YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Secrets of a Nympho.S01E08.1080p.mp4

548.51 MB N/A video/mp4 204 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Black Snake Moan (2006)
6.9

Black Snake Moan (2006) ~ IMDb - 6.9/10, Rotten Tomatoes - 66% ~ ဒီကားကိုတော့ မူလဘူတဗုဒ္ဓဟူးမ တစ်ဖြစ်လဲ Christina Ricci နဲ့ မေမေ့အချစ်တော်ကြီး Samuel L. Jackson အပြင် Justin Timberlake တို့က သရုပ်ဆောင်ထားပါတယ်။ IMDb လည်း 6.9/10 အထိရထားတဲ့ ရုပ်ရှင်ပါ။ အဓိကဇာတ်ကောင်က ငယ်စဉ်ဘဝမှာ ပထွေးအနိုင်ကျင့်ခံရပြီး လိင်စိတ်စွဲလမ်းမှုကြီးနေတဲ့ ကောင်မလေးဆိုတော့ ဒီကားမှာ အဖော်အချွတ်ခန်း တော်တော်များတာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ပါဘူး။ ဘာနေနေ အမေ့အချစ်တုံးကြီးရဲ့ ထူးခြားတဲ့ဇာတ်ရုပ်နဲ့တကွ ရက်စက်စွာသော ချစ်စွာသော လူတွေရဲ့ဘဝတွေကို ကြည့်ရင်း ဖီးလ်ရမယ့် ရုပ်ရှင်မို့ ဒရာမာပရိသတ်တွေ ကြိုက်ကြမယ့်ရုပ်ရှင်ပါပဲ။ မယားက ညီနဲ့‌ဖောက်ပြန်သွားလို့ အရှက်တကွဲအကျိုးနည်းစွာ အားလုံးကိုရှောင်နေတဲ့ လူ့ဂွစာကြီးဟာ တစ်မြို့လုံးက အပျက်မလို့ သမုတ်ခံထားရတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုပြန်အသက်သွင်းပေးမလဲ ကြည့်ရမယ့် ဒရာမာကားကောင်းလေးပါ။ ဒီကားကိုရိုက်တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ဒါရိုက်တာကတော့ Katy Perry: Part of Me ရဲ့ ပရိုဂျူဆာ၊ The Legend of Tarzan ရဲ့ ဇာတ်ညွှန်းဆရာ၊ Coming 2 America ရဲ့ ဒါရိုက်တာဖြစ်တဲ့ Craig Brewer ပါ။ ဒီကားမှာ ဆမ်ကြီးက ဘလူးစ်ဂီတသမားအနေနဲ့ သရုပ်ဆောင်ထားပြီး ဒီကားအတွက် သူတီးခဲ့ဆိုခဲ့သမျှ သီချင်းတွေအားလုံးအတွက် နှစ်ဝက်လောက် တစ်နေ့ကို ခြောက်နာရီလောက် ဂီတာတီးကျင့်ထားရတာပါ။ မဆမ်မြူရယ်ကြီး ရေရေလည်လည်အစွမ်းပြထားတဲ့ကားလို့ပြောလည်းရပါတယ်။ မင်းသမီးကလည်း ဒီကားမှာ သူအခတ်ခံရတဲ့ ၁၈ပေါင်လေးတဲ့ သံကြိုးတွေကို အစစ်တွေနဲ့ သုံးပြီး ရိုက်ကူးထားတာပါ။ ဒီကားကို ကီဗင်စမစ်ကတော့ အဲဒီနှစ်ရဲ့အကောင်းဆုံးကားလို့လည်းပြောခဲ့သလို Ricci နဲ့ Jackson ကိုလည်း ချီးကျူးခဲ့ပါတယ်။ Pulp Fiction နောက်ပိုင်း Jackson ရဲ့ အကောင်းဆုံးပါဖောမန့်ဖြစ်သလို Ricci ရဲ့သက်တမ်းတစ်လျှောက်အကောင်းဆုံး ပါဖောမန့်လို့လည်းပြောခဲ့ပါတယ်။ သရုပ်ဆောင်တွေနဲ့တင် တန်နေတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 905MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 56Min Genre - Drama, Music Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
6.9 2006 116 mins
[18+] Black Snake Moan (2006)
Ant-Man and the Wasp: Quantumania
6.5

IMDb Rating - 6.4/10 ကဲ မာဗယ်ရဲ့ ပုရွက်ဆိတ်လူသားရုပ်ရှင် အသစ်လာပါပြီ။ ဇာတ်လမ်းကတော့ Endgame တိုက်ပွဲကြီးအပြီးမှာ အေး အေးချမ်းချမ်းနေနေကြတဲ့ စကော့၊ ဟုပ်၊ ကတ်စီ၊ ဟင်နရီ နဲ့ ဂျဲနက်တို့ မိသားစုဟာ မတော်တဆမှုတစ်ခုကြောင့် ကွမ်တမ် လောကကြီးထဲကို ရောက်သွားပြီး ကွန်ကရာ ခန်း ဆိုတဲ့ ရန်သူ ကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါ။ ခန်းဟာ အချိန်ခရီးသွားနိုင်၊ နည်းပညာအသစ်အဆန်းတွေတီ ထွင်နိုင်ပြီး၊ အဗန်ဂျာတွေကိုသတ်နိုင်လောက်တဲ့အထိ စွမ်းအား ကြီးတဲ့သူပါ။ ကမ္ဘာတွေ၊ အချိန်စီးကြောင်းတွေ၊အပြိုင်စကြဝဠာ တွေကိုဖြတ်ပြီး ခရီးသွားရင်း ကမ္ဘာတွေကို ဖျက်ဆီးနေသိမ်း ပိုက်နေတဲ့သူတစ်ယောက်ပါပဲ။ အဲတော့ ဒီရန်သူကြီးနဲ့ စကော့ တို့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality….4k HEVC | 1080p | 720p | 480p File size…6GB | 2.12 GB | 900 MB | 530 MB Format… mp4 Duration…. 2hrs 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August, SWM

Drama
6.5 2023 125 mins
Ant-Man and the Wasp: Quantumania
(21+) The Key
6

လူတွေက အသက်အရွယ်လေး ရလာကြရင် အချစ်ကို ပုံစံပြောင်းပြီးခံစားချင်လာကြတယ် အိမ်ထောင်သည်တွေလည်း အိမ်ထောင်သက်တမ်းကြာလာတဲ့အခါ အချစ်ကို ပုံစံပြောင်းပြီး ခံစားချင်လာကြတယ် ဒါပေမဲ့ အိမ်ထောင်ရေးမှာတော့ စဉ်းမျည်းတွေ ထိန်းချုပ်တာ များတယ်လေ ဖွင့်ချချင်ပေမဲ့လည်း အိမ်ထောင်သည်ဆိုတဲ့ ဘောင်အတွင်းက ဘယ်လိုမှမလွတ်နိုင်ဘူးလေ ပရော်ဖက်ဆာ နီနို တစ်ယောက် ငယ်ရွယ်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမချောလေး ထရေဆာ နဲ့ အိမ်ထောင်ကျပြီး သမီးလေး လီဆာ ရှိပါတယ် သူတို့က အထက်တန်းလွှာ မိသားစုတစ်ခုဖြစ်ပါတယ် ပရော်ဖက်ဆာမှာ သူများနဲ့မတူတဲ့ လိင်ပျော်ပါးလိုစိတ် အတွေးရှိနေပါတယ် အဲဒါကတော့ သမရိုးကျ ဘောင်အပြင်ဖက်ထွက်ဖို့ပါပဲ ဟုတ်ပါတယ် သူက သူ့အမျိုးသမီး ချောချောလေး တစ်ခြားကောင်လေးနဲ့ အိပ်တာကို မနာလိုစိတ်နဲ့ အရသာခံ ကြည့်ချင် တွေးချင်နေတဲ့ သူပါပဲ ထရေဆာမှာ သူ့သမီးလီဆာနဲ့ သဘောတူတဲ့ကောင်လေး တစ်ယောက်ရှိပါတယ် လာဆလို ပါပဲ ပရော်ဖက်ဆာ နီနိုက သူ့အကြံကိုအကောင်ထည်ဖေါ်ဖို့ ဇာတ်လမ်းဆင်ရပါတော့တယ် ဒါပေမဲ့ သူ့မှာကန့်သတ်ချက်တွေရှိတယ်လေ တိုက်ရိုက်ဖွင့်ဟဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ သူတို့ ဇနီးမောင်နှံသာ သိနိုင်တဲ့ ဆက်သွယ်နည်းနဲ့ ကြိုးစားပါတော့တယ် တစ်ကယ်တော့ မီးကို ကစားနေသလိုပါပဲ ကိလေသာဆိုတာ အပူတွေလေ မီးလို့ပဲ တင်စားလိုက်ပါတယ် ဇာတ်လမ်းလေးက ဝထ္တုလေး တစ်ပုဒ်ဖတ်နေရလို စိတ်ဝင်စားစရာကောင်းနေပြီး အီတလီ ကားဟောင်းတွေ ထုံးစံအတိုင်း ရှင်းရှင်းလင်းလင်းကြီးတွေ ဖြစ်နေတဲ့အတွက် DS Fans တွေအတွက် ရွေးချယ်တင်ဆက်လိုက်ပါတယ် File size…1.7GB / 700MB Quality…1080p BluRay H264 / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Drama
6 1983 110 mins
(21+) The Key
21 Grams
7.3

Directed by Alejandro G. Iñárritu IMDb Rating - 7.7/10 21 Gramsဟာ Death Trilogyရဲ့ ဒုတိယကားပါ။ Death Trilogy ကတော့ Alejandro ရိုက်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သေခြင်းကို အခြေတည်ရိုက်ပြထားတဲ့ ဇာတ်ကား၃ကားဖြစ်ပြီး ၃ကားလုံးရဲ့စာရေးဆရာကလည်း Guillermo Arriaga ပါ။ Death Trilogyမှာ Amores perros ( 2000 ) , 21 Grams (2003) , Babel (2006) တိုပါဝင်ပြီး ၃ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့သလို ၃ကားလုံးလည်း ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုရခဲ့တဲ့ ရုပ်ရှင်တွေပါ။ Alejandro ဟာ Death Trilogyအပြင် Birdman , The Revenant , biutiful ၃ကားကိုရိုက်ကူးခဲ့ပြီး ၃ကားလုံး ရုပ်ရှင်ကောင်းတွေဖြစ်ပြီး Birdmanနဲ့ The Revenantကတော့ အော်စကာ ၄ဆုနဲ့ ၃ဆုစီ ရခဲ့ပြီး birdman ကတော့ best pictureပါ ရခဲ့ပါတယ်။ ၆ကားပဲ ရိုက်ပြီး ၆ကားလုံး မာစတာပိစ်ဖြစ်နေတဲ့ သူလို ပြောလည်း မမှားပါဘူး။ သရုပ်ဆောင်တွေကလည်း Sean Penn ,ချေဂွေဗားရားမင်းသား Benicio Del Toro , Mulholland Drive နဲ့ ကင်းကောင်မင်းသမီး Naomi Watts တိုလို နာမည်ကြီး သရုပ်ဆောင်တွေပါ။ Del Toroနဲ့ Naomiဟာ ဒီရုပ်ရှင်နဲ့ပဲ အော်စကာsupporting ဆန်ခါတင်တွေ ဝင်ခဲ့ကြပါတယ်။ Del Toroကြီးရဲ့ ပီပြင်ပုံကလည်း ရူးလောက်ပါတယ်။ ၁၉၀၇မှာ Duncan MacDougallဟာ The 21 grams experiment ဆိုတဲ့ စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ သူ့သီဝရီကတော့ လူ့ဝိညာဉ်မှာ ဒြပ်ထုအလေးချိန်ရှိပြီး အဲဒီဒြပ်ထုအလေးချိန်က ၂၁ဂရမ်ပါတဲ့။ ဒါကြောင့် လူတွေသေသွားရင် သေသေပြီးချင်းမှာ အလေးချိန်၂၁ဂရမ် ဆုံးရှုးသွားတယ်တဲ့။ ဒီရုပ်ရှင်ကတော့ အဲဒီ၂၁ဂရမ်ဆိုတဲ့ ဆုံးရှုးမှုမှာ အဆုံးအရှုးတွေ ဘယ်လောက်ပါဝင်နေလဲ။ အဲဒီ၂၁ဂရမ်ကို ဘယ်အချိန်မှာ တကယ်တမ်း ဆုံးရှုးသွားလဲ။ သေသူဆီက ဆုံးရှုးသွားတဲ့ အဲဒီ၂၁ဂရမ်ဟာ ကျန်ရစ်သူတွေဆီ ဘယ်နှဂရမ် ဘယ်နှအသည်းကွဲစာ ရောက်သွားလဲ။ အဲဒီဆုံးရှုးသွားတဲ့ ၂၁ဂရမ်မှာ စိတ်ဝိညာဉ်ပါဝင်မှု ဘယ်လောက်များလဲဆိုတဲ့ အမေးကို မေးပြီး ရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ ဒီထဲမှာ ဇာတ်ကောင်မိသားစု၃ခုပါဝင်ပါတယ်။ မတော်တဆဖြစ်သွားတဲ့မိသားစုရယ် ၊ မတော်တဆမှုတရားခံရယ် ၊ အဲဒီမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားတဲ့လူဆီက နှလုံးကိုရလိုက်တဲ့သူရယ်ပါ။ သေတော့မယ့်လူရယ် ၊ အပြစ်ရှိတဲ့သူရယ် ၊ ကျန်ရစ်သူရယ်ဆီကို သေပြီးတဲ့လူတစ်ယောက်ရဲ့ ၂၁ဂရမ်ရဲ့ လေးလံခြင်း သိပ်သည်းခြင်းတွေအကြောင်း အပြစ်ရှိစိတ်‌တွေအကြောင်း ရိုက်ထားတယ်လို ပြောလိုရပါတယ်။ ဇာတ်လမ်းရဲ့ conceptကိုက ထူးခြားနေတာကို Alejandroက Nonlinearနဲ့ပြထားပါတယ်။ စစချင်းမှာ ကြည့်တဲ့သူကို ဘယ်မိသားစုက ဘယ်သူ့မိသားစုလဲတောင် ရောအောင် ပြထားပြီး ကြာရင်တော့ ရှုပ်မနေဘဲ ဇာတ်ရည်လည်သွားပါတယ်။ ကြည့်တဲ့သူရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ တော်တော်သေသပ်တဲ့ပြသမှုပါပဲ။ သရုပ်ဆောင်တွေ တော်တော်လေး သရုပ်ဆောင်ကောင်းနေတာကလည်း ဒီဇာတ်လမ်းရဲ့ ကြည့်သူကို ဖမ်းစားနိုင်တဲ့ အဓိကအချက်တစ်ချက်ပါပဲ။ ၅ဆင့်တန်အကြွေစေ့ငါးပြားရဲ့ အလေးချိန် ငှက်ပိတုန်းတစ်ကောင်ရဲ့အလေးချိန် ချောကလက်တစ်ချောင်းရဲ့ အလေးချိန် ၂၁ဂရမ်ဟာ ဘယ်လောက်များလေးလံလဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1GB) Quality__Bluray_1080p, 720p IMDb Rating__7.7/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Drama • Romance
7.3 2003 124 mins
21 Grams
Baadshah
6.4

ရှာရွတ်ခန်းရဲ့Action/Comedyဇာတ်ကားတစ်ကားဖြစ်ပြီး IMDB rating 6.9 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဘာဒေရှာကိုသူ့ရဲ့အမေကသူ့အဖေလိုမျိုး ရဲဝန်ထမ်းတစ်ယောက်ဖြစ်စေချင်ပေမယ့် သူကတော့ရဲဝန်ထမ်းအလုပ်ကိုလုံးဝစိတ်မဝင်စားဘဲ သူရဲ့သူငယ်ချင်းတစ်ဖွဲ့နဲ့ စုပြီးတော့ ဘာဒေရှာလျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီဆိုပြီးရုံးတစ်ရုံးဖွင့်ထားပါတယ်။ လျှို့ဝှက်ထောက်လှမ်းရေးအနေနဲ့ သူ့ကိုအလုပ်အပ်ထားတဲ့ မဟင်ဒရာဆိုတဲ့သူရဲ့စိန်တွေကို ပြန်အရယူနိုင်ပေးခဲ့ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီမစ္စတာမဟင်ဒရာရဲ့သမီးလေး ကိုဂိုအာမြို့မှာ ပြန်ပေးဆွဲခံရတဲ့အတွက် သူ့သမီးကိုကယ်တင်ပေးဖို့ ဘာဒေရှာကို လှမ်းအကူအညီတောင်းပြန်ပါတယ်။ ဘာဒေရှာက ဂိုအာထိသွားရမှာဖြစ်တဲ့အတွက်ကြောင့် သူ့ကို မဟင်ဒရာက လေယာဉ်လက်မှတ်ဖြတ်ပေးလိုက်ပြီး။ ဘာဒေရှာ ဂိုအာကိုသွားမယ့်နေ့မှာပဲ CBI အဖွဲ့ကလည်း ဘာဒေရှာဆိုတဲ့နာမည်နဲ့ တခြားစုံထောက်တစ်ယောက်ကို အမှုကိစ္စတစ်ခု ဖြေရှင်းဖို့အတွက် တာဝန်ပေးလိုက်ပါတယ်။ ဘာဒေရှာဆိုတဲ့ နာမည်နှစ်ခု တူနေကြတဲ့အတွက် ဘယ်လိုအရှုပ်အထွေးတွေနဲ့ကြုံ ကြမှာလဲ.... ကလေးကိုရောဘယ်လိုကယ်ကြမလဲ.... ဘောလိဝုဒ်ဖန်တိုင်း လက်မလွှတ်သင့်တဲ့ ကားတစ်ကား ဖြစ်ပါကြောင်း.... ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size : (1.8 GB) / (560 MB) Quality : 720p-WebDL, 480-WebDL Format…mp4 Duration…2h 55min Genre : Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae,Nyeinsaeya Aung

Drama • Romance
6.4 1999 175 mins
Baadshah
Be Cool
5.6

ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။ အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူ‌ဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။ လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့‌ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။ သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။ 1995 မှာ ရုံတင်ခဲ့တဲ့ Get Shorty ဇာတ်ကားရဲ့ sequel အဖြစ်ထွက်ရှိလာခဲ့တဲ့ မှုခင်း ဟာသ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပထမကားကိုကြည့်ဖူးရင် ပိုပြီးအရသာရှိပါလိမ့်မယ်။ ဒီကားကို အရင် စကြည့်ရတာဆိုရင်လည်း ပထမကားကိုကြည့်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။ Ratingအရ ပထမကားလောက် မကောင်းဘူးလား‌လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကားကပိုကောင်းတယ်ပဲထင်မိတယ်။ soundtracks တွေကလည်း ဇာတ်ကားကြည့်ပြီးရင် Googleမှာရှာပြီး နားထောင်ချင်စရာကောင်းတယ်။ ဂန္ဓဝင်တီးဝိုင်းအဖွဲ့ဖြစ်တဲ့ Aerosmith နဲ့ ပင်တိုင်အဆိုကျော် စတီဗင်တိုင်လာတို့ကလည်း ဇာတ်ပို့အနေနဲ့ ပါဝင်ထားကြပါသေးတယ်။ Moana ဇာတ်ကားမှာ မာဝီ ကတဲ့အကမျိုး the Rock ကြီး လူကိုယ်တိုင် နုစဉ်အချိန်က ဇာတ်ရံအနေနဲ့ ကပြခဲ့ရတာကိုလည်း ရှုစားရမှာပါ။ ကြည့်ရတာတန်တဲ့ အပန်းပြေမယ့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။)

Drama
5.6 2005
Be Cool
The Mothman Prophecies
6.4

ဂျွန်ကလိုင်းက ဝါရှင်တန်ဒီစီပို့စ်သတင်းဌာနရဲ့ အောင်မြင်တဲ့ သတင်းထောက်ဖြစ်သလို သာယာတဲ့အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ညမှာ သူနဲ့ဇနီးသည်တို့ ‌အိမ်ပြန်လာစဉ် ကားမတော်တဆမှုနဲ့ ဇနီးဖြစ်သူဆုံးပါးသွား ပါတယ်။ သေခါနီးအချိန် ဇနီးသည်က ကားတိုက်မှုမဖြစ်ခင် သူမြင်ခဲ့တဲ့ အရာတစ်ခုကို ဂျွန်ရောမြင်ခဲ့ရဲ့လားလို့ မေးခွန်း ထုတ်သွားခဲ့သလို ဂျွန်ကိုယ်တိုင်လည်း ဇနီးသည် ဝှက်ခဲ့တဲ့ ပဟေဠိကို အဖြေရှာမရဘဲ အချိန်၂နှစ်ကုန်သွားပါတယ်။ ၂နှစ်ကြာတဲ့အထိ ဇနီးဖြစ်သူသေဆုံးမှုကနေ ရုန်းမထွက်နိုင် ဖြစ်နေတဲ့ ဂျွန်ဟာ တစ်ညမှာအလုပ်ခရီးသွားရင်း ကားပျက် သွားလို့ နီးရာအိမ်ကို အကူအညီဝင်တောင်းခဲ့ရာ မထင်မှတ် ထားတဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတယ်။ အိမ်ပိုင်ရှင်တွေက ဂျွန်ကို ၃ညဆက်တိုက် မနက်၂နာရီခွဲတိုင်း တံခါးလာခေါက် တဲ့ Stalkerအဖြစ်စွပ်စွဲဖမ်းဆီးပြီး ရဲလက်အပ်လိုက်တာပါ။ ဒါ့အပြင် သူရောက်နေတဲ့နေရာက ဝါရှင်တန်နဲ့မိုင်၄၀၀ကျော် ဝေးတဲ့ အိုဟိုင်းယိုးဖြစ်နေတာပါ။ မနက်၁နာရီထိုးမှ အိမ်ကစထွက်လာပေမယ့် မနက်၂:၃၀မှာ နေ့ဝက်ခရီးလောက် မောင်းရမယ့် အိုဟိုင်းယိုးကိရောက်နေ သလို အရှေ့၂ရက်လောက်ကတည်းက သူတို့ကိုနှောင့်ယှက် နေသူအဖြစ် အိမ်ရှင်တွေက စွပ်စွဲနေတာကြောင့် ဂျွန်လည်း ဘူမသိကိုးမသိ ရဲဖမ်းခံလိုက်ရပါတယ်။ အဆိုပါရဲနဲ့ စကား စပ်မိတဲ့အခါ ဒီမြို့မှာလည်း ထူးဆန်းတဲ့အရာ‌ကို မြင်တွေ့ နေသူတွေရှိကြောင်း သိလိုက်ရတဲ့အခါ ဇနီးဖြစ်သူပြောခဲ့တဲ့ ပဟေဠိဆန်တဲ့ အရာအကြောင်း စဉ်းစားမိပြီး ဇနီးသည်ရဲ့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုနဲ့ ထိုပဟေဠိဖြစ်တည်မှုအကြောင်း လိုက်လံစုံစမ်းရာမှ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေထဲ ဝင်တိုးမိသွားပါတော့တယ်။

Action • Science Fiction
6.4 2002
The Mothman Prophecies
What the Waters Left Behind: Scars
5.3

What the Waters Left Behind: Scars (2022) မြို့တစ်မြို့ရှိတယ်။ ရေမြုပ်သွားတယ်။ နှစ်ကြာတော့ ပြန်ပေါ်လာတယ်။ ဒါပေမဲ့ စွန့်ခွာသွားတဲ့ မြို့သူမြို့သားတွေကတော့ အဲဒီမြို့ကို ပြန်ရောက်မလာတော့ဘူး။ ပြောရရင် အဲဒီမြို့က တစ္ဆေမြို့လိုဖြစ်သွားတယ်။ မအောင်မြင်တဲ့ တီးဝိုင်းတစ်ခုက အဖွဲ့သားတွေဟာ စော်ပွေတဲ့ဝိုင်းသား ကျေးဇူးနဲ့ တစ္ဆေမြို့ကိုရောက်လာတဲ့အခါမှာတော့ အဲဒီမြို့မှာ ဘာတွေကြုံရမလဲ သည်းထိတ်ရင်ဖို ကြည့်ရမယ့် ဟော်ရာကားပါပဲ။ လိင်အသားပေးအခန်းတွေ မနည်းပါတာမို့ သတိချပ်စေချင်ပါတယ်။ နာမည်ကျော် ဟော်ရာကားတွေမှာ ပါဝင်တတ်တဲ့အရာတွေကိုရောသမမွှေထည့်ထားသလို ဖြစ်နေတာမို့ ဟော်ရာဖန်တွေအတွက်တော့ ကြည့်ကောင်းပါလိမ့်မယ်။ ဟောလိုးဝင်းလည်းနီးပြီဆိုတော့ ဟော်ရာအငွေ့အသက်လေးတွေနဲ့ အောက်တိုဘာလကြီးကို ဖြတ်သန်းဖို့ ဓာတ်စာပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 695MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 25Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
5.3 2022
What the Waters Left Behind: Scars
Love Life

ဒီဇာတ်ကားကတော့ ဂျပန်နဲ့ ပြင်သစ် ပူးပေါင်းရိုက်ကူးထားတဲ့ ၂နာရီကျော်ကြာမြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ Koji Fukadaက ရိုက်ကူးထားတာဖြစ်ပါတယ်။ Love lifeလို့အမည်ရတဲ့ ၁၉၉၁မှာထွက်ရှိခဲ့တဲ့ ဂျပန်သီချင်းကို ဇာတ်လမ်းကျောရိုးအဖြစ် ပုံဖော်ထားတာဖြစ်​ပြီး အဓိကကတော့ “တအဲကို”နဲ့ “ဂျိရို”ရဲ့ အချစ် နဲ့ ဘဝအကြောင်း ဖြစ်ပါတယ်။ 79th Venice International Film Festivalမှာ ပွဲဦးထွက်ပြသခဲ့တာဖြစ်ပြီးတော့ Hochi Film awardအတွက် nominationတွေလည်း ဝင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ လူတွေရဲ့ ဘဝထဲမှာ ဘယ်တုန်းကမှ ရောက်မလာခဲ့သင့်တဲ့သူဆိုတာကို တစ်ကွေ့မှာတော့ ကြုံရလေ့ ရှိပါတယ်။ “တအဲကို”ဆိုတဲ့ အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူက “ဂျိရို”လို့ခေါ်ပြီး သူတို့မှာ သားလေးတစ်ယောက်လည်း ရှိပါတယ်။ သားဖြစ်သူ “ခေးတ”က တအဲကိုရဲ့ အရင်ယောက်ျားနဲ့ရခဲ့တဲ့ကလေး ဖြစ်ပေမဲ့ ယောက်ျားဖြစ်သူက သားအရင်းလိုချစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ တအဲကိုက တစ်ခုလပ်ဖြစ်ခဲ့တာမို့ ယောက်ျားရဲ့မိဘတွေက သဘောမတူခဲ့ပါဘူး။ တစ်နေ့မှာတော့ ယောက္ခထီးဖြစ်သူရဲ့မွေးနေ့ကို သူတို့အိမ်မှာလုပ်ပေးရင်း သီချင်းတွေအကျယ်ကြီးဆိုနေခဲ့ကြရာက ကလေးဖြစ်သူ ရေချိုးကန်ထဲပြုတ်ကျသွားတာကို မသိလိုက်ကြပါဘူး။ ဒီလိုနဲ့ သားဖြစ်သူလည်း ရေနစ်ဆုံးပါးသွားပြီး ဈာပနအခမ်းအနားပြုလုပ်နေတုန်း ယောက်ျားဟောင်းဖြစ်သူ ဘတ်ရှင်းဂျီက ပြန်ရောက်လာခဲ့ပါတယ်။ ဘတ်ရှင်းဂျီက ဆွံ့အနားမကြားတစ်ယောက်ဖြစ်ပြီး တအဲကိုတို့သားအမိကို ထားခဲ့ကာ ထွက်ပြေးသွားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ခု ပြန်တွေ့ချိန်မှာလည်း သူဟာ ဘေးလူရဲ့ အကူအညီလိုအပ်သူဖြစ်တာမို့ “ဂျိရို”ကလည်း သူ့ကိုကူညီပေးဖို့ တအဲကို ကို ပြောလာပါတယ်။ နားလည်မှု အတော်လေးရှိတယ်လို့ထင်ရတဲ့ သူတို့အိမ်ထောင်ရေးနဲ့ အရင်လူတွေပြန်လာတဲ့အချိန်မှာ ဘယ်လိုမျိုး ပြောင်းလဲနိုင်မလဲ။ အိမ်ထောင်ရေးနဲ့ လူနှစ်ဦးကြားက တချို့သောကိစ္စတွေဟာ ကန့်သတ်ချက်တွေမပါဘဲ ကာယကံရှင် နှစ်ယောက်ရဲ့ လက်ခံနားလည်မှုတွေနဲ့ပဲ တည်ဆောက်ရှေ့ဆက်သွားတာကို တအဲကိုနဲ့ဂျိရိုရဲ့ အချစ်နဲ့ဘဝအကြောင်းထဲမှာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ingyin San

Comedy • Drama
0 2022
Love Life
Thanksgiving
7

Thanksgiving(2023) ****************** (ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့ နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး…) ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။ သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။ Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက် ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာ တစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီး လူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာ ဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင် ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့ ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်း အသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေ အရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။ File size…3.36GB /1.6 GB / 691MB Quality…4K HEVC,WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1hr 46min Genre ….. Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Mr. Anderson

7 2023
Thanksgiving
Swamp Thing
5.3

ဇာတ်လမ်းလေးဟာ ၁၉၈၂ ကထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး ယခုခေတ်နဲ့မတူတဲ့ ကင်မရာရှုထောင့်တွေစကားလေသံ အပြောအဆိုတွေနဲ့ ရွံ့ညွန်သဘာဝတောကြီးကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာပါ။ ကျွန်တော်တို့ သက်ရှိမျိုးရိုးဗီဇတွေမှာ လူတွေနဲ့ အပင်တွေဟာ မတူကြပါဘူး။ အဲ့ဒါကို ပေါင်းစပ်ပြီးလူတွေရဲ့ ကောင်းကျိုးအတွက် အသုံးချဖို့ ဒေါက်တာ အဲလက်ဟော်လန်၊ သူ့ရဲ့ညီမဖြစ်သူနဲ့ အခြားအစောင့်အရှောက်တွေဟာ ရွံ့ညွန်တောကြီးတစ်ခုမှာ လျို့ဝှက်ပရောဂျက်အဖြစ် လုပ်ကိုင်နေခဲ့ ကြပါတယ်။ တစ်နေ့မှာသူတို့ရဲ့ အစောင့်တွေထဲကတစ်ယောက် မိကျောင်းကိုက်ခံရလို့ဆိုပြီး ကူပေးဖို့ အေးဂျင့်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဲလစ်စ် ကေဘယ်လ်ကို ခေါ်ခဲ့ပါတယ်။ သူရောက်လာပြီးမှ ဖော်မြူလာထုတ်တာ အောင်မြင်သွားပြီး အောင်မြင်တဲ့ညမှာပဲ သူတို့ရဲ့ဖော်မြူလာကို လုယူဖို့အကောက်ကြံနေတဲ့ လူတစ်စုရောက်လာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ မတော်တဆ ဖော်မြူလာဟာ ဒေါက်တာဟော်လန့်ပေါ်ကို လောင်းမိသွားပြီး အပင်နဲ့လူသားစပ် သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သွားပါတော့တယ်။ ဆိုတော့ အဲလစ်စ်ကေဘယ်လ် ရောက်လာပြီးမှ ဖော်မြူလာရသွားတာဖြစ်သလို ရရချင်းမှာပဲ တိုက်ခိုက်လုယူခံရတာဆိုတော့ အဲလစ်စ်နဲ့ဘာတွေ ဘယ်လိုပတ်သက်နေမလဲ ဘာတွေဆက်မဖြစ်လဲ ဆိုတာကတော့ ဇာတ်ကားလေးကို ဒေါင်းလုဒ်ကြည့်ရှုရင်း ခံစားအဖြေရှာနိုင်မှာပါခင်ဗျာ။ File size… 1.6 GB / 715 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Horror/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Ko Wunna

5.3 1982
Swamp Thing
The Dead Don’t Hurt

မင်္ဂလာပါ The Dead Don’t Hurt” ဆိုတဲ့ ရုပ်ရှင်ကို တော့ မော်တင်ဆင် (Mortensen) ရိုက်ကူးရေး၊ ဇာတ်ညွှန်းရေးခြင်းနဲ့ မီဇစ်ဖန်တီးမှုကို တစ်ကိုယ်တည်း လုပ်ထားပြီး၊ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ရိုက်ကူးမှု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ Mortensen က Holger Olsen အဖြစ် သရုပ်ဆောင်ထားပြီး၊ ၁၈၆၀ ခုနှစ်တွေက နယ်စပ်ဒေသမှာ တည်ငြိမ်စွာ နေထိုင်နေသူ​​ဖြစ်ပါတယ်။ သူက Vivienne (Vicky Krieps) ကို သူမရဲ့ ချမ်းသာတဲ့ ချစ်သူနဲ့ စကားများနေစဉ်မှာတွေ့ပြီး၊ သူမကိုချက်ချင်းပဲ Holger ရဲ့ အနားရောက်လာစေခဲ့ပါတယ်။ Vivienne က ချမ်းသာတဲ့ ဘဝကိုစွန့်လွှတ်ပြီး Holger နဲ့အတူ စိန်ခေါ်မှုများအပြည့်ရှိတဲ့ ဘဝကို ရွေးချယ်ခဲ့တဲ့အခါမှာ သူမရဲ့ အတွင်းစိတ်ခွန်အားနဲ့ ဆုံးဖြတ်ချက်တွေကို မြင်ရမှာပါ။ Vivienne ဟာ Holger ရဲ့ ဖွတ်ဖွတ်မွှတ်မွှတ် တဲလေးကို သန့်ရှင်းအောင်လုပ်ပြီး၊ ချက်ရုံ၊ စိုက်ပျိုးရုံများလုပ်ပြီး Holgerရဲ့ဘဝကိုပြောင်းလဲပေးခဲ့ပါတယ်။ Holger က ပြည်တွင်းစစ်မှာ တိုက်ခိုက်ဖို့ စစ်သားအဖြစ် စစ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ သူမဟာ သူ့ကို ဆွေးနွေးပြီး ထွက်မသွားဖို့ကြိုးစားခဲ့ပါတယ်။ Holger စစ်ထဲမှာဖြစ်စဉ်၊ Vivienne နေထိုင်ရတဲ့ မြို့လေးကို လေ့လာရင်း၊ ဆိုးရွားတဲ့ မြို့တော်ဝန် Schiller (Danny Huston) နဲ့ သူ့ရဲ့ လောဘကြီးတဲ့ လုပ်ဖော်ကိုင်ဖက် Alfred Jeffries (Garret Dillahunt) တို့ဟာ လူအများရဲ့ အခက်အခဲကို အသုံးချပြီး သူတို့ရဲ့ ချမ်းသာမှုကို တိုးမြှင့်ဖို့ ကြိုးစားနေကြတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားလေးကတော့ ဖြစ်စဥ်တွေကို linear ရိုက်ပြထားတာမဟုတ်ပဲနဲ့ pastနဲ့presentကို random ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။၁၈၀၀ ခုနှစ်သမရိုးကျcowboy ဇာတ်လမ်းtypeမဟုတ်ပေမဲ့ တမျိုးတဖုံတော့စိတ်ဝင်စားမှုရရှိစေမှာပါ။ကိုယ်တိုင်ကြည်ရှူပြီးခံစားပေးပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre… Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Fantasy • Science Fiction
0 2024
The Dead Don’t Hurt
In Broad Daylight
6

Undercover ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်… အမှုတစ်ခု အမှန်တရားတစ်ခုကို ဖော်ထုတ်ဖို့အတွက် လက်တွေ့ကွင်းဆင်းပြီး ကိုယ်တိုင်ကိုယ်ကျ ခံစားဖော်ထုတ်ဖို့ကြိုးစားရင် တစ်စုံတစ်ယောက်အသွင်ယူပြီး စုံစမ်းလေ့လာတာပါ… ဒါပေမယ့် ဒီကားလေးထဲမှာတော့ အသွင်ယူတဲ့သူက တရားစီရင်နိုင်တဲ့ အာဏာပိုင်မဟုတ်သလို…. အရာရာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ငွေရှင်လည်းမဟုတ်ဘူး… ကလောင်အစွမ်းနဲ့ အမှန်တရားကို လောကမြစ်ထဲ စီးဆင်းစေတဲ့ သတင်းထောက်သမားလေးပါ… ဇာတ်လမ်းကတော့ တစ်နေ့ ဟောင်ကောင်မြို့ လူအိုရုံ (မသန်စွမ်းဂေဟာ) မှာ မသန်စွမ်းတဲ့ လူအိုတွေကို မြို့လယ်ကောင် နေရာလွတ်ထဲ ကိုယ်လုံးတီး ရေပန်းတွေဖြန်းပြီး ရေချိုးပေးတဲ့ဓာတ်ပုံတွေ အေဝမ်းမီဒီယာကို ရောက်လာလို့ ဒီသတင်းကိုလိုက်ဖို့အတွက် ရှောင်ချီဆိုတဲ့ သတင်းသမားလေးက သူငယ်ပြန်နေတဲ့ ထုံဖိုးဖိုးရဲ့ မြေးမလေးအနေနဲ့ သက်တံဂေဟာကို ရောက်လာတာပေါ့… သူက ကနေဒါကလာတဲ့ အဖိုးရဲ့ မြေးမလေး၊ လူအင်အားမလောက်ငှတဲ့ လူအိုရုံမှာ စေတနာ့ဝန်ထမ်းလေးအနေနဲ့ ကူပေးမယ်ဆိုပြီး သတင်းလိုက်ခဲ့ရာကနေ…. ဒီဂေဟာမှာ လူအိုတွေတင်မကဘဲ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းတဲ့သူတွေ၊ ကိုယ်လက်မသန်စွမ်းသူတွေပါ ရှိနေတာကိုသိခဲ့တယ်… လူနာ ၈၀ ဝန်းကျင်ရှိပေမယ့် စောင့်ရှောက်သူက ၂ ဦးပဲ ရှိနေတာပါ တွေ့ခဲ့တဲ့အပြင်… တစ်ဖက်မှာလည်း နေ့စဉ်စားသောက်နေတဲ့ အစားသောက်တွေကလည်း ဒိတ်လွန်တွေတဲ့… ဘာကြောင့်မှန်းမသိပေမယ့် လဝက်မှာလည်း ၆ လောင်းလောက်ကို သေဆုံးမှုဖြစ်သေးတယ်… ကဲ ရှောင်ချီတစ်ယောက် ဒီရှုပ်ထွေးလှတဲ့သတင်းကို ပြီးဆုံးအောင်လိုက်နိုင်ပါ့မလား… သတင်းလိုက်လို့ အမှန်တိုင်းပေါ်လာရင်ရော အဆုံးသတ်ကောင်းနိုင်မှာလား….

Comedy • Drama • Family
6 2024
In Broad Daylight
Chuck Billy and The Marvelous Guava Tree
7.5

ဒီကားလေးကတော့ 2024ခုနှစ်မှာထွက်ထားတဲ့ ဘရာဇီးကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ Chuck ဆိုတဲ့ စိတ်ကူးယဥ်ဆန်တဲ့ ကလေးတစ်ယောက်ဟာ သူဘဝအကြောင်းကို ပုံပြင်လို ပြန်ပြောပြတဲ့ပုံစံဖြင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ Chuck ဟာ မာလကာသီးကို မိခင်ဝမ်းတည်းက အရမ်းတောင့်တသူဖြစ်ပြီး ကြီးလာတဲ့အခါမှာလည်း မာလကာသီးကို အရမ်းစွဲလမ်းတဲ့သူဖြစ်လာပါတော့တယ်။ သူ့ရဲ့တစ်နေ့တာကို သူ့ရွာမှာရှိတဲ့လူကြီးတစ်ယောက်ရဲ့ သစ်သီးခြံကမာလကာသီးကို သွားခိုးခူးစားရင်းအချိန်ကို ကုန်ဆုံးလေ့ရှိပါတယ်။ Chuckက ခေါင်းမာတဲ့သူဖြစ်ပြီး သူများစကားကို နားမထောင်ဘဲ လုပ်ချင်ရာလုပ်တတ်သူမျိုးဖြစ်ပါတယ်။ တစ်နေ့မှာ ရွာမှာရှိတဲ့သူဌေးတစ်ယောက်က ရွာဖွံ့ဖြိုးဖို့ လမ်းဖောက်ရန် ရွာကလူတွေကိုစည်းရုံးပါတော့တယ် ။ ပြဿနာကတော့လမ်းဖောက်ရင် မာလကာသီးပင်ကို ဖြတ်ပြီးဖောက်ရမှာဖြစ်လို့ အပင်ကိုခုတ်ပစ်ဖို့ကြိုးစား ကြတဲ့အခါ Chuckဟာ သူတွေးနိုင်တဲ့နည်းလမ်းတွေနဲ့ တားဖို့သူငယ်ချင်းတွေနဲ့ကြိုးစားပါတော့တယ်။ Chuckနဲ့ သူငယ်ချင်းတစ်စုက တကယ်ပဲ လမ်းခင်းတာကို တားနိုင်မှာလား….. လမ်းခင်းရခြင်းရဲ့နောက်ကွယ်မှာဘာတွေရှိနေမှာလဲ….. သူ့ရဲ့ပုံပြင်လေးက အဆုံးသတ်မှာဘယ်လိုဖြစ်သွားမှာလဲကို ကြည့်ရှူနိုင်မှာဖြစ်ပါတယ်….. ဒီကားလေးမှာ ရွာရဲ့အလှတရားတွေ ရွာကလေးမှာ ကလေးတစ်ယောက်အဖြစ် နေရတဲ့ခံစားချက်မျိုးလေး တွေကို ခံစားပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးကားမျိုးကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ ညွှန်းပါတယ်ဗျာ။ File size… (1.66GB) / (951MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Comedy • Drama
7.5 2024 101 mins
Chuck Billy and The Marvelous Guava Tree