza ပွဲတော်ရက်ကြီးကိုလည်း ပြန်လည်ရောက်ရှိလာခဲ့ပါတယ် လူတွေအားလုံးရဲ့စိတ်ထဲမှာတော့ နှစ်နှစ်ဆယ်ပြည့် KarmaPaloozaပွဲတော်ကြီးမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က တရားခံပြန်လည်ပေါ်ပေါက်လာမလား တရားခံကရောဘယ်သူလဲ သူတို့ဘယ်လိုဟာမျိုးတွေလုပ်ခဲ့တာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ပေးကြပါဦး File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre… Slasher Horror, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

0 2024 91 mins
#AMFAD: All My Friends Are Dead
Krazy House
5

Krazy House (2024) မင်းသမီးကြီး Alicia Silverstone နဲ့ ဟာသမင်းသားကြီး Nick Frost ပါဝင်ထားတဲ့ Comedy/Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ 90s sitcom တွေ vibe မျိုး အပြည့်အဝ ရပြီး Christians မိသားစုနဲ့ ဇာတ်အိမ် တည်ထားပါတယ်။ Bernie Christians ဟာ နာမည်အတိုင်းပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန် ကောင်းတစ်ယောက်ဖြစ်ပါတယ်။ မိန်းမဖြစ်သူ Eve ကတော့ အလုပ်ပဲ စိတ်ဝင်စားပြီး တခြားဘာကိုမှ စိတ်မဝင်စားပါဘူး။ သားနဲ့ သမီး နှစ်ယောက်ကလည်း သူ့စကားကို နားမထောင်တဲ့အပြင် အဖေကို လေးလေးစားစားမရှိကြပါဘူး။ ဒီလိုနဲ့ သူတို့အိမ်ကို ရေပိုက်ပြင်ဖို့ Russia လူမျိုး သားအဖ သုံးယောက် ရောက်လာကြပါတယ်။ ရေပိုက်ပြင်တဲ့ အကြောင်းပြချက်နဲ့ မီးဖိုခန်းတစ်ခုလုံး အိမ်တစ်ခုလုံးက နံရံတွေကို ဖြိုချကြပါတယ်။ အလုပ်အလွန်အကျွံလုပ်လွန်းလို့ ကျန်းမာရေး မကောင်းဖြစ်သွားတဲ့ မိန်းမကို ပြုစုရတာ တစ်ဖက်၊ စကားနားမထောင်တဲ့ သားသမီးတွေကို ထိန်းကျောင်းရတာ တစ်ဖက်အပြင် လူဆိုးတွေလိုလို အိမ်ကို ဖျက်ပစ်နေတဲ့ သားအဖ သုံးယောက်ကိုပါ လိုက်တားနေရတဲ့အခါ Bernie စိတ်ထဲမှာ မကောင်းတဲ့ ရုတ်တရက် အတွေးတွေ ခဏခဏ ဝင်လာပါတော့တယ်။ Horror နဲ့ ဟာသရောပြီး 90s sitcomပုံစံ ရိုက်ထားတာမို့လို့ သဘောကျကြမယ်လို့ ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:30:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Horror
5 2024 90 mins
Krazy House