YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Misaeng.S01E19.1080p.NF WEB-DL.mp4

1.07 GB N/A video/mp4 152 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl Missing
6.1

ဘ၀ဆိုတာ တချို့အတွက်ပုံမှန်လေးစီးမျောနေတာ ဖြစ်နိုင်ပေမဲ့ တချို့အတွက်တော့ အကွေ့အကောက်များလွန်းပါတယ်။ မျှော်လင့် ချက်တွေပြည့်ပြီ ထင်ရပေမဲ့ မထင်မှတ်ဘဲ တစ်ဆစ်ချိုးပြောင်းလဲမှု မျိုးနဲ့ ရင်ဆိုင်လိုက်တာလည်း ဖြစ်တတ်ပါတယ်။ ဒီဇာတ်လမ်းထဲက သိတတ်တဲ့ကလေးအရွယ်မှာ ပျောက်ဆုံးသွားတဲ့ ကောင်မလေးတစ်ယောက်၊ ဖြစ်ချင်တော့ အတိတ်လည်းမေ့သွားခဲ့ပါတယ်။ မိဘဘယ်သူဘယ်ဝါ၊ သူ့ကိုယ်သူဘယ်သူမှန်းမသိတော့တာကြောင့် မိဘမဲ့ဂေဟာမှာ ဂျိန်းဆိုတဲ့နာမည်နဲ့ ဘ၀သစ်စခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ အရွယ်ရောက်လာပြီးတဲ့အချိန်မှာ မိခင်ဆိုတဲ့သူ ပေါ်လာခဲ့ပါတယ်။ ဒီအန်အေအဖြေမထွက်သေးတာကလွဲရင် ဂျိန်းရဲ့ အမေဆိုတာသေချာသ လောက်ဖြစ်နေတဲ့ ဆေလ်ဗီယာဟာ ဂျိန်းကို အိမ်အလည်ခေါ်ခဲ့ပါတယ်။ ဆိတ်ငြိမ်ရာအရပ်က အဲဒီအိမ်ကြီးမှာ  ဂျိန်းဟာ အိမ်ထိန်းကြီးထရီဇာ၊ ဆေလ်ဗီယာရဲ့ဒုတိယခင်ပွန်းကာလိုတို့နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဘီလျံနာမုဆိုးမ မိခင်ရဲ့သမီးအဖြစ် ပျော်ရွှင်ရတော့မယ်ထင်ခဲ့တဲ့ ဂျိန်းတစ်ယောက် အိမ်ရောက်တဲ့ နောက်တစ်ရက်မှာပဲ ထူးဆန်းပြီး သံသယဖြစ်စရာတွေကြုံလာရပါတယ်။ အဲဒီစိတ်မသိုးသန့်စရာအဖြစ်တွေဟာ ဂျိန်းပျောက်ဆုံးပြီးအတိတ်မေ့သွားတဲ့ အဖြစ်၊ သူ့ဖခင်သေဆုံးတဲ့အဖြစ်တွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာကို သို့လောသို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ကြရမှာပါ။ ကြည့်ရင်းကြည့်ရင်းနဲ့ အဆုံးအထိကို စိတ်၀င်တစားဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးမို့ Mystery/ Thriller ကြိုက်တဲ့ ရုပ်ရှင်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.72 GB) / (542 MB) / (286 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 24mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......C'mon Encoder..........SWM

6.1 2015 85 mins
Girl Missing
Bol Bachchan
5.8

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး မင်းသားကြီးအဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘတ်ဂျက် ရူပီ ကုဋေ ၅၀ (ကန်ဒေါ်လာ ၆.၃သန်း) မှာ ကုဋေ ၁၆၅ (ကန်ဒေါ်လာ ၂၁သန်း) အထိ ပြန်လည်ရရှိခဲ့ပြီး ဒီကားထဲမှာ အဘီရှိခ်ဘဂျမ်းဟာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု အကောင်းဆုံး ဟာသသရုပ်ဆောင်ဆု စတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်...။ အဗာစ်က အမွေဆိုင်အိမ်ကြီးကို အမှုရှုံးသွားပြီးတဲ့နောက် ဘဝပျက်သွားခဲ့တယ်။ ကြံရာမရတဲ့အဆုံး ညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးဆိုတဲ့ ရွာလေးမှာ အခြေချဖု့ိထွက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ပရစ်ထဗီရာဂျ်ဆိုတဲ့ ဩဇာအာဏာအရှိဆုံးလူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရိုးတယ် တုံးတယ်ပေါ့။ သူမကြိုက်ဆုံးအချက်က လိမ်တာပါပဲ။ တစ်ခါက သူ့ကိုလိမ်ခဲ့ဖူးတဲ့ သူ့အလုပ်သမားတစ်ယောက်ကို ရိုက်လိုက်တာ တော်ရုံနဲ့ ဆေးရုံကနေ မဆင်းနိုင်တော့ပါဘူး။ အဲ့ဒီမှာပဲ အဗာစ်ဟာ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီဆီမှာ အလုပ်ရသွားပြီး တစ်လိမ်ပေါ် နှစ်လိမ်ဆင့် အလိမ်ချင်းထပ်လာတဲ့အခါမှာတော့ ဇာတ်ကားလေး ဘယ်လိုကြည့်ကောင်းလာမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…4.17GB / 1.7GB Quality…1080p BluRay Remux /720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Animation • Family • Fantasy
5.8 2012 155 mins
Bol Bachchan
Uncle Frank
7.4

ဘက်ဆိုတဲ့ကောင်မလေးမှာ ရည်မွန်လှတဲ့ဖရန့်ဆိုတဲ့ဉီးလေးတစ်ယောက်ရှိတယ်... ပညာထူးချွန်တယ်...စာပေဗဟုသုတပြည့်စုံသလို ကြင်နာသနားတတ်တဲ့ဟန်ကြောင့် ဘက်က သူ့ဉီးလေးကို သဘောလည်းကျသလို အားလည်းအားကျတယ်... ခက်တာက ဒီလိုမျိုးဉီးလေးကို ဘက်ရဲ့အဘိုး (ဖရန့်ရဲ့အဖေ)က ခါးခါးသီးသီးပဲ... မိသားစုထဲမှာ ဖရန့်တစ်ယောက်ကိုပဲ အဘိုးဖြစ်သူက လျှစ်လျူရှုထားတာ...မိသားစုဝင်တော်တော်များများကလည်း အဖေနဲ့သားကြားက ြပဿနာကို အတိတ်နိုင်ဆုံးထိန်းညှိရင်း မသိချင်ယောင်ပဲဆောင်နေကြတယ်.... ဒီလိုနဲ့ဖရန့်လည်း တခြားမြို့တစ်မြို့မှာ ပါမောက္ခအဖြစ်နဲ့အသက်မွေးနေလေရဲ့...အဲ့ဒီမြို့မှာပဲ သူ့တူမလေး ဘက်က ကျောင်းတက်နေတယ်...၄နှစ်အကြာမှာတော့ ဖရန့်ရဲ့အဖေဆုံးလို့ ဇာတိမြို့လေးကို ပြန်ဖို့အကြောင်းဖန်လာတယ်.. တူဝရီး(၂)ယောက်တူတူပြန်ကြတာပေါ့...အဲ့ဒီနောက်မှာတော့ ဖရန့်ရဲ့ မိသားစုမယ် ဖယ်ကျဉ်ခံထားရတဲ့အကြောင်းတွေကို တစ်စ တစ်စ သိလာရပါတော့တယ်... ဒီကားက Dramaဖြစ်နေပြီး အညွှန်းအရ အနည်းငယ်ဇာတ်အေးကြီးလို့ထင်ရပေမဲ့ ဒီဇာတ်ကားထဲကလို ြဖစ်စဉ်တွေ ကျွန်တော့်တို့ နိုင်ငံမိသားစုဝင်တွေအများကြီးမှာဖြစ်နေရတာပါ.. ကျွန်တော်တို့လက်တစ်ကမ်းအကွာမှာပဲ ဒီလိုမျိုးတွေကြုံတွေ့နေရပါတယ်... ခံစားကြည့်ကြပါဉီးဗျို့... File Size :(884MB) and (331MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Khine Khine Wai Encoded by Phyo Pyae

Sci-Fi & Fantasy
7.4 2020 95 mins
Uncle Frank
Die Hard
7.8

ခရစ်စမတ်နဲ့ နယူးရီးယားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။ မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်....နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။ အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့..... အကြောက်အလန့်ကင်းတဲ့..... ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။ Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ BluRay 1080p 5.1 Audio နဲ့ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ File Size…(2 GB) and (1 GB) Quality…Blu-Ray 1080p 5.1 DTS Format…mkv and mp4 Duration…02:12:09 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung

Horror • Science Fiction • Thriller
7.8 1988 131 mins
Die Hard
Ten Little Mistresses
7.2

Ten Little Mistressess (2023) 2023မှာ ထွက်ရှိထားတဲ့ Ten Little Mistresses ‌ဆိုတဲ့ Comedy, Mystery ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒွန်ဗယ်လန်တီဆိုတဲ့သူဌေးကြီးတစ်ယောက်ဟာ သူ့မိန်းမ ချာရိုဆုံးပြီး‌နောက်‌ မယားငယ်ဆယ်ယောက်ထားခဲ့ပါတယ်။ တစ်နေ့မှာ သူ့ရဲ့‌မွေးနေ့မှာ သူ့ရဲ့မယားငယ်အားလုံးကို အိမ်တော်ကိုဖိတ်ကြားခဲ့ပြီး လက်ဆောင်တွေပေးခဲ့ပြီး သူ့ဘဝအသစ်ပြန်စတင်ချင်ကြောင်းပြောကြားခဲ့တယ်။ ဒါပေမယ့် သူပြောခဲ့သလို မရိုးရှင်းခဲ့ပါဘူး သူ့ရဲ့မွေးနေ့မှာ သူ့ညီ ဒွန်ကွန်စတမ်တင်ကို သတ်ဖို့စီစဉ်ခဲ့ပါတယ်။ မယားငယ်အားလုံးကလည်း သူ့ရဲ့အစီအစဉ်တွေမသိခဲ့ဘဲ လက်ဆောင်တွေကိုပဲ မက်မောနေခဲ့ကြပါတယ်။ နောက်ဆုံးအသတ်ခံရတဲ့သူကတော့ သူ့ညီတင် မကဘဲ သူတို့ညီအစ်ကို နှစ်ယောက်လုံး ဖြစ်နေခဲ့ပါတယ်။ အားလုံးထင်ထားခဲ့သလို ဒွန်ဗယ်လန်တီက သူ့ရဲ့ညီကို သတ်ခဲ့တာ မဟုတ်ဘဲ မယားငယ်တစ်ယောက်က အကုန်သေချာ အကွက်ချစီစဉ်ခဲ့ပြီး နှစ်ယောက်လုံးကိုသတ်ခဲ့တာပါ။ ဘယ်သူ ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှုစားကြည့်ကြပါဦး။ ဇာတ်လမ်းက Comedy လည်းပါသလို မြုပ်ကွက်ကလေးလည်းပါတာမို့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Mystery Quality…. 1080p | 720p | 480p File size… 1.57GB | 798MB | 398MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Myo Myo Encoder ….. August

7.2 2023
Ten Little Mistresses
Beginners
7.2

အိုလီဗာဖီးဒ်ဟာ မိဘတွေရဲ့ထူးဆန်းတဲ့အိမ်ထောင်ရေးကြောင့် တခြားသူကိုရေရှည်ချစ်ကြည့်ဖို့မဝံ့ရဲပဲ အသက်သုံးဆယ့်ရှစ်နှစ်ရှိလာခဲ့ပါတယ်။ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ဆုံးဖြတ်ထားတဲ့အိုလီဗာဟာ တစ်နေ့တော့ ပါတီမှာအမှတ်မထင်ဆုံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့အခါမှာတော့… အိုလီဗာ့လိုပဲ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိနေတဲ့ အချစ်ကိုကြောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားမှာတဖြည်းဖြည်းအမြစ်တွယ်လာတဲ့သံယောဇဥ်တွေရယ် အိုလီဗာရဲ့ဘဝဇာတ်ကြောင်းရယ်ကို လှပစွာပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒရမ်မာကားကောင်းတွေကြိုက်တတ်ရင် ပေးရတဲ့အချိန်နဲ့တန်မယ့်ဇာတ်ကားကောင်းတစ်ပုဒ်ပါလို့ ညွှန်းရင်းတင်ဆက်လိုက်ရပါတယ်။ File size…1.04 GB /470 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chole Khin

7.2 2010
Beginners
The Last Voyage of the Demeter
6.4

The Last Voyage of the Demeter (2023) ============================= IMDb Rating – 6.4/10 ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။ အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ထဲမှာ လာယာနာစတာ့ခ်ဖြစ်တဲ့ Aisling Franciosi က သရုပ်ဆောင်ထားပါတယ်။ (ဒီဇတ်လမ်းနဲ့ ဆင်တူတဲ့ စီးရီးတစ်ခုလည်းရှိပါတယ်။ အက်မင်အကြိုက်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ၊ Dracula (2020) ဖြစ်ပြီး အပိုင်း ၃ ပိုင်းပဲရှိပါတယ်။ CM မှာ ကြည့်လို့ရပါတယ်)။ ဇာတ်လမ်းအကျဉ်း ဒမီတာဆိုတဲ့လှေရဲ့ မာလိမ်မှူး အဲလိယက်ဟာ သူ့ရဲ့အနား မယူခင် နောက်ဆုံးခရီးစဉ်အဖြစ် ငွေမြိုးမြိုးမြက်မြက်ရတဲ့ သီးသန့်အလုပ်တစ်ခု ကိုလက်ခံလိုက်ပါတယ်။ ဒါကတော့ ရိုမေးနီးယားက သေတ္တာအလုံး ၅၀ ကို အင်္ဂ လန်ကိုပို့ပေးဖို့ပါပဲ။ အဲဒီခရီးစဉ်အတွက် လက်ကျန်လှေထိုးသားတွေနဲ့မလောက်လို့ လှေထိုးသားအသစ်အဖြစ် ကလယ်မန်ဆိုတဲ့ လူမည်းဆရာဝန်တစ်ယောက်ကိုပါ ခေါ်လာခဲ့ပါတယ်။ အဲဒီလှေခရီးစဉ်တလျှောက် ထူးဆန်းတာတွေ ကြောက်စရာ တွေဖြစ်ပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(2.76 GB) / (1.34 GB) / (600 MB) Quality…………WEB-DL 4K / 1080p / 720p Duration………1Hr 58Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror Translator……Mr.Anderson Encoder……….SWM

6.4 2023
The Last Voyage of the Demeter
The Day of the Jackal
7.8

The Day of the Jackal (1973) ~ IMDb – 7.8/10, Rotten Tomatoes – 90% ~ ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ သူကတော့ ခေသူမဟုတ်ဘူးပေါ့ဗျာ။ လုပ်ကြံရခက်ခဲတဲ့ နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေကို လုပ်ကြံပြီး ခြေရာဖျောက်သွားတတ်တဲ့သူကြီး။ သူကိုယ်တိုင်ဆင်းလာပြီး ပြင်သစ်သမ္မတကို လူ့လောကထဲက မောင်းထုတ်ဖို့ ကြံစည်အားထုတ်သွားတဲ့ ဇာတ်လမ်းကောင်းပါပဲ။ ပြင်သစ်အစိုးရအဖွဲ့နဲ့ OAS အဖွဲ့တို့ကလည်း အပြန်အလှန် နှစ်ဖက်ချွန်သူလျှိုတွေနဲ့ တစ်ယောက်ခြေလှမ်း တစ်ယောက်စောင့်ကြည့်နေကြချိန်ပါ။ ဒီမှာတင် လုပ်ကြံရေးသမား အမည်ဝှက် ဂျက်ကယ်လ် (သဲကန္တာရမြေခွေး) က ပြင်သစ်အစိုးရတစ်ဖွဲ့လုံးနဲ့တစ်ယောက် ဉာဏ်ပြိုင်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ပုံတွေကို ၂ နာရီခွဲနီးပါး အားရပါးရ ကြည့်ရှုရပါမယ်။ သိပ်ကိုကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့တဲ့ ဇာတ်လမ်းပါ။ ခရမ်းချဉ်သီးပုပ် ၉၀ % ရထားတာကိုသာ ကြည့်ပေတော့။ ပရိသတ်ကလည်း ကြိုက်တဲ့ရုပ်ရှင်ပဲ။ IMDb 7.8 အထိ ရထားတဲ့ 1973 ခုနှစ်က ဟောင်းပေမဲ့ ကောင်းနေဆဲဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Romance
7.8 1973 143 mins
The Day of the Jackal
Treacherous Rattle
5.9

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နိုင်ငံခြားပြန် ဆရာဝန်မလေး ဟန်ချွင်းလင်ဟာ မိသားစုဆရာဝန်အဖြစ် လုံအိမ်ကို ရောက်သွားခဲ့ပါတယ်။ သူမရောက်တဲ့ ညမှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က သေဆုံးသွားတဲ့သခင်မကြီးရဲ့ အခန်းနဲ့ ချိတ်ဆက်ထားတဲ့ ခေါင်းလောင်းက ထမြည်ခဲ့ပါတယ်။ ထိုအသံကို ကြောက်လန့်ပြီး လုံအိမ်က အစေခံကြီး အဘွားတုက ရူးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ထူးဆန်းတဲ့ ကိစ္စတွေ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ ဖုန်အိမ်ကသခင်မလေး(၂) ကလည်း အခန်းထဲမှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖုန်အိမ်ထဲရှိ လူအားလုံး ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်။ ဟန်ချွင်းလင်က အမှန်တရားကို ရှာဖွေခဲ့ပြီး နောက်ဆုံးမှာ အတိတ်က အမှုဟောင်းကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က အမှုနဲ့ အခုအမှုနဲ့က ဘယ်လို ပတ်သက်နေမလဲ…… နောက်ဆုံး လူသတ်တရားခံက ဘယ်သူ ဖြစ်လိမ့်မလဲ…… ဆိုတာကို လှည့်ကွက်တွေကို ရုပ်ရှင်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။

5.9 2023
Treacherous Rattle
I, Daniel Blake

ဒီတစ်ခါမှာတော့ IMDB 7.8/10 ရထားပြီး RT 92% တောင်ရရှိထားတဲ့ ဇာတ်‌ကားကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ မင်းသား ဒေ့ဗ်ဂျွန်နဲ့ မင်းသမီး ဟေးလေး စကွိုင်ရာက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ ဒန်နီယယ်ဘလိတ်ခ်ဆိုသူက အလုပ်လုပ်ရင်း နှလုံးဖောက်လာလို့ ထောက်ပံ့ကြေး လျှောက်ရာမှာ ပယ်ချခံလိုက်ရပါတယ်။ လုပ်သက် နှစ် ၄၀ ရှိတဲ့ လက်သမားတစ်ယောက်ဖြစ်တဲ့ ဒန်နီယယ်ကို ဆရာဝန်တွေက အလုပ်မလုပ်သင့်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ထောက်ပံ့ကြေးဌာနက အလုပ်လုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်တာကြောင့် ဒန်နီယယ်တစ်ယောက် အလုပ်ရှာ ထောက်ပံ့ကြေးကို လျှောက်ဖို့ လုပ်ရပါတော့တယ်။ ဘဝတစ်လျှောက်လုံးကို ရိုးရှင်းစွာ ဖြတ်သန်းလာတဲ့ ဒန်နီယယ်တစ်ယောက် ကွန်ပျူတာ မသုံးတတ်ဘဲ အွန်လိုင်းကနေ လျှောက်ဖို့အတွက် ရုန်းကန်ရပါသေးတယ်။ ဒီလို အခက်အခဲတွေကြားမှာ သူနဲ့ ဘဝတူ အမျိုးသမီးငယ်လေး ကေတီတို့ မိသားစုနဲ့ တွေ့တဲ့အခါမှာ သားသမီးမရှိတဲ့ ဒန်နီယယ်တစ်ယောက်ရဲ့ ဘဝမှာ အနည်းငယ် စိုပြေလာပါတော့တယ်။ ဒီအခါမှာ သူတို့ရဲ့ ဘဝတွေမှာ ဘာတွေဆက်ဖြစ်လာမှာလဲ? အခက်အခဲတွေနဲ့ သူတို့ရဲ့ ဘဝအတွက် ရုန်းကန်ပုံတွေကို မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူ ကြည်နူးတစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ ရသ‌စုံအောင် ကြည့်ရှုရမှာပါ။ File size… 1.7 GB / 710 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Zin Sann Oo

Documentary
0 2016 100 mins
I, Daniel Blake
Pretty Woman
7.1

Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်း ပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး သူပြောခဲ့တဲ့စကားတစ်ခုက “ဆိုင်တွေက customers တွေကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံဘူး၊ သူတို့ ကောင်းကောင်းဆက်ဆံတာ credit card ပဲရှိတယ်။” ကျွန်တော်ကတော့ ကြည့်ရတာ သဘောကျမိတယ်။ 90s vibe ကိုလည်း ကောင်းကောင်းကြီးခံစားရသလို၊ old money အသိုင်းအဝိုင်းကိုလည်း သေချာမြင်ခဲ့ရတယ်။ Romance/Comedy genre ထဲက တကယ်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ AnemoiVerse Rating: 4/5 Author: Anemoi (ရုပ်ရှင်အညွှန်းကို AnemoiVerse FB Page မှ ကူးယူဖော်ပြပါသည်။) မင်းသမီး Julia Roberts နဲ့ မင်းသားကြီး Richard Gere တို့ရဲ့ နာမည်ကျော် ရိုမန့်ဒရမ်မာရုပ်ရှင်ကားလေးဖြစ်ပြီး IMDb Rating (7.1) ထိ ရရှိထားပါတယ်။

7.1 1990
Pretty Woman
Very Ordinary Couple
6.3

Very Ordinary Couple (2013) **************************** IMDb… 6.3 ကျွန်တော်တို့ CM ကနေ ယခု တစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ rom-com တွေကိုလည်း ကြိုက်တယ်… drama နဲ့ melodrama ပါမှလည်း ကြည့်ချင်တယ်ဆိုတဲ့ ပရိသတ်ကြီးတွေ အကြိုက်တွေ့စေမဲ့ Very Ordinary Couple ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Face me ထဲက ဆွဲဆောင်မှုရှိတဲ့ဆရာဝန်အဖြစ် မိန်းကလေးတွေ အသည်းကို ချွေသွားတဲ့ မင်းသား Lee Min Ki နဲ့ မထင်မှတ်ထားတဲ့ လှည့်ကွက်များစွာပါတဲ့ ဇာတ်ကားကောင်းလေး The Handmaiden ထဲက လှပကြော့ရှင်းတဲ့ Lady Hideko အနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသမီး Kim Min Hee တို့ပဲ ဖြစ်ပါတယ်။ ဘဏ်တစ်ခုတည်းမှာ အလုပ်လုပ်ကြတဲ့ ဂျန်ယောင်း (Kim Min Hee) နဲ့ အီဒုံဟီး (Lee Min Ki) တို့ဟာ ၃ နှစ်တာ ခိုးတွဲခဲ့ကြပြီး လောလောလတ်လတ် လမ်းခွဲထားကြတဲ့ ရည်းစားဟောင်းတွေဖြစ်ကြပါတယ်။ လမ်းခွဲပြီးနောက်ပိုင်း တစ်ယောက်ကို တစ်ယောက် ရွဲ့လွန်းတဲ့အပြုအမူတွေကြောင့် ရုံးအတွင်းမှာလည်း ကောလာဟလမျိုးစုံနဲ့ပေါ့။ အချိန်ကာလတစ်ခုအကြာ တွဲခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အလျောက် တစ်ယောက်အပေါ် တစ်ယောက် စိတ်မပြတ်သားနိုင်သေးဘဲ သံယောဇဉ်တစ်ဖြစ်လည်း ချစ်ခြင်းမေတ္တာတွေကျန်ရှိနေသေးတဲ့အခါ… သာမန်စုံတွဲတွေလိုမျိုးပဲ တစ်ကျက်ကျက်ရန်ဖြစ်ပြီး ပြန်တွဲမိမလား အကယ်၍များ ပြန်တွဲဖြစ်ခဲ့ရင်တောင် ဆက်ဆံရေးကြာရှည်ပါ့မလားဆိုတဲ့ အကြောင်းအရာကို မှတ်တမ်းရုပ်ရှင်ပုံစံလေးမျိုးရိုက်ကူးထားတဲ့အပြင် တကယ့် ချစ်သူရည်းစားတွေ ကြားမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေကိုပါ ထည့်သွင်းထားတာကြောင့် ရည်းစားရှိတဲ့သူတွေရော မရှိတဲ့သူတွေ‌ရော ဒီဇာတ်ကားကောင်းလေးကို ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအညွှန်းကိုတော့ Theint မှ ရေးသားပေးထားပါတယ်။) File Size : 1.83GB/ 780MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Encoded by Tiff

6.3 2013 112 mins
Very Ordinary Couple
God of Driving
5.8

ဘဝအမောတွေ ပြေပျောက်သွားအောင် အားလုံးအတွက် တရုတ်ဟာသရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပြိုင်ကားပြိုင်ပွဲဝင် ကောင်းလျန့်ဟာ ပြိုင်ကားအဖွဲ့က ထုတ်ပယ်ခံခဲ့ရပြီးနောက် စိတ်ဓာတ်ကျပြီး ရှန်ယာရွာကို ပြန်လာခဲ့ပါတယ်။ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက် လုပ်နေတဲ့ ကောင်းလျန့်တစ်ယောက် မထင်ထားဘဲ ရှန့်ယာရွာကားနတ်ပြိုင်ပွဲမှ ာ ချန်ပီယံဖြစ်သွားခဲ့ပြီး အရင်ကားနတ်ဖြစ်သူ လီဟုန်ကွမ်းကို ဆရာတင်ခဲ့ပါတယ်။ မတည့်အတူနေ မမြင်ချောင်းကြည့် ဆရာတပည့်နှစ်ယောက်က ရယ်မောစရာအဖြစ်တွေ အများအပြားဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ရွာလမ်းကို ပြင်ဖို့အတွက် ကျွမ်းကျင်ပြိုင်ကားချန်ပီယံနဲ့ ပြိုင်ရမဲ့အချိန်မှာ…… ကောင်းလျန့်တစ်ယောက် အောင်မြင်နိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။.

Drama • Family
5.8 2025
God of Driving
Mobile Suit Gundam I
7

Mobile Suit Gundam Movies Trilogy Mobile Suit Gundam 1 (1979) Mobile Suit Gundam ဆိုတာက Anime လောကမှာဆိုရင် သူ့ဟာနဲ့သူ Star Wars လို့တောင် တင်စားလို့ရမယ်ထင်တယ်။ ဒီ ရုပ်ရှင် ၃ ကား Trilogy ကတော့ မူရင်းစီးရီးကို ရုပ်ရှင် ၃ ကားအဖြစ် ဖန်တီးထားပြီး Music ပိုင်း Animation ပိုင်း ပိုအားထုတ်ပေးထားတယ်။ နောက်ပြီး Mecha လို့ ခေါ်ရမယ့် စက်ရုပ်ကြီးတွေနဲ့ တိုက်ပွဲဆင်တာ ဘာညာကို စတင်မိတ်ဆက်ပေးတဲ့ကောင်လည်း ဟုတ်တယ်။ အဲဒီလိုဆိုလို့ စက်ရုပ်အက်ရှင်တွေပဲလားဆိုတော့ မဟုတ်ဘူး သူက လူသားတွေရဲ့ Emotional တွေ စစ်ရဲ့ဆိုးကျိုးတွေ နိုင်ငံရေးတွေပါ ထည့်သွင်းပုံဖော်ထားတာ။ Sci-fi, War, Psycological Drama ဆိုတာတွေကို အချိုးကျကျ ရောသမပေးထားတာမျိုး။ ဇာတ်လမ်းအကျဉ်းမပြောခင် သူတည်ဆောက်ထားတဲ့ကမ္ဘာမှာ လူသားတွေက အာကာသတွေပေါ်မှာ ကိုလိုနီလုပ် နေထိုင်နေကြပြီ။ အဲဒီမှာ Earth Federation နဲ့ Zeon ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့နှစ်ဖွဲ့ကွဲပြီး စစ်ဖြစ်နေကြရော။ Zeon ဖက်က Zaku ဆိုတဲ့ စက်ရုပ်ကြီးတွေနဲ့ လူမောင်းနှင်ပြီး တိုက်ခိုက်သလို Federation ဖက်ကလည်း Gundam, Guntank, Guncannon ဆိုပြီး စက်ရုပ်တွေနဲ့ ပြန်ဆော်ကြတယ်။ အဲဒီမှာ Federation ဘက်သားဖြစ်သူ ဖခင် အင်ဂျင်နီယာကြောင့် အာကာသစခန်းပေါ် လိုက်နေတဲ့ Amuro လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူတို့နေရာကို ဆုတ်ခွာမိန့်ပေးထားတာကို မကြားပဲ သူ ဝါသနာပါရာတွေလုပ်နေရင်း ကျန်ခဲ့တာ ။ ဒီမှာတင် Zeon တွေက ဝင်တိုက်တော့ ပြေးကြလွှားကြရင်းနဲ့ လမ်းမှာ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ Gundam ဆိုတဲ့ စက်ရုပ်ကြီးပေါ်ကို Manual ဖတ်ရင်း ပြန်ချရာကနေ ဒီကောင်က လက်စောင်းထက်လာပြီး White Base ဆိုတဲ့ စစ်ယာဉ်ကြီးနဲ့ လွတ်ရာကိုပြေးရင်း နောက်ကလည်း Zeon တပ်က တိုက်ခိုက်ရာကနေ ဒီ Trilogy တစ်ခု ဖြစ်လာခဲ့တာပါ။ ဒီလိုနဲ့ ပထမကားအရ အူကြောင်ကြောင်နဲ့ စစ်ပွဲထဲဝင်လာတဲ့ ကောင်လေးတစ်ယောက်ဟာ တဖြည်းဖြည်း ဒီ အကျည်းတန်ရုပ်ဆိုးတဲ့ စစ်ပွဲဆိုတာကြောင့် ဘယ်လို စိတ်ဒဏ်ရာတွေဖြစ်လာမလဲဆိုတာတွေ၊ Zaku Vs Gundam ချခန်းတွေ၊ Villain ဂန္ဓဝင်ဇာတ်ကောင် Char နဲ့ Amuro တို့ရဲ့ အဆက်မပြတ် တိုက်ပွဲတွေ ၊ ပြီးပြည့်စုံတဲ့ ကမ္ဘာတည်ဆောက်မှုနဲ့ ဖန်တီးမှုကြောင့် အဟောင်းဖြစ်သော်ငြား Old is Gold မို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်) File size… 2.57 GB / 1.92 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 2h 17m Genre ….. Anime/Action/ Sci-fi/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Action • Science Fiction • Adventure
7 1981 139 mins
Mobile Suit Gundam I