YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM)Nightcrawler (2014) (1080p BluRay x265 afm72).mp4

1.84 GB N/A video/mp4 3684 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rise of the Teenage Mutant Ninja Turtles: The Movie
7.3

Rotten tomatoes 78% Metacritic 6.2/10 ဒါကတော့ အားလုံးသိကြတဲ့ TMNT ရဲ့နောက်ဆုံးထွက်လာတဲ့Animation ရုပ်ရှင်ပါ။ 2018 ကထွက်ရှိလာတဲ့ ပြန်ဆန်းသစ်ထားတဲ့ Nickelodeon tv series ရဲ့အဆက်ပါ။ လိပ်နင်ဂျာညီအစ်ကိုလေးဦးတို့ Shredder ကိုနှိမ်နင်းပြီး နှစ်နှစ်အကြာမှာ အနာဂတ်ကပြန်ရောက်လာတဲ့ Casay Jonesနဲ့ပူပေါင်းပြီး အစွမ်းထက်လှတဲ့ ဂြိုလ်သားKrangတွေကို တားဆီးဖို့ကြိုးစားကြပါတယ်။ ဒီ Rise of the Teenage Mutant Ninja Turtles ကတော့ Family dynamicတွေနဲ့တချို့ Character တွေကို ပုံစံတစ်မျိုးနဲ့ပြန်ဖန်တီးထားပါတယ်။ ဥပမာ ဒီVersion မှာLeo ကအကြီးဆုံးမဟုတ်တော့ဘဲ Ralph ကအကြီးဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Animation style ကပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းပြီး Action sequence တွေကလည်း တော်တော်မိုက်ပါတယ်။လိပ်နင်ဂျာ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း စိတ်၀င်စားစရာပါပဲ။ File size…1.6GB / 855MB Quality…1080p WEB DL AAC5.1CH / 720p  Format…mp4 Duration….1h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by SP

Action • Crime • Thriller
7.3 2022 86 mins
Rise of the Teenage Mutant Ninja Turtles: The Movie
One Fine Spring Day
7

Christmas in Augustတို့ April Snowတို့ The Last Princessတို့ Lost (TV series)တို့ရိုက်ခဲ့တဲ့ Hur Jin-hoရဲ့ Christmas in August အပြီး ဆက်ရိုက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ လက်ရှိ Money Heist: Korea – Joint Economic Areaထဲက ပရော်ဖက်ဆာအဖြစ် လူသိများလောက်မယ့် ပတ်ချန်းဝုရဲ့ Oldboyတို့ Lady Vengeanceတို့ Hong Sang-sooရဲ့ Woman Is the Future of Manတို့ Dittoတို့လို ကိုရီးယားရဲ့မာစတာပိစ် ကားတွေမှာ အဓိကကျတဲ့ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ဖူးခဲ့တဲ့ Yoo Ji-taeပါ။ မင်းသမီးကတော့ ငယ်ငယ်က ချန်ဂင်အဖြစ် လူသိများခဲ့တဲ့ ပတ်ချန်းဝုရဲ့ Lady Vengeanceတို့ Joint Security Areaတို့ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ Lee Young-aeပါပဲ။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ဘာမှပြောစရာမရှိသလို ဇာတ်ကလည်း Christmas in Augustကို သဘောကျတဲ့လူတွေ သဘောကျမယ့် ဇာတ်ပါပဲ။ အဲဒီထက်တော့ ပိုရိုမန့်ဆန်ပေမဲ့ သူရိုက်နေကျအတိုင်း သူ့ရိုမန့်တွေက သဘာဝကျကျလေးနဲ့ကို အရမ်းငြိမ်ပါတယ်။ တစ်ခါတလေ ဘဝမှာ ရိုမန့်တစ်အဆန်ဆုံး ဘာတွေရှိဖူးလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်တော့ ရိုမန့်တစ်ကွေကွင်းခြင်းတွေကို အိပ်မက်မက်တယ်။ ကွေကွင်းခြင်းဟာ ရိုမန့်တစ်ဖြစ်ဖို့ တစ်ခါတလေလည်းခက်တယ်။ အချစ်ဟာ အဆုံးသတ်တစ်နေရာမှာ ကွေကွင်းကြဖို့ပဲမလား။ ကွေကွင်းခြင်းသာ ရိုမန့်တစ်မဆန်ဘူးလို့ ငြင်းလာရင်လည်း အဲဒီအချစ်က ရိုမန့်တစ်ဆန်ပါဦးမလား။ ထားပါတော့။ လူ့ကမ္ဘာဟာ ငရဲပဲဆိုပါစို့။ သေကွဲဟာ အကောင်းဆုံး ဇာတ်ပေါင်းခန်းလို့ရော တစ်ခါတလေ မြင်မိကြလား။ ကံကောင်းထောက်မခဲ့ရင်တော့ ရှင်ကွဲလည်း ဇာတ်ပေါင်းခန်းဖြစ်သွားနိုင်တာပါပဲ။ ကံကောင်းထောက်မခဲ့ရင်ပေါ့။ ဒီရုပ်ရှင်ဟာ ရိုမန့်တစ်ဆန်တဲ့အချစ်နဲ့ ရိုမန့်တစ်ဆန်တဲ့ ကွေကွင်းခြင်းအကြောင်း ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 880MB | 385MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder ..... August

Drama
7 2001 106 mins
One Fine Spring Day
Nenjuku Needhi
7.5

“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ” ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ၂ ဦးကို သေဆုံးလျက် တွေ့ရပြီး နောက်ကျန်တဲ့တစ်ဦးကိုတော့ သဲလွန်စ အစတောင် ရှာမရဘဲ ဖြစ်နေပါတယ်။ အာဒီတီဟာ လူ့အခွင့်အရေးအတွက် ဆောင်းပါးတွေရေးတဲ့ အိန္ဒိယအမျိုးသမီးလူငယ်ဖြစ်ပါတယ်။ ဗီဂျာယာရာဂါဗန်ရဲ့ ချစ်ဇနီးဖြစ်ပြီး ဇာတ်နိမ့်အမျိုးသမီး သုံးဦးအမှုမှာ လူ့အခွင့်အရေးအတွက် ရပ်တည်သူပီပီ အမှုမှန်ပေါ်ပေါက်ဖို့အရေး အစွမ်းကုန် ဗီဂျာယာရာဂါဗန်ကို ကူညီပေးမှာ အသေအချာပါပဲ။ ကူမာရန်ကတော့ ဇာတ်နိမ့်လူတန်းစားရဲ့ ခေါင်းဆောင်ဖြစ်ပြီး Revolution ကို ဦးဆောင်နေသူပါ။ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်သုံးဦးထဲမှာ သူ့ရဲ့ ညီမ ပါဝင်တာမို့ ယူကျုံးမရဖြစ်ပြီး ဒီအမှုကို သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီအမှုက ရိုးရှင်းရဲ့လား…? နောက်ကွယ်မှာ ဘာတွေ ပါဝင်ပတ်သက်နေဦးမလဲ…? တွေးခေါ်စရာတွေ ငြင်းခုန်စရာတွေ အပြည်နဲ့ “ငါရော လူသားဆန်ရဲ့လား” ဆိုတဲ့ အဖြေကို ဖြေကြည့်ဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကြည့်ရှုပြီးရင်တော့ အတွေးအခေါ်ကို တိုးတက်စေမှာ အသေအချာပါပဲ။ File size…1.9GB  / 1GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Kham Mon & OeliuJ & Sora

7.5 2022 140 mins
Nenjuku Needhi
Night Blooms
5

ရုပ်ရှင်ဆိုတာ မက်ဆေ့တစ်ခုခုပေးနိုင်ရပါတယ်။ ဘာမက်ဆေ့မှ မပေးတဲ့ ခံစားရုံသက်သက်လို့ ဂျင်းထည့်ကြတာတွေက ဇာတ်ညွှန်းမရှိ ဘတ်ဂျက်မနိုင်လို့ အဆင်ပြေသလိုရိုက်ပြီး အဓိပ္ပာယ်မရှိမှ လျှောက်အာရွှီးတာတွေပါပဲ။ အကောင်းဆုံးရုပ်ရှင်တွေကိုကြည့်ပါ။ IMDb ထိပ်ဆုံးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူ့ထက်ကောင်းတဲ့ကား ဘာမှမရှိတဲ့ Shawshank Redemption ကနေဆို မျှော်လင့်ချက်ထားသင့်ကြောင်း မက်ဆေ့အကြီးကြီးရသလို Star Wars တို့မှာဆိုလည်း ယူတတ်ရင် မက်ဆေ့တွေချည်းပါပဲ။ ကျွန်တော်အသည်းစွဲ တစ်နေ့၂ကားအထိ ကြည့်နေကျ ဘောလိဝုဒ်နဲ့ တမီးလ်ကားတွေမှာလည်း မက်ဆေ့မပါတဲ့ ကားလုံးဝမရှိသလို ဒိုင်ယာလော့တွေနဲ့ ထိထိမိမိကို မက်ဆေ့ပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။ ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အခုရုပ်ရှင်ကလည်း မက်ဆေ့ကို ထိထိရောက်ရောက်ပေးနိုင်တဲ့ Coming Of Age ရုပ်ရှင်တစ်ကားပါပဲ။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမလေးနှစ်ယောက်ရှိတယ်။ သူတို့အတူတူ တီးဝိုင်းထောင်ထားပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်နေထွက်နေကျဆိုတော့ သိပ်ခင်ကြတာပေါ့။ တစ်နေ့ကျတော့ တစ်ယောက်က တစ်ယောက်ရဲ့ အဖေကို ကြိုက်မိသွားပြီး တစ်ယောက်ရဲ့ အဖေနဲ့ အိပ်ရဖို့ ကြံတယ်။ နောက်ဆုံး ပါသွားတာပေါ့။ အဲဒီနောက်ဆက်တွဲတွေအကြောင်းပါပဲ။ ပညာပေးကားလား ဘာလားတော့ မသိပေမဲ့ လိင်ဆက်ဆံခန်းတွေ ၃ခန်းလောက်ပါတာမို့ မိသားစုနဲ့တော့ ကြည့်ဖို့မသင့်ပါဘူး။ Jessica Clement ဆိုတဲ့ မင်းသမီးချောလေးက သရုပ်ဆောင်ထားပါတယ်။ လောကကြီးမှာ မဖြစ်သင့်တာတွေကို လုပ်မိတဲ့အခါ ဘာတွေဖြစ်တတ်လဲ အားလုံးပညာယူနိုင်ရန်အလို့ငှာ မက်ဆေ့အကြီးကြီးပေးသွားတဲ့ ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ မက်ဆေ့ယူဖို့ပဲမဟုတ်လား။ ဇာတ်ကားကောင်းကောင်းလေးလားဆိုတာတော့ အာမ,မခံပေမဲ့ မက်ဆေ့‌ကောင်းကောင်းလေးတော့ရဖို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___"မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 555MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Horror • Music
5 2022 98 mins
Night Blooms
The Willowbrook

The Willowbrook (2022) ဇာတ်ကားအကြောင်းကို ပြောရမယ်ဆိုရင်တော့ နာမည်ကြီး Influencer အမျိုးသမီးတစ်ယောက်ဟာ ဂျိုဆိုတဲ့ စိတ်ဒဏ်ရာတွေနဲ့ မိန်းကလေးကို သူ့ရဲ့ ပြန်လည်ကုစားရေးကာလလေးမှာ အကူအညီပေးဖို့အတွက်ဆိုပြီး သူ့အိမ်ကို ဖိတ်လိုက်ပါတယ်…။ အဲ့ဒီ့လိုနဲ့ ဂျိုဟာ သူ့သူငယ်ချင်း အေ့စ်နဲ့အတူ အိမ်ကြီးဆီကို မျှော်လင့်တကြီး ရောက်သွားခဲ့ပါတယ်…။ ဇာတ်လမ်းက အဲဒီနောက်မှ စမှာပါ..။ ” ပုထုဇဉ်နော ဥမ္မာတကော ” တဲ့..။ ဂျိုရဲ့ မျှော်လင့်ချက်လေး အရောင်အသွေးထွက်ပါ့မလား… Influencer အမျိုးသမီးရဲ့ အကူအညီတွေကကော အရာရောက်ပါ့မလား…။ ဘယ်လိုလူတွေကို ဆုံလို့ ဘယ်လို အခက်အခဲတွေကို ကြုံတွေ့ရဦးမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲပဲ ကြည့်လိုက်ပါဦးနော့်…။ ဒီကားဟာ Thriller အမျိုးအစားထဲပါပေမဲ့ ဟောဟောဒိုင်းဒိုင်း ကြိုက်သူတွေအတွက်မဟုတ်သလို ဇာတ်အိမ်ခိုင်ချင်တဲ့သူမျိုးတွေအတွက်လည်း မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် ၁နာရီခွဲတောင်မပြည့်တဲ့ကားလေးမို့ အပျင်းပြေ ချိန်ဖြုန်းဖို့အတွက်တော့ တန်မှာပါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 610MB Quality – 1080p, 720p Format – mp4 Duration – 1H 25Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Drama • History
0 2022
The Willowbrook
[18+] Call Boy
6.6

[+18]Call Boy(2018) IMDb….6.4 ဖန်းဆင်းခဲ့ပြီးသော မိန်းမသားများ၏ ဖြစ်တည်ခဲ့သော သဘာဝတရားများသည် ယောင်္ကျားသားများနှင့်ယှဉ်လျှင် အနည်းငယ် ဒုက္ခရောက်ရသော ကိစ္စများရှိလေသည်… ထို့ကြောင့်ပင် အားနွဲ့သောမိန်းမသားလို့ သုံးနှုံးကြလေသည်…….ထို့ကြောင့် မိန်းမသားများသည် မိမိတို့၏ အားနည်းချက်များကို ဖုံးကွယ်ရန်အလို့ငှါ ဉာဏ်ကိုတတ်နိုင်သမျှ သုံးကြလေသည်… ထိုဉာဏ်ကို မာယာဟု တစ်ချို့သောသူတွေက ခေါ်ဆိုကြပြန်သည်… ဒီကားလေးကတော့ မာယာနတ္ထိနဲ့မိန်းမသားအချို့အကြောင်းကိုခပ်လှလှလေးရိုက်ပြထားတာပါ… ဒီဂျပန်ကားလေးမှာတော့ အချို့သောအမျိုးသမီးများသည် လိင်မှုကိစ္စများနှင့် အခြားမွန်းကြတ်နေသောကိစ္စများကိုဖြေဖျောက်ရန် အခကြေးငွေးပေးကာ တိတ်တဆိတ် ခေါ်ယူရနိုင်သည့် ကောင်လေးများနှင့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်… ဒီကားကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ ကွယ်ဝှက်ထားသော အလွှာများကိုမြင်တွေ့နိုင်သည်…. ပြီးတော့ ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ခမ်းခမ်းနားနားလှလှပပလေးကို ရိုက်ပြထားတာ…နောက်ခံသီးချင်းသံကအစ Lighting အဆုံး…. လူတွေကိုစနစ်တကျလေးရွေးချယ်ထားတာရော… တော်တော်ကိုမိုက်တယ်… (18+ အခန်းပေါင်းများစွာ ပါဝင်သဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ….) File Size : (2.02GB) and (635MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wild Race Encoded by SD

6.6 2018
[18+] Call Boy
To End All War: Oppenheimer & the Atomic Bomb
7.5

IMDb -7.5, RT – 91% ဒုတိယ ကမ္ဘာစစ်လို့ ပြောလိုက်ရင် အရင်ဆုံး ဟစ်တလာကြီးရဲ့ နာဇီအင်ပါယာကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လို့ ပြောလိုက်ရင်လည်း ဂျပန်အင်ပါယာကြီးရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ၊ မြို့ နှစ်မြို့အဏုမြူဗုံး ကြဲချခံခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ယခု ဒီdocumentaryက ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ အဏုမြူဗုံးကို တီထွင်ခဲ့တဲ့ ဒေါက်တာ ဂျေ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို documentaryအနေနဲ့ ရှု့စားရမှာ ဖြစ်ပါတယ်။ ရှေ့တလောတုန်းက Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimer Biopicကို တင်ဆက်ခဲ့ပါတယ်။ ယခု ဒီdocumentaryဇာတ်လမ်းထဲမှာ အော့ပန်ဟိုင်းမားရဲ့ POVကနေ မဟုတ်ဘဲနဲ့ အော့ပန်ဟိုင်းမားနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးကြတဲ့ တကယ့်အပြင်က လူတွေက အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို ပြောပြနေဟန်နဲ့ သရုပ်ဖော်ရိုက်ကူးထားပါတယ်။ Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimerကို အကြိုက်တွေ့တဲ့ လူတွေအတွက် ဒီdocumentaryက ဆက်စပ်နေပြီး Biopicထဲမှာ မပါခဲ့တဲ့ အကြောင်းရာတွေကိုပါ ယခုဇာတ်လမ်းထဲမှာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အော့ပန်ဟိုင်းမား၊ မက်စ် ဘွန်း၊ ဟိုက်ဆင်ဘက်၊ လက်စလီ ရစ်ချတ် ဂရို့ဖ်၊ ဂျင်း တက်လော့၊ ချဗလီရေး၊ ဘိုးရစ်ပက်ရှက်၊ အက်ဒ်ဝေါ့ တယ်လာနဲ့ လူးဝစ်စ် စထရောစ်လိုမျိုး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့လူတွေရဲ့ ပုံရိပ်တွေ၊ သမိုင်းဝင် ဗီဒီယိုမှတ်တမ်းတွေကိုပါ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် Oppenheimerကို ကြည့်ရှု့ပြီးတော့ တကယ့်အပြင်က footagesတွေကို ကြည့်ရှု့ချင်တဲ့လူတွေအတွက် ဒီ documentaryက အကိုက်ပါပဲ။ ” အခု ငါဟာ သေခြင်းဖြစ်လာပြီ၊ ကမ္ဘာတွေကို ဖျက်စီးသူ ” ၊ အဆိုပါ quoteရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝအစကနေ အလယ်၊ အလယ်ကနေ အဏုမြူတီထွင်ခဲ့တဲ့ ဘဝ အတက်ဘက်၊ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရတဲ့ ဘဝ အကျဘက်နဲ့ ဘဝ နေဝင်ချိန်အထိ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝ ဇာတ်လမ်းကို ခံစားချက်ပေါ်အောင် သရုပ်ဖော်ပြထားနိုင်တဲ့ Documentary တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဏုမြူဗုံးရဲ့ အလုပ်လုပ်ပုံပါ ပါဝင်ပါသေးတယ်။ အဏုမြူဗုံး အလုပ်လုပ်ပုံကို နားလည်ရလွယ်မယ့် စကားလုံးတွေနဲ့ ရွေးချယ်ပြီး တင်ဆက်ပေးထားတဲ့အတွက် ဒီdocumentaryက သာမန် documentaryတွေထက် ထူးခြားနေမှာဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.6 GB)/(870 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Documentary, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

7.5 2023
To End All War: Oppenheimer & the Atomic Bomb
Vendetta Road

ဒီဇာတ်ကားက မာဖီးယားတွေလက်ကနေ ထွက်ပြေးလာတဲ့ရာဇဝတ်သား Ivanဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာNathanLightက ရိုက်ကူးခြယ်မှုန်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာမင်းသားChristianWatkins နဲ့မင်းသမီးMaic Engleတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာDakota Brooks ဆိုတဲ့ သမင်တွေကို အမဲလိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်က Campgroundမှာ အမဲလိုက်ဖို့ အချိန်ပိုင်းအလုပ်ဝင်လုပ်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ အခန်းနံပါတ် ၅ က Mr.LoganMcleanဆိုတဲ့ သူတစ်ယောက်က အသတ်ခံထားရပါတယ် အဲ့အချိန်မှာပဲမာဖီးယားဂိုဏ်းကအဖွဲ့သားတွေက Campgroundမှာ လာရောက်ပုန်းအောင်းနေတဲ့ Ivanလို့ခေါ်တဲ့ ကောင်လေး တစ်ယောက်ကိုဖမ်းဆီးဖို့ရောက်ရှိလာပါတော့တယ် အဲ့ဒီနောက်ထူးထူးဆန်းဆန်းပဲ Campgroundမှာတည်းနေကြတဲ့ သူတွေအားလုံးကို ခရစ်ဒစ်ကတ်အချက်အလက် တွေကို လိုက်တောင်းတဲ့ ဖုန်းတစ်လုံးဝင်လာပါတယ် Dakotaဆိုတဲ့ ကောင်မလေး တစ်ယောက်ဒီပြဿနာကိုလိုက်ဖြေရှင်းရင်းIvan ဆိုတဲ့ မာဖီးယားဂိုဏ်းက အလိုရှိနေတဲ့ကောင်လေးနဲ့ဆုံမိပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ Campground ကဧည့်သည်တွေကိုဖုန်းဆက်ပြီး ခရစ်ဒစ်ကတ်အချက်အလက်တွေကို လိုက်တောင်းနေတာကရော ဘယ်သူ ဖြစ်မလဲ Mr.LoganMclean ဆိုတဲ့ သူကရော ဘယ်သူလဲ သူကဘာကြောင့်အသတ်ခံလိုက်ရတာလဲ Ivanဆိုတဲ့ ကောင်လေးကရောဘယ်သူလဲ ဘာကြောင့်သူ့ကို မာဖီးယားဂိုဏ်းကအလိုရှိနေတာလဲ သူကရော မာဖီးယားတွေလက်က လွတ်အောင်ပြေးနိုင်ပါ့ မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စီးမျှောလိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာရဲ့ မြှပ်ကွက် လှည့်ကွက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ရဲ့စိတ်ကို ကြည့်နေရင်း ထမသွားချင်လောက်အောင် စွဲဆောင်ထားနိုင်ပြီး Thriller အမျိုးအစားကြိုက်နှစ်သက်တဲ့ သူတွေအတွက် မလွတ် စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.45GB / 415MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

0 2023
Vendetta Road
Blood for Dust
5.4

Blood for Dust ( 2023 ) Scoot McNairy နဲ့ ဂျွန်စနိုးလို့ အများသိကြတဲ့ Kit Harington အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုမှုခင်း ရုပ်ရှင်ပါ။ Rotten Tomatoes 85%ရထားတာမို့ ပမာဏတစ်ခုအထိတော့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ကြောင်း မပြောလည်း သိကြမှာပါ။ ဝေဖန်ရေးသမားတွေကတော့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းရသိပ်ခက်တဲ့ ရုပ်ရှင်လို့ ဆိုကြပါတယ်။ ပြောတာလည်း မလွန်ဘူးလို့ ထင်ရတာပါပဲ။ ရှုပ်နေရာက ရှင်းလာတဲ့ဇာတ်ကို ခန့်မှန်းရလွယ်ပေမဲ့ ရှင်းနေရာက ရှုပ်သွားတဲ့ဇာတ်ကိုတော့ မှန်းရခက်ပါတယ်။ ဒီဇာတ်ဟာ ရှင်းနေရာကနေ ရှုပ်သွားတဲ့ဇာတ်ပါပဲ။ ကျောရိုးကတော့ နယ်လှည့်အရောင်းသမားတစ်ယောက်ကနေ စပါတယ်။ ဒီလူက နယ်လှည့်ပြီး ပစ္စည်းအစုံရောင်းနေတဲ့လူပါ။ ဖောက်သည်က ဘာအပ်အပ် အပ်ထားတာကို ရအောင်ပတ်ရောင်းပါတယ်။ ခဲတံကနေပြီး နွားအထိအကုန်ရောင်းပါတယ်။ ဒါကတော့ စစချင်းအပြပေါ့။ နောက်ပိုင်းတော့ သူ့ အရောင်းသမားအချင်းချင်းအဆက်အသွယ်တွေ , အတိတ်က သူတို့အရောင်းသမားတစ်အုပ်လုပ်ခဲ့ကြတဲ့ စာရင်းလိမ်လည်မှု ကိစ္စတွေ, အဲဒီကိစ္စအတွက် ခေါင်းခံသွားတဲ့သူအကြောင်းတွေ အကုန်တဖြည်းဖြည်းချင်း အစပေါ်လာပါတယ်။ ကျွန်တော်တို့အတွက်တင်ပေါ်တာမဟုတ်ဘဲ သူ့အလုပ်ရှင်ဆီမှာပါ အစပေါ်လာတဲ့နောက် အလုပ်ပြုတ်သွားတယ်။။ အဲဒီနောက် သူ့အရောင်းသမား သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး လက်နက်တွေ ဆေးတွေကိုပါရောင်းပေးဖို့ဖြစ်လာတယ်။ ဒီကနေ လူဆိုးဂိုဏ်းတွေနဲ့ ကတုံးပေါ်ထိပ်ကွက်ချင်တဲ့လူတွေ ဉာဏ်ကစားတဲ့ပွဲထဲ သူပါ မဆီမဆိုင်ဝင်ပါမိတဲ့အခါမှာ သူ့အသက်ကို သူဘယ်လိုရအောင် ကယ်မလဲ မြင်ကြမှာပါ။ အရောင်းသမားဆိုတဲ့ ပွိုင့်ကနေ မချော်ဘဲ လူဆိုးဂိုဏ်းတွေအထိပါ ဆွဲသွင်းသွားပြီး အရောင်းသမားလောကရဲ့ ရှုပ်ထွေးကောက်ကျစ်ပုံတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြထားတာမို့ သည်းထိတ်ရင်ဖိုမှုခင်းကားအနေနဲ့တော့ နည်းနည်းဆန်သစ်ပါတယ်။ မှုခင်းကားတွေ ကြိုက်ရင် မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Thriller Quality…. 1080p | 720p File size…995MB | 415MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller • Horror
5.4 2024
Blood for Dust
Gifted

Gifted (2014) ************* ၈ နှစ်ကြာလုပ်ခဲ့တဲ့ ရုံးအလုပ်ကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ ဂင်မင်ဆူဟာ… အနာဂတ်ပျောက်ပြီး မွဲပြာကျခါနီးအဖြစ်ကို ရောက်ရှိသွားခဲ့တယ်။ စုထားတဲ့ငွေလည်းမရှိ… ဝင်ငွေလည်းမရှိတော့တဲ့ မင်ဆူဟာ အလုပ်ပေါင်းမနည်း ထပ်လျှောက်ရာမှာလည်း အရေးနိမ့်ခဲ့ပြန်တယ်။ သူ့ကိုယ်သူ ရှက်စိတ်၊ သိမ်ငယ်စိတ်တွေကြောင့် ဒီအကြောင်းတွေကို သူနဲ့စေ့စပ်ထားတဲ့ ဆူဂျင်းဆီ… တစ်ခွန်းမှ မပြောခဲ့ပါဘူး။ ဒုက္ခိတကိုသာ ယူချင်ယူမယ်၊ ကျောမွဲတဲ့လူကိုတော့ မယူနိုင်တဲ့ ဆူဂျင်းဟာ… ဒီကိစ္စကို သိလိုက်တဲ့အခါ ဒေါသအကြီးအကျယ်ထွက်ပြီး မင်ဆူကို လမ်းခွဲဖို့ပြောတော့တယ်။ ဘဝလည်းပျက်၊ ဇနီးလောင်းကိုလည်း ဆုံးရှုံးခါနီးဖြစ်နေတဲ့ မင်ဆူဟာ ကြံမိကြံရာနဲ့ တရားမဝင်အလုပ်တွေကို လုပ်လာတဲ့အခါ… သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာ ရှေ့အနာဂတ်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲ… သူ့ကိုယ်ထဲမှာ ဖုံးထားတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုရှာတွေ့လာမလဲဆိုတာကို… ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ 18+ scenes တချို့ပါဝင်တာကြောင့် မိသားစုနှင့်အတူကြည့်ရှုရန် မသင့်တော်ပါ။ File Size : 1.63GB / 540MB Quality : BluRay 1080p / 720p Duration: 1 hr. 43 min. Genres: Thriller, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo

0 2014 103 mins
Gifted
The Last Song
6

The Last Song (2010) IMDb Rating (6.0) Miley Cyrus နဲ့ Liam Hemsworth တို့ရဲ့ 2010 တုန်းက ထွက်ခဲ့တဲ့ “The Last Song” ဆိုတဲ့ romantic drama ကားလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်နော်…. ဒီဝတ္ထုကိုတော့ “The Notebook” ,” A,Walk To Remember” တို့လို နာမည်ကြီးဝတ္ထုတွေရေးတဲ့ စာရေးဆရာ Nicholas Sparks ကရေးသားခဲ့တာပါတယ်။ သူ့ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာ ပါဝင်ခဲ့ကြတဲ့ Miley ကော Liam ကောဟာ အပြင်ဘဝမှာပါ နှစ်ပေါင်း 10 နှစ်ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ ချစ်သူသက်တမ်းတလျှောက် အနိမ့်အမြင့်အခြေအနေတွေ ဖြတ်ကျော်ခဲ့ပြီး သူတို့ရဲ့ ခိုင်မာတဲ့အချစ်တွေနဲ့ ဘဝခရီးလမ်းကိုစိုက်ထူပြီး ရွှေလက်တွဲခဲ့ကြပါတယ်။ ဒါကြောင့် စာရေးဆရာက သူတို့ကို ကြည့်ရတာ ပျော်ရွှင်ကြည်နူးစရာကောင်းတာမို့ “ဒါဟာ ငါ့ကို အလွန်ပဲ ပျော်ရွှင်ကြည်နူးစေပါတယ်” ဆိုပြီး tweet ခဲ့ပါတယ်။ “The Last Song” ရဲ့ OST တစ်ပုဒ်ဖြစ်ခဲ့တဲ့ “When I Look At You” ဟာလည်း အခုထိကို မရိုးသွားနိုင်တဲ့ အချစ်သီချင်းကောင်းဖြစ်ပြီး ပေါက်သီချင်းလည်း ဖြစ်ပါတယ်။ ?????? အားကျလိုက်တာ…. ကျွန်တော် တော့ ?….။ ဒီရုပ်ရှင်လေးထဲမှာ Liam ကိုအရမ်းချစ်တဲ့မိုင်လီတစ်ယောက် ဘယ်လိုအသက်ပါပါသရုပ်ဆောင်သွားမလဲဆိုတာ…….။ (ရုပ်ရှင်အညွှန်းကို MAJOR M Fb Page မှ ကူးယူဖော်ပြပါသည်။)

6 2010 107 mins
The Last Song
Crush and Blush
6.5

Crush and Blush (2008) *********************** Channel Myanmar ပရိသတ်ကြီးတို့အတွက် When The Camellia Blooms ကားထဲက Daesang ဆုရှင် မင်းသမီး Kong Hyo-Jin ရဲ့ ဆုပေါင်းများစွာ သိမ်းပိုက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ် ။ (လိင်မှုရေးရာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းအချို့ပါတာကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့မသင့်တော်ပါ) ဇာတ်လမ်းအညွှန်း ****************** အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ယန်းမီဆု (Kong Hyo-Jin) ဟာ ကျောင်းရဲ့ အပယ်ခံ ဆရာမတစ်ယောက်ဖြစ်ပြီး မျက်နှာနီမြန်းတဲ့ရောဂါရှိသူဖြစ်ပါတယ်။ ယခင်က အထက်တန်း ရုရှားဘာသာဆရာမ ဖြစ်ခဲ့တဲ့သူမဟာ ရုပ်ချောတဲ့ ရုရှားဆရာမအီယူရီ (Hwang Woo Seul Hye)ကြောင့် အလယ်တန်းအင်္ဂလိပ်စာဆရာမ ဖြစ်သွားပါတော့တယ်။ ဒါကြောင့်ပဲ ယန်းမီဆုဟာ ရုပ်ရည်မလှပတဲ့သူမထက် တစ်ပန်းသာနေတဲ့ အီယူရီကို ကြည့်မရဖြစ်ရာကနေ အီယူရီက သူမတစ်ဖက်သတ်ချစ်နေရတဲ့ အိမ်ထောင်သည် ကျောင်းဆရာ ဆောဂျုံချော (Lee Jong-Hyuk) နဲ့ပါ ဖောက်ပြန်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ ချောဂျုံချောရဲ့သမီး ဆောဂျုံဟီး (Seo Woo)နဲ့ ပူးပေါင်းပြီး ဖောက်ပြန်တာကို ဘယ်လို တားကြမလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ပြထားပြီး ရုပ်ရည်ကြောင့်အပယ်ခံဖြစ်နေရတဲ့ ယန်းမီဆုကိသနားရင်း ရယ်ရင်းနဲ့ ကြည့်ရှုရမဲ့ black-comedy genre ဇာတ်ကားကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Su Sandiက ရေးသားထားပါတယ်) File Size – 1.86 GB/ 655 MB Quality – WEB-DL 1080p/ 720p Duration – 1h 41m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Su Sandi Encoded by – Treasure Htet

6.5 2008 101 mins
Crush and Blush
BA:BO – Miracle of Giving Fool
7.3

BA:BO – Miracle of Giving Fool (2008) ************************************ IMDb… 7.3 CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက်တင် ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မမလှလှ Ha Ji-wonတို့နဲ့အတူ မင်းသား Cha Tae-hyun နဲ့ မင်းသား Park Hee-soonတို့ ငယ်ရွယ်စဉ်က ပါဝင်သရုပ်ဆောင်ထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကျော်ရုပ်ရှင် Ba Boဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးဟာ webtoonကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပြီး အဆိုပါ webtoonကို ရေးသားသူကတော့ အားလုံးသိကြတဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Moving, Light Shop အစရှိတဲ့ ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးသူ Kang Full ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း နယ်မြို့လေး တစ်မြို့မှာ နေထိုင်တဲ့ ဆွန်းယုံး (Cha Tae-hyun) ဟာ ငယ်ရွယ်စဉ် ကလေးဘဝတုန်းက မတော်တဆမှုတစ်ခုကြောင့် အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အပြင် သူကိုယ်တိုင်လည်း ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ချို့ယွင်းမှုအချို့ ဖြစ်ခဲ့ရတဲ့အတွက် သူဟာ လက်ရှိမှာ အသက်၂၇ နှစ်အရွယ်ဖြစ်ပေမဲ့လည်း ၆နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားရသူတစ်ဦးပါ။ ဒါ့အပြင် အမေဖြစ်သူကလည်း ထိုမတော်တဆမှုဖြစ်ပြီး နှစ်အနည်းငယ်အကြာမှာ ဆုံးပါးသွားခဲ့ရရှာပြီး သူ့မှာ မိသားစုဆိုလို့ ညီမ ဖြစ်သူ ဂျီအင်တစ်ယောက်သာ ကျန်ရှိပါတော့တယ်။ သို့ပေမဲ့လည်း ဆွန်းယုံးဟာ ဘဝကို ဘယ်တော့မှ အရှုံးမပေးခဲ့ဘဲ ညီမဖြစ်သူ တက်ရောက်နေတဲ့ ကျောင်းရှေ့လမ်းဘေးတစ်နေရာမှာ ပေါင်မုန့်မီးကင်ဆိုင်လေး ဖွင့်ပြီး ဘဝကို ကြိုးကြိုးစားစား နေထိုင်ဖြတ်သန်းနေသူတစ်ဦးပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဆွန်းယုံးဟာ နိုင်ငံရပ်ခြားကနေ ဇာတိမြို့လေးကို ရုတ်တရက် ပြန်ရောက်လာတဲ့ ငယ်သူငယ်ချင်းဖြစ်သူ စန္ဒရားပညာရှင် ဆော့ဂျီဟို (Ha Ji-won) နဲ့ ပြန်လည်ဆုံစည်းခဲ့ပါတယ်။ ဆွန်းယုံးဟာ ငယ်စဉ်ကလေးဘဝကတည်းက ဂျီဟို့ကို တိတ်တခိုးချစ်ခဲ့ရပြီး နေ့စဥ်နဲ့အမျှ ဂျီဟို ပြန်အလာကို စောင့်မျှော်နေခဲ့ရသူလေး ဖြစ်တာကြောင့် ငယ်ချစ်ဦးနဲ့ ပြန်လည် ဆုံစည်းလိုက်ရတဲ့အချိန် ဆွန်းယုံးတစ်ယောက် အပျော်ကြီး ပျော်နေခဲ့တာပေါ့။ ဒီလိုကနေ သူငယ်ချင်းနှစ်ဦးဟာ ပိုမို ရင်းနှီးသွားခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်းကနေ ဘဝရဲ့စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်သွားကြမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ရှုစားပေးပါဦးနော်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.78GB/ 910MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:43:49 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

Adventure • Drama • Family
7.3 2008 99 mins
BA:BO – Miracle of Giving Fool