YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Tad.The.Lost.Explorer.And.The.Emerald.Tablet.2022.480p.mp4

315.78 MB N/A video/mp4 963 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
O Kala
7

ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ မသိသူမရှိတဲ့ထုတ်လုပ်​​ရေးကြီးဖြစ်တဲ့ "Disneyနဲ့ Hotstar" တို့က ပူး​ပေါင်းပြီးရိုက်ကူးထားတဲ့ O Kalaဆိုတဲ့ တေလဂူ အချစ်ရိုမန့်စ်ကား​​ကောင်း​လေးပဲဖြစ်ပါတယ် ထုတ်လုပ်​ရေးအပိုင်းကလည်းရှယ်ဖြစ်သလို ​အော်စတာဆုရဒါရိုက်တာ Ss Rajamouliကိုယ်တိုင်က First Lookကိုထုတ်လွှင့်ခဲ့တာဖြစ်ပြီး Deepak Kolipakaဆိုတဲ့ အရည်ချင်းရှိဒါရိုက်တာ​ကရိုက်ထားတာလည်းဖြစ်ပါတယ် ဒီကားရဲ့အဓိက​ခေါင်း​ဆောင်​တွေအ​နေနဲ့က​​တော့ မင်းသား​နေရာမှာ ​အောင်မြင်မှူ​တွေနဲ့အလားအလာရှိပြီးသရုပ်​​ဆောင်ရာမှာ စိတ်အားထက်သန်တဲ့ မင်းသား Gourish Yeleti နဲ့ ​မင်းသမီး​နေရာမှာက​တော့ မြန်မာနိုင်ငံမှာလူသိများတဲ့ "​လေဆန်တိုးမယ့်မညှိုးပန်း"ဇာတ်ကားထဲက ​ စောမြရဲ့ညီမအဖြစ်သရုပ်​​​ဆောင်ခဲ့တဲ့ Roshni Sahotaတို့ပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အစမှာ​တော့ "ဟာရီကာ" ကစိတ်ဓါတ်ကျပြီး သတ်​သေဖို့အထိ​တောင်​တွေး​နေတဲ့ မိန်းက​လေးတစ်​ယောက်ဖြစ်ပြီး မ​သေခင်အ​ကြောင်းအရင်းတစ်ခု​ကြောင့် ဘားကိုသွားရာမှ " ဟာရှာ "ဆိုတဲ့​ကောင်​လေးနဲ့ ​တွေ့ပြီးဘဝဇာတ်​ကြောင်း​တွေကို ဖလှယ်ခဲ့ကြပါတယ် မူလအစက​တော့ ဟာရီကာက ယုံကြည်မှူအပြည့်နဲ့ စွန့်စားလိုစိတ်ရှိတဲ့​​ခေတ်လူငယ်တစ်ဦးဖြစ်ခဲ့ပြီး သူ့အတန်း​ဖော်တစ်​ယောက်နဲ့ ကုမ္ပဏီတစ်ခုတည်​ထောင်ခဲ့ကာ အိုးချင်းထားအိုးချင်းထိပြီး ချစ်ကြိုးသွယ်ခဲ့ကြပါတယ် အချစ်​​ရေး​ရော​ရှေ့​ရေးပါ အဆင်​​ပြေ​နေတဲ့သူ့ဆီမှာ မ​မျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးကဝင်​မွှေတဲ့အခါ ဟာရီကာ ဘယ်လို​ဖြေရှင်းမလဲ သူကြုံလိုက်ရတဲ့ ကံကြမ္မာဆိုးကဘာလဲ သူရင်ဖွင့်သမျှကိုစိတ်ရှည်ရှည် နား​ထောင်​ပေး​နေတဲ့ ဟာရှာဆိုသူက​ရော ဘယ်လို​နောက်​ကြောင်း​တွေရှိ​​နေမလဲ ဘာရည်ရွယ်ချက်နဲ့သူ့အနားကပ်လာသလဲ သူတို့နှစ်​ယောက်ဘာ​တွေဆက်ဖြစ်ကြမလဲဆိုတာ ရင်ခုန်စွာကြည့်ရှူ့ရမှာဖြစ်ပါတယ် File size…1.7GB / 700MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~ Khin Khin

Drama • Romance
7 2023 120 mins
O Kala
Vedha
5

ကန်နန်ဒါးရဲ့နာမည်ကြီးမင်းသားကြီး Shiva Rajkumar က Vedha အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Box Office အနေနဲ့ ကုဋေ ၁၀၀ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် Rating လည်းကောင်းပြီးအဆုံးထိဆွဲခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါပဲ ဇာတ်လမ်းအကျဉ်း... Vedha မှာ ကန်နာကာလို့ခေါ်တဲ့သမီးတစ်ယောက်ရှိတယ် စလာလာချင်းမှာတော့ ဒီကောင်မလေးကထောင်ကထွက်လာတယ်ပေါ့ သားအဖနှစ်ယောက်စလုံးမျက်နှာမှာ အပြုံးအရယ် တစိုးတစိမရှိ...သူတို့ရဲ့ပန်းတိုင်ဆီပဲ ရည်မှန်းချက်တွေပြည့်ဝနေတဲ့ မျက်နှာထားတွေနဲ့ပေါ့ ဒီသားအဖနှစ်ယောက်ကို သူတို့တစ်မြို့လုံးမှာမသိတဲ့လူမရှိဘူး သူတို့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ကြရတယ် သူတို့ကိုလိုက်နေတဲ့ ရဲမေရာမာကလည်း သူတို့ဆိုအသေရရအရှင်ရရ... ဒါကသူတို့အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့စပ်လျဉ်းပြီး ကျန်ရှိနေတဲ့ရလဒ်အနေနဲ့ပေါ့ Vedha က အတိတ်နေ့တွေမှာ လူချစ်လူခင်ပေါပြီး လူအများကခေါင်းဆောင်တင်ချင်ကြတဲ့လူတစ်ယောက်ပါ သူအရမ်းချစ်တဲ့ မိန်းမနဲ့ သမီးလေးနဲ့အတူ အပူအပင်မရှိ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေသူ ဒါပေမဲ့ ကံကြမ္မာဆိုးကြီး သူတို့မိသားစုထဲဝင်လာပြီး နူးနူးညံ့ညံ့သမီးလေးကပါ ထောင်ကျတဲ့အထိ ဘာတွေများဖြစ်သွားမလဲ လိုက်ဖမ်းနေ‌တဲ့ရဲရာမာလက်ကနေ လက်တစ်လုံးကြားလွတ်လွတ်သွားပုံတွေ ရဲဘက်ကလည်းအစွမ်းကုန်ကြိုးစားကြပုံတွေနဲ့ သူတို့ဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…2.86GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration…2h 36m. Subtitle….Myanmar Subtile (Hard Sub) Encoder….YK Translated by Bpl ~ Yunni ~ Sai ThuRein ~ Nyein Aye

Comedy • Romance
5 2022 156 mins
Vedha
Paappan
6.6

ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါ ဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ် အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL

Mystery • Thriller
6.6 2022 162 mins
Paappan
Infernal Affairs III
6.9

Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း... အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာ အရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်.... အရာရှိချန် ဘာတွေဆက်လုပ်မလဲ... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ...။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့ ZERO ပါ ) File Size__(1.5GB) / (950MB) Quality__1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__01:58:00 Type__Crime Subtitle__Myanmar Subtitle (Hardsub) Translated by Nyi Yair Naing Encoded by Naing Aung Latt

6.9 2003 118 mins
Infernal Affairs III
My Dear Bodyguard
3

တရုတ်ဘော်ဒီဂတ် အက်ရှင်ကားတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ဘော်ဒီဂတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် ...... Hang Bin ဟာပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ Sherry တို့သားအဖကိုစောင့်ရှောက်ပေးရတဲ့တာဝန်ကျရှုံးခဲ့ပြီး တစ်မိသားစုလုံးသတ်ခံလိုက်ရပါတယ်။ Sherryအဖေရဲ့ အန္တရာယ်ရှိ စမ်းသပ်ပစ္စည်းဟာလဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့ Hang Bin ဟာ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဘဝကိုဖြစ်သလိုဖြတ်သန်းနေပါတော့တယ်။ ၁၅နှစ်ကြာပြီးနောက်.....လုပ်ဖော်ကိုင်ဖက်ဟောင်းကြောင့် အဆိုတော်မလေးရဲ့သက်တော်စောင့်ဖြစ်လာဖို့အကြောင်းဖန်လာပါတယ်။ အဆိုတော်မလေးဟာအသက်ခြိမ်းခြောက်မှုတွေဆက်တိုက်ခံရပြီး အန္တရာယ်တွေဆက်တိုက်ကြုံတွေ့နေရပါတယ်။ Hang Binဟာအခက်အခဲတွေရင်ဆိုင်ကျော်ဖြတ်ရင်း တရားခံရဲ့ပစ်မှတ်ဟာ တကယ်တော့ အဆိုတော်မလေးမဟုတ်ပဲ သူကိုယ်တိုင်ဆိုတာသိလိုက်ရတယ်။ နောက်ကွယ်ကနေထိန်းချုပ်နေတဲ့သူကဘယ်သူဖြစ်လိမ့်မလဲ..... ဘာကြောင့်များသူ့ကိုအညှိုးထားနေရတာလဲ...... ပဟေဠိတွေအပြည့်နဲ့ပီပြင်တဲ့ ဖိုက်တင်ခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရမယ့်အက်ရှင်ကားကောင်းလေးဖြစ်လို့ အကြိုက်တွေ့ကြမှာသေချာပါတယ်။ Reviewed By Nu Mon Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Drama Runtime : 1h 22min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Thriller
3 2022 82 mins
My Dear Bodyguard
Ron's Gone Wrong
8

ဒီတစ်ခါမှာတော့ မတွေ့မမြင်ရတာ ကြာပြီဖြစ်သလို Big Hero 6, The Mitchells vs The Machines တို့လိုမျိုး လူသားနဲ့ စက်ရုပ်ရဲ့ ဆက်ဆံရေးကိုအခြေခံထားတဲ့ Animation ဇာတ်ကားတွေဘက်ကို တဖန်ပြန်လှည့်ရအောင်ပါ။ "ခင်ဗျားတို့တွေ အထီးကျန်တယ်လို့ ခံစားရဖူးလား" "ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ" တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ သူငယ်ချင်းရှာဖို့ခက်တဲ့သူတွေအတွက် နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ bubble ဟာ bubble robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် "best friend" (အကောင်းဆုံးသူငယ်ချင်း) အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ tablet တွေထက် လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကို သိမ်းယူပြီးတော့ bubble network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။ သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာ နေပေး ကူညီပေး စကားပြောပေးတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေတာပေါ့။ ဒီလိုနဲ့ ကလေးတွေကြားမှာ bubble robot တွေ ခေတ်စားလာပြီး မပိုင်ဆိုင်သူကတော့ မရှိသလောက် ဖြစ်လာပါတယ်။ Nonsuch ဆိုတဲ့ မြို့လေးက ကျောင်းသားတွေထဲမှာ ဘာနေးဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ bubble robot ကို မပိုင်ဆိုင်တာပါ။ သူကိုယ်တိုင်က လူအေးလေး ဖြစ်တဲ့အပြင် လူတိုင်းက ကိုယ်စီရဲ့ bubble robot တွေနဲ့ပဲ အလုပ်ရှုပ်နေကြတော့ သူ့မှာ သူငယ်ချင်းဆိုတာမရှိပါဘူး။ အဲဒီအပြင် bubble robot မရှိတဲ့အတွက် စနောက်လှောင်ပြောင် ခံရပါသေးတယ်။ တစ်နေ့မှာတော့ ဘာနေးရဲ့မွေးနေ့လေးကို ရောက်ရှိလာပါရော။ ဒီလိုနဲ့ bubble robot ကို လိုချင်နေတဲ့ ဘာနေးတစ်ယောက် လိုချင်တာကို မွေးနေ့လက်ဆောင်အဖြစ် ရသွားပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ အားပေးကြည့်ရှုလိုက်ကြရအောင်နော်။ File size… 1.8Gb / 1.2GB  Quality…1080p BluRay HEVC AA5.1Ch / 720p Blu Ray Format…Mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team

Drama • Mystery • Sci-Fi & Fantasy
8 2021 107 mins
Ron's Gone Wrong
On a Wing and a Prayer
5.5

On a Wing and a Prayer (2022) ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။ နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်‌ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ လေဆိပ်တာ၀န်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကြိုးစားရပါတော့တယ်။ တာ၀န်ရှိသူတွေက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားပြီး အခန့်မသင့်ရင် လေယာဉ်ကို သမုဒ္ဒရာထဲ ပျက်ကျနိုင်အောင် ညွှန်ကြားထားကြပါတယ်။ ဒက်ကတော့ သူ့မိသားစုကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားမောင်းနှင်ပါတယ်။ ဒက်တို့မိသားစု မြေ‌ပြင်ကို ဘေးကင်းကင်း ဆင်းနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်လို ဒုက္ခတွေကြုံရဦးမလဲ၊ ဘယ်သူတွေက ကူညီပေးမှာလဲ၊ ဘုရားသခင်ကရော နောက်ဆုံးမှာ ကယ်တင်‌ စောင်မပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ။ ဇာတ်ကားတစ်ကားလုံးနီးပါးက လေယာဉ်ကိုမြေပေါ် ဆင်းဖို့ တာ၀န်ရှိသူတွေနဲ့ကြိုးစားနေတာကို ရိုက်ထားတာဖြစ်တဲ့အတွက် လေယာဉ်နဲ့ပတ်သက်တာကို ကြိုက်နှစ်သက်တဲ့လူတွေ ကြည့်ရှုသင့်တဲ့ကားတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai Kay Khaing မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 805MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 42Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai Kay Khaing Encoded by Y

5.5 2022 102 mins
On a Wing and a Prayer
I’m No Longer Here
7.3

I’m No Longer Here (2019) ~ IMDb – 7.3/10, Rotten Tomatoes – 98% ~ မကြာခဏ မြင်ဖူးမှာပါ… အမေရိကန်ကားတွေကြည့်တဲ့အခါမှာ ဝါကျင့်ကျင့်အရောင်နဲ့ ကိုယ်စားပြု ဖော်ပြလေ့ရှိတဲ့ ဒုစရိုက်နိုင်ငံ၊ မှောင်ခိုနိုင်ငံ၊ အဆိုးတကာ့အဆိုးတို့ရဲ့ မက္ကဆီကို။ “ ကျွန်တော်တို့… မက္ကဆီကန်လူမျိုးတွေအနေနဲ့ ရှင်သန်နေထိုင်ရတဲ့အထဲမှာ ကြေကွဲဖွယ်ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးသုံးစွဲသူလည်းဖြစ် လက်နက်တင်ပို့သူလည်းဖြစ်တဲ့ နိုင်ငံကြီးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါပဲ ” တဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ကတော့ မက္ကစီကိုရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းလေးကို မပြောခင် Cumbia လို့ခေါ်တဲ့ အကပုံစံတစ်မျိုးအကြောင်းကို အရင်ပြောပြရမယ်ထင်တယ်။ တကယ်တမ်းတော့ အဲဒီအကအမျိုးအစားဟာ ကိုလံဘီယာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော်အက (National Dance) ပေါ့။ ဒါပေမဲ့ တခြား လက်တင်အမေရိကနိုင်ငံတွေမှာပါ ခေတ်စားပြီး အခု ဇာတ်လမ်းတည်ရာ မွန်တာရေးမြို့ မြောက်ပိုင်းမှာဆိုလည်း အရမ်းခေတ်စားတဲ့အရာပေါ့။ အဲဒီအကကို ကဖို့ သီချင်းအမျိုးအစားကလည်း သက်သက်ရှိပြီး ဒါကိုပဲ နှစ်ခြိုက်မြတ်နိုးတဲ့ လူတစ်စုဟာလည်း သက်သက်ရှိကြတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့ပေါ်က တာကို (Terkos) လို့ခေါ်တဲ့ လမ်းပေါ် လူငယ်ဂိုဏ်လေးတစ်ခုရှိတယ်ပေါ့။ သူတို့ရဲ့ အဓိက ဇာတ်လိုက်ကတော့ အပေါ်က အကနဲ့ဂီတပါပဲ။ ကမ်ဘီယာ (Cumbia) သာ အက၊ ကမ်ဘီယာသာ ဂီတ၊ ကမ်ဘီယာသာ ဘဝလို့ ယူဆတဲ့ လူငယ်တစ်စုပေါ့။ သူတို့ရဲ့ နေ့ရက်တွေကို အကပွဲတွေ သွားရင်း၊ ပါတီတွေတက်ရင်း ကုန်ဆုံးရင်း သူတို့ယူဆထားတဲ့ ကမ်ဘီယာစတိုင် အဝတ်အစား၊ ဆံပင်ပုံံ စတာတွေကို အချင်းချင်း ကြွားလုံးထုတ် ဂုဏ်ယူရင်း ပျော်ရွှင်ကြတဲ့ သူတွေပေါ့။ တစ်ရက်မှာတော့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ မတော်တဆ သွားငြိမိရာကနေ ၁၇နှစ်အရွယ် ဂိုဏ်းခေါင်းဆောင် အူလိစေးစ်ဟာ သူ့မိသားစုရော သူကိုယ်တိုင်ရော အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိလာတဲ့အတွက် အမေရိကကို ထွက်ပြေးခဲ့ရပါတယ်။ အသားကျဖို့ ကြိုးစားပေမယ့် သူ့ဂိုဏ်းကော သူ့မြတ်နိုးရာ ကမ်ဘီယာယဉ်ကျေးမှုရောနဲ့ အဝေး အမေရိကမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရင်း အိမ်ပြန်နိုင်ဖို့ကိုပဲ တမ်းတရင်းနေရှာသတဲ့။ အမေရိကန်တွေထင်နေသလိုမျိုး အားလုံးက အမေရိကန်အိပ်မက် (American Dream) ရှိကြတာမှမဟုတ်ဘဲ။ ဂိုဏ်းခေါင်းဆောင်လေးရဲ့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အမေရိကန်နေ့စွဲများပေါ့။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာလည်း ဒီကားအတွက် သရုပ်ဆောင်ရွေးတုန်းက ဗီဒီယိုလေးတွေကို Credit Scenes အဖြစ် ထည့်သွင်းပေးထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 895MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.3 2019 112 mins
I’m No Longer Here
The Hot Chick
5.5

The Hot Chick (2002) Genre – Comedy, Fantasy IMDB – 5.5/10 The Animal ကားနဲ့ အသေခွီနေရအောင် လုပ်ခဲ့တဲ့ ဟာသမင်းသားကြီး Rob Schneider ရဲ့ အရင်ခေတ်က အခွီနောက်တစ်ကား လာပါပြီ။ သူတင်မကပဲ ကျွန်တော်တို့ Notebook တို့ About Time တို့ Doctor Strange ကောင်မလေး Sherlock ကောင်မလေးတို့ လုပ်ခဲ့တဲ့ မင်းသမီးချော Rachel McAdams လည်း ပါပါသေးတယ်ဗျာ။ Scary Movie တွေနဲ့ မျက်ခွက်ပြောင်ခဲ့တဲ့ Anna Faris ကလည်း ဇာတ်ပို့အနေနဲ့ ပါထားတော့ မြိုင်နေရောပဲ။ ဒီဟာသကားလေးကတော့ အရင်တုန်းက ခဏခဏ ထွက်ရှိခဲ့သလို ယောက်ျားမိန်းမ နေရာချင်းလဲသွားတာမျိုးပါ ဒါကတော့ စိတ်ချင်းလဲတာ မဟုတ်ပဲ ခန္ဓာ ကိုယ်ကြီး လဲသွားတာဖြစ်လို့ မင်းသားကြီး စကေးပြထားတဲ့ကားပါ။ ဇာတ်လမ်းလေးကတော့ ချောမောလှပပေမဲ့ သူများအပေါ် ယုတ်မာပြီး လူမုန်းများတဲ့ အထက်တန်းကျောင်းသူ ပန်းဖွားမယ်ကလေး ဂျက်ဆီကာ ဆိုတာရှိပါတယ်။ ယောက်ျားလေးတွေကိုလည်း မယုံကြည်ပဲ အပြိုင်ဆိုင်များ တိုက်ခိုက်ပြီး အကျင့်မကောင်းတဲ့ကောင်မလေးပေါ့။ အဲဒီမှာ သူဟာ ရှော့ပင်းမောလ်ထဲက ရှေးဟောင်းပစ္စည်းဆိုင်က ထူးဆန်းတဲ့နားကပ်လေး တွေ့ခဲ့ပါတယ်။ ဒီနားကပ်လေးက ရှေးပဝေသနီကတည်းက မင်းသမီးတစ်ပါးက အိမ်ထောင်မပြုချင်တာကြောင့် အစေခံမလေးနဲ့ ခန္ဓာကိုယ်ချင်း လဲခဲ့တဲ့ မှော်နားကပ်လေးပေါ့။ ဂျက်စီကာက နားကပ်လေးလှလို့ ဝယ်မယ်လုပ်တော့ ဆိုင်ပိုင်ရှင်က မရောင်းတဲ့အခါ မရမက ခိုးခဲ့ပါတော့တယ်။ ဒါနဲ့ လမ်းကျ ဆီဖြည့်နေတဲ့အချိန် အပေအတေ သူခိုးဂျပိုးတစ်ယောက်နဲ့ တွေ့ဆုံကြပြီး နားကပ်တစ်ဖက်က သူ့ဆီပါသွားလို့ ညရောက်တော့ ဟိုက ကမြင်းကြောထပြီး ကောက်ဝတ်လိုက်တဲ့အခါမှာတော့ ဂျက်ဆီကာနဲ့ သူခိုးဂျပိုး ခန္ဒာကိုယ်တို့ လဲသွားခဲ့ပါတော့တယ်။ အဲဒီမှာ သူငယ်ချင်းဖြစ်သူ ဧပရယ်ရဲ့ အကူအညီနဲ့ ခန္ဒာကိုယ် ဘယ်လိုရအောင် ပြန်လုပ်မလဲဆိုတာကို မင်းသားကြီး Rob Schneider ရဲ့ အခွီ သရုပ်ဆောင်ချက်တွေနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ။ File size… 2.2 GB / 1 GB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Thura Aung

Horror
5.5 2002 104 mins
The Hot Chick
O Jerusalem
6

O’ Jerusalem (2006) အို ဂျေရုစလင်..သင့်ကိုကျွန်ုပ်မေ့ခဲ့ပါမူ…ညာလက်တော်သည် တီးခတ်နိုင်စွမ်းပျောက်ဆုံးပါစေ…ကျွန်ုပ်ပျော်ရွှင်မှုကို ဂျေရုစလင်ထက် ဦးစားပေးခဲ့ပါမူ ကျွန်ုပ်လျှာသည်အာခေါင်ဖြင့်ကပ်၍ သီဆိုနိုင်စွမ်းတို့ အားလုံးပျောက်ကွယ်ပါစေ။ (:ဆာလံ-၁၃၇) အားလုံးပဲ လတ်တလော ပဋိပက္ခဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စကို အားလုံးစိတ်၀င်စားနေကြမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးက မနေ့တစ်နေ့ကမှ ထဖြစ်တာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စလာခဲ့ကြတာပါ။ အစ္စရေးနဲ့ အာရပ်နိုင်ငံများရဲ့ နာမည်ကျော် ၆ရက်စစ်ပွဲဆိုရင်လည်း မသိသူရှားပါလိမ့်မယ်။ ဒီကားလေးကတော့ “O Jerusalem” ဆိုတဲ့စာအုပ်ကို ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ဗြိတိသျှတွေရဲ့မလည်ရှုပ်ပုံတွေ၊ ဂျူးတွေနဲ့ အာရပ်တွေနဲ့ ကမ္ဘာမကြေတဲ့ရန်ပွဲစဖြစ်လာပုံတွေအပြင် အစ္စရေးနိုင်ငံဖြစ်တည်လာတဲ့အကြောင်းတွေ ဘာသာကြီးသုံးခုရဲ့အထွတ်အမြတ်ဖြစ်တဲ့ဂျေရုဆလင်မြေပေါ်က သွေးချောင်းစီးတိုက်ပွဲတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရောစပ်တင်ဆက်ထားပါတယ်။ “O Jerusalem” စာအုပ်ကို Dominique Lapierre နဲ့ Larry Collins ဆိုတဲ့ စာရေးဆရာ ၂ဦးက ၂နှစ်တာ အချိန်ယူ သုတေသနလုပ်ရေးသားခဲ့ပြီး အင်တာဗျူးထောင်ပေါင်းများစွာနဲ့ တခြားကိုးကားချက်များစွာကို လေ့လာရေးထားတာပါ။ လက်ရှိအစ္စရေးတိုင်းပြည် မွေးဖွားလာပုံအကြောင်းကို တင်ဆက်ပြသထားတဲ့ စာအုပ်လည်းဟုတ်ပါတယ်။ Dominique Lapierre ကိုတော့ မြန်မာစာဖတ်သူ တော်တော်များများ ရင်းနှီးကြမှာပါ။ မြသန်းတင့်ရဲ့ သုခမြို့တော်၊ မောင်ပေါ်ထွန်းရဲ့ သန်းခေါင်ယံလွတ်လပ်ရေးတို့ကိုရေးခဲ့တဲ့ မူရင်းစာရေးဆရာပါပဲ။ ဒီစာအုပ်ကိုလည်း အိုဂျေရုဆလမ်ဆိုပြီး ကျော်အောင်က မြန်မာဘာသာပြန်ဆိုရေးသားဖူးပါတယ်။ အကြောင်းအရာကတော့ “ဒုတိယကမ္ဘာစစ်အပြီး အရှေ့အလယ်ပိုင်း ပါလက်စတိုင်းဒေသတွင် အစ္စရေးနိုင်ငံတည်ထောင်ရန် ကြိုးပမ်းသူများနဲ့ ဟန့်တားသူ အာရပ်တို့၏ ခါးသည်းပြင်းထန်သော ပဋိပက္ခများ” လို့ ကျော်အောင်က ရေးထားဖူးတယ်။ ရုပ်ရှင်ကတော့ အဲဒီဂျူးနဲ့အာရပ်လူမျိုးတွေထဲက လူမျိုးကွဲ သူငယ်ချင်း၂ယောက်ရဲ့ ဇာတ်လမ်းပေါ့။ စာအုပ်မှာတော့ အာရပ်ရော ဂျူးရောရဲ့ နှစ်နိုင်ငံအခြေအနေတွေကို ဘက်မလိုက်ဘဲ တင်ပြသွားပေမဲ့ ရုပ်ရှင်ကတော့ ဝါဒဖြန့်ရုပ်ရှင်ဆန်သွားခဲ့တယ်လို့ ဆိုကြတယ်။ ကားက ကျန်တာအကုန်ကောင်းပေမဲ့ ဝါဒဖြန့်ဖို့လုပ်ရင်း မလှမပဖြစ်သွားတာလေးတော့ ရှိခဲ့တယ်။ နှစ်ဖက်စလုံးက အဆိုးအကောင်းတွေကို ဒီရုပ်ရှင်မှာ သေချာပြသွားပေမဲ့ ကြည့်ရှုသူကို တစ်ဖက်အပေါ် မသိမသာသနားစိတ်လေးဝင်သွားအောင် ရိုက်ပြသွားတယ်လို့ဆိုတယ်။ ဒါကိုကလည်း ဝါဒဖြန့်ချိရေးကားတွေရဲ့ အထာပဲတဲ့။ ဒီလိုဝတ္ထုထူကြီးတွေကို ရိုက်တဲ့ကားတွေထဲ အကောင်းထွက်လာတဲ့ ကားကတော်တော်ရှားတော့ ဒီလောက်ကိုပဲ တော်တော်လေး တော်လှပါပြီ။ အားလုံးကြည့်သင့်ကြည့်ထိုက်တဲ့ အရှေ့အလယ်ပိုင်းအကြောင်း ရုပ်ရှင်ပါပဲ။ ( ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။)

6 2006 100 mins
O Jerusalem
At Midnight
5.6

At Midnight (2023) ဆိုဖီဝိုင်လ်ဒါက နာမည်ကျော်စူပါဟီးရိုးဇာတ်ကောင်ရှင် ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်ပြီး သုံးကားတွဲကားရဲ့ နောက်ဆုံးဇာတ်ကားကိုရိုက်ဖို့ မက္ကဆီကန်ကိုရောက်ရှိနေပါတယ်။ ဒီဇာတ်ကားအပြီးမှာတော့ သူကိုယ်တိုင်ခေါင်းဆောင်ခွင့်ရမယ့် spin-off ရိုက်ရဖို့လည်းမျှော်လင့်နေတာပါ။ ဇာတ်ကားမှာသူ့ရဲ့သရုပ်ဆောင်ဖက်လည်းဖြစ် အပြင်မှာလည်းရည်းစားဖြစ်တဲ့ အဒမ်ရဲ့ဖောက်ပြန်မှုကို သူမိသွားတဲ့နောက်မှာတော့ ပုံမှန်အတိုင်းရှေ့ဆက်နိုင်ဖို့ကြိုးစားရပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့တည်းနေတဲ့ဟိုတယ်ရဲ့ မန်နေဂျာ Alejandro ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တာပါ။ အစပိုင်းမှာ အလွဲတစ်ခုနဲ့စခဲ့ကြပေမယ့် ပိုမိုရင်းနှီးလာရင်း တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေပိုလာပြီး အဆင့်တက်ချင်လာချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ ဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲဆိုတာ ဟာသလေးတွေစွက်ပြီး ပေါ့ပေါ့ပါးပါးရှုစားရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး ချောချောလှလှတွေ၊ သာယာတဲ့ရှုမျှော်ခင်းတွေ ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ rom/com တွေရဲ့အငွေ့အသက်တွေကိုပြန်လည်ခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.6 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Romance Duration….01:40:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5.6 2023
At Midnight
Gladiator
8.5

၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator … ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်‌ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့…. ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။ IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, 1080p, 720p Running Time : 2hr 32min Format : Mp4 Genre : Drama, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by El’ Moh Encoded by Ka Naung

8.5 2000 155 mins
Gladiator
Raduaa Returns
5.4

Raduaa Returns (2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိခဲ့တဲ့ Bollywood SciFi ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မင်းသား Nav Bajwa အဓိကပါဝင်ထားပြီးတော့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းကိုလည်း Nav ကပဲ ရိုက်ကူးရေးသားထားပါတယ်။ ဇာတ်လမ်းအကျဉ်း 2018 ကထွက်ရှိခဲ့တဲ့ Raduaa ရဲ့ sequel ဖြစ်ပြီးတော့ Nav တို့ မိတ်ဆွေလေးယောက် အချိန်ခရီးသွားစက်နဲ့ 1955 ကနေ သူတို့ရဲ့ အချိန် 2018 ကိုပြန်မရောက်လာပဲ 2255 ခုနှစ်ဆီကို ရောက်သွားခဲ့ပြီး သူတို့နေထိုင်ရာ အချိန်ကို ပြန်သွားနိုင်ဖို့အတွက် အဖြေရှာရင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ နောက်ဆုံးမှာရော သူတို့ရဲ့ အချိန်ကို ပြန်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size… (2.6 GB) / (1.4 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Sci-Fi Duration….02:17:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

5.4 2024 137 mins
Raduaa Returns
Girls on Wire
6.1

ဘဝမှာတစ်ချို့အရာတွေကရွေးချယ်ခွင့်မရခဲ့ဘူး အထူးသဖြင့် ဘယ်လိုမိသားစုမှာမွေးဖွားလာမလဲဆိုတာရွေးချယ်လို့မရဘူး…… မှားယွင်းတဲ့မိသားစုတစ်ခုမှာမွေးဖွားလာတဲ့အခါ လွတ်မြောက်ရာကိုပျံသန်းချင်ပေမယ့် ပျံသန်းခွင့်မရတဲ့ဘဝတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းကို အရမ်းချစ်ကြတဲ့ညီအစ်မလေး(၂)ယောက်ကိုဇာတ်အိမ်တည်ပြီးတော့ ချပြထားတဲ့ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးရန်ကနေရုန်းထွက်လာတဲ့ညီမလေးဟာ လွန်ခဲ့တဲ့(၅)နှစ်တုန်းကပြတ်စဲခဲ့တဲ့အစ်မဆီကိုပြန်လာရှာခဲ့တယ်။ အခက်အခဲတွေကြားမှာရုန်းကန်နေရတဲ့အစ်မဖြစ်သူကလဲ ညီမဖြစ်သူကိုလက်ခံဖို့အသင့်ဖြစ်မနေခဲ့ပါဘူး။ ဒါပေမယ့် အန္တရာယ်တွေတကယ်ကြုံလာတဲ့အခါမနေသာပဲ ညီမနဲ့အတူ လက်တွဲရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာဟာပေါင်းစည်းသွားပါတယ်…… ၂၀၂၅ခုနှစ်ဘာလင်နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

6.1 2025
Girls on Wire