YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Ted Lasso.S01E09.All.Apologies.1080p.mp4

385.21 MB 1080p video/mp4 334 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Curious Case of Dolphin Bay
5.8

Mystery နဲ့ လူငယ်ကားလေးတွေကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် The Curious Case of Dolphin Bayဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလုံးလည်း သိပြီးကြတဲ့အတိုင်း ကမ္ဘာကြီးက တဖြည်းဖြည်းပူနွေးလာပြီး ပင်လယ်ပျော်သတ္တဝါတွေလည်း မျိုးတုံးလာကြပါတယ်။ ဒီလိုပင်လယ်သတ္တဝါတွေမျိုးတုံးလာမှုကို ဖြေရှင်းချင်ပြီး ပင်လယ်ချစ်တတ်တဲ့ Quinnဟာ ကျောင်းပိတ်ရက်မှာ သြစတေးလျမှာရှိတဲ့ အဏ္ဏဝါဇီဝဗေဒစင်တာ တစ်ခုမှာ အလုပ်သင်လုပ်ဖို့ လင်းပိုင်ပင်လယ်အော်ကို လာခဲ့ပါတယ်။ အလုပ်သင်ဆင်းတဲ့ လူငယ်လေးယောက်ထဲမှာမှ Teddyဆိုတဲ့ကောင်လေးက အဏ္ဏဝါဇီဝဗေဒကို စိတ်ဝင်စားလို့မဟုတ်ဘဲ ဒီပင်လယ်အော်မှာရှိနေတဲ့ ရတနာသိုက်ရှာဖို့ လာခဲ့တာပါ။ စိတ်ကူးယဥ်ဆန်ဆန် Mysteryတွေကို ဖြေရှင်းချင်တဲ့ Teddyနဲ့ လက်တွေ့ကိုပဲ ယုံကြည်တဲ့ သိပ္ပံသမား Quinnတို့ ဘယ်လိုတွေ သူငယ်ချင်းဖြစ်သွားကြမလဲ။ ပြီးတော့ ဒီပင်လယ်အော်မှာပဲ ခြောက်လှန့်နေတဲ့ ရတနာသိုက်ရှာတစ္ဆေတစ်ကောင်လည်း ရှိနေပါသေးတယ်။ အဲဒီကိစ္စကိုရော Quinnတို့ ဘယ်လိုအဖြေရှာကြမလဲ..... ဒီကားကိုကြည့်ရတာတန်စေတဲ့ အကြောင်းအရင်းတွေကတော့ ပင်လယ်ကမ်းခြေရှုခင်းတွေ သန္တာကျောက်တန်းဇီဝမျိုးကွဲတွေကို တွေ့ရတာအပြင် အဆင်ချောချောလေးကို ငမ်းရတာလည်းပါပါသေးတယ် File size…(1.88GB) / (969MB) / (490MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:23:00 Genre...Adventure / Family / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jane

Drama • Horror • Romance
5.8 2022 83 mins
The Curious Case of Dolphin Bay
Shanghai Knight
1

စစ်​အေး​ခေတ် ဗြိတိသျှ​နေမဝင်အင်ပါယာနဲ့ ဂျပန်အင်ပါယာတို့ အာရှတိုက်တစ်ဝန်း နယ်ချဲ့ကျွန်ပြုထားတဲ့ ​ခေတ်ကာလတစ်ခုမှာ တရုတ်ပြည်မကြီးမှာလည်း မျက်နှာဖြူနဲ့ ဂျပန်​တွေ ကြီးစိုး​​နေတဲ့ အချိန်​ပေါ့၊ ရှန်ဟိုင်းမြို့Bundအရပ်မှာ ဂျင်ဂွမ်ယုံဆိုတဲ့ သူ​ဌေးက ဆိပ်ကမ်း ၇ခုပိုင်ဆိုင်ပြီး ကုန်တင်ကုန်ချလုပ်ငန်းက​နေ စီးပွားရှာနေသူ​ပေါ့၊ သူနဲ့စီးပွားပြိုင်ဖက်က​တော့ အုချီယမဆိုတဲ့ ဂျပန်ပြည်ကလာတဲ့ သူ​ဌေးတစ်​ယောက်ပါ၊ ဆိပ်ကမ်းပိုင်သူ​ဌေးနဲ့ သွင်းကုန်လုပ်ငန်းရှင်တို့ ဖြစ်တာနဲ့အညီ ရန်ပွဲ၊တိုက်ပွဲ​တွေ ပဋိပက္ခ​တွေအမြဲဖြစ်​လေ့ရှိတဲ့ ကမ္ဘာ့ရန်​သဖွယ် ဖြစ်​နေကြသူ​တွေပါ။ ဒီလိုစီးပွားပြိုင်၂ဦးလုံးက တိုက်တိုက်ဆိုင်ဆိုင် မြင်းပွဲကို​တော့ အထူးခုံမင်ကြပါတယ်၊ ဒီလိုနဲ့ပဲ နှစ်ရှည်လများ ဖြစ်တည်လာတဲ့ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်းပွဲတစ်ပွဲနဲ့ စည်းစိမ်ကုန် ​​လောင်း​ကြေး ထပ်ကာ အဆုံးသတ်ဖို့သ​ဘောတူခဲ့ကြပါတယ်၊ မြင်းပွဲရှိပြီဆိုရင် ကိုယ့်ပြိုင်မြင်းကို အ​ကောင်းဆုံးထိန်း​ကျောင်းနိုင်တဲ့ ​ဂျော်ကီကို လိုလာစမြဲပါ၊ ဒီလို စည်းစိမ်ကုန်၊ ဂုဏ်သိက္ခာကုန် ​အ​လောင်းစား လုပ်ထားတဲ့ပွဲမှာ ​ဂျော်ကီ​ကောင်းရှိဖို့ ပိုလိုအပ်လာပါတယ်။ အဆိုပါ​ဂျော်ကီ​နေရာကို​ လုပ်ငန်းရှင်၂ဦးက မာယွန်​ဖေးဆိုသူ ဆိပ်ကမ်းအလုပ်သမားတစ်ဦးကို မျက်စိကျလာပါတယ်၊ သူက လူရိုးလူ​ဖြောင့်ဖြစ်သလို အလုပ်သမား​တွေရဲ့ နစ်နာဆုံးရှူံးမှု​တွေတန်ရာတန်​ကြေးပြန်ရ​ဖို့ ဂျင်ဂွမ်ယုံနဲ့ မကြာခဏ ထိပ်တိုက်​တွေ့​ဖြေရှင်းတတ်တဲ့ သူတစ်​ယောက်ပါ၊ မြင်းစီးပညာလည်း ​ထူးချွန်တာဖြစ်လို့ ဂျင်ဂွမ်ယုံ​ရော အုချီယမ​ရောက သူ့ကို ​ဂျော်ကီအဖြစ်​ခေါ်ယူချင်​နေတာပါ။ အ​လောင်းအစားတစ်ခုနဲ့ အရာအားလုံးရင်းထားတဲ့ ဒီမြင်းပွဲမှာ ဘယ်သူကဗိုလ်ဝင်ခံမှာလဲ ၂ဖက်လုံး​ခေါ်ယူချင်​တဲ့ မာယွန်​ဖေးက ဘယ်သူ့ဘက်က ရပ်တည်မလဲ ​မြွေ​မြွေချင်း​​ ခြေမြင်၊ ကတုံး​ပေါ် ထိပ်ကွက်ဖို့ပဲ ကြံ​နေတဲ့ ဒိတ်ဒိတ်ကြဲ သူ​​ဌေး၂ဦးရဲ့ အားပြိုင်ပွဲမှာ ဘယ်လိုလှည့်ကွက်​တွေ၊ ​နောက်​ကျောဓါးထိုးမှု​တွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ၊ တရုတ်ကားဆို CGI အများကြီး ပါဝင်တဲ့ သိုင်းကား​တွေပဲ အထွက်များ​နေတဲ့အချိန် ကိုလိုနီ​ခေတ် ဂိုဏ်းအားပြိုင်မှု​တွေ ပြန်မြင်​တွေ့ခွင့်ရတာတမျိုးထူးခြားတာမို့ ကြည့်ရှူခံစားကြည့်လိုက်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (750MB) Quality__WebDL_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__01:30:00 Type__Action, Crime, History Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama • Family
1 2022 88 mins
Shanghai Knight
Promises
6.5

အချစ်ဦး....အချစ်ဆုံး....ဖူးစာ ဒီသုံးမျိုးလုံးကို ချစ်​သောသူ တစ်ဦးတည်းနဲ့ ​သေတပန်သက်တဆုံး ကြုံဆုံခွင့်ရခဲ့တဲ့သူက ​ကောင်းကင်​ပေါ်က အပ်တစ်​စင်းနဲ့ ​မြေ​ပေါ်က အပ်တစ်စင်းထိသလို သိပ်ကို ကံ​​ကောင်းလွန်းသူ ဖြစ်မှာပဲ...သိပ်ကို အားကျမိတာပဲ.... အလက်ဇန်းဒါးဆိုတဲ့ ကိုယ်က​တော့ အချစ်​ပေါသူလို့ပဲ ဆိုရမလား၊ ​နဖူးမှာ ဖူးစာ​ရေးထိုးမထားဘဲ ချစ်​​သောသူနဲ့ ကွဲ​စေသတည်းလို့များ မှတ်​ကျောက်တင်ထား​​လေသလား၊ ဒီ၃မျိုးလုံးနဲ့ ဆုံဖူးခဲ့ပြီး ဒီ၃မျိုး ​ကြောင့် အကြိမ်ကြိမ်ပြိုလဲခဲ့ရသူ​ပေါ့.... - လူမှန်​ပေမယ့် အချိန်မတန်ခဲ့သူ... - လူ​ရော၊အချိန်​ပါ မှန်ပေမယ့် ကျူးပစ်က မျက်နှာသာမ​ပေးခဲ့သူ... - အချိန်တန်ပေမယ့် လူမှန်မဟုတ်ခဲ့သူ... အချစ်နတ်ဘုရားက ကိုယ့်ကိုကလူကျီစယ်ရတာ သ​ဘော​တွေ့ပြီး မ​နော​ခွေ့​နေပုံပါပဲ၊ လိုတာမရ၊ရတာမလိုတဲ့ဘဝကို လူမစွမ်းနတ်,မ ဆိုသလို တစ်ခါ​လောက် အလိုလိုက်​ပေးရင် အမိုက်​စော်ကားမယ့် လူဖြစ်​နေလို့လား.... အချိန်တန်ခဲ့​ပေမယ့် ကိုယ့်ဘက်ကပျက်ကွက်လို့ ​တောင်းပန်ခဲ့တယ်၊ အချိန်တန်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သူ့အမှားမှ မဟုတ်ဘူးလို့ မင်းက ပြန်ဆိုတယ်...လွဲရက်​လေခြင်း ကံကြမ္မာရယ်၊ ဒီဘဝကို အသစ်တစ်ဖန် ပြန်စခွင့်ရရင် မင်းနဲ့ပဲ စ၊လယ်၊ဆုံး ဆုံစည်း ပါရ​စေလို့ ရှိကြီးခိုး ဆု​တောင်းမိပါရဲ့... ခု​တော့ ​နောက်ကျသွားခဲ့ပြီ "ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်​ပေါင်းဘယ်​​လောက်ကြာတတ်လဲ" ​အောင်ချိမ့် အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…1.72GB | 717MB | 289MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Drama • Horror • Mystery • Thriller
6.5 2022 98 mins
Promises
The Banker
7.6

ကလေးဘဝကတက်ဆက်ဇ်မြို့မှာဖိနပ်တိုက်သမားအဖြစ်နဲ့ အလုပ်လုပ်ရတဲ့ လူမည်းလေးဘာနာ့ဒ်ဂါရက်တ်ဟာ ဉာဏ်စွမ်းဉာဏ်စနဲ့ပြည့်စုံပြီး ပါရမီပါတဲ့အတွက် ဖိနပ်တိုက်ရင်းကြားရတဲ့စကားတွေကို သေချာလေ့လာမှတ်သားရင်း ပညာဝမ်းစာဖြည့်ပါတယ်..... သူအရွယ်ရောက်လာတော့ လော့စ်အိန်ဂျယ်မြို့ကိုပြောင်းလာရင်း ဂျိုးဆက်မောရစ်ဆိုတဲ့ လူမည်းတစ်ယောက်နဲ့တွေ့ပြီးတော့ စပ်တူအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ဖြစ်လာခဲ့ပါတယ်.... ဒါပေမယ့် လူမည်းတစ်ယောက်ကိုဘယ်သူမှ အဖက်လုပ်မဆက်ဆံခြင်ကြတဲ့အတွက် သူတို့အခက်အခဲက တကယ့်ကို ကြီးမား လွန်းပါတယ်...သူတို့ (၂) ဘယ်လို ဉာဏ်နီ ဉာဏ်နက်တွေ ထုတ်ပြီး ရှေ့ဆက်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး..... ဒီဇာတ်ကားကတော့ ၁၉၅၀ခုနှစ်ကျော်ကျော်က အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်နေချိန်မှာ ဘဏ်တစ်ခုကိုဝယ်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ဖို့ကြိုးစားတဲ့ လူမည်းနှစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်... မှတ်သားစရာများစွာပါရှိသလို သူတို့ရဲ့ကြိုးစားပုံတွေလည်းတကယ့်ကို အတုယူစရာပါပဲ... အဓိက သရုပ်ဆောင်ဖြစ်တဲ့ Samuel L. Jackson, Nicholas Hoult နဲ့ Anthony Mackie တို့ကိုတော့ အတော်များများသိကြမှာပါ.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ K နဲ့ MarTizasပဲဖြစ်ပါတယ် File Size : (1.1 GB) and (428 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by MarTiza & K Encoded by Phyo Pyae

Action • Comedy • Romance
7.6 2020 120 mins
The Banker
Under the Tuscan Sun
6.8

ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။ အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီး ဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။ အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက် ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလို ကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံ ဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့ မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာ သေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာ ပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင် လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်း သူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာ ရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံက အိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်း သူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင် တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ တော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံ တွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီး ရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
6.8 2003 113 mins
Under the Tuscan Sun
Bruiser
5.9

Bruiser (2022) =========== ဒီဇာတ်ကားကိုတော့ အဖေနှစ်ယောက် သားလုတဲ့ကားလို့ပြောရ မလားပဲဗျ။ လူမည်းမိသားစုတစ်စုရဲ့အကြောင်းပေါ့။ ဒဲရီးယပ်စ်ဆိုတဲ့ ၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက်မှာ ဘော် ဒါဆောင်ကနေ အိမ်ပြန်လာရာက ဇာတ်လမ်းစပါတယ်။ သူ့အဖေရင်းကတော့ သူမွေးလာတုန်းက တာဝန်ယူဖို့အဆင်သင့်မဖြစ် သေးလို့ဆိုပြီး ပစ်သွားတာပါ။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာတဲ့သူက သူ့အမေရဲ့ခင်ပွန်းဖြစ်တဲ့လက်ရှိ အဖေပေါ့။ အဖေရင်းနဲ့လက်ရှိမိဘတွေက ငယ်သူငယ်ချင်းကြီးတွေ ဖြစ်ကြလေရဲ့။ တစ်ရက်ကျ သူ့အဖေရင်းဟာ ပြန်ရောက်ချလာပြီး ဒဲရီးယပ်စ်ရဲ့မိသားစုဘဝထဲကို ဝင်လာပါလေရော။ သွေးသားရင်းဖြစ်တဲ့ အဖေရင်းဟာ သူ့အပေါ်နားလည်ပေးတယ်လို့ ဒဲရီးယပ်စ်တစ်ယောက် ခံစားလာရပါတယ်။ အဖေရင်းကလည်း သူ့ သားသူမတွေ့ရမနေနိုင်တော့ပါဘူး။ လက်ရှိအဖေကတော့ စည်းကမ်း တင်းကြပ်တာတွေ၊ ဆူဆူပူပူပြောတာတွေကြောင့် ဆယ်ကျော်သက် ဖြစ်တဲ့ ဒဲရီးယပ်စ်နဲ့ အစေးမကပ်ဘူးပေါ့။ လက်ရှိအဖေဟာ ဒဲရီးယပ်စ် အဖေရင်းရဲ့အကျင့်နဲ့ နေပုံထိုင်ပုံကြောင့် သူ့သားကို အဲ့လူနဲ့နီးနီးမှာ နေ ခွင့်မပေးနိုင်ဘူးဖြစ်ပြန်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အဖေရင်းနဲ့ စနစ်တကျ ရှိပြီး အခုချိန်ထိ သူ့ကိုကျွေးမွေးပေးလာတဲ့ လက်ရှိအဖေတို့ကြားမှာ ဒဲရီးယပ်စ်တစ်ယောက် ဝေခွဲရခက်နေပါတယ်။ အဖေနှစ်ယောက်ကလည်း မတည့်ကြတာမို့ သူ့သားငါ့သားဆိုပြီး ငြင်းကြပါတော့တယ်။ ကဲပါ ကြည့်ရှု ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.82 GB) / (757 MB) / (431 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Drama • Romance • Comedy
5.9 2022 101 mins
Bruiser
Strange Tales of Chang’an
6

CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ရှေးခေတ် မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တာ့ထန်ယုံဟွေးခေတ်အတွင်းမှာ ကွမ်းကျိုး ဟယ်ပေ အစရှိတဲ့ ခရိုင် ၂၀ လောက် မိုးခေါင်ခဲ့ပါတယ်။ မိုင်ထောင်ချီရှိတဲ့ မြေတွေခြောက်ကပ်နေပြီး ပြည်သူတွေ ဒုက္ခရောက်ခဲ့ရပါတယ်။ နက္ခတာရာရုံးတော်က ရုံးတော်ချုပ်ကောင်းရှန်းယောင်က မင်းကြီးကို တရားပွဲလုပ်ပြီး မိုးခေါ်ရန် တင်သွင်းခဲ့ပါတယ်။ တရားပွဲလုပ်နေတဲ့အချိန်မှာ မိုးပေါ်ကနေ ရေနံဆီတွေ ရွာလာခဲ့ပြီး ခေါင်းတစ်ထောင်မိစ္ဆာကြီး ထွက်ပေါ်လာပြီး လူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီ့အမှုကို စစ်ဆေးရန် ထောင်ထဲရှိ အသေဒဏ်ပေးခံထားတဲ့ အပြစ်သား တူကူးကို မင်းကြီးရဲ့ အမိန့်အရ အမှုစစ်ဆေးရန် ထောင်ထဲမှ ခေါ်ထုတ်ခဲ့ပါတယ်။ ခေါင်းတစ်ထောင်မိစ္ဆာရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ…… အမှုက အဖြေထွက်လာမလိုနဲ့ လူတွေဆက်တိုက် သေဆုံးနေတဲ့အဖြစ်ကို တူကူးတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။

Comedy • Drama
6 2023
Strange Tales of Chang’an
Under Your Bed

18+ Under Your Bed (2023) ၁၈ ယောက် စုကြည့်မှရမယ့် Thriller, Melodrama ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ ဘဝရဲ့အဓိပ္ပာယ် ပျောက်ဆုံးနေခဲ့တဲ့ ဂင်ဂျီဟွန်းဟာ တက္ကသိုလ်မှာ ယယ်အွန်းဆိုတဲ့ကောင်မလေးကို တွေ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အချစ်ဦးတို့ရဲ့ထုံးစံအတိုင်း ကွဲကွာခဲ့ကြရပြန်ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာပြီးတဲ့နောက်မှာတော့ တက္ကသိုလ်ကအချစ်ဦး ယယ်အွန်းကိုရှာဖွေဖို့ ဂျီဟွန်းတစ်ယောက် ကြိုးစားရင်း အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ ငယ်ချစ်ဦးယယ်အွန်းကို တွေ့လိုက်ရတဲ့အချိန်မှာတော့…။ ခင်ပွန်းဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်မှုအောက်မှာ မရှုမလှခံစားနေရတဲ့ ယယ်အွန်းကို သူ့ရဲ့အိပ်ရာအောက်ကနေ အမြဲတမ်းစောင့်ကြည့်နေတဲ့ ဂျီဟွန်းတစ်ယောက် ဘယ်လိုကယ်တင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Thriller, Melodrama ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Romance, Thriller Quality…. 1080p | 720p File size… 1.2GB | 499MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Blank

0 2023
Under Your Bed
How to Date Billy Walsh
5.6

ဒီဇာတ်ကားလေးကတော့အထက်တန်းကျောင်းနောက်ခံအချစ်ဟာသဒရာမကားလေးတစ်ကားဖြစ်ပါတယ်။ အာချီနဲ့မီလီဟာတစ်ဆေးရုံတည်းမွေးပြီးမိဘချင်းသာမကခွေးတွေချင်းပါရင်နှီးနေတဲ့အထိခင်မင်ကြတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ အာချီကမီလီကိုငယ်ငယ်ကနေကြိတ်ချစ်လာခဲ့ပေမဲ့ဖွင့်မပြောနိုင်တာတော့အထက်တန်းနောက်ဆုံးနှစ်အထိပါပဲ။ ဒီလိုနဲ့တစ်ရက်မှာတော့အာချီတစ်ယောက်သေချာအစီစဉ်ချပြီးမီလီဖွင့်ပြောဖို့ကြံပါတယ်။အဲဒီနေ့မှာပဲသူတို့ကျောင်းကိုဘီလီဝါ့ရှ်ဆိုတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကျောင်းသားသစ်တစ်ယောက်ပြောင်းလာပါတယ်။ဘီလီကိုမီလီကလည်းအဲဒီနေ့မှာတင်ကြွေသွားပါတော့တယ်။ဒီတော့အာချီကပဲသူငယ်ချင်းကနေချစ်သူအဆင့်တက်သွားနိုင်မလားအသည်းကွဲပဲကျန်ခဲ့ရမလားကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါရှင့်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by May Khant

5.6 2024 101 mins
How to Date Billy Walsh
Model House
4.8

Model House (2024) ================ Social Media မှာ ဖော်လိုဝါတွေများအောင် ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲ အဲဒါဖော်လိုဝါတွေကြောင့်ပဲ ဘယ်လိုဒုက္ခအန္တရာယ် တွေ ကျလာလဲဆိုတာကို ဒီဇာတ်လမ်းက ရုပ်လုံးဖော်ပြသထား ပါတယ်။ ဖော်လိုဝါအများကြီးရှိတဲ့ နာမည်ကြီးမော်ဒယ်လ်တွေ အလုပ်ကိစ္စနဲ့ အိမ်တစ်အိမ်မှာ တစ်ညနားပြီးတည်းကြတယ်။ မော်ဒယ်ကောင်မ လေးတွေ အပန်းဖြေအိမ်မှာ ပျော်ပါးနေကြတုန်းမှာပဲ အိမ်ဖောက်ပြီး ဓားပြတိုက်တဲ့သူတွေ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုးတွေ ဓားပြ တိုက်တာက မော်ဒယ်လ်တွေဆီကမဟုတ်ဘဲ မော်ဒယ်လ်​တွေကိုအ သုံးချပြီး သူတို့ရဲ့ဖော်လိုဝါတွေကို ငွေပို့ခိုင်းတာပဲဖြစ်ပါတယ်။ စစချင်း မှာတော့ ထိခိုက်မှုမရှိတဲ့ ငွေလိမ်လည်မှုသက်သက်ဆိုပေမဲ့ နောက်ပိုင်း မှာ ဘယ်လိုသွေးသံရဲရဲနဲ့ ကပ်ဆိုက်ပြီး မော်ဒယ်လ်တွေရော လွတ်မြောက် နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.17 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

4.8 2024
Model House
Strawman / Figurant

Figurant ဟာ ဒါရိုက်တာကြီး Robert Gliński ရဲ့ လက်ရာဖြစ်ပြီးတော့ နိုင်ငံရေး၊ဒရာမာဆန်ဆန် နဲ့ ပိုလန်နိုင်ငံရဲ့ကွန်မြူနစ်ကာလအတွင်းမှာ Bronek Budny ဆိုတဲ့ လျှို့ဝှက်အရာရှိတစ်ယောက်က Pope John Paul II ဖြစ်လာမယ့် Karol Wojtyła ကို နှစ် ၂၀ ကျော်ကြာစောင့်ကြည့်နေတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဒီလိုစောင့်ကြည့်နေရင်းနဲ့ Budny က အလုပ်အနေနဲ့စခဲ့ရတဲ့တာဝန်ကို သူ့ရဲ့ pesonal ကိစ္စတစ်ခုအနေနဲ့ မြင်သွားပြီးတော့လိုက်စုံစမ်းပါတော့တယ်။ Mateusz Więcławek က Budny အနေနဲ့ သရုပ်ဆောင်ထားပြီးတော့၊ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း ပီပြင်စွာ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ညွှန်းကိုတော့ Andrzej Gołda ကရေးသားထားပါတယ်၊ Adam Bajerski ရဲ့ ရုပ်ရှင်ရိုက်ချက်တွေနဲ့ ဒီရုပ်ရှင်က အရမ်းကြည့်လိုကောင်းနေပါပြီ ဒီ Strawman ရုပ်ရှင် ကို ပိုလန်နိုင်ငံ မှာ ရုံတင် ပြသရာကနေမှတစ်ဆင့် ပရိသတ်တွေရဲ့ရင်ထဲကိုအရောက်ပို့နိုင်ခဲ့ပါတယ် File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2023
Strawman / Figurant
Sori: Voice from the Heart
6.6

Sori: Voice from the Heart (2016) ******************************** IMDb… 6.6 ရုံတင်နေတုန်းက အရမ်းပေါက်ခဲ့သလို ဝါရင့်သမ္ဘာရင့်တွေဖြစ်တဲ့ ee Sung Min၊ Lee Hee Joon၊ Lee Honey နဲ့ Chae Soo Bin တို့ ပါဝင်ထားတဲ့ ဇာတ်ကားဟောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂင်ယူဂျူ (Chae Soo Bin) ဟာ ငယ်ငယ်လေးကတည်းက လမ်းပျောက်တတ်သူ ဖြစ်တာမို့ ဖခင်ဖြစ်သူ (Lee Sung Min) က အမြဲ အရိပ်တကြည့်ကြည့် ရှိနေခဲ့ပြီး လမ်းပျောက်သွားတဲ့အခါ ပြန်ဆုံကြမဲ့ လျှို့ဝှက်နေရာ တစ်ခုကိုလည်း သားဖ နှစ်ယောက် အတူတူ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ယူဂျူ ၁၉နှစ် အရွယ်ရောက်တဲ့အခါမှာတော့ ပျောက်ဆုံး သွားခဲ့ပါတော့တယ်။ ဖခင်ဖြစ်သူ ဂင်ဟယ်ဂွမ်ဟာ သမီးဖြစ်သူကို နေရာအနှံ့ ရေဆုံးမြေဆုံး လိုက်လံရှာဖွေရာကနေ ကျွန်းတစ်ကျွန်းပေါ် ရောက်တဲ့အထိပါပဲ။ တစ်နေ့မှာတော့ ရုတ်တရက်ဆိုသလို အဲဒီကျွန်းပေါ်က ကမ်းစပ်နားကို ထူးဆန်းတဲ့ ဂြိုဟ်တုစက်တစ်လုံး ပြုတ်ကျလာပြီး အဲဒီ ဂြိုဟ်တုဟာ ဆက်သွယ်ရေးလိုင်းကို နားဆင်ရတဲ့ လုပ်ဆောင်ချက်ကို တာဝန်ယူထားရတယ်ဆိုတာကို သိသွားတဲ့ ဂင်ဟယ်ဂွမ်ကတော့ ဂြိုဟ်တုရဲ့ အကူအညီနဲ့အတူ သမီး ဖြစ်သူကို ရှာဖွေဖို့ လမ်းစ တွေ့သွားခဲ့ပါတော့တယ်။ ပျောက်ဆုံးသွားတဲ့ ဂြိုဟ်တုကို လိုက်လံရှာဖွေမဲ့ ထောက်လှမ်းရေးအဖွဲ့နဲ့ ဂြိုဟ်တုရဲ့ အကူအညီနဲ့ သမီးဖြစ်သူကို ရှာဖွေမဲ့ ဖခင်တို့ရဲ့ ဇာတ်လမ်းကို တမူထူးပြီး ကြည့်ရှုရမှာဖြစ်လို့ ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.47GB/ 650MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:42:00 Genre : Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Tiff

Action • Drama
6.6 2016 117 mins
Sori: Voice from the Heart
Diary of an Alcoholic
6.4

IMDB Rating 6.4/10 ဒီဇာတ်ကားလေးမှာတော့ အရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့တဲ့ ဇနီးတစ်ဦး၊ မိခင်တစ်ဦးဟာ သူ့ဘဝသူ ဘယ်လိုပြန်ကယ်ပြီးတော့ အောင်မြင်တန်ဖိုးရှိတဲ့ သူတစ်ဦးဖြစ်လာအောင် ပြောင်းလဲ သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဘဝမှာ လူတိုင်းအမှားနဲ့ မကင်းပါဘူး။ ဒါပေမယ့် ဘဝပျက်စီးရမယ့် အမှားမျိုးဆိုရင်တော့ လမ်းမှန်ပေါ် ရောက်အောင် သတ္တိရှိရှိရင်ဆိုင်ကျော်ဖြတ် သွားဖို့အတွက် ဒီဇာတ်လမ်းထဲက အရက်ကျေးကျွန်ဖြစ်ဖူးတဲ့ မီရှာ ဆိုတဲ့အမျိုးသမီးကို အတုယူပြီး ချစ်ရတဲ့သူတွေအတွက် ပြောင်းလဲပေးဖို့ ခွန်အားဖြစ်စေနိုင်မှာပါ။ File size… (1.78GB) / (779MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Horror • Comedy
6.4 2024 92 mins
Diary of an Alcoholic
The Bouncer
5

ဒီတစ်ခါမှာတော့ ပရိသတ်တွေကို အက်ရှင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2024 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Massimiliano Cerchi က ဒါရိုက်တာအဖြစ် ရိုက်ကူးပေးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် John Ozuna, Costas Mandylor, Rosmary Yaneva နဲ့ Vincent Rivera တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဖရန့်ခ်ဟာ ဘားတစ်ခုမှာ လုံခြုံရေးအစောင့်လုပ်ပါတယ်။ လူမိုက်ခေါင်းဆောင်တစ်ယောက်က အဲဒီဘားကို ညတိုင်း ကောင်မလေးတစ်ယောက်နဲ့အတူ လာပါတယ်။ အဲဒီကောင်မလေးက ပြန်ပေးဆွဲခံလာရတဲ့သူမှန်းသိတဲ့အခါ သူ့ကို ကယ်ထုတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ လူမိုက်တွေရဲ့လက်ထဲကနေ လွတ်အောင်ထွက်ပြေးနိုင်မလား၊ သစ္စာဖောက်မှုတွေ လှည့်ကွက်တွေကြားထဲကနေ အောင်မြင်အောင် ဘယ်လိုထွက်ပြေးကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။ File size… (1.30 GB) / (613 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 18m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 79 mins
The Bouncer