YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Secret Campus.S01E01.1080p.mp4

723.2 MB N/A video/mp4 4484 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What to Expect When You're Expecting
6

ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ် ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ် ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါ နောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူး နောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ် နောက်စုံတွဲကတော့ ကိုယ်ဝန်မဆောင်နိုင်လို့ ကလေးမွေးစားဖို့ ကြိုးစားနေတဲ့ ဟော်လီနဲ့ အဲလက်စ်ပါ ဟော်လီက ကလေးအရမ်းလိုချင်နေပေမဲ့ အဲလက်စ်ဘက်ကတော့ သိပ်မသေချာပါဘူး စိုးရိမ်စိတ်တွေများနေပါတယ် နောက်ဆုံးစုံတွဲကတော့ ကျောင်းတော်က ရန်စဟောင်း ရိုစီနဲ့ မာကိုပါ မာကိုက ရိုစီကို အထက်တန်းတုန်းက ပလေးသွားခဲ့ဖူးပါတယ် အခုလည်း စီးပွားရေးချင်း အပြိုင်အဆိုင်တွေဖြစ်ပြီး ရန်စောင်နေကြပါတယ် ဒီစုံတွဲတွေမှာ တူညီတာတစ်ခုက မိဘဖြစ်ဖို့ ပြင်ဆင်နေကြတာပါ ဒါပေမဲ့ ဘဝဆိုတာ ထင်မထားတာတွေ ဖြစ်လာတတ်တော့ အရာအားလုံး သူတို့စီစဉ်ထားသလို ဖြစ်မလာပါဘူး ဂျွမ်းထိုးမှောက်ခုံနဲ့ အလွဲလွဲ အချော်ချော်ဖြစ်ကြတာတွေကို ရိုက်ပြထားပါတယ် ပေါ့ပါ့ပါးပါး ဇာတ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်) File size…1.79 GB/ 781.1 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Action • Crime • Thriller
6 2012 110 mins
What to Expect When You're Expecting
Infinite Storm
5.9

ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Drama/ Thrillerဇာတ်ကားတစ်ကားပါ။ စိတ်ဒဏ်ရာတွေရှိနေတဲ့ အသက်53နှစ်အရွယ် တောင်တက်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပမ်ဟာ အေးစက်လှတဲ့ နိုဝင်ဘာလမှာ ရာသီဥတုအခြေနေ ဆိုးဝါးနေမှန်းသိနေခဲ့ပေမယ့်လည်း Mount Washington ကို ခါတိုင်းလိုပဲတက်ခဲ့ပါတယ်။ ရာသီဥတုဆိုးလွန်းလို့ ပြန်လှည့်လာတဲ့အချိန်မှာတော့ နှင်းတွေကြားမှာ sneaker ဖိနပ်ခြေရာကိုတွေ့လိုက်ရင်း တောင်ပေါ်တက်ဖို့ဒီဖိနပ်စီးလာတဲ့သူတော့ ဒုက္ခရောက်နေမှာပဲ ဆိုပြီး လိုက်ရှာရာကနေ ... ပရဟိတစိတ်ဓာတ်ရှိလှပြီး လက်မလျှော့တတ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ ရဲရင့်ပုံနှင့် စွန့်စားပုံတို့ကို survival ဇာတ်ကားတို့ ထုံးစံအတိုင်း ပုံဖော်ရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size          :  1.8GB, 622MB & 320MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & 480p Format            : mp4 Duration         : 1hr & 37mins Genre              : Thriller, Drama Translated by Moe Lay Encoded by Kinnov

Drama • Science Fiction
5.9 2022 97 mins
Infinite Storm
Mr. Heart
7.4

ဂျင်ဝန်ဟာ မီဟာတက္ကသိုလ်ရဲ့ မာရသွန် ချန်ပီယံတစ်ယောက်ပါ ဒါပေမယ့်လည်း သူ့ရဲ့​စံချိန်တွေက တဖြေးဖြေးနဲ့ ကျနေတာကြောင့် နည်းပြကြီးက စိုးရိမ်ပူပန်နေခဲ့ပါတယ် တစ်ရက်မှာတော့ ဆန်းဟာဆိုတဲ့ ဂျူနီယာကောင်လေးကို ဂျင်ဝန်ရဲ့ Pacemaker လုပ်ပေးဖို့ နည်းပြက ခေါ်ထားလိုက်ပါတယ် အတွေ့အကြုံလည်းမရှိ အသက်အရွယ်လည်းငယ်တဲ့ဆန်းဟာကို ဂျင်ဝန်ကလက်မခံခဲ့ပါဘူး ဒါပေမယ့် ဆန်းဟာရဲ့ကူညီမှုနဲ့ တက္ကသိုလ်မာရသွန်ပွဲမှာ သူအနိုင်ရရှိသွားတဲ့ခါမှာတော့ ဆန်းဟာကို သူ့ရဲ့ pacemaker အဖြစ်လက်ခံခဲ့ပါတယ် အချင်းချင်းရင်းနှီးလာတဲ့အခါမှာ ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ ) File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Thar Oo Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
7.4 2020 90 mins
Mr. Heart
American Sniper
7.4

IMDb Rating (7.3) / Rotten Tomatoes (72%) အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။ Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။ ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။ အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့် ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။ Chris Kyle ဟာ လူများများသတ်ဖို့ထက် သူ့ရဲဘော်တွေကို ပိုများများကာကွယ်ချင်တာကြောင့် တစ်ခါ နှစ်ခါ မကဘဲ လေးကြိမ်တိတိ စစ်ထွက်ခဲ့ပါတယ်။ အဆိုပါလေးကြိမ်အတွင်းမှာ သူသတ်ခဲ့တဲ့ ရန်သူပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ အမေရိကန်သမိုင်းတစ်လျှောက် သတ်အားအကောင်းဆုံး စနိုက်ပါသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာတင် အီရတ်ဘက်က သူ့ကိုသတ်နိုင်တဲ့သူကို ဒေါ်လာ ၁သိန်း၈သောင်းပေးမယ်ဆိုပြီး ဝရမ်းထုတ်ရတဲ့အထိ ရန်သူတွေကို ဖိန့်ဖိန့်တုန်စေခဲ့ပါတယ်။ Kyle က သူ့ဘဝမှာ ရန်သူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့ရဲဘော်ရဲဘက်တွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ အဲဒီလိုစစ်ထွက်တိုင်း သူ့အိမ်ကကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စိတ်အပူကြီးပူကျန်ခဲ့ရပြီး စစ်မထွက်ဖို့တားတဲ့ကြားက အတိုက်အခံလုပ်ပြီး စစ်ပွဲထဲကိုဝင်ခဲ့တဲ့လူမျိုးပါ။ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က အီရတ်အလ်ကိုင်ဒါတပ်ဖွဲ့ထဲက ဆီးရီးယားလက်ဖြောင့်သမား မူစတာဖာ ပါပဲ။ သူကလည်းခေသူတော့မဟုတ်ဘူး။ အိုလံပစ်ပြိုင်ပွဲမှာပါ စနိုက်ပါဝင်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်စနိုက်ပါသမားတစ်ယောက်ပါ။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရင် စစ်ပွဲအနိ‌ဋ္ဌာရုံတွေကြားထဲ ခဏခဏပြန်သွားတဲ့ Chris Kyle ကိုလည်းစာနာမိလာမယ်။ အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ သားသမီးတွေကိုလည်းကိုယ်ချင်းစာမိပါလိမ့်မယ်။ စစ်ပွဲကို တစ်ကန့်၊ သူ့ရဲ့ အိမ်ပြန်ချိန်လူနေမှုဘဝကို တစ်ကန့် တစ်လှည့်စီပြထားတာကြောင့် တခြားသောစစ်ကားတွေလို "ငါလည်းစစ်တိုက်ချင်လိုက်တာ" ဆိုတဲ့ ခံစားချက်မျိုးပေးမှာမဟုတ်ဘဲ စစ်ပွဲကို မုန်းသွားစေမယ့် စစ်ကားမျိုးပါ။ ဒီရုပ်ရှင်အတွက် မင်းသားကြီး Bradley Cooper ကလည်း ဝိတ်တင်ခဲ့ပါတယ်။ လက်တွေ့ဘဝက Chris Kyle နဲ့ လေသံကအစ ဆင်တူအောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒါကြောင့် အော်စကာဆု‌ Nominated ဝင်ခဲ့ပြီး ဒီရုပ်ရှင်ကလည်း ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သေနတ်ပစ်တာတွေ၊ ပေါက်ကွဲတာတွေ စစ်ပွဲမြင်ကွင်းတွေကို ပီပီပြင်ပြင်ရိုက်ကူးထားပြီး သွေးထွက်သံယိုခန်းတွေပါဝင်တာကြောင့် အသည်းနုတဲ့သူတွေ မကြည့်ဖို့ အကြံပေးချင်ပါတယ်။ သူ့ဇာတ်လမ်းကိုမကြားဖူးတဲ့ လူတွေအတွက် ဇာတ်သိမ်းပိုင်းက အံ့အားသင့်စရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်း စ လယ် ဆုံး ပျင်းစရာမကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး အရင်ကကြည့်ဖူးတဲ့လူတွေအနေနဲ့ကော၊ စစ်ကားကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ပါ ကြည့်ရတာတန်မယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(5.1 GB)/(1.8 GB)/ (1.2 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:12:38 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Action • Fantasy
7.4 2014 133 mins
American Sniper
Marlowe

Marlowe (2022) ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ The Postman Always Rings Twice တို့က Jessica Lange နဲ့ National Treasure အပြင် Inglourious Basterds ထဲက ဂျာမန်သွေးနှောအလှလေး Diane Kruger တို့ ပါပါတယ်။ စိတ်ဝင်စားစရာ စုံထောက်ကားမို့ အားလုံးကြိုက်ကြမှာပါ။ စုံထောက်ကားကိုမှ Neo-noir ကားဆိုတော့ Neo-noir ကားတွေ ကြိုက်တဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ စုံထောက်ကြီးမာလိုဟာ ရဲတပ်ဖွဲ့ကနေ ပြဿနာတက်ပြီး ထွက်လိုက်ရလို့ ပင်စင်မရဘဲ အလွတ်စုံထောက်လုပ်စားနေရတာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကလဲယားဆိုတဲ့ မိန်းမလှသူဌေးမလေးတစ်ယောက်က အလုပ်အပ်လာပါတယ်။ သူ့ရဲ့အငယ်အနှောင်းချစ်သူ နီကိုပီတာဆန်ဆိုတဲ့လူ ပျောက်ဆုံးမှုပါပဲ။ အစကတော့ သူ့ကိုပလစ်သွားတဲ့ဘဲကို လိုက်ရှာပေးရုံပဲထင်မိပေမဲ့ လူသတ်မှုတွေ၊ လူဆိုးဂိုဏ်းတွေနဲ့ အရှုပ်တော်ပုံတွေကြားထဲက ရောက်သွားပြီး လျို့ဝှက်ချက်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 885MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 49Min Genre – Crime, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

0 2022 109 mins
Marlowe
Piercing Wounds
5.8

နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့မဟုတ်ဘဲ Budget ရိုက်ကူးထားတဲ့ ကားလေးတွေကိုကြည့်ဖူးကြမှာပါ။အဲ့ဒီ Budget ကားလေးတွေထဲမှာ မကောင်းဘဲနဲ့ ပေါတောတောကားတွေလည်းရှိသလို တကယ်ကောင်းတဲ့ လက်ခံပေးလို့ရတဲ့အခြေအနေတစ်ခုရှိတဲ့ကားလေးတွေလည်းရှိပါတယ်။ ဒီကားကလည်း လက်ခံလို့ရတဲ့အခြေအနေရှိတဲ့မင်းသားအဖြစ် သရုပ်ဆောင်ထားတဲ့ Andrew Jacob Brown ကိုယ်တိုင်ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးထားတဲ့ဇာတ်ကားလေးပါပဲ။ဇာတ်ကားကတော့အက်ရှင် ဒရာမာ အချစ်ကားလေးပါ။အကျဉ်းချုပ်လေးကတော့ ဗီဆိုတဲ့လူတစ်ယောက်က လုပ်ကြံရေးအဖွဲ့တစ်ခုက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အကြောင်းတစ်ခုခုနဲ့ အဖွဲ့ထဲက လူတွေအကုန်လုံးကိုသတ်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူချစ်တဲ့ သူ့အဖွဲ့သားတွေကိုဆုံးရှုံးခဲ့ပြီးရတဲ့နောက်မှာ ဗီတစ်ယောက်လေလွင့်နွားကြီးလို ဖြစ်နေပြီး ပန်းခြံတစ်ခုမှာပဲနေ့တိုင်းသွားအချိန်ကုန်နေတော့ပါတယ်။ လူကလည်း လုံးဝစုတ်ပြတ်သတ်နေပြီး အိမ်ခြေရာမဲ့တစ်ယောက်လိုတောင် ဖြစ်နေပါပြီ။ဒီလိုနဲ့ အဲ့ဒီအချိန်မှာ သူ့ဘဝထဲကိုမတ်နဲ့မယ်လ်ဆိုတဲ့ မောင်နှမနှစ်ယောက် ရောက်လာပြီး အဲ့ဒီနောက်ပိုင်းမှာသူ့ဘဝကဘယ်လိုတွေပြောင်းလဲသွားမလဲ သူ့ရဲ့အတိတ်ဟောင်းအစစ်အမှန်ကရောဘယ်လိုဖြစ်မလဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.97GB / 886MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2023
Piercing Wounds
It Be an Evil Moon

ဘတ်ဂျက် အင်ဒီရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒီက သိပ္ပံပညာရှင်တစ်ယောက်ပါ။ ဖရက်ဒီက အမေအိုကြီးနဲ့ အတူနေပါတယ်။ ဖရက်ဒီက ဆေးတစ်ခုကိုဖော်နေပါတယ်။ ဆံပင်ကျွတ်တာ သက်သာစေတဲ့ဆေးပါ။ ဖရက်ဒီရဲ့ဆေးဖော်မြူလာဟာ အစပိုင်းမှာတော့ အဆင်ပြေနေပြီး ဆံပင်ကျွတ်တာတွေ တကယ် သက်သာနေခဲ့ပါတယ်။ ဒါပေမဲ့ ဖရက်ဒီမသိလိုက်တာတစ်ခုက ‌ဒီဆေးဖော်မြူလာမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိနေတာပါ။ ဒီဘေးထွက်ဆိုးကျိုးကတော့ ဆေးကိုအသုံးပြုထားတဲ့သူတွေကို သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားစေတာကို ဖရက်ဒီသိလိုက်ရတဲ့နောက်မှာတော့ ဖရက်ဒီအတွက် သိပ်နောက်ကျသွားခဲ့ပါပြီ။ သမန်းဝံပုလွေဆေးကိုသုံးမိခဲ့တဲ့ ဖရက်ဒီတစ်ယောက် ဘာတွေဆက်ကြုံတွေ့လာရမလဲ၊ ဖရက်ဒီကိုယ်တိုင်ရော သမန်းဝံပုလွေဖြစ်သွားမှာလား၊ ဖရက်ဒီတစ်ယောက် ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.4 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
It Be an Evil Moon
Radical
8

Radical (2023) ~ IMDb – 8/10, RT – 94%, Meta – 70% ~ Directed by “Christopher Zalla” မက္ကဆီကန်နယ်စပ်က ဘယ်သူမှဘောင်မသွင်းကြတဲ့ အပယ်ခံကျောင်းက အပယ်ခံအတန်းကို အတန်းပိုင်ဆရာအသစ်ယောက်ရောက်လာခဲ့တယ်။ အဲဒီအတန်းက ကျောင်းသားတွေမှာ အမှိုက်ကောက်စားရတဲ့ကလေးတွေလည်းပါတယ်။ မူးယစ်ဆေးရောင်းတဲ့ ကလေးတွေလည်းပါတယ်။ အောက်ခြေလူတန်းစားကလေးတွေချည်းပေါ့။ ဒီလိုကလေးတွေလည်း ဖြစ်နေသလို စာမေးပွဲမှာလည်း အမှတ်တွေမကောင်းကြတော့ အားလုံးက ဝိုင်းကြဉ်တာခံနေရတဲ့ အတန်းဆိုလည်း မမှားဘူး။ ရောက်လာတဲ့ဆရာက “ခေတ်ကြောင့်ကလေးတွေဟာ ထက်လာကြပေမဲ့ ပညာရေးစနစ်ကတော့ အဲဒီလို ထက်တဲ့ ကလေးတွေနဲ့ မလိုက်အောင် ခေတ်နောက်ကျန်နေတဲ့အရာ” လို့ ယုံကြည်တဲ့သူ။ သူ့စကားအရတော့ ခေတ်ကြီးကလည်း ပြောင်းလဲသွားပြီ။ ကလေးတွေလည်း ပြောင်းလဲသွားကြပြီ။ ပညာရေးနစ်ကြီးကပဲ နှစ်တစ်ရာလုံး ဘာမှမပြောင်းလဲဘဲ ကျန်နေတယ်တဲ့။ ဒီပညာရေးစနစ်ကြီးက လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာက ကလေးတွေကို ယန္တရားအသေကြီးတစ်ခုထဲက အစိတ်အပိုင်းအသေလေးတွေဖြစ်လာပြီး သူတို့အိပ်မက်နောက် သူတို့မလိုက်နိုင်အောင် တားထားနိုင်တာပဲလို့ သူကယုံတယ်။ ကျွန်တော်တို့မြင်နေကျ ပညာရေးဆိုတာက တစ်ခုခုကို ဆရာက နှုတ်တိုက်ရှင်းပြသင်ပေးမယ်။ သင်ပြီးရင် တပည့်က အလွတ်ကျက်ပြီး သူ ဒီစာကို ရကြောင်း ပြန်ပြရတယ်။ ဒီလောက်ပဲ။ အခြေခံပညာရေးတွေ တက္ကသိုလ်ပညာရေးတွေကစလို့ ဟိုသင်တန်း ဒီသင်တန်းတွေအဆုံး ဒီထက်ပိုတဲ့ပညာရေးမျိုး ကျွန်တော်တော့ မမြင်ဖူးဘူး။ ပရက်တီကယ်တို့ ကျူတိုရီရယ်တို့ ဖီးဒ်ဆင်းတို့ ဆိုတာလည်း အဖြစ်သဘောထက် ပိုမနေဘူး။ ဆုပေးဒဏ်ပေးစနစ်တောင် အဆစ်ပါတတ်တယ်။ တပည့်တွေကလည်း ဘာမှများများစားစားမမေးရဲသလို ဆရာတွေကလည်း မေးရဲအောင် မလုပ်ကြသလိုပါပဲ။ ဒီလိုမမေးရဲတဲ့ ပုံစံအတိုင်း အစကတည်းက ပုံသွင်းခံလာခဲ့ရလားတော့ မသိဘူးပေါ့။ တစ်ခါတလေတော့ ဒီရုပ်ရှင်ရဲ့ အဆုံးမှာပါတဲ့ အိုင်းစတိုင်းရဲ့ စကားလိုပဲ ပညာရေးဆိုတာ တစ်စုံတရာကိုသင်ယူဖို့မှာ အကြီးဆုံးအနှောင့်အယှက်ဖြစ်နေတဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ Radical ထဲက ဆရာကတော့ ပညာရေးဆိုတာ အလွတ်ကျက်ဖို့မဟုတ်ဘဲ ကိုယ့်ဘာသာတွေးတတ်အောင်သင်ပေးဖို့ဆိုတာကို ကောင်းကောင်းကြီး လက်ခံထားပုံပါပဲ။ စာစသင်တော့ သူစလုပ်တာက စာမသင်တာပဲ။ သူလုပ်တာက ကလေးတွေကို သူတို့ဘာသာတွေးလာအောင် လမ်းကြောင်းပေးပြီး လွှတ်ထားလိုက်တာပဲ။ သူလမ်းကြောင်းပေးတဲ့နောက် သူတို့ဘာသာ တိုင်ပင်ရင်း အဖြေရှာရင်း သူတို့ဘာသာအဖြေရှာတွေ့သွားတာက ပိုတတ်မြောက်စေတယ်လို့ သူက ယုံကြည်တယ်။ တကယ်လည်း ဟုတ်တာပဲ။ စစချင်း ပထမနေ့မှာသူက လှေအကြောင်းစပြောတယ်။ ပြောပြနေရင်း မေးခွန်းတွေမေးတော့ မှားမှာကြောက်လို့ ဘယ်သူမှမဖြေရဲဘူး။ ဒီမှာသူပြောတာက မှားမှာမကြောက်လို့ မဖြေဘဲ မနေနဲ့ မှားတာကို သူကပိုတောင်ကြိုက်သေးတယ် မှားတယ်ဆိုတာ အမှန်ကိုသိဖို့လမ်းစတဲ့။ နောက်နေ့ကျ သူက ကျောင်းသားတွေကို ဘာသင်မလဲ မင်းတို့ဆုံးဖြတ် မင်းတို့ဆုံးဖြတ်တဲ့ဟာကို ငါသင်မယ်ပြောတော့ ဘယ်ကောင်မှ ဘာမှမပြောကြဘူး။ မင်းတို့မပြောရင် ငါလည်းမသင်ဘူး ထိုင်နေမယ်ဆိုပြီး ထိုင်နေတယ်။ ပြီးမှ ပြောထွက်လာအောင်လုပ်ရင်း တစ်ယောက်က မနေ့က လှေအကြောင်းစိတ်ဝင်စားတယ်ပြောတော့ အဲဒီအကြောင်းသင်မယ်ဆိုပြီး နောက် ရေပေါ်မှာပေါ်နိုင်ခြင်းအကြောင်း ပြောတယ်။ အဲဒီကနေမှ သူတပည့်တွေကို အလေးချိန် ထုထည်နဲ့ ဒြပ်ထုကို နားလည်အောင်ဆက်သင်ပေးတယ်။ တပည့်တွေလည်း စိတ်ဝင်စားပြီး သူတို့ပတ်ဝန်းကျင်က အရာတွေကို စမ်းသပ်ကြတယ်။ သူနဲ့ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်လည်း ကလေးတွေရဲ့ အစမ်းသပ်ခံဖြစ်ခဲ့တာပါပဲ။ နောက်ပိုင်းလည်း သူက သူသင်တယ်ရယ်လို့ မဟုတ်ဘဲ ကလေးတွေ သင်ချင်တဲ့အရာတွေကို သူက စိတ်ဝင်တစားနဲ့ လိုက်သင်ပေးတယ်။ ဒဿနိကဗေဒ ဖီလော်ဆော်ဖီကို စိတ်ဝင်စားတဲ့ကလေးမလေးတစ်ယောက်နဲ့အတူတူ တစ်ခန်းလုံး ဝိုင်းဆွေးနွေးကြရင်း တစ်ယောက်တစ်ပေါက်နဲ့ ရန်ထဖြစ်တော့မလိုလိုဖြစ်တဲ့အဖြစ်တွေလည်းရှိသလို အာကာသယာဉ်မှူးဖြစ်ချင်တဲ့ နက္ခတာရာကို စိတ်ဝင်စားတဲ့ ကလေးမလေးနဲ့အတူတူ ဂြိုဟ်တွေအကြောင်းလေ့လာဖို့ ဂြိုဟ်နာမည်တွေ ကိုယ်မှာကပ်ပြီး ဂြိုဟ်တွေလည်ပတ်ပုံကို ကိုယ်တိုင်သရုပ်ပြတဲ့အဖြစ်တွေလည်းရှိခဲ့တယ်။ ဒီလိုအကုန်သင်နေလို့ သူက အကုန်တော်နေတာလားဆိုတော့ မဟုတ်ဘူး။ ဒါကို သူကိုယ်တိုင်လည်း ကောင်းကောင်းသိတယ်။ ဆရာတစ်ယောက်အနေနဲ့ သိထားရမယ့် အရေးအကြီးဆုံးအသိဖြစ်တဲ့ သူဘာမှမသိသေးဘူးဆိုတာကိုလည်း သူလက်ခံထားတယ်။ အင်တာနက်သာရှိနေရင် ကလေးတွေကတော်တော့ သူ့ကိုတောင်လိုမှာတောင်မဟုတ်ဘူးလို့လည်း သူပြောခဲ့တယ်။ ဆိုခဲ့သလို သူစာသင်တဲ့နည်းဟာ ကလေးတွေဟာ ဘာမှသင်စရာမလိုတာမို့ လမ်းကြောင်းပေးပြီး သူတို့ဘာသာ သင်ယူနိုင်အောင် လုပ်ပေးလိုက်တဲ့ သင်နည်းလည်းဟုတ်တယ်။ သူတို့ဘာသာ သင်ယူချင်စိတ်ပေါ်လာအောင်လုပ်လိုက်တဲ့ သင်နည်းလည်းဟုတ်တယ်။ အဓိကကတော့ ကလေးတွေကို သူတို့ပုံစံကို သူတို့ဖော်ထုတ်နိုင်အောင် လမ်းပြပေးလိုက်တာပါပဲ။ နည်းပြတစ်ယောက်နဲ့တောင် တူလိမ့်မယ်။ ဒီလိုတွေသင်နေတော့ ကျောင်းစာ ဘာတတ်မှာလဲလို့ မေးစရာရှိတယ်။ တတ်ပါတယ်။ အလွတ်ကျက်တဲ့တတ်နည်းမဟုတ်ဘဲ တကယ်တတ်တဲ့နည်းနဲ့တတ်သွားတာခြင်းပေါ့။ ဒီလိုတတ်တာက အလွတ်ကျက်ပြီး တတ်တာနဲ့ မတူတာကိုလည်း ရုပ်ရှင်ထဲကောင်းကောင်းကြီး ပြသွားတယ်။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ အဲဒီဆရာကလည်း အခုထိ စာသင်နေသေးသလို ဒီဇာတ်ထဲကလူတွေကလည်း တကယ်ရှိနေကြသေးတယ်။ အာကာသယာဉ်မှူးဖြစ်ချင်တဲ့ ဂျီးနီးယပ်စ်ကောင်မလေး ကာရိုက်တာကလွဲလို့ ကျန်တဲ့ ကာရိုက်တာတွေကိုတော့ အဲဒီကျောင်းက ကလေးတွေရဲ့ကာရိုက်တာတွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်။ အပြင်က၃ယောက်ကို ၁ယောက်တည်းဖြစ်အောင် ပုံဖော်ထားတာမျိုးပေါ့။ ဒီကျောင်းဆရာ ဒီလိုလုပ်နေနိုင်တာက ကျောင်းအုပ်ကျေးဇူးလည်းမကင်းဘူးပေါ့။ သူသာ အားမပေးခဲ့ရင် ဒီလိုသင်ဖို့ဆိုတာ တော်တော်လေး မဖြစ်နိုင်တဲ့ကိစ္စပါ။ ဘယ်တော့မှ တစ်ယောက်တည်းနဲ့ မပြီးတဲ့ အရာတွေပါပဲ။ သင်ယူလေ့လာဖို့ လမ်းကြောင်းပေးရမယ့် ပညာရေးဟာ အိုင်းစတိုင်းပြောသလို သင်ယူလေ့လာဖို့မှာ ခလုတ်ကန်သင်းပြန်ဖြစ်နေသင့်တဲ့ အရာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒီကားထဲက အမြင်တွေက အသစ်မဟုတ်ပေမဲ့ အမြင်ဟောင်းတွေက မပြောင်းလဲတဲ့နောက် ဒီအမြင်တွေက သစ်နေတုန်းပဲ။ အားလုံးဟာ သူများကိုသင်ပေးရမှာနဲ့ဖြစ်ဖြစ် ကိုယ်ကသင်ယူရမှာနဲ့ဖြစ်ဖြစ် မကင်းနိုင်ကြတော့ Radical ဟာ အားလုံးကြည့်သင့်တဲ့ ရုပ်ရှင်လို့ ဆိုရမယ်။ Radical ဟာ သစ်သေးတဲ့ သီချင်းဟောင်းလေးအတိုင်းပဲ… အမှားတွေကိုဖြတ်သန်းပြီး အမှန်တွေကိုရှာတဲ့အကြောင်းပေါ့။ ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က သူကောင်မလေးတစ်ယောက်ကို ကြိုက်နေကြောင်းပြောပြီး ဘယ်လိုလိုက်ရမလဲမေးတော့ ဆရာက သူကြိုက်နေတဲ့ကောင်မလေးကိုပါ သိနေခဲ့တယ်။ လိုက်နည်းကိုလည်း ပြောပြခဲ့တယ်။ ကျောင်းသားလေးက ဆရာ ဘာလို့အကုန်သိနေတာလဲလို့မေးတော့ သူ့ဆရာဖြေတာက… “ ငါ အမှားတွေအများကြီးလုပ်ဖူးတယ်လေ “တဲ့။ ” အမှန်အမှားတွေ ကိုယ်တွေ့ရှာ မှားသွားလည်း နေပါစေ အမှန်တရားကို ရှာတဲ့သူ ရဲရဲပဲရှာပါစေ “ ~ လူငယ်လေးတစ်ယောက်အကြောင်း (သုခမိန်လှိုင် | ပလေးဘွိုင်သန်းနိုင်) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 685MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 5Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
Radical
Sorority Row

Sorority Row ဟာ 1982 ရုပ်ရှင် The House on Sorority Row ရဲ့ Remake ဖြစ်ပြီးရှားရှားပါးပါးမူရင်းကိုလိုက်မှီတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ရော့စ်မန်းတက္ကသိုလ် Theta P Sorority ညီအစ်မတစ်စုဖြစ်တဲ့ Cassidy, Jessica, Ellie, Claire, Chugs နဲ့ Megan တို့ဟာ စီနီယာပါတီကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီညမှာပဲ ချက်ဂ်ရဲ့မောင်ဖြစ်သူ ဂဲရတ်အပေါ်သူ့ရည်းစား မီဂန်နဲ့ပေါင်းပြီး ဇာတ်လမ်းဆင်ဟာသတစ်ခုလုပ်ပြီး စနောက်ရာကနေ မီဂန်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာပဲအားလုံးတိုင်ပင်ပြီးတော့ မီဂန်အလောင်းကို မိုင်းတွင်းဟောင်းကြီးထဲပစ်ချဖျောက်ဖျက်ခဲ့ပြီးနောက်အားလုံး ဘာမှမဖြစ်သလိုပြန်နေခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်အပြီးနောက်ရှစ်လအကြာ သူတို့ရဲ့ကျောင်းဆင်းပွဲပါတီနေ့မှာတော့ ခေါင်းစွပ်ဘွဲ့ဝတ်စုံနဲ့မီဂန်ကိုသေဆုံးစေခဲ့တဲ့ တာယာတံတစ်ချောင်းကိုကိုင်ထားတဲ့လူသတ်သမားဟာ သူတို့အုပ်စုကိုအမှည့်ချွေပါတော့တယ်။ Horror ကားပီသစွာ Rated R ကိုယူထားတဲ့အတွက် သတ်ခန်းဖြတ်ခန်းတွေ ရှယ်ကြမ်းပါတယ်။ အမျိုးသမီးဆောင်ကိုအခြေခံပြီး ဗရုတ်ကျကျမိန်းကလေးငယ်တစ်စုဦးဆောင်တဲ့အတွက် အဖော်အချွတ်လေးတစ်ချို့လည်းပါပါသေးတယ်။ Slasher ကားကောင်းငတ်မွတ်နေတဲ့ ပရိသတ်တွေအတွက် Old but gold တစ်ကားပါပဲ။ File size…(1.7 GB)/(894 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Action • Comedy • Crime • Drama
0 2009
Sorority Row
Eulogy

IMDb 6.5/10 ************************************* ဇာတ်လမ်းက​တော့ ကိတ်တီတစ်ယောက် သူနဲ့တစ်ခါမှမဆုံဖူးတဲ့လူတွေကို သတင်းဆိုးတွေသွားပြောပေးရတာနဲ့ ဇာတ်ဖွင့်ထားပါတယ် ဘာလို့သူဒီလိုလုပ်နေရတာလဲဆိုတော့ ဇာတ်ကြောင်းပြန်ရရင် သူ့ရဲ့ချစ်လှစွာသောအဖိုးဆုံးပါးသွားတာကနေ စတော့တာပါပဲ ဒီလိုနဲ့အဖိုးရဲ့အသုဘကိုအကြောင်းပြုပြီး သူတို့ညီအစ်ကိုမောင်နှမမိသားစုဝင်တစ်သိုက် ပြန်လည်ဆုံဆည်းဖို့အကြောင်းဖန်လာပါတော့တယ် ကိတ်တီဟာ အဖိုးအသုဘမှာချီးမွမ်းဂုဏ်ပြုစကားပြောပေးဖို့ဖြစ်လာရာကနေ မိသားစုတွင်းသဘောထားကွဲလွဲမှုတွေ နှစ်ဦးနှစ်ဖက်တင်းမာမှုတွေ ဖရိုဖရဲဖြစ်နေတဲ့မိသားစုကြားကအလွဲတွေနဲ့ နောက်ဆုံးမိသားစုလျှိူ့ဝှက်ချက်ကြီးကိုရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာ ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် မိသားစုဝင်ညီအကိုမောင်နှမတွေကြားက မတည့်အတူနေ ခိုင်မြဲတဲ့သံယောဇဥ်ကြိုးတွေကို dark comedy စတိုင် ပုံဖော်ထားတာမို့ ကြည့်ရှူခံစားကြည့်ကြပါအုံး… File size…(1.6 GB)/(855 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si

Action • Drama • Thriller
0 2004
Eulogy
Si Juki the Movie: Harta Pulau Monyet
7.7

Si Juki the Movie: Harta Pulau Monyet ( 2024 ) စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက် ဒီတစ်ခါတော့ CM ပရိသတ်ကြီး အပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှား ကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုရဲ့ စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက် လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာ အန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။ သူတို့ရဲ့ စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ… အောင်မြင်စွာပဲ ရတနာတွေရလာမှာလား… ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား…. ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့ စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team တို့ပဲဖြစ်ပါတယ် )

Drama
7.7 2024 107 mins
Si Juki the Movie: Harta Pulau Monyet
Odela 2
8.6

Odela 2 (2025) “မိစ္ဆာဝိညာဉ်” အသစ်ထွက်ရှိထားတဲ့ တေလဂူးဟော်ရာဇာတ်လမ်းကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ ဈေးအကြီးဆုံး တောင်ပိုင်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Tamanna Bhatia နဲ့အတူ KGF နဲ့ နာမည်ရလာတဲ့ ဗီလိန်မင်းသား Vasishta Niranjan Simha တို့ ပါဝင်ထားပါတယ် အိုဒယ်လာ အမည်ရ ရွာကလေးမှာ မင်္ဂလာဦးညမတိုင်ခင် သတို့သမီးပျိုတွေကို အဓမ္မကျင့်သတ်ဖြတ်တဲ့ တီရူပါတီဆိုတဲ့ လူယုတ်မာတစ်ယောက်ဟာ သူ့ရဲ့မိန်းမလက်ချက်နဲ့ ခေါင်းပြတ်ခဲ့ရပြီး ရွာသားတွေက စံပြအနေနဲ့ သေလူကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ် အဲဒါကတော့ တီရူပါတီရဲ့ အလောင်းကို မကျွတ်မလွတ်စေဖို့ တစ်ရွာလုံးက အစီအရင်နဲ့မြေမြှုပ်လိုက်တာပါပဲ အယုတ်ညံ့ဆုံးနည်းလမ်းနဲ့ မြေမြှုပ်အပြစ်ပေးခံခဲ့ရတဲ့ တီရူပါတီ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ တစ်ရွာလုံးကို လက်စားချေပါတော့တယ် ဒါကို ရွာသားတွေ ဘယ်လိုအစီအရင်တွေနဲ့ အဖြေရှာကြမလဲ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဟော်ရာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Horror • Thriller
8.6 2025
Odela 2