YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Noise (2023) 1080p.mp4

1.73 GB N/A video/mp4 217 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ponniyin Selvan: Part II
6.9

Ponniyin Selvan: Part II (2023) IMDb 8.1/10 ၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်... တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ် သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ... သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်... သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်... ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်... ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ... ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။ သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။ Part II မှာတော့ အရွန်းမိုဇီဟာ ခမည်းတော်ရဲ့အမိန့်အရ အကျဥ်းသင်္ဘောနဲ့ပြန်လာခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ မုန်တိုင်းကြောင့် သင်္ဘောပျက်ပြီး ရက်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အာရွန်းမိုဇီ တကယ်ပဲ သေဆုံးသွားခဲ့ပြီလား။ ဒီတော့ နောင်တော် အာဒိတကလည်း ဒါက နန်ဒီယာရဲ့ ကြိုးကိုင်မှုလို့ယူဆပြီး ကြားထဲက ပဋိပက္ခတွေ တင်းမာလာခဲ့တပေါ့။ ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး တိုင်းပြည်ရဲ့အာဏာကို သိမ်းဖို့ကြိုးစားနေတဲ့ လူတွေကတစ်ဖက်။ ထက်မြက်ပြီးပါးနပ်လှတဲ့ ဘုရင်မ နန်ဒီယာကရော ဘယ်လို ဆက်အကွက်ရွေ့မလဲ။ ဒီလိုတိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ Part II မှ မြင်တွေ့ရဦးမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... အညွှန်းရေးသားထားပေးတာကတာ့ Hayman ဖြစ်ပြီး ဘာသာပြန်တွေကတော့ Hayman,Khin,Saii,Yin Yin တို့ဖြစ်ပါတယ် File size…8.58GB / 4GB /1.6GB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by Hayman,Khin,Saii,YH

Drama • BL
6.9 2023 165 mins
Ponniyin Selvan: Part II
Autumn in New York
6.1

နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်း ဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာ အစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။ တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။ သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီး အသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကို သူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama • Romance
6.1 2000 103 mins
Autumn in New York
Sleepless in Seattle
6.7

မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်.. ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုများစွာလည်းရရှိခဲ့ပါတယ်.. အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။ တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေ ပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင် ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့် အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့.. ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Romance
6.7 1993 105 mins
Sleepless in Seattle
Ages of Love
5.3

အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။ Manual of Love 2 တုန်းက ပါဝင်ပွဲကြမ်းသွားတဲ့ ပုရိသတို့အသည်းစွဲ မင်းသမီးကြီး Monica Bellucci လဲထပ်မံပါဝင်ထားခဲ့ပြီးတော့ တခြားဇာတ်ဆောင်တွေနဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို ပေါင်းစပ်တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ မြှားနတ်မောင်ဇာတ်လမ်းပါ...မြင်နေကျ မြှားနတ်မောင်ဇာတ်လမ်းတွေနဲ့မတူတာက ဒီထဲမှာပါတဲ့ မြှားနတ်မောင်ကတော့ သောက်တလွဲပဲ ပစ်တတ်တဲ့ကောင်ပါ။ ဒီကောင်ပစ်လိုက်တာနဲ့ သောက်ပြသနာတသီကြီးတက်ပြီလို့ပြောရလောက်အောင် ချောက်ချတတ်တဲ့မြှားနတ်မောင်ပါ။ ရင့်ကျက်တည်ငြိမ်သူတွေတောင်မှ လဗြောင်းသတ်သွားတတ်တဲ့ မြှားနတ်မောင်ရဲ့မြှားသုံးချောင်းအကြောင်းကို ခံစားကြည့်ကြပါဦး။ Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.org/?s=manual+of+love  မှာကြည့်ပါ။ File size…(900 MB) Quality…BluRay 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by BaBa Yaga

Action • Animation • Fantasy
5.3 2011 125 mins
Ages of Love
The Hole in the Fence
6

ပရိတ်သတ်ကြီးကို 2021မှာ ထွက်ခဲ့တဲ့ စပိန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားလေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းသားလေးတွေက လော့စ် ပိုင်းနို့စ်လို့ခေါ်တဲ့ နွေရာသီ ဘာသာရေးစခန်းတစ်ခုကို လာရောက်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ လော့စ်ပိုင်းနို့စ် ဟာ မြို့ပြင်မှာ သီးခြားတည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ ချို့တဲ့သော လူတန်းစားတွေနေထိုင်ကြတာပဲဖြစ်ပါတယ်။ စခန်းရဲ့ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်တဲ့ ကောင်လေးတွေကို ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲပေးဖိုပါပဲ။ တစ်နေ့မှာတော့ ကျောင်းသားတွေဟာ စခန်းထဲမှာ ကွင်းဆင်းလေ့လာနေရင်း စခန်းကိုကာရံထားတဲ့ ခြံစည်းရိုးကို တစ်ယောက်ယောက်က အပေါက်ဖေါက်ထားတာကိုတွေ့မိကြပါတယ်။ ဒီအဖြစ်အပျက်ကနေစလို့ ပိုပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ စခန်းပတ်ဝန်းကျင်ရဲ့ အခြေအနေအမှန်တွေ ဆရာတွေရဲ့ ရည်ရွယ်ချက်အမှန်တွေ တဖြည်းဖြည်းပေါ်ပေါက်လာတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေနဲ့ ဆယ်ကျော်သက်ဘဝ ဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.27GB / 0.99GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Swam Yi

Action • Adventure • Comedy • Crime
6 2021 102 mins
The Hole in the Fence
Hold Me Tight
6.8

Hold Me Tight (2021) ================ IMDb Rating – 6.8/10 လူ့စိတ်ဆိုတာ အစိုးမရဘူးလို့ ပြောတတ်ကြပါတယ်။ တစ်ခါ တလေ စိတ်‌ဆိုတာ လွင့်ချင်ရာလွင့်နေတတ်တာမျိုးပါ။ လုပ်မိ တဲ့အရာအတိုင်းအတွက် အကြောင်းပြချက်ရှိချင်မှရှိမယ်၊ စိတ် စေရာအတိုင်းလုပ်မိရင်း ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ ဒီဇာတ်လမ်းထဲက ကလယ်ရိစ်ဟာလည်း ဒီလိုပါပဲ။ တစ်ရက်မှာ မနက်စောစောနိုးလာပြီး ပစ္စည်းအနည်းငယ်ကိုယူလို့ အိပ်နေတဲ့ ခင်ပွန်းသည်နဲ့ ကလေးတွေထားသွားခဲ့တာပါ။ သူဘာလို့ ထွက် သွားလည်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ခင်ပွန်းသည် မက်ခ်က တော့ ကလေးနှစ်ယောက်ကိစ္စတွေ မနိုင်မနင်းလုပ်ရင်း ကျန်နေ ခဲ့ပါတယ်။ ဇာတ်လမ်းဟာ ကလယ်ရိစ်ရောက်ရာအရပ်ကို ပြလိုက်၊ သူ့စိတ် ကူးတွေလွင့်မျောနေတာကို ပြလိုက်၊ မက်ခ်နဲ့ ကလေးတွေ ကသောင်း ကနင်း ဖြစ်တာကို ပြလိုက်နဲ့ ခပ်ငြိမ့်ငြိမ့်ပဲ သွားထားပါတယ်။ ဇာတ် လမ်းက အေးသလိုထင်ရပေမဲ့ အဆုံးထိကြည့်မှ ဇာတ်လမ်းရဲ့ twist ကို မြင်ရမှာပါ။ ကြည့်ကြည့်ချင်းတော့ ဘယ်လိုလဲ ဘာတွေလဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒီတော့ ခပ်အေးအေးအမျောလေးတွေမှ ကြိုက်တဲ့သူတွေအတွက် ဒီ melodrama ရုပ်ရှင်ကို အဆုံးထိကြည့် ကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.5 GB) / (582 MB) / (353 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….C’mon Encoder……….SWM

Drama • Comedy
6.8 2021 95 mins
Hold Me Tight
Take Care of Maya
7.8

Take Care of Maya (2023) ================== IMDb Rating – 7.8/10 Netflix ရဲ့ မှတ်တမ်းရုပ်ရှင်ကောင်းတစ်ခုဖြစ်ပြီး Rating လည်း 7.8 အထိရထားပါတယ်။ Take care of Maya ဆိုတာ မာယာကိုဝါစကီးဆိုတဲ့ကောင်မလေး အသက်ဆက်ရှင်နိုင်ဖို့ ကြိုးစားရင်း အမေရိကန် ဆေးဘက်ဆိုင်ရာနဲ့ တရားဥပဒေ ရေးရာမှာ အတော်လေးပွဲဆူသွားတဲ့ case ပါ။ မာယာဟာ ငယ်စဉ်ကကျန်းမာပေမယ့် 10 နှစ်သမီးလောက်မှာ ထူးဆန်းတဲ့ အာရုံကြော ရောဂါတစ်ခုကိုခံစားလာရပါတယ်။ CRPS လို့ခေါ်တဲ့ ရောဂါကြောင့်ခြေထောက်တွေလက်တွေ မလှုပ်ရှားနိုင်အောင်ဖြစ်ပြီး ခန္တာကိုယ်အနှံ့ နာကျင်မှုတွေလည်း ဖြစ်လာပါတယ်။ သာမန်ဆေးထိုးဆေးကုနဲ့ပျောက်တဲ့ရောဂါ မဟုတ်ပဲ ကြာလေ ဆရာ၀န်တွေလည်း အဖြေရှာမတွေ့နိုင်အောင် ဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ဘီရတာကိုဝေါစကီးကိုလည်း စိတ် ပုံမှန်မဟုတ်ဘူးဆိုပြီး စွပ်စွဲပြီး ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့က အုပ်ထိန်းခွင့်ယူလိုက်ပါတယ်။ သောကတွေများနေတဲ့ မိခင်ဘီရတာက အဆုံးစီရင်သွားမှ အမှု ကပိုရှုပ်ထွေးလာပါတော့တယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကောင်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.94 GB) / (596 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Thiha Yan Naing Encoder……….Zin Phyo Aung

7.8 2023 103 mins
Take Care of Maya
Wild Seas

ဒီဇာတ်လမ်းလေးကတော့ Wild Seas ဆိုတဲ့အတိုင်း Sailors တွေ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ ဘယ်လိုခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကြလဲဆိုတာကို လှပတဲ့ရှူခင်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးတွေရောနှောပြီးကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…….. အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ငါးဖမ်းသမားယောက်ျားနဲ့အတူ ပင်လယ်ပြင်တစ်ခွင်မှာကျင်လည်ကျက်စားရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့သူတို့အဖွဲ့အတွက်လူလိုလို့ဆိုပြီး အဖွဲ့ဝင်အသစ်တစ်ယောက်ကိုရှာရာကနေ မက်ဆန့်စ်ဆိုတဲ့ခပ်ငယ်ငယ်ခပ်ချောချောကောင်လေးတစ်ယောက်က သူတို့ဘဝထဲကိုဝင်လာခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကတော့ ကောင်လေးကို ကလေးတစ်ယောက်လိုပဲဆက်ဆံခဲ့ပေမဲ့ အဲဒီကောင်လေးဘက်က အမျိုးသမီးအပေါ်ကိုထားတဲ့ လေးစားမှုတွေကချစ်ခြင်းတရားအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့…. သူတို့လင်မယားနှစ်ယောက်ကြားထဲမှာ ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်နဲ့ ကြည့်ရှူရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(875 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

Drama
0 2022
Wild Seas
Flying Scrap Car
5.7

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟာသအမောပြေဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Flying Scrap Car ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဖျောင်ယီရွာဆိုတာကတော့ ပြိုင်ကားပြိုင်ပွဲတွေကျင်းပတဲ့ ပြိုင်ပွဲကွင်းနေရာဖြစ်တာပေါ့။ ဒီရွာလေးရဲ့ထူးခြားချက်ကတော့ အသုံးမဝင်တဲ့ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ ပြိုင်ကားသဖွယ်လုပ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကြတာပေါ့။ အဲ့လိုပစ္စည်းတွေကို ပြန်တပ်ဆင်ပြုပြင်တဲ့စက်ရုံကို ပိုင်ဆိုင်ထားတဲ့ ဖန်းရှန့်ကတော့ အကြွေးတွေ ပတ်လည်ဝိုင်းနေပြီး ပျော်ပျော်နေတတ်တဲ့လူဖြစ်ပြီး ရိုးသားဖြူစင်တဲ့လူတစ်ယောက်ဖြစ်တယ်။ သူနဲ့ဆရာတူအစ်ကိုတော် မာထာ့ဆွေကတော့ သူ့ဆရာနဲ့ပြိုင်ပြီးအနိုင်ရရှိသွားတဲ့လူဆိုပေမဲ့ ဖျောင်ယီရွာရဲ့ ပြိုင်ဘက် ဂလိုဘယ်လုပ်ငန်းစုကုမ္ပဏီဆီ သစ္စာတော်ခံခဲ့တာကြောင့် တရွာလုံးက သူ့ကိုသစ္စာဖောက်အဖြစ်မုန်းတီးနေကြတာပေါ့။ ဒီလိုနဲ့တနေ့မှာ တကမ္ဘာလုံး ပြိုင်ကားပြိုင်ပွဲရဲ့ ပြိုင်ပွဲခွဲကျင်းပဖို့ကွင်းနေရာစကားတင်စာရင်းမှာ ဖျောင်ယီရွာနဲ့ ဂလိုဘယ်ကုမ္ပဏီနှစ်ခုက ထိပ်တန်းအကြိတ်အနယ်ယှဉ်ပြိုင်ကြတာပေါ့။ ကဲဒီတော့ ပြိုင်ဘက်ဂလိုဘယ်ကုမ္ပဏီနဲ့ ဖျောင်ယီရွာတို့ယှဉ်ပြိုင်မှုကြား ဘယ်သူအနိုင်ရရှိမလဲ။ နောက်ဆုံးမှာ ဘယ်သူကိုရွေးချယ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုတွေကို ဟာသအရောအနှောလေးနှင့် တင်ဆက်ထားတာဖြစ်တာကြောင့် အမောပြေဟာသဇာတ်လေးတစ်ပုဒ်ကောင်းကို လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

5.7 2024
Flying Scrap Car
Getaway

Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ. ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်. အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ အမည်မသိသူက စီစဉ်ထားတဲ့ တွေ့ဆုံမှုပဲလား? ဘရန့်ကရော ဘာဖြစ်လို့ အမည်မသိသူ ခိုင်းတဲ့အတိုင်း တစ်ခုမကျန်လိုက်လုပ်နေရသလဲ? အဲဒီ့လူရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ? စတဲ့ စတဲ့ မြှုပ်ကွက်လေးတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. ဇာတ်လမ်းကိုအခြေတည်ထားတာတော့ ခရစ်စမတ်အချိန်မှာဖြစ်ပေမယ့် တခြား ခရစ်စမတ်ဇာတ်လမ်းတွေကို နုနုရွရွလေးမဟုတ်ပဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ ခရစ်စမတ်ကို ဖြတ်သန်းတဲ့ ဘရန့် မဂ်နာ (Ethan Hawke) တစ်ယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်. အညွှန်းနှင့် ဘာသာပြန်ကိုတော့ Jo Joe မှရေးသားထားပါတယ် File size…(1.7 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2013
Getaway
Gringa
5.9

Gringa ဆိုတဲ့အဓိပ္ပာယ်က စပိန် ဒါမှမဟုတ် လက်တင်အမေရိကမှာနေထိုင်တဲ့ နိုင်ငံခြားသူအမျိုးသမီး အထူးသဖြင့် အင်္ဂလိပ်အမျိုးသမီးလို့အဓိပ္ပာယ်ရပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ မာ့ခ်ျဘစ်ခ်ဖို့်ဒ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ အထက်တန်းကျောင်းတက်နေပါတယ်။ မာ့ခ်ျက အနည်းငယ်၀တယ်၊ နှေးတယ်၊ ဉာဏ်သိပ်မပြေးဘူး၊ ငြိမ်တယ် အဲဒါကြောင့် မာ့ခ်ျဟာ ကျောင်းမှာလည်းမ၀င်ဆံ့သလိုဖြစ်နေပြီး ‌ဆယ်ကျော်သက်ကျောင်းသားဘ၀ကို ဖြတ်သန်းဖို့ရာအခက်တွေ့နေပါတယ်။ တစ်ချိန်တည်းမှာပဲ မာ့ခ်ျရဲ့အမေဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ မာ့ခ်ျဟာ ၁၆ နှစ်လောက်ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့အဖေကိုရှာဖို့အတွက် အမေရိကန်-မက္ကဆီကိုနယ်စပ်ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုကျေးလက်က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာ သူမရဲ့အဖေကိုတွေ့ရှိသွားခဲ့ပါတယ်။ မာ့ခ်ျရဲ့အဖေဟာ ရွာရဲ့အမျိုးသမီးဘောလုံးအသင်းကိုနည်းပြလုပ်ပေးရင်း ရပ်ရွာအကျိုးသယ်ပိုးပြီး ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၆ နှစ်တာကွဲကွာနေတဲ့ အဖေနဲ့သမီးနှစ်ယောက် ပြန်ဆုံသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ဘ၀တွေ တစ်ဆစ်ချိုးပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတော့တယ်။ အမျိုးအစားကို Comedy/Sport လို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်တော်ကတော့ ဟာသနဲ့ အားကစားကို အချိုးညီညီရောစပ်ထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို စိတ်အပန်းဖြေနေတဲ့သူတွေ၊ ပင်လယ် နဲ့ ကျေးလက်အလှတွေကိုခံစားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး အဖေနဲ့သမီးအကြားက နွေးထွေးတဲ့ချစ်ခြင်းအပြင် ပင်လယ်ကမ်း‌ခြေရွာလေးထဲက ချစ်စရာဇာတ်ကောင်တွေနဲ့ မက္က‌ဆီကန်ရိုးရာယဉ်ကျေးမှုတွေကိုလည်း တစေ့တစောင်းမြင်တွေ့ရမှာဖြစ်တာကြောင့် မြည်းစမ်းကြည့်ရှုဖို့ရာ မမှားတဲ့ရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

5.9 2023 103 mins
Gringa
Silent Bite
5

Xmas လည်းနီးလာပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးတွေ ပါတဲ့ Horror ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Horror အမျိုးအစားဆိုပေမယ့် Dry Humor သဘောကျတတ်တဲ့ သူမျိုးတွေ အကြိုက်တွေ့မယ့် ဒိုင်ယာလော့တွေ ပါတာမို့ ပျင်းခြောက် မနေမယ့် ဇာတ်ကားဖြစ်ပါတယ် ဇာတ်ညွှန်းကတော့…. ခရစ္စမတ်အိဗ် အကြိုနေ့ညနေခင်းမှာ ကောင်တီဘဏ်ကို ဓားပြဝင်တိုက်ခဲ့တဲ့ “ဆန်တာဦးထုပ်ဓားပြအဖွဲ့”လို့ အမည်ပေးထားတဲ့ ဓားပြအဖွဲ့ ဘဏ်ဓားပြတိုက်ပြီး ကားမောင်းပြေးနေတာနဲ့ စထားပါတယ်… သူတို့တွေရဲ့ ကနဦးအစီအစဉ်ကတော့ ရဲတွေ မထင်ထားလောက်မယ့် ဘဏ်နဲ့သိပ်မဝေးတဲ့ ချောင်ကျကျ ဟိုတယ်တစ်ခုမှာ ခေတ္တခြေငြိမ်ပြီး ခိုနေပါမယ် အဖွဲ့ထဲက အယောင်ပြ မောင်းပြေးမယ့် သူတစ်ယောက်က သူတို့နဲ့ ဆန့်ကျင်ဘက်ဒေသဘက်ကို အယောင်ပြ မောင်းပြေးပြီး ရဲတွေကို လမ်းလွှဲမယ်… အခြေအနေ ငြိမ်သွားရင် လူပြန်ဆုံပြီး ဝေစုခွဲကြဖို့ပါပဲ…။ သူတို့ မသိလိုက်တဲ့ အချက်တစ်ချက်က ခိုနေဖို့ ရည်ရွယ်ထားတဲ့ ဟိုတယ်မှာ သူတို့တွေ မထင်ထားတဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတယ် ဆိုတာပါပဲ…။ ဒီတော့ ဓားပြအဖွဲ့သားတွေ အန္တရာယ်ကနေ ဘယ်လိုမျိုး လွတ်အောင် ပြေးကြမလဲဆိုတာကိုတော့…..။ File size… (1.15GB) / (523MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 90 mins
Silent Bite
Amiko
7

Amiko (2022) ~ IMDb – 7/10, MyDramaList – 7.5/10 ~ ဟီးရိုရှီးမားမြို့မှာနေတဲ့ အာမီကိုဆိုတဲ့ ဆယ်နှစ်အရွယ် ကလေးမလေးတစ်ယောက်က တစ်ခြားကလေးတွေနဲ့မတူ စာသင်နေတုန်းသီချင်းဆိုတာတို့ ခြေဗလာနဲ့လျှောက်သွားနေတာတို့စတဲ့ ထူးဆန်းတဲ့အပြုအမူတွေကိုလုပ်လေ့ရှိသူပါ။ သူ့မှာ အစ်ကိုတစ်ယောက်ရယ်၊ လူတိုင်းအပေါ် သဘောကောင်းတဲ့အဖေရယ်၊ အိမ်မှာပဲ လက်ရေးလှသင်တန်းကျောင်းဖွင့်ထားတဲ့ ကိုယ်ဝန်ဆောင်သူ့အမေရယ် ရှိတယ်။ အာမီကိုက သူနဲ့အတန်းတူတဲ့ နိုရီ-ကွန်ဆိုတဲ့ကောင်လေးကို ကြိုက်နေတယ်။ ရိုးသား၊ အလွန်းလှတဲ့အာမီကိုရဲ့ အပြုအမူအချို့က တစ်ခါတရံ လူတွေကို စိတ်ဒုက္ခရောက်စေတတ်ပါတယ်။ အဲဒါကြောင့်ပဲ အာမီကိုရဲ့မိသားစုဘဝလေးက စိတ်မချမ်းသာစရာဖြစ်သွားခဲ့ရပါတယ်။ အာမီကို ဆိုတဲ့ကလေးမလေးတစ်ယောက်ရဲ့အပြုအမူ၊ အပြောအဆိုတွေကနေတစ်ဆင့် လူ့ဘောင်ထဲကမိသားစုမျိုးစုံထဲကမှ ရှိလေ့ရှိထ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုတစ်စုရဲ့ဇာတ်ကြောင်း၊ ကလေးတစ်ယောက်ကို ရှုပ်တယ်ဆိုပြီး လျစ်လျူရှုတတ်တဲ့ ပတ်ဝန်းကျင်အကြောင်းကို လက်တွေ့နဲ့မကင်းကွာအောင် ရိုက်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ Natsuko Imamura ရေးသားထုတ်ဝေခဲ့တဲ့ “Kochira Amiko” ကို ဒါရိုက်တာ Yusuke Morii က သူ့ပွဲဦးထွက်ဇာတ်ကားရှည်အနေနဲ့ သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့ပါတယ်။ အာမီကိုလေးကို ပရိသတ်တွေ စုတ်သပ်လာအောင် သနားချင်လာအောင် အားမလိုအားမရဖြစ်လာအောင် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပြတဲ့သူကတော့ ကလေးသရုပ်ဆောင် Kana Osawa ဖြစ်ပါတယ်။ သူ့ပွဲဦးထွက်ဇာတ်ကားလို့ မထင်ထားရလောက်အောင် သရုပ်ဆောင်ကောင်းပြီး တော်တော်လေး အရည်အချင်းရှိတယ်ပြောရမလားပဲ။ Yusuke Morii ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ Route 29 (2024) ထဲမှာလည်း Kana Osawa ဟာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ဦးမှာဖြစ်ပါတယ်။ Kana Osawa ကို ကြည့်ရင်း Monster (2023) ထဲက Hinata Hiiragi နဲ့ Soya Kurokawa တို့ကို သွားသတိရမိပါတယ်။ သူတို့တွေက သရုပ်ဆောင်ကောင်းကြလွန်းတဲ့ တက်သစ်စကလေးသရုပ်ဆောင်လေးတွေဆိုတော့ နောက်ထပ်ဇာတ်ကားသစ်တွေထဲမှာ ဘယ်လိုဇာတ်ကောင်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ပြမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – BluRay 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 44Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

7 2022 104 mins
Amiko
Mechanic Rocky
5

Mechanic Rocky (2024) စက်ပြင်ဆရာလေး ရော့ကီ IMDb 4.5/10 အချစ်ဟာသ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ် သူ့ဖခင်ကားမောင်းသင်တာကို စိတ်တိုင်းမကျဖြစ်နေတဲ့ မိန်းကလေးချောလေးဟာ ကားရုံတစ်ခုရဲ့ကားမောင်းသင်တန်းကို သွားတက်ပြီး ကားမောင်းသင်ခဲ့ပါတယ် ဖြစ်ချင်တော့ အဲဒီကားမောင်းသင်တန်းက ကားရုံပိုင်ရှင် စက်ပြင်ဆရာက ကိုယ်တိုင်သင်ပေးဖို့ဖြစ်လာပါတော့တယ် ကားမောင်းသင်ရင်း စကားစမြည်ပြောရင်းနဲ့ မိန်းကလေးက သူသင်တန်းအပ်ရင်း ကားရုံပိတ်ဖို့အကြောင်းပြောနေတာကြားလို့ စက်ပြင်ဆရာကိုမေးမြန်းပါတယ် ထိုအခါမှစက်ပြင်ဆရာက သူ့ကားရုံအကြောင်း တစ်စိတ်တစ်ပိုင်းကို ပြောပြခဲ့ပါတယ် ဒီကားရုံဟာ သူ့အဘိုးအမွေဖြစ်ကြောင်း သူ့အဘိုးဟာဂိုဏ်းတစ်ခုကနာမည်ကြီးဂိုဏ်သားဖြစ်ကြောင်း သူ့အဘိုးရဲ့ပါးစပ်စည်းမစောင့်မှုကြောင့် လက်တစ်ဖက်ပါဆုံးရှုံးရကြောင်း သူ့အဘိုးသေဆုံးသွားတဲ့အခါ သူ့ဖခင်ကိုဒီကားရုံ အမွေပေးခဲ့ကြောင်း မသေခင် သူ့မိခင်ဆီပြန်လည်ဝင်စားမယ်လို့ပြောခဲ့ကြောင်း တွေအပြင်သူ့ဖခင်ရဲ့ အိမ်မက်အကြောင်းစသည်ဖြင့် ပြောပြပါတော့တယ် သူ့ဖခင်ရဲ့ဘဝအိမ်မက် ရည်မှန်းချက်ကဘာဖြစ်မလဲ သူ့အဘိုးကရောမသေခင်ဘာလို့ပြန်လည်ဝင်စားမယ်ပြောခဲ့သလဲ သူ့အဘိုးဂိုဏ်းသားဘဝအတွေ့အကြုံကရောဘာတွေဖြစ်မလဲ ဒီကားရုံကရော ထင်သလောက်ရိုးရှင်းပါ့မလားဆိုတာ ရယ်ရယ်မောမောနဲ့ စိတ်လှုပ်ရှားစွာ အားပေးခံစား‌ကြည့်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

5 2024 153 mins
Mechanic Rocky
Unnaipol Oruvan
7

Unnaipol Oruvan 2009 Imdb 8/10 တောင်းဆိုမှုတွေကြောင့်အဟောင်းထဲက ရွှေကားလေးတင်ဆက်ပေးချင်ပါတယ် နာမည်ကြီးမင်းသားတွေဖြစ်တဲ့ ကာမယ်ဟာဆန်နဲ့ မိုဟန်လယ်တိုလည်းပါဝင်ထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ ကမ်းခြေတစ်ခုမှ လူတစ်ယောက်ရပ်နေပါတယ် သူ့ဘေးမှာလည်း သူ့အဖော်ခွေးလေးတစ်ကောင်နဲ့ပေါ့ ဒီလူရဲ့အတိတ်ကတော့ သူမကျူးလွန်ထားတဲ့မှုခင်းတစ်ခုကို အပြစ်ပေးခံခဲ့ရပါတယ်တဲ့ ဘယ်ကိစ္စတွေကိုများပတ်သက်မိလို ဒီလိုဖြစ်လာတာဖြစ်မလဲ သူကတော့တခြားမဟုတ် တရားနည်းလမ်းတကျ သမာသမတ်ကျကျနဲ့ ဖြေရှင်းတတ်တဲ့ ရဲတစ်ယောက်ပါပဲ အတိတ်ကိုပြန်သွားကြည့်မယ်ဆိုရင် မွမ်ဘိုင်းမြိုအတွင်း ဗုံးပေါက်မှုဖြစ်ခဲ့တယ် ပါကစ္စတန်တွေပတ်သက်နေတဲ့ကိစ္စလို သံသယရှိပေမဲ့ သက်သေကမရှိဘူးပေါ့ မင်းသားအကြောင်းထပ်ပြောရမယ်ဆိုရင် ရဲမင်းကြီးရဲ့လက်ရုံးတော် ရဲတပ်ဖွဲရဲ့အတော်ဆုံးလူတစ်ယောက် သူ့ရှေ့မှာ လာဘ်စားတဲ့ရဲတွေမြင်ရင်တောင် ပိုက်ဆံကိုပြန်ပေးခိုင်းတဲ့အပြင် လာဘ်စားတဲ့ရဲအိတ်ထဲကပိုက်ဆံပါ ထုတ်ပေးအောင်လုပ်တဲ့လူတစ်ယောက်ပေါ့ တစ်နေ့.. ရထားဗုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတွေ အများအပြားသေဆုံးကြရတယ် ဒါက အကြမ်းဖက်သမားတွေရဲ့လက်စားချေမှုကြောင့်လိုယူဆပြီး အမှုကိုကိုင်တွယ်ဖို သူ့ကိုတာဝန်ပေးခဲ့လိုက်ပါတယ် ဒီတာဝန်ကို သူအောင်မြင်သွားမလား ကျရှုးသွားမလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

7 2009 120 mins
Unnaipol Oruvan