YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Peace By Chocolate (2022) 720p.mp4

772.06 MB N/A video/mp4 247 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Business of Christmas 2

The Business of Christmas 2 (2021) ========================= Genre - Drama, Family IMDb Rating - 8.2/10 Spoiler Alert ---------------- ပထမကား မကြည့်ရသေးသူများအတွက် အခု review ကို မဖတ်ပါနဲ့ဦး ခင်ဗျာ။ ---------------- ပထမကားတုန်းက ပြဿနာတွေ ဖြေရှင်းခဲ့တဲ့ ဖရန်ကလင်း မိသားစုတွေ ပြန်လာပါပြီ။ ဒီဒုတိယကားမှာတော့ ဖခင်ဖြစ်တဲ့ အော်စကာကတော့ သွေးတိုးနဲ့ ဆုံးပါးသွားပါပြီ။ မိခင် မယ်ရီ အန်ကလည်း မွေးရပ်မြေကို ပြန်လာပြီး အိမ်ကြီးထဲမှာ တစ် ယောက်တည်းနေနေပါတယ်။ သားသမီးတွေအနေနဲ့ မိုက်ကယ်ကဝတ္ထုရေးဖို့ ကြိုးစားနေပြီး ဖခင်သေဆုံးမှုကို ထောက်လှမ်းနေခဲ့ပါတယ်၊ နိုအာကတော့ စင်ဒီနဲ့ အလုပ်တွဲလုပ်ရင်း မင်္ဂလာဆောင်ဖို့ အဆင်မပြေ ဖြစ် နေခဲ့တာပါ၊ ဒန်နီကလည်း ယောက်ျားဖြစ်သူလည်း အဆင်မပြေ ဖြစ်ပြီး သားလေးကို ထိန်းကျောင်းနေရသူ မိခင်တစ်ယောက် ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဖရန်ကလင်းမောင်နှမတတွေ ကိုယ်စီပြဿနာ တွေနဲ့ တစ်ဦးတည်းနေတဲ့ မိခင်ကြီးဆီကို သွားရောက်ဖို့ ဖြစ်လာ ပါတော့တယ်။ နောက်ထပ် ဖြေရှင်းဖို့ ပြဿနာအသစ်တွေနဲ့အတူ ပေါ့။ ဒီကားမှာတော့ မိခင် မယ်ရီအန်နဲ့ ငယ်ချစ်ဦး ကျောင်းအုပ်ဆ ရာကြီးနိုက်ပါဝင်လာသလို၊ ဒန်နီရဲ့ ကပွဲသွားဖော် ပက်ထရစ်ရယ်၊ မိုက်ကယ်နဲ့ ဒန်နီကြားက ပြဿနာတွေ၊ နိုအာတို့အတွဲကြားက ပြ ဿနာအသစ်တွေလည်း ပါဝင်လာပါတယ်။ ထုံးစံအတိုင်း ဖရန်က လင်းမိသားစုနဲ့ ခရစ္စမတ် တွေ့ကြပြန်ပြီပေါ့ဗျာ.....။ Part One >>> ဒီလင့်မှာကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.4 GB) / (490 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family Translator.......Thura Aung Encoder..........SWM

Romance • Thriller
0 2021
The Business of Christmas 2
The Lost Choices
7

ဂျီအွန်းက ငယ်စဉ်ဘဝက ယာဉ်မတော်တဆမှုမှာ မိဘတွေ ဆုံးပါးပြီးတဲ့နောက် စကားမပြောနိုင်ဘဲ ဆွံ့အခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့မသန်မစွမ်းဖြစ်မှုကို ရင်ဆိုင်ကျော်လွှားပြီး ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ကို သူ စိတ်ကူးယဉ်ထားခဲ့တာပါ။ တစ်နေ့မှာတော့ သူရဲ့အိမ်အပြန်လမ်းမှာ လူစိမ်း ၃ ယောက်က ပြန်ပေးဆွဲပြီး အဓမ္မကျင့်တာ ခံလိုက်ရပါတယ်။ ရဲစခန်းမှာ ရဲတွေက သူ့ကို ကူညီပေးရမယ့်အစား သူ့ကိုပဲ နှိမ့်ချကြပါတယ်။ ဒီတော့ ဂျီအွန်း တစ်ယောက် ဘယ်သူ့ကိုမှ မယုံတော့ဘဲ သူ့ကိုယ်သူ အားကိုးပြီး တိတ်တိတ်လေး လက်စားချေဖို့ ကြိုးစားတဲ့အခါမှာတော့ ..... ဇာတ်လမ်းနာမည်အတိုင်းပါပဲ ..... ရွေးချယ်စရာတွေ ဆိတ်သုဉ်းပျောက်ကွယ်ပြီး ချောင်ပိတ်လာတဲ့အခါမှာ လူတစ်ယောက်ရဲ့ တုံ့ပြန်မှု အကြောင်းပါပဲ။ မှုခင်း ဒရာမာ အမျိုးအစား ဖြစ်တဲ့အတွက် အသည်းတယားယာ ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။ ဘာသာပြန်ကတော့ Hnyot Myet Wunn ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 599MB | 261MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hnyot Myet Wunn Encoder ..... August

Horror • Thriller
7 2015 108 mins
The Lost Choices
Christmas in August
7.6

Christmas in August ( 1998 ) သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အတိတ်မှာ ကြွင်းရစ်နေမြဲ။ သိဟ်ရာသီရေ အဲဒီခတ္တာပွင့်ကလေးကို သိမ်းရစ်လေဦး။ April Snowတို့ One Fine Spring Dayတို့ အရိုတစ်လိုင်းကားတွေ , Forbidden Dreamတို့ The Last Princessတို့လို ရာဇဝင်ကားတွေ, ရိုက်ခဲ့တဲ့ hur jin hoရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မင်းသားကတော့ လီချန်းဒုံရဲ့ ပွဲဦးထွက်ကား Green Fishရဲ့ အဓိကဇာတ်ဆောင်ဖြစ်ဖူးတဲ့ Dr. Romanticတို့ Deep Rooted Treeတို့ထဲလည်း သရုပ်ဆောင်တော်တော်ကောင်းတာ မြင်နိုင်တဲ့ Han Suk-kyuပါပဲ။ Baeksang ဆုပေးပွဲမှာ Best Film ,Best Actress , Best New Director ဆုတွေရခဲ့ပြီး Blue Dragon မှာလည်း Best Film , Best Actress , Best Cinematography , Best New Director ဆုတွေကို ရခဲ့ပါတယ်။ ဒီကားကို ကျွန်တော် သတိထားမိတာက တစ်ချို့က ကိုရီးယားရိုမန့်တစ်မာစတာပိစ်တွေဖြစ်နေတဲ့ II Mareတို့ My Sassy Girlတို့ the classicတို့လို ကားမျိုးတွေနဲ့ တစ်တန်းတည်းထားကြလို့ပါပဲ။ မကြည့်ခင်ကတော့ ကျွန်တော်လည်း အဲဒီလို တော်တော်ရိုမန့်တစ်ဆန်တဲ့ပုံစံမျိုးလို့ ထင်ခဲ့တာပဲ။ ခုနကားတွေလို ကိုရီးယားကလပ်စစ် ရိုမန့်မာစတာပိစ်စာရင်းဝင်ပေမဲ့ ခုနကားတွေကို ကြိုက်တဲ့လူတွေ ကြိုက်မကြိုက်တော့မသေချာပါဘူး။ ကျွန်တော်တော့ ခုနကားတွေကိုလည်း ကျသလို ဒါလည်း ကျတာပါပဲ။ ဒီကားက တခြားရိုမန့်တစ်ကားတွေနဲ့ ကွာခြားနေတဲ့အချက်က realityဆန်လွန်းနေတာပါပဲ။ ခင်ဗျား ဘဝမှာ နေရင်းထိုင်ရင်း ရနိုင်တဲ့ ရိုမန့်ဆက်ဆံရေးတစ်ခုလို ပုံစံမျိုးကိုပဲ ပုံဖော်ထားတာ ကြုံတောင့်ကြုံခဲမှ တွေ့ကောင်းတွေ့နိုင်တဲ့ ရိုမန့်ဆန်ခြင်းမျိုးမဟုတ်ဘူး။ မင်းသားက သေတော့မယ့်လူ ဒါပေမဲ့ ဒရာမာချိုးလို့ ရလျက်သားနဲ့ကို လုံးဝဒရာမာမချိုးသွားသလို မင်းသမီးကလည်း ဒါကိုမသိသွားဘူး။ ဇာတ်ကောင်မင်းသားက မင်းသမီးထက် အသက်၁၀နှစ်လောက်နီးနီးကြီးတဲ့သူဆိုတော့ အဲဒီအရွယ်နဲ့လိုက်ဖက်အောင်ပဲ ပုံဖော်သွားတယ်။ သူ့သေခြင်းကို သူကောင်းကောင်းကြီး လက်ခံပြီး ဘယ်သူ့ကိုမှ စိတ်ဆင်းရဲရအောင် မလုပ်ချင်တော့တဲ့ ချစ်ခြင်းမျိုးကိုပဲ ပြသွားတယ်။ ဘာမှ ဒရာမာကြီးကြီးမားမားမချိုးသွားဘူး။ ဒီကားဟာ ရိုမန့်ကားပေမဲ့ တော်တော်လေးရိုးရိုးသားသားနဲ့ကို ရိုမန့်ဆန်နေတဲ့ကားလို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.4GB | 1GB | 480MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Adventure • Animation • Comedy • Family
7.6 1998
Christmas in August
Dark Floors
4.4

Dark Floors (2008) ================ ဘန်ဟာ အော်တစ်ဇင် ဖြစ်နေတဲ့ သမီးလေးဆယ်ရာကို ရောဂါရှာဖွေ ဖို့အတွက် စိန့်မေရီဆေးရုံကို ရောက်နေတယ်။ ကံဆိုးချင်တော့ စက်ထဲမှာ ရောဂါရှာဖွေနေတုန်း စက်က မီးထလောင်တာမို့ ဘန်က ဆေးရုံခိုးဆင်း ပြီး ပြောင်းဖို့ ပြင်ခဲ့တယ်။ သူနာပြုဆရာမလေး အမ်မလီက တွေ့သွားတာမို့ လိုက်ဖြောင်းဖျရင်း ဓာတ်လှေကားထဲ လိုက်ဝင်ခဲ့တယ်။ သူတို့ ၃ယောက် အပြင် လုံခြုံရေးတစ်ယောက် ခြေသလုံးအိမ်တိုင် အဖိုးကြီးတစ်ယောက်နဲ့ စီးပွားရေးသမားတစ်ဦးလည်း လိုက်ပါလာခဲ့တယ်။ ဓာတ်လှေကားဆင်းချိန်မှာ မတော်တဆဖြစ်ပြီး ဓာတ်လှေကားရပ်တန့် သွားခဲ့ပါတယ်။ ပြန်ပွင့်လာချိန်မှာတော့ တစ်ဆေးရုံလုံးက ရုတ်တရက်ကြီး ခြောက်ကပ်လို့နေတာပေါ့။ သူတို့တွေ ဆေးရုံထဲက ထွက်ဖို့ကြိုးစားကြရင်း မမျှော်လင့်ထားတာတွေ ကြုံတွေ့လာရတဲ့အခါ……. ထူးထူးဆန်းဆန်း plotနဲ့အတူ တစ္ဆေလိုလို မိစ္ဆာလိုလို ငရဲလိုလို time loop လိုလို multidimensional လိုလိုနဲ့ ဘာမှန်းမသိ ခံစားချင်သူများအဖို့ ဇာတ် ကားကောင်း ဖြစ်ပါကြောင်းပြောရင်းတင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.12 GB) / (436 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Fantasy, Horror Translator……Mugiwara Ya Encoder……….SWM

4.4 2008 87 mins
Dark Floors
Barfi!
8.1

Barfi (2012) IMDb Rating (8.1) / Rotten Tomatoes (80%) မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra နဲ့ Illeana D’ Cruz တို့ ပါဝင်ထားတဲ့ Barfi ရုပ်ရှင်ကားဆိုတာ Bollywood ရဲ့ ကြီးကျယ်စွာအောင်မြင်ထားတဲ့ Romance Comedy ဇာတ်ကားဖြစ်ပါတယ်…ပန်းချီကားတစ်ချပ်လို ရှုခင်းတွေနဲ့ ဓာတ်ပုံပညာပါပါ ရိုက်ကူးထားမှု၊ သရုပ်ဆောင်မှု၊ဇာတ်လမ်း ဇာတ်အိမ်ပိုင်းတွေမှာ ဘာမှအပြစ်ပြောစရာမရှိအောင် လှပလွန်းတဲ့ ရုပ်ရှင်ကားပါ။ ၂၀၁၂ခုနှစ်မှာပြသခဲ့တဲ့ အိန္ဒိယရုပ်ရှင်Barfiဟာ ဟာသdramaရုပ်ရှင်ဖြစ်ပေမယ့် ဒီရုပ်ရှင်ကြောင့်အိန္ဒိယဆွံ့အနားမကြား လူ့အဖွဲ့အစည်းကို အစိုးရမှဥပဒေသစ်၂ရပ်ထပ်တိုးပေးခဲ့ပြီး ကမ္ဘာပေါ်ကဆွံ့အနားမကြားတွေရဲ့ဘဝကိုကိုယ်ချင်းစာစေဖို့နဲ့ဆွံ့အနားမကြားသူတွေဟာ လူ့ဘာင်လောကမှာ အနှိမ်ခံလူတန်းစားတွေမဟုတ်ကြောင်းများစွာထောက်ပြခဲ့ပါတယ်။ Barfiရုပ်ရှင်ကြောင့်အိန္ဒိယပြည်နယ်၆ခုမှာ ဆွံ့အနားမကြားကျောင်း၄၈ကျောင်းထိ တစ်နှစ်တည်းမှာထပ်မံဖွင့်လှစ်ပေးခဲ့သလို ဆွံ့အနားမကြားတွေအတွက်ခရီးသွားလာရေးမှာ အခမဲ့လိုက်ပါနိုင်ဖို့သယ်ယူပို့ဆောင်ရေးပုဂ္ဂလိကပိုင်လိုင်း၁၉လိုင်းမှ ချမှတ်ခဲ့ကြပါတယ်။ ဆွံ့အ နားမကြားကောင်လေးနဲ့ ဉာဏ်ရည်ချို့တဲ့ကောင်မလေးကြားက အချစ် သံယောဇဉ် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့မှု သေသည့်တိုင်လက်တွဲမဖြုတ်ခဲ့မှုတွေ ဆွံ့အနားမကြားကောင်လေးကို ပြန်ပေးစွဲတရားခံအဖြစ်ခုတုံးလုပ်ခဲ့မှု ဆွံ့အနားမကြားကောင်လေးနဲ့ လူကောင်းမိန်းကလေးကြားက ကွဲကွာခဲ့ရတဲ့မပြည့်စုံခြင်းတွေ အချစ်ဟာလောကမှာ ဘယ်လောက်ထိခမ်းနားကြောင်း ပြသထားမှု စတဲ့ရသများစွာကို Barfi ဟာပေးနိုင်ခဲ့ပြီး Oscar Listမှာ ဆန်ကာတင်ခံခဲ့ရတဲ့အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ထူးခြားမှုကတော့ Barfi ရုပ်ရှင်မှာ နာမည်ကြီး လူငယ်မင်းသားRanbir Kapoor နဲ့ ကမ္ဘာကျော်အိန္ဒိယမင်းသမီး Priyanka Chopraတို့ဟာ တစ်ကားလုံးမှာ”Barfi”ဆိုတဲ့Dialogueကိုသာ အများဆုံးပြောခဲ့ရပြီး တစ်ကားလုံးရဲ့သရုပ်ဆောင်မူဟာ Slient Acting Methodကိုသာအခြေခံရိုက် ကူးခဲ့တာဖြစ်ပါတယ်။ Ranbir Kapoorဟာ Barfi အတွက် ဒေလီက ဆွံ့အနားမကြားကျောင်း “Vari School”မှာ ၂ပတ်တိတိသွားရောက်နေထိုင်ကာ သရုပ်ဆောင်မှုတွေအတွက် ဆွံ့အနားမကြားတွေရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုအတိုင်းနေခဲ့ပြီး မင်းသမီးPriyanka Chopra ဟာ Barfiရုပ်ရှင်အတွက် ၁၅ပေါင် Weightချကာ ဆံပင်ပါညှပ်ခဲ့ပြီး ကျပ်မပြည့်တဲ့မိန်းကလေးဇာတ်ကောင်အတွက် ကျကျနနပြင်ဆင်ခဲ့ပါတယ်။ Barfiရဲ့ အောင်မြင်မူကတော့ ရူပီကုဋေ၄၀သာ ရင်းခဲ့ပေမယ့် ရူပီ၁၇၂ကုဋေထိပြန်ရကာ highest-grossing Bollywood films of 2012 အပြင် filmfare award မှာလဲရုပ်ရှင်ဆုများစွာရရှိခဲ့ပါတယ်။ Barfi ဟာ ရှားရှားပါးပါး ဂျပန်Film Industryမှာ၂ပတ်တိတိရုံတင်ခံရတဲ့ အိန္ဒိယရုပ်ရှင်လည်းဖြစ်ခဲ့ပါသေးတယ်။ (ရုပ်ရှင်အညွှန်းကို Htet Wa Na Facebook မှ ကူးယူဖော်ပြပါသည်။)

8.1 2012 151 mins
Barfi!
Darkland: The Return
6.7

Darkland: The Return (2023) ~ ပထမပိုင်းမကြည့်ရသေးသူများအတွက် Spoiler ပါ၀င်သည် ~ ဒီကားလေးကတော့ ၂၀၁၇နှစ်ကထွက်ရှိခဲ့တဲ့ ဒိန်းမတ်အက်ရှင်ဒရာမာကား Darkland ရဲ့အဆက်လေးပါ။ လွန်ခဲ့တဲ့(၇)နှစ်က ညီဖြစ်သူအတွက် တရားမျှတမှုရှာရင်း ဇိတ်တစ်ယောက် ဆရာ၀န်ဘ၀ ဇနီးဖြစ်သူနဲ့သားလေး အကုန်ဆုံးရှုံးလိုက်ရပြီး ထောင်ထဲမှာအချိန်ကုန်နေရပါတယ်။ တစ်ရက်ကျတော့ အမျိုးသားလုံခြုံရေးအရာရှိတစ်ဦးရောက်လာပြီး ဂိုဏ်းတစ်ခုထဲမှာ သူလျှိုအဖြစ်လုပ်ပေးရင် လွတ်လပ်ခွင့်ရမယ်လို့ကမ်းလှမ်းလာပါတယ်။ ဇိတ်ကလည်း သားဖြစ်သူနဲ့ ပြန်နီးစပ်နိုင်ဖို့ လက်ခံဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ Rating ကောင်းတွေရထားရုံတင်မက အရင်ကားထက် ဒီ Sequel က ပိုကောင်းတယ်ဆိုတဲ့ Review ကောင်းတွေလည်းရထားတဲ့အတွက် အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 50Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Drama
6.7 2023 110 mins
Darkland: The Return
Seven Days
5.9

သင်ကြောက်နေရတဲ့ သရဲတစ္ဆေဆိုတာ တစ်စုံတစ်ယောက် နေ့ညမရွေး ပြန်တွေ့ချင်နေတဲ့ လူတစ်ယောက်ပါ။ အိုက်ရှီးဟာ နှစ် ၂၀ ကြာ လူ့ပြည်မှာ လေလွင့်နေတဲ့ ဝိညာဉ်လေး ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကားမတော်တဆတစ်ခုကြောင့် သူမဟာ မိသာစုကို နှုတ်ဆက်ခွင့်မရပဲ သေဆုံးသွားခဲ့ပြီး ဘဝကူးဖို့ မရွေးခဲ့ပဲ မိသားစုဘေးမှာ အဖော်ပြုနေခဲ့ပါတယ်။ ကံကြမ္မာရဲ့ အခွင့်အရေးပေးမှုကြောင့် အိုက်ရှီးဟာ မောင်လေးဖြစ်သူ အိုက်ရှန်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့ရပြီး ၇ ရက်တာ အချိန်ရခဲ့ပါတယ်။ အိုက်ရှန်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေနဲ့ ၇ ရက်တာ အချိန်ကို အသုံးချပြီး သူမဟာ ဘဝမှာ မေ့ရခက်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ ဒီတရုတ်စကားပြောရုပ်ရှင်ကတော့ တရုတ်ပြည်မကရိုက်ကူးတဲ့ရုပ်ရှင်မဟုတ်ပဲ စင်ကာပူက အမျိုးသမီးဒါရိုက်တာရိုက်ကူးထားတဲ့ ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဝမ်းနည်းစရာ၊ ဝမ်းသာစရာ၊ တွေးတောစရာ စတဲ့ ရသမျိုးစုံကို ပေးနိုင်မယ့် ရုပ်ရှင်လေးဖြစ်တာကြောင့် ဇာတ်လမ်းအေးအေးလေးတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။

Thriller • Mystery
5.9 2023
Seven Days
It Shall Not Be Named

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ It shall not be named ဆိုတဲ့ ဇာတ်ကားလေးပဲ​​ဖြစ်ပါတယ်။ ဒီကားလေးထဲမှာ ခရစ်စ်နဲ့ကတ်ဆိုတဲ့ ချစ်သူနှစ်ဦးရှိကြပါတယ်။ တရက်မှာ ကတ်က အပိုဝင်ငွေလေးရအောင်ဆိုပြီး အခန်းဖော်တစ်ယောက်ရှာပြီး သူ့အိမ်ကအခန်းတစ်ခန်းကိုငှားပါတော့တယ်။ အဲ့အခန်းဖော်ရောက်လာပြီးကတည်းက ကတ်တစ်ယောက် နာမ်လောကနဲ့ဆိုင်တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာရတာပါ။ သူ့ရည်းစားခရစ်စ်ကိုလည်း အခန်းဖော်သစ် ဂျက်စီနဲ့ အထင်လွဲ သဝန်တိုပြီး ဂျက်စီကိုအကောင်းမမြင်ဖြစ်လာပါတယ်။ နောက်ပြီးခြောက်ခြားစရာတွေလည်းကြုံတွေ့နေရလို့ ကတ်နဲ့ခရစ်စ်တို့နှစ်ယောက်က ဂျက်စီရဲ့အခန်းကိုခိုးဝင်ပြီး ရှာဖွေတဲ့အခါမှာ ဂါထာမန္တန်နဲ့စုန်းအတတ်ပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်။ ဂျက်စီရဲ့သရုပ်မှန်ကဘာလဲ ခရစ်စ်နဲ့ကရော တကယ်ပဲဖောက်ပြန်နေခဲ့သလား ကတ်ကရောဘယ်လိုခြောက်ခြားစရာတွေကြုံတွေ့ရဦးမလဲဆိုတာ ဇာတ်ကားလေးထဲမှာကြည့်ရှုပေးကြပါဦး…… File size…(1.4 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

0 2023
It Shall Not Be Named
Red Rock West
7

Red Rock West (1993) ================ IMDb Rating – 7.0/10 ဒီဇာတ်လမ်းမှာတော့ မိုက်ကယ်ဆိုတဲ့အမျိုးသားတစ်ဦးက ပိုက်ဆံ မရှိလို့ အလုပ်ရှာရင်း တက်ဆာကနေကားတစ်စီးနဲ့လာခဲ့တယ်။ သူ ကျောက်ခဲနီမြို့(Red Rock)ကိုရောက်တော့ အလုပ်အရမ်းလိုနေ တာနဲ့ ဘားပိုင်ရှင်ဝိန်းဆီမှာ လိမ်ပြီး ဘာအလုပ်မှန်းမသိခင် လက်ခံ လိုက်တယ်။ နောက်မှ သိလိုက်ရတာ သူလက်ခံလိုက်တဲ့အလုပ်က ဘားပိုင်ရှင်ဝိန်းရဲ့မိန်းမ ဆူဇန်ကို သတ်ဖို့ဖြစ်နေ​​လေရဲ့။ မိုက်ကယ်လည်း ကြေးစားလူသတ်သမားဟန်ဆောင်ပြီး လက်ခံခဲ့ တာမို့ အလိမ်မပေါ်အောင် ပြန်ငြင်းလို့လည်းမရ ရထားတဲ့ပိုက်ဆံ ကလည်း အများကြီးဆိုတော့ ဘာတွေဆက်လုပ်ပြီး ထွက်ပြေးရမ လဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ ဒီဇာတ်လမ်းမှာ မိုက်ကယ်အဖြစ် မင်းသားကြီး Nicolas Cage က သရုပ်ဆောင်ထားပြီး IMDb Rating 7.0 နဲ့ Rotten tomatoes 97% ရရှိထားတဲ့ Nicolas ရဲ့ ကားကောင်းကားဟောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.0 GB) / (791 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Thriller Translator…….Thwal Htoo Zin Encoder……….SWM

7 1993
Red Rock West
Hasee Toh Phasee
6.8

Hasee Toh Phasee (2014) *********************** ဒီဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ ပရိတ်သတ်အသဲစွဲ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ဆစ်ဒါးသ်မယ်လိုတရာ၊ ပရီနီသီးချိုပရာနဲ့ အာဒါးရှရ်မာတို့ရဲ့ Romance/Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး IMDb rating (6.8) နဲ့ Rotten Tomatoes (80%)ထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… နစ်ခေးလ်က တက်သစ်စစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူ့မှာ ကာရစ်ရှ်မာဆိုတဲ့ တွေ့တိုင်းရစ်တဲ့ ရစ်စိန်ချစ်သူလေးတစ်ယောက်ရှိပါတယ်။ နစ်ခေးလ်က ကာရစ်ရှ်မာ ဘယ်လောက် ရစ်ရစ် မပြတ်နိုင်ခဲ့ပါဘူး။ လူကလဲရုပ်ချော စီးပွားရေးသမားလဲဖြစ်ဆိုတော့ နစ်ခေးလ်ကို ကာရစ်ရှ်မာက အမြဲသဝန်တိုပြီး အမြင်ကမကြည်ပါဘူး။ နစ်ခေးလ်ကတော့ မိန်းကလေးတစ်ယောက်ဆို တစ်ယောက်ပဲတွဲမယ်လို့ သံဓိဌာန်ချထားတဲ့လူပါ။ ဒါပေမယ့် သူတို့ရဲ့ ချစ်သူသက်တမ်း ၇ နှစ်တာကာလက သံယောဇဉ်တွေက သူတို့နှစ်ယောက်ကို အဆုံးမှာရွှေလက်တွဲသွားစေမလား…. တစ်ယောက်ဆိုတစ်ယောက်ပဲဆိုတဲ့ နစ်ခေးလ်အတွက်ရော နောက်တစ်ယောက်ပေါ်လာဦးမလား… ကာရစ်ရှ်မာဆိုတဲ့ ရစ်စိန်လေးကရော နစ်ခေးလ်နဲ့ အပ်စပ်ရဲ့လားဆိုတာ….။ “ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား” တစ်ယောက်ကိုတစ်ယောက်မေတ္တာနဲ့နှောင်ကြိုးဖွဲ့သီကြမယ့်ချစ်သူတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လိုက်ပါခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik Sanနဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)

6.8 2014
Hasee Toh Phasee
MFKZ
6.7

ကလေးတွေအတွက် မဟုတ်တဲ့ animation တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီ Mutafukaz လို့ခေါ်တဲ့ ‌animation ‌ကလဲ အဲဒီလိုပါပဲ။ Dark ဖြစ်တယ်၊ အသုံးအနှုန်းတွေရိုင်းတယ်၊ သွေးထွက်သံယိုတွေများတယ်။ Rick and Morty တို့လို show မျိုးတွေကြိုက်တတ်ရင် ကြည့်သင့်တယ်ဗျ။ ဇာတ်လမ်းအနေနဲ့ကတော့ Angelino, Vinz နဲ့ Willy လို့ခေါ်တဲ့ အသွင်မတူ ပုံစံတစ်ယောက်တစ်မျိုးနဲ့ သူငယ်ချင်းသုံးယောက် ‌Dark Meat City လို့ခေါ်တဲ့ ဆိုးဆိုးရွားရွားမြို့မှာနေကြပါတယ် Angelino က အချိုးမပြေလို့ အလုပ်ကမမြဲ၊ Vinz ကကျတော့ သူ့အသွင်ကြောင့် ဘယ်သူမှအလုပ်မခန့်တဲ့ အခြေအနေဖြစ်နေလို့ အတူတူနေကြတဲ့ Vinz နဲ့ Angelino က စီးပွားရေးအဆင်မပြေလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်ကယ်စီးရင်း စော်ငမ်းမိတဲ့ Angelino တစ်ယောက်ဆိုင်ကယ်တိုက်ပြီးတော့ super power တွေရလာပါတော့တယ်။ ဇာတ်လမ်းက အဲဒီမှာ စရှုပ်တာပါ။ ‌ spoiler မိမှာဆိုးလို့ ဘယ်လိုရှုပ်တာလဲသိချင်ရင်တော့ ဇာတ်လမ်းကိုပဲ ကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။ ‌ ပေါက်ကရတွေအရမ်းပြောတဲ့ Willy နဲ့ Vinz ကြောင့်ရော ထူးခြားတဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်နေရင်း မပျင်းသွားဖို့တော့ အာမခံပါတယ်။ Rating အနေနဲ့လဲ Animation တစ်ကားအနေနဲ့ IMDB 6.7 ရထားတော့ မဆိုးလှဘူးလို့ ပြောလို့ရပါတယ်။ မှတ်ချက် – ဇာတ်လမ်းက R-rated ဖြစ်တာကြောင့်ရယ် အရသာမပျက်ရလေအောင် မူရင်းအတိုင်း ခပ်ရိုင်းရိုင်း ဘာသာပြန်ထားတာရယ်ကြောင့် ကလေးများကြည့်ရန် အဆင်မပြေပါခင်ဗျာ။ File size… 1.2 GB / 624 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

6.7 2017 95 mins
MFKZ
Encounter Love
5.8

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ကျေးလက်အလှရှုခင်းတွေကို ခံစားလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မာစတာကျောင်းသူ တစ်ယောက်ကျိုးယွဲ့ဟာ သူ့ကောင်လေးနဲ့ အတူနေပြီး ကိုယ်ဝန်ရှိသွားခဲ့ချိန်မှာတော့ ကောင်လေးက လက်မခံခဲ့ပါဘူး အဲ့လိုနဲ့ပဲ မိဘတွေရှိတဲ့ ရွာကိုပြန်သွားတဲ့လမ်းမှာ လီဝေဆိုတဲ့ ကောင်လေးနဲ့ဆုံတွေ့ခဲ့ပါတယ် ကျိုးယွဲ့တစ်ယောက် ရွာထိပ်လမ်းမှ ာ အိမ်ရောက်ရင် အဖေရိုက်မှာကိုကြောက်ပြီး ငိုနေခဲ့တာကို လီဝေကမကြည့်ရက်ဘဲနဲ့ လက်ထပ်မှတ်ပုံတင်ထားဟန်ဆောင်ပြီး လိုက်သွားပေးခဲ့ပါတယ် သူ့အဖေကတော့ ထင်ထားတဲ့အတိုင်း သဘောမတူပေမယ့်လည်း နောက်ဆုံးမှာ သဘောတူပြီးတော့ ရွာမှာ မင်္ဂလာပွဲကျင်းပပေးဖို့ လုပ်ပါတော့တယ် လီဝေက တစ်ရက်ပဲကူညီပေးဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ဒီလိုမျိုး လူကြီးတွေကပါ မင်္ဂလာပွဲစီစဉ်တာတွေနဲ့ကြုံရချိန်မှာတော့ ဘာတွေဆက်ဖြစ်မှာလဲ တကယ်လက်ထပ်ဖြစ်သွားမှာလား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုလို့ရပါတယ်နော်

5.8 2024
Encounter Love
Raghu Thatha
7.1

Raghu Thatha (2024) “အရိုင်းပန်းပုံပြင်” =============================== နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့ အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့…။ ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Horror • Thriller • Drama
7.1 2024 134 mins
Raghu Thatha
Legends of the Condor Heroes: The Gallants
6.8

အားလုံးစောင့်မျှော်နေတဲ့ ရှောင်းကျန့် ရဲ့ ကောကျင့်ဗားရှင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်…. ဒီကားလေးအတွက် ရှောင်းကျန့်ဟာ အများကြီး ပြင်ဆင်ခဲ့ရပြီး… သူ့ဘဝအတွက် အမှတ်တရများစွာကို ဖန်တီးခဲ့တဲ့ ကားလေးထဲက တစ်ကားဖြစ်လို့ ဖန်တွေပါ အများကြီးမျှော်လင့်ခဲ့တဲ့ကားလေးပေါ့… သိုင်းကားချစ်သူတွေအတွက်ကတော့အထွေအထူးပြောစရာမလိုလှတဲ့ ဆရာကြီးကျင်းယုံရဲ့ မက်မွန်မြေကချစ်တေးတစ်ပုဒ် ဇာတ်လမ်းတွဲက အဓိက ဇာတ်ကောင် ကောကျင့်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ တခြားဗားရှင်းတွေနဲ့ မကွာခြားလှပါဘူး… ကျင်းလူမျိုးတွေခြယ်လှယ်မင်းပြုနေချိန်မှာ ဒေသအသီးသီးက ကိုယ်မြေ ကိုယ့်ရေကို ကာကွယ်ဖို့အတွက် ပုန်ကန် ကာကွယ် တိုက်ခိုက်လာကြတာပေါ့… ဒီမြေ ဒီရေနဲ့ ဒီလူမျိုးကို ကာကွယ်ဖို့ ဒီလူမျိုးပဲရှိတာကြောင့်… နေရာတိုင်းမှာ စစ်ပွဲတွေဖြစ်ပြီး… ရရာလက်နက်ဆွဲကိုင်ပြီး ကိုယ်ကျွမ်းကျင်ရာ လိမ်မာရာ နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့တာပေါ့… ကောကျင့်ကတော့ မူလ စုန့်လူမျိုးဖြစ်ပြီး စုန့်ပြည်ထောင် ပျက်သုဉ်းချိန်မှာ မွန်ဂိုမြေမှာ ကြီးပြင်းခဲ့သူတစ်ယောက်ပေါ့… မွန်ဂိုတို့ တတ်သင့်တဲ့ မြှားပစ်အစွမ်းကို သိကျွမ်းပေမယ့် မလုံလောက်တာကြောင့် အလယ်ပိုင်းဒေသမှာ သိုင်းပညာ လေ့လာဖို့အတွက် ရောက်လာခဲ့တာပေါ့…. ဒီလိုနဲ့ ကျန်းနန်လူထူးလူဆန်း ၇ ဖော်ရဲ့ တပည့်ဖြစ်လာခဲ့တယ်… တစ်ချိန်တည်းမှာ အကြောင်းကြောင့်ကြောင့် သိုင်းလောကထိပ်သီး ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်ရဲ့သမီး ဟွမ်ရုံနဲ့ အမှတ်တမဲ့ ဆုံဆည်းရာကနေ ဘဝမှာမမေ့နိုင်တဲ့ အမှတ်တရဖြစ်လာခဲ့တာပေါ့… ဒီလို ခင်မင်ရင်းနီးလာရာကနေ အားလုံးသိတဲ့ ကောကျင့်ကနေ ကျင့်ကိုကိုဖြစ်လာပြီး ဟွမ်ရုံကလည်း ရုံအာဖြစ်လာတာပေါ့… မငြိမ်သက်တဲ့ သိုင်းလောကကြောင့် သူတို့နှစ်ဦး နီးစပ်ခဲ့သလို ဒီသိုင်းလောကကြောင့်လည်း သူတို့နှစ်ဦး ဝေးခဲ့ရတယ်… အကြောင်းကတော့ မက်မွန်ကျွန်းအရှင် အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်က ကျန်းနန်လူထူးလူဆန်း ၇ ဖော်ကို သတ်လိုက်တယ်ဆိုတဲ့ ကောလဟလ သတင်းကြောင့်ပါပဲ… ဒီတော့ ဝေးကွာသွားတဲ့ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းနိုင်ပါ့မလား… နောက်ပြီး ကောကျင့်ကရော သူဆန္ဒအတိုင်း ပြည်သူကို ကာကွယ်နိုင်တဲ့ သိုင်းပညာရှင် သူရဲကောင်းဖြစ်လာမှာလား… ဒီလိုမျိုးမငြိမ်သက်တဲ့ စစ်မြေပြင်မှာ ငြိမ်းချမ်းရေးပန်းတွေ ပွင့်ဖို့ ဘာတွေပေးဆပ်ပြီး ဘာတွေကို ကျော်ဖြတ်ရဦးမှာလဲ… ဘယ်လိုတွေစိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ထားတယ်ဆိုတာကို ကြည့်လိုက်ကြရအောင်နော်

Adventure • Comedy • Fantasy • Family • Drama
6.8 2025
Legends of the Condor Heroes: The Gallants