YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Saw V (2008) DC 1080p BluRay x264.AAC.5.1-Naung.mp4

2.32 GB N/A video/mp4 476 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Feast
6.2

ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့ သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင် ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲ သောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး အပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။ မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကို ဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ် ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့ အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာ မထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့ အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့် ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။ (ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ  ဖြစ်ပါတယ်) File size…1.88GB / 528MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Family • Music
6.2 2005 95 mins
Feast
Days of Heaven
7.5

Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။ Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေ ရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့ fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Golden hour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက "magic hour " လို့ ခေါ်ကြတဲ့ အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့ နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။ Days of Heavenဟာ အော်စကာဆုပေးပွဲမှာ Academy Award for Best Cinematography ဆုရခဲ့ပြီး 1979 Cannes Film Festival မှာ Best Director ဆုလည်းရရှိခဲ့ပါတယ်။ ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကို သုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များ ခဲ့တဲ့ သူ့ရုပ်သွင်ကိုလည်း မြင်ရမှာပါ။ Terrence Malickရဲ့ ရုပ်ရှင်တွေဟာ ဇာတ် အိမ်တွေ ဒိုင်ယာလော့တွေထက် ကြည့်ရှုသူကို နိဗ္ဗာန်ကို အလည်တစ်ခေါက် ရောက်သွားသလို မျက်စိအာရုံဖမ်းစားနိုင်တဲ့အလှအပတွေနဲ့ ပိုဆွဲဆောင်တတ်တဲ့ ရုပ်ရှင်တွေဖြစ်ပြီး။ ရုပ်ရှင်ဆိုတာ ဘာမက်ဆေ့မှ ယူဖို့မဟုတ်ဘဲ ဒီတိုင်း ကြည့်ကောင်း လို့ ထိုင်ကြည့်ချင်သူတွေ အကြိုက်တွေ့မယ် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့နာမည် Days of Heavenနဲ့ ရုပ်ရှင်ရဲ့ဇာတ်အိမ်က ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့လည်း အပြတွေကတော့ Days of Heavenဆီ ခင်ဗျားကို တကယ်ခေါ်ဆောင်သွားနိုင်မှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.71 GB) / (1.07 GB) / (624 MB) Quality............BluRay 1080p, 720p, 480p Duration.........1h 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Horror • Thriller
7.5 1978 94 mins
Days of Heaven
[18+]Flirting in the Air
6

၂၀၁၄ ခုနှစ်ကနေ မင်မင်းဆက်ခေတ်ကို ခုန်ကူးသွားမယ့် ကမ္ဘာပတ်တဲ့ကပ္ပတိန်ကူး... လေယာဉ်ကိုအရမ်းရူးသွပ်တဲ့ ကပ္ပတိန်ကူး... မိန်းကလေးတွေဆို အရမ်းချစ်တဲ့ ကပ္ပတိန်ကူး... ၂၁ ရာစုမှာ ပွေရှုပ်တာအားမရလို့ ‌မင်မင်းဆက်အထိသွားရှုပ်မယ့် ကပ္ပတိန်ကူး... ကပ္ပတိန်ကူးရဲ့ဂေါ်ချက်ကတော့ သူဌေးရဲ့မိန်းမနဲ့မှ ဆတ်ဆတ်လူးနတ်ပူးမိပါတော့တယ် ။ သူဌေးက သိသွားပြီး အလုပ်ထွက်ခိုင်းခဲ့တာကြောင့် နောက်ဆုံးတစ်ခါလေယာဉ်မောင်းရင်း လေယာဉ်ပေါ်မှာလည်း လေယာဉ်မယ်တွေကို အလွတ်မပေးခဲ့ပါဘူး။ မိုးမမြင်လေမမြင်ကဲနေကြတုန်း လေယာဉ်ကြီးက သံလိုက်စက်ကွင်းထဲဝင်ရောက်သွားတဲ့အခါ... ‌ရှေးဘုရင် မင်မင်းဆက်ဆီ ဝုန်းခနဲရောက်သွားပါတော့တယ်။ ကပ္ပတိန်ကူးပဲလေ... ငြိမ်ငြိမ်ဘယ်နေပါ့မလဲ။ မင်မင်းဆက်မှာ နှာဘူးလိုက်ထရင်း မင်မင်းဆက်သမိုင်းရဲ့ အရေးပါဆုံးဖြစ်ရပ်ထဲမှာ သူဝင်ပါမိသွားတဲ့အခါ.... ပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ အဆင်ပြေတဲ့ကားလေးဖြစ်ပေမယ့် မိသားစုနဲ့တော့အတူတူမကြည့်နဲ့နော်။ တော်ကြာနေ နရင်းအုပ်ခံနေရမှာစိုးလို့ပါ ။ ပါ၀င်ထားတဲ့သူတွေကလည်း ရှောင်လင်ဘောလုံးကားထဲက ဖက်တီးတို့ တကယ့် ဟာသနဲ့ ငဘူးအုပ်စုဖြစ်တဲ့သူတွေ အပြင် ဒါရိုက်တာကလည်း Sex and Zen ရိုက်တဲ့သူဆိုတော့ ရှယ်ပေ့ါ ။ File Size__(1.1GB) Quality__720p IMDb Rating__5/10 Format__mp4 Duration__01:33:00 Type__Adult, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Adventure • Animation • Family
6 2014 94 mins
[18+]Flirting in the Air
Unrest
5.8

Horror ကားမျှော်နေကြတဲ့သူတွေအတွက် အလောင်းတစ်လောင်းကြောင့် ဗရုတ်တွေရှုပ်ကုန်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ခန္ဓာနဲ့ဝိဉာဥ်ယှဉ်တွဲနေထိုင်နေကြတဲ့ သတ္တဝါတွေ၊ ခန္ဓာကသေဆုံးပြီးတဲ့အခါ ဝိဉာဉ်ကဘယ်ရောက်သွားမလဲ။ ဘာဆက်ဖြစ်မလဲ။ အကယ်၍ ကျိန်စာသင့်နေတဲ့ ဝိဉာဉ်တစ်ခုဆိုရင်ရော.... ခန္ဓာဗေဒကို ‌လေ့လာနေကြတဲ့ ကျောင်းသားတစ်စုမှာ အယ်လစ်ဆင်၊ ဘရိုင်ယန်၊ ရစ်ခ် နဲ့ ကားလို့စ်တို့ဟာ အလောင်းတစ်ခုကိုခွဲစိတ်ဖို့ တစ်ဖွဲ့တည်းအတူတူကျခဲ့ပါတယ်။ ပထမဆုံးရက်မှာတင် အယ်လစ်ဆင်က အလောင်းကိုမြင်ပြီးတဲ့နောက် ထူးဆန်းတဲ့အာရုံတွေရနေပြီး မူမမှန်တာကို ခံစားနေခဲ့ရတာပါ။ ဒါပေမယ့် သူ့အတန်းဖော်တွေရော၊ သူဆရာကပါ သိပ်ပြီးထွေထွေထူးထူးလို့မထင်ပဲ သူ့ခံစားမှုကို လစ်လျူရှုခဲ့တဲ့နောက် ကြောက်စရာကောင်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ သူ့အာရုံမှာ ဘာကိုခံစားနေရတာလဲ။ သူတို့ခွဲစိတ်နေခဲ့တဲ့ အလောင်းက ဘာတွေမူမမှန်နေခဲ့တာလဲ။ ဘယ်လိုမကောင်းဆိုးရွားမျိုးက သူတို့ဆီကိုချဉ်းကပ်လာနေသလဲဆိုတာကို ရင်တထိတ်ထိတ်တဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…2.01GB / 727MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 28m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Fantasy • Horror
5.8 2006 88 mins
Unrest
Alone Together
5.1

Alone Together (2022) ကိုဗစ်ကာလတွင်းက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ကိုဗစ်တွေစဖြစ်တော့ လမ်းတွေ အကုန် ဗလာကျင်းသွားတာကိုတောင် သွားသတိရမိပါသေးတယ်။ အလုပ်တွေပိတ်၊ ဆိုင်တွေ ပိတ်၊ လမ်းပေါ်မှာ ဘယ်သူမှမရှိ။ တစ်ကမ္ဘာလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတာကို မှတ်မိကြမှာပါ။ စားဖို့သောက်ဖို့ကို ဖွင့်တဲ့ဆိုင် ပတ်ရှာရတာလည်း အမော။ ဒီကြားထဲ ကမ္ဘာပဲပျက်တော့မလိုလို ဇွန်ဘီးတွေ ဖြစ်တော့မလို ပေါက်တတ်ကရပြောကြတဲ့လူတွေကရှိသေး။ ဒါပေမဲ့ ကျွန်တော်တို့တွေ ကိုဗစ်ရောဂါကို တာဝန်သိသိ ဂရုစိုက်ပြီး အနိုင်ယူနိုင်တော့မယ့် အနေအထားကို ရောက်လာပြီဆိုတော့ တစ်ရန်အေးရတာပေါ့။ ဒီဇာတ်လမ်းလေးက ကိုဗစ်ကာလမှာ ရောဂါရှောင်ဖို့ လူနေကျဲပါးတဲ့နေရာကို သတင်းစာမှာ အစားအသောက် အညွှန်းရေးတဲ့ သတင်းထောက်မလေးတစ်ယောက် သွားရာက စပါတယ်။ သူငှားထားတဲ့ အိမ်ပိုင်ရှင်လင်မယားက နားလည်မှုလွဲပြီး တခြားသူတစ်ယောက်ကိုပါ ငှားထားမိပါတယ်။ သတင်းထောက်မလေးနဲ့ တူတူလိုက်လာမယ့် သူ့ကောင်လေးကလည်း စီစဉ်မထားဘဲ မိဘအိမ်ကို ပြန်သွားတော့ သူ့ခမျာ နေစရာမရှိတဲ့ ဒုက္ခတွေ့ရတော့မယ့်အချိန်မှာ အရင်ရောက်နေတဲ့ သဘောကောင်းတဲ့ ကိုလူစိမ်းက တစ်ညနေခွင့်ပေးရာကစပြီး သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်ဖြစ်လာကြပါတယ်။ ဒါပေမဲ့ သူနဲ့လိုက်မလာနိုင်တဲ့ချစ်သူကလည်း ရှိနေသေးပေမဲ့ စိတ်ချင်းနီးစပ်တဲ့သူနဲ့ အိမ်တွင်းအောင်း ကာလမှာ နှစ်ယောက်တည်း တူတူနေရတော့… အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညှိကြတာပေါ့ဗျာ။ မင်းသမီး ကေတီဟုမ်း‌ကတော့ လက်ရှိ၀င်ငွေအကောင်းဆုံးမင်းသားဖြစ်နေတဲ့ တွမ်ခရုစ်ရဲ့ ဇနီးဟောင်းဖြစ်ပြီး ဆူရီခရုစ်ဆိုတဲ့ သမီးချောချောလေး ကို မွေးထားတဲ့သူပါ။ မင်းသား Jim Sturgess ကတော့ One Day (2011) တို့လို အကောင်းစားရိုမန့်တစ်ကားတွေအပြင် ဟိုးကတည်းက နာမည်ကြီးခဲ့တဲ့ စီအမ်ဖန်တွေ မသိသူမရှိလောက်မယ့် 21 (2008) ရဲ့ မင်းသားလည်း ဟုတ်ပါတယ်။ Mid Range က Cast အလန်းစားတွေသုံးထားပြီး Metacritic Scroe – 52% တောင်ရထားတဲ့ ရုပ်ရှင်မို့ ပါချီပါချက်တော့ မဟုတ်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.04GB, 580MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 33Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Chuck

Action
5.1 2022
Alone Together
Magic Mike’s Last Dance

လတ်တလောလေးကမှ ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်လေးလာပါပြီ။ Magic Mike 1 & 2 ထွက်ရှိထားပြီး အခုတော့ သုံးကားမြောက်အနေနဲ့ Magic Mike’s Last Dance ပါ။ Lost City, 21 Jump Street, Dog, Dear John, White House Down တို့နဲ့ကျော်ကြားလှတဲ့ ကိုယ်တွေရဲ့ မင်းသားချော Channing Matthew Tatum က သရုပ်ဆောင်အဖြစ်ရော ထုတ်လုပ်သူတွေထဲကတစ်ယောက်အဖြစ်နဲ့ပါ ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Hitman’s Wife Bodyguard ထဲက Salma Hayek ဖြစ်ပြီး Director က Steven Soderberghပါ။ (ဒီနေရာမှာ Dance ဆိုတာကို မိတ်ဆက်ပေးရရင် ကခုန်ခြင်းဆိုတာ ရှေးခေတ်ဦးကတည်းက ပေါ်ပေါက်လာတဲ့အရာတဲ့.. ရှေးမျိုးနွယ်စုတွေ ပိုးပန်းတာမျိုးလုပ်တဲ့အချိန် အချင်းချင်း စကားမပြောကြခင် အတူတွဲကပြီး ရင်းနှီးမှုတည်ဆောက်ကြတာပါတဲ့.. ကလပ်မှာ အရင် အတူတွဲကရင်းနဲ့မှ ရင်းနှီးသွားပြီး အဆင်ပြေရင် စကားဆက်ပြောဖြစ်ကြတာမျိုးနဲ့ ဆင်တူမယ်ထင်ပါတယ်) လူသားတွေက အချိန်တိုင်းလိုလို တစ်ခုမဟုတ်တစ်ခုတော့ လိုချင်နေတတ်ကြတာမလား.. ဒါပေမယ့် တစ်ယောက်သောသူနဲ့သာဆိုရင်တော့ သူ့အတွက် ကိုယ်ကသာ အရာရာဖြစ်ချင်ကြတာမျိုး.. အဲဒီလို သူ့အတွက် ကိုယ်ကသာ အရာရာဆိုတဲ့ အကြီးမြတ်ဆုံးစိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တဲ့အခါ.. ဇာတ်လမ်းအကျဉ်း ဖော်ချွတ်အကသမားအဖြစ်က ထွက်ခဲ့ပြီး ကုမ္ပဏီလေးတစ်ခုထောင်ထားတဲ့ မိုက်ခ်က ကမ္ဘာ့ကပ်ရောဂါကြောင့် ထင်သလောက် အလုပ်မဖြစ်ဘဲ အရက်စပ်တဲ့သူအဖြစ် ဝင်လုပ်ခဲ့ပါတယ်.. ပရဟိတပွဲတစ်ခုမှာ အရက်စပ်ပေးရင်းနဲ့ တစ်ညမှာတော့ အထီးကျန်နေတဲ့ သူဌေးကတော်လေး မက်စ်အတွက် တစ်ကိုယ်တော်ကပြဖျော်ဖြေဖြစ်သွားတယ်ပဲ ဆိုပါတော့လေ… မိုက်ခ်ရဲ့ ဖျော်ဖြေမှုကြောင့် အကြံအစည်သစ်တစ်ခု ရသွားတဲ့ မက်စ်က လန်ဒန်ကို အတူလိုက်ခဲ့ဖို့၊ မိုက်ခ်အတွက် အလုပ်တစ်ခု စီစဉ်ပေးမှာဖြစ်လို့ သူနဲ့တစ်လလောက် အလုပ်အတူလုပ်ပါလို့ ကမ်းလှမ်းလာခဲ့တာမို့ မိုက်ခ်တစ်ယောက် လန်ဒန်ကို ပါသွားပါတော့တယ်.. ဟိုရောက်မှ သိရတာက သူလုပ်ရမှာက ပြဇာတ်ရုံတစ်ခုမှာ ဒါရိုက်တာအဖြစ် ပွဲတစ်ခုစီစဉ်ပေးရမှာဖြစ်ပြီး အမျိုးသမီးတွေအတွက် ဦးစားပေးတင်ဆက်တဲ့ အကြီးစားအကဖျော်ဖြေပွဲတစ်ခုကို အစအဆုံး တာဝန်ယူလုပ်ပေးရမှာဆိုတာပါ.. အဓိက ပြဿနာကတော့ သူတင်ဆက်ရမယ့် ပြဇာတ်ရုံက မက်စ်ရဲ့အရင်ယောက်ျားဘက်ကနေ မက်စ်ရထားတဲ့ ဂန္တဝင်ပြဇာတ်ရုံဖြစ်ပြီး သူတို့ကို ပွဲမလုပ်နိုင်အောင် ပြဇာတ်ရုံပြင်ဆင်မွမ်းမံရေးမှာ အရင်ယောက်ျားဘက်က နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်လာတာပါပဲ.. အကအဖွဲ့တွေ ရှာရ၊ အရင်ယောက်ျားရဲ့ နှောင့်ယှက်မှုတွေကို နည်းမျိုးစံနဲ့ခံရနဲ့ ဗျာများနေခဲ့တဲ့ မိုက်ခ်နဲ့ မက်စ်တို့နှစ်ယောက်ကြား နားမလည်နိုင်ခြင်းတွေ မယုံကြည်နိုင်ခြင်းတွေ ပေါက်ဖွားလာခဲ့ချိန်မှာတော့.. သူတို့ စီစဉ်ထားသလို ပွဲက အောင်အောင်မြင်မြင်နဲ့ ပြီးသွားနိုင်မှာလား.. သူဌေးမလေးမက်စ်ကရော မိုက်ခ်ကိုထားခဲ့ပြီး အရင်ယောက်ျားဆီ ပြန်သွားမှာလား.. မိုက်ခ်ကရော မက်စ်ဖြစ်စေချင်သလို ပြီးပြည့်စုံအောင် တင်ဆက်ပြသနိုင်ပါ့မလား.. ဆိုတာကိုတော့ မင်းသမီးကအကိတ် မင်းသားကအလန်း ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါလို့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(900 MB)/(400 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by…. Emily

0 2023
Magic Mike’s Last Dance
Weak Layers

ခေါင်းဆောင်မင်းသမီး Katie Burrell ကိုယ်တိုင် ရေးသားရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားတစ်ကား ဖြစ်ပါတယ်။ Katie Burrell အပြင် Jadyn Wong ၊ Evan Jonigkeit နဲ့ Neal Bledose တို့လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ နှင်းလျှောစီးအပန်းဖြေစခန်းရှိရာ မြို့တွေကို ခရီးသွားတွေနဲ့ကြေးစားနှင်းလျှောစီးအားကစား သမားတွေရောက်ရှိလာချိန်မှာ ဒေသခံတွေအတွက်ပေးတဲ့ မေတ္တာစာတစ်စောင်လို လွမ်းမောဖွယ်ရာခံစားချက်မျိုးရရှိ စေတဲ့အတွက် အော်ဟစ်ရယ်မောနေရတဲ့ဟာသ ဇာတ်ကား မျိုးတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်း *************** ပါတီကိုခုံမင်လွန်းတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ဟာ ငှားနေတဲ့အိမ်ကနေနှင်ထုတ်ခံလိုက်ရပြီးတဲ့နောက် နှင်းလျှောစီး ရုပ်ရှင်ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲကရရှိတဲ့ဆုကြေးငွေနဲ့အိမ်ငှားရမှာဖြစ်ပေမယ့် နာမည်ကျော် ရုပ်ရှင်ရိုက်ကူးသူတွေ၊ ကြေးစားနှင်းလျှောစီးသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အမျိုးသားတွေကြီးစိုးထားတဲ့ နှင်းလျှောစီးအားကစားလောကကိုနောက်ခံထားပြီး တောင်ပေါ် မြို့လေးမှာ သူငယ်ချင်းသုံးယောက်ရဲ့ဗရုတ်သုတ်ခဟာသတွေကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ File size…1.37GB / 701MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

0 2023 99 mins
Weak Layers
Anti Drug Operations
5.6

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မူးယစ်ရှင်းလင်းရေးတပ်ဖွဲ့အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မူးယစ်ရာဇာ ဟန်တုန်းဝမ့်နဲ့ သူ့အဖွဲ့ကို အပိုင်ဖမ်းဖို့ ဗျူဟာချပြီး အထူးရဲတပ်ဖွဲ့ရဲအရာရှိရှန်အောင်ပါဝင်တဲ့ တပ်ဖွဲ့ဟာ အဖွဲ့၂ဖွဲ့ခွဲပြီးတော့ လှုပ်ရှားပါတော့တယ် ဗျူဟာက အရမ်းသေသပ်တော့ ဟန်တုန်းဝမ့်တစ်ယောက်ကို ဖမ်းမိသွားခဲ့ပါတယ် ဒါပေမယ့် သူ့သားဖြစ်သူကတော့ လွတ်သွားခဲ့ပါတယ် အဲ့ကနေမှ ရှန်အောင်တစ်ယောက် အထူးရဲတပ်ဖွဲ့ကနေပြီးတော့ မူးယစ်ရှင်းလင်းရေး အဖွဲ့ဆီကို ဒုအဖွဲ့ခေါင်းဆောင်အဖြစ်ရွှေ့ပြောင်းခံလိုက်ရပါတယ် သူ့ရဲ့အထက်လူကြီးဖြစ်တဲ့ ဝမ်ကျင်းကန်းတို့နဲ့အတူ အဲ့မြို့မှာရှိတဲ့ မူးယစ်ဆေးအမှုအမြောက်အမြားကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပါတယ် ဒါပေမဲ့ အတိတ်ကမပြီးဆုံးနိုင်သေးတဲ့အရှုပ်ထုတ်တစ်ခုက သူ့နောက်ကိုတစ်ကောက်ကောက်လိုက်လာတဲ့အချိန်မှာတော့….

Drama • Comedy
5.6 2025
Anti Drug Operations
La Cocina The Kitchen
7.2

La Cocina (2024) IMDb Rating (7.2) / Rotten Tomatoes (72%) ဒီရုပ်ရှင်ရဲ့နာမည် La cocina (The Kitchen )ကို စတွေ့တော့ စိတ်ထဲထင်လိုက်တာက ဟင်းချက်တဲ့ရုပ်ရှင်ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ပိုစတာကြည့်တော့လည်း စားဖိုဆောင်ထဲက ရိုမန့်လိုလိုဘာလိုလို ပိုစတာမျိုးပဲ။ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲသွားတယ်ပြောရမှာပဲ။ ဇာတ်ရဲ့နေရာက အမေရိကန်ပြည်ထောင်စုကြီးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ နယူးယောက်ရဲ့ အချက်အချာအကျဆုံးနေရာဖြစ်တဲ့ Times Square။ စီးပွားရေး ဖျော်ဖြေရေး တိုးရစ်ဆွဲဆောင်ရေး ဒီနေရာမှာ အရာအားလုံးစုနေတယ်။ ၂၄နာရီလုံး မီးရောင်စုံတွေ ဒစ်ဂျစ်တယ်ဆိုင်းဘုတ်တွေနဲ့ လင်းထင်းနေတဲ့နေရာပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ အဲဒီအရောင်တွေတစ်ခုမှမြင်ရမှာမဟုတ်ဘူး။ တစ်ကားလုံးနီးပါးအဖြူအမဲနဲ့ပဲ ပြထားတယ်။ သူ့မြို့ပြရဲ့ ရှုပ်ထွေးမှုကိုတော့ focusမငြိမ်တဲ့ ရိုက်ချက်တွေနဲ့ ပြထားတယ်။ ဒီရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ စားဖိုဆောင်က Times Squareက ကြက်ပျံမကျ လူစည်တဲ့ The Grillလို့ခေါ်တဲ့ စားသောက်ဆိုင်ကြီးတစ်ခုရဲ့ မြေအောက်ထပ်ပါပဲ။ The Grillရဲ့ စားဖိုဆောင်ထဲ အလုပ်လုပ်တဲ့ စားဖိုမှူးတွေ ဟင်းချက်သမားတွေ အများစုက အမေရိကထဲကို တရားမဝင်ခိုးဝင်လာတဲ့ မက္ကဆီကန်တွေ။ သူတို့မှာ ဗီဇာမရှိသလို ဒီအမေရိကကိုရောက်လာဖို့ သူတို့ရဲ့အရာအားလုံးကို ရင်းထားရတဲ့လူတွေ။ ပြောရရင် ပြန်ဆုတ်စရာ လမ်းမရှိတဲ့လူတွေ။ ကြက်ပျံမကျလောက်အောင် ဝိုင်းအပြည့်နဲ့ စည်ကားတဲ့ စားသောက်ဆိုင်တွေမှာ တစ်ခါတလေတော့ ခင်ဗျားတို့ ကျွန်တော်တို့ ထိုင်ဖူးကြမှာပါပဲ။ တစ်ဝိုင်းကမှာလိုက် တစ်ဝိုင်းက ထသွားလိုက် နောက်တစ်ဝိုင်းက ပြန်ဝင်လိုက် ဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲ မိုးပေါ်ကကျသလို ကျလာနေတဲ့ လူကျတဲ့အချိန်တွေဆို စားပွဲထိုးတွေတောင် ခြေချင်းလိမ်နေရတဲ့ ဆိုင်တွေပေါ့။ အဲဒီမိုးပေါ်က ကျလာသလို ဇယ်ဆက်ကြီးကျလာတဲ့ ဟင်းပွဲတွေရဲ့ နောက်ကွယ်က စားဖိုခန်းဟာ ဒီလိုအချိန်တွေဆို ခုတ်ဟယ် ထစ်ဟယ် ပြေးဟယ် လွှားဟယ်နဲ့ ဇယ်ဆက်သလို ချက်နေပြုတ်နေရတဲ့ အချက်သမားတွေ , အော်ဒါကောက်လိုက် လာပြောလိုက် ပြန်လာယူလိုက် အချက်သမားနဲ့ ကတောက်ကဆတ်ဖြစ်လိုက် ဗျာများနေတဲ့ စားပွဲထိုးတွေရဲ့ စိတ်ပင်ပန်းလူပင်ပန်း အလုပ်ခွင်ကြီးကို La cocinaမှာ စိတ်ညစ်စရာကောင်းလောက်အောင်ကို ပြထားတယ်။ ဘယ်အလုပ်မဆို ပင်ပန်းကြတာချည်းပေမဲ့ ဘယ်နေရာက စားဖိုဆောင်မဆို ဒီလိုပင်ပန်းကောင်း ပင်ပန်းနိုင်ပေမဲ့ ဒီစားဖိုဆောင်မှာ အလုပ်လုပ်နေတဲ့လူတွေက တရားမဝင် အလုပ်သမားတွေပါ။ ပြောဆိုဆက်ဆံနေရတဲ့ ဘာသာစကားလည်းမတူသလို အလုပ်ပြုတ်သွားရင်လည်း ဘဝပျက်သွားနိုင်တဲ့ သူတို့အတွက် စိတ်ပင်ပန်းတဲ့ ဒဏ်က ပိုပြင်းတယ်။ မများလှတဲ့လခနဲ့ အထင်သေးတဲ့အကြည့်တွေရဲ့ ဒဏ်ကလည်း တစ်ပိုင်းပေါ့။ ဒီစားဖိုခန်းထဲက လူအများစုက ဒီလိုလူတွေပဲ။ ဒါကိုလည်း ဒါရိုက်တာက ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်မှုသက်သက်ထားထားတာမဟုတ်ဘဲ ကျန်တဲ့ဇာတ်ကောင်တွေရဲ့ အခြေအနေကိုလည်း ပြသင့်သလောက်ပြသွားတယ်။ ပြောရရင် François Truffautရဲ့ The Last Metroထဲက ပြဇာတ်ရုံကို ပြသလို Alonso Ruizpalaciosက စားဖိုဆောင်ကိုပြထားတယ်။ တူညီတဲ့အခြေအနေအောက်က မတူညီတဲ့ဒုက္ခတွေ, မတူညီတဲ့အခြေအနေအောက်က တူညီတဲ့ဒုက္ခတွေ အစုံပေါ့၊။ ဒီမှာပဲဖြစ်ဖြစ် ဒီမှာမဟုတ်တဲ့တခြားဆီမှာပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်စပ်သက်ဆိုင်နေတဲ့လူတွေပဲဖြစ်ဖြစ်အတွက် ဒီလိုအလားတူလုပ်ငန်းခွင်တွေဟာ ကျွန်တော်တို့ရဲ့ အရှိတရားတွေပဲဆိုတော့ ဒီအခြေအနေတွေအားလုံးက ကျွန်တော်တို့ဝင်ခံစားပေးလို့ရတဲ့ အခြေအနေတွေချည်းပဲ။ ဒါကြောင့်လည်း ဒီရုပ်ရှင်ရဲ့ပြကွက်တိုင်းနီးပါးက ကျွန်တော့်ရင်ထဲတော့ တော်တော်ရောက်ခဲ့တယ်။ ပိုဆိုးတာက ဇာတ်လမ်းစကတည်းက The Grillမှာ ဆိုင်ငွေဒေါ်လာ၈၀၀ပျောက်သွားတယ်။ အဲဒီငွေ၈၀၀ကို ခိုးတဲ့လူကို ဆိုင်ပိုင်ရှင်က မန်နေဂျာကို ရအောင်ရှာခိုင်းလိုက်တယ်။ မန်နေဂျာက တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးခဲ့တယ်။ မျက်နှာငယ်ရတဲ့အထဲ စွပ်စွဲခံရသလိုပါဖြစ်နေတော့ အကုန်အဆင်မပြေကြဘူးပေါ့။ ဒီဒဏ်ကို အဆိုးဆုံးခံရတာက အဓိကဇာတ်လိုက်ဖြစ်တဲ့ ပီဒရိုနဲ့ သူနဲ့ကြိုက်နေတဲ့ ဂျူလီယာ။ ဒီမတိုင်ခင်က ဂျူလီယာက ပီဒရိုနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ လိုတဲ့ငွေ ၈၀၀ကို လိုက်ချေးခဲ့တယ်။ အဲဒီငွေကို ပီဒရိုက ရအောင်ရှာကြံထုတ်ပေးလိုက်တယ်။ ပမာဏလည်း တူနေတော့ သံသယက သူတို့ခေါင်းပေါ်တည့်တည့်ကျလာတယ်။ ဒီကြားထဲ ဆိုင်ပိုင်ရှင်က ပီဒရို့ကို မင်းအလုပ်လုပ်နေတာ နှစ်လည်းကြာနေပြီ မင်းကို တရားဝင်နေထိုင်သူဖြစ်အောင် ဗီဆာလျှောက်ဖို့ကူပေးမယ်ဆိုပြီး မျှော်လင့်ချက်အတုတွေပေးထားသေးတော့ ပီဒရို့မှာ သူခိုးလို့လည်းအထင်ခံရ မျှော်လင့်ချက်လေးကလည်းပျက် ၂ခါမကနာရင်း မကနာတဲ့ကြားက တခြားအဖြစ်ပေါင်းစုံပါ ထပ်ပေါင်းလာတဲ့အချိန် ပြုတ်ကျသွားတဲ့ ပီဒရို့အခြေအနေကို La cocinaမှာ အဓိကမြင်ရလိမ့်မယ်။ ပီဒရို့ဇာတ်ကောင်ကို တည်ဆောက်ထားပုံက‌ တော်တော်လေး သဘောကျစရာကောင်းတယ်။ စစမှာ သူ့ကို မကောင်းတဲ့လူတစ်ယောက်နီးနီး ပုံဖော်ထားတယ်။ နောက်ပိုင်း သူ့ကောင်းခြင်းဆိုးခြင်းကို အကဲဖြတ်ဖို့ခက်လာတယ်။ နှစ်ခုလုံး ရောပြွမ်းနေတယ်ပေါ့။ အဆုံးသတ်မှာ သူ့ကို ကျွန်တော်တို့စာနာမိတဲ့အချိန်မှာ သူနဲ့အတူတူ ကျွန်တော်တို့ပါ ပြုတ်ကျတော့တာပါပဲ။ တစ်နည်းပြောရရင် ဒီဇာတ်လမ်းဟာ ကမ္ဘာပြိုသူတစ်ယောက်အကြောင်းပေါ့။ La cocina ကို တစ်ကားလုံး အဖြူအမည်းနဲ့ ပြထားပေမဲ့ အရောင်ပါတဲ့ ဇာတ်ဝင်ခန်း နှစ်ခန်းတော့ရှိခဲ့တယ်။ အရောင်ဆိုပေမဲ့လည်း တစ်ရောင်တည်းတွေပါပဲ။ တစ်ခန်းကတော့ အပြာရောင်တွေမှိုင်းနေတယ်။ အပြာဆိုတာ ရမ္မက်ရဲ့အပြစ်တွေကို ကိုယ်စားပြုတဲ့အရောင်လည်းဖြစ်နေသလို ဒီအပြာကို ရမ္မက်တွေပြည့်နေတဲ့ ဇာတ်ဝင်ခန်းမှာပဲ သုံးထားတာဆိုတော့ ဒါတော့ရှင်းရှင်းလင်းလင်းပါပဲ။ အစိမ်းကိုတော့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ စကားနဲ့တစ်ခါပြောပြီး , ဇာတ်ဝင်ခန်းတစ်ခန်းမှာ အရောင်နဲ့တစ်ခါပြခဲ့တယ်။ အဲဒီဇာတ်ဝင်ခန်းမှာ သူတို့အလုပ်သမားတစ်အုပ်ဟာ အလုပ်နားချိန်မှာ တိုက်နောက်ဘေးလမ်းထဲ ထိုင်နေခဲ့ကြတယ်။ နားချိန်အထိကို တောက်ပနေတဲ့ Times Squareကြီးက သူတို့နဲ့မသက်ဆိုင်ဘဲ ညစ်ပေမှုန်မှိုင်းနေတဲ့ နောက်ဖေးလမ်းကသာ သူတို့နဲ့သက်ဆိုင်ခဲ့ပုံပါပဲ။ ထိုင်နေရင်း သူတို့တွေ တစ်ယောက်ကိုတစ်ယောက် အိပ်မက်တွေအကြောင်း ပြောပြကြတယ်။ သူတို့မက်တဲ့အိပ်မက်တွေဟာ တစ်ခုမှ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ရိုးရိုးကုတ်ကုတ်လေးတွေချည်းပဲ။ အိမ်လေးတစ်လုံး နေရာလေးတစ်ခု ဘဝလေးတစ်ခု ဒီလောက်လေးတွေပဲ။ နောက်ဆုံးတစ်ယောက်ပြောတဲ့ အိပ်မက်ကတော့ ထူးခြားတယ်။ သူ့အမြင်အိပ်မက်ဆိုတာ သိပ်ကံကောင်းတဲ့လူတွေပဲ မက်နိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပုံပါပဲ။ အိပ်မက်ဆိုတာကိုတောင် မမျှော်လင့်ရဲတဲ့ အဆိုးဆုံးအခြေအနေတစ်ခုကိုရောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို သူပြောပြခဲ့တယ်။ နောက်ဆုံး အစိမ်းရောင်အလင်းတန်းတစ်ခုက အဲဒီလူကို ကယ်တင်သွားတဲ့အကြောင်း ပြောပြခဲ့တယ်။ အဲဒီလူရဲ့ဘဝမှာ အဆိုးဆုံးအခြေအနေကိုမရောက်ခင်တုန်းက အိပ်မက်တစ်ခုရှိခဲ့ဖူးမှာ သေချာပါတယ်။ အဆိုးဆုံးအခြေအနေကိုရောက်သွားတဲ့နောက် အိပ်မက်ကို သူမမျှော်လင့်ရဲတော့တဲ့ အခြေအနေရောက်သွားခဲ့တယ်။ ဒီအချိန်မှာ ဒီအခြေအနေက လွတ်မြောက်ဖို့မျှော်လင့်ချက်က အိပ်မက်အသစ်တစ်ခုလို ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ သူ့တကယ့် အိပ်မက်တော့မဟုတ်တော့ဘူး။ အဲဒီအစိမ်းရောင်အလင်းတန်းဟာ အိပ်မက်ကို မမျှော်လင့်ရဲတော့တဲ့ ကျွန်တော်တို့အားလုံးအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဘဝတွေမှာလည်း အစိမ်းရောင်အလင်းတန်းတစ်ခု ရှိကောင်းရှိလာလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:19:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Family • Animation • Comedy
7.2 2024 139 mins
La Cocina The Kitchen
Human Traffic

IMDb rating – 7.1% ဒီတစ်ခါမှတော့ 1999 ခုနှစ်မှာထွက်ရှိထားတဲ့ ဗြိတိန်ဟာသကားလေးတစ်ကားကိုတင်ဆက်ပေးပါရစေ။ ဒါရိုက်တာ Justin Kerrigan ကရိုက်ကူးထားပြီး John Simm, Shaun Parkes, Lorraine Pilkington, Nicola Reynolds တို့နဲ့ Danny Dyer တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက 1990 နှောင်းပိုင်း ဗြိတိန်ရဲ့ လူငယ်ယဉ်ကျေးမှု၊ အထူးသဖြင့် ကလပ်ယဉ်ကျေးမှု၊ အရက်နဲ့ မူးယစ်ဆေးဝါး အနုပညာကို ဟာသဆန်ဆန်နဲ့ စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားပါတယ်။ အဓိကဇာတ်ကောင်တွေဟာ ဇာတ်လမ်းထဲမှာ အလုပ်တွေ လူမှုရေး တွေကြောင့် ဖိစီးမှုကို ခံစားနေရပြီး သောကြာနေ့ညမှာ ကလပ်ကိုသွားပြီး အပျော်ရှာကြပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကို ဟာသဉာဏ်ရည်၊ စိတ်ကူးယဉ်ဆန်မှုတွေနဲ့ တင်ဆက်ထားပြီး လူငယ်ဘ၀၊ မိတ်ဆွေသူငယ်ချင်းကြားက ဆက်ဆံရေး၊ စိတ်ဖိစီးမှုတေကနေ လွတ်မြောက်ဖို့ ဘယ်လို ကြိုးပမ်းကြသလဲဆိုတာကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ File size… (2.1 GB) / (1.5 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Action • Adventure • Horror
0 1999
Human Traffic
One Piece Film: Strong World
7.4

One Piece Film: Strong World (2009) ——————————————— MyAnimeList – 8/10, IMDb rating – 7.4/10 ဒီတစ်ခါမှာတော့ တစ်ပိုင်းပြီး တစ်ပိုင်းအဖွဲ့တောင့်လာတဲ့ Luffy တို့ အုပ်စုရဲ့ ဇာတ်‌ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ 2009 ခုနှစ်က ထွက်ခဲ့တဲ့ 10 ကားမြောက် One Piece Film ဖြစ်ပြီး ကျွန်တော်ကြည့်ဖူးသမျှထဲမှာ အကြိုက်ဆုံးလို့ ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Luffy တို့အုပ်စုဟာ သင်္ဘောတစ်စီးနဲ့ ပင်လယ်ပြင်မှာ စွန့်စားခန်းဖွင့်နေကြရင်း မိုးပေါ်မှာ လွင့်နေတဲ့ ကျွန်းသင်္ဘောကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ ရေကြောင်းထိန်းဖြစ်တဲ့ အလှလေး Nami San က ဆိုင်ကလုန်းမုန်တိုင်းလာတော့မယ်ဆိုတာကို ခန့်မှန်းမိပြီး သူတော်ကောင်း Luffy က‌တော့ အဲဒီအကြောင်းကို အပေါ်က ကျွန်းသင်္ဘောပေါ်က လူတွေဆီကို ‌သတင်းလှမ်းပေးလိုက်ပါရော။ တကယ်တော့ အဲဒီကျွန်းသင်္ဘောပေါ်ကလူဟာ တစ်ခြားလူမဟုတ်ဘဲ သူတို့ရဲ့ မွေးရပ်မြေဖြစ်တဲ့ East Blue ကို ‌ဖျက်ဆီးပစ်ချင်နေတဲ့ ရွှေ‌ရောင် ခြင်္သေ့ကြီး Shiki ဖြစ်နေခဲ့တာပါ။ အဲဒီလိုနဲ့ Shiki ဟာ ရာသီဥတု ခန့်မှန်းရာမှာတော်တဲ့ Nami San ကို အပိုင်လိုချင်သွားပြီး Luffy တို့အုပ်စုကို ကျေးဇူးတင်သလိုလိုနဲ့ East Blue ကို ပြန်ပို့ပေးမယ်လို့ အားလုံးကို လှည့်စားပြီး အလှလေးကို ဖမ်းထားလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း သင်္ဘောပေါ်ကနေ ပြုတ်ကျပြီး တစ်ကွဲတစ်ပြား ဖြစ်နေခဲ့ကြတဲ့ Luffy တို့ဟာ ထူးဆန်းတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်ကို ရောက်သွားတာပေါ့။ အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေ‌ရော တစ်ချို့အရာတွေကပါ အရမ်းထူး‌ဆန်းပြီး အရမ်းရန်လိုနေတာကို တွေ့ခဲ့ရတဲ့အခါ….. အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေက ဘာလို့ ထူးဆန်းပြီး အရမ်းရန်လိုနေကြတာလဲ၊ Shiki ကရော ဘာတွေကြံစည်နေတာလဲ၊ Nami San ကိုရော Luffy တို့ ပြန်ကယ်နိုင်ပါ့မလား၊ East Blue ကိုရော Shiki က ဖျက်ဆီးနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ရှူစားရမှာပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း Luffy တို့အုပ်စုကြားက စခွီတွေ၊ သူငယ်ချင်း သံယောဇဉ်တွေ၊ နောက်ပြီး ဇာတ်ကောင်တွေရဲ့ တိုက်ခိုက်ပုံ Animation effect အမိုက်စားတွေလည်း ပါဝင်တော့ ကြည့်ရှူရတာ တကယ်ကိုတန်တယ်လို့ ပြောရမှာပါပဲ။ ဒါကြောင့် လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ဖြစ်ပါတယ်) File size… 2.4 GB / 1.1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by ttmuswe

Science Fiction • Drama • Action
7.4 2009 114 mins
One Piece Film: Strong World
Love In The Clouds
5.5

ဆီယက်တယ်လ်က သတင်းထောက် ဘရွတ်ကလင် (McKenzie Westmore) ဟာ နယူးမက္ကဆီကိုရဲ့ ရောင်စုံမီးပုံးပျံပွဲဖီယက်စတာကို သတင်းယူဖို့ ရောက်လာချိန်မှာ ရိုမန်တစ်ဆန်တဲ့ မီးပုံးပျံပိုင်းလော့ ဂျရက်(Paul Greene) နဲ့ ဆုံတွေ့ခဲ့တယ်။ သူဟာ ချစ်သူတွေအတွက် ရင်ခုန်စရာ မီးပုံးပျံခရီးတွေ ပို့ဆောင်ပေးနေပေမယ့် သူ့ရဲ့ နှလုံးသားကတော့ အချစ်အတွက် နေရာမရှိပါဘူး။ အယ်လ်ဘူကာကီရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကြားမှာ သူတို့နှစ်ဦးရဲ့ မမျှော်လင့်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာတဲ့အခါ… ဒီရိုမန်တစ်ဇာတ်လမ်းဟာ အချစ်ရဲ့ မှော်ဆန်မှုနဲ့ မီးပုံးပျံ တွေရဲ့ လွတ်လပ်မှုကို ရောယှက်ပြီး သင့်နှလုံးသားကို မိုးကုတ်စက်ဝိုင်းထက် လွင့်ပျံစေမယ့်ခရီးစဥ်တစ်ခုကို ကြည့်ရှုလိုက်ကြပါ….. File Size… (1.40 GB) / ( 691 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 24m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

5.5 2025
Love In The Clouds
Azzamine
7

Azzamine (2024) IMDb Rating (7.0) Jasmine က ဘာသာရေးကိုင်းရှိင်းမှုမရှိတဲ့ အပျိုဖော်ဝင်စ မိန်းကလေးတစ်ဦးဖြစ်ပြီး မိဘတွေရဲ့ ပေးစားမှုကြောင့် Azzam ဆိုတဲ့ ဘာသာရေးအလွန်ကိုင်းရှိင်းတဲ့ ကောင်လေးနဲ့ မိတ်ဆက်အောင်သွယ်ပေးခံခဲ့ရတယ်။ ဒါပေမဲ့ Jasmine က ဆန့်ကျင်ဘက်စရိုက်တွေကြောင့် Azzam ကို မြင်မြင်ချင်း ကြည့်မရဖြစ်ပြီး Azzam ဆီကနေ ရှောင်ဖယ်ငြင်းဆိုဖို ဆက်တိုက်ကြိုးစားခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Azzam ရဲ့ စိတ်ကောင်းရှိမှု၊ စိတ်ထားနူးညံ့မှုနဲ့ စိတ်ရှည်မှုတွေကို မြင်လာရပြီး Jasmine တစ်ယောက် တွေဝေရင်း ခံစားချက်တွေ ယိမ်းယိုင်လာပါတော့တယ်။ ပြဿနာက Jasmine မှာ သူ့အဖေသဘောမတူပေမဲ့ လေးနှစ်ကြာတွဲနေခဲ့တဲ့ Deka ဆိုတဲ့ ရည်းစားလည်းရှိတာကြောင့် Azzam နဲ့ Deka ကြား ဒွိဟတွေဖြစ်ပြီး Jasmine ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.6 GB) / (650 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:44:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Science Fiction • Thriller
7 2024 104 mins
Azzamine