YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Something You Said Last Night (2022) 1080p.mp4

1.74 GB 1080p video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Until Tomorrow
5

လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။ မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ရင်ဆိုင်ရမယ့် ဒုက္ခတွေက မနည်းပါဘူး။ အိမ်ကိုလည်း ပေးသိလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း မေးငေါ့ခံရတယ်။ ဒီကြားထဲကမှ အိမ်က မိဘတွေက သူ့ဆီ တစ်ရက်လာလည်ဖို့လုပ်တော့ ကလေးကို တစ်ရက်တလေလေး ထိန်းပေးဖို့လူပတ်ရှာတာတောင် ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်နေရသလိုလိုပါပဲ။ ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ... ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ... အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance • TV Movie
5 2022 86 mins
Until Tomorrow
Your Place or Mine
6.4

Reese Witherspoon  နဲ့ Ashton Kutcher တို့ အဓိကပါဝင်ထားလို့ ဒီကားက ကြည့်သင့်ပါတယ်.. ပီတာနဲ့ဒက်ဘီတို့ ငယ်သူချင်းနှစ်ယောက် အကြောင်းတစ်ခုကြောင့် သူတို့ဝေးသွားကြပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်ကြသလို အဆက်အသွယ်လဲ ပြတ်တယ်လို့မရှိပါဘူး ဒက်ဘီက‌ ကလေးတစ်ယောက်အမေ Single Mom ပီတာကတော့ လူလွတ်တစ်ယောက်ပီပီ သူ့အကြိုက်မိန်းကလေးတွေကိုလိုက်ရှာပေမယ့် တွဲတိုင်းခြောက်လမခံ ဒီလိုနဲ့တစ်နေ့ ဒက်ဘီတစ်ယောက် ဘဝရှေ့ရေးအတွက် အဝေးတစ်နေရာကိုသွားပြီး ဒီဂရီတစ်ခုသွားယူဖို့ဆုံးဖြတ်လိုက်ပြီး သူ့ကလေးကိုလည်း အဲ့အတောအတွင်းမှာ ပီတာကလာပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာပါလေရော. ..အဲ့နောက်ပိုင်းကစပြီး သူတို့ငယ်သူချင်း နှစ်ယောက်ကြား ဘယ်လိုဆက်ပြီး ရှေ့ဆက်ကြမယ်ဆိုတာကိုတော့ File Size :(1.6GB)(703 MB) and (172MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:49:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Zwel Zan Aung Encoded by Phyo Pyae

Comedy • Crime • Drama • Romance
6.4 2023 109 mins
Your Place or Mine
[18+] Fall Guy
2

အမြင့်ကြီးမှာပျံသန်းနေတဲ့ ခိုတွေကိုကြည့်ရင်း ဂျူးလီယပ်စ် နားမလည်နိုင်ဖြစ်ဖူးပါတယ်။ သူတို့ဟာ အဝေးကြီးလည်းသွားလို့ရတယ် အမြင့်ကြီးလည်းပျံနိုင်တယ်။ အတောင်ပံတွေရှိရက်နဲ့ ဒီဆင်းရဲသားရပ်ကွက်ထဲကို ဘာလို့ပြန်ရောက်လာလဲဆိုတာ သူနားမလည်နိုင်ဖြစ်တယ်။ '' ငါသာ ခိုတစ်ကောင်ဖြစ်ခဲ့ရင် ဒီနေရာနဲ့အဝေးကြီးကို ပျံသွားမယ် ဘယ်တော့မှ ပြန်မလာတော့ဘူး " လို့သူပြောပါတယ်။ ဂျူးလီယပ်စ်ရဲ့မိခင်က လွှတ်တော်အမတ်လူချမ်းသာတစ်ယောက်အိမ်မှာ အိမ်ဖော်လုပ်ပြီး ဂျူးလီယပ်စ်ကိုယ်တိုင်လည်း ကျွန်ဝယ်ရာအဆစ်ပါသလို အိမ်ကြီးရှင်သား ဖွန်ဇီရဲ့ လက်တိုလက်တောင်းအလုပ်တွေ လုပ်ရပါတယ်။ ချမ်းသာချင်တဲ့ ဂျူးလီယပ်စ်ဟာ သူဌေးသားနဲ့ အနီးကပ်ပေါင်းရင်း၊ အိမ်တွင်းက သူ့အသုံးအဆောင်တွေကို လစ်ရင်လစ်သလိုခိုးယူသုံးစွဲရင်း တစ်ခါတရံဘဝမေ့သွားတတ်တဲ့အတွက် သူ့အမေက သူ့ကိုသတိပေးရတတ်တယ်။ တစ်နေ့မှာတော့ နိုင်ငံခြားက ပြန်ရောက်လာတဲ့ ဖွန်ဇီ့ညီဝမ်းကွဲကို ဖွန်ဇီနဲ့အတူ သူတို့သူငယ်ချင်းဖြစ်သူရဲ့ပါတီတစ်ခုကို ဂျူးလီယပ်စ်လိုက်ပို့ရပါတယ်။ အဲဒီညမှာပဲ ဖွန်ဇီတို့သုံးယောက်ဟာ သူ့ညီဝမ်းကွဲရဲ့ကောင်မလေးကို အမူးလွန်ဆေးကွဲပြီး မုဒိမ်းကျင့်ရာကလက်လွန်ပြီးကောင်မလေးသေဆုံးသွားပါတော့တယ်။ သူတို့ကတော့ အဲဒီညမှာပဲ တစ်နေရာမှာ မူးပြီး အိပ်ပျော်နေတဲ့ ဂျူးလီယပ်စ်ကို ကောင်မလေး အလောင်းဘေးမှာချပြီး အကွက်ဆင်ခဲ့သလို သူ့အမေ လွှတ်တော်အမတ်နဲ့ သူ့သြဇာခံ ရဲတွေ ရှေ့နေတွေနဲ့မျက်မြင်သက်သေအားလုံးကို ငွေလမ်းခင်းပြီး ဂျူးလီယပ်စ်ကို အခိုင်အမာတရားခံအဖြစ် တွန်းပို့ကြပါတော့တယ်။ အခုချိန်မှာတော့ သူအထင်ကြီးနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းရဲ့ ယုတ်မာပက်စက်မှုတွေကို ဂျူးလီယပ်စ်ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရပြီး အလွတ်ရုန်းရမယ့်အချိန်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 820MB Quality - 1080p, 720p Format - mp4 Duration - 1H 48Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Comedy
2 2023 106 mins
[18+] Fall Guy
Lethal Weapon 4
6.6

Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။ File size…(2.41GB)  / (1.38GB) / (813.87MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

6.6 1998 127 mins
Lethal Weapon 4
Munafik 2
5.5

ဒီသရဲကားကို တစ်ယောက်ထဲကြည့်ရဲရင် တော့အကောင်ပဲ (သရဲမကြောက်တဲ့ကောင်) အခု Munafik 2 ဆိုတဲ့ကားလေးက မလေး သရဲကားပါ Munafik 1 ကတော့ 2016 ကရိုက်ခဲ့တာဖြစ်ပြီး ကျွန်တော်လဲမကြည့်ဖူး တော့မသိပါဘူး ဒီကားလေးကြည့်မှ မလေးလဲ တော်တော်လေးရုပ်ရှင်အဆင့်တန်း တိုးတက်လာပြီဆိုတာ သိလိုက်ရတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ မလေးဆိုတဲ့အတိုင်း အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပေါ့ သိကြတဲ့အတိုင်းပဲ မွတ်ဆလင်မှာ စွန်နီနဲ့ ရှီရတ် ဆိုပြီးဘာသာ ရေး ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပါတယ် တချို့ကြပြန်တော့ လဲ ဘာသာရေးခု တုံးလုပ်ပြီး လိမ်စားညာစားလုပ်တာတွေ ရှိပါတယ် ထိုအထဲမှာမှ အာဘူဂျာဆိုတဲ့ ဘိုးတော်ကအဆိုးဆုံးပါ သူ့ဂိုဏ်းထဲမ ဝင်တဲ့သူ သူ့အဆုံးမလမ်းစဉ်တွေမလိုက်နာ တဲ့သူဆို သူ့တပည့်တွေနဲ့ နှိပ်စက်ကလူ ပြုတဲ့အပြင် အောက်လမ်းအတိုက်နဲ့လဲ တိုက်တတ်ပါသေးတယ် ဒါကို သမာသမတ် ရှိတဲ့ တရားပြဆရာလေး အဒမ်နဲ့ ထိပ်တိုက် တွေ့ဖို့ အကြောင်းဖန်လာတဲ့တစ်နေ့ အကောင်းနဲ့အဆိုး အလင်းနဲ့အမှောင် ဘုရားနဲ့ မိစ္ဆာ ဘယ်လိုအားပြိုင်ထားလဲ ဆိုတာကြည့်ရမှာပါ ဘာသာရေးကားလဲဟုတ်သလို သရဲကားလဲ ဖြစ်နေပြန်ပါတယ် ဒါကတော့ စပွိုင်းသလိုဖြစ် သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ကြပါ ကျွန်တော်ဒီလအတွင်းမယ်ပြန်ခဲ့တဲ့ Asian သရဲကားတွေတော်တော်များများသူ့ဟာနဲ့သူ အတော်လေး ဒီဇိုင်းကာလာလန်းနေတယ် ဒါပေမယ့်ဒီကားလေးကကြောက်ဖို့အ ကောင်းဆုံးလို့ဆိုရမှာပါ ဒီကားထဲကသရဲတွေက လူတွေမကြောက် လောက်တဲ့အကွက်တွေကိုသိနေပြီ ပုံမှန်ခြောက်နေကြအကွက်နဲ့ခြောက်မှာ မဟုတ်တော့ပါဘူး အာ့ကြောင့်ကြည့်နေရင်း အာ ဒီအခန်းက အပေါ်ကကျလာမှာလေ အောက်ကရောက်လာမှာ ဘာညာမှန်းပြီး ကြည့်ရင်တော့ သေးပါထွက်ကျသွားပါလိမ့် မယ် အာ့ကြောင့်ကြည့်ရဲရင်အကောင်လို့ပြော ခဲ့တာပါ ကဲ လေကြောရှည်မနေတော့ဘူး ညရောက်တာနဲ့ ဒေါင်းပြီး တံခါးပိတ်မီးပိတ် နားကြပ်တပ်ပြီး ထိတ်လန့်ခြင်းအနုပညာကို ကောင်းကောင်းကြီးခံစားကြည့်ကြပါကုန် rating အနေနဲ့ IMDb မယ် 7.8 အထိရထား ပါတယ် ဂျင်းကား မဟုတ်တာကို အာမခံပါတယ်.... ရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Drama
5.5 2018 104 mins
Munafik 2
Survive
1.8

Adventures တွေကို ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက် survive ဆိုတဲ့ ဗီယက်နမ် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ကင် တို့သူငယ်ချင်းတစ်သိုက်ဟာ အန္တရာယ်များတယ်လို့ နာမည်ကြီိးတဲ့ တာနောင် ဖန်ဒေါင် တောကြမ်းခရီးကို နည်းပြ ဟွိုင် ရဲ့ ဦးဆောင်မှုနဲ့ ခရီးထွက်ခဲ့ကြပါတယ် လမ်းမှာ ကင် နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဘက်သ်တို့ ကတောက်ကဆဖြစ်ကြရာကနေ ဘက်သ် တစ်ယောက် အဖွဲ့ကနေ ခွဲထွက်သွားပြီး ပျောက်ဆုံးသွားပါတော့တယ် ဘက်သ် ပျောက်ဆုံးသွားပြီးမှ သူ့ကို အထင်လွဲမိမှန်း သိသွားတဲ့ ကင် တစ်ယောက် ဘက်သ် ကို ရှာဖွေဖို့ ကြိုးပမ်းပုံကို Adventures ဆန်ဆန် thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် တောအုပ်ထဲကစွန့်စားခန်းတွေကို အာရှ အငွေ့အသက်အပြည့်နဲ့ တဝကြီးခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် အညွန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Adventure, Drama, Thriller Quality….WEB-DL 1080p and 720p and 480p File size…1.4GB and 700MB and 273MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... LK

Action • Comedy • Drama
1.8 2021 95 mins
Survive
War for the Planet of the Apes
7.2

IMDb - 7.4/10_____Rotten - 94% အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။ ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။ မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို အကြင်နာမဲ့ရက်စက်တဲ့ ကာနယ် ကဦးဆောင်တာဖြစ်ပြီး ဆီဇာရဲ့ ဇနီးနဲ့  သားအကြီးဆုံးကို သတ် ဖြတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိသား စုနဲ့ မျောက်ဝံ မျိုးနွယ်စုကို ကာ ကွယ်ချင်တဲ့ဆီဇာနဲ့ မျောက်ဝံတွေ ကို မုန်းတီးပြီးအမျိုးဖြုတ်သုတ် သင်ချင်တဲ့ လက်နက်ကိုင်အဖွဲ့ အကြားမှာ တိုက်ပွဲတွေအကြီးအ ကျယ်ဖြစ်ပါတော့တယ်။  မျောက်ဝံအဖွဲ့မှာ သစ္စာ ဖောက်သူတွေ  ရှိတဲ့အတွက် နောက်ဆုံးမှာ ဆီဇာ အဖမ်းခံခဲ့ရပြီး ရက်စက်တဲ့ကာနယ်က အစာဖြတ်၊ ရေဖြတ်နဲ့ ညှဉ်းပန်းဒုက္ခပေးခဲ့ပေ မယ့်လည်း ကူညီမယ့်သူပေါ် လာ တဲ့အတွက် ဆီဇာတစ်ဖန်ပြန် လွတ်မြောက်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဆီဇာနဲ့ ကာနယ် ထိပ်တိုက် တွေ့ကြတဲ့အခါမှာ တော့ အနာဂတ်ကမ္ဘာမှာ ကျန်ရှိ မယ့် လူသားမျိုးနွယ်စုနဲ့ မျောက်ဝံ မျိုးနွယ်စုတို့ရဲ့ ကံကြမ္မာအတွက် ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာ ရှုစားရမှာပါ။ ၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ Rise of the Planet of the Apes နဲ့ ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ Dawn of the Planet of the Apes ဇာတ်ကားတွေရဲ့ အဆက် ဖြစ် ထွက်ရှိထားတာမို့ အရင် ဇာတ်ကားတွေက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တာမို့ ဇာတ် လမ်းကောင်း၊ မကောင်းကတော့ ပြောဖို့တောင်လိုမယ် မထင်ပါ ဘူး။ ပါဝင်သရုပ်ဆောင်ထားသူ တွေကတော့ အန်ဒီဆာကစ်၊ စတိဗ်ဇန်၊ ကာရင်ကိုနိုဗယ်၊ ဝူဒီ ဟာရယ်ဆင်၊ အမီရာမစ်လာ၊ ဂက်ဘရီရယ်ချာဗာရီရာစသူတွေ ပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daily Website မှကူးယူဖော်ပြထားပြီး ဘာသာပြန်သူက ခင်ပြည့်စုံကျော်ပါ) File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr 20min Format : Mp4 Genre :Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Pyae Sone Kyaw Encode by Thanhtike Zaw

Comedy
7.2 2017 140 mins
War for the Planet of the Apes
Golda
6.1

Golda (2023) ~ IMDb – 6.1/10, Rotten Tomatoes – 53% ~ အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် နိုင်ငံအပေါ် ဂိုလ်ဒါရဲ့ကြိုးပမ်းမှုကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 670MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 40Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.1 2023
Golda
Mystery Island
5.5

ပဟေဠိ အဖြေညှိရတာကြိုက်တဲ့ CM ပရိတ်သတ်တို့အတွက် ၂၀၂၃ မှာအသစ်စက်စက်ထွက်ထားတဲ့ MYSTERY ISLAND ကားလေးမိတ်ဆက်ပေးပါမယ်။ Mystery ဆိုတဲ့အတိုင်းလျှို့ဝှက်ဆန်းကြယ်နေရာတွေ၊ အခန်းတွေ၊ ဝှက်စာတွေနဲ့ရှာပုံတော်ထွက်ရမှာပါ။ ~~~~~~~~~~~ ဒီဇာတ်လမ်းထဲမှာရှာရမှာကျတော့ လူသတ်တရားခံဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆို လူချမ်းသာတွေလာအပန်းဖြေနေကျ MYSTERY ISLAND ဆိုတာရှိပါတယ်၊ တစ်ညကိုဒေါ်လာတစ်သောင်းလောက်ပေးနေရတာပါ၊ အဲ့ကျွန်းမှာဘာလုပ်လဲဆို Mystery Game တွေဆော့ပြီးအပျော်တမ်း လူသတ်တရားခံ ရှာကြတာပေါ့ ။ ဖြစ်ချင်တော့ ကျွန်းကို သွားနေကျ သူဌေးသမီး ဂျေးနီက ကျွန်းကိုမရောက်ဖူးတဲ့သူ့သူငယ်ချင်း ရဲအမှုထမ်းမလေးအမ်မလီယာကို စိတ်ပြေလက်ပျောက်ရောက်ဖူးတယ်ရှိအောင်ဆိုပြီးခေါ်သွားလိုက်ချိန်မှာတော့ ၊ တကယ့်လူသတ်မှု တစ်ခုပေါ်ပေါက်လာပါတယ်။ သေဆုံးသူကတော့ ကျွန်းကို ဖန်တီးထားသူ ပိုင်ရှင် ဂျွန်မာတက်ပါ။ ဂျွန်မာတက်က ဘာလို့သေတာလဲ၊ ဘယ်သူသတ်တာလဲ၊ ပဟေဠိတွေဖန်တီးနေကျ ဉာဏ်ကြီးရှင်ကိုယ်တိုင် အသတ်ခံလိုက်ရတာ ရိုးရော ရိုးရဲ့လား၊ နောက်ကွယ်မှာရော ဘယ်သူ့ကြိုးကိုင်နေတာလဲဆိုတာတွေကို plot twist လှလှလေးနဲ့ကြည့်ရမှာဖြစ်ပါတယ် File size…(1.6 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

5.5 2023 84 mins
Mystery Island
Paranormal Activity

IMDb 6.3 ရရှိထားပြီး teen choice movie award အပါအဝင်ဆုသုံးခုနဲ့ ဆုပေါင်း 12ခုမှာဇကာတင်ထားတဲ့ Horror & thriller အမျိုးအစားဇာတ်လမ်းဖြစ်ပါတယ်။ Jumpscare တွေနဲ့သွေးသံရဲရဲ ထိတ်လန့်စရာမျိုးမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ကြက်သီးဖြန်းကနဲထစေမဲ့ ခံစားချက်မျိုးကိုရစေမှာပါ ဇာတ်လမ်းအကျဉ်း….. ကေတီနဲ့မီကာတို့ဟာ နှစ်ရှည်တွဲလာခဲ့တဲ့စုံတွဲတွေဖြစ်ပြီး အတူတူအေးအေးချမ်းချမ်းနေထိုင်နေရင်း အိမ်မှာထူးထူးဆန်းဆန်းဖြစ်ရပ်တွေကြုံလာပါတော့တယ် ကေတီကတော့ငယ်ကတည်းကဒီလိုကြုံနေကျမလို့ သိပ်မထူးဆန်းတော့ပေမဲ့ မီကာတစ်ယောက်ကတော့စိတ်တွေလှုပ်ရှားပြီး ဒီ ထူးဆန်းတဲ့ဖြစ်ရပ်တွေကို အရမ်းစိတ်ဝင်စားနေခဲ့တာပါ…. လူကိုလည်းဘာဒုက္ခမှမပေးဘဲ ဆန်းဆန်းပြားပြားတွေဖြစ်နေရတာဘယ်သူ့ကြောင့်လဲ သရဲလား တစ္ဆေလား နတ်ဆိုးလား ဆိုတာကိုလည်းဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုနဲ့နှစ်ယောက်သား ထူးဆန်းတဲ့ကိစ္စတွေကိုစုံစမ်းကြရင်း ဒီလိုဖြစ်ရပ်တွေကဘာကြောင့်‌ဖြစ်နေရတာလဲ အဲ့ထူးဆန်းတဲ့အရာကြီးကိုဖယ်ရှားနိုင်ပါ့မလား ဆိုတာကိုကြည့်ရှူရမှာပါ Paranormal activity ဇာတ်ကားတွေထုံးစံအတိုင်း စောင့်ကြည့်ကင်မရာမှတ်တမ်းတွေလိုမျိုး ရိုက်ကူးထားတာမလို့ တကယ့် Ghost hunting show တွေကြည့်‌နေရသလို ခံစားရမှာဖြစ်ပါတယ် File size…(1.7 GB)/(871 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre… Horror,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Drama • Romance
0 2007
Paranormal Activity
Ladki: Enter the Girl Dragon
5

Ladki: Enter The Girl Dragon (2022)”အိန္ဒိယဂျက်မ” ဟောင်ကောင်ဂျက်မတွေ ကိုရီးယားဂျက်မတွေ တအားကိုရိုးလွန်းနေပြီဆိုတော့ တမူထူးတဲ့အိန္ဒိယဂျက်မကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Bollywood ကားဆိုပေမဲ့ ချခါနီးမှာ သီချင်းနဲ့ထမကဘဲ အပီအပြင်တကယ်ဖိုက်တာမလို့ female badass ကာရိုက်တာတွေကြိုက်သူတွေအတွက် must tryပါ။ ငယ်စဉ်က အစ်မဖြစ်သူမုဒိမ်းကျင့်ခံရတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့တဲ့ပူဂျာတစ်‌ယောက် အစ်မဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ချိန်မှာတော့ အကြီးအကျယ်စိတ်ဒဏ်ရာရခဲ့ရတာပေါ့။ စိတ်ရောကိုယ်ပါပြိုလဲနေတဲ့ပူဂျာကို ပြန်လည်ရပ်တည်နိုင်စေတာကတော့ ဘရုစ်လီနဲ့ သူ့ရဲ့အတွေးအမြင်‌ သူ့ရဲ့ဂျီကွမ်ဒိုကိုယ်ခံပညာပါပဲ။ ဒီလိုနဲ့ ရုပ်ရှင်ကနေ ဂျီကွမ်ဒိုပညာကို သင်ယူနေတဲ့ပူဂျာတစ်‌ယောက် ဒီပညာကို ကိုယ်တိုင်လက်ထပ်သင်ကြားပေးနေတဲ့နဂါးကိုယ်ခံပညာသင်တန်းကျောင်းရဲ့သတင်းကိုကြားပြီး မြို့တက်လာချိန်မှာတော့ မိန်းကလေးတွေကို ပါးစပ်သရမ်းတတ်တဲ့လူမိုက်တစ်သိုက်နဲ့တွေ့ပါတော့တယ်။ ဒီလူမိုက်တွေကိုဝင်ဟန့်တဲ့သူကတော့ နီးလ်‌ဆိုတဲ့ကိုလူအေးကြီးပေါ့။ ဒါပေမဲ့ လူအေးကြီးပီပီ လူမိုက်နဲ့ပြိုင်မဖိုက်နိုင်တော့ ပူဂျာကပဲကယ်တင်ပေးလိုက်ရပြီး ရင်းနှီးသွားကြတဲ့သူတို့နှစ်‌ယောက်ကြားကပတ်သက်မှုနဲ့ ဂျီကွမ်ဒိုပညာရှင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြား ပူဂျာတစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရပြီး သူ့ရဲ့အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5 2022 134 mins
Ladki: Enter the Girl Dragon
71: Into the Fire
7.3

71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊ Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ တောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက် ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။ တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့ နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။ မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်ဆောင်ထားတဲ့ လူမိုက်ဂိုဏ်းဝင် ဂပ်ဂျိုတို့အုပ်စုရဲ့ မထီမဲ့မြင်ဆက်ဆံခြင်းတွေကိုလည်း ခံရပါသေးတယ်။ အိုဂျန်ဘုံးဦးဆောင်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေး ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး အမှတ် (၇၆၆) ခြေလျင်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့… ကျောင်းသားလေးတွေ ဘယ်လို ရွပ်ရွပ်ချွံချွံနဲ့ မြောက်ကိုရီးယားကို ခုခံသွားမလဲဆိုတာ ရင့်နင့်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…3.01GB / 1.24GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 2m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn & Theint

7.3 2010
71: Into the Fire
Baby’s Day Out
6.1

Baby’s Day Out (1994) IMDb Rating (6.2) ၁၉၉၄ ခုနှစ်ဆိုတာ ရုပ်ရှင်လောကအတွက် တကယ့်ဂန္တဝင်ကားတွေ ထွက်တဲ့နှစ်ပါပဲ..Baby’s Day Out ရုပ်ရှင်ကလဲ ၁၉၉၄ နှစ်ထုတ်ကုန်တခုဖြစ်ပြီး အမြဲတမ်းအမှတ်တရ ပြန်ပြန်ကြည့်နေရတဲ့ရုပ်ရှင်တကားပါပဲ။ ကလေးလေးတယောက်နဲ့ လူဆိုး၃ယောက်သာ အဓိကထားရိုက်ပြထားတဲ့ ဒီဟာသကားလေးက ကြည့်ဖူးသူတိုင်းကို အပန်းဖြေရယ်မောစေခဲ့ရသလို ပြန်ပြန်ကြည့်တိုင်းလဲ ကြည်နူးပျော်ရွှင်ရစမြဲပါပဲ အဓိကဇာတ်ကောင် ကလေးလေး Baby Bink အတွက် အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Adam Robert နှင့် Jacob Joseph Worton တို့နှစ်ယောက်စလုံးနဲ့ ရိုက်ကူးခဲ့တာပါ။ Adam နဲ့ Jacob Worton တို့ညီအစ်ကိုရဲ့ တစ်သက်လုံးမှာ တစ်ကားတည်း သရုပ်ဆောင်ဖူးတဲ့ ရုပ်ရှင်ဖြစ်ပြီး သူတို့ဟာ နောက်ထပ် ဘာကားမှ ထပ်မရိုက်ခဲ့ပါဘူး။ Baby’s Day Out ကို အခုချိန်မှာ ဂန္တဝင်ဟာသကားတစ်ကားလို သတ်မှတ်ထားကြပေမယ့် ထွက်ရှိချိန်တုန်းကတော့ ကလေးကို အန္တရာယ်ကြီးမားတဲ့ နေရာတွေ လျှောက်သွားပုံ ရိုက်ထားတဲ့အတွက် ဝေဖန်ခံရပြီး Box Office မှာ အရှုံးပေါ်ခဲ့တယ်။ Box Office ရုံဝင်ငွေ ထင်သလောက် မရခဲ့တာကြောင့် အစက “Baby’s Trip to China” အမည်နဲ့ နောက်ဆက်တွဲ Sequel ဆက်ရိုက်မယ့် အစီအစဉ် ဖျက်လိုက်ရပါတယ်။ မဟုတ်ရင် အနည်းဆုံး Baby’s Day Out နှစ်ကားကြည့်ရမှာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ဘဝမှာ ကိုယ်ဖြစ်စေချင်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲကြည့်ခဲ့ရပါတယ်…. အဲ့ဒါကတော့ အလိမ်အညာတွေ၊လူဆိုးတွေပြည့်နေတဲ့ လောကကြီးထဲမှာ ဘာမှနားမလည်တဲ့ ရိုးသားဖြူစင်တဲ့ လူငယ်လေးတယောက်က သူလုပ်ချင်ရာကို စွန့်စွန့်စားစားလုပ်ချသွားပြီး နောက်ဆုံးမှာ ရန်သူတွေကိုယ်တိုင်တောင်မှ မမုန်းရက်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲရှိခဲ့ပါတယ်ပေါ့။

6.1 1994 99 mins
Baby’s Day Out
The River of Fury
6

မိုးအေးအေးနဲ့ တွေးစရာတွေများတဲ့ရာသီဥတုမှာ ကြည့်လို့ အရမ်းလိုက်ဖက်မယ့်ဇာတ်ကားလေးCMမှတင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၈ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ မိုးတွေရွာတဲ့အခါတိုင်း မိန်းကလေးတစ်ယောက် သတ်ခံရတဲ့သတင်းဆိုးတွေတက်လာခဲ့ပါတယ်။ နွေရာသီတစ်ခုထဲမှာတင် လူသတ်မှု(၅)မှုတိတိဖြစ်ခဲ့ပါတယ်။ သဲလွန်စတွေမလုံလောက်တာကြောင့် ဒီကွင်းဆက် လူသတ်မှုဟာတရားခံမပေါ်ပဲဖြစ်နေခဲ့ပါတယ်။ နှစ်တွေတော်တော်ကြာတဲ့အချိန်မှ ဒီကွင်းဆက်လူသတ်မှုလိုမျိုးလုပ်နည်း လုပ်ဟန်တွေပြန်ပေါ်လာခဲ့ပါတယ်။ တကယ်ပဲ ကွင်းဆက်လူသတ်သမားပြန်ပေါ်လာပြီးတော့ လူတွေထပ်သတ်ပြန်ပြီလား။ ရှုပ်ထွေးမှုတွေနဲ့သံသယပေါင်းများစွာတွေနဲ့ ဒီအမှုရဲ့နောက်ကွယ်က အမှန်တရားဟာဘယ်လိုဖြစ်နေမလဲဆိုတာကို မထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့ တင်ဆက်သွားမယ့် မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။

Thriller • Crime • Horror
6 2025
The River of Fury