YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Raging.Fire.2021.1080p.BluRay.HEVC.AAC.2.0 Audio.mkv

1.69 GB N/A video/x-matroska 3170 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dark Nature
6.2

ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်ပြီး Horror အမျိုးအစား​ဖြစ်ပါတယ်။ Jigsaw နဲ့​ The​ Purge မှာပါဝင်ခဲ့တဲ့ Hannah Anderson က အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ဂျွိုင်း​ (Hannah Anderson) ဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်သူ​ ဒဲရက်ရဲ့​ အကြမ်းဖက်​နှိပ်စက်​မှုတွေကြောင့်​ စိတ်ဒဏ်ရာရနေသူဖြစ်ပါတယ်။ ဒါကြောင့်​ သူငယ်ချင်းဖြစ်သူ ကာမင်​က​ ဂျွိုင်း​ကို​ စိတ်​ရောဂါပညာရှင်ဒေါက်တာဒန်လေ​ရဲ့​ တောနက်ကြီးထဲမှာ ခရီးထွက်ရင်း​ သဘာဝတရားနဲ့ထိတွေ့ပြီးစိတ်​ဝေဒနာတွေကိုကုသမဲ့ ကုထုံးအစီအစဥ်မှာပါဝင်စေခဲ့တယ်။ ဂျွိုင်း​တို့နှစ်ယောက်က​ ဒေါက်တာ​ဒန်လေရဲ့ဦးဆောင်မှုအောက်မှာ သူမတို့လိုပဲ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေသူအမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံပြီး​ ငါးယောက်သားအတူခရီးထွက်ခဲ့ကြပါတယ်။ ခရီးစပြီးမကြာမီ ဂျွိုင်း​တစ်ယောက်​ တောထဲမှာ သူတို့ကိုနောက်ယောင်ခံ​လိုက်နေသူတစ်ဦးရှိနေတယ်လို့ သံသယဝင်လာပါတော့တယ်။ မကြာခင်သူတို့ငါးယောက်ဟာ သူတို့အတိတ်ကခြောက်လှန့်နေတဲ့အဖြစ်အပျက်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုကို လူသူမနီးတဲ့တောတောင်ထဲမှာ​ ကြုံတွေ့​ရပါတော့တယ်။ သဘာဝတရားဖြစ်တဲ့​ တောတောင်ရေမြေတွေနဲ့ထိတွေ့ခြင်းက စိတ်ဝေဒနာဒဏ်ရာတွေကို​ ကုသပေးတယ်ဆိုပေမဲ့ ဂျွိုင်း​တို့အတွက်ကတော့ ဒီသဘာဝတရားက​ သူတို့စိတ်ဒဏ်ရာတွေကိုကုသပေးမလား ပိုပြီးဆိုးဝါးတဲ့စိတ်ဒဏ်ရာတွေကို ပေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာသာပြန်သူ​က​ Wolfenheim​ ဖြစ်ပါတယ်။ File size…(1.3 GB)/(780 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Drama
6.2 2023 85 mins
Dark Nature
Karma Strikes
6

Karma Strikes (2023) IMDb-6/10 ဇာတ်ကားနာမည်ကိုက ကံကြမ္မာရဲ့ရိုက်ချက် ..အကြောင်းအကျိုးဒွန်တွဲနေတဲ့ ဒီလောကကြီးမှာ ဝဋ်ကြွေးအတွက် ပြေးလွတ်ရာလမ်းဆိုတာ မြူတစ်မှုန်စာတောင်မရှိ အဆင်သင့်ဖြစ်မနေရင်တောင် အချိန်တန်လို့ ကြွေးဟောင်းဆပ်ချိန်ကျရင် အကုန်လွှတ်ချခဲ့ရတာပါပဲ ‌ဒီကားဟာဆိုရင် သူချစ်ခင်တို့လိုလည်း လောင်ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ပယောဂဆန်ဆန် ကြောက်နေရမှာပါ ဇာတ်ကားကြည့်ပြီးရင်လည်း အတွေးတစ်ခုစီကျန်နေခဲ့မယ့် အချစ် ၊ သည်းထိတ်ရင်ဖို အဆွေး ရသအစုံခံစားချင်တဲ့သူတွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ ဒီကားလေးကိုတော့ လက်လွှတ်မခံကြဖို့ ညွှန်းဆိုရင်း… ဇာတ်လမ်းအညွှန်း…. အန်နေးလ်နဲ့ဆိုနီတို့ကနေရလာတဲ့ တစ်ဦးတည်းသောသမီးလေး ဆိုနမ် အန်နေးလ်က တစ်ဦးတည်းသောသမီးလေးကို ချစ်လွန်းလို့ စာသင်တာတောင်အိမ်မှာပဲ မျက်စိအောက်ကအပျောက်မခံသင်စေချင်တယ် ဒီသမီးလေး ၂၃ နှစ်ပြည့်မွေးနေ့မှာ မွေးနေ့လက်ဆောင်အနေနဲ့ ချစ်သူ‌နဲ့တွေ့ပေးဖို့ပြောလာတော့ အန်နေးလ်တစ်ယောက်အလွယ်တကူသဘောမတူခဲ့ပါဘူး ‌အေဂျင်စီတွေနဲ့ငှားပြီး နောက်ကြောင်းရာဇဝင်တွေစုံစမ်းသည်ထိပါပဲ သင့်တော်တဲ့သူ၊သမီးကလည်းအရမ်းချစ်နေသူမို့ သဘောတူလိုက်ပါပြီ ဒီလိုနဲ့ သူတို့ မိသားစုလေးပျော်ရွှင်ရတော့မယ်လို့ ထင်တဲ့အချိန်မှာ ချစ်သမီးကနင်ပဲငဆတွေပြောပြီး ထဖောက်ပါတော့တယ် ဆရာဝန်ကတော့စိတ်ရောဂါတစ်မျိုးဘာညာပြောနေပေမဲ့ အန်နေးလ်ကတော့ တစ်ခုခုကိုသိနေတဲ့ပုံပါပဲ သမီးကသာ အရာရာ သမီးကိုအရမ်းချစ်တတ်တဲ့ ဖခင်တစ်ယောက်… သူသိထားတာဘာများဖြစ်မလဲ…. ဇာတ်အလှည့်အပြောင်းလေးတွေမှာ မတူညီတဲ့အတက်အကျလေးတွေနဲ့ ကိုယ်တိုင်ပဲကြည့်ရှူခံစားကြည့်ပါဦး (အညွှန်းရေးသားသူကတော့ BpL နဲ့ Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ BpL, Yunni, Cherry, Aditi တို့ပဲဖြစ်ပါတယ် )

Comedy • Action • Thriller
6 2023
Karma Strikes
Old Man
4.8

Old Man (2022) ============ Horror ကားကို ဘာဆက်ဖြစ်မလဲဆိုပြီး အဆုံးထိ ရင်တထိတ် ထိတ်နဲ့ ကြည့်ချင်ကြသူတွေ အကြိုက်တွေ့ကြမယ့် ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ဂျိုးဆိုတဲ့ကောင်လေးတစ်ယောက် တောထဲမှာ လမ်းပျောက်ပြီး တောထဲက သစ်လုံးအိမ်လေးဆီ ရောက်သွားရာ ကနေ စပါတယ်။ ကူကယ်ရာမဲ့နေရာကနေ ကယ်တင်ရှင်တွေ့ပြီဆိုပြီး ဝမ်းသာအား ရနဲ့ သစ်လုံးအိမ်ထဲ ဝင်သွားခဲ့ပေမဲ့ အထဲမှာ ရူးကြောင်ကြောင် အဘိုးကြီးတစ်ယောက်နဲ့ တွေ့ပြီး နှစ်ယောက်သား ဘယ်လိုတွေ နှစ်ပါးသွားကြမလဲဆိုတာကြည့်ရှုကြရမှာပါ။ တဲအိမ်လေးထဲမှာပဲ ပြီးသွားတဲ့ ဇာတ်ကားဖြစ်ပေမဲ့ မထင်ထားတဲ့ plot twist တွေလည်း ပါဝင်တာကြောင့်ကြည့်ပျော်တဲ့ ဇာတ်ကားပါ။ ရူးကြောင်ကြောင် အဘိုးကြီးအဖြစ် Avatar ကားထဲက မင်းသားကြီး Stephen Lang က သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.23 GB) / (460 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator……Roman Nox Encoder……….Zin Phyo Aung

4.8 2022 98 mins
Old Man
Carry on Jatta 3
7.4

Carry on Jatta 3 (2023) IMDb-7.5/10 ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။ သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။ ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့် အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို အဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။ အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါ ဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ ချွေးမအတုရှာကြတဲ့အခါမှာတော့။ သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်)

Thriller • Drama • Horror
7.4 2023
Carry on Jatta 3
Fallen Leaves
7.5

Fallen Leaves (2023) ~ IMDb – 7.5/10, RT – 98%, Meta – 86% ~ ” ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်… “ ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ ” ဘာဆိုင်လို့လွမ်းတာလဲ” ” ဘာမှမဆိုင်လို့ကို လွမ်းတာပါ” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒီရုပ်ရှင်က Aki Kaurismäki ရဲ့ ကျောမွဲလူတန်းစားတွေအကြောင်းရိုက်ထားတဲ့ Proletariat Trilogy ထဲကို လေးကားမြောက်ထပ်ဖြည့်ထားတဲ့ကားဆိုတော့ ကျောမွဲလူတန်းစားအကြောင်း ဇာတ်ပဲ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်၂ကောင်လုံးက လူမရိုသေရှင်မရိုသေအလုပ်တွေ လုပ်နေရတဲ့ ဒီနေ့အလုပ်မလုပ်ရင် မနက်ဖြန်ငတ်သွားနိုင်တဲ့ လူတွေထဲကလူတွေပဲ။ Kaurismäki ဟာ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးလောက်အထိကို သူတို့အချစ်ဇာတ်ကို မပြသေးဘဲ သူတို့ရဲ့ ကျောမွဲလူတန်းစားဘဝကို အရင်ပြတယ်။ တကယ်တမ်း သူတို့ဆုံစည်းခြင်း ချစ်ကြိုက်ခြင်းကိုပြတော့လည်း တာကော့စကီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဆန့်ကျင်စွာပဲ ခုတွေ့ ခုကြိုက် ခုချစ် ပုံစံမျိုးကို ရောက်သွားတယ်။ အမှတ်တမဲ့ဆို မမြင်သာနိုင်အောင်လောက်ပဲ ချစ်တယ်ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမပါခဲ့ဘူး။ ဒါကလည်း မဆန်းပါဘူး။ သက်လတ်ပိုင်း တစ်ကိုယ်တော်လူတစ်ယောက်နဲ့ သက်လတ်ပိုင်း အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေများ ရွေးချယ်စရာများများစားစားရှိမှာလဲ။ ဒီတိုင်းဘဝဆိုတာကို ဒီတိုင်းလက်ခံလိုက်ကြရမှာပဲ။ ဒါပေမဲ့ ကံက သူတို့ဘက်မရှိပေမဲ့ ဒီအချစ်ကို သူတို့လက်မလျှော့လိုက်တဲ့အချက်ကတော့ သဘောကျစရာကောင်းနေတယ်။ Fallen Leaves ဟာ ရိုးရိုးလေးပါပဲ။ ဒီလိုရိုးရိုးလေးဆိုတဲ့ ဘာထူးထူးခြားခြားမှမပါတဲ့ ဇာတ်လမ်းတွေကို မကြိုက်တတ်ရင် Fallen Leaves ဟာ ခင်ဗျားအတွက်မဟုတ်လောက်ဘူး။ ဒီလို ရိုးရိုးလေးဆိုတဲ့ အရာရာပါနေတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ ဒီဇာတ်လမ်းဟာ ခင်ဗျားအတွက်ဖြစ်လောက်မယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုက ကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်က သီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်​ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့ ၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ Nat King Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲ ဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်း ဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလို ခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့ သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။ Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်ကြိုးကလွဲ ဘာမှမပိုင်ဆိုင်နိုင်တဲ့ သူတို့ရဲ့ဘဝမှာတော့ ဒီဇာတ်လမ်းဟာ ကြီးကျယ်ခမ်းနားနေမှာပါပဲ။ Fallen Leaves ထဲက အချစ်ဇာတ်ဟာ သစ်ရွက်ကြွေတို့ရဲ့အတိတ်တစ်ခုပေါ့။ မျက်လုံးကိုမှိတ်ပြီးနားထောင်ကြည့်ရင်တော့ တိတ်ဆိတ်လွန်းတဲ့ သစ်ရွက်ကြွေသံကို ခင်ဗျားကောင်းကောင်းကြားရမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီသစ်ရွက်အသေတွေအကြောင်းပေါ့။ ဒါဟာ… မလှပခြင်းနဲ့ လှပနေတဲ့၊ လှပခြင်းနဲ့ မလှပနေတဲ့ သစ်ရွက်အသေတို့ရဲ့ ဂီတ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 21Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 2023 81 mins
Fallen Leaves
Eye for an Eye 2
6.1

2023 တုန်းက ထွက်ရှိထားတဲ့ Eye For An Eye ( 2023 ) – Channel Myanmar ရဲ့ အဆက်ပဲဖြစ်ပါတယ်..အရင်ကားကြည့်ချင်ရင်တော့အပေါ်လင့်လေးမှာ ထောက်ကြည့်နိုင်ပါတယ် Eye for an eye 2 မှာ မျက်မမြင်သူရဲကောင်းဟာ တရားရုံးတော်က ဆုကြေးဝရမ်းထုတ်ထားတဲ့ လူဆိုးတွေကိုဖမ်းတဲ့ ကြေးစားတစ်ယောက်အဖြစ်လုပ်ကိုင်ပြီးနေခဲ့တယ်။ သူနေတဲ့မြို့မှာ အဖေ့ရဲ့ရာထူးကိုအားကိုးပြီး လူ့အသက်ကိုတန်ဖိုးမထား ထင်ရာဆိုင်းနေတဲ့ လူ့အမှိုက်တစ်ယောက်က သောင်းကျန်းနေပါတယ်။ ကံဆိုးစွာနဲ့ အဲဒီလူရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ကလေးလေးတစ်ယောက်ကို မျက်မမြင်သူရဲကောင်းက မထင်မှတ်ပဲကယ်မိရာကနေ ကလေးလေးကသူ့နားမှာပဲတွယ်ကပ်နေပါတော့တယ်။ ကလေးလေးကလက်စားချေပေးဖို့ အကြိမ်ကြိမ်ပြောပေမယ့် လက်စားချေခြင်းဆိုတဲ့မပြန်လမ်းကိုမလျှောက်စေချင်တဲ့အတွက်အကြိမ်ကြိမ်ငြင်းခဲ့တယ်။ ကံကြမ္မာကထင်သလိုမဖြစ်လာတော့ မျက်ကန်းသူရဲကောင်းတစ်ယောက် ကလေးလေးကိုကူပြီးလက်စားချေဖို့ဖြစ်လာခဲ့တယ်။ Eye for an eye အရင်ကားကိုကြည့်ဖူးသူတွေကိုတော့ မျက်ကန်းကြီးဘယ်လိုကြမ်းမလဲဆိုတာ ထူးထွေပြီးပြောပြနေစရာမလိုပါဘူး။ မကြည့်ဖူးသေးတဲ့သူတွေအတွက် ဒါကသိုင်းကားဖန်တွေအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

6.1 2024
Eye for an Eye 2
Our Kind of Traitor
6.2

အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကား ဖြစ်နေလို့ပါပဲ။ ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့ အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက် လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့ အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်း ထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာ ထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီး မိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာ မိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက် လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင် သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီ စတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါ တော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက် အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီး သူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာ ခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီး ရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ် တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်း အကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာ ဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ် နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre …..Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2016 108 mins
Our Kind of Traitor
Million Dollar Lethal Listing

Ton နဲ့ Becca တို့ကလက်ထပ်ဖို့အတွက်ပြင်ဆင်နေကြပြီး စေ့စပ်ထားတဲ့သူ၂ယောက်ပါ၊သူတို့၂ယောက်ကလက်ထပ်ပြီးရင်နေဖို့အတွက် အိမ်တလုံးဝယ်အတွက်ရည်ရွယ်ထားကြပြီး အေးချမ်းနေတဲ့သူတို့၂ယောက်ဘဝကလည်း သူတို့ရည်ရွယ်ထားတဲ့အိမ်ကိုဝယ်ယူရာမှာပဲ စပြီးပြောင်းလဲလာခဲ့ပါတယ်၊သူတို့စိတ်ကြိုက်အိမ်တလုံးကိုဝယ်ယူရာမှာပဲ ငွေကြေးလိမ်လည်ခံလိုက်ရပါတယ်၊ အဲ့နောက်မှာ ခင်ပွန်းလောင်းဖြစ်သူ Tom တယောက်အမူအရာတွေစပြောင်းလာတာကို Becs တယောက် မသင်္ကာရာကနေ ကိုယ်တိုင်စုံစမ်းရာကနေမှ မထင်မှတ်ထားတာတွေကြုံလာရပါတော့တယ်၊ဇာတ်ကားက အစပိုင်းမှာပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် Tom တယောက်ကကောဘာတွေလုပ်ထားတာလဲလဲ၊ငွေတွေကိုကော ဘယ်သူကလိမ်သွားတာလဲ၊Becs ကကောဘာတွေကိုသိလိုက်ရတာလဲ စသည်ဖြင့်အဖြေတွေတခုပြီးတခုပေါ်လာတာမို့ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်လမ်းလေးဖြစ်တာမို့ ဆက်ဆက်ကြည့်သင့်တဲ့ဇာတ်ကားလေးတကားပါ File size…(1.5 GB)/(729 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama, Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2024
Million Dollar Lethal Listing
What Keeps You Alive

မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တောအုပ်အစပ်က ရေကန်ကြီးဘေးမှာရှိနေတဲ့ ဘိုးဘွားပိုင်အိမ်လေးဆီကို ဂျူးနဲ့ ဂျက်ကီတို့ စုံတွဲ အလည်အပတ်လာခဲ့ကြပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဂျက်ကီရဲ့ အပြုအမူတွေကအရင်လို မဟုတ်တော့ဘဲပြောင်းလဲသွားခဲ့တဲ့အပြင် ဂျူးတစ်ယောက်လည်း ဒီအိမ်လေးမှာပဲဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေကို ပြန်သိလာခဲ့ရပြီး ကြည်နူးဖွယ်စုံတွဲလေးရဲ့ နှစ်ပတ်လည်းအထိမ်းအမှတ် အပန်းဖြေခရီးဟာ ဘယ်လိုပျက်စီးသွားရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(739 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2018
What Keeps You Alive
The Piano Lesson
6.2

August Wilson ရဲ့ The Piano Lesson ပြဇာတ်ကို ပြန်ပြီး မှီငြမ်းရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မိသားစု အမွေအနှစ်နဲ့ ပတ်သတ်ပြီး ဘယ်တွေလုပ်သင့်တယ်။ ဘယ်လိုတွေ အသုံးချသင့်တယ်ဆိုတာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘွိုင်းဝီလီဆိုတဲ့ အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ ဦးလေးနဲ့ ညီမရှိရာ အိမ်ကို ခဏတာ အလည်ပြန်လာခဲ့တယ်။ ဒီလိုလာရခြင်းကလည်း သူ့ဆီမှာ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဘွိုင်းဝီလီ သူ့အဘိုးအဘွားတွေ လက်ထပ် ကျွန်ခေတ်က တစ်မိသားစုလုံး အလုပ်အကျွေးပြုခဲ့ရတဲ့ ဆက်တာဆိုတဲ့ လူရဲ့ မြေကို ဝယ်ချင်တယ်။ မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူဝယ်ထားပြီးပြီ။ ဒါပေမဲ့ အကုန်ဝယ်နိုင်ဖို့ရာမှာ သူ့အတွက် ငွေလိုနေတယ်။ ဒါကြောင့်မလို့ သူဟာ မိဘအမွေဖြစ်တဲ့ စန္ဒရားကြီးကို ရောင်းပြီး ရလာတဲ့ငွေနဲ့ ‌မြေဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာက သူ့ရဲ့ ညီမဖြစ်သူဟာ ဒီစန္ဒရားကို လုံးဝ ရောင်းခွင့်မပေးပါဘူး။ ဒီစန္ဒရားဟာ နယ်နယ်ရရ မဟုတ်ဘဲ မိသားစုသမိုင်ကြောင်း ရှိတဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက ရောင်းမယ်။ ညီမဖြစ်သူက မရောင်းဘူး ငြင်းခုံကြရင်း စန္ဒရားကြီးရဲ့ အနာဂတ်က ဘာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size… 1.9 GB / 794 MB Quality… Web-DL 1080p / 720p Format… mp4 Audio… AAC Duration…. 2h 5m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Act Molemy & Thiha Yan Naing

6.2 2024 127 mins
The Piano Lesson
The Man Who Knew Too Much
7.4

The Man Who Knew Too Much (1956) က Alfred Hitchcock ရဲ့ နာမည်ကျော် စွန့်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတွင်မှာ James Stewart နှင့် Doris Day တို့ မိသားစုကို ကယ်တင်ရန် ပြဿနာတွေရင်ဆိုင်ရတယ်။ တစ်နေ့မှာ သူတို့ သားက ပျောက်သွားပြီး၊ ပစ်မှတ်တွေက အန္တရာယ်များစွာပေးပါတယ် ။ ဇာတ်လမ်းက မိသားစုတစ်ခု ချစ်ခြင်းနှင့် ကာကွယ်ခြင်းစိတ်ကို စွန့်စားမှုနှင့် အန္တရာယ်များအတွင်းမှာ ဖော်ပြတယ်။ Doris Day “Que Sera, Sera” သီချင်းက ဇာတ်လမ်း အဓိက အခန်းကဏ္ဍတစ်ခုဖြစ်ပြီး၊ ဇာတ်လမ်း ခံစားချက်များနှင့် အဓိပ္ပာယ်ကို လေးနက်စွာ ပြသပေးပါတယ်။ James Stewart ခံစားချက်များ၊ မိသားစုကို ကယ်တင်ရန် ရင်ဆိုင်ရသော အခက်အခဲများကို ထိရောက်စွာ ဖော်ပြထားပါတယ်။ Hitchcock ၏ ရုပ်ရှင်များထဲမှ အကောင်းဆုံးများထဲကတစ်ခုအဖြစ် အမှတ်တရရှိနေပါတယ် ။ The Man Who Knew Too Much က 1950s ရုပ်ရှင်ချစ်သူများအတွက် ထင်ရှားသော ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(2.4 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:00:00 Genre… Spy, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Banyar Aung

Comedy • Romance
7.4 1956 120 mins
The Man Who Knew Too Much
Into the Forest
5.8

Into the Forest (2015) IMDb Rating (5.8) / Rotten Tomatoes (76%) ဒီဇာတ်ကားဟာ Musical film ဖြစ်တဲ့ Into the Woods ကိုမှီငြမ်းထားပါတယ်။ ဒါရိုက်တာ Patricia Rozemaရိုက်ကူးထားပြီး မင်းသမီး Elliot Page, Evan Rachel Wood နဲ့မင်းသား Max Minghella တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ရက်မှာ နေရာအနှံ့အပြားအကြီးအကျယ် လျပ်စစ်ဓာတ်အားနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတဲ့အခါ ဒီမိသားစုဟာ တောထဲကသူတို့အိမ်မှာသောင်တင်နေခဲ့ပါတယ်။ မကြာခင်မှာပဲသူတို့ဟာ အသက်ရှင်ဖို့အတွက်တိုက်ပွဲဝင်ရတော့မယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။ ညီအစ်မ၂ယောက်ဟာ သံယောဇဉ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီပြီး အသက်ရှင်အောင်ကြိုးစားရလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်။) File size…(1 GB) / (930 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Science Fiction Duration….01:42:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Na Ei

5.8 2015 101 mins
Into the Forest
Sid and Nancy
7

Sid and Nancy (1986) IMDB :7.0 Rotten Tomatoes : 89% Genre : Musical / Romance ၁၉၇၈ ခုနှစ် အောက်တိုဘာလရဲ့ မနက်ခင်းတစ်ခုမှာ Nancy Spungen တစ်ယောက် Sid Vicious နဲ့အတူရှိနေတဲ့ ဟိုတယ်ခန်းထဲမှာ ဓားဒဏ်ရာနဲ့သေဆုံးနေတာကိုတွေ့ခဲ့ပါတယ်။ Sid Vicious ကို လူသတ်မှု သံသရရှိမှုနဲ့ထောင်ထဲကိုထည့်လိုက်ပါတယ်။ ဒါပေမဲ့ Sid က Nancy ကိုသတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ Nancy သေဆုံးချိန်မှာ သူ(မ)အသက်က ၂၀ ပဲရှိပါသေးတယ်။ Sid ကို အာမခံနဲ့ထုတ်ပေးခဲ့ပေမဲ့ နောက်တစ်နှစ်တောင်မကြာတဲ့ 1979 ခုနှစ် ဖေဖော်ဝါရီလရဲ့ ကြေကွဲဖို့ကောင်းတဲ့ တစ်ရက်မှာ ဆေးလွန်ပြီး သူဟာလည်း Nancy နောက်ကိုလိုက်သွားခဲ့ပါတယ်။ Sid သေဆုံးချိန်မှာ သူဟာ အသက် ၂၁ ပဲရှိပါသေးတယ်။ ဇာတ်သိမ်းမလှတဲ့ ချစ်ခြင်းတွေအကြောင်းပြောရရင် Sex Pistols ပန့်ခ်တီးဝိုင်းက ဘေ့စ်သမား Sid Vicious နဲ့ အမေရိကန်မလေး Nancy Spungen တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကလည်း အမြဲလိုလိုပါတတ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ကြေကွဲဖို့ကောင်းတာလား၊ ဒါမှမဟုတ် သနားဖို့ကောင်းနေတာလား၊ ဒါမှမဟုတ် သံဝေဂယူဖို့ကောင်းတာလား၊ ဒါကတော့ ကြည့်တဲ့မျက်လုံးတွေကိုလိုက်ပြီး ကွဲသွားမယ်လို့ ထင်ပါတယ်။ ဒီရုပ်ရှင်ကို တချို့က သမိုင်းကြောင်းမတိကျလို့ မကြိုက်ဘူးပြောကြတယ်။ တချို့က Biopics အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုလို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ဝေဖန်ရေးသမားတွေကြားမှာရော ပရိသတ်တွေကြားမှာရော ဒီကားက အတော်လေး တသသပြောခဲ့ကြတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုမပြောခင် Sex Pistols အကြောင်းနည်းနည်းပြောချင်ပါတယ်။ Sex Pistols ကတော့ 1975 ခုနှစ် လန်ဒန်မှာစတည်ထောင်ခဲ့တဲ့ ဗြိတိန်ရော့ခ်တီးဝိုင်းတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ပန့်ခ်/ရော့ခ် သမိုင်းတစ်လျှောက်လွှမ်းမိုးမှုအရှိဆုံး တီးဝိုင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဗြိတန်တီးဝိုင်းတစ်ခုကကောင်လေးနဲ့ အမေရိကန်ကကောင်မလေး ဘယ်လိုရေစက်ပါလည်းဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။ ဇာတ်ညွှန်း Sid ဟာ လန်ဒန်မှလွှမ်းမိုးမှုကြီးတဲ့ Sex Pistols တီးဝိုင်းရဲ့ မူလအဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ အသက်လေးတွေကလည်းငယ်တော့ ရေသောက်သလိုနေ့တိုင်း သူတို့နဲ့ရှိနေခဲ့တာက မူးယစ်ဆေးဝါးပဲဖြစ်ပါတယ်။ မူးယစ်ဆေးကြောင့်ပဲ အမေရိကန်ကကောင်မလေး Nancy နဲ့ကြုံခဲ့ပါတယ်။ ဆေးကိုလိုတာထက်ပိုသုံးတဲ့ Sid နဲ့ Nancy တို့ရဲ့ အချစ်ခရီးဟာ ထင်သလို ဖြောင့်ဖြူးမနေခဲ့ပဲ အကွေ့အကောက်တွေကများလွန်းခဲ့ပါတယ်။ ပိုက်ဆံနည်းနည်းရလိုက် ဆေးချလိုက် ဘဝကိုကြုံသလိုဖြတ်သန်းလိုက်နဲ့လုပ်နေတာကြောင့် Sid ရဲ့ အရည်အချင်းတွေဟာလည်း တိုးတက်မလာပဲ ဆုတ်ယုတ်လာခဲ့ပါတယ်။ ဘဝကို ဒီလိုလွယ်လွယ်ပဲဖြတ်သန်းနေတဲ့ Sid နဲ့ Nancy တို့ ဘဝကိုဘယ်လိုရှေ့ဆက်မှာလဲဆိုတာက ခံစားကြည့်လိုက်ကြပါ။ ဒီရုပ်ရှင်ဟာကို Sid အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman ရဲ့ အကောင်းဆုံးတွေထဲကတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ဘာလို့ သတ်မှတ်ထားလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်မှပဲ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ Nancy အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Chloe Webb ကြောင့်လည်း ဒီရုပ်ရှင်ကပိုအသက်ဝင်ခဲ့ပါတယ်။ မှတ်ချက်။ Sid and Nancy သည် R-Rated ဖြစ်ပါသည်။ ဆဲဆိုသည့်စကားလုံးများ၊ လိင်ဆက်ဆံသည့်အခန်းများ၊ ဆေးချသည့်အခန်းများ၊ သွေးထွက်သံယိုအခန်းများ များပြားလွန်းသောကြောင့် မိသားစုနဲ့ကြည့်ရန်မသင့်တော်ပါ။ File size… 5 GB / 1.6 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Drama • Fantasy • Romance
7 1986 114 mins
Sid and Nancy
The 100 Year-Old Man Who Climbed Out the Window and Disappeared
7.1

The 100 Year-Old Man Who Climbed Out the Window and Disappeared (2013) Original title: Hundraåringen som klev ut genom fönstret och försvann IMDb Rating (7.0) / Rotten Tomatoes (68%) ကဲ…မိတ်ဆွေတို့ရေ….. ဒီတစ်ခေါက်ကတော့ အသက် ၁၀၀ ကျော် အဘိုးကြီးတစ်ယောက်ရဲ့ စွန့်စားခန်းလေးအကြောင်းကို ပြောပြသွားပါ့မယ်.. သူ့နာမည်က အယ်လန်ကာလ်ဆန် တဲ့….. ရုပ်ရှင်နာမည်အတိုင်းပဲ အသက်၁၀၀ကျော် အဘိုးကြီးတစ်ယောက် ဘိုးဘွားရိပ်သာ ပြတင်းပေါက်ကနေ ကျော်ထွက်သွားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့တဲ့ အကြောင်းပါ။ ကိုယ့်လူတို့ကတော့ တွေးနေကြမှာပဲ…”ဟ..ပြတင်းပေါက်က ကျော်ထွက်တာများ အဆန်းလုပ်လို့ကွာ” လို့ တွေးမိကြမှာပါ။ ဟုတ်ပါတယ်..ကျွန်တော်တို့လို လူငယ်တွေအတွက်ကတော့ မဆန်းပါဘူး။ ဒါပေမယ့် အသက် ၁၀၀ ကျော်ဖြစ်တဲ့ အဘိုးအိုတစ်ယောက်အတွက်ကတော့ မဟာ့မဟာ စွန့်စားခန်းကြီးပါ။ ဟုတ်ကဲ့…အဲ့ထက်ဆန်းတာ ရှိပါသေးတယ်။ သူထွက်ပြေးတဲ့နေ့က သူ့ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ပါ။ သူ့မှာ အလွန်ကို စိတ်တွေလှောင်ပိတ်နေလို့ ထွက်ပြေးရတဲ့အထိ ဖြစ်သွားတာပါ။ သူဟာ Autism တစ်ယောက်ပါ။ သူ့ဘဝမှာ ဖောက်ခွဲရတာကလွဲလို့ ကျန်တာတွေ ခေါင်းထဲမဝင်ခဲ့သူတစ်ဦးပေါ့…. ဒီရုပ်ရှင်ဟာ ဆွီဒင် စာရေးဆရာ Jonas Jonasson ရဲ့ နိုင်ငံရေးနောက်ခံ ဟာသဝတ္ထုကြီးကို အသက်သွင်းထားတဲ့ ဆွီဒင်စကားပြော Dark Comedy ရုပ်ရှင်ကားဖြစ်ပါတယ်။ အယ်လန့်ကြောင့် နိုင်ငံရေးသမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါသေးတယ်။ ရထားမဆိုက်တော့တဲ့ ဘူတာရုံမှာ စတည်းချနေတဲ့ ဘိုးတော်တစ်ယောက်၊ အမြဲတမ်း တလွဲတွေပဲ ကောက်ချက်ချနေတတ်တဲ့ စုံထောက်တစ်ယောက်၊ စော်ကြောင်ချင်တာနဲ့ ရှိသမျှပညာ ငါတတ် ဆိုတဲ့ တတ်ယောင်ကားတစ်ယောက်၊ မိန်းကလေးတန်မဲ့ ဇိုးဇိုးဇက်ဇက် လုပ်တတ်တဲ့ ချာတိတ်မတစ်ယောက်၊ ငကြောင်တွေချည်း ဖွဲ့ထားတဲ့ စက်ဘီးလမ်းသရဲဂိုဏ်းရယ်.. လူပေါင်းမှားမိတဲ့ အကောင်ကြီးတစ်ကောင်တို့— အသက် ၁၀၀ ကျော် ဘိုးတော်အယ်လန်နဲ့ ဆုံမိကြတဲ့ အခါမှာတော့…..။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကြီး အယ်လန့်ရဲ့ဘဝကို ပဲ့ကိုင်ပေးခဲ့တာက သူ့မိခင်ရဲ့ တစ်ခုတည်းသော အမှာစကားလေးပါ… “အသေချာဆုံးတစ်ခုကတော့.. အရာရာတိုင်းဟာ သူ့ဟာနဲ့သူ ရှိနေမှာပဲ… နောက်ပြီး သူတို့ဖြစ်ရမယ့်အတိုင်း ဖြစ်ကိုဖြစ်ကြမှာပဲ… ” နောက်တစ်ခု ရှိသေးတယ်…အယ်လန်ပြောပြတဲ့တစ်ခု.. “ကျုပ်ဘဝတစ်လျှောက်လုံး ကျုပ်နဲ့ ဆုံမိတဲ့သူမှန်သမျှ အော်သွားရတာချည်းပဲတဲ့”…… ကဲ..မိတ်ဆွေတို့လည်း အယ်လန်ကြီးနဲ့ တွေ့ပြီး အော်လိုက်ကြပါဦး..အဲလေ… ရယ်လိုက်ကြပါဦးလို့……

Horror • Adventure
7.1 2013 115 mins
The 100 Year-Old Man Who Climbed Out the Window and Disappeared