YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) Shrinking.S01E06.Imposter.Syndrome.1080p.mp4

390.4 MB N/A video/mp4 142 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Frankenweenie
6.9

~ IMDb - 6.9/10, Rotten Tomatoes - 87% ~ ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်း‌အကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာ‌ပေါ့။ ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ခွေးလေးကို အခြေတည်ပြီး သရုပ်ဖော်ထားတဲ့ ခွေးကလေးဖြစ်ပါတယ်။ ဘာတန်အရသာအပြည့်နဲ့ တင်ဘာတန်ကားမို့ ဘာတန် ပရိသတ်တွေ သဘောကျကြမှာပါ။ နောက် ဒီကားဟာ 1984 မှာ ပွဲဦးထွက်အနေနဲ့ ဖရန်ကင်ဝီနီဆိုပြီး ရိုက်ခဲ့တဲ့ လူကားရဲ့ အန်နီမိတ်ဗားရှင်းလည်း ဟုတ်ပါတယ်။ ဘာတန်ဟာ လက်ရှိအထိ ကား၂၀ ရိုက်ခဲ့ပြီး ၂၀၁၉ ရဲ့ ဒမ်ဘိုကလွဲ ကျန်တဲ့ကားတွေအကုန် ရှယ်တွေပဲလို့ ပြောလို့ရပါတယ်။ Edward Scissorhands, Big Fish, Charlie and the Chocolate Factory, Corpse Bride တို့ကတော့ သူ့ရဲ့ လူသိအများဆုံးကားတွေဖြစ်ပါလိမ့်မယ်။ ဖရန်ကင်စတိန်းကိုမှ Pet Semetary ပေါင်းပြီး ဘာတန်စတိုင်အပြည့်နှောရိုက်ထားတဲ့ကားဖြစ်သလို ခွေးချစ်တဲ့သူတွေအတွက်လည်း ရင်ထဲ တော်တော်ထိမယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 27Min Genre - Animation, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.9 2012 87 mins
Frankenweenie
Bloody Sunday
7.3

ဒီဇာတ်ကားလေးကတော့ ၁၉၇၂ ခု ဇန်နဝါရီလ ၃၀ ရက်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်အခြေတည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဗြိတိန်လက်အောက်ခံ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းဒေသမှာ အဲဒီအချိန်က ကက်သလစ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ပြည်သူအများစုက ဗြိတိန်ကနေ ခွဲထွက်ချင်နေပါတယ်။ ဖိနှိပ်မှု နဲ့ ဖမ်းဆီးခံရမှုတွေကြောင့် အိုင်ဗန်ခေါင်းဆောင်တဲ့ ဒယ်ရီမြို့သားတွေက သူတို့လိုချင်တာကို ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုဖို့ ကြိုးစားခဲ့ကြပေမဲ့ တစ်ဖက်က ဗြိတိသျှတွေကတော့ ဒါမျိုး တောင်းဆိုမှုတွေ ထပ်မံ မပေါ်ပေါက်လာဖို့အရေးကိုပဲ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့သော တနင်္ဂနွေ မနက်ခင်းတစ်ခုမှာတော့ ... ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အိုင်ယာလန်မြောက်ပိုင်းဒေသက ကက်သလစ်ဘာသာဝင်တွေ သူတို့ လိုချင်တာတွေ ဖြစ်ချင်တာတွေကို ညှိနှိုင်းတောင်းဆိုလို့ရသွားမလားဆိုတာကိုတော့ ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 4.3GB, 1.7GB, 611MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Poant Encoded by Kinnov

Drama • Romance
7.3 2002 107 mins
Bloody Sunday
The Twilight Saga: Breaking Dawn - Part 2
6.5

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ File size…(1.5 GB) Quality….BluRay 1080p HEVC Format…mkv Duration….01:55:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Adventure • Comedy
6.5 2012 115 mins
The Twilight Saga: Breaking Dawn - Part 2
Before I Go to Sleep
6.3

ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများကြည့်ဖူးကြတဲ့ Kingsman ဇာတ်ကားထဲကနာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့ Colin Firth နဲ့ Mark Strong တို့နှစ်ယောက်နဲ့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ဂျင်းနီလိုဇာတ်ကားဖြစ်တဲ့ Bewitched ဇာတ်ကားထဲကမင်းသမီးကြီး Nicole Kidman တို့သုံးယောက် ရိုက်ကူးထားတဲ့ 2014 တုန်းကထွက်ရှိထားတဲ့ Before I Go to Sleep ဆိုတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။I MDb Rating 6.3 ရရှိထားပြီးအခုပြန်ကြည့်လဲကောင်းနေဆဲ စိတ်ဝင်စားစရာ ကောင်းနေဆဲဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ခရစ္စတင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိပ်ရာကနိုးထလာပြီးမနက်တိုင်းမှာ သူ့အတိတ်က ဘာအကြောင်းအရာတွေကိုမှ မမှတ်မိတော့တဲ့အတိတ်မေ့ရောဂါခံစားနေရပါတယ်။ သူအိပ်ရာနိုးတိုင်း သူ့ဘေးမှာယောက်ျားဖြစ်သူဘန်ရှိနေပြီး သူဘယ်သူလဲဆိုတာကို နေ့တိုင်းရှင်းပြနေရပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်လည်ရရှိလာအောင် ကုသပေးနေတဲ့ဒေါက်တာနက်ရှ်ဆိုတဲ့ ဆရာဝန်တစ်ယောက်လည်းရှိနေပြီး ဘန်မရှိတဲ့ အချိန်မှာ ခရစ္စတင်းနဲ့ ဒေါက်တာနက်ရှ်က သူ့အတွက်အကူအညီဖြစ်မဲ့အရာအားလုံးကို လိုက်ကူညီပေးနေတာပဲဖြစ်ပါတယ်။ဒါပေမယ့် သူဒီလိုအတိတ်မေ့ရောဂါရသွားခဲ့တဲ့ အကြောင်းအရင်းကို မေးကြည့်လိုက်တဲ့အခါမှာ ယောက်ျားဖြစ်သူဘန်ပြောတဲ့စကားနဲ့ ဆရာဝန်ပြောတဲ့စကားမတူတဲ့အခါမှာ ခရစ္စတင်းတစ်ယောက် သူ့အတိတ်က မှတ်ဉာဏ်တွေကို ပြန်ရချင်စိတ်တွေပြင်းပြလာပြီး မှတ်မိနိုင်ဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာမယ်ဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.85GB / 615MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2014 92 mins
Before I Go to Sleep
A Little Chaos
6.5

ဒီရုပ်ရှင်ကတော့ ပြင်သစ်ဘုရင်ခေတ်မှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဒရာမရုပ်ရှင်တကားဖြစ်ပါတယ်။ ပြင်သစ်ဘုရင်ကြီး Louis XIV ဟာ ဗာဆိုင်းလ်နန်းတော်ကြီးမှာ ဘုရင့်ဥယျာဉ်တော်တစ်ခု တည်ဆောက်ဖို့အတွက် မိန့်ကြားလိုက်ပါတယ်။ ဆဘင်းဒီဘာရာကတော့ ဥယျာဉ်ခြံအစရှိတဲ့ ဗိသုကာအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အသက်မွေးနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒီဘာရာဟာ ဘုရင်ကြီးလူး၀စ်အတွက် ဥယျာဉ်ကိုဆောက်လုပ်ပေးဖို့ လီနော်ထရာလို့အမည်ရတဲ့ ဗိသုကာပညာရှင်တဦးနဲ့ အတူ တာ၀န်ပေးခံလိုက်ရပါတယ်။ ဘုရင့်ဥယျာဉ်တော်ကို တည်ဆောက်ပေးရင်း ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်သံယောဇဉ်ဟာလည်း ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်ဇာတ်လမ်း ၊ ဒီဘာရာရဲ့ အတိတ်က ဒဏ်ရာတွေ အပြင် ရှေးပြင်သစ်တို့ရဲ့ ဘုရင့်တိုင်းပြည်မှာကျင့်သုံးခဲ့တဲ့ အစဉ်ပလာတွေ အထက်တန်းလွှာတွေရဲ့ ယဉ်ကျေးမှုတွေကို ကြည့်ရှုရမှာမလို့ ပြင်သစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားလေးတကားဖြစ်ပါတယ်။ အမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း ကိတ်ဝင်းစလက်တို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပီကီဘလိုင်ဒါ မင်းသမီးကြီး ဟင်လင်မက်ခရိုရီတို့က ပါ၀င်အားဖြည့် သရုပ်ဆောင်ထားပါတယ်။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.5 2014 117 mins
A Little Chaos
Arnold Is a Model Student
6.5

Arnold is a Model Student ( 2023 ) Arnold is a Model Student ဟာ မျက်မှောင်ခေတ် ထိုင်းမှာကြုံနေရတဲ့ ပြဿနာတွေကို တင်ပြထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပြီး Sorayos Prapapanက ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ မျက်မှောက်ခေတ်ထိုင်းကျောင်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြပြီး ထိုင်းပညာရေးရဲ့ ဦးတည်ချက်ကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပါပဲ။ Prapapan ဟာ ဒီရုပ်ရှင်ကို ထိုင်းမှာ ၂၀၂၀ တုန်းက ဖြစ်ခဲ့တဲ့ bad student movement နဲ့ အဲဒီဆန္ဒပြမှုတုန်းကသုံးခဲ့တဲ့ ကျောင်းသားလက်စွဲစာအုပ်ကို အခြေခံပြီး ရိုက်ထားတာပါ။ ဒီရုပ်ရှင်ရဲ့အခန်းတွေကိုလည်း အဲဒီလက်စွဲစာအုပ်က အခန်းတွေနဲ့ပဲ ခွဲထားတယ်။ Prapapanရဲ့ ကားနာမည် Arnold is a Model Student ဟာ ကားထဲက ကျောင်းသားတွေရဲ့ ဆန္ဒပြမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသလို ရုပ်ရှင်မှာလည်း ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ ဆန့်ကျင်စွာ ရပ်တည်နေတဲ့ အာနိုးဟာ အဓိကဇာတ်ကောင်ဖြစ်နေခဲ့တယ်။ သူ့ဇာတ်အိမ်ဟာ bad student movementကို အခြေတည်ထားပေမဲ့ သူ့အဓိကဇာတ်ကောင်က ဒီအရွေ့နဲ့ဆန့်ကျင်ပြီး ဒီပျက်စီးနေတဲ့ စနစ်ကြီးကနေ သူ့အခွင့်အရေး သူအရယူတဲ့သူအဖြစ်ပြပြီး ဒီနှစ်ခုကို မျဉ်းပြိုင်အနေနဲ့သုံးပြီး ထိုင်းပညာရေးစနစ်ရဲ့ လာဘ်ထိုးမှုတွေ အကျင့်ပျက်ခြစားမှုတွေ တက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်တဲ့အလိမ်အညာတွေ ဆရာဆရာမတွေရဲ့ အာဏာအလွဲသုံးစားလုပ်ခြင်းတွေကို ပြထားတယ်။ Arnold is a Model Student ဟာ မျက်မှောက်ခေတ် ထိုင်းပညာရေးက ပြဿနာတွေကို တင်ပြချင်တဲ့ ရည်ရွယ်ချက်တော့ကောင်းပေမဲ့ လုံးဝကြီး သရုပ်ပေါ်အောင်ပြနိုင်ခဲ့တဲ့ ရုပ်ရှင်တော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို ဇာတ်အိမ်တည်ထားတာဖြစ်သလို ပညာရေးစနစ်တွေနဲ့ပတ်သက်ပြီး ဒီလိုတင်ပြတဲ့ကားတွေ သိပ်မတွေ့ရတတ်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 488MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Crime • Drama
6.5 2023
Arnold Is a Model Student
Something in the Water
5.5

Something in The Water ကတော့ နာမည်အတိုင်း ရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကို ရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်က Mystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကို စွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စား ကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ ဇာတ်လမ်းအကျဉ်း *************** မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်း ငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့ တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကို ဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက် မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါ တော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာ တွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်း ကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင် မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည် အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကို သူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကို ပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာက လူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာ အဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာ ငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့ သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦး မှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…2.59GB/ 1.24GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 86 mins
Something in the Water
Left Behind

Left Behind (2014) မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။ တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ လူတွေရုတ်ချည်းဆိုသလို ထပျောက်သွားတာပါပဲ။ သာမန်ဖြစ်ရပ်တွေနဲ့ မတူဘဲ အံ့ဩဖို့ကောင်းတာကတော့ပျောက်သွားတဲ့လူတွေဟာ လူခန္ဓာချည်းပျောက်သွားပြီးတော့ သူတို့ရဲ့အဝတ်အစားတွေကျန်နေခဲ့တာပါပဲ။ ဒီလိုပျောက်ခြင်းမဆုံး ပျောက်ခြင်းတွေဖြစ်ပြီးနောက်ပိုင်း နေရာတစ်ဝှမ်းမှာ မတော်တဆမှုတွေဖြစ် အုတ်​အော်သောင်းနင်တွေ စပြီးဖြစ်လာပါတော့တယ်။ ~ ချီဆောင်ခြင်းအကျဉ်း ~ ခရစ်ယာန်တွေရဲ့ Holy Bible လို့ခေါ်တဲ့ သမ္မာကျမ်းစာအုပ်ရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းမှာ “Rapture” လို့ခေါ်တဲ့ ချီဆောင်ခြင်းဆိုတာရှိပါတယ်။ ချုံ့ပြောရရင်တော့ AD ခုနှစ် ၃၃ ခုနှစ်ဝန်းကျင် သခင်ယေရှုက ကောင်းကင်နိုင်ငံတော်ကို မပြန်ခင်မှာ ကမ္ဘာပေါ်ကို နောက်တစ်ကြိမ်ပြန်ကြွလာမယ်လို့ ပြောသွားပါတယ်။ ကျမ်းစာအတော့ သခင်ယေရှုကမ္ဘာပေါ်ကို ပြန်မကြွလာခင်မှာ ဒီရုပ်ရှင်ထဲက Rapture ဆိုတဲ့ဖြစ်စဉ်ကြီးကဖြစ်လာမှာပါ။ ကျမ်းစာထဲမှာ Rapture ဖြစ်မယ့်အချိန်ကို ကျွန်တော်တို့ အခုလက်ရှိသုံးနေတဲ့ ခရစ်သက္ကရာဇ်နဲ့အတိအကျ​တော့ မဖော်ပြထားပေမဲ့ Rapture မဖြစ်လာခင်မှာဖြစ်လာမယ့်နိမိတ်တွေကို ဟောကိန်းထုတ်ထားတာတွေရှိပါတယ်။ Covid လို ကာလနာကပ်ဆိုးတွေ၊ ကမ္ဘာပျက်ကပ်နီးကြောင်းပြနေတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင် ပျက်ကပ်တွေပါသလို အမေရိကန်နဲ့ ရုရှားတို့ တစ်ချိန်မှာ ရန်ဘက်ဖြစ်ပြီး သူတို့ရဲ့မဟာမိတ်တွေအချင်းချင်းနဲ့ ကမ္ဘာစစ်ဖြစ်လာမယ်ဆိုတဲ့အကြောင်းအပြင် တခြားကြောင်းတွေကိုပါ သမ္မာကျမ်းစာစတင်ပြုစုခြင်းခံရတဲ့အချိန်ကတည်းက ဟောကိန်းထုတ်ထားခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Action, Fantasy, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2014 110 mins
Left Behind
Gangster High
6.6

Gangster High (2006) ******************** CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ 2006 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Gangster High ဆိုတဲ့ ကျောင်းသားအက်ရှင်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hospital Playlist ထဲက မင်းသားကြီး Jung Kyung-Hoက ဆန်းဟိုအဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကျောင်းသားဖိုက်တာဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ မင်းသား Lee Tae-Sungက ဂျယ်ဂူအဖြစ် ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. ဆန်းဟိုတို့ သူငယ်ချင်းတစ်စုဟာ ကျောင်းမှာ“တိုက်ဂါး”ဆိုတဲ့ နာမည်နဲ့ ဘောလုံးအသင်း ဖွဲ့ထားပါတယ်။ ကျောင်းမှာအငယ်တွေကို အနိုင်ကျင့်တဲ့ စီနီယာကျောင်းသားတွေပါ တိုက်ဂါးအဖွဲ့ဝင် ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ အခြားကျောင်းသားတွေရဲ့အမြင် စတင်ပြောင်းလဲလာခဲ့ပါတယ် .. ဒီလိုနဲ့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်က အခြားကျောင်းက ဂိုဏ်းခေါင်းဆောင်ရဲ့ ရည်းစားဟောင်းကို စပြီးမေတ္တာသက်ဝင်မိရာက တိုက်ဂါးအဖွဲ့ဟာ ဂိုဏ်းစတားတိုက်ပွဲကြားထဲကို ရောက်ရှိသွားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းတစ်သိုက် ဘယ်လိုဒုက္ခတွေရောက်ပြီး ပြဿနာပေါင်းစုံကို ဖြေရှင်းကြမလဲဆိုတာ ကားလေးထဲမှာ ကြည့်ရှုခံစားကြပါဦးနော် .. (အညွှန်းကို Zuri Htoo မှ ရေးသားပေးထားပါတယ်။) File size…1.97GB / 773MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Action, Crime, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet & Zuri Htoo Encoded by AHtet

Drama • Romance
6.6 2006
Gangster High
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
7

“ကိတ်မုန့်သုံးလုံးရှိတယ်၊ လူကလေးယောက် ရုတ်တရတ်ကြီး အမေက ပြောတယ် သူကိတ်မုန့်မကြိုက်ဖူး သားတို့ပဲစားလိုက်ပါတဲ့” အမေဆိုတာအဲလိုလူမျိုးပါ။ ဒီကားလေးက အဲဒါကိုအကောင်းဆုံး အမြင်အသစ်နဲ့ဖော်ကြူးသွားတဲ့ ရုပ်ရှင်တစ်ကားပါ။ အရမ်းကိုကောင်းမွန်လှတဲ့ မိခင်မေတ္တာကိုဖော်ကြူးသွားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်သလို လူ့လောကမှာဖြစ်နေတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးတွေကို ထင်ဟပ်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ “အမြင့်ကိုပျံသန်းလိုက်ပါ အောက်ခြေကနေ ဂုဏ်ယူနေပါ့မယ်” ဆိုတဲ့စိတ်မျိုးက လူတိုင်းမထားနိုင်ပါဘူး။ မိဘမှာပဲရှိတဲ့ စိတ်မျိုးပါ။ ဒီ Leafie, a Hen Into the Wild ဆိုတဲ့ animation ရုပ်ရှင်ဟာ တောင်ကိုရီးယားက နာမည်ကြီး animation ဒါရိုက်တာ Oh Sung-yoon (အို ဆွန်းယွန်း) ရဲ့ ပထမဆုံး full-length Animation လက်ရာဖြစ်ပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ အို ဆွန်းယွန်းက သဘာ၀ကျတဲ့ လူသားဆန်မှုတွေကို တိရစ္ဆာန်ဇာတ်ကောင်လေးတွေ အသုံးပြုပြီး ဖော်ပြလေ့ရှိပြီး ဒီဇာတ်ကားလေးမှာလည်း လွတ်လပ်မှုလိုချင်တဲ့ ကြက်မလေး Leafie ကို အဓိက ဇာတ်ဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားက တောင်ကိုရီးယားမှာ အကောင်းဆုံး Animation ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိထားတာဖြစ်ပြီး မိသားစုတွေအတွက် သင်ခန်းစာကောင်းတွေနဲ့ ကလေးတွေတင်မကပဲ လူကြီးတွေပါ ကြည့်ရှုနိုင်မယ့် အရည်သွေးမြင့် Animation ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဇာတ်ညွှန်း လီဖီဆိုတဲ့ ကြက်မလေးဟာ စိုက်/မွေး ခြံတစ်ခုထဲက ဥစားကြက်မတစ်ကောင်ဖြစ်ပါတယ်။ သူ(မ)ဟာ ခြံဝန်းကြီးထဲကိုစိုက်ကြည့်ပြီး အပြင်ကိုသွားမယ်၊ ကမ္ဘာကြီးကိုထိတွေ့မယ်ဆိုတဲ့ စိတ်ကူးအမြဲရှိတဲ့ ကြက်မလေးတစ်ကောင်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ(မ)တောင်းဆုပြုသလိုမျိုး အပြင်ဖက်ကိုရောက်သွားပါတော့မယ်။ လောကကြီးကို ပထမဦးဆုံးရောက်သွားတဲ့အချိန်မှာ သူ(မ)အသက်ကို အန္တရာယ်ပြုမယ့် အသားစားဖျံကောင်နဲ့ကြုံလိုက်ရပါတယ်။ သို့သော်လည်း ဘဲရိုင်းတစ်ကောင်က သူ(မ)ကိုလာကယ်ခဲ့ပါတယ်။ ဒီလိုနဲ့ လီဖီတစ်ယောက် တောထဲကိုရောက်သွားပြီး လောကကြီးရဲ့ အလှအပကိုတစ်ဝကြီးခံစားနေပါတော့တယ်။ တစ်ဖက်မှာလည်း ဘဲရိုင်းက ဘဲမလေးတစ်ကောင်နဲ့ အကြောင်းပါပြီး ဥလေးတစ်ဥ ဥခဲ့ပါတယ်။ ကံဆိုးချင်တော့ မိဘနှစ်ပါးကွယ်လွန်ခဲ့ပြီး ဘဲလေးဟာ ကြက်မလေးကို အမေလို့မှတ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးစိတ်မတူတဲ့ အကောင်နှစ်ကောင်၊ နေထိုင်မှုပုံစံက လုံးဝမတူတဲ့ သားအမိ နှစ်ယောက်လောကကြီးထဲမှာ ဘယ်လိုများရပ်တည်မှာလဲ လွတ်လပ်မှုအတွက် ဘယ်လိုတွေ ရုန်းကန်သွားမလဲဆိုတာတွေအပြင် မိခင်တစ်ယောက်ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို လှပတဲ့ Animation တွေနဲ့ ကြည့်ရှု ခံစားနိုင်မှာပါ။ (တစ်ခု ကြိုတင်အသိပေးချင်တာက ဒီဇာတ်လမ်းဟာ Ending နှစ်မျိုးရှိပါတယ် 1080p Version ကတော့ Sad Ending ဖြစ်ပြီး 720p ကတော့ ပုံမှန်အတိုင်းဖြစ်ပါတယ် ကိုယ့်စိတ် အခြေအနေပေါ် မူတည်ပြီး ကြည့်ရှုနိုင်ပါတယ်) File Size : 1.7 GB, 843 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

Comedy
7 2010 93 mins
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
August Rush
7.4

2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။ Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း…… လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် Lyla ဟာ Louis ကိုပြန်လည်တွေ့ခွင့်မရခဲ့ပါဘူး။ Louis ကလည်းစိတ်ဓာတ်ကျပြီးတော့ ဂီတာကိုဆက်မတီးတော့ပဲနဲ့ သူ့ရဲ့ဂီတကို စွန့်လွှတ်လိုက်ပါတော့တယ်။ Lyla ဟာလည်း သူ့ရဲ့ချစ်အိပ်မက်လေးဆုံးရှူံးသွားပြီး လအနည်းငယ်အကြာမှာလည်း သူတို့ရဲ့ ရင်သွေးလေးကို ကားမတော်တဆမှူတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ သူတို့ရဲ့ကလေး(Freddie Highmore)ဟာ သူ့မှာပါရမီပါလာတဲ့ ဂီတစွမ်းရည်ကို သဲလွန်စတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ သူ့ရဲ့ မိဘတွေကို လိုက်ရှာရပါတော့တယ်။ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ မကြည့်ရသေးတဲ့ သူတွေရော ကြည့်ပြီးသားသူတွေရောပါ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(892 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:54:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

7.4 2007 114 mins
August Rush
Cravings
3.5

Cravings (2024) ဇာတ်လမ်းရဲ့ နာမည်ကတော့ တောင့်တတယ်၊ တပ်မက်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ‌‌ ငွေကြေး စည်းစိမ်၊ လိင်သာယာမှု၊ စိတ်ဆန္ဒအားလုံးပါဝင်ပါတယ်။ ဒီ အင်္ဂလိပ်စကားပြော နိုင်ဂျီးရီးယားဇာတ်ကားမှာတော့ လူသားတွေအားလုံးရဲ့ လောဘ၊ ‌‌‌‌‌‌‌‌‌‌‌ဒေါသတွေဟာ ကမ္ဘာ့ဘယ်နေရာမှာဖြစ်ဖြစ် အတူတူပဲဆိုတာကို ပြသသွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ မုဆိုးမကြီး မာရီယာ (Ogechi Okwume) အသတ်ခံရမှုကို ကိုင်တွယ်ပေးရတဲ့ ရဲစုံထောက် ဘရူနို (Khing Bassey) နဲ့ မာရီယာရဲ့သမီး အာဒါ (Efe Joy) တို့ဟာ အမှုရဲ့နက်နဲမှုတွေကြောင့် မာရီယာရဲ့ ကားဆရာ ဖရိုင်းဒေး (Owen Agudiegwu) ကို အကူအညီတောင်းခံခဲ့ရပါတယ်။ သူတို့မသိတာက အမှုထဲမှာ လျှို့ဝှက်ချက်တွေ၊ ပူးပေါင်းကြံစည်မှုတွေ အများကြီး ပါဝင်နေသေးတယ် ဆိုတာပါပဲ။ ဟောလီးဝုဒ်ဇာတ်ကားတွေကိုတော့ မမှီပေမယ့် plot twist တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရှုစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thompson ဖြစ်ပါတယ်။) File size… (3.6 GB) / (1.4 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama Duration…. 02:29:22 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thompson

Science Fiction
3.5 2024
Cravings
September Says
6.3

September Says (2024) IMDb Rating (6.3) / Rotten Tomatoes (63%) ဗင်းနစ်မှာ ဆုရဖူးတဲ့ ပြင်သစ်မင်းသမီး Ariane Labed ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်ရိုက်တဲ့ရုပ်ရှင်ပါ။ Haunting of the Hill Houseတို့လိုရုပ်ရှင်တွေကို Homage ပေးထားတဲ့ ရုပ်ရှင်လို့လည်း ဆိုကြတယ်။ Daisy Johnsonရဲ့ Sistersဆိုတဲ့ နာမည်ကျော်ဝတ္တုကို ပြန်ရိုက်ထားတယ်။ ဇာတ်ကတော့ တစ်စစီပြိုလဲနေတဲ့ အိန္ဒိယလူမျိုး စင်ဂယ်မားသား အမေတစ်ယောက်မှာ စက်တင်ဘာနဲ့ ဂျူလိုင်ဆိုတဲ့ သမီးလေး၂ယောက်ရှိတယ်။ အမေတင် အဆင်မပြေတာမဟုတ်ဘဲ သူတို့လည်းကျောင်းမှာ အဆင်မပြေကြဘူး။ နောက်ဆုံးရန်ဖြစ်ပြီး ကျောင်းနားလိုက်ရတဲ့အထိ ပြဿနာတွေများလာရာကနေ… ကျောင်းနားတုန်း သူတို့အဘွားနေတဲ့အိမ်ကိုသွားဖြစ်ကြရင်း ဘာတွေကြုံတွေ့လာရမလဲ ပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.4 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Romance
6.3 2024 100 mins
September Says
The King of Kings
7.1

ဒီကာတွန်းဇာတ်ကားလေးမှာတော့ နာမည်ကျော် ဂျိမ်းဘွန်းမင်းသား ပီရာ့စ် ဘရိုစနန်တို့ Moon Knight မင်းသား အော်စကာ အိုင်းဆက်တို့ ပါဝင်ကာ အသံသရုပ်ဆောင်ထားပြီးတော့ IMDb မှာ 7.1/10 နှင့် Rotten Tomatoes မှာ 63% တောင် ရရှိထားပြီး ပူပူနွေးနွေး ထွက်ရှိထားတဲ့ ကာတွန်းကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++++ ပြဇာတ်ရုံပိုင်ရှင် ချားစ်ဆိုတဲ့ ပုံပြောဆရာက အဆော့မက်ပြီးတော့ ဘုရင်အာသာနဲ့ လက်စွဲတော်မှော်ဝင်အက်စ်ကာလီဘာဓားကို ရူးသွပ်နေတဲ့ သားဖြစ်သူ ဝေါ်တာလေးကို လိမ္မာရေးခြားရှိအောင် ဘုရင်များရဲ့ ဘုရင်ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို ပြောပြရာက အစချီထားပြီးတော့ ဘုရားသား‌တော် ယေရှု ခရစ်တော် (Jesus Chist) မွေးဖွားလာရာကစလို့ သေဆုံးချိန်အထိ ဖြစ်ကြောင်းကုန်စင်ကို စိတ်ဝင်စားဖွယ်ရာ ဗဟုသုတရဖွယ်ရာ ကာတွန်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဖြစ်တည်လာတဲ့သမိုင်းကြောင်းကို စိတ်ပါဝင်စားပြီးတော့ အထူးတလည် ရှာမဖတ်ချင်ဘူးဆိုရင် ပုံပြင်ထဲက ပုံပြင်ပုံစံလိုပြောပြထားတဲ့ ဒီကာတွန်းကားလေးကို ကြည့်လိုက်ရုံပါပဲ။ File size… (2.00GB) / (1.12GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 5m Genre …..Animation , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Action • Romance
7.1 2025 104 mins
The King of Kings