YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) My Sassy Girl 2008.ENG.720p.WebDL.H264-Naung.mp4

1021.27 MB N/A video/mp4 202 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Priest of Evil
5.5

ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို သည်းထိတ်ရင်ဖို့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Priest of Evil ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ တီမိုက ရဲတစ်ယောက်ပါ။ ဘဝကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေသူဆိုလည်း ဟုတ်ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူ အယ်မီက သူငယ်ချင်းတွေနဲ့အတူ အပြင် သွားဖို့လုပ်ခဲ့တယ်။ အဖေဖြစ်တဲ့ တီမိုက တာဝန်ချိန်ပြီးတဲ့ အခါမှာ သွားကြိုပေမဲ့ ကံမကောင်းစွာပဲ အယ်မီဟာ သေဆုံးသွားခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့ မိန်းမဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး အိမ်ထောင်ရေး မသာယာခဲ့တော့ပါဘူး။ ဒါ့အပြင် တရားခံကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ နှစ်အနည်းငယ်ကြာပြီးနောက်မှာ မြေအောက်ရထားလူသေမှု တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တီမိုတို့အဖွဲ့က အဲဒီအမှုကို လိုက်ရတာပါ။ အဲဒီအမှုလိုက်ရင်းနဲ့မှ အရင်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုလို့ သတ်မှတ်ထားတဲ့ အမှုဟောင်းတွေနဲ့ သွားချိတ် ဆက်နေခဲ့တာကို သိခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဒီအမှုဟာ ထင်သလောက်မရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့တယ်။ အဲဒီလိုကနေ သမီးဖြစ်သူ သေဆုံးခဲ့တဲ့ အမှုနဲ့ နွှယ်နေတာကို တွေ့ခဲ့ရပါတယ်။ ကဲ…ဒီလိုဆိုရင် တီမိုက အဲဒီလူသတ်သမားက ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်မလား၊  ဘယ်လိုဖော်ထုတ်သွားမလဲ၊ အဲဒီလူသတ်သမားက တကယ်ပဲ သူ့သမီးရဲ့ သေဆုံးမှုနဲ့ ဆက်နွှယ်နေသူလား၊ သူက ပြစ်မှုတွေကို ဘာလို့ကျူးလွန် နေရလဲဆိုတာကိုတော့ Priest of Evil ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြပါနော်။ File size…1.93GB / 788MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 46m Genre ..... Action , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Action • Adventure • Comedy • Drama • Mystery
5.5 2010 106 mins
Priest of Evil
Kranti

ဒီတစ်​ခေါက်တင်ဆက်​ပေးမယ့်ကားက​တော့ မကြာခင်ကမှ ထွက်ရှိထားတဲ့ "Kranti"ဆိုတဲ့ အက်ရှင်ဒရာမာဇာတ်ကား​ကောင်းဖြစ်ပါတယ် ဒီကားကBox Office 33 croresထိ​ရရှိထားပြီးဖြစ်တဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားပါ အိန္ဒိယကားတွေဟာဆိုရင်ဖြင့် အားတိုင်းရဲတွေ‌ကိုထေငေါ့လိုက် နိုင်ငံရေးသမားတွေကို တိုက်ခိုက်လိုက် စသဖြင့်သူတို့အစိုးရစနစ် လူတန်းစားခွဲခြားမှု ကျားမခွဲခြားမှုတွေကို ထောက်ပြဝေဖန်နေတာ ယခုအခါအလှည့်ကျလာတဲ့မင်းသားကတော့ ပညာရေးပါ။ ဒါပေမဲ့ ဒီကားလေးမှာတော့ အဆန်းပါ အစိုးရကျောင်းတွေရဲ့ပညာရေးစနစ်ကို တိုက်ခိုက်တယ်ဆိုတာထက် ယခုမြန်မာပြည်မှာလဲ ခပ်စိတ်စိတ်တွေ့နေရတဲ့ ကိုယ်ပိုင်ကျောင်းစနစ်တွေကိုဝေဖန်ထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအစမှာ​တော့ လူတစ်စုကနိုင်ငံ​ရေးဖက်ကလူတစ်​ယောက်နဲ့ ​ ပေါင်းပြီးအစိုးရ​ကျောင်း​တွေကို ပျက်စီးပိတ်သိမ်း​အောင် လုပ်ဖို့အတွက် အစီစဥ်ဆွဲ​​နေကြပြီး အဲ့အချိန်မှာတင်သူတို့လုပ်ရပ်ကြောင့် ​ကျောင်းသား​‌တွေ ဆရာတွေရဲ့ ဘဝများစွာဒုက္ခရောက်နေရပါတယ် သူတို့​တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ​ကျောင်းဆရာ​တွေက​ရော သူတို့ရဲ့ယုတ်မာမှုကို Speak outလုပ်နိုင်ပါ့မလား ဒီအခက်အခဲ​တွေကြားထဲက​နေ သူတို့ကိုကယ်တင်​ပေးမယ့် "ကရန်တီ"က​ရော ဘယ်လိုလူမျိုးဖြစ်ပြီး ဘယ်အ​ကြောင်း​ကြောင့် သူပါဒီကိစ္စ​​တွေထဲပါဝင်လာပြီး​ဖြေရှင်းမလဲဆိုတာ​တွေကို စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာပါ ပညာရေးဟာ စီးပွားရေးလား ပညာသင်ကြားဖို့ဆိုတာ ငွေကြေးရှိတဲ့သူတွေပဲရမဲ့အခွင့်အရေးလား စသဖြင့် ဒီဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…3.26GB / 1.47GB Quality…1080p HEVC /720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~ Sai Thu Rein~ Yunni ~ BpL

Adventure • Fantasy
null 2023 163 mins
Kranti
Long Story Short
6.8

"မင်္ဂလာဆောင်တာကလွယ်ပါတယ်။အိမ်ထောင်သည်ဘဝကခက်တာပါတဲ့" ဟုတ်ပါတယ် အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ အင်မန်မှခက်ပါတယ် အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တစ်ခုမတည်မြဲနိုင်ပါဘူး။ နားလည်မှု ရိုးသားမှု အချိန်ပေးမှု ပြီးတော့ အချစ် ဒါတွေကိုလိုအပ်ပါတယ်။ ဒီကားလေးက အိမ်ထောင်တစ်ခုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြောပြပေးထားတဲ့ ဇာတ်ကားလေးဆိုမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ တက်ဒီနဲ့ လီယန်တို့က မထင်မှတ်တဲ့တွေ့ဆုံမှုတစ်ခုကနေ တစ်ဦးကိုတစ်ဦးကိုချစ်မိသွားပြီး လက်ထပ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးပေါ့ ဒါပေမယ့် တက်ဒီကတော့ လီယန်ကိုချစ်ပေမယ့် အလုပ်ပေါ်မှာပဲအာရုံနှစ်ထားပြီး ဇနီးကိုအချိန်မပေးဖြစ်ခဲ့ပါဘူး ဟန်းနီးမွန်းထွက်ဖို့ကိုတောင် မစီစဉ်ခဲ့ပဲနဲ့ နောက်မှဆိုပြီးလုပ်နေခဲ့တဲ့သူပါ။ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးည လက်ဖွဲ့တွေကိုကြည့်ရင်းကနေ ဘယ်သူပို့လိုက်မှန်းမသိတဲ့ထူးဆန်းတဲ့လက်ဖွဲ့လေးတစ်ခုကိုတွေ့ခဲ့လို့ ဖွင့်ကြည့်မိရာကနေ... တက်ဒီတစ်ယောက် အဆပေါင်းများစွာအကုန်မြန်နေတဲ့ အချိန်ကာလတစ်ခုထဲရောက်သွားပါတော့တယ် သူနိုးထလာတိုင်း တစ်နှစ်ပြောင်းသွားပြီး သူနိုးထလာတဲ့အချိန်ကလည်း သူတို့ရဲ့မင်္ဂလာဦးနှစ်ပတ်လည်နေ့ဖြစ်နေပါတယ်။ ဒီလိုအချိန်စက်ဝန်းကြီးထဲကနေ တက်ဒီတစ်ယောက်ဘယ်လိုရုန်းထွက်မှာလဲ ဒီလိုအကုန်မြန်နေတဲ့အချိန်ကြောင့် သူ့ဘဝကြီးကဘာတွေဘယ်လိုဖြစ်ပြီးပြောင်းလဲကုန်မှာလဲ သူတို့ရဲ့အိမ်ထောင်ရောအပေါ်မှာရော သက်ရောက်မှုရှိမှာလား..စတာတွေကိုကြည့်ရှုခံစားရမယ့် Comedy,Fantasy,Romance ကားကောင်းလေးတစ်ကားပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ ) File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:30:00 Type__Comedy, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt

Adventure • Animation • Drama • Fantasy
6.8 2021 90 mins
Long Story Short
Fear Street: 1994
6.7

အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ R.L. Stine ရဲ့ Best-Selling Fear Street Book Series ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး။ Part -1(1994), Part - 2(1978), Part -3(1666) ဆိုပြီး ၃ကားတွဲ တစ်ပတ်ခြားစီဆက်တိုက်ထွက် လာမယ့် Trilogy Event လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့  ဘေးချင်းကပ်မြို့ နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ... ဒီနာနဲ့ ဆမ်က ရှိတ်ဒီဆိုဒ်မြို့ခံ ချစ်သူစုံတွဲလေးပေါ့၊ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲစကြရာက မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတဲ့အခါမှာတော့... သူတို့မြို့လေး တကယ်ပဲကျိန်စာသင့်နေတာလားဆိုတာ ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။ တော်တော်လေးကို ဇာတ်ရှိန်မြင့်ပြီးကြည့်လို့ကောင်းပါတယ်။ July 9 , July 16 တို့မှာ Part 2, Part 3 ထွက်ရှိဦးမှာမို့ cm ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery Source : 1080p.WebRip Translator – May Myat Thu Encoder – SWM

Horror • Music • Science Fiction
6.7 2021 107 mins
Fear Street: 1994
Eli
6

Eli ဆိုတဲ့ကလေးလေးက ထူးခြားတဲ့ရောဂါတစ်ခုဖြစ်နေပါတယ်။ အဲဒါကတော့ လေနဲ့မတည့်တာပါ။ လေရှုလိုက်ရင် သူ့အရေပြားတွေလောင်ကုန်ပြီး ပေါက်ကွဲမလိုဖြစ်တဲ့ ရောဂါဆန်းပါ။ သူအိမ်မှာနေရလဲ မှန်လုံအိမ်ထဲလိုနေရာမျိုးမှာလေ Filter နဲ့နေရပါတယ်။ လေတင်မကဘူး ရေလည်းထိလို့မရပါဘူး ?။ အဲတာနဲ့ပဲ သူ့အဖေနဲ့အမေက သူ့ကို ဆေးကုဖို့ Doctor Horn ဆိုတဲ့ ဆရာဝန်မ အိမ်မှာနေရင်းဆေးကုဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီ အိမ်က လေ filtration နဲ့ရေ filtration system တွေပြည့်နေတာမို့ Eli လေးတစ်ယောက် မှန်လုံအိမ်နဲ့ အလုံပိတ်ထားတဲ့ အင်္ကျီထဲမှာနေစရာ မလိုတော့ပါဘူး။ သူ့ကိုဆေးကုနေရင်းနဲ့ပဲ Step 1 အဆင့်မှာ ဒီအိမ်ကသာမန်မဟုတ်ပဲ သရဲခြောက်တဲ့အိမ်ဆိုတာသိခဲ့ရတယ်။ သူကအပြင်ထွက်မရပေမယ့် အပြင်ဘက်မှာ Harley ဆိုတဲ့ မိန်းကလေးနဲ့ မှန်တစ်ဖက်တစ်ချက်စီက စကားပြောရင်းခင်ခဲ့ပါတယ်။ သရဲတွေကခြောက်တာ တဖြည်းဖြည်းဆိုးလာတာတွေရော Harley ကြောင့်ပါ ဒီအိမ်ကြီးက လုံးဝမူမမှန်သလို Doctor Horn ကလည်းသူထင်ခဲ့သလို မဟုတ်မှန်းသိလာခဲ့တယ်။ သရဲတွေက Doctor Horn သတ်ခဲ့တဲ့ကလေးတွေလား ?... Doctor Horn ကဘာလို့ သူမကယ်နိုင်မှန်းသိတဲ့ကလေးတွေကိုသတ်ရတာလဲ ? ကလေးတွေကို စမ်းသပ်ချင်ရုံ သက်သက်လား ? သူ့အဖေနဲ့အမေကရော ဘာလို့ Eli ပြောသမျှမယုံပဲ ဒီဆရာဝန်မလက်ထဲ အပ်ချင်နေရတာလဲ........ Brainwashed ခံထားရပြီးလား....သူ့တစ်ယောက်ထဲ ဒီအိမ်ကြီးကနေဘယ်လိုရုန်းထွက်မလဲ ထွက်ပြေးမလဲဆိုတာ... ?Review ( Spoiler alert) ? Netflix ကနေ Halloween အတွက်ရုပ်ရှင်တွေအများကြီးထွက်လာသလို In the tall grass ဆိုလည်းတော်တော်ကောင်းပါတယ်။ Netflix က Horror movie တွေကတော့ အရမ်းမကောင်းရင်တောင်အထင်သေးလို့မရပါဘူး။ ဒီဇာတ်ကားကိုလည်း Trailer ကြည့်ပြီးကတည်းက Sci Fi လိုလို ဇာတ်လမ်းမျိုးကို Horror ထည့်ပြီးရိုက်ထားတဲ့ ဇာတ်ကား ဆိုပြီး မထွက်ခင်ကတည်းကအရမ်းကြည့်ချင်နေခဲ့တာပါ။ ကြည့်ပြီးသွားတော့လည်း ကိုယ့်အကြိုက်နဲ့ ထပ်တူမကျခဲ့ပေမယ့် Plot Twist လေးတွေကိုကြိုက်မိတာတော့အမှန်ပဲ။ ကိုယ်မှန်းသမျှ လွဲတာဒီကားပဲရှိဦးမယ်?။ လုံးဝမထင်မှတ်ထားတဲ့ Plot တွေနဲ့ ချပြသွားတာ Woww ကနဲ ပဲ... အဆုံးသတ်ထိ အော်အာ့လိုလားဆိုပြီးဖြစ်သွားတာလားဆိုပြီး အံ့သြစရာအတွေးတွေနဲ့ကျန်နေခဲ့တယ် .. horror ကားတွေကြိုက်တဲ့သူတွေအတွက်တော်တော်ကြည့်ကောင်းမယ့် ဇာတ်ကားပါပဲ။ အိမ်ကြီးထဲမှာကလေးလေးတစ်ယောက်ပဲ အသက်ဘေးအတွက်ရုန်းကန်နေတာကိုကြည့်ရတာလဲ အသက်ပါရှုရခက်သလို အရမ်းလည်းကြည့်ကောင်းပါတယ်။ Harley နေရာကသရုပ်ဆောင်တဲ့မင်းသမီးကလည်း Stranger things ထဲက Max ပါပဲ။ Eli နေရာကသရုပ်ဆောင်တဲ့ကလေးကလည်း ဝါရင့်သရုပ်ဆောင်ပီပီ သရုပ်ဆောင်တော်တော်ကောင်းပါတယ်။ Eli ရဲ့သရုပ်ဆောင်ချက်တွေကအံ့မခန်းပါပဲ။ IMDb 6 သာရထားပေမယ့် အဲဒီ Rating ထက်ပိုပေးချင်ပါတယ်။ (ရှပ်ရှင်အညွှန်းကို Naw Pyae Sone FB မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ May Myat Thu ပါ)

Comedy • Drama
6 2019 98 mins
Eli
After Blue (Dirty Paradise)
5.3

After Blue (Dirty Paradise) (2021) အရာရာမှာ အနုပညာခံစားမှု မြင့်မားတဲ့ ပြင်သစ်တို့ရဲ့ ထုံးစံအတိုင်း ဒီဇာတ်ကားကို ဖန်တီးထားရာမှာ plot နည်းနည်းနဲ့ မော်ဒန်ဆန်ဆန်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ရုပ်ရှင် artအဖွဲ့ရဲ့ ကြိုးစားပုံကို အဝတ်အစားတွေ ဆက်တင်တွေကြည့်ရုံနဲ့ ဘယ်လောက်ကြိုးစားထားမှန် သိသာပါတယ်။ အနုပညာသက်သက်အတွက် ဖန်တီးထားတဲ့ကားလို့တောင် ဆိုလို့ရပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ အနာဂတ်က ကမ္ဘာကြီးမှာ နေထိုင်မရတော့လို့ စွန့်ပစ်ကာ After Blue ဆိုတဲ့ ဂြိုလ်ပေါ်မှာ လူတွေရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အဲဒီဂြိုလ်ပေါ်မှာတော့ မိန်းမတွေသာ ရှင်သန်နိုင်ပြီး မေထုန်မဲ့မျိုးစပ်ကြပါတယ်။ တစ်နေ့တော့ Roxyဆိုတဲ့ကောင်မလေးဟာ သဲထဲမှာမြုပ်နေတဲ့ လူသတ်သမား Kate Bush ကို ဘုမသိဘာမသိ ကယ်မိပါတယ်။ ကယ်ပြီးပြီးချင်းမှာပဲ Kate Bushဟာ သူ့ကိုလှောင်ပြောင်ခဲ့တဲ့ Roxy သူငယ်ချင်းသုံးယောက်ကို သတ်ပစ်လိုက်ပါတယ်။ ရွာကအာဏာပိုင်တွေကတော့ Roxy ကြောင့် ကောင်မလေးတွေ သေခဲ့ရတာမို့ အပြစ်ပေးတဲ့အနေနဲ့ သူ့အမေနဲ့အတူ သားအမိနှစ်ယောက်ကို Kate Bush ကို သွားသတ်ခိုင်းပါတော့တယ်။ သားအမိနှစ်ယောက်ခမျာ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ Kate Bush ကို သတ်ဖို့ ရှာပုံတော် ဖွင့်ကြရတဲ့အခါ … ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 2.9GB, 1GB, 536MB Quality : 1080p WEBRip AC3 5.1CH, 720p WEBRip, 480p Format : mp4 Duration : 2hr & 9mins Genre : Fantasy, Sci-Fi Translated by Jane Encoded by Kinnov

Action • Adventure • Animation • Comedy • Family
5.3 2021 129 mins
After Blue (Dirty Paradise)
Mob Land
5.5

Mob Land (2023) မင်းသားကြီး John Travolta ပါဝင်ထားပြီး မူးယစ်ဆေးစွဲသူတွေ ဆေးရောင်းတဲ့ လူဆိုးဂိုဏ်းတွေနဲ့ မသမာသူတွေ ကြီးစိုးနေတဲ့ မြို့အကြောင်းအခြေတည်ထားတဲ့ Action ရုပ်ရှင်သစ်တစ်ကားပါ။ ယခင်က ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ ရှယ်ဘီဟာ ဇနီး သမီးလေးနဲ့အတူ မြို့ငယ်လေးမှာ အခြေချခဲ့ပါတယ်။ သူ့အလုပ်က မြို့လေးနဲ့မအပ်စပ်တဲ့အတွက် သူတို့မိသားစုက အဆင်ပြေလှတယ်ရယ်တော့မဟုတ်ပါဘူး။ ယောက်ဖဖြစ်သူ ထရေးနဲ့ အသိ ရဲမှူးဘိုဒီတို့ကလည်း မကြာခဏလာလည်ကြပါတယ်။ ဇနီးနဲ့သမီးလေး ဆွေမျိုးတွေဆီခဏသွားတဲ့အခါ ထရေးက ဆေးရောင်းသမားတွေဆီက ငွေကို ဓားပြတိုက်ဖို့ လာဆွယ်ပါတယ်။ ရှယ်ဘီက မလုပ်ချင်ပေမယ့် ငွေလိုနေတာရော ထရေးအဆွယ်ကောင်းတာကြောင့်ရော သဘောတူလိုက်ပါတယ်။ အစီအစဉ်ဆွဲတုန်းကတော့ အဆင်ချောပေမဲ့ လက်တွေ့မှာ ထင်သလိုမဖြစ်လာဘဲ ထရေးက လူသတ်မိတဲ့အခါ… သူတို့ဓားပြတိုက်မိတာက မာဖီးယားဂိုဏ်းက ငွေတွေဖြစ်ပြီး အရှုပ်တွေဆက်တိုက်ဖြစ်လာတဲ့အခါ… ထရေးတို့ကို လက်စားချေဖို့ မာဖီးယားဂိုဏ်းက လူ လိုက်လာတဲ့အခါ… ရှယ်ဘီကရော ဘယ်လို ပြစ်မှုတွေ ဆက်လုပ်ရဦးမလဲ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဘာတွေပြန်ပေးဆပ်ရမလဲဆိုတာ စိတ်၀င်စားဖွယ် အားပေးရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 695MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 51Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.5 2023
Mob Land
Herd

Herd (2023) ဒီလအတွင်းမှာမှ လတ်လတ်​ဆတ်ဆတ် ထွက်ရှိထားတဲ့ Herd ဆိုတဲ့ အက်ရှင် သည်းထိတ်ရင်ဖိုကား​​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ~ ဇာတ်လမ်းအညွှန်း ~ ​ဂျေမီတစ်​ယောက် သူမရဲ့ နာကျင်စရာ အတိတ်က​နေ လွတ်​မြောက်ဖို့အ​ရေး သူမရဲ့ ချစ်သူ အဲလက်နဲ့အတူ ထွက်​ပြေးလာရာက​နေ ဖုတ်​ကောင်ကူးစက်မှု​တွေပျံ့နှံ့​နေတဲ့ အ​ခြေအ​နေဆိုးနဲ့ ကြုံ​တွေ့လာရတဲ့အခါ… တစ်ဖက်မှာလည်း ဖုတ်​ကောင်​တွေကို ရှင်းလင်းဖို့ အဖွဲ့ဖွဲ့စည်းထားကြ​ပေမဲ့ မိမိကိုယ်ကျိုးကိုသာဦးစား​ပေးတဲ့ အဖွဲ့နှစ်ဖွဲ့ကြား ​ဂျေမီတို့​ရောက်သွားတဲ့အခါ… ​ဂျေမီတို့ဘယ်လိုအခက်အခဲ​တွေကြုံရမလဲ… သူမရဲ့ အတိတ်​ဆိုး​တွေက​နေ​ရော လွတ်​မြောက်​အောင်လုပ်နိုင်ခဲ့လား… ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်ကား​လေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p Format – mp4 Duration – 1H 37Min Genre – Action, Horror Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Romance • Comedy
0 2023
Herd
Maanagaram
8.1

Maanagaram (2017) “မြို့ပြရဲ့ သားကောင်များ” IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါ ဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe – LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ရုံတင်ဝင်ငွေ သန်း ၁၁၀ အထိ အမြတ်အစွန်းပြန်ရခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံခဲ့ရပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ချန်နိုင်းစီးပွားရေးမြို့ကြီးကို တက်လာတဲ့ အင်ဂျင်နီယာကျောင်းသား Sri ဟာ အလုပ်အင်တာဗျူးအောင်လို့ ဘော်ဒါတွေကိုတစ်ဝိုင်းတိုက်နေရင်း နောက်တော့ ဘားမှာပဲ Sundeep Kishan ဆိုတဲ့လူက ကျောင်းတုန်းက ပြန်မကြိုက်ခဲ့တဲ့ crush လေးအကြောင်း ပြောနေပြန်ပါတယ် အတိတ်က ဖြစ်ရပ်တစ်ခုမှာ လူမိုက်တစ်ယောက်က ကောင်မလေး Regina ကို Sundeep နဲ့ကြိုက်ရင် သတ်ပစ်မယ်ဆိုပြီး အက်စစ်နဲ့မျက်နှာကို ပက်ပစ်မယ် ဆိုပြီး ချိန်းခြောက်တာကြောင့် Sundeep က ဒေါသထွက်ပြီး လူမိုက်ကို ပြန်ရိုက်ရာမှာ လူမိုက်က အခုပစ္စုပ္ပန်မှာ Sundeep ကို ဘားမှာပြန်တွေ့ပြီး ချောင်းရိုက်ဖို့ လူငှားပါတယ် ဖြစ်ချင်တော့ လူမှားပြီး ရိုက်မိလိုက်သူက Sri ဖြစ်နေပါတယ် တစ်ဖက်မှာလည်း သားဖြစ်သူရဲ့ ဆေးဖိုးလိုလို့ PKP ဆိုတဲ့ လက်မရွံ့ ဂန်းစတားရဲ့ ကားကို အငှားမောင်းတဲ့ Charle ဆိုသူက သူ့ရဲ့တက္ကစီပေါ်မှာ Sri ရဲ့ စာရွက်စာတမ်းတွေနဲ့ အိတ်ကို သွားတွေ့ပြီး ရဲတိုင်ပါတော့တယ်… ဒီလို အဆက်အစပ်မရှိတဲ့သူတွေ ဘယ်လို ပတ်သက်မိကြမလဲဆိုတာ ဒီထက် ဆက်ပြောပြရင် ဇာတ်လမ်းသိပြီး အရသာပျက်သွားမှာစိုးလို့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ဖို့ အကြံပေးပါတယ် အတိုချုပ်ကတော့ မတူညီတဲ့ လူလေးယောက် ချန်နိုင်းမြို့ကြီးက ရှုပ်ထွေးလှတဲ့ အမှုတစ်ခုမှာ ဘယ်လို ပတ်သက်ဆက်နွယ်မိသွားလဲဆိုတာပါပဲ ဇာတ်လမ်းဇာတ်အိမ် ရှုပ်ထွေးတာမျိုးကြိုက်တဲ့ သူတွေအဖို့တော့ ထိုင်ခုံအစွန်းနဲ့ မြဲနေအောင် ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.1 2017 137 mins
Maanagaram
The 6th Day

ခရစ်ယာန် သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ပြောထားတာတစ်ခုရှိတယ်။ လူသားတွေကို ဘုရားသခင်က သူ့ရဲ့အသွင်အပြင်အတိုင်း ဆဌမမြောက်နေ့မှာ ဖန်ဆင်းခဲ့သတဲ့။ လူသားတွေဟာ အသိပညာ အတတ်ပညာတွေမှာ တစ်ခေတ်ပြီးတစ်ခေတ် ကြောက်ခမန်းလိလိ တိုးတက်လာပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတုပခြင်းကို တတ်ကျွမ်းလာတဲ့ အနာဂတ်က အချိန်တစ်ခုမှာပေါ့။ လူသားတွေ မွေးထားတဲ့ အိမ်‌မွေးတိရစ္ဆာန်လေးတွေ အိုမင်းလို့ နေမကောင်းလို့ သေကြရတဲ့အခါ သိပ္ပံပညာရှင်တွေက သူတို့ကို ပုံကြမ်းထည်ကနေ ဆဲလ်ပွားခြင်းနည်းပညာနဲ့ မွေးမြူယူလိုက်ပြီး သေသွားတဲ့ တိလေးတွေနဲ့ ပုံစံတူအောင်လုပ်ကြတယ်။ နောက်ဆုံးအဆင့်အနေနဲ့ တိလေးတွေရဲ့ ဦးနှောက်က မျိုးရိုးဗီဇနဲ့ မှတ်ဉာဏ်ကိုကူးယူပြီး အသစ်မွေးထားတဲ့ကိုယ်ခန္ဓာထဲ ထည့်သွင်းလိုက်တော့ ကျန်းမာပြီးပြည့်စုံတဲ့ အိမ်မွေးတိကလေးကို ပြန်ရတယ်။ သူတို့က ပိုင်ရှင်သင်ထားတဲ့ အကွက်လေးတွေကို အကုန်ပြန်လုပ်တတ်ကြပြီး သူတို့မြှုပ်ထားတဲ့ အရိုးတွေကိုတောင် ပြန်ဖော်စားတတ်ပါသတဲ့။ လူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ လူသားတွေကိုပါ ပုံတူကူးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေက လူသားပုံတူကူးခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပြီး ကိုယ်ပွားဆိုတာရှိလာရင် ဥပဒေအရ ပိုင်ဆိုင်ခွင့်တွေ နေထိုင်ခွင့်တွေမရှိဘဲ ဖျက်ဆီးသတ်ဖြတ်တာခံကြရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်လိုသူ သူဌေးကြီးတစ်ဦးနဲ့ လူသားပုံတူကူးခြင်းကို အပြည့်အဝ လုပ်ဆောင်နိုင်သူ သိပ္ပံပညာရှင်တစ်ယောက်တို့ ပူးပေါင်းပြီး ဇာတ်ရှုပ်ကြီး လုပ်လိုက်တဲ့အခါ အဒမ် ဂစ်ဘ်ဆင် (အာနိုး) နှစ်ယောက်ဖြစ်လာတဲ့အကြောင်းတွေကို ကြည့်ရှုရမယ့် Old but Gold တစ်ကားဖြစ်ပါကြောင်း။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Science Fiction, Action, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

0 2000
The 6th Day
Dragonfly
6.1

Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့ အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့ အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။ အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ “အမ်မလီရဲ့ ဂျိုး” လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ နှလုံးရပ်သွားပြီးတဲ့နောက် ဟိုဘက်ခြမ်းမှာ အလင်းရောင်တစ်ခု၊ ဂျိုးရဲ့ ဓာတ်ပုံကိုပြနေတဲ့ အမျိုးသမီးတစ်ယောက်၊ သက်တံ့ရဲ့အဆုံးမှာ ကြက်ခြေခတ်ပုံကို တွေ့ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ခဏအကြာမှာတော့ နောက်ကလေးတစ်ယောက်ရဲ့ အခန်းမှာလည်း ကြက်ခြေခတ်ပုံတွေ တွေ့ခဲ့ပြီး ဂျိုးကို ချက်ချင်းမှတ်မိကာ “သက်တံ့ဆီကို သွားရမယ်” လို့လည်း ပြောခဲ့ပါတယ်။ အိမ်မှာလည်းပဲ ဇနီးသည်ရဲ့ အမှတ်အသားလို ဖြစ်နေတဲ့ “ပုစဉ်း”နဲ့ ပတ်သက်ပြီး အရိပ်အယောင်တွေ၊ နိမိတ်တွေ ကြုံတွေ့ခဲ့ရပြန်ပါတယ်။ ထူးခြားဆန်းကြယ်မှုတွေ အလုပ်မှာရော၊ အိမ်မှာပါ ဆက်တိုက်ကြုံတွေ့ပြီးတဲ့ နောက်မှာတော့ ဂျိုးအနေနဲ့ သိပ္ပံနည်းကျ ဖြေရှင်းလို့မရတဲ့ ဒီပြဿနာကို ဆေးရုံမှာ ကလေးငယ်တွေကို သေရွာပြန်အတွေ့အကြုံတွေအကြောင်း အင်တာဗျူးခဲ့ဖူးသူ စစ္စတာမက်ဒဲလိုင်းဆီကို အဖြေတစ်ခု ရှာဖွေဖို့ မရမက တွေ့ဆုံခဲ့ပါတယ်။ စစ္စတာမက်ဒဲလိုင်းကတော့ အမ်မလီအနေနဲ့ ဂျိုးကို တခြားဘက်က ဆက်သွယ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ နောက်ဆုံး ဦးနှောက်သေနေတဲ့ လူနာတစ်ယောက်ဆီက သူ့ဇနီးရဲ့ ခေါ်သံကို ကြားရပြီး ဆေးရုံမှာ အုတ်အော်သောင်းတင်း အခြေအနေတစ်ခု ဖြစ်ပွားခဲ့ပြီးချိန်မှာတော့ ဂျိုးအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ မဖြစ်နိုင်တော့ဘဲ အလောင်းလုံးဝရှာမတွေ့နိုင်တဲ့ သူ့ဇနီးရဲ့မတော်တဆဖြစ်ရပ်ကို အသေးစိတ်စုံစမ်းဖို့ သူ့မိန်းမ သေဆုံးခဲ့ရာ တောင်အမေရိကနယ်မြေကို ခရီးဆက်ခဲ့ပါတယ်။ မသိခြင်းများစွာကနေတစ်ဆင့် ပဟေဠိတစ်ခုကို အဖြေညှိရှာဖွေနိုင်မလားဆိုတာကို လျှို့ဝှက်ဆန်းကြယ်ကြိုက် ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.2 GB / 809 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.1 2002
Dragonfly
Something’s Gotta Give

ဆန်ဘွန်လို့ခေါ်တဲ့ အသက်၆၀အရွယ်လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ဖြစ်ရုံသာမက စော်ကြည်ဘဲကြီးတစ်ယောက်လည်းဟုတ်ပါသေးတယ်။ ဆန်ဘွန်ဟာ တွဲလိုက်ရင် အသက်၃၀အောက် ကောင်မလေးလန်းလန်းလေးတွေနဲ့ပဲ တွဲပြီး အသက်၆၀ကျော်လာတဲ့အထိ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးအဖြစ် နာမည်ကြီးပါတယ်။ ဒီလိုနဲ့ မာရင်လို့ခေါ်တဲ့ကောင်မလေးနဲ့ ဆန်ဘွန်ပတ်သတ်မိရာက မာရင့်ရဲ့ ကမ်းခြေအိမ်မှာ အပန်းဖြေလို့ လိုက်သွားရာကနေ မမျှော်လင့်ဘဲ မာရင့်အမေ အဲရစ်ကာဟာလည်း အဲဒီအိမ်မှာ ရောက်ရှိလာတဲ့အခါမှာတော့ ……. ၃၀အောက်လေးတွေကိုပဲ စားသုံးနေတဲ့ လူပျိုကြီးဆန်ဘွန်ဟာ သူနဲ့ရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ အနေနီးလာတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်ကြမလဲ…… မာရင်နဲ့ ဆန်ဘွန်ရဲ့ ကိစ္စကရော ဘယ်လိုဆက်ဖြစ်သွားမလဲ …..ဆိုတာတွေကို ကြည့်ရှုခံစားရမယ့် ဟာသဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre… Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2003
Something’s Gotta Give
The Dream Songs
7.7

The Dream Songs (2023) ************************ ကိုရီးယားနိုင်ငံရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်တဲ့ Sewol Ferry ဖြစ်ရပ်မတိုင်ခင် ကျောင်းလေ့လာရေးခရီးမသွားခင်အချိန်လေးကို ဇာတ်အိမ်တည်ထားပြီး ဆယ်ကျော်သက်အရွယ်‌ ကျောင်းသူလေးနှစ်ယောက်ရဲ့ ရိုးရိုးသူငယ်ချင်းအချစ်ဆိုတာထက်ပိုတဲ့ ဒီကားလေးမှာတော့ ဂျောင်ဆယ်မီအဖြစ် Dear M ,Hello My Twenties စတဲ့ ဇာတ်လမ်းတွဲတွေထဲမှ ချစ်စရာမင်းသမီးလေး (Park Hye Soo) ဟာအွန်းအဖြစ် Next Sohee , Run On စတဲ့ ဇာတ်လမ်းတွဲထဲက မင်းသမီးလေး (Kim Si-Eun) တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ************* ကျောင်းလေ့လာရေးခရီး မထွက်ခင်တစ်ရက်အလို နေ့လယ်ခင်းမှာ ဂျောင်ဆယ်မီတစ်ယောက် ကျောင်းစာသင်ခန်းရဲ့ထောင့်မှာ အိပ်နေရာကနေ အိပ်မက်ဆိုးတစ်ခုကြောင့် မျက်ရည်တွေနဲ့ နိုးလာခဲ့ပါတယ် ။ အိပ်မက်ဆိုးကနေ နိုးထလာပြီးနောက် သူ့ရဲ့ သူငယ်ချင်းထက်ပိုနေတဲ့ခံစားချက်တွေကို ဖွင့်ပြောဖို့အတွက် မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်နေတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဟာအွန်းဆီကို အပြေးအလွှားသွားခဲ့ပါတယ် ။ ကျောင်းလေ့လာရေးခရီးသွားချင်ပေမဲ့ မတော်တဆမှုကြောင့် ခြေထောက်ထိသွားလို့ မသွားနိုင်တော့တဲ့ ဟာအွန်းကတော့ ဆေးရုံမှာလှဲနေကာ ရင်ထဲကဒဏ်ရာတွေကို ဖုံးကွယ်ထားပြီး‌ ဘာမှမဖြစ်သလိုဟန်ဆောင်နေပါတော့တယ် ။ ဒီလို စိတ်ဒဏ်ရာတွေကို ဖြစ်နေတဲ့ ချစ်ရတဲ့သူဆီကို အပြေးအလွှားသွားခဲ့တဲ့ ‌ဂျောင်ဆယ်မီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေက ဟာအွန်းဆီကို ရောက်ရှိနိုင်ပါ့မလား…. ကပ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့ရတော့မှာကို မသိဘဲ ကျောင်းလေ့လာရေးခရီးအတွက် ပျော်ရွှင်စိတ်လှုပ်ရှားနေကြပြီး ချစ်ခင်ရသူတွေကို နှုတ်ဆက်စကားမပြောနိုင်ခဲ့ကြတဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေရဲ့ ပုံရိပ်တွေကို တစ်ရှုးဆောင်ပြီး ကြည့်ရှုခံစားဖို့အတွက် Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ် ……. File size… 1.87 GB / 694 MB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1 hr. 58 min. Genre ….. Romance, Youth, Drama Subtitle…. Myanmar Subtitle (Hard Sub) Translated by …. Su Sandi Encoded by …. AHtet

Action • Romance
7.7 2023
The Dream Songs