YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM)Shershaah.2021.480p.mp4

600.22 MB N/A video/mp4 4477 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spider-Man: No Way Home
8

စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲ အောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါ အညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioက ဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်း အဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့ လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီး ပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့် အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကို အကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက် အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိ ကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ဧည့်သည်တွေရောက်လာတဲ့အခါမှာတော့ ပီတာတစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာဆက်လက်ခံစားကြည့်လိုက်ရအောင်။ IMDB : 9.1/10 Filesize-3GB/1.3GB/700MB Rotten tomatoes : 94% Quality : BluRay 1080p & 720p & 480p Format : mp4 Genres : Action , Adventure , Fantasy During : 2h 28 mins Release Date : 15 December 2021 Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK, Mr.Anderson

Drama • Music • Romance
8 2021 148 mins
Spider-Man: No Way Home
Seven Nights in Japan
6

Seven Nights in Japan (1976) ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို သူမို့ဝင်ရဲပါပေတယ်။ အဲဒီမှာ စားပွဲထိုးမလေးတွေပါးပါးလှီးသမျှ ခံရရင်း ပြန်တော့မယ်ဆိုလို့ ငွေရှင်းသွားဦးလေ ဆိုတော့ "ကျွန်တော်အပြင်ထွက်တဲ့အခါ ပိုက်ဆံကိုင်လေ့မရှိဘူးဗျ" တဲ့။ "အဲဒီပိုက်ဆံကို နက်ဖြန်ကျရင် အပို့ခိုင်းလိုက်ပါ့မယ်" တဲ့။ အဲဒီတော့ ဘာပြောကောင်းမလဲ နိုက်ကလပ်လုံခြုံရေးတွေက အတင်းလိုက်ဖမ်းတာကို လွတ်‌အောင် သေပြေးရှင်ပြေး ပြေးရရောဆိုပါတော့။ ပြေးရင်းပုန်းရင်းနဲ့ ဘတ်စ်ကားတစ်စင်းပေါ်ရောက်သွားပါတယ်။ အဲဒီကားက ကမ္ဘာလှည့်ခရီးသွားတွေကို တိုကျိုမြို့ရဲ့ညဘက်မြို့ပတ်ခရီးစဉ်လိုက်ပြတဲ့ကုမ္ပဏီတစ်ခုရဲ့ကားပါ။ အဲဒီကားပေါ်မှာပဲ ဧည့်လမ်းညွှန် ဂျပန်မချောချောလေးတစ်ယောက်နဲ့ ဆုံမိကြရောဆိုပါတော့။ မြင်မြင်ချင်းချစ်မိတဲ့အချစ်ရယ်၊ မွန်းကျပ်ဆို့သိပ်ဖွယ်ကောင်းလှတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ပြေးချင်စိတ်ရယ်၊ တစ်ခါမှမခံစားရဖူးတဲ့ လွတ်လပ်မှုနဲ့အလှတရားတွေရယ် ဒါတွေအားလုံးပေါင်းဆုံမိသွားတဲ့အခါမှာတော့ ကြည်နူးလွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ရုပ်ရှင်ရုံတွေမှာရုံတင်ခဲ့တုန်းက ဆင်ဆာကတ်ကြေးကြောင့် ချစ်မက်၊နှစ်သက်၊မပစ်ရက်စရာကြည်နူးဖွယ် Romantica/ Erotica ပြကွက်လေးတွေကို ကြည့်ခွင့်မရခဲ့ကြမယ့် လက်ရှိ လူလတ်ပိုင်း၊လူကြီးပိုင်းပရိသတ်တွေအနေနဲ့လည်း အခု ပြည့်ပြည့်စုံစုံခံစားခွင့်ရကြပါလိမ့်မယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Tharman Myint မှ တက်ဆက်ထားပါတယ်။) File size…(650MB) Quality….DVDRip Format…mp4 Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tharman Myint

Drama • History • Romance
6 1976 100 mins
Seven Nights in Japan
Love in the Villa
5.3

Love in the Villa (2022) ================= အချစ်ဟာ ဆန်းကြယ်ပါတယ်။ နဖူးစာရွာလည်ဆိုသလိုမျိုး တစ်ခါတရံ ကမ္ဘာ့မြောက်ဘက်အခြမ်းကလူနဲ့ တောင်ဘက် အခြမ်းကလူလည်း ဆုံစည်းနိုင်တယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ အချစ်တွေမှာ ရှုပ်ထွေးခြင်းနဲ့ ခက်ခဲခြင်းတွေက နှောင့်ယှက် တတ်စမြဲပဲမဟုတ်လား။ ဒီ Love in the Villa ဆိုတဲ့ ဇာတ်ကားလေးမှာတော့ ကလေး တွေကိုစာသင်တဲ့ ဆရာမလေး ဂျူးလီဟာ ရိုမီရိုနဲ့ ဂျူးလိယက်ရဲ့ ပင်တိုင်ပရိသတ်တစ်ယောက်၊ ရူးသွပ်လွန်းလို့ အီတလီနိုင်ငံအထိ ခြေဆန့်ပြီး ခရီးထွက်ချင်သူ။ တစ်နေ့ ခရီးထွက်ဖို့ စီစဥ်ပြီးချိန်မှာ အတူမျှဝေလို့ရမယ့် ချစ်သူကလည်း အသင့်ရှိနေပါတယ်။ ခရီးမှာ ဘယ်တွေသွားမယ်၊ ဘယ်လိုသွားမယ်၊ ဘယ်လိုရိုမယ် သေချာစီစဉ် ထားတာပေါ့။ ကံဆိုးချင်တော့ ခရီးမထွက်ခင်လေးတင် ချစ်သူက ပြတ်စဲသွားတဲ့အခါ အချစ်မြို့တော်ကိုသွားမယ့် ဂျူးလီတစ်ယောက် ကံဆိုးခြင်းများစွာကို ဆက်တိုက်ကြုံရင်း ငှားနေမယ့် အချစ်စံအိမ်လေးမှာ လွဲချော်မှုတစ်ခုကြောင့် ချာလီဆိုသူတစ်ဦးနဲ့ ဆုံကြတဲ့အခါ။ ဟာသလေးတွေ၊ အလွဲလေးတွေနဲ့ ချစ်ကြည်နူးခြင်းတွေ အစရှိတာတွေအားလုံးကို ဒီကားထဲမှာ စောင်ကိုက်ရင်း ကြည့်ရမှာ ဖြစ်ပါကြောင်းပြောရင်းတင်ဆက်လိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)

Action • Adventure • Science Fiction
5.3 2022 114 mins
Love in the Villa
On the Line
5.3

On the Line (2022) စကားလေးတစ်ခုရှိပါတယ်။ ” အပျော်ကနေ အပျက် ” တဲ့ ။ ဒီဇာတ်ကားလေးကတော့ အဲဒီစကားလေးနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပါ။ Elvis ဟာ သန်းခေါင်ယံချိန်မှာ တင်ဆက်လေ့ရှိတဲ့ “On the Line ” လို့ ခေါ်တဲ့ ရေဒီယိုရှိုးရဲ့ host တစ်ယောက်ပါ။ ရှိုးရဲ့သဘောသဘာ၀ကတော့ နောက်ပြောင်ကျီစယ်တာတွေ သူများတွေကို ဖဲ့တာနှက်တာတွေ ပယ်ပယ်နယ်နယ် ပြောတာတွေကို အဓိကထားတင်ဆက်တာပါ။ ဒီလို ရေပန်းစားရှိုးတစ်ခုကို ကိုင်တွယ်ရတဲ့ Elvis ကိုယ်တိုင်ကလည်း ဘ၀င်ခေါင်ခိုက်တတ်တဲ့ပုံစံရှိပြီး ‌ နောက်ပြောင်ကျီစယ်မှုတွေမှာ ကန့်သတ်ချက်မထားတတ်တဲ့သူမျိုးပါ။ အဲဒီလို သူ့ရဲ့အမူအကျင့်ကပဲ တစ်ညမှာ သူ့ကို ပြန်လည် ဒုက္ခပေးဖို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာပါတော့တယ်။ မထင်မှတ်ထားတဲ့ လူတစ်ဦး သူတို့ရှိုးကို ဖုန်းခေါ်လာပြီး အဲဒီညမှာ သူတို့အားလုံးကို ဒုက္ခပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့…..။ အဲဒီလို ဒုက္ခပေးတဲ့သူက ဘယ်သူပါလဲ? Elvis ကရော ဘာတွေများလုပ်ခဲ့မိလို့ သူက Elvis ကို ဒုက္ခပေးဖို့ တန်းတန်းမတ်မတ်ကြီးရောက်လာတာလဲ ? ဒီလို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ဇာတ်ကားကို မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေထည့်ပြီး ဖန်တီးထားတာမို့လို့ ကြည့်ရတာတန်မယ့် ဇာတ်ကားတစ်ကားဖြစ်ကြောင်း အသိပေးလိုက်ပါရစေ…။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p | 480p File size… 1GB | 567MB | 344MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Chuck Encoder ….. August

Drama • Romance
5.3 2022 104 mins
On the Line
Cloudy with a Chance of Meatballs
6.9

ကာတွန်းဆိုတဲ့ ရုပ်ရှင်အမျိုးအစားက ကလေး လူငယ် လူကြီးမရွေး နှစ်သက်ကြတဲ့၊ ကြည့်ရှုဖြစ်ကြတဲ့ ရုပ်ရှင်အမျိုးအစားတစ်မျိုးပါ။ ဟိုးအရင်က ထွက်ခဲ့တဲ့ ကာတွန်းကားတွေထဲကမှ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားလေလို့ ပြောလိုက်ရင် မသိတဲ့သူ မရှိသလောက်ဖြစ်ခဲ့ဖူးတာကို သိကြမှာပါ။ အဲဒီ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားကို CM ကနေ quality ကောင်းကောင်းနဲ့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဒီကာတွန်းကားလေးက ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီးတော့ Columbia Pictures နဲ့ Sony Pictures တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၃ သန်းအထိ ရရှိခဲ့ပါတယ်။ မသိတဲ့သူတွေရော သိတဲ့သူတွေပါ ထပ်သိသွားရအောင်လို့ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ ဒီဇာတ်ကားလေးထဲမှာ အဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။ ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီး ပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။ ဒါပေမဲ့ သာမန်ကလေးတွေကြားမှာ သူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။ သူနေတဲ့ မြို့လေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြို့လေး။ ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင် တစ်မြို့လုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။ တစ်မြို့လုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့ ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။ တစ်နေ့မှာတော့ ဖလင့်က သူ့မြို့ကလူတွေကို ဒီအဖြစ်ဆိုးကနေ ကယ်တင်ဖို့အတွက် အစားအစာဖန်တီးတဲ့စက်ကို တီထွင်ဖို့ ကြိုးစားတော့တယ်။ ရေထည့်လိုက်ရုံနဲ့ မှာတဲ့အစားအစာကို အလိုလျောက် ထုတ်လုပ်ပေးသွားမယ့် စက်မျိုးပါ။ ငယ်ငယ်ကတည်းက မြို့ရဲ့ ငကြောင်လို့ သတ်မှတ်ခံထားရတာမလို့ သူ့ရဲ့ တီထွင်မှုကို မြို့ခံတွေက သဘောကျလက်ခံပါ့မလား၊ သူ ထွင်တဲ့ စက်ကရော ဘာချွတ်ယွင်းချက်မှမရှိ အလုံးစုံ ပြည့်စုံနေနိုင်ပါ့မလား၊ ဘယ်လိုပြဿနာတွေ ပေါ်လာမလဲဆိုတာကိုတော့ Cloudy with a Chance of Meatballs ဆိုတဲ့ ဟောဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်။ ပေါ့ပေါ့းပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမှာဖြစ်တာမလို့ မိသားစုနဲ့အတူ ကြည့်ဖို့လည်း အဆင်ပြေတဲ့ ကာတွန်းကားကောင်းလေးပါ။ တစ်နေ့တာ ပင်ပန်းနေတာတွေ ပြေပျောက်ချင်ရင်တော့ ဒီကားလေးကြည့်ဖို့ recommend ပေးလိုက်ပါတယ်။ File size… 1.7 GB / 852 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

6.9 2009 90 mins
Cloudy with a Chance of Meatballs
Full Metal Jacket
8.3

Full metal Jacket ( 1987 ) IMDb Rating (8.3) / Rotten Tomatoes (90%) အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။ Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။ ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက် မဆန်းလှတော့ပါဘူး။ The Shiningလို ဟော်ရာကားမျိုးကို သူရိုက်ခဲ့တာကိုပဲ ကြည့်ပေါ့။ ကူးဘရစ်ရဲ့ Full Metal Jacketဟာ စစ်ကားတစ်ကားဆိုတာထက် စစ်ပွဲထဲက လူတွေအကြောင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ စုတ်ပြတ်သတ်နေတဲ့ လောကကြီးတစ်ခုရှိတယ်။ အဲဒီလောကကြီးမှာ ရှင်နေကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေထဲ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်ပြီး အဲဒီလောကကြီးကို ရင်ဆိုင်နိုင်ခဲ့ကြသူတွေရှိတယ်။ အဲဒီလောကကြီးကို ရင်မဆိုင်နိုင်တော့တဲ့သူတွေလည်းရှိတယ်။ အဲဒီလောကကြီးကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ တပ်သားဂျိုကာရဲ့အဆုံးပိတ်စကားလိုပဲ အဲဒီလောကကြီးကို ရင်ဆိုင်နိုင်သွားတဲ့လူတွေကတော့ အသက်နဲ့ကိုယ် အိုးစားမကွဲသွားတာကိုပဲ ကျေးဇူးတင်ရင်း ဘာကိုမှမကြောက်တတ်ကြတော့ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8.3 1987
Full Metal Jacket
The Feeling That the Time for Doing Something Has Passed

The Feeling That the Time for Doing Something Has Passed (2023) (ImdB 5.5,Rt score 85%, Metacritic 77%) ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အမျိုးသမီးဒါရိုက်တာ ဂျိုအန်နာအာနိုးရဲ့ ကိုယ်တိုင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ပြီး လက်စွမ်းပြရိုက်ကူးထားတဲ့ ဟာသ-ဇာတ်ကြောင်းပြောပုံစံဇာတ်ကားလေးပဲဖြစ်ပါတယ် ဟာသဆိုတဲ့နေရာမှာ ဒီအတိုင်း ရီစရာတွေထက် လောကကြီးကိုအရွဲ့တိုက်စောင်းချိတ်ပြီး ထေ့ငေါ့နေတဲ့ပုံစံမျိုးကို ပိုတွေ့ရမှာပါ… ဇာတ်ကားခေါင်းစဉ်အတိုင်းပဲ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုက အခုလုပ်လို့မရတော့တဲ့ ဖီလင်ဆိုတာဘာလဲပေါ့ ကိုယ်ငယ်ငယ်တုန်းက ပါဝါရိန်းဂျားနာရီလိုချင်တယ် အခုချိန်မှာမလိုချင်တော့တာလား ရလဲဘာလုပ်ရမှန်းမသိတော့တာလား လုပ်ခွင့်မရလို့ပဲဝမ်းနည်းနေလား ဒါရိုက်တာက အဲ့လိုခံစားချက်မျိုးကို မိန်းမတစ်ယောက်နဲ့ဘဝနဲ့ယှဉ်ပြီး ပုံဖော်ပြသွားတာပါပဲ ဇာတ်လမ်းအကျဉ်းကတော့ သာမန်အလုပ်အကိုင်နဲ့မိန်းမတစ်ယောက်ရဲ့ နေ့စဉ်နိစ္စဓူဝငြီးငွေ့ဖွယ်ရာ ဘဝနဲ့ ဘဝကိုစိတ်အပန်းဖြေချင်လို့ လုပ်တဲ့ BDSM အတွေ့အကြုံကလည်း ဘေးကကြည့်တဲ့သူပါ ပျင်းဖို့ကောင်းအောင် ငြီးငွေ့ဖို့ကောင်းတာကို သူ့အနေနဲ့ ဘယ်လိုခံစားချက်တွေနဲ့ ရှေ့ဆက်နေတာလဲ ဘဝမှာငယ်ရွယ်တုန်းလုပ်ချင်ခဲ့တာတွေက ဘာတွေလဲ ဘာတွေဆက်လုပ်မှာလဲ ဘယ်လိုဆက်ရှင်သန်မှာလဲ ဘဝဆိုတာဘာလဲဆိုတာ ပရိသတ်ကြီးပဲ ဒီထဲက ဇာတ်ဆောင် အန်းနဲ့အတူ တစ်စိတ်တစ်ပိုင်းအဖြေဝင်ရှာကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်… အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်…. Genre….. Comedy Quality…. 1080p | 720p File size… 993MB | 365MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Horror
0 2023
The Feeling That the Time for Doing Something Has Passed
CID Ramachandran Retd SI
7.3

CID Ramachandran Retd.SI (2024) ပင်စင်စားရာမာချန်ဒရန် လေးတန်းအောင် ရုပ်ရှင်သမား တစ်ပတ်ရိုက်တာခံရတဲ့ Drishyamကားထဲရဲမြညွန့်ကြီးကို အရမ်းထက်မြက်တဲ့ ဦးရဲကြီးအဖြစ်ပြန်တွေ့ရမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ရာမာချန်ဒရန်က သိပ်တော်တဲ့အရာရှိတစ်ယောက်၊ ရဲအလုပ်ကိုသိပ်မြတ်နိုးသလို တာဝန်ကိုသိပ်ချစ်တဲ့ အမှန်တရားဘက်တော်သားရဲသားကြီးပေါ့။ တာဝန်ကိုဘယ်လောက်ချစ်လဲဆို ပင်စင်ယူလို့ နှုတ်ဆက်ပွဲလုပ်တဲ့ညမှာတောင် ဂျူတီချိန် ၃ နာရီကျန်သေးတယ်ဆိုပြီး တရားခံသွားဖမ်းလို့ မိန်းမကပွားတာခံရတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲ ပင်စင်ယူပြီး နောက်တစ်ရက်မှာ ဘုရားကျောင်းအလှူငွေပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး စုံစမ်းရဖို့ဖြစ်လာတော့ စုံထောက်ပိုးမသေသေးတဲ့ရာမာချန်ဒရန်တစ်ယောက် အတူလိုက်သွားပြီး စုံစမ်းရာကနေ သူသိပ်ချစ်တဲ့ ရဲယူနီဖောင်း ပြန်ဝတ်ရဖို့ဖြစ်လာတဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7.3 2024
CID Ramachandran Retd SI
Between the Temples
6.3

ဂျူးရိုးရာတွေ ယဉ်ကျေးမှုတွေကိုဖောဖောသီသီတွေ့ရမဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက် ပါတယ်။ဂျူးဆိုတဲ့ ဘာသာတရားကတော့လူတိုင်းနဲ့ သိပ်ရင်းနှီးမှာ မဟုတ်တဲ့အတွက် ဂျူးဘာသာတရားနဲ့ပတ်သတ်ပြီး လေ့လာ စရာလေးတွေလည်းအများကြီးတွေ့ရမဲ့အပြင် ထူးခြားဆန်းကြယ် လှတဲ့ဒရာမာဇာတ်လမ်းလေးတစ်ခုကိုပါတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Between The Temples ဖြစ်ပြီး IMDb Rating 6.3 အထိရရှိထားပါတယ်။ ဘန်ဆိုတဲ့လူတစ်ယောက်က ဂျူးဘုရားကျောင်းတစ်ခုမှာ ဓမ္မတေး သီချင်းတွေကို ဦးဆောင်သီဆိုရတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူကလက်ရှိမှာအမေနဲ့အဖွားနဲ့အတူတူနေထိုင်နေတာဖြစ်ပြီး နှစ်ယောက်လုံးကိုတော့ သူ့အမေ ၂ ယောက်လို့ပဲသတ်မှတ်ထား ပါတယ်။ဇနီးဖြစ်သူဆုံးသွားတာမကြာသေးဘူးဖြစ်တဲ့အတွက် စိတ်ဓာတ်တွေအလွန်အမင်းကျဆင်းပြီး သူ့ရဲ့တစ်ခုတည်းသော အလုပ်ဖြစ်တဲ့ ဓမ္မတေးသီချင်းခေါင်းဆောင်အလုပ်ကိုတောင် မလုပ်နိုင်တော့ပါဘူး။ဒီလိုနဲ့ကြောင်တွေ ပျောက်ရင်းအရက်တွေ သောက်နေတုန်း ငယ်ငယ်တုန်းကသူ့ရဲ့ဂီတဆရာမနဲ့ဘားမှာပြန်တွေ့ ခဲ့ပါတော့တယ်။ဆရာမရဲ့နာမည်က ခါလာဖြစ်ပြီးအခုအချိန်မှာတော့ တော်တော်အသက်ကြီးနေခဲ့ပါပြီ။ခါလာနဲ့တွေ့ပြီးသိပ်မကြာခင်မှာပဲ ဂျူးရိုးရာရဲ့ ၁၃ နှစ်ပြည့်အထိမ်းအမှတ်ပွဲ bat mitzvah ကိုတစ်ခါမှ မလုပ်ဖူးလို့ဆိုပြီး ခါလာကဘန့်ကိုပူဆာတဲ့အတွက် ဘန်လည်း မတတ်သာတဲ့အဆုံးခါလာ့အတွက် bat mitzvah ပွဲလုပ်ပေးဖို့ လက်ခံလိုက်ပြီး တစ်ချိန်ကသူ့ဆရာမကိုအခုအချိန်မှာပြန်လည် သင်ကြားပေးနေရင်းနဲ့ နောက်ပိုင်းမှာဘယ်လိုရှုပ်ထွေးတဲ့ဒရာမာ ဇာတ်ထုတ်တွေကိုကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ ဂျူးဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…3.81GB / 1.52GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2024 111 mins
Between the Temples
Venom: The Last Dance
6.2

မာဗယ် စူပါဟီးရိုးမကျဗီလိန်မကျ ဇာတ်ကောင်ဖြစ်တဲ့ ဗဲနွမ် သုံးကားမြောက်လာပြီ။ ဒါရိုက်တာက ၁ တုန်းကလိုပဲ Kelly Marcel ပါ။ မင်းသားကလည်း တွမ်ဟာဒီ ပါပဲ။ ဗဲနွမ် အသံသရုပ်ဆောင်အဖြစ်လည်း တွမ်ဟာဒီပဲ လုပ်ပေးထားတာပါ။ ဆိုနီအတွက် နောက်ဆုံး ဗဲနွမ်ရုပ်ရှင်လို့လည်း ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်း ************* စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့ ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို့ ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။ သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမို့ပါပဲ။ သူလွတ်လာဖို့ကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီး အဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို့ နှစ်ကောင်ဆီ ရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖို့အတွက် ဇယ်နိုဖာ့ဂျ် ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။ ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့ ဗဲနွမ်တို့ ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာ ဒီမှာ တွေ့ရပါလိမ့်မယ်။ File size…(4.1 GB)/ (1.77GB) / (1.04GB ) Quality… WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Action , Adventure , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Animation • Adventure • Comedy
6.2 2024 109 mins
Venom: The Last Dance
All the Wrong Ingredients
5.1

All the Wrong Ingredients (2024) IMDb Rating (5.1) ဒီဇာတ်လမ်းလေးက “Everything Everywhere All At Once” နဲ့ “Jojo Rabbit” တိုလို ဇာတ်လမ်းမျိုးကိုကြိုက်တဲ့ပရိသတ်တွေအတွက် “Ratatouille” နဲ့ “Inside Out” ရဲ့ live action အရောလို ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရည်မှန်းချက်၊ တီထွင်ဖန်တီးမှုနဲ့ ဆန္ဒပြင်းပြမှုရဲ့အကျိုးဆက်တွေကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဟာသအပြည့်ထည့်ပြီး ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: ဟင်းချက်ပြိုင်ပွဲတစ်ခုမှာ အနိုင်ရဖိုစိတ်အားထက်သန်နေတဲ့ Ben က သူ့ဇနီးကကျောင်းထွက်အလုပ်လုပ်ပြီး သူ့ကိုငွေကြေးထောက်ပံ့ပေးနေရတာကြောင့် ပြိုင်ပွဲမှာ အနိုင်မရရင် ဘဝပျက်မှာကိုကြောက်ပြီး အရူးအမူးကြိုးစားနေတဲ့ပြိုင်ပွဲဝင်တစ်ယောက်ပေါ့။ သူ့ရဲ့ အနိုင်ရချင်စိတ်ရည်မှန်းချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ Jones လိုခေါ်တဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ပေါ်လာပြီး Ben ကို ကူညီလာတယ်။ ဒီလိုနဲ့ ပြိုင်ပွဲမှာ Ben နဲ့ Jones တို Ben ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲ စွန့်စားခန်းတွေထွက်ပြီး ပြိုင်ပွဲမုန့်တွေအတွက် အတူတူအကြံထုတ်ကြ‌‌လေရဲ့။ ဒါပေမဲ့ Ben ရဲ့ ရည်မှန်းချက်ကြီးမှုအပြင် တခြားခံစားချက်တွေလည်း ပြင်းထန်လာတာနဲ့ နောက်ထပ်စိတ်ကူးယဉ်သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာချိန်မှာတော့ Ben တစ်ယောက် သူ့ရဲ့ အတ္တစရိုက်မျိုးစုံကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဟာသမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Family,Fantasy,Science Fiction Duration….01:27:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

5.1 2024 87 mins
All the Wrong Ingredients
Bloat
5.8

Bloat (2025) ************* သည်းထိပ်ရင်ဖိုဇာတ်ကားပရိသတ်တွေအတွက် Paranormal Activity လိုမျိုး ခံစားချက်ရစေပြီးတော့ မပျင်းရစေမဲ့ Bloat ဆိုတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဗီဒီယိုကောပြောတာတွေ အချက်အလက်တွေရှာဖွေတာတွေနဲ့ ကွန်ပြူတာဖန်သားပြင်ပေါ် ကြည့်နေရတာများတဲ့ Horror ဇာတ်ကားမျိုးဖြစ်တဲ့အတွက် ကြည့်နေကျဇာတ်ကားတွေနဲ့ တစ်မျိုးကွဲထွက်နေမှာတော့အမှန်ပါပဲ။ ဒီတော့‌ ဒီလိုမျိုးရှားရှားပါးပါးထူးထူးခြားခြား Horror ကားလေးတွေကို စိတ်ဝင်စားတယ် ဆိုရင်တော့ တစ်ခါလောက်ကြည့်ဖြစ်အောင်ကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဂျပန်ကိုခရီးထွက်နေတဲ့ ဟန်နာနဲ့ သားနှစ်ယောက်ကိုတွေ့ရမှာ ဖြစ်ပြီး အဖေဖြစ်သူဂျက်ခ်ကတော့ စစ်တပ်စခန်းမှာတာဝန်ကျနေတဲ့အတွက် ကျန်ခဲ့ရပါတော့တယ်။ ဖြစ်ချင်တော့ ကလေးတွေနဲ့ရေကန်တစ်ခုနားမှာ အပန်းဖြေနေကြတုန်း အငယ်ကောင်လေး ကိုင်လ်က ရေနစ်သွားခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း ကံကောင်းချင်တော့ အသက် အန္တရာယ်မစိုးရိမ်ရတော့ဘဲ ပြန်သက်သာလာခဲ့ပါတော့တယ်။ ဇာတ်လမ်းကအခုမှစတာပါ။ ကိုင်လ်ဆေးရုံကဆင်းလာပြီးနောက်ပိုင်း ဘာမှမစားတော့ဘဲ သခွားသီးတစ်ခုတည်းကိုပဲ စွဲစွဲလမ်းလမ်းစားနေပြီး ကလေးတစ်ယောက်ဆီမှာ မဖြစ်သင့်တဲ့အပြုအမူတွေကို မြင်လာရပါတော့တယ်။ နောက်ပိုင်းမှာတော့ ပိုပိုဆိုးလာပြီး အမေဖြစ်သူ ဟန်နာကပါ ရူးချင်လာတဲ့အတွက် အဝေးရောက်နေတဲ့အဖေဖြစ်သူဂျက်ခ်လည်း ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပြီး သူ့မိသားစုကို ဘယ်လိုကယ်တင်ပေးမလဲဆိုတာတွေကို တစ်မျိုးတစ်ပါး မတူကွဲပြားစွာ ရှုစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.42GB / 605MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 28m Genre ….. Footage Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

Adventure • Fantasy • Family
5.8 2025 87 mins
Bloat
Wolves Against the World
5

Channel Myanmar ကနေ 2024 ကမှ ထွက်ရှိထားတဲ့ Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားထဲကတော့ အမျိုးသားရေးအစွန်းရောက်ပြီး လူဖြူတွေအားကောင်းအောင် လှုပ်ရှားမှုတွေလုပ် Death Metal သီချင်းတွေတီးခဲ့ဆိုခဲ့တဲ့ လူဝီဆိုတဲ့သူအကြောင်းပါ။ ငယ်ရွယ်ဆိုးမိုက်တဲ့အချိန်တုန်းကတော့ နာဇီဘဲကြီးတွေနဲ့ ပေါင်းမိ သီချင်းတွေတီးခဲ့ ရူးရူးမိုက်မိုက်တွေလုပ်ခဲ့ပေမဲ့ တီးဝိုင်း ဝိုင်းတော်သားတစ်ယောက်ဆုံးပါသွားတဲ့ တစ်ချိန် မှာတော့ ထွက်လာခဲ့ပြီးဘဝကို ရိုးသားစွာဖြတ်သန်းဖို့ ကြိုးစား နေခဲ့တဲ့သူပါ။ သူကတော့ လူမှုရေးအလုပ်တွေလုပ် စကားဝိုင်းတွေမှာ ပြောရင် အတိတ်ကိုကြိုးစားမေ့နေပေမဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ကတော့ အတိတ်ကလုပ်ရပ်တွေ အတိတ်ကအကျင့်စရိုက်တွေမှာပဲ ပိတ်မိနေတုန်းပါ။ ဒီလိုနဲ့ ပိုက်ဆံလိုလာတဲ့ လူဝီတစ်ယောက် ချမ်းသာခဲ့တဲ့ သူ့သူငယ်ချင်းဆီဆက်သွယ်ခဲ့မိရင်း တွေ့ကြဖို့ပြောလာတဲ့အခါ……. လူဝီတစ်ယောက်ဘာတွေတွေ့ကြုံရမလဲ သူကိုယ်တိုင်ပဲ လမ်းမှားပြန်ရောက်သွားမလား၊ သူငယ်ချင်းကိုပြန်ခေါ်လာ နိုင်ခဲ့မလားဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရှူခံစားရမှာပါ။ ဒါရိုက်တာ Quinn Armstrong ဇာတ်လမ်းရေးသားရိုက်ကူးထားပြီး Michael Kunicki, Quinn Armstrong တို့ကအဓိက သရုပ်ဆောင်တွေအနေနဲ့ အကောင်းဆုံးပုံဖော်ထားပါတယ်။ File size… (1.76GB) / (891 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre …. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

Drama • Romance • Horror
5 2024
Wolves Against the World
Holy Cow Vingt dieux
7.2

Holy Cow (2024) IMDb Rating (7.2) / Rotten Tomatoes (95%) ဒီပြင်သစ်ရုပ်ရှင်ကတော့ ကျေးလက်ဘက်က လူငယ်တွေရဲ့ ဘဝကို အခြေတည်ထားတယ်။ အလုပ်လုပ်လိုက် လုပ်ချင်တာတွေလုပ်လိုက်နေနေတဲ့ လူငယ်တွေ။ သူတို့အချင်းချင်းကြားက သံယောဇဉ်တွေကို အခြေတည်ထားတယ်။ အဓိကဇာတ်ကောင်က အဲဒီလိုကောင်လေးတစ်ကောင်ပါပဲ။ ဒါပေမဲ့ သူ့အဖေ ကားမှောက်ပြီးသေသွားတဲ့အချိန် သူနဲ့သူ့ညီမလေးပဲ ကျန်ခဲ့တဲ့နောက် လူငယ်ဘဝကနေ သူ့ညီမလေးနဲ့သူအသက်ရှင်နိုင်ဖို့ ရရာအလုပ်တွေလုပ်ရင်း လူကြီးလည်းမကျ လူငယ်စိတ်လည်းမပျောက်ဖြစ်လာတဲ့ ကောင်လေး ခက်ခဲလာတာတွေ ။ လက်ခံနိုင်လာတာတွေ။ ဘာမှမဟုတ်သလို ကျော်ဖြတ်သွားတာတွေကိုပြထားတယ်။ ပြင်သစ်ရုပ်ရှင်ဆိုတော့လည်း ထုံးစံအတိုင်း ယုတ္တိလွန်တဲ့ ကြည့်ကောင်းတဲ့ ဇာတ်အိမ်တွေနဲ့တော့ မဟုတ်ပါဘူး။ ယုတ္တိရှိရှိလေးနဲ့ ငြိမ်နေတဲ့ ဇာတ်လမ်းပါပဲ။ ကောင်လေးဟာ နောက်ပိုင်း ဒိန်ခဲလုပ်ငန်းလုပ်ဖို့ ကြိုးစားတဲ့အခန်းတွေမှာ ဒိန်ခဲတွေရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သေချာလေးတော့ပြထားပါတယ်။ ဒါတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:32:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Thriller
7.2 2024 92 mins
Holy Cow Vingt dieux
Tomb Guardians
5.6

ရှေးခေတ်တရုတ်တွေရဲ့ ရိုးရာအရ ဘုရင်ကြီး အမတ်ကြီးတွေ သေဆုံးတဲ့အခါမှာ သင်္ချိုင်းအကြီးကြီးဆောက်ကြပြီး ရတနာအများအပြားကိုလည်း ထည့်မြှုပ်ခဲ့တတ်ကြပါတယ်။ အဲဒီရတနာတွေကို ခိုးယူဖို့ သင်္ချိုင်းဖောက်သူတွေလည်းရှိပါတယ်။ အဲဒီသင်္ချိုင်းဖောက်သူတွေရန်က ကာကွယ်ဖို့အတွက် သင်္ချိုင်းတွေတိုင်းမှာ အကာအကွယ် အစီအရင်တွေ ထောင်ချောက်တွေ ချထားတတ်ပါတယ်။ ၁၉၈၀ ပတ်ဝန်းကျင်လောက်မှာ ဟူပါးရီး၊ ဝမ်ခိုင်ရွှမ်၊ ရွှယ်လီယန်တို့ရဲ့ သူငယ်ချင်းဖြစ်သူ တာ့ကျင်းယာဟာ ရုတ်တရက်အဆိပ်မိပြီး အသက်အန္တရာယ်ရှိနေခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အသက်ကို ကယ်ဖို့အတွက် သူတို့ ၃ ယောက်ဟာ စီချွမ်းက ဝူးရှာတောင်ကြား ချင်းရှီးရွာကို ဖြေဆေးရှာဖို့ ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ မထင်ထားဘဲ နှစ်ပေါင်းများစွာ ကြံစည်ခဲ့တဲ့ ကလဲ့စားချေမှုတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရတဲ့အခါ…… ဟူပါးရီးတို့အဖွဲ့ ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ့ရမလဲ…… သူငယ်ချင်းကို ကယ်တင်ဖို့ ဖြေဆေးကိုရော ရှာတွေ့နိုင်ပါ့မလား…… ချင်းရှီးရွာမှာရော ဘယ်လို ရင်နင့်စရာ ဇာတ်လမ်းမျိုး ရှိနေမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • Thriller
5.6 2025
Tomb Guardians