YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Riot Girls 2019 (Large Size).mp4

766.26 MB 720p video/mp4 158 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Daily Police

CM ပရိသတ်တွေအတွက် ရဲသားတွေရဲ့ နေစဉ်နေထိုင်မှုပုံစံကို သဘာဝကျကျရိုက်ထားတဲ့ Daily Police ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်းလေးကတော့- အလှဆုံးရဲမေအဖြစ် ဂုဏ်ပြုခံရသူ လီလုဟာ မှုခင်းရဲတပ်ဖွဲထဲ ဝင်ချင်ပေမဲ့ ကင်းလှည့်တပ်ဖွဲထဲမှာ အစားထိုး အဖွဲခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ အခြေခံပတ်ဝန်းကျင်ကို ရောက်သွားတဲ့ လီလုဟာ ကောလာဟလတွေနဲ့ အထင်လွှမှုတွေကြားထဲကနေ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပြီး ပြည်သူတွေအတွက် အခက်အခဲတွေကို ဖြေရှင်းပေးခဲ့ပါတယ်။ တစ်ရက်ပြီးတစ်ရက် လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာများထဲမှာ လီလုတစ်ယောက် အဖွဲဝင်တွေကို စည်းလုံးလာအောင် ဘယ်လိုကြိုးစားခဲ့သလဲ...... ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ဘယ်လို ကြိုစားခဲ့သလဲဆိုတာကို...... ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုပဲ ကြည့်ရှုခံစားလိုက်ရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama • Romance
null 2023 95 mins
Daily Police
The Lair
5.6

ဗြိတိန်​​တော်ဝင်​လေတပ်က ကပ္ပတိန်စင်ကလဲရားဟာ အာဖဂန်မှာ တာဝန်ထမ်း​ဆောင်ရင်း သောင်းကျန်းသူ​တွေရဲ့ ဒုံးကျည်ကြောင့် ​ လေယာဉ်ပျက်ကျပြီးတဲ့​နောက် အဖမ်းမခံရ​အောင်ထွက်​ပြေးရင်း ဘန်ကာကြီးတစ်ခုထဲကို ​ရောက်သွားပါတယ်။ အဲဒီဘန်ကာထဲမှာမ​ကောင်းဆိုးဝါး​များစွာရှိပြီး ​နောက်ကပါလာတဲ့ သောင်းကျန်းသူ​တွေကို သတ်ပစ်လိုက်သလို စင်ကလဲရားလည်း အသက်လုပြီး ထွက်​ပြေးလာခဲ့ရပါတယ်။ သောင်းကျန်းသူနဲ့ ဘန်ကာထဲက မ​ကောင်းဆိုးဝါး​တွေရန်က​နေ လွတ်လာပြီးနောက် ကူးပါးအ​သေခံတပ်ရင်းစခန်းကို ​ရောက်ရှိ သွားခဲ့ပါတယ်။ အဲဒီမှာ စင်ကလဲရားတစ်​ယောက် သူမြင်ခဲ့တဲ့ အရာအ​ကြောင်း ​ပြောပြခဲ့​ပေမယ့် စခန်းတစ်ခုလုံး မယုံ​ခဲ့ပါဘူး။ ဒါ​ပေမဲ့ ထိုညမှာပဲ အဲဒီမ​ကောင်းဆိုးဝါး​တွေက သူတို့တပ်ရင်းထဲ ရောက်လာပြီး စစ်သားတွေကို သတ်ဖြတ်သွားလို့ ကိုယ်​တွေ့ကြုံ လိုက်ရတဲ့ စစ်သား​တွေလည်း စင်ကလဲရား​ပြောတာလက်ခံပြီး အဆိုပါဘန်ကာနဲ့ မ​ကောင်းဆိုးဝါး​တွေကို အမြစ်ဖြတ်​ချေမှုန်းဖို့ ကြိုးစားပါ​တော့တယ် File size…1.3GB / 600MB Quality…1080p AMZ WEBRIP  / 720p Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX

5.6 2022 93 mins
The Lair
Babysitting
6.7

Babysitting (2014) =============== IMDb Rating – 6.7/10 Babysitting ကလေးထိန်းတဲ့ရုပ်ရှင်ကားလေးပေါ့။ မှိုလိုပေါက်နေတဲ့ ကလေးထိန်းကားတွေလို ပိစိညှောင့်တောက်လေးကို ထိန်းရမှာမဟုတ် ဘူးဗျ၊ ၉နှစ် ၁၀ နှစ်ဆိုဒ်ကို ထိန်းရမယ့် adventure ဆန်ဆန်ရုပ်ရှင်ကား လေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကြည့်လို့ကောင်းပါတယ် ။ ဖရန့်က ကာတွန်းဆွဲဖို့အရူးအမူးဝါသနာပါပြီး ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်တော် သူ့သူဌေးက သူ့ကိုရှိမှန်းတောင်မသိပါဘူး။ ဖရန့်က သူဌေးကို ဝင်မိတ်ဆက်မယ်ဆိုပြီး ရုံးခန်းထဲတိုးဝင်တာနဲ့ပဲ သူဌေးက မျက်မှန်းတန်းမိ သွားပါတယ်။ ဖရန့်ရဲ့ဘဝကြီးကို ဇောက်ထိုးဖြစ်အောင်လုပ်မယ့်နေ့ပေါ့။ အဲ့ဒီနေ့မှာ သူ့သူဌေးက ပါတီပွဲတက်စရာရှိလို့ အိမ်မှာကလေးထိန်းဖို့ ဖရန့်ကိုကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ့မွေးနေ့ ၊ ဘဝ တစ်ဆစ်ချိုး အသက်(၃၀)ပြည့်တဲ့မွေးနေ့။ ဒါပေမဲ့ သူလက်ခံခဲ့ပါတယ်.. သူ့အိမ်မက်တွေရှိသေးတယ်လေ။ ဂျစ်ကန်ကန် ကလေးကို ထိန်းရမယ့်အပြင် သူ့မိတ်ဆွေတွေကလည်း မွေးနေ့ပါတီကို ဘော်ဒါ စိတ်အပြည့်နဲ့ ဖန်တီးခဲ့တာဆိုတော့ ဖရန့်တစ်ယောက် ဘယ်လိုတွေတိုင်လည်မလဲ၊ ကလေးနဲ့ဘယ်လို လုံးပါးပါးမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ ပါးပါးကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Action • Adventure • Fantasy
6.7 2014
Babysitting
Great Yarmouth – Provisional Figures
6.9

Great Yarmouth: Provisional Figures (2022) =============================== IMDb Rating – 6.9/10 ဒီဇာတ်ကားလေးကတော့ ၂၀၂၂ ခုနှစ်ကထွက်ခဲ့ပြီး ဒါရိုက်တာ Marco Martins ရိုက်ကူးခဲ့တဲ့ဇာတ်ကာင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Brexit အရေးမတိုင်ခင် ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ UK ရဲ့ Norfolk စီရင်စု Great Yarmouth မြို့ထဲကို ပေါ်တူဂီရွှေ့ပြောင်းအလုပ်သမားတွေအများကြီး၀င်လာ ကြပါတယ်။ အဲဒီအလုပ်သမားတွေက ကြက်ဆင်စက်ရုံတွေမှာ အလုပ်ရှာကြပါတယ်။ ပေါ်တူဂီအလုပ်သမားတွေရဲ့ ဆရာမကြီးဖြစ်တဲ့ Tânia ကတော့အရင် ကအဲဒီ ကြက်ဆင်မွေးမြူထုတ်လုပ်တဲ့စက်ရုံတွေမှာအလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပြီး ဟိုတယ်ပိုင်ရှင် အင်္ဂလိပ်လူမျိုးကိုလက်ထပ်ထားသူပါ။ သူ(မ)က ဗြိတိန်နိုင်ငံသားဖြစ်ဖို့နဲ့ သူ(မ)ယောက်ျားရဲ့ ပျက်စီးစုတ်ပြတ်နေတဲ့ ဟိုတယ်‌ တွေကိုလည်း ပြန်လည်မွမ်းမံပြီး senior citizens home ‌တည်ဆောက်ဖို့ အိမ်မက်ရှိသူပါ။ ဒီဇာတ်ကားလေးမှာဆိုရင် ပေါ်တူဂီအလုပ်သမားတွေရဲ့ဘ၀တွေ၊ သူတို့လုပ် နေရတဲ့ စိတ်ပျက်စရာအလုပ်တွေနဲ့ လူတွေရဲ့စိတ်ဓာတ်ယုတ်ညံ့ပုံတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.84 GB) / (678 MB) / (448 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Theo Kat Encoder……….SWM

Family • Fantasy
6.9 2022
Great Yarmouth – Provisional Figures
Flushed Away
6.6

Flashed Away ဟာ Chicken Run, Shaun The Sheep Movie စတဲ့ Stop-Motion ဇာတ်ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ Aardman Features နဲ့ DreamWork Animation တို့ ပူးပေါင်းဖန်တီးခဲ့တဲ့ ဇာတ်ကားလေး တစ်ကားလည်း ဖြစ်ပါတယ်။ Aardman Features အနေနဲ့ CGI animation ဘက်ကို ခြေလှမ်းစတင်ခဲ့တဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ ပါဝင်တဲ့ Cast တွေ အနေနဲ့ Hugh Jackman (Wolverine), Kate Winslet တို့ အဓိကပါဝင်ထားပြီး Ian Mckellen, Bill Nighy, Andy Serkis နဲ့ Jean Reno တို့လို အကျော်အမော်တွေ ခြံရံထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော့ဒီဆိုတဲ အိမ်မွေးကြွက်လေးတစ်ကောင်ရဲ့ ဘဝနဲ့ စတင်ထားပြီး သခင်တွေခရီးထွက်သွားတုန်းမှာပဲ အိမ်ကြီးတစ်ခုလုံးကို သူ့စိတ်ကြိုက်နေထိုင်ဖို့ စိတ်ကူးနေတဲ့ ရော့ဒီဆီကို ရေဆိုးမြောင်းထဲက ကြွက်တစ်ဖြစ်လည်း ဆစ်ဒ် ရောက်လာချိန်မှာတော့ ရော့ဒီဘဝဟာ ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ပါတယ်. ဆစ်ဒ် လှည့်စားတာခံရပြီး ရေမြောင်းထဲကို အိမ်သာထဲကနေ ဆွဲအချခံခဲ့ရကာ မြို့ကြီးတစ်ခုလို နေထိုင်နေကြတဲ့ ရေမြောင်းကြွက်တွေကြားထဲမှာ သူ့အိမ်ရှိရာ အပေါ်ဆုံးကို ပြန်ရောက်ဖို့ လမ်းကို ရှာဖွေရင်း ကြွက်မလေး ရီတာနဲ့ တွေ့ဆုံခဲ့ရပါတယ်. ရီတာရဲ့ အရှုပ်တွေကြား တစ်နွယ်ငင်တစ်စင်ပါ ဖြစ်ပြီး ဆိုးရွားတဲ့ဖားပြုတ်ကြီး နဲ့ သူ့ရဲ့ ကြွက်လက်အောက် ငယ်သားတွေလက်ကနေ ရှောင်တိမ်းရင် အိမ်အပြန်လမ်းကို ရှာဖွေကြပုံများကို CM က ပရိသတ်များ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.7 GB / 845 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.6 2006
Flushed Away
Reporting for Christmas
5.8

ခရစ္စမတ် နီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာလည်း အသစ်ထွက် ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ကာလလို့ ဆိုကြပါတယ်။ အားလပ်ရက်ရတဲ့အချိန်မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ စားကြသောက်ကြ ပျော်ကြပါးကြ လက်ဆောင်တွေပေးကြနဲ့ပေါ့လေ။ အဲဒီရက်ရဲ့ စိတ်ဝိညာဉ်ကို ကျန်တဲ့ ၃၆၄ ရက်ဆီ သယ်ဆောင်သွားချင်ကြတာမျိုးတဲ့။ အဲဒီလိုထူးခြားတဲ့ခရစ္စမတ်အချိန်လေးကို သတင်းထောက်ဖြစ်သူ မယ်ရီက ပုံမှန်အတိုင်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ အထက်လူကြီးက မထင်မှတ်တဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ခဲ့ရာမှာတော့.. ခရစ္စမတ်မှာ ဖန်တီးခဲ့တဲ့ မစ်ဆယ်တုတ်စ်ဆိုတဲ့ဖားရုပ်လေးရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ရဲ့အဓိကကြော်ငြာရှင်တစ်ဖြစ်လည်း ဂျွန်ဆင်တွိုင်းကုမ္ပဏီအတွက် ဂုဏ်ပြုသတင်း တင်ဆက်ပေးဖို့ပါပဲ။ ဒီလိုနဲ့ပဲ မယ်ရီတစ်ယောက် မလုပ်ချင်လုပ်ချင်နဲ့ ဂျွန်ဆင်တွိုင်းကုမ္ပဏီရှိရာ ဘရွန့်စ်ဝှခ်မြို့ငယ်လေးကို အရောက်သွားရတော့တာပေါ့လေ။ မယ်ရီတစ်ယောက် အထက်လူကြီးဆီကနေ တင်ဆက်မှုကို သူ့စိတ်ကြိုက်ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ကတိကိုအရယူပြီး သက်ဆိုင်တဲ့လူတွေကို အင်တာဗျူးဖို့နဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အမွေဆက်ခံရမဲ့ လက်ရှိပိုင်ရှင်ရဲ့ သားဖြစ်သူ ကိုလူချော ဘရိတ်ခ်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ မထင်မှတ်ထားတဲ့ အကြောင်းအရာတစ်ခုကို သိခဲ့ရပါတော့တယ်။ မယ်ရီက သူ သိခဲ့တဲ့အကြောင်းအရာကို တင်ဆက်မှုမှာ ထည့်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အထက်လူကြီးက လက်မခံခဲ့တဲ့အခါ မယ်ရီတစ်ယောက် ဘယ်လိုမျိုးကြိုးစားပြီး တင်ဆက်ဖို့လုပ်မလဲ.. သူ သိခဲ့တဲ့အကြောင်းအရာကရော ဘာများလဲ.. နောက်ဆုံးမှာ သူ တင်ဆက်ချင်သလို တင်ဆက်ခွင့်ရနိုင်ပါ့မလား.. သူနဲ့ မြို့ငယ်လေးက ကိုလူချောဘလိတ်ခ်ရဲ့ အနာဂတ်ကရော ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.55 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.8 2023 90 mins
Reporting for Christmas
One Life
7.7

Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ… ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာ တီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ…။ ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့ လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်… ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာ ချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကို အလည်သွားရာကစခဲ့ပါတယ်…။ အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီး ဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုကိုတောင်းပါတယ်…။ စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကို လိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံ ဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့ အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့် အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာ စစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကို စစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်…။ ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီး အသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လို ကယ်တင်နိုင်မှာလဲ….။ Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကို တော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေး တစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာ Nicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များ ဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ…။ သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ…။ File size…2.02GB / 720MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.7 2023 109 mins
One Life
Scoop
6.6

ဗြိတိန်အင်ပါယာရဲ့ဘုရင်မကြီး”အဲလစ်ဇဘတ်”ရဲ့တတိယမြောက်သားဖြစ်သူ မင်းသား”အန်ဒရူး” ဟာ အသက်မပြည့်သေးသောကောင်မလေးတစ်ဦးကိုဖိအားပေးပြီးလိင်ပိုင်းဆိုင်ရာစောက်ကားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ဂယက်ရိုက်ခဲ့ပါတယ် အဲ့ကိစ္စနဲ့ပက်သက်ပြီး 2019 ခုနှစ်မှာ BBCရဲ့ Newsnight ဆိုတဲ့ သတင်းအစီအစဥ်မှာ အင်တာဗျူးလုပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့လိုလုပ်လိုက်တာက အကြီးအကျယ်ပိုဆိုးသွားပြီး နောက်ဆုံးမှာ မင်းသား”အန်ဒရူး”ဟာ သူ့ရဲ့တော်ဝင်အရိုက်အရာရာထူးအာဏာတွေကိုစွန့်လွှတ်လိုက်ရတဲ့အထိဖြစ်သွားပါတယ် ဒီဇာတ်ကားကတော့ မင်းသား”အန်ဒရူး”ကိုအင်တာဗျူးဖို့အတွက် BBCမှသတင်းထောက်တွေဘယ်လိုမျိုးကြိုးစားခဲ့ရသလဲ ဘယ်လိုစီစဥ်ခဲ့ရသလဲဆိုတော့ သတင်းမီဒီယာသမားတွေရဲ့အကြောင်းကိုအတွင်းကျကျရိုက်ကူးပြထားတာဖြစ်ပါတယ် ဒါကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ “Biography Film”လေးပါ File size…(1.15 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.6 2024
Scoop
Forest of Death
4.8

Forest of Death (2023) =============== ဇာတ်လမ်းအကျဉ်း – Deanနဲ့Samရဲဲ့Supernaturalကြည့်ဖူးသူဆိုရင် ၀င်ဒီဂိုဆိုတဲ့မကောင်းဆိုးဝါးနဲ့ စိမ်းမယ်မထင်ပါဘူး။ အသွင်ပြောင်းနိုင်ကောင်တွေဖြစ်ပြီး လူတွေရဲ့အသံကိုတုပပြီး ရုပ်ကိုလည်းပုံစံတူအောင်လုပ်နိုင်ကြတဲ့ကောင်တွေပါ။ ဒီကားထဲမှာဆိုရင် သူငယ်ချင်းလေးယောက် တောအုပ်ဘေးက သစ်သားအိမ်လေးကို ပိတ်ရက်အပန်းဖြေဖို့လာရင်း ၀င်ဒီဂိုရဲ့ သားကောင်ဖြစ်သွားကြပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါ။ ဒီကားလေးက horror/thrillerဖန်တွေအကြား ခရမ်းချဉ်သီးပုပ် ၁၀၀အပြည့်ရထားတဲ့အတွက် ကြိုက်သူ မကြိုက်သူတွေ ဝေဖန်မှုအများဆုံးကားတွေထဲကတစ်ကားပါ။ ဇာတ်ကားပေါ်မှာ တစ်ယောက်ချင်းစီရဲ့ခံစားမှုအရသာကလည်း မတူညီနိုင်တဲ့အတွက် ကောင်းလား မကောင်းဘူးလားဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုဆုံးဖြတ်ပေးကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Soe Thiri Swe ပါ ) File size_(500MB) Quality_Blu-Ray 720p Format_mp4 Duration_01:05:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe

4.8 2023
Forest of Death
Coach Carter
7.3

Coach Carter (2005) ************************ IMDb…7.3,,,Rotten….64% Richmond အထက်တန်းကျောင်း ဘတ်စကတ်ဘော အသင်းဟာ တစ်ရာသီလုံးမှာ (၄)ပွဲသာအနိုင်ရရှိထားတယ်… နည်းပြအနေနဲ့လည်း ရစ်မန်းမြို့ရဲ့ လူနေမှုစရိုက်နဲ့ ပေါက်ဖွားလာတဲ့ ကျောင်းသား ဘတ်စကောဘော အားကစားသမားတွေကို ထိန်းချုပ်ရတာလည်း မလွယ်ကူလှဘူး….ပွဲတွေရှုံးရတဲ့ အကြောင်းရင်းကလည်း အားကစားသမားတွေရဲ့ အရည်အချင်းကြောင့်ဆိုတာထက် အခြေခံစိတ်ဓာတ်ကြောင့်လိုဖြစ်နေတယ်…ဒီလိုလူတွေကိုနည်းပြသစ်ခန့်ဖို့ Carter ကြီးကို ကမ်းလှမ်းကြတယ်… အားကစားသမားတွေရဲ့အခြေအနေနဲ့မြို့ရဲ့လူနေမှုစရိုက်ကို သိတဲ့ Carter ကြီးက သူ့စိတ်ကြိုက်နည်းပြခွင့်ရရင် လုပ်မယ်ဆိုပြီး သဘောတူလိုက်တယ်… ဒီကားက ဘတ်စကတ်ဘော အားကစားသမားဖြစ်တဲ့ Ken Carter ရဲ့ နည်းပြဘဝကိုဖြစ်ရပ်မှန်ရိုက်ကူးထားတာပါ… Cater ရဲ့နေရာမှာတော့ Mother…f*****ကြီးလို့ လူသိများတဲ့ Samuel L.Jackson ကသရုပ်ဆောင်ထားပါတယ်… ဒီကားထဲမှာတော့ တစ်လုံးမှကိုမဆဲတတ်တဲ့ အလွန်ယဉ်ကျေးတဲ့ Samuel ကြီးကိုခင်ဗျားတို့တွေ့ရလိမ့်မယ်.. Carter ဟာ သူငယ်စဉ်အားကစားသမားဘဝထဲက ရစ်မန်ရဲ့လူနေမှုစရိုက်တွေကို ခါးသီးခဲ့ပုံရတယ်.. ဒါ့ကြောင့် သူ့ခြေသူ့လက် အားကစားသမားအားလုံးကိုထိန်းချုပ်ခွင့်ရမယ်ဆိုတဲ့သဘောတူညီချက်အတိုင်း နည်းပြပါတော့တယ်… သူရင်ဆိုင်ရတာတွေက တကယ့်ကိုမလွယ်ပါဘူး..စည်းကမ်းပျက် အသင်းသားတွေ အားကစားတစ်ခုပဲအားပေးတဲ့ မိဘတွေ ၊သူ့ရဲ့လုပ်ရပ်တွေကို စိတ်ပျက်နေတဲ့ဆရာတွေ တကယ့်ကိုမှ အများကြီးပါပဲ….သူ့လုပ်ရပ်တွေက ကျောင်းအုပ်နဲ့တောင် ထိပ်တိုက်ရင်ဆိုင်နေတဲ့အဖြစ်မျိုးပါ.. နည်းပြကြီးဘယ်လို စနစ်တွေကျင့်သုံးမလဲ…သူအောင်မြင်ပါ့မလား… ပြောရရင် ဒီကားက ဘစ်စကတ်ဘောအားကစားဆိုတာထက်အများကြီးပိုတယ်… scene တိုင်းဟာ တန်ဘိုးရှိတယ်…ပြသချိန် ၂နာရီ၁၆မိနစ်မှာ မပြီးပါစေနဲ့လို့ ကယောင်ကတမ်းဆုတောင်းမိတဲ့ကားမျိုးပါ… တယုတယနဲ့ တန်ဘိုးထားပြီး မဖျက်သင့်တဲ့ ခင်ဗျားတို့ ရဲ့ ချစ်စရာ ဇာတ်ကားစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံတယ်… File Size : 2.74GB/ 1.21GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:16:00 Genre : Biography, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Science Fiction • Horror • Thriller
7.3 2005 136 mins
Coach Carter
Lion
8

Lion (2016) IMDb Rating (8.0)/ Rotten Tomatoes ( 84%) Nominated for 6 Oscars. Another 59 wins & 98 nominations ဆိပ်ကမ်းမဲ့တဲ့မြစ် (Lion – 2016) ====================== အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှာ Saroo လို့ ခေါ်တဲ့ ငါးနှစ်သား ကလေးငယ်လေးအဖို့တော့ ဘဝဟာ ပျော်စရာအတိပါပဲ။ အကိုဖြစ်သူ Guduu နဲ့အတူ ရထားပေါ်တက်၊ကျောက်မီးသွေးတွေခိုး၊ အစောင့်တွေ့သွားရင် ရထားပေါ်က ခုန်ချ၊ မုန့်ဆိုင်ကို မီးသွေးပြန်ရောင်း၊ ရတဲ့ ငွေက မုန့်ဖိုးပဲဖိုးပေါ့။ အမေက ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ လုပ်တယ်။ ညီမအငယ်ဆုံးလေး တစ်ယောက်လည်း ရှိသေးရဲ့။ ဆင်းရဲပေမယ့် အရမ်းချစ်ကြတဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။ အကို Guduu က ညဘက်ဆိုလည်း ရထားဘူတာမှာ ကုန်ထမ်းတဲ့ အလုပ်,လုပ်ရသေးတယ်။ ယောကျ်ားလေးပီပီ Saroo ကလည်း အကိုနဲ့ လိုက်ချင်တယ်။ အကိုက တားပေမယ့် ဇွတ်လိုက်ချင်တယ် လုပ်နေတာနဲ့ ခေါ်သွားရတယ်။ ညီလေးကို ချစ်တာကိုး။ ပိုက်ဆံရရင် မင်းကြိုက်တဲ့ စလေဘီမုန့် ဝယ်ကျွေးမယ်တဲ့။ ရွာနဲ့နီးတဲ့ မီးရထားဘူတာလေးကို ညီအကို နှစ်ယောက် ရောက်လာခဲ့ကြတယ်။ ဘူတာရုံလည်းရောက်ရော ညီလေး Saroo က အိပ်ချင်ပြီ ဆိုပြီး ခုံတန်းလျားပေါ် လှဲအိပ်တော့တာပဲ။ အကိုက ထပါ ခေါ်လည်း မရတော့ဘူး။ အဲဒါနဲ့ ”ညီလေး ဒီမှာ အိပ်စောင့်ဦး အကို အလုပ်သွားလုပ်မယ်၊ အကို ပြန်လာရင် စလေဘီ ဝယ်ခဲ့မယ်” ဆိုပြီး ခဏထားခဲ့တယ်။ Saroo တရေးနိုးလာတော့ ညသန်းခေါင်အချိန်..ဘူတာထဲမှာ လူသူမရှိ တိတ်ဆိတ်လို့။ အကိုလည်း ပြန်မလာသေးဘူး။ ဘူတာစင်္ကြန်မှာ ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ ရထားတစ်စင်းက ထိုးစိုက်ထားတာလည်း တွေ့တယ်။ ကလေးပီပီ စူးစမ်းစိတ်နဲ့ ရထားတွဲပေါ်တက်၊ ဟိုဟိုဒီဒီကြည့်ရင်း တရေးအိပ်ပျော်သွားပြန်ရော။ Saroo ခုတခါ နိုးလာတော့ ရထားက အရှိန်နဲ့ ခုတ်မောင်းနေပြီ။ ဖြစ်ချင်တော့ သူတက်အိပ်နေတဲ့ ရထားဟာ ခရီးသည်မတင်ဘဲ တွဲအလွတ်တွေချည်းပဲ ဆွဲပြီး ထွက်လာတဲ့ ရထားပါ။ ကလေး ပါလာမှန်းလည်း ဘယ်သူမှ မသိဘူး။ အပြင်ကနေ lock ချပြီး ဘူတာစဉ် မရပ်နားဘဲ ခုတ်မောင်းနေတဲ့ ရထားပေါ်က Saroo အဖြစ်ဟာ ကူရာမဲ့ကယ်သူမဲ့ပါပဲ။ ရထားခရီးစဉ်က နှစ်ရက်ကြာမြင့်ခဲ့ပြီ။ မျက်ရည်စက်လက်နဲ့ Saroo ခင်မျာတော့ ခုံအကြိုအကြားက စားကြွင်းစားကျန်တွေ ရှာစားပြီး အိပ်လိုက်၊ ဘယ်နေရာမှန်း မသိတဲ့ ရထား အပြင်ကို ငေးမောလိုက်နဲ့ လိုက်ပါလာရတယ်။ ဒါနဲ့ ရထားဟာ ကာလက္ကတားမြို့ ဘူတာကြီးကို ဆိုက်ရောက်တော့မှ Saroo လည်း ရထားပေါ်က ဆင်းလို့ ရတော့တယ်။ ဘယ်အရပ်ဒေသမှန်းမသိ၊ လူတွေ ပျားပန်းခတ်မျှ ရှုပ်ထွေးနေတဲ့ ဘူတာရုံ၊ ဒေသမတူလို့လည်း ဘာသာစကားကလည်း မတူ၊ အမေ နဲ့ အကိုကို တမ်းတရင်း ငိုနေတဲ့ ၅ နှစ်သား ညစ်ထေးထေး ကလေးငယ်ကို ဘယ်သူကမှ အရေးတယူလုပ် မလုပ်ကြ။အမှန်တော့ Saroo တစ်ယောက် အိမ်နဲ့ မိုင်ထောင်ချီဝေးရာ အရပ်ကို ရောက်နေပါပြီ။ အိမ်မဲ့ယာမဲ့ကလေးတွေ ကြားမှာ ရောအိပ်၊ ကလေးဖမ်းသူတွေနဲ့ တွေလို့ ထွက်ပြေး၊ လူပွဲစားတွေ လက်က ထွက်ပြေး၊ ဘူတာနားမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ အမှိုက်ကောက်စား။ ရဲနဲ့တွေ့တော့လည်း Saroo ပြောတဲ့ သူ့ရွာနာမည်ကို ရဲက နားမလည်။ ငါးနှစ်သားဆိုတော့လည်း ပြည်နယ်တွေ၊ ခရိုင်တွေ၊ မြို့တွေ မပြောတတ်၊ သူပြောတဲ့ရွာနာမည်ဆိုတာလည်း သူ ခေါ်တတ်သလို ခေါ်တာ၊ မှန်ချင်မှ မှန်မယ်။ လူမှုဝန်ထမ်းက သတင်းစာမှာ ကြော်ငြာထည့်ပေးပေမယ့် ပြည်နယ်တွင်းဖြန့်တဲ့ သတင်းစာဟာ မိုင်ထောင်ချီဝေးတဲ့ Saroo တို့ ဒေသကို ဘယ်ရောက်ပါ့မလဲ။ ရောက်ရင်လည်း ဇနပုဒ်မှာ နေတဲ့ စာမတတ် ပေမတတ်အမေက ဘယ်ဖတ်တတ်မတုန်း။ နောက်တော့ မိဘမဲ့ဂေဟာမှာ ဆင်းဆင်းရဲရဲနေရတဲ့ Saroo ရဲ့ ဘဝကြမ္မာအလှည့်အပြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ သြစတေးလျမှာနေတဲ့ Brierly ဇနီးမောင်နှံက Saroo ကို မွေးစားဖို့ ကမ်းလှမ်းလာပါတယ်။ မိသားစုနဲ့ ပြန်တွေ့ဖို့ သမုဒ္ဒရာထဲ အပ်ပျောက်ရှာသလို ခဲယဉ်းသွားပြီဖြစ်တဲ့အတွက် Saroo လည်း အိမ်နဲ့ ဝေးသထက်ဝေးရာ တိုင်းတပါးက မိဘအသစ်တွေဆီ ရောက်ရှိလာပါတော့တယ်။ အနေအေးပြီး ညဏ်ကောင်းတဲ့ Saroo ကို မွေးစားမိဘနှစ်ပါးက သားအရင်းနဲ့ မခြား ချစ်ခင်ကြပြီး လိုလေသေးမရှိအောင် စောင့်ရှောက်ပေး ပြုစုပျိုးထောင်ပေးခဲ့တယ်။ မိသားစုနဲ့ ကွဲကွာအပြီး ၂၅ နှစ်အကြာ Saroo လည်း အရွယ်ရောက်၊ Brierly မိသားစုရဲ့ သားလိမ္မာတစ်ယောက် ဖြစ်နေပါပြီ။ မဲလ်ဘုန်းက တက္ကသိုလ်တစ်ခုမှာ ပညာသင်ယူရင်း အိန္ဒိယနိုင်ငံက ကျောင်းလာတက်သူ သူငယ်ချင်းတွေနဲ့ ဆုံမှ နှစ်ပေါင်းများစွာ ဝေးနေရတဲ့ သူ့အိမ်၊ သူ့ မိသားစုကို ပြန်ရှာဖို့ လမ်းစကို စဉ်းစားမိပါတော့တယ်။ သူမှတ်ထားတဲ့ ရွာနာမည်ကလည်း လွဲနေတော့ အိမ်ကို ရှာဖို့က အရမ်းခဲယဉ်းတယ်။ သူမှတ်မိတာ သူ့ကို အရမ်းချစ်တဲ့ အမေ၊ သူ့ကို အရမ်းဂရုစိုက်အလိုလိုက်တဲ့ အကို၊တောတန်းလေးကို ဖြတ်ပြန်ရတဲ့ သူ့ရွာလေး၊ အမေနဲ့အတူ ကျောက်သယ်ရတဲ့ ကျောက်တောင်ကုန်းတွေ၊ ညီအကိုနှစ်ယောက် ရေချိုးကြတဲ့ ရထားလမ်းဘေးက ဆည်လေး။ တကယ်တော့ Saroo ဟာ ၂၅ နှစ်လုံးလုံး တစ်ရက်မှ မပျော်ခဲ့ရဘူး။ ဘယ်ဆီရောက်နေမှန်း မသိတဲ့ မိသားစုကို လွမ်းဆွတ်စိတ်ကြောင်း တမြေ့မြေ့ခံစားနေရတယ်။ အိပ်မက်ထဲမှာ အမေ့ဆီ ပြန်ရောက်နေတယ်လို့ပဲ မက်တယ်။ အရွယ်ရောက်လာလေ စိတ်ထိခိုက်ကြေကွဲရလေပဲ။ သူ့နာမည်ကို တကျော်ကျော်အော်ခေါ်ပြီး ရှာနေမယ့် အကို၊ သေလားရှင်လား မသိတဲ့ သားအတွက် သောကဖိစီး ငိုကြွေးနေမယ့် အမေ တို့ကို မြင်ယောင်ရင်း ကြေကွဲဝမ်းနည်းမိရတယ်။ အထူးသဖြင့် မွေးစားမိဘများ ကျေးဇူးကြောင့် ရပ်ဝေးမှာ ကောင်းကောင်း နေထိုင်၊စားသောက်နေရချိန်မှာ ဆင်းရဲတဲ့ သူ့ မိသားစုကို အတွေးထဲမှာ ပုံဖော်ကြည့်ပြီး စိတ်ထိခိုက်ရပြန်တယ်။ Saroo တစ်ယောက် ကောက်ရိုးပုံထဲ အပ်ရှာသလို လူဦးရေ သန်းထောင်ချီရှိတဲ့ အိန္ဒိယက မွေးရပ်မြေ၊ မိသားစုကို ပြန်တွေ့ဖို့ ကြိုးပမ်းရတဲ့ ရှာပုံတော်ခရီးဟာ………… ====================================== လူဦးရေ သိပ်သည်းဆ များပြားပြီး ဆင်းရဲနွမ်းပါးသူပေါများတဲ့ အိန္ဒိယမှာ နှစ်စဉ် ကလေးပျောက်မှု ၈၀၀၀၀ လောက် ပျမ်းမျှ ဖြစ်ပွားလေ့ရှိသတဲ့။ Saroo ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ အဲဒီလို ဖြစ်စဉ်ပေါင်းများစွာထဲက တစ်ခုပါ။ ဒီရုပ်ရှင်ဟာ ကာယကံရှင် Saroo Brierly ရေးတဲ့ A long way home စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အစအဆုံး ဇာတ်ဝင်ခန်းတွေ တစ်ခန်းချင်း ကြည့်နေရင်း တကယ့် ဖြစ်ရပ်ပါလားဆိုတဲ့ အသိကြောင့် ကာယကံရှင်တွေရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှူသူကိုပါ အရှိန်ဟပ်စေပါလိမ့်မယ်။ မိသားစုနဲ့ခွဲနေရလို့ အိမ်လွမ်းသူ ကျွန်တော့်အဖို့လည်း သေမှန်းမသိ၊ ရှင်မှန်း မသိ ရှင်ကွဲကွဲနေရတဲ့ သူတို့မိသားစုထက်စာရင် တော်ပါသေးလားလို့ ဖြေတွေးတွေးရပါတယ်။ ကိုယ်တွေရဲ့ အလွမ်းဟာ Saroo နဲ့ ယှဉ်ရင် ကလေးကစားစရာလောက်ပဲ ဖြစ်နေမလားဘဲ။ Dev Patel၊ Rooney Mara၊ Nicole Kidman စတဲ့ သရုပ်ဆောင်ကောင်းများ ပါဝင်ထားပြီး အော်စကာတစ်ကြို ၆ ဆု စာရင်းပါခဲ့တဲ့ကားပါ။ ကလေးသရုပ်ဆောင်များရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုများကလည်း ချီးကျူးထိုက်ပါတယ်။ ဝတ္ထုပုံပြင်တွေထက် ဆန်းကြယ်တဲ့ တကယ့် ဘဝဖြစ်ရပ်မှန် ဇာတ်လမ်းကောင်တစ်ကားမို့ ကြုံကြိုက်ရင် ကြည့်ဖြစ်အောင် လက်တို့ညွှန်းဆိုလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Phyo Myint Wai FB မှ ကူးယူဖော်ပြပါသည်။)

Comedy • Drama
8 2016 118 mins
Lion