YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) SurrealEstate.s01e04.1080p.mp4

761.97 MB N/A video/mp4 701 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Three Times
7.1

Directed by Hou Hsiao-Hsien တမြေ့မြေ့အောက်မြေ့ခြင်းကြားက ငါတို့ရဲ့ အခါခါလွဲခဲ့ကြခြင်းတွေ။ ပထမဆုံးရက်‌စွဲတစ်ဖြစ်လည်း နောက်ဆုံးရက်စွဲမှာ တို့ရဲ့အနက်ရောင်ဖဲထီးကလေးပေါ်မှာ မိုးရိပ်တွေလည်းဖြာလို့။ တစ်ခါတလေကျ နဖူးစာဟာ ကံကြမ္မာဆိုတာထက် ပိုပါတယ်။ ဆန္ဒ‌ပေါ့။ မနီးစပ်ခြင်းတွေကို အနီးဆုံးဆွဲကပ်ပစ်လိုက်နိုင်တာ လူနှစ်ယောက်ရဲ့ နီးစပ်ချင်စိတ်ပဲမို့လား။ သုံးခေတ်သုံးဖန် သုံးကြိမ်သုံးလီ နီးလာခြင်း‌ ဝေးသွားခြင်း မျက်ရည် မိုးစက်များ တိုင်ပေရဲ့ နီယွန်ည နှုတ်ခမ်းဖျားမှာ ခေတ်အဆက်ဆက်ဟာ စုထုံးလို့။ စီးကရက်နဲ့မိုးစက်တွေကို တစ်သားတည်းအဖြစ် မှတ်ယူလိုက်ကြတာပေါ့။ ဘောလုံးနဲ့ ၀င်ကျင်းဟာ ကျူတံရဲ့အတွေ့မှာ ဆုံစည်းကြရမှာပဲမလား။ ငါတို့သာသေချာခဲ့ရင် အရာရာဟာ သေချာနေပြီးသား။ Three Timesဟာ world cinemaရဲ့ leading figure တစ်ယောက်ဖြစ်သလို ထိုင်၀မ် New Wave Cinemaရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsienရဲ့ Second New Waveခေတ်‌အလွန်မှာ ရိုက်ခဲ့တဲ့ကားပါပဲ။ Houဟာ the assassin (2015)နဲ့ ကိန်းမှာ Best Directorဆုရထားတဲ့သူလည်းဖြစ်ပြီး ထိုင်၀မ်ရဲ့ နာမည်ကျော် Artဒါရိုက်တာ စာရင်း၀င်တစ်ယောက်ပါ။ cinematographer ကတော့ In the mood for loveကို ရိုက်ခဲ့တဲ့၃ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Houနဲ့ ရိုက်နေကျ Mark Lee Ping-bingဆိုတော့ ပြောစမရှိအောင် လှပါတယ်။ Actor Actressတွေကတော့ ကလေးပေါက်စနကတည်းက Edward Yangရဲ့ A brighter Summer Dayမှာ သရုပ်ဆောင်ခဲ့ပြီး ဟောင်ကောင်နာမည်ကျော် ဒါရိုက်တာတွေဖြစ်တဲ့ ဝေါင်ကာဝေးတို့လူတွေရဲ့ လက်စွဲလည်းဟုတ်တဲ့ အန်းလီတို့ ဂျွန်ဝူးတို့လိုလူတွေပါ မကြာမကြာသုံးတဲ့ Chan Chenပါပဲ။ မင်းသမီးကတော့ houရဲ့ လက်စွဲတော် ပုရိသတွေရဲ့ အသည်းစွဲ ရှုကြည်ပါ။ Three Timesဟာ စီနီမာတို ၊ ပါဖောမင့်န် ဘာမှပြောစရာမရှိအောင်လှပြီး ခေတ်သုံးခေတ်ကို Hou စတိုင်နဲ့ အပြိုင်ပြသွားတဲ့ ထိုင်၀မ် Art Fillmအချစ်ကားကောင်းပါပဲ။ 2005မှာ ကိန်းရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆန်ခါတင်၀င်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ နယူးယောက်တိုင်းမ်က စာရင်းလုပ် တင်ပြခဲ့တဲ့ ၂၁ရာစုရဲ့အကောင်းဆုံး ရုပ်ရှင် ၂၅ထဲက တစ်ကားလည်းဟုတ်ပါတယ်။ ဟောင်ရဲ့ဟန်ဟာ ၀က၀လိုစတိုင်နဲ့ခပ်ဆင်ဆင်မျိုးကိုမှ ပိုရိုးရှင်းပြီး Realistic ပိုဖြစ်တာမို့ ၀က၀ ပရိသတ်တွေလည်း သဘောကျလောက်မယ့် ထိုင်၀မ် မာစတာပိစ်အချစ်ကားတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.3GB) Quality__DVDRip IMDb Rating__6.9/10 Format__mp4 Duration__02:00:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Mystery • Science Fiction • Thriller
7.1 2005 130 mins
Three Times
Zhao ZiLong

ဒီတစ်ခေါက်မှာတော့ အားလုံးရင်းနှီးကျွမ်းဝင်မှုရှိတဲ့ စစ်သူရဲကောင်း ကျောက်ကျစ်လုံရဲ့ဇာတ်လမ်းအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီတစ်ခါမှာတော့ ကကျောက်ကျစ်လုံရဲ့ငယ်ဘဝအကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ် အချင်းချင်းသတ်ဖြတ်နေကြတဲ့ ပြည်သူတွေခက်ခဲ နိုင်ငံတော်ရှုပ်ထွေးနေတဲ့အချိန်ကာလမှာ ကျောက်ကျစ်လုံနဲ့ သူ့သူငယ်ချင်းရှဟုန်လန်တို့က ဒီအရှုပ်အယှက်ထဲကို မထင်မှတ်ဘဲဝင်ပါမိခဲ့တယ် အစကအရမ်းကိုချစ်ခင်ကြတဲ့သူငယ်ချင်းနှစ်ယောက်က သူတို့နေတဲ့တစ်ရွာလုံးသတ်ဖြတ်ခြင်းကိုခံခဲ့ရပြီးတဲ့နောက်မှာ မတူညီတဲ့မလမ်းကိုရွေးချယ်ခဲ့ပါတယ် ရှဟုန်လန်ကတေ့ ရန်ငြိုးကနေ မလွတ်ရုန်းနိုင်ဘဲ လောဘစိတ်တက်ပြီးတော့ အာဏာကိုမက်ခဲ့တယ် ကျောက်ကျစ်လုံကတော့ နိုင်ငံတော်နဲ့ပြည်သူကိုကိုကယ်တင်ချင်စိတ်ပြင်းပြတဲ့အတွက် ရန်ငြိုးစိတ်ကနေလွတ်ရုန်းနိုင်ခဲ့ပြီး အကျိုးဆောင်မှုတွေအများကြီးကိုထမ်းဆောင်ခဲ့တယ် မတူညီတဲ့လမ်းကိုလျှောက်ခဲ့တဲ့ကျောက်ကျစ်လုံနဲ့ရှဟုန်လန်တို့ ဘယ်လိုထင်မြင်မှုတွေနဲ့ ဘယ်လိုတိုက်ခိုက်မှုတွေရှိမလဲ? နောက်ဆုံး ရှဟုန်လန်ကအမှန်တရားရပြီးတော့ တစ်ယောက်ကို တစ်ယောက်ခွင့်လွှတ်ပြီးတော့ နိုင်ငံအကျိုးကိုအတူတူထမ်းဆောင်နိုင်မလားဆိုတာတွေကို ကျောက်ကျစ်လုံရဲ့ရဲစွမ်းသတ္တရှိမှုတွေကိုမြင်ယောင်နိုင်မဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လို့ အားလုံးကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်~~~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hnin Wutt Hmone Encoded by LK

Crime • Drama • Mystery
0 2023
Zhao ZiLong
The Secret Life of Pets
6.3

ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတို့ ဘာလုပ်နေကြမယ် ထင်ပါသလဲ? သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတော နေကြမယ်ထင်ပါသလဲ? အဲဒီအကြောင်းတွေကို ဒီ Animation လေးထဲမှာ ကြည့်ကြပါစို့။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့..... Jack Russell Terrier အမျိုးအစား ခွေးလေး Max ဟာ သူ့သခင်မလေး ကေတီနဲ့အတူ မန်ဟက်တန်မြို့မှာ ပျော်ရွှင်စွာ နေထိုင်နေရင်း တစ်နေ့မှာ ကေတီဟာ ပိုင်ရှင်မဲ့ခွေးလေး Duke ကိုပါ အိမ်ကိုခေါ်လာတဲ့အခါ.....သူတို့ ၂ ကောင် ရန်ဖြစ်ရာကနေ လူတွေရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးနဲ့ သူတို့ရဲ့ ခေါင်းဆောင် Snowball နဲ့ တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး.....အဲဒီအချိန်မှာပဲ Max ကို ခရက်ရှ်နေတဲ့ အဖြူရောင်Pomeranian ခွေးမလေး Gidget ကလည်း Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့ ချီတက်လာတဲ့အခါမှာတော့......

Comedy • Drama
6.3 2016 86 mins
The Secret Life of Pets
Annem
5.8

Annem (2019) =========== Genre – Drama IMDB – 5.8/10 ဒရမ်မာကားတွေနဲ့ မျက်ရည်ခြူတဲ့နေရာမှာ တူရကီကားတွေ ပိုင်နိုင်နေကြ သလား။ လူတိုင်းသိကြမယ့်ကားလေးပြောဆို ကိုရီးယားကလေးမလေးနဲ့ တူရကီစစ်သားကြီးတို့ မေတ္တာအကြောင်း ရိုက်ထားတဲ့ Ayla ဆိုတာ ရှိပါ တယ်။ တကယ်ကို ကြည့်မိတဲ့လူတိုင်း မျက်ရည်ဝဲရတဲ့ကားပါ၊ အခုလည်း မျက်ရည်ခြူမယ့်နောက်တစ်ကားဖြစ်ပါတယ်။ ဒီတစ်ခါတော့ မိခင်မေတ္တာ ကို ဖော်ကျုးထားတဲ့ ဒရမ်မာကားလေးပေါ့။ တူရကီက ရွာလေးတစ်ရွာမှာ အသက်ကြီးမှ သမီးလေးမွေးထားတဲ့ လင် မယားရှိကြတယ်၊ ယောက်ျားကတော့ မြင်းလောင်း အရက်သောက်နဲ့ ဆူပူ တကျက်ကျက်ပေါ့လေ။ မအေကြီးခမျာကျ ချစ်ရှာတယ်။ အသက်ကြီးမှ ရတာအပြင် သူ့လို ပညာမတတ်တာမျိုး မဖြစ်စေချင်လို့ ကျောင်းလည်းတက် စေချင်တယ်၊ ယောက်ျားကတော့ တားတာပေါ့လေ၊ အချိန်တန် ယောက်ျား ပေးစားပြီး လယ်လုပ်ရမယ်ပေါ့။ ဒါပေမဲ့ အတိုက်အခံတွေကြားက မအေ အိုကြီးလည်း ရအောင်ထားခဲ့ရှာပါတယ်၊ မရှိလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးရင်းနဲ့ပေါ့။ ဒီလိုနဲ့ အသက်ကြီးလာခဲ့တော့ အမေအိုကြီးက ချစ်ပြီး သည်းသည်းလှုပ် နေသလောက် ဆယ်ကျော်သက်ဖြစ်လာတဲ့ကောင်မလေးက ရွာသူအဖွား ကြီး သူ့ကို အရှက်ကွဲရစေတယ်ပေါ့လေ။ ဒီရွာကြီးမှာလည်း မနေချင်တော့ ဘူး မြို့သွားပြီး ကောလိပ်တက်ချင်လာတယ်။ အိမ်မှာလည်း မိဘတွေနဲ့ တကျက်ကျက်ဆိုတော့ စိတ်ညစ်လာတယ်ပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ကော လိပ်ဝင်ခွင့်အောင်လို့ အတောင်စုံတဲ့ငှက်မလေး ပျံသန်းဖို့ အချိန်ကျလာခဲ့ တဲ့အခါမှာတော့……..။ တကယ်ကိုမျက်ရည်ဝဲရမယ့် အမေနဲ့သမီး ဒရမ်မာကားလေးပါ မိခင်လုပ်တဲ့ မင်းသမီးကြီးဆို တော်တော်သရုပ်ဆောင်ကောင်းပြီး ကျွန်တော်တို့ ဟိုးအရင် ချိုပြုံးတို့အမေလုပ်တုန်းက ခေတ်ကိုတောင် သတိရစေပါတယ်၊ နောက်ပြီး နောက်ကွယ်ကနေ ကောင်းကောင်းပံ့ပိုးနေတာကတော့ နောက်ခံတေးဂီတ ပါပဲ တကယ်ကို ဆွေးမြေ့ဖွယ်လေးတွေနဲ့ ပုံဖော်ထားတာပါ။ သမီးဖြစ်သူနေ ရာက မင်းသမီးကလည်း အတော်ခပ်ချောချောပါပဲ။ စိတ်ခိုင်တဲ့အချိန်ဆိုရင် တော့ အတူတူကြည့်ပြီး မိခင်ကျေးဇူး အောက်မေ့လိုက်ကြရအောင်လားဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.56 GB) / (632 MB) / (364 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thura Aung Encoder……….SWM

5.8 2019
Annem
Legend Of The Immortal
5.9

ဆန်းဆန်းပြားပြား သဘာဝလွန်ဇာတ်ကားကြိုက်သူတို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လူသားလောကကို ကိုယ့်အသက်တစ်ချောင်းစတေးလိုက်လို့ ကယ်တင်လို့ရရင် ကယ်တင်မှာလား… ကိုယ့်အသက်ကို စတေးရမယ်ဆို လူတိုင်း တွံ့ဆုတ်သွားမှာပါပဲ… ဒါပေမယ့် တကယ်လို့ ကပ်ဆိုးကြီးရဲ့ အစက ကိုယ်ကိုယ်တိုင်ဆိုရင်ရော လူသားလောကကို ပစ်ထားနိုင်ဦးမှာလား… ဒီဇာတ်လမ်းထဲက ယုံဖန်းကတော့ လူသားလောကကို ရှင်းထုတ်ဖို့ မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် ဖန်တီးခဲ့တဲ့ ဟွမ်ဖန်းကြယ်စွမ်းအားကို လက်ခံရရှိထားတဲ့ သူထဲက တစ်ယောက်ပေါ့… ဒါကြောင့်လည်း မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် သူ့ကို အဖွဲ့အားလုံးက လိုက်ရှာနေလို့ ဘဝတစ်လျှောက် လူ့မိစ္ဆာ လူထူးဆန်းအနေနဲ့ ထွက်ပြေးနေခဲ့ရသူတစ်ယောက်ပေါ့… ဒီတော့ ယုံဖန်းအနေနဲ့တော့ လူသားတွေအပေါ် မေတ္တာမရှိသလို မိစ္ဆာတွေကိုလည်း ကူညီဖို့ ဆန္ဒမရှိဘူးပေါ့… ဆိုတော့ တွေဝေနေတဲ့ ယုံဖန်းတစ်ယောက် ဘယ်လိုရွေးချယ်မှာလဲ… လူသားတွေကြောက်နေတဲ့ မိစ္ဆာဆိုတာ တကယ်ပဲ ကြောက်စရာကောင်းတာလား… ဇာတ်ကားလေးက စိတ်ဝင်စားစရာ အဖြေတစ်ခုပေးမှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး….

Comedy • Romance
5.9 2023
Legend Of The Immortal
Free Birds
5.8

နှစ်တစ်နှစ်မှာရှိတဲ့ ပွဲတော်နေ့တွေရဲ့ နာမည်တွေသာကွဲပြားသွားမယ်။ တူညီတဲ့အရာတစ်ခုကတော့ စားသောက်ပွဲပါပဲ။ ပွဲတော်တစ်ခုမှာ သူနဲ့သက်ဆိုင်တဲ့အစားအသောက်တစ်ခုကတော့ မပါမဖြစ်ပေါ့။ အချိန်တွေ ဘယ်လိုပဲပြောင်းလဲသွားပါစေ… ပွဲတော်စားစရာဆိုတာ အရင်ကတည်းကရှိသလို အခုလည်းရှိနေပြီး နောင်လည်းရှိနေဦးမှာပါပဲ။ ဥပမာပြောရရင် ကျေးဇူးတော်နေ့အတွက် မပါမဖြစ် ကြက်ဆင်သားပေါ့… အဲ့ဒါကြောင့် ကျေးဇူးတော်နေ့ရောက်ခါနီးတိုင်း ကြက်ဆင်တွေမျက်ခုံးလှုပ်ရပါတယ်။ ကြက်ဆင်နိဗ္ဗာန်ဘုံဆီ ဘယ်သူ့ကိုခေါ်သွားမလဲပေါ့။ အကြောက်ဆုံးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ရက်ဂျီ ပေါ့။ သူက ကြက်ဆင်အုပ်စုကြီးအစားခံရမှာကို တွေးပူနေပြီးတော့ ထွက်ပြေးဖို့အမြဲတမ်းစည်းရုံးနေခဲ့တာပါ။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲအတွက် ကြက်ဆင်ဖမ်းကြတော့ သူစိတ်ပူပေးနေတဲ့ ကြက်ဆင်အုပ်စုကြီးက ရယ်ဂျီ ကိုစတေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းချင်တော့လည်း ရယ်ဂျီ ကို သတ်ဖို့မဟုတ်ဘဲ ဘေးမဲ့ပေးတဲ့ပွဲ ဖြစ်တာကြောင့် သမ္မတစခန်းကကြက်ဆင်ဖြစ်သွားပါတော့တယ်။ ရယ်ဂျီခဗျာ.. သမ္မတရွေးထားတဲ့ကြက်ဆင်ဆိုတော့ ကုသိုလ်ကံတွေကောင်းပြီး ဇိမ်ကျနေတဲ့အချိန်… ဂျိတ်ဆိုတဲ့ နောက်ထပ်ကြက်ဆင်တစ်ကောင်က ကျေးဇူးတော်နေ့ရဲ့ အစားအသောက်စာရင်းမှာ ကြက်ဆင်သားမပါအောင် မစ်ရှင်လုပ်ရမယ်ဆိုပြီး ရောက်ချလာတဲ့အခါ… ရက်ဂျီနဲ့ဂျိတ်တို့ ဘယ်လိုတွေလွဲမလဲ? ဘယ်လိုတွေ သောင်းကျန်းမလဲဆိုတာတွေကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်…. File size… 1.8 GB / 900MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action , Comedy , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

5.8 2013
Free Birds
Kapan Hamil?

Kapan Hamil [2023] အယ်လန်နဲ့ နာဒရာတို့ လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်သည့်တိုင် ကလေးမထွန်းကားသေးတာက သူတို့အတွက် ပြဿနာတစ်ခုဖြစ်လို့နေပါတယ်… ပြဿနာဖြစ်ရခြင်းရဲ့ အဓိကလက်သည်ကတော့ အယ်လန့်အမေပါ .. အယ်လန့်အမေက တချိန်လုံး နာဒရာ့ကို ကိုယ်ဝန်ရှိမရှိနဲ့ ပက်သက်ပြီးတော့ စစ်လားဆေးလားမေးလားမြန်းလား လုပ်လွန်းတဲ့အတွက် သူတို့လင်မယားအဖို့ စိတ်ဖိစီးစရာ ဖြစ်နေပါတော့တယ်… ဒီလိုနဲ့ တနေ့မှာ သူတို့နှစ်ဦး ဆေးခန်းပြဖို့ သဘောတူလိုက်ကြပါတော့တယ်… အယ်လန်ရဲ့မိခင်က သူ့သားဟာ သားသမီးအရမ်းထွန်းကားတဲ့ မျိုးရိုးကဆင်းသက်လာသူမို့ ကိုယ်ဝန်မရရခြင်းဟာ နာဒရာ ချို့ယွင်းနေတာကြောင့်လို့သာ တစ်ထစ်ချ ယုံကြည်ထားပါတယ်… တကယ်တော့ ချို့ယွင်းနေတာဟာ အယ်လန်သာ ဖြစ်ပါတယ်… အယ်လန်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် Social influencer တစ်ယောက်ဖြစ်နေတာမို့ သူ့ရဲ့ မြုံနေတဲ့ အားနည်းချက်ကို ဖုံးဖိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်… ဒါပေမယ့်လည်း အဆုံးမှာ ဇနီးသည်က ဖန်ပြွန်သန္ဓေသားကုထုံးကို လက်ခံလိုက်တာမို့… ကိုယ့်သွေးရင်းသားရင်းကသာ လိုချင်တဲ့ အယ်လန်တစ်ယောက် အခက်ကြီးကြုံရပါတော့တယ်… ဒီလိုနဲ့ အယ်လန့်အနေနဲ့ ဒီအခက်အခဲတွေကြားက ဘယ်လိုကျော်လွှားသွားမလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.3GB | 613MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2023
Kapan Hamil?
Warning 2
7.5

Warning 2 (2024) ကလဲ့စား IMDb – 7.5/10 ၂၀၂၁ကထွက်ရှိခဲ့တဲ့ Warning (2021) အက်ရှင်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင် ထွက်လာခဲ့ပါပြီ။ အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ လက်စားချေမှုတွေရောယှက်ထားတဲ့ မှုခင်းရုပ်ရှင်ဖြစ်တာမို့ အက်ရှင်ကားနှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပေါ့။ ပါမာဆိုတာ ပိုက်ဆံသာပေးရင် အလုပ်မရွေး လုပ်ကိုင်နိုင်သူတစ်ယောက်ပါ သူ့ဆရာက ဂျာဒါဆိုတဲ့လူကိုသတ်ခိုင်းပြီး ပါမာတာဝန်ပြီးလို့ပြန်လာချိန်မှာတော့ ဆရာဖြစ်သူကသစ္စာဖောက်ပြီး ပါမာ့ကိုနှုတ်ပိတ်လုပ်ကြံခဲ့တယ် ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ ရှင်ကျန်ခဲ့တဲ့ပါမာက ဆရာဖြစ်သူကိုလက်စားချေဖို့ ပြန်လည်ကြိုးစားလာခဲ့ပါတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူဂျာဒါအသတ်ခံလိုက်ရလို့ ကလဲ့စားအတွက် ပါမာ့ကိုလိုက်ရှာနေတဲ့ ဂျာဒါ့ရဲ့သားရှင်ဒါ။။ အဖေ့အကူအညီကြောင့် ဝန်ကြီးဖြစ်သွားတဲ့လူကို ကူညီပေးဖို့သွားပြောခဲ့ပေမဲ့ ငြင်းလွှတ်လိုက်လို့ ဝန်ကြီးသမီးကို ပစ်မှတ်ထားခဲ့တယ် ဒါကိုသိတဲ့ဝန်ကြီးဖြစ်သူက ရှင်ဒါကိုလုပ်ကြံဖို့ လူမိုက်ငှားခဲ့တယ် ဟိုဘက်အဖွဲ့ကပါမာနဲ့ ဒီဘက်ကရှင်ဒါကိုသတ်ဖို့ ငှားလိုက်မိတဲ့လူကတော့ဂေဂျာပါပဲ။။။ ပါမာနဲ့ ရှင်ဒါကို လက်စားချေလုပ်ကြံဖို့ လိုက်ရှာနေတဲ့ ဂေဂျာတစ်ယောက် ပါမာကထောင်ကျနေမှန်းသိသွားပြီး သူပါထောင်ထဲလိုက်ဝင်လာခဲ့တယ် ဒါပေမဲ့ သူတို့လိုအန္တရာယ်များတဲ့ထောင်သားတွေကို အကြင်နာတရားမဲ့တဲ့ရဲအရာရှိက ထောင်ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မထင်မှတ်ထားတာတွေဖြစ်ခဲ့ပါတော့တယ်။ ဒါကဘာများဖြစ်မလဲ ဂေဂျာ့တာဝန်ပဲပြီးမြောက်မလား ပါမာနဲ့ရှင်ဒါတို့ပဲလွတ်မလားဆိုတာကိုတော့။။။ ( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ BpL ~ V တို့ပဲဖြစ်ပါတယ်)

7.5 2024 125 mins
Warning 2
Over the Fence
6.6

ဒီကားကိုရိုက်တဲ့ Nobuhiro Yamashitaက တန်းတစ်ခုရှိတဲ့အထဲတော့ပါတယ်။ သူရိုက်ခဲ့တဲ့ Linda Linda Linda ( 2005 )ဟာ ဂျပန်ရဲ့ မြူဇစ်ကယ်တွေထဲ အခုထိ နာမည်တွင်းနေတုန်းကားပဲ။ ဒီကားကို ကျွန်တော်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကားလို့မြင်တယ်။ ဒါပေမဲ့ ဒီအချက်တွေအကုန်လုံးက ကျွန်တော့်အတွက်တော့ ယုအအိုအိကြောင့်ပါပဲ။ ဒီကားထဲက ယုအအိုအိရဲ့ပုံစံက သူရဲ့ထူးခြားတဲ့ဟန်ပေါ်နေတဲ့ ပုံစံတွေထဲက တစ်ခုပဲ။ ဖြူစင်တယ်။ဒါပေမဲ့ ဆွဲဆောင်မှုအားကောင်းတယ်ပေါ့။ ဘ ာလို့လဲမသိ ယုအအိုအိရဲ့ မျက်နှာပေါ်က မှဲ့တစ်လုံးနဲ့ ပိန်လှီနေတဲ့ကျောပြင်ဟာ မကောင်းတဲ့ရုပ်ရှင်တစ်ကားကိုတောင် အသက်သွင်းပေးနိုင်တယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒါပေမဲ့ ဒီကားကတော့ ကောင်းတဲ့ကားပါပဲ။ ဒီတော့ ပြည့်စုံသွားတယ်ပေါ့။ ဒီကားက ရိုမန့်ကားလို့ပြောလို့လည်းရတယ်။ တစ်ဘက်တည်းမှာပဲ ရိုမန့်ထက် လက်တွေ့တော့ကျတယ်။ ယောက်ျားလေးတွေက သူတို့အမြင်ကနေ မိန်းကလေးတစ်ယောက်ကို လွယ်တယ်လို့ သတ်မှတ်ကြတဲ့အမြင်ကို မိန်းကလေးတစ်ယောက် ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းလည်းပါတယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်ကို တပ်မက်မှုရှိကြတာခြင်းအတူတူ လူ့အသိုင်းအဝိုင်းမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေက ပိုအပြောခံရတာတတ်တာကတော့ မထူးတော့တဲ့အရာပါပဲ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုအမြင်တွေကပြောင်းသွားပြီပေမဲ့ တစ်ချို့လူတွေအတွက်တော့ မပြောင်းသေးတဲ့အရာတွေပဲပေါ့။ တလောက ကျွန်တော် သဲအိမ်မောင်နေဝါရဲ့ချစ်လိပ်ပြာဆိုတဲ့ ဝတ္တုတစ်ပုဒ်ဖတ်လိုက်သေးတယ်။ အကြောင်းအရာကတော့ စာ၁၀ကြောင်းလောက်နဲ့တင်ပြီးသွားမယ့်အထိ ရိုးရှင်းတယ်။ ဒါပေမဲ့ သဲအိမ်မောင်နေဝါက မိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းမှုကို ကျွန်တော်တို့စာနာနိုင်အောင် ရေးပြနိုင်ခဲ့တယ်။ ဒီလိုဝတ္တုတွေထပ်လိုသေးတယ်လို့ ကျွန်တော်တော့မြင်တယ်။ Over the Fenceဟာလည်း အဲဒီဝတ္တုလို အင်အားမျိုးရှိတဲ့ရုပ်ရှင်ပါပဲ။ တစ်ခါတလေတော့လည်း ဒီလိုရုပ်ရှင်တွေကို ကျွန်တော်တို့လိုတယ်။ File size… 1.8 GB / 866 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Drama • Music
6.6 2016
Over the Fence
Red Blood Rescue
5.9

ဒီတစ်ခါတော့ မြန်မာနိုင်ငံမကဘူး တစ်ကမ္ဘာလုံး ကြုံတွေ့နေရတဲ့ ကပ်ဆိုးထဲက တစ်ခုဖြစ်တဲ့ မှောင်ခို ကလေးရောင်းဝယ်ရေးနဲ့ တရားမဝင် ကိုယ်တွင်း ကလီစာ ထုတ်ရောင်းဝယ်ရေးလုပ်ငန်းရဲ့ အမှောင်တစ်ခြမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားထဲမှာ သမီးလေးကို မျက်စိရှေ့မှာ လုယူခံလိုက်ရတဲ့ ကျန်းလီတစ်ယောက်က အပိုမပါတဲ့ အသက်တစ်ချောင်းနဲ့ လောင်းကြေးထပ်ပြီးတော့ သူ့သမီးကို ရအောင်ကယ်ဖို့ ကြိုးစားနေတဲ့ အခိုက်အတန့်ကို ရိုက်ကူးပုံဖော်ထားတာပါ… ကျန်းလီဟာ တစ်ဦးတည်း တခြားဒေသအထိကို သွားပြီး သဲလွန်စရခဲ့ပေမယ့် သူ့သမီးရှောင်ရှောင်အစား ရှောင်ကျန်းဆိုတဲ့ သူ့သမီးလေး ဂါဝန်ဝတ်ထားတဲ့ ကလေးလေးကိုပဲ တွေ့ခဲ့တယ်… နောက်တော့ ရှောင်ကျန်းလေးကို ကယ်တင်ပေးခဲ့ရာကနေ ဒီမြွေနီဆိုတဲ့ ဒုစရိုက်ဂိုဏ်းရဲ့ လမ်းစကို သိမြင်ခဲ့တာပေါ့… ဒီမြွေနီဂိုဏ်းခေါင်းဆောင်ဆိုတာလည်း ခေသူမဟုတ်တဲ့ ဒေသခံ ခရိုနီတစ်ယောက်လည်းဖြစ်… ဒေသခံ ရဲစခန်းမှူးကြီးနဲ့တောင် ပုခုံးဖက်ပေါင်းနိုင်တဲ့အထိ ပေါက်ရောက်သူကဖြစ်နေပြန်ရော… ဒီတော့ ကျန်းလီတစ်ယောက် သူ့သမီးလေးကို ရှာတွေ့ပြီး ကယ်တင်နိုင်မှာလား… မြွေနီဂိုဏ်းရဲ့ အမှောင်လောကရော လူတွေရှေ့မှာ ပေါ်ထွက်လာပါ့မလား… ရှောင်ကျန်းလေးကရော ဘာတွေဆက်ဖြစ်မှာလဲ… ဇာတ်ကားလေးကို ကြည့်ပြီး အိမ်မှာ ကလေးတွေရှိရင်လည်း ရန်သူမျိုး ၅ ပါးမကတဲ့ ခေတ်ပျက်ကြီးထဲမှာ ကိုယ့်အဖိုးတန်ရတနာလေးတွေကို တန်ဖိုးထားဖို့ မေတ္တာရှေ့ထား သတိပေးလိုက်ပါတယ်နော်…

Animation • Comedy • Mystery • Family • Fantasy • Adventure • Horror
5.9 2025
Red Blood Rescue
Justice League vs. Teen Titans
6.9

ဒီ Animation က Teen Titan ဇာတ်လမ်းတွေထဲမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်လမ်းပါပဲ။ Teen Titan ကဘယ်လောက်ကြမ်းတယ် Raven ကရောဘယ်လောက်လုပ်နိုင်စွမ်းရှိလဲဆိုတာကိုပါ သေချာပြနိုင်ပြီးတော့ Trigon ကလည်း Justice League ကိုတောင် သိပ်နိုင်တဲ့အထိ အစွမ်းထက်တဲ့ Supervillain ဆိုတာကိုပါသချာပြနိုင်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ Justice League အဖွဲ့ကို Trigon ကပူးပြီးတော့ သူတို့ကိုကယ်တင်ဖို့ တာဝန်က လူငယ် Superheros တွေစုထားတဲ့ Teen Titans အပေါ်ကို ရောက်လာပါတော့တယ်။ ဒီထဲမှာ ဒေမီယန်ဝိန်း Robin က ဘယ်လောက် ကျစ်ကန်ကန်နိုင်လဲဆိုတာကိုပါ သေချာပြနိုင်ပါတယ်။ အညွှန်းဖတ်အပြီး Feel မကျဲခင် ဇာတ်လမ်းလေးကိုပဲ ပြေးကြည့်လိုက်ပါတော့။ File size… 1.13 GB / 489 MB Quality… Bluray 1080p / 720p Format…mp4 Duration…. 1hr 19m Genre…. SuperHero/ Action / Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant

Drama • History
6.9 2016 78 mins
Justice League vs. Teen Titans
Always Smile
7.9

Always Smile (2025) IMDb Rating (7.9) ဒီဇာတ်လမ်းကိုတော့ ဆုရဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ထိုင်း-ကိုရီးယား-အမေရိကန် လူမျိုးဖြစ်တဲ့ ဒါရိုက်တာ Jaosn Park ကိုယ်တိုင် တည်းဖြတ်ပြီး ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကို ပေးနာထားတဲ့အပြင် အာရှသားတွေရှုထောင့်ကနေ ဘဝကိုရုံးကန်ရတဲ့ပုံကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင်တစ်ထောင့်တစ်နေရာကနေရိုက်ကူးထားတာဖြစ်တဲ့အပြင် ကြည့်လိုက်သူတိုင်း စိတ်နဲ့ထိတွေ့အောင်လည်း တကယ်ကြိုးစားအားထုတ်ထားပြီးမှ အောင်မြင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ဆိုရင်လည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်း ဝမ်းနည်းစရာကားမတော်တဆတစ်ခုနဲ့ကြုံပြီး ချစ်ရတဲ့သူတွေဖြစ်တဲ့ မိဘနဲ့ဇနီးဖြစ်သူတို့ ဆုံးပါးသွားတဲ့အချိန်မှာ အဲလက်စ်ဆိုတဲ့သက်လတ်ပိုင်းယောက်ျားတစ်ယောက်မှာ သူ့ရဲ့ညီဂျွန်နီတစ်ယောက်သာကျန်ပါတော့တယ်။ ညီဖြစ်သူကလည်း ၁၀ ကျော်သက်အရွယ်ကုန်လုဆဲဆဲဖြစ်လို့ ကောလိပ်ဆက်တိုက်ဖို့ရှိတဲ့အချိန်မှာ အစ်ကိုဖြစ်သူအဲလက်စ်က ငွေကြေးပြည့်စုံမှုမရှိပေမယ့်လည်း အချိန်ပြည့်အလုပ်လုပ်ပြီး သူ့ညီကိုကျောင်းမထားထားနိုင်အောင် ပိုက်ဆံကြိုးစားရှာခဲ့ပါတယ်။ ပိုဆိုးတာတစ်ခုက သူတို့မှာနေစရာအိမ်တောင်မရှိဘဲ နှစ်ယောက်က ဗင်ကားတစ်စီးပေါ်မှာပဲ အိပ်လိုက်စားလိုက်လုပ်ကြရသူပါ။ အစ်ကိုဖြစ်သူက မနက်ဆိုညီကိုကျောင်းသွားပို့၊ ပြီးရင်အလုပ်သွား၊ ညနေအချိန်ကျ သူ့ညီကိုပြန်လာခေါ် ကားပေါ်မှာပဲညစာစား၊ နှစ်ယောက်သားအချိန်ယူပြီး ဗင်ကားနောက်ခန်းမှာပဲအိပ်ကြရတာပါ။ ဒါပေမဲ့ နှစ်ယောက်လုံးဟာ ကြုံတွေ့နေရတဲ့ဘဝလောကဓံတွေအပေါ် တစ်စက်မှုငြိုငြင်ခြင်း လက်လျှော့ခြင်းမရှိဘဲ မိမိအခန်းကဏ္ဍအလျောက် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ညီဖြစ်သူက မထင်မှတ်ထားဘဲနဲ့ အခြားပြည်နယ်ကကျောင်းတစ်ခုမှာ ဆေးကျောင်းဝင်ခွင့်ရသွားပါတယ်။ ဒါကို ဝမ်းပမ်းသာလို့ ဟိုတယ်မှာတစ်ညသွားအပန်းဖြေဖို့ လုပ်ကြတဲ့ညီအစ်ကိုနှစ်ယောက်တို့ရဲ့ အခန်းဘေးမှာ ညီဖြစ်သူ ဂျွန်နီရဲ့ကောင်မလေးက သူတို့နှစ်ယောက်လက်ရှိတက်နေတဲ့ကောလိပ်က အိမ်ထောင်ရှိပြီးသားကျောင်းဆရာဖြစ်သူနဲ့ မတရားမေထုန်ပြုနေပါတယ်။ ဒါကိုသိသွားတဲ့ အစ်ကိုဖြစ်သူဟာ ဂျွန်နီ့ကို ချော့မော့ပြီး ဘဝကြီးအကြောင်း တရားချဖို့လုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ညီအစ်ကိုနှစ်ယောက်လုံးရဲ့အမေကလည်း တစ်ချိန်က သူတို့ကလေးတွေကို ပျိုးထောင်ဖို့အတွက် အဖော်အချွတ်လုပ်ခဲ့ရသူပါ။ ဒါကြောင့် မကောင်းတာလုပ်တဲ့သူတိုင်း မကောင်းတဲ့စိတ်ရှိမှောမဟုတ်ဘူးဆိုတဲ့အကြောင်းကို အဲလက်စ်က သူ့ညီဂျွန်နီ့ကိုတရားချပါတယ်။ ဒါပေမဲ့လည်း ညီဖြစ်သူကို ထိမ်ချန်ထားတဲ့ အကြောင်းအရာတချို့လည်း သူ့မှာရှိသေးပါတယ်။ ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက်လုံးဘဝဟာ နောက်ဆုံးကျ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (560 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Thriller Duration…. 01:25:23 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

7.9 2025 85 mins
Always Smile
The Engagement Dress

The Engagement Dress” (2023) ဟာ အချစ်ဟာသ ရိုမန်တစ်ဆန်တဲ့ အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Claudia (Angel Prater) ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့သူငယ်ချင်းတွေ အားလုံးကို အိမ်ထောင်ပြုနိုင်ဖို့ ကူညီပေးတဲ့ “ကံကောင်းစေတဲ့ စေ့စပ်ဝတ်စုံ” ကို ဝတ်ဆင်ခွင့်ရရှိချိန်မှာ သူမရဲ့အချစ်ရေးခရီးလမ်းကို ပြန်လည်သုံးသပ်မိပါတယ်။ ဒီဝတ်စုံဟာ သူ့အတွက် အချစ်စစ်ကို ရှာဖွေပေးနိုင်မလား၊ ဒါမှမဟုတ် သူမဟာ အချစ်ကို မမျှော်လင့်ထားတဲ့နေရာမှာ တွေ့ရှိသွားမလားဆိုတာကို ဒီဇာတ်ကားက ဆွဲဆောင်မှုရှိရှိ ဖော်ပြထားပါတယ်။ ဒီရုပ်ရှင်က ရင်ခုန်စရာ အခိုက်အတန့်တွေ၊ ရယ်စရာအချိန်တွေနဲ့ နှလုံးသားနဲ့ ထိတွေ့စေမယ့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာပါ။ ဒီဇာတ်ကားမှာ Claudia အဖြစ် သရုပ်ဆောင်ထားတဲ့ Angel Prater ဟာ သူမရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုနဲ့ ပရိသတ်ကို ဆွဲဆောင်ထားပါတယ်။ သူမနဲ့အတူ Mike Manning (The Bay, The Way Home နဲ့ Out of Death တို့မှ လူသိများတဲ့ မင်းသား)၊ Kathi Marcus နဲ့ Vidushi Srivastava တို့ကလည်း ရုပ်ရှင်ကားကို ပိုအသက်ဝင်စေပါတယ်။ ဒီရုပ်ရှင်ကားဟာ အချစ်ရဲ့ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိမှုတွေကို ပေါ့ပေါ့ပါးပါး နွေးထွေးတဲ့ ပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ ဟာသနှင့် ရိုမန်တစ်ကားတွေကို နှစ်သက်သူတွေအတွက် ဒီဇာတ်ကားဟာ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ File size…(1.7 GB)/(891 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Tv Movie, Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

Comedy
0 2023
The Engagement Dress