YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Samrat.Prithviraj.2022.2160p.4K.AMZN.WEB-DL.DDP5.1.HEVC-YK.mkv

7.64 GB N/A video/x-matroska 2166 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Good Morning, Vietnam
7.3

Good Morning, Vietnam (1987) ~ IMDb - 7.3/10, Rotten Tomatoes - 89% ~ ဒီဇာတ်လမ်းလေးကတော့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အေဒရီယန်ခရိုနော်ဆိုတဲ့ ရေဒီယိုဒီဂျေတစ်ယောက်အကြောင်းကို အခြေခံထားတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ၂ ခြမ်းကွဲနေတဲ့အချိန်ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားပါတယ်။ အမေရိကန်က ဗီယက်နမ်မြောက်ပိုင်းဘက်ကနေ မဟာမိတ်အဖြစ် ကြားဝင်ဆောင်ရွက်နေတဲ့ကာလပေါ့။ အေဒရီယန်ခရိုနော်ကတော့ ဗီယက်နမ်မြောက်ပိုင်း ဆိုင်ဂွန်က ပြန်ကြားရေးဌာနကိုတာဝန်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဇဝနဉာဏ်ရွှင်လွန်းလို့ စရောက်တဲ့နေ့မှာတင် လက်တန်းပြက်လုံးထုတ်တင်ဆက်ပြီး ပွဲကျစေခဲ့တဲ့သူပါ။ ခရိုနော်ရောက်လာပြီဆိုကတည်းက အထက်လူကြီး ဟော့ခ်နဲ့ ဒစ်ကာဆန်တို့နှစ်ယောက် အငြိမ်မနေရတော့ပါဘူး။ ခရိုနော်က စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါ။ ဘယ်လောက်အမိန့်ပေးပေး အသံလွှင့်ခန်းထဲရောက်ရင် သူလုပ်ချင်ရာလုပ်ပါတယ်။ ဆင်ဆာဖြတ်ထားတဲ့အပိုင်းတွေ အကုန်ထည့်ဖတ်တယ်။ အမေရိကန်စစ်တပ်ကို Troll တယ်။ သမ္မတဟောင်းရဲ့မိန့်ခွန်းလွှင့်နေရင်းတောင် ရုပ်ပြောင်လိုက်ပါသေးတယ်။ အားတဲ့အချိန် မြို့ထဲက ဗီယက်နမ်တွေနဲ့မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာလည်းသင်ပေးလိုက်ပါသေးတယ်။ စစ်ရဲ့ အနိဌာရုံတွေကြားက ဒီလူတွေနဲ့ ခရိုနော်ရဲ့ လှပပြီး တိုတောင်းတဲ့ ရေစက်လေးတစ်ခုပေါ့။ ဒီလိုပါပဲ ခရိုနော်နဲ့ ဒီလူကြားက ရေစက်ကလေး တိုတောင်းခဲ့သလို ခရိုနော်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ ဟာသမင်းသားကြီး Robin Williams နဲ့ ကမ္ဘာတဝှမ်းက ရုပ်ရှင်ပရိသတ်တွေကြားက ရေစက်ဟာလည်း တိုတောင်းလွန်းခဲ့ပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.55GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 1Min Genre - Biography, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Thriller
7.3 1987 121 mins
Good Morning, Vietnam
Elephant

ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။ လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ အခုတော့ ရုပ်ရှင်အနေနဲ့ ကြည့်လိုက်ကြတာပေါ့။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွေကိုတော့ အခြေခံထားမှာပါ။ ဒီကားထဲမှာတွေ့ရမှာကတော့ အပစ်ခံရမယ့် နေ့မှာ ဟိုနားဒီနား ဟိုတစ်စု ဒီတစ်စုသော ကျောင်းသား ကျောင်းသူလေးတွေရဲ့ နေ့စဉ်(ဒါမှမဟုတ် နောက်ဆုံး) လှုပ်ရှားမှုလေးတွေပါ။ ဂုဏ်သရေရှိ ရုပ်ရှင်ပွဲတော်ကြီးဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆု Palme d’Or ကိုလည်း ရထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.80GB, 800MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 21Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Horror
null 2003 81 mins
Elephant
Aksar
4.4

ဒီတစ်ခါတင်ဆက်ပေးမယ့် ကားကောင်းလေးကလည်း လှည့်ကွက်လေးတွေနဲ့ တကယ်ကို ကြည့်လို့ကောင်းတဲ့ ကားလေးပါပဲ..မင်းသားအနေနဲ့ကတော့ မင်းသားချော အင်မရန်းဟက်ရှမီနဲ့ Raaz 2002 ထဲက မင်းသားချောလေး ဒီနိုမောရိယတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ လူတွေရဲ့ဖြစ်တတ်တဲ့သဘောကို ရိုက်ကူးတင်ဆက်ထားခြင်းပါ။ အောင်မြင်ကျော်ကြားတဲ့ ဓါတ်ပုံဆရာလေး ရစ်ကီဆီကို ရာဂျ်ဆိုတဲ့ လူချမ်းသာတစ်ယောက်ရောက်လာပြီး ငါ့မိန်းမ မင်းကိုချစ်လာအောင် စည်းရုံးပေးနိုင်ရင် ငွေ သိန်း ၃၀ ပေးမယ်လို့ ကမ်းလှမ်းလာတယ်။ သူ့ရဲ့မိန်းမဖြစ်သူကလည်း နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ရှီနားရွိုင်း...။ ရှီနားနဲ့ ရစ်ကီတို့က ကတောက်ကဆဖြစ်ခဲ့ဖူးတယ်။ ဒါကို သိနေတဲ့ ရှီနားယောက်ျားက ရစ်ကီကို လာကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ ရစ်ကီဆိုတာကလည်း နယ်နယ်ရရ ဓါတ်ပုံဆရာလေးမဟုတ် မော်ဒယ်တော်တော်များများရဲ့ အလှစစ်ကို အိပ်ရာထက်နဲ့ ဓါတ်ပုံပေါ်မှာ ရှာဖွေတဲ့သူတစ်ယောက်ဆိုပါတော့...။ ဒီအလုပ်ကို ရစ်ကီလက်ခံခဲ့ပါတယ်...။ ခုမေးစရာက ရာဂျ်က ရစ်ကီကို ဘာလို့ ကိုယ့်မိန်းမကိုမှ ချစ်လာအောင် ဖမ်းစားခိုင်းတာလဲ...။ ရစ်ကီနဲ့ ရှီနားတို့ကရော ဘယ်လိုအခြေအနေဖြစ်လာမလဲ...။ နောက်ဆုံး ဒါရိုက်တာရဲ့ဇာတ်လမ်းလှည့်ကွက်လေးတွေမှာ ဘယ်လိုမျောပါသွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ အဖြေရှာကြည့်ရအောင်နော်...။ ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ ကိုယ့်ဒူးတောင်ကိုယ်မယုံရပါလားဆိုတဲ့ စကားပုံလေးက အမှန်ပါလားလို့ သံဝေဂရမိပါတယ် ဆိုတော့ ရှုစားလို့ရပါပြီနော်...။ File size…1.8GB / 1GB Quality…1080p AMZ WEBRIP / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Romance
4.4 2006 135 mins
Aksar
The Insider
7.5

MDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.. .ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့ Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် … အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်. .စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်း အထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်... .အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို သိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်… ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်… .. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်... အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့ အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်... ….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်း လက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်…. ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့ အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်.. ..နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်… File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama
7.5 1999 158 mins
The Insider
Klaus
8.3

ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို လူသားတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဝေမျှကြပါတယ်… ဒီခေတ်မှာ စာအိတ်ထဲထည့်ပေးကြတဲ့ ပေးစာတွေ မရှိတော့ဘူးဆိုပေမယ့် လူမှုကွန်ယက်ပေါ်ကဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် စာတွေပေးပို့နေကြတုန်းပါပဲ… ဒါပေမယ့် ပေးပို့တဲ့စာတွေထဲမှာ အမုန်းတရားတွေထက် ချစ်ခြင်းမေတ္တာတွေ ထည့်ပေးထားရင်မကောင်းဘူးလား ဒီဇာတ်ကားလေးကတော့ အေးမြတဲ့ ခရစ္စမတ်အကြောင်းကို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်… ခရစ္စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးလို့ခေါ်တဲ့ စန်တာကလောက်စ် အကြောင်း အခြေခံပြီး ပုံဖော်ထားတာပါ … အခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ အဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ လက်ကျောတင်းအောင် မလုပ်ချင်ဘဲ ပျင်းရိနေတဲ့အတွက်ကြောင့် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ လူသူမနီးတဲ့ ကျွန်းတစ်ကျွန်းပေါ်က မြို့ကလေးမှာ စာပို့သမားလုပ်ဖို့ ပို့လွှတ်စေခိုင်းခဲ့ပါတယ်… ရိုင်းပြပြီး အမြဲဒေါသထွက်နေတဲ့ လူတွေနေတဲ့ အေးခဲပြီး ခေါင်ဖျားလွန်းတဲ့ စမီရင်ဘာ့ဂ် မြို့ကလေးကနေ တစ်နှစ်အတွင်း ပေးစာ ၆၀၀၀ ထွက်လာအောင်လုပ်မှ ဒီမြို့ကနေပြန်ရမယ့်သူပါ… မဟုတ်ရင် အဖေကအမွေပြတ်စွန့်လွှတ်မတဲ့… Klaus ဆိုတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၉ မှာထွက်ရှိထားပြီး IMDb – 8.4/10 နဲ့ Rottentomatoes – 89% တောင်ရရှိထားတာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တယ်လို့ပဲပြောလိုက်ပါရစေ.။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်… File Size : (2.1GB) and (823MB) and (377MB) Quality : NF WEB-DL 720p Running Time : 2hr 17min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 4K Web-DL 5.1 ,1080 WEB-DL.DDP5.1 , 720P WEB-DL Translated by Zuel Khant Thwin Encoded by Thanhtike Zaw ~ Thit San Khant

Comedy • Mystery • Thriller
8.3 2019 96 mins
Klaus
Defense Bomb Crisis

Defense Bomb Crisisဆိုတဲ့ actionကားလေးကတော့ ၂နိုင်ငံငြိမ်းချမ်းရေးဖို့ ဆွေးနွေးမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြမ်းဖက်သမားတွေ ဝင်ရောက်နှောက်ယှက်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ မင်းသား ဖူဖန်းက ဗုံးဖြိုခွဲရေး ဗုံးကာကွယ်ရေးတပ်ဖွဲ့ကပါ ဒီတစ်ခါ အကြမ်းသမားရန်ကနေ အထက်လူကြီးတွေကိုကာကွယ်ဖို့ ဖူဖန်းကတာဝန်ယူလုပ်ဆောင်ပေးရတာဖြစ်ပါတယ် ခူဇ နဲ့ လန်ဖဆိုတဲ့လူသတ်သမားမောင်နှမ ၂ယောက်လည်း တစ်ယောက်ကလူကောင်း တစ်ယောက်ကလူဆိုးအဖြစ် အဖွဲ့အစည်း ၂ခုခွဲပြီးတိုက်ခိုက်‌နေရတာဖြစ်ပါတယ် အရှေ့မှာလည်းပေါက်ကွဲမှု ၂ကြိမ်ဖြစ်ထားပြီးတဲ့အတွက် ငြိမ်ချမ်းရေးဆွေးနွေးပွဲကိုမလုပ်ပဲ ရပ်တန့်ဖို့ပြောနေတဲ့ အစိုးရအရာရှိကတစ်ဖက်ဆွေးနွေးပွဲကိုဖြစ်မြောက်အောင်မြင်အောင်လုပ်မဲ့ အရာရှိကတစ်ဖက်နဲ့ ဖူဖန်းကကြားမှာရောက်သ‌လိုဖြစ်နေပြန်တယ် နောက်ဆုံးအကြိမ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအရ ပေါက်ကွဲမှုထပ်မဖြစ်ပွားအောင် ဖူဖန်းက ဗုံးတပ်ဖွဲ့ဝင်ထဲဝင်ရောက်ပြီး ဆွေးနွေးပွဲကိုဆက်လုပ်ကျင်းပဖို့တာဝန်ထမ်းဆောင်ခဲ့ပါ အကြမ်းဖက်သမားရဲ့ခေါင်းဆောင်ကဘယ်သူဖြစ်မလဲ စစ်ပွဲ တိုက်ပွဲကြားက အကျိုးအမြတ်ထုတ်ချင်တဲ့ အထက်လူကြီးတွေရဲ့ အကျင့်စရိုက်ကိုလည်း ဒီဇာတ်ကားလေးမှာတွေ့ရမှာဖြစ်ပါတယ် ဗုံးဖျူးကြိုးညှပ်ဖို့ စဉ်းစားပြီး actionချကွက်ကောင်းကောင်းလေးကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommendပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 10 min Genres : Drama , Crime Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Encoded by LK

Crime • Drama • Thriller
0 2021 70 mins
Defense Bomb Crisis
Blockers
6.3

ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ အသေကိုခွီထားတာရယ်နေရတာပါးစပ်ကိုမပိတ်နိုင်ဘူးလို့ပြောချင်ပါတယ်။ IMDB Rating 6.7 , Rotten Tomato 83% ရထားပြီးတော့ WWE ချန်ပီယံဖြစ်တဲ့ John Cena ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးဟာသသရုပ်ဆောင်များဖြစ်တဲ့ Leslie Mann နဲ့ Ike Barinholtz တို့ကပါဝင်အားဖြည့်ပေးထားပါတယ်။ လူငယ်သရုပ်ဆောင်တွေက တော့ချောပြီးချစ်စရာကောင်းကြတဲ့ Kathryn Newton, Geraldine Viswanathan နဲ့ ပုပုသေးသေးချစ်စရာလေး Gideon Adlon တို့ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်း နှုတ်ဆက်ကပွဲမှာ လိင်ဆက်ဆံဖို့သဘောတူညီချက်လုပ်ထားကြတဲ့ သမီးသုံးယောက်ကို မိဘသုံးယောက်က အမှတ်မထင်သိသွားလို့ တားဆီးဖို့ကြိုးစားတာကိုဟာသမြောက်အောင် တင်ဆက်ထားတာပါ။ အရမ်းချစ်လွန်းတဲ့မိဘတွေကြောင့် စိတ်မသက်မသာဖြစ်ရတဲ့ ကလေးတွေအကြောင်းကိုပါပြောထားပါတယ်။ နောက်ဆုံးတော့ ကလေးတွေနဲ့မိဘတွေနဲ့ဘယ်လိုပြန်အဆင်ပြေသွားမလဲဆိုတာ ရယ်ရင်းနဲ့ကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (899 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by d3mon Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
6.3 2018 102 mins
Blockers
Crypto Boy

ဒီနှစ် ၁၀ လပိုင်းမှာတင် Netflix ကထွက်ထားတဲ့အသစ်စက်စက်ဇာတ်ကားလေး။ ကားနာမည်အရဆို ခရစ်ပတို အကြောင်းအဓိကပြရိုက်ထားသလိုထင်ရပေမဲ့ ကြည့်ကြည့်ရင် အဖေနဲ့ သားကြားက သံယောဇဉ်ပတ်သတ်မှု bond တစ်ခုကိုမြင်ရမှာပါ။ အသက် ၂၀ မခံချင်စိတ်အပြည့်၊မြှီးကောင်ပေါက် အရွယ် အာမီရ်နဲ့ အရွယ်ရောက်လာလည်းသားသမီးအပေါ်ကလေးလို ဘာမှမလုပ်တတ်သေးပါဘူးဆိုပြီး ဘယ်အရာမှ စိတ်မချ လက်မလွှဲတတ်တဲ့ မက္ကဆီကန်စားသောက်ဆိုင်ပိုင်ရှင် အိုမာတို့ရဲ့အဖေတစ်ခု၊သားတစ်ခုဇာတ်အိမ်လေးဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်သားဖြစ်ပေမဲ့ deli ပဲလိုက်ပို့နေရတော့စိတ်အိုက်လာတဲ့တစ်နေ့ deli လိုက်ပို့ရင်း ရွိုင်ရဲ့ခရစ်ပတိုဟောပြောပွဲကိုရောက်သွားတော့၊ ရွိုင်မှာ အာမီရ်ဖြစ်ချင်အားကျရတဲ့ ငယ်ရွယ်ချမ်းသာပျော်ပါးပြီး လုပ်ငန်းကိုဦးစီးနေတာတွေ့ရချိန် အာမီရ်အားတွေတက်ပြီး ရွိုင်လိုဖြစ်အောင်လုပ်မယ်ဆိုပြီး ရွိုင့်ရဲ့ ခရစ်ပတိုကုမ္ပဏီမှာအလုပ်ရအောင်လျှောက်ပါတော့တယ်။ ရွိုင်ကလည်း အာမီရ်လုပ်ရည်ကိုင်ရည်ကိုသဘောကျသွားတော့အလုပ်ခန့်ပြီး ဘောနပ်စ်တွေပါပေးလိုက်ပါသေးတယ်။ လူကြီးတို့သဘာဝအတိုင်း အသစ်အဆန်းတွေထွက်လာရင်စိတ်တိုင်းမကျသံသယများတတ်တဲ့ အိုမာက သားဖြစ်သူ ခရစ်ပတိုဆိုတဲ့အသစ်အဆန်းနဲ့အလုပ်လုပ်ပြီးငွေအများကြီးရနေတာ့ မယုံသင်္ကာစိတ်ပူမိပြီး သားအဖ နှစ်ယောက်အခြေအနေကအရင်ကထက် တကျက်ကျက်ပိုဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ ဘဝဆိုတဲ့အတိုင်း တန်းတန်းမတ်မတ်သွားတာဘယ်ရှိမတုန်း။ တနေရာရာ ခလုတ်ငုတ်တို့နဲ့တိုက်မိချိန်မှာတော့ ဒီသားအဖနှစ်ယောက်ပဲရှိချိန်တစ်ယောက်ကိုတစ်ယောက်မှီတင်းဖေးမရင်းသံဝေဂရစရာကြည့်ရမှာဖြစ်ပါတယ်…. File size…(1.4 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre..Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2023
Crypto Boy
Kho Gaye Hum Kahan
8.8

Kho Gaye Hum Kahan (2023)”ဘယ်မှာလမ်းတွေပျောက်ခဲ့” ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.8 2023 135 mins
Kho Gaye Hum Kahan
Wall Street
7.3

IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်ချင်စိတ်နဲ့ အလားအလာကိုမြင်တဲ့ ဂတ်ကိုကလည်း ငွေဖြစ်လွယ်တဲ့နည်းတွေ သင်ကြားပေးခဲ့တာပေါ့လေ။ ဒါပေမဲ့ ဂတ်ကို့ရဲ့နည်းလမ်းတွေက ဖြတ်လမ်းနည်းဆိုတဲ့အတိုင်း နောက်ဆက်တွဲဆိုးကျိုးတွေရှိလာခဲ့ချိန်မှာတော့ ဘတ်ဒ်ဖော့စ်တစ်ယောက် ကြုံတွေ့လာတဲ့ အခက်အခဲ အကျပ်အတည်းတွေကို အောင်မြင်အောင်ကျော်လွှားနိုင်ပါ့မလားဆိုတာ.. Old but Gold ကားမို့ အသေးစိတ်ညွှန်းစရာမလိုတော့ဘူးထင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာထွက်တဲ့ ဇာတ်ကားနဲ့ မတူတဲ့ရသကို ပေးစွမ်းနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2.7 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Comedy • Crime
7.3 1987
Wall Street
[18+] Mahal ko ang Mahal Mo
5

=========================== လတ်စလီနဲ့ကာမီနာတို့ဟာ တစ်ဦးနဲ့တစ်ဦးဘာမှသက်ဆိုင်ပတ်သက်မှုမရှိခဲ့တဲ့ မိန်းမနှစ်ယောက်ပါ။ တစ်နေ့တော့ သူတို့နှစ်ဦးဟာ ယောက်ျားတစ်ယောက်တည်းကိုတွဲမိရက်သားဖြစ်နေပြီး အဲ့ဒီယောက်ျားက သူတို့နှစ်ယောက်လုံးကို လှည့်စားထားတာကိုသိလိုက်ရပါတယ်။ အဲ့ဒါတင်မကပဲ အဲ့ဒီလူမှာ သူတို့နှစ်ယောက်အပြင် ထပ်ရှိနေသေးတာကိုပါသိလိုက်ရချိန်မှာတော့ နှစ်ယောက်ပေါင်းပြီးပညာပေးဖို့ကြံခဲ့ပါတယ်။ ဒါပေမယ့် အနေနီးစပ်ရင်း အချင်းချင်းလက်ဖက်ဆီပြန်အချစ်တွေပေါက်ပွားလာခဲ့ချိန်မှာ ဘယ်လိုအခြေအနေမျိုးနဲ့ ရှေ့ဆက်ကြမလဲဆိုတာ စဉ်းစားဆုံးဖြတ်ဖို့ဖြစ်လာပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(660MB)/(330MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:48:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024
[18+] Mahal ko ang Mahal Mo
The Cider House Rules
7.4

ဒုတိယကမ္ဘာစစ်ကာလတုန်းက မိဘမဲ့ဂေဟာတစ်ခုမှာ ဒေါက်တာလာ့ခ်ျဟာ ကြီးကြပ်တာဝန်ယူခဲ့တယ် သူ့ရဲ့ဂေဟာမှာ ထူးထူးခြားခြား ကလေးလေးတစ်ယောက်ဟာ နှစ်ခါတောင် ဂေဟာပြန်ပို့ခံရတယ် ဒီလိုနဲ့ အဲ့ဒီကလေးကို သူပဲမွေးခဲ့ရတယ် အဲ့ဒီကောင်လေး အရွယ်ရောက်လာပြီး တကယ့်လောကကြီးထဲ ထွက်ခွာချင်လာတဲ့အခါ အပြင်လောကကြီးက ကောင်လေးအတွက် ဘယ်လိုအတွေ့အကြုံတွေ ပေးမှာလဲ ကျန်ခဲ့တဲ့ ဒေါက်တာလာ့ချ်နဲ့ ဂေဟာကလူတွေကရော ဘယ်လိုတွေဖြစ်ကြမှာလဲ လူငယ်တစ်ယောက်ရဲ့ စွန့်စားစိန်ခေါ်ချင်မှု… မိဘဘက်က သားသမီးကို တစ်ယောက်တည်း လောကကြီးထဲ လွှတ်လိုက်ရတဲ့အခါ ဖြစ်ရတဲ့ စိတ်ပူပန်မှု… ဒီလိုမျိုး ၅၂၈ မေတ္တာကို အခု‌ဇာတ်ကားလေးက လှလှပပလေး ဖော်ကြူးပေးထားပါတယ် ဒါ့အပြင် ကိုယ်ဝန်ဖျက်ချတာဟာ လုပ်သင့်ရဲ့လား? အချို့အခြေအနေတွေမှာ ကိုယ်ဝန်မဖျက်ချပေးရင်ရော တကယ်ကောင်းကျိုးဖြစ်မှာမို့လို့လား? မိဘမဲ့ဖြစ်လာတဲ့ ကလေးလေးတွေရဲ့ ခံစားချက်တွေ စတဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း စိန်ခေါ်ပြီး ရိုက်ကူးထားပါသေးတယ် ဇာတ်ကားလေးက အေးအေးလေးနဲ့ ရင်ထဲခံစားရအောင် ခေါ်ဆောင်ပေးသွားမှာမို့ စီးမျောလိုက်ပါပေးကြပါဦးနော် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:06:00 Genre… Period Drama, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Winter May

7.4 1999 126 mins
The Cider House Rules
Once Upon a Time in China
5.8

1920-1930 ခုနှစ်ဝန်းကျင်လောက်က ရှန်ဟိုင်းမြို့ကြီးမှာ ဖြစ်ပါတယ်။ မြစ်ကမ်းစပ်မှာ သေတ္တာတစ်လုံးတွေ့ပြီး အထဲမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့တဲ့အတွက် ရှာဖေးလမ်းရဲစခန်းက တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါတယ်။ အင်္ဂလန်က ပညာသင်ပြီး ပြန်လာတဲ့ အမျိုးသမီးစုံထောက်အသစ်စီးမာနန်က ဒီအမှုပို ဦးဆောင်စစ်ဆေးဖို့ တာဝန်ယူခဲ့ပါတယ်။ အထက်က ၅ ရက်အတွင်း အမှုဖော်နိုင်ရမယ်ဆိုတဲ့ ဖိအားကြောင့် စီးမာနန်၊ လော်ချုံးနဲ့ ချန်ခယ်တို့ဟာ အမှုကို ဖြေရှင်းဖို့ သဲလွန်စတွေကို လိုက်ရှာပါတော့တယ်။ အလောင်းကို စစ်လိုက်တော့ သတ်ဖြတ်ပုံသတ်ဖြတ်နည်းက ထူးခြားနေတာကို တွေ့ရှိရပါတယ်။ သေသူရဲ့ ရင်ဘတ်ကို ခွဲစိတ်ဓားနဲ့ သပ်သပ်ရပ်ရပ်ခွဲပြီး နှလုံးကို ထုတ်ထားတာဖြစ်ပါတယ်။ ဒီလို ရက်စက်တဲ့ လူသတ်နည်းမျိုးကို လုပ်နိုင်တဲ့လူက ရှန်ဟိုင်းမှာသိပ်မရှိလှပါဘူး။ မြစ်ဘေးမှာ သေတ္တာထဲက အမျိုးသမီးအလောင်းတွေ ဆက်တိုက်တွေ့ရတဲ့အခါမှာတော့…… စီးမာနန်တို့တစ်တွေ တရားခံအစစ်ကို ရှာတွေ့နိုင်မလား…… တရားခံအစစ်က ဘယ်သူဖြစ်လိမ့်မလဲ…… တရားခံက ဘယ်လိုအကြောင်းကြောင့် အမျိုးသမီးတွေကိုပဲ သတ်ဖြတ်ရတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

5.8 2024
Once Upon a Time in China
Watchmen: Chapter II
6.9

Watchmen Chapter II ‌animated movie လေးကတော့ Chapter 1 ရဲ့အဆက်ဖြစ်ပါတယ် Chapter 1 မှာ Comedian အသတ်ခံရလို လိုက်စုံစမ်းနေတဲ့ Rorschach တစ်ယောက် ချောက်ချခံရပြီး ထောင်ကျနေတာကနေ စပါတယ်။ ဒီလို လုပ်ကြံမှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ. တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးရဲ့ အရှေ့အနောက်အားပြိုင်မှု တွေကနေ တတိယကမ္ဘာစစ် ပေါ်လာခါနီးပြဿနာတွေကရော ဘယ်လိုဆက်စပ်နေမလဲ အဆုံးသတ်မှာ ဘယ်လိုတွေ ဖြစ်ကြမလဲ ဆိုတာကို ပညာသားပါပါ ရိုက်ပြထားတဲ့ အမိုက်စား animation movie တစ်ကားပဲ ဖြစ်လို Chapter 1 မကြည့်ရသေးရင် ၂ ခုလုံးကြည့်ဖို Chapter 1 ကြည်ပြီးသူတွေလည်း ဒါကို ဆက်ကြည့်ဖို တိုက်တွန်းလိုက်ပါတယ်……….. File size… (1.12GB) / (624MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Animation , Action , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Comedy • Drama • Horror
6.9 2024 89 mins
Watchmen: Chapter II
Splashback
7.5

Splashback (2024) IMDb Rating (7.5) ခပ်ဆန်းဆန်း ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၆၉ မှာ လကမ္ဘာပေါ်ကို ပထမဆုံးအကြိမ်ခြေချနိုင်ခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ သမိုင်းသစ်တစ်ရပ်အတွက် လူတွေအောင်ပွဲခံနေကြပေမယ့်၊ မထင်မရှား George Losser ဆိုတဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့အရေးမပါဘူးထင်ရတဲ့ တီထွင်မှုအသေးစားလေးကို ရာထူးကြီးပိုင်းတွေနဲ့ ရင်းနှီးပြီး အရေးပါအရာရောက်တဲ့ ယောက်ဖဖြစ်သူ ဂျက်ကို ချပြဖို့ကြိုးစားပါတယ်။ ဂျက်က အလကားပါလို့သဘောထားတဲ့ပစ္စည်းလေးကို အမှတ်မထင် နီးလ်အမ်းစထရောင်းက စိတ်ဝင်စားသွားတဲ့အခါမှာတော့ ဘယ်လိုပစ္စည်းလေးလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(580 MB) / (410 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, History Duration….00:29:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan

Action • Drama • Science Fiction • Thriller
7.5 2024 29 mins
Splashback