YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Our Flag Means Death.S02E01.1080p.mp4

628.16 MB N/A video/mp4 141 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bhoothakaalam
6.4

မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်း ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင် Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့ နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာ မိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲ စိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့ သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့ အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psycho သားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ မထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင် ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲ ဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.05Gb  / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate

Romance • Thriller
6.4 2022 105 mins
Bhoothakaalam
Mirror Mirror
5.9

Mirror Mirror 2012 The Ant Bully, Smurfs, Michael Collins အစရှိတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးကောင်း Julia Robertsနဲ့ Emily in Paris, Abduction, Tarzan, The Mortal Instruments: City of Bones အစရှိတဲ့ ရုပ်ရှင်ကောင်းတွေ များစွာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Lily Collinsတို့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေး လာပါပြီ။ ဇာတ်လမ်းက ​စနိုးဝှိုက် remakeပါ။ ဒါပေမယ့် ဒီဇာတ်လမ်းက တခြားကြည့်ဖူးနေကြ ရိုးအီနေပြီဖြစ်တဲ့ စနိုးဝှိုက် ဇာတ်လမ်မျိုး မဟုတ်တော့ပါဘူး။ ဒီဇာတ်လမ်းက ဇာတ်ညွှန်းကို ဆန်းသစ်ထားတဲ့ စနိုးဝှိုက်လေးပဲဖြစ်ပါတယ်။ စနိုးဝှိုက်ဆိုတော့ သိကြတဲ့အတိုင်း ဘုရင်မ စုန်းမကြီးရယ် စနိုးဝှိုက်တို့ရဲ့ ပြိုင်ဆိုင်မှုဇာတ်လမ်းပေါ့။ ဒါပေမယ့့် မတူတာက အရင်င်စနိုးဝှိုက်တွေက အားနွဲ့တဲ့မိန်းမသားလေးတွေ ဖြစ်ကြတယ်။ ဘုရင်မကြီးက အဆိပ်ပန်းသီး​ကျွေး၊ စနိုးဝှိုက်က အဆိပ်မိ၊ မင်းသားလေးက ရောက်လာပြီး ကယ်နဲ့ မင်းသားဦးစားပေးဇာတ်လမ်းမျိုး များပါတယ်။ ဒါပေမယ့် ဒီMirror Mirrorမှာတော့ စနိုးဝှိုက်လေးက အကုန်လုံးနဲ့ ရင်ဘောင်တန်းပြီး ဘုရင်မကြီးနဲ့ ပြိုင်ဆိုင်ကြတာပါ။ စနိုးဝှိုက်တစ်ယောက် ဘုရင်မကြီးနဲ့ ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ရင်သပ်ရှုမော့စွာနဲ့ out of the boxကနေ ကြည့်ရှု့လိုက်ကြပါစို့ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Winဖြစ်ပါတယ်။

Action & Adventure • Drama • Sci-Fi & Fantasy
5.9 2012 106 mins
Mirror Mirror
Sky of Love
6.8

Sky of Love(2007) …………………….. ဆိုရှယ်မီဒီယာတွေ မတွင်ကျယ်သေးတဲ့ ၂၀၀၀ ခုနှစ်တွေမှာ ဖုန်းထဲကအသံလေးကြားပြီး ရင်ခုန်သဘောကျမိခဲ့ဖူးတဲ့အချစ်ဦး ရှိခဲ့ဖူးရင် ဒီကားလေးကြည့်သင့်ပါတယ်။ ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဒီကားဟောင်းလေးမှာတော့ ခေတ်ဟောင်းအငွေ့အသက်တွေနဲ့အတူ အချစ်ဦးကြောင့် ပျော်ရွှင်ခဲ့ရသလို ကြေကွဲခံစားခဲ့ရတဲ့ ကောင်မလေးရဲ့ အမှတ်တရဇာတ်လမ်းတွေကို ပြန်​ပြောပြနေဟန်နဲ့ စတင်ထားပါတယ်။ ရှင်ကွဲမကွဲရင် သေကွဲကွဲတဲ့ Sad Ending ကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ဖို့ သင့်တော်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size…1.8GB | 935MB | 487MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Drama
6.8 2007 129 mins
Sky of Love
Clerks III
6.4

Clerks III (2022) IMBb – 6.6 ဒန်တီနဲ့ ရန်ဒယ်တို့ Clerks III နဲ့အတူ ပြန်လာပါပြီ Clerks III မှာတော့ ဒန်တီတို့က Quick Stop စတိုးဆိုင်ပိုင်ရှင်တွေ ဖြစ်နေကြပါပြီ တစ်နေ့တော့ အဲလိုင်းယက်စ်နဲ့ ငြင်းရင်းခုံရင်းကနေ ရန်ဒယ်တစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်သွားပါတယ် သေမင်းခံတွင်းဝကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ ရန်ဒယ်က မဟာစိတ်ကူးကြီးတစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ်ပါတော့တယ် အဲဒီ မဟာစိတ်ကူးကြီးကတော့ သူ့ဘဝအကြောင်းကို ဇာတ်ကားရိုက်ဖို့ပါ Quick Stop စတိုးဆိုင်မှာ ဒန်တီနဲ့ သူကြုံခဲ့တဲ့ ကိစ္စတွေကို သူကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ပါတော့တယ် ရန်ဒယ်ရဲ့ ဇာတ်ကားက သူနဲ့ ဒန်တီအကြောင်း ရိုက်ထားတာဖြစ်လို့ ပြီးခဲ့တဲ့ Clerks I နဲ့ Clerks II တို့ရဲ့ရိုက်ကွင်းတွေကို ကြည့်နေရသလို ခံစားရမှာပါ Clerks ကားတွေရဲ့ ထုံးစံအတိုင်း ပြောင်မြောင်လှတဲ့ ဒိုင်ယာလော့ခ်တွေကြောင့် ခွီလည်း ခွီနေရမှာပါ Clerks I, Clerks II နဲ့ Clerks III သုံးကားလုံး ကြည့်ပြီးသွားရင်တော့ ဒန်တီနဲ့ ရန်ဒယ်ဆိုတဲ့ ဇာတ်ကောင် နှစ်ယောက်က ရင်ထဲမှာ အတိုင်းအတာတစ်ခုအထိ နေရာယူသွားမှာ အသေအချာပါပဲ (အဆုံးမှာ Clerks ဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Kelvin Smith ရဲ့ ကျေးဇူးတင်စကားနဲ့ ရန်ဒယ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲအကြောင်းအရာကို ပြောပြထားတဲ့ အသံဖိုင် ပါတာကြောင့် အဆုံးထိကြည့်ရှုပေးကြပါရန်) အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre…..Comedy Quality…. 1080p | 720p | 480p File size…1.5GB | 811MMB } 444MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator …..Roman NoX Encoder ….. Augustt

Action • Adventure • Science Fiction
6.4 2022
Clerks III
Mr Yin-Yang
5.9

ချင်းယွမ်မြို့ မှာ ထူးခြားတဲ့ကိစ္စတွေအခြေတည်နေတဲ့ လင်းအိမ်တော်ရဲ့ကနေအစတည်ခဲ့တဲ့ဇာတ်လမ်းလေးပါပဲ… ဖေးယွမ်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မှာ သုန်းကျစ်လို့ ခေါ်တဲ့ အဖော် ကောင်လးတစ်ယောက်ရှိခဲ့တယ်… တစ်နေ့မှာ နှစ်ယောက်သားသီးသန့်နေရာလေးတစ်ခု ဘယ်သူ့ကိုမှမပြောပါဘူးဆိုပြီး ကတိပြုခဲ့ကြပြီး သုန်းကျစ်က အဲ့ဒီနေရာလေးမှာ ရုပ်သေးအတတ်ပညာကို အိမ်ရှင်တွေမသိအောင်ခိုးသင်ခဲ့တယ်…တစ်နေ့မှာ ငွေရှာပြီး ထွက်သွားဖို့အတွက်ပေါ့… ဒါပေမယ့် ကံကြမ္မာဖန်လာတော့ အရာရာကို ငွေနဲ့ပဲ ဖြေရှင်းတဲ့ လင်းအိမ်တော်က သေဆုံးပြီးဖြစ်တဲ့ သားဖြစ်သူကို ယင်ဓာတ် နဲ့မင်္ဂလာဆောင်ပေးဖို့ ဖေးယွမ်နဲ့ စီစဥ်ခဲ့ကြတယ်… ဖေးယွမ်သိတော့ ကြောက်လန့်တကြား သုန်းကျစ်ကို အကူအညီတောင်းခဲ့တော့ သူတို့လျို့ဝှက်နေရာလေးမှာ ပုန်းနေဖို့ပြောခဲ့တယ်… အိမ်ရှင်တွေက ဖေးယွမ်ပျောက်ဆုံးသွားတဲ့ အတွက် သုန်းကျစ်ကိုစစ်မေးရင်း ဖေးယွမ်ပြန်ပေါ်လာတာကြောင့်အရင်အစီအစဥ်အတိုင်း မင်္ဂလာပွဲစီစဥ်ကာ အရှင်လတ်လတ်​မြုပ်ပစ်ခဲ့ကြတယ်… မတရားသဖြင့်သေခဲ့ရတဲ့ ဝိဉာဥ်ဖြစ်တာကြောင့် ခြောက်လန့်မှုတွေရှိလာပြီး ယင်းယန်ဆရာ ယင်းရှစ်စန်းကို ခေါ်ခဲ့လိုက်ကြတယ်…. ယင်းရှစ်စန်းကဖြေရှင်းပေးနိုင်ပါ့မလား…. လင်းအိမ်တော်ရဲ့ အရှုပ်တော်ပုံကရောဒီလောက်ပဲလား ဘာတွေ ထပ်ရှိဦးမလဲ…. သရဲခြောက်တယ်ဆိုတာရော အမှန်တကယ်ပဲလား လုပ်ကြံနေတဲ့သူရှိနေတာလားဆိုတာကို စောင့်မျှော်ကြည့်ပေးကြပါဦးနော်

5.9 2023
Mr Yin-Yang
The Butterfly Effect 2

နစ် လာဆင်ဟာ သူ့ရဲ့ကောင်မလေး ဂျူလီ မီလာကို မတော်တဆမှုတစ်ခုမှာ ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ အောင်မြင်နေတဲ့ အလုပ်အကိုင်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုဟာ ကွဲကြေပျက်ဆီးခဲ့ရပါတယ်. အဲဒီလိုနဲ့ သူ့ကိုယ်သူအပြစ်ရှိတဲ့ စိတ်နဲ့ရှင်သန်နေပြီး တစ်နှစ်လောက်အကြာမှာတော့ နစ်ဟာ သူ အချိန်နောက်ပြန်သွားနိုင်တယ်ဆိုတာကို မထင်မှတ်ပဲ သိသွားခဲ့ပါတယ်. သူက အဲဒီ့အစွမ်းကိုသုံးပြီးတော့ သူ့ကောင်မလေးဂျူလီ မသေဆုံးရအောင် ကာကွယ်ပါတော့တယ်. ကံမကောင်းစွာနဲ့ နစ်ရဲ့ အဲဒီလို အချိန်နောက်ပြန်သွားခြင်းဟာ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကိုပါ ထိခိုက်လာပါတော့တယ်. နစ် တစ်ယောက် ဘာမှဆိုးဆိုးရွားရွားမဖြစ်ပဲ သူချစ်ရတဲ့ ဂျူလီကို ကယ်နိုင်မလား…. ဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းတစ်ခုလုံးကို စီးမျောပြီး အချိန် တစ်နာရီခွဲလောက် ကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဆွဲဆောင်ထားနိုင်တဲ့ Mystery Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်. နာမည်ကျော် The Mask ရုပ်ရှင်, Child’s Play 3 ရုပ်ရှင်တွေအပြင် အခြားနာမည်ကြီး Horror ကားတွေဖြစ်တဲ့ Insidious, The Conjuring နဲ့ Annabelle တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ John R. Leonetti ရိုက်ကူးထားတာဖြစ်လို့ တစ်ကယ်ကို ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ… File size…(1.7 GB)/(849 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

Action • Comedy
0 2006
The Butterfly Effect 2
Read My Lips
7.3

ထောင်ထွက်တစ်ယောက်နှင့် နားမကြားတဲ့သာမာန်ရုံးဝန်ထမ်းကောင်မလေးတို့ နဖူးစာရွာလည်ပြီး ဒေါ်လာခုနှစ်သောင်းကို ခိုးယူဖို့ ကြံစည်ကြတဲ့အခါ??? ဇာတ်လမ်းအကျဉ်း…… ကာလာဟာ နားမကြားတဲ့အမျိုးသမီးဖြစ်ပြီး လူတွေရဲ့ နှုတ်ခမ်းအမူအရာကိုဖတ်ပြီး ဘာပြောနေလဲဆိုတာကို သိနိုင်တဲ့သူပါ။ သူမဟာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေပြီးတော့ သာမာန်အတိုင်း ပျင်းရိစရာကောင်းတဲ့ ရုံးလုပ်ငန်းမှာ စိတ်လှုပ်ရှားစရာမရှိဘဲ ဘဝကို ဖြတ်သန်းနေသူတစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ တစ်ယောက်တည်း အလုပ်မနိုင်တဲ့အတွက် ရုံးကူအလုပ်သင်ရှာရာကနေ ထောင်က ပူပူနွေးနွေးထွက်လာတဲ့ ပေါလ်အန်ဂျလီကို တွေ့ပြီး ထောင်ထွက်မှန်းသိသိနဲ့ သနားမိပြီး အလုပ်ခန့်လိုက်ပါ‌တော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ရင်းနှီးလာကြပြီးနောက်မှာ ပေါလ်ဟာ မားချန့်ဆိုတဲ့ ကလပ်ပိုင်ရှင်ဆီမှာ ဒေါ်လာ ခုနှစ်သောင်းအကြွေးတင်နေပြီး မားချန့်ရဲ့ ကလပ်မှာ အကြွေးဆပ်ဖို့အတွက် အလုပ်သွားလုပ်ရပါတော့တယ်။ ပေါလ်က အလုပ်လုပ်ရင်းနဲ့ မားချန့်ဆီမှာ ဒေါ်လာအများကြီးရှိကြောင်း သိလိုက်ရတဲ့အခါ ကာလာကို အကူအညီတောင်းပြီး ငွေခိုးယူနိုင်ဖို့ အစီအစဉ်ဆွဲပါတော့တယ်။ အဲဒီတော့ သူတို့နှစ်ယောက်သား မားချန့်ဆီက ငွေခိုးယူနိုင်ပါ့မလား၊ ကာလာလို့ နားမကြားတဲ့သူက ဘယ်လိုအရေးပါလို့ ဘယ်လိုကူညီမှာလဲဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ပြင်သစ်ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် လက်မနှေးဘဲ ကြည့်ရှုလိုက်ကြပါခင်ဗျာ။ File size…(2.4GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.3 2001
Read My Lips
The Seeding
5.1

CM ပရိတ်သတ်ကြီးအတွက်ခုတစ်ခါ တင်ဆက် ပေးလိုက်တာကတော့ ၂၀၂၄ ထွက် The seeding ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းလေးကတော့ ဓာတ်ပုံဆရာတစ်ယောက်ဟာ ကန္တာရထဲမှာ နေကြတ်တာကို ဓာတ်ပုံသွားရိုက်နေရင်း လမ်းပျောက်နေတဲ့ ကလေး တစ်ယောက်နဲ့တွေ့ခဲ့ပါတယ် ကလေးကိုကူညီရင်းနဲ့ တစ်ယောက်တည်းလမ်းပျောက်နေရင်း လူသူမရှိတဲ့ ကန္တာရထဲမှာ ထူးထူးခြားခြားအိမ်ကလေးတစ်လုံးကို တွေ့လိုက်ရပါတယ် အဲဒီအိမ်မှာအနားယူရင်းမနက် မိုးလင်းတဲ့အခါ သူကန္တာရထဲက ကျင်းတစ်ခုထဲမှာ အိမ်ပိုင်ရှင်အမျိုးသမီးနဲ့အတူပိတ်မိနေတာကိုသိလိုက်ရတဲ့အခါ …… လျှို့ဝှက်ချက်တွေအပြည့်နဲ့ဇာတ်လမ်းတစ်ပုဒ်ကို ရင်ထိတ်သည်းဖို ကြည့်ရှုရဦးမှာပါ… File size…2.09GB / 998MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

Adventure • Animation • Family • Fantasy
5.1 2023 100 mins
The Seeding
Shayda
6.8

လတ်တလော ဆိုရှယ်မီဒီယာမှာ ခပ်စိတ်စိတ် မြင်ရတွေ့နေရသလိုမျိုး Domestic violence အကြောင်း ရိုက်ကူးထားတဲ့ Shaydaဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအနေအထားကိုပြောရရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ မှန်းရလွယ်တဲ့ ပလော့တွစ်တွေဘာတွေမပါတဲ့ ဒရာမာတစ်ပုဒ်ပေမဲ့ domestic violence ဆိုတာဘာလဲ။ ကိုယ်သာဒီလိုအဖြစ်နဲ့ကြုံလာခဲ့ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ၆ နှစ်အရွယ်သမီးလေးရဲ့မိခင် ရှေဒါဆိုတဲ့ဇာတ်ကောင်ရဲ့ POVနဲ့ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ အီရန်နိုင်ငံသူ ရှေဒါတစ်ယောက် ခင်ပွန်းဖြစ်သူဟိုစိန်ရဲ့ အကြမ်းဖက်ရိုက်နှက် အလိုမတူမုဒိမ်းကျင့်မှုတွေ ခဏခဏခံရပြီးတဲ့နောက်မှာတော့ သတ္တိမွေးပြီး အီရန်ကနေ ဆွေမရှိမျိုးမရှိ ဩစတေးလျကို ထွက်ပြေးပြီး အမျိုးသမီးဂေဟာတစ်ခုမှာ သွားနေပါတယ်။ အရင်ကလည်း ကွာရှင်းခွင့်တောင်းဖို့ ကြိုးစားဖူးပေမဲ့ သမီးလေးမိုနာကို အတင်းခေါ်သွားပြီး အကြပ်ကိုင်တဲ့အတွက် ဒီတစ်ခါတော့ သမီးနဲ့အဝေးကိုထွက်ပြေးပြီးမှ ကွာရှင်းဖို့ တရားစွဲတာပါ။ အီရန်ဆိုတာက အမျိုးသားတွေကို အခွင့်ထူးပေးတဲ့နိုင်ငံဖြစ်နေတာကြောင့် ရှေဒါဘက်က သက်သေနဲ့တင်ပြနေတာတောင်မှ တရားရင်ဆိုင်နေစဉ်ကာလအတွင်းမှာ မိုနာလေးကို ဟိုစိန်နဲ့တွေ့ခွင့်ပေးရဖို့ ဖြစ်လာပါတော့တယ်။ မိန်းမဆိုတာ ‌ယောက်ျားကိုခစားရမှာပဲ ပြုစုပေးရမှာပဲဆိုတဲ့ အတ္တသမားခင်ပွန်းသည်ဟိုစိန်၊ သမီးလေးကိုသနားရင် ကြိတ်မှိတ်သည်းခံလိုက်ပါလား သူကအဖေကောင်းပဲလေဆိုတဲ့ ရှေဒါရဲ့အမေ၊ မိမိကအကြမ်းဖက်ခံရတာပါဆိုပြီး သက်သေတင်တာတောင်မှ ဟိုလိုဒီလို ခနဲ့တဲ့တဲ့အပြောတွေနဲ့တရားရုံးနဲ့ရှေ့နေတွေ၊ ဒီမိန်းမဘာအပြစ်လုပ်လို့ ရိုက်ခံရလဲမှမသိတာဆိုတဲ့ ဖိုဝါဒီအရိုးစွဲနေတဲ့ပတ်ဝန်းကျင်ရယ်၊ ဒီလိုပြဿနာပေါင်းစုံကြားကနေ ရှေဒါတစ်ယောက် သူ့ကိုယ်သူရော သမီးလေးမိုနာကိုပါ ကာကွယ်ဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားရမှာပါ။ အပေါ်ယံကြည့်ရင်တော့ Just a emotional dramaတစ်ပုဒ်ဆိုပေမဲ့ ဒီမှာအဓိကပြချင်တဲ့အရာကတော့ domestic abuseဆိုတာ ခေါင်းငုံ့ခံနေရမယ့်အရာမဟုတ်ဘူးဆိုတာ၊ သည်းခံနေရင် သူပြောင်းလဲလာမှာပါလို့ တွေးလို့မရတဲ့အရာဆိုတာ၊ လက်ပါတတ်တဲ့ယောက်ျားတစ်ယောက်ရဲ့မာယာမှာမျောပြီး ငါပြောင်းလဲနေပါပြီဆိုတာကို မယုံမိဖို့ ပြသထားတာဖြစ်ပြီး ငြိမ်ခံလေ တစ်ဆင့်တက်လေဖြစ်မယ့်အရာဖြစ်တာကြောင့် ရှေဒါလိုသတ္တိမွေးပြီး အလွတ်ရုန်းနိုင်တဲ့သူ‌တွေဖြစ်လာပါစေလို့ မျှော်လင့်ရင်းနဲ့ပဲ ဒီကားလေးကို ဘာသာပြန်ဆိုလိုက်ရပါတယ်။ ဒဏ်ရာတွေနဲ့မိန်းမသားတစ်ယောက်ဖြစ်ခဲ့ဖူးရင်တောင် သူတို့လည်း ပျော်ရွှင်မှုနဲ့ထိုက်တန်တယ်မဟုတ်ပါလား။ File size…(1.9 GB)/(1.35 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

6.8 2023
Shayda
Holding the Man
7.4

Holding the Man (2015) ================= IMDb Rating – 7.4/10 Holding the Man ဟာ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ Australian romantic drama ဇာတ်ကားတစ်ကားဖြစ်ပြီး Timothy Conigrave ရဲ့ ကိုယ်ရေးမှတ်တမ်းကိုအခြေခံရိုက်ကူးထား တာပါ။ ဇာတ်လမ်းကတော့ ကိုယ်ရေးမှတ်တမ်းဖြစ်တဲ့အတိုင်းစာရေးသူ တီမိုသီနဲ့သူ့ဘ၀လက်တွဲဖော်John Caleo တို့ရဲ့ ဆယ့်ငါးနှစ်တာ ဘ၀ဖြတ်သန်းမှုပါပဲ။ အစောပိုင်းခေတ်ကာလ ရေုးရိုးစွဲတွေ လိင် တူနှစ်သက်မှုကို ဘာသာရေး၊လူမှုရေး အစရှိတဲ့စံနှုန်းတွေနဲ့ နှိုင်း ချိန်အကဲဖြတ်ကြတဲ့ အချိန်မှာ သူတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေ၊ အနိမ့်အမြင့်အတက်အကျတွေကို သီချင်းတွေအများကြီးနဲ့ မြူးကြွ သွက်လက်စွာတွေ့မြင်ရမယ့် biopic မဆန်တဲ့ဇာတ်ကားတစ်ကား လည်းဖြစ်ပါတယ်။ ဇာတ်ကားဟာထွက်ရှိစဉ်ကတည်းက ရီဗျူးကောင်း ရလဒ်ကောင်း တွေရရှိခဲ့ပြီး အကောင်းဆုံး LGBT ဇာတ်ကားတွေစာရင်းမှာ အချိန်တို အတွင်းနေရာယူနိုင်ခဲ့ပါတယ်။မင်းသားနှစ်ယောက်ရဲ့ကြားက chemistry မိနေမှုနဲ့ performance တွေကိုလူတွေက အထူးချီးကျူးကြပါတယ်။ ခံစားကြည့်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.6 GB) / (700 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 07Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, History Translator…….Alias Encoder……….SWM

7.4 2015 128 mins
Holding the Man
Monday First Screening
5

Monday First Screening ( 2023) ဒီဖိလစ်ပိုင် အချစ်ကားက ဖိလစ်ပိုင်အချစ်ကားပေမဲ့ ထူးတော့ ထူးပါတယ်။ ဘာလိုဆို အချစ်ကားပေမဲ့ လူငယ်တွေ လူလတ်တွေအကြောင်းမဟုတ်ဘဲ တော်တော်ကိုမြင်ရခဲတဲ့ အငြိမ်းစား အဘိုးကြီးနဲ့အဘွားကြီးက အချစ်ဇာတ်လမ်းကို ပြထားတာမလိုပါပဲ။ အသက်၆၀ကျော်လို ပင်စင်ယူပြီးမှ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းပေါ့။ အချစ်ဇာတ်လမ်းကိုပြတာဆိုပေမဲ့ သူတိုဖိလစ်ပိုင်က ပင်စင်စားတွေရတဲ့အခွင့်အရေးတွေ ဘာတွေကိုလည်း မြင်ရမယ်။ ဒါကတော့ ကောင်းတဲ့ဘက်ပေါ့။ အဲဒီပင်စင်စားဘဝရဲ့ မကောင်းတဲ့ဘက်ကိုလည်း ပြတော့ပြထားတယ်။ ဒါပေမဲ့ မကောင်းတဲ့ဘက်ကတော့ အမြဲမြင်နေကျအရာပဲမို သိပ်တော့မထူးလှပါဘူး။ ကောင်းတဲ့ဘက်ကတော့ တနင်္လာနေ့ မနက်မှာပြတဲ့ ပထမဆုံးရုပ်ရှင်ပြသမှုကို အသက်၆၀ပြည့် သက်ကြီးနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အခမဲ့ကြည့်ခွင့်ရတာတို ဘာတိုပေါ့။ အတုယူချင်စရာကောင်းမယ့် အချက်တွေပါပဲ။ သူတိုလူကြီးချင်း မိတ်ဖွဲဆွေဖွဲဖြစ်ကြမယ်။ တစ်ပတ်ရုပ်ရှင်တစ်ကား ဘာစရိတ်မှမကုန်ဘဲကြည့်ခွင့်ရမယ်။ လူလွတ်တွေ မုဆိုးဖို မုဆိုးမတွေဆိုရင်လည်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့။ ဇာတ်အိမ်တည်ဆောက်ပုံကတော့ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ဒီလိုထူးထူးခြားခြားအကြောင်းအရာကို အတုယူချင်ယူစရာကောင်းတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ တည်ဆောက်ပြထားတာမို ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဒီလိုကားတွေမှာ စာဖိုင်က တစ်ခါတလေ အခက်အခဲရှိတတ်တာမို ဒီကားက စာဖိုင်က အပြည့်တော့မစုံပါဘူး။ ၅ရာခိုင်နှုန်းလောက်တော့ လိုနေပါလိမ့်မယ်။ နည်းနည်းလေးတော့ သည်းခံပေးရပါလိမ့်မယ်။ ဒါပေမဲ့လည်း ဇာတ်ကိုတော့ မထိခိုက်တာကြောင့် ကြည့်လိုတော့ လုံးဝအဆင်ပြေပါတယ်။ ဒီလိုအတုယူချင်စရာကောင်းတဲ့ အသိုင်းအဝိုင်းတစ်ခုအကြောင်းကို မြင်ရမှာမို တန်တော့တန်မှာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော W ပါ ) File size_( 3GB)/( 1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:44:00 Genre_Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

5 2023
Monday First Screening
Chandlo
7

Chandlo (2023) “ဘဝသစ်” ရင်ကိုနွေးစေမယ့် ဂူဂျာရတ်တီစကားပြော ဒရာမာရုပ်ရှင်ကားလေးကို တင်ဆက်လိုက်ပါတယ် မီရာက တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး ရှာရန်ဆိုတဲ့ အဆိုရှင်ကို သိပ်ကိုနှစ်ခြိုက်တဲ့ အမျိုးသမီးပါ မီရာ့သမီးလေး အက်ရှ်သာကတော့ ရှာရန့်သီချင်းတွေကို နားမခံနိုင်တဲ့ ဆန့်ကျင်ဘက်ခပ်ဆိုးဆိုးကောင်မလေး သူတို့သားအမိနှစ်ယောက်လုံးက မြတ်နိုးရတဲ့လူတစ်ယောက်ကို ဆုံးရှုံးခဲ့ရလို့ အမှတ်တရတချို့ကို မေ့ပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာ အဆိုရှင် ရှာရန်နဲ့ ရင်းနှီးသွားတဲ့အခါ ဘယ်လိုအချစ်ဇာတ်လမ်းတွေဖြစ်လာမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7 2023
Chandlo
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
The Magician’s Raincoat
5.5

The Magician’s Raincoat (2024) ဆယ်ကျော်သက်မောင်နှမသုံးယောက် သူတိုအဖွားသေတ္တာထဲက အဝါရောင် မိုးကာအင်္ကျီကို တွေ့တော့ သာမန်အဝတ်အစားဟောင်းလိုပဲ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အင်္ကျီလည်းဝတ်လိုက်ရော အဲဒီမိုးကာအင်္ကျီထဲပိတ်မိနေတဲ့ ဟိုးလွန်ခဲ့တဲ့ ၈၆နှစ်က Augustus Semprini ဆိုတဲ့ မျက်လှည့်ဆရာကြီး ဘွားခနဲပေါ်လာတယ်။ ဖြစ်ပုံကတော့ အဲဒီမိုးကာအင်္ကျီကိုဝတ်လိုက်ရင် ဝတ်လိုက်တဲ့သူက Augustus အဖြစ် ရုပ်ပြောင်းသွားတာပါပဲ။ တကယ့်မျက်လှည့်ဆရာ Augustus ကတော့ ကျိန်စာမပြယ်မချင်း မိုးကာအင်္ကျီထဲမှာ ပိတ်မိနေဦးမှာပါ။ ဒီလိုနဲ့ မျက်လှည့်ဆရာမှာရှိတဲ့ ရင်ထိုးကို ရဖိုလိုက်ရှာနေတဲ့ စုန်းမကြီးရဲ့ ရန်ကနေရှောင်ပြီး သူတို မောင်နှမသုံးယောက် မျက်လှည့်ဆရာကို ကုတ်အင်္ကျီထဲကနေ လွတ်မြောက်အောင် ကျိန်စာပြယ်ဖို ကြိုးစားကြပါတော့တယ်။ စိတ်ဝင်စားစရာဇာတ်အိမ်၊ မထင်မှတ်ထားတဲ့ Plot twists မျိုးစုံနဲ့ မပျင်းရမဲ့ adventure မှော်စွမ်းအင် ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်ကိုကြည့်ချင်ရင်တော့ recommend ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.6 GB) / (970 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Family, Fantasy Duration….01:30:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Comedy
5.5 2024 90 mins
The Magician’s Raincoat